(၇၉)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားကျင်းပပြုလုပ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်းပြောကြား

နေပြည်တော် မတ် – ၂၇

၂၀၂၄ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့၊ ယနေ့တွင်ကျရောက်သည့် (၇၉)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို ယနေ့ညပိုင်းတွင် နေပြည်တော်စစ်ရေးပြ ကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တက်ရောက် မိန့်ခွန်းပြောကြားသည်။

ဦးစွာ စစ်ရေးပြအခမ်းအနားတွင် ပါဝင်ချီတက်ကြမည့် တပ်မတော်(ကြည်း၊ ရေ၊ လေ)မှ အရာရှိ၊ စစ်သည်များ၊ တပ်မတော်(ကြည်း) အမျိုးသမီးစစ်ရေးပြတပ်ခွဲ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အမျိုးသမီးစစ်ရေးပြတပ်ခွဲတို့သည် စစ်ရေး ပြ စစ်ကြောင်းကြီးများအလိုက် သစ်တပ်စစ်ရေးပြကွင်း၌ စတင်စုရုံးရောက်ရှိ နေရာ ယူကြပြီး စစ်ရေးပြအစီအစဉ်အတိုင်း ဆောင်ရွက်ကြသည်။ ထို့နောက် ဘက်ပိုက် တပ်စုနှင့် ဗဟိုစစ်တီးဝိုင်းအဖွဲ့သည် စစ်ရေးပြကွင်းအတွင်းရှိ သတ်မှတ်နေရာ၌နေရာယူကြသည်။

ဆက်လက်ပြီး စစ်ရေးပြမှူးကြီး ဗိုလ်ချုပ် သိန်းဇော် ဦးဆောင်၍ အလံတော် အဖွဲ့၊ ၎င်းနောက်မှ စစ်ကြောင်းမှူး  ဗိုလ်မှူးချုပ် စန်းယုနိုင် ဦးဆောင်သည့် ဂုဏ်ပြု တပ်ခွဲ၊ အမြောက်တပ်ဖွဲ့ညွှန်ကြားရေးမှူးရုံးကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ လေကြောင်း ရန် ကာကွယ်ရေးတပ်ဖွဲ့အရာရှိချုပ်ရုံးကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ လျှပ်စစ်နှင့် စက်မှု အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ ဆေးဝန်ထမ်းညွှန်ကြား ရေးမှူးရုံးကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ(၁)၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ တို့ ပါဝင်သည့် အနော်ရထာ စစ်ကြောင်း ။

စစ်ကြောင်းမှူး ဗိုလ်မှူးချုပ် ဇော်မြင့်ဦး ဦးဆောင်သည့် ဂုဏ်ပြုတပ်ခွဲ၊ စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ သံချပ်ကာယန္တရား တပ်ဖွဲ့ညွှန်ကြားရေးမှူးရုံးကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ စစ်လက်နက်ပစ္စည်းညွှန်ကြား ရေးမှူးရုံးကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိ ချုပ်ရုံးကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ(၂)၊ ကမ်းရိုး တန်းဒေသတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ တို့ပါဝင်သည့် ကျန်စစ်သား စစ်ကြောင်း။

စစ်ကြောင်းမှူး ဗိုလ်မှူးချုပ် တင်မောင်သန်း ဦးဆောင်သည့် ဂုဏ်ပြုတပ်ခွဲ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ)ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ) ကိုယ်စားပြု အမျိုးသမီး(ပညာသည်) စစ်ရေးပြတပ်ခွဲ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ)ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ(၁)၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ)ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ(၂)၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ(၃)၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်ရေးပြတပ်ခွဲတို့ပါဝင်သည့် ဘုရင့်နောင် စစ်ကြောင်း။

စစ်ကြောင်းမှူး ဗိုလ်မှူးချုပ် ရဲရင့်ဝင်း ဦးဆောင်သည့် ဂုဏ်ပြုတပ်ခွဲ၊ ကာကွယ် ရေးဦးစီးချုပ်ရုံး(ကြည်း)ကိုယ်စားပြု(အမျိုးသမီး)စစ်ရေးပြတပ်ခွဲ၊ ကာကွယ်ရေးဦးစီး ချုပ်ရုံး (ကြည်း)ကိုယ်စားပြု (အမျိုးသမီး)စစ်ရေးပြတပ်ခွဲ(၁)၊ ကာကွယ်ရေးဦးစီးချုပ် ရုံး(ကြည်း)ကိုယ်စားပြု (အမျိုးသမီး)စစ်ရေးပြတပ်ခွဲ(၂)၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)ကိုယ်စားပြု (အမျိုးသမီး) စစ်ရေးပြတပ်ခွဲ(၃)၊   ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)ကိုယ်စားပြု အမျိုးသမီး(ပညာသည်) စစ်ရေးပြတပ်ခွဲ(၁)နှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)ကိုယ်စားပြုအမျိုးသမီး(ပညာသည်)စစ်ရေးပြတပ်ခွဲ(၂)၊ ကာကွယ် ရေးဦးစီးချုပ်ရုံး (ကြည်း)ကိုယ်စားပြု အမျိုးသမီး (ပညာသည်) စစ်ရေးပြ တပ်ခွဲ(၃)တို့ ပါဝင်သည့် အောင်ဇေယျ စစ်ကြောင်း။

စစ်ကြောင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်း ဦးဆောင်သည့် ဂုဏ်ပြုတပ်ခွဲ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ) ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ)ကိုယ်စားပြု အမျိုးသမီး(ပညာသည်) စစ်ရေးပြတပ်ခွဲ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ(၁)၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ(၂)၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ)ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ(၃)၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ အလယ်ပိုင်းတိုင်းစစ် ဌာနချုပ် ကိုယ်စားပြုစစ်ရေးပြတပ်ခွဲတို့ ပါဝင်သည့် ဆင်ဖြူရှင် စစ်ကြောင်း။

စစ်ကြောင်းမှူး ဗိုလ်မှူးချုပ်  ဇော်ဟိန်းကြိုင် ဦးဆောင်သည့် ဂုဏ်ပြုတပ်ခွဲ၊  လေကြောင်းချီစစ်ရေးပြတပ်ခွဲ၊ ဆက်သွယ်ရေးညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေး ပြတပ်ခွဲ၊ ထောက်ပံ့နှင့် ပို့ဆောင်ရေး ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ အရှေ့ပိုင်းတိုင်း စစ်ဌာန ချုပ်ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ  တို့ ပါဝင် သည့် ဗန္ဓုလစစ်ကြောင်း။

စစ်ကြောင်းမှူး ရဲမှူးချုပ် ဇော်လင်းထွန်း ဦးဆောင်သည့် ဂုဏ်ပြုတပ်ခွဲ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ကိုယ်စားပြု(အမျိုးသမီး)စစ်ရေးပြတပ်ခွဲ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုယ်စားပြု (အမျိုးသမီး)စစ်ရေးပြတပ်ခွဲ(၁)၊  မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုယ်စားပြု(အမျိုးသမီး) စစ်ရေး ပြတပ်ခွဲ(၂)၊  မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုယ်စားပြု(အမျိုးသား) စစ်ရေးပြတပ်ခွဲ(၁)၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ကိုယ်စားပြု(အမျိုးသား)စစ်ရေးပြတပ်ခွဲ(၂)၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုယ်စား ပြု(အမျိုးသား) စစ်ရေးပြတပ်ခွဲ(၃)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုယ်စားပြု (အမျိုးသား) စစ်ရေးပြတပ်ခွဲ(၄)တို့ ပါဝင်သည့် အောင်ဆန်းစစ်ကြောင်းတို့က စစ်တီးဝိုင်းအဖွဲ့ များနှင့်အတူ စစ်ရေးပြကွင်း အတွင်းသို့ အစီအစဉ်အတိုင်း ချီတက်ကြသည်။

ထိုသို့ ချီတက်ချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဇနီးဒေါ်ကြူကြူလှ၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၏ဇနီး ဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)၏ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)၏ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ)၏ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိ ကြီးများ၏ ဇနီးများက ဂုဏ်ပြုပန်းကုံးများစွပ်၍ ကြိုဆိုကြသည်။ အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ အရာရှိ၊ စစ်သည်မိသားစုများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ်နှင့် တပ်နယ်အသီးသီးတို့မှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုများ၊ ရုပ်ရှင်ဂီတအနုပညာရှင်များ၊ ဒေသခံ မိဘ ပြည်သူများကလည်း စစ်ကြောင်းကြီးများချီတက်ရာ လမ်းတစ်လျှောက် သောင်း သောင်းဖြဖြကြိုဆိုကာ ဂုဏ်ပြုပန်းကုံးများစွပ်၍ ကြိုဆိုခဲ့ကြပြီး စစ်ကြောင်း ကြီးများမှ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည် ဇာတိသွေး၊ ဇာတိမာန် အပြည့်ဖြင့် စစ်ချီတေးများကို သံပြိုင်ဟစ်ကြွေးသီဆိုချီတက်လာကြပြီး စစ်ရေးပြကွင်း အတွင်းသို့ ရောက်ရှိနေရာယူကြသည်။

အဆိုပါ (၇၉)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားသို့ ရုရှားဖက်ဒ ရေးရှင်းနိုင်ငံ ဒုတိယကာကွယ်ရေးဝန်ကြီး Colonel General Alexander Vasilyevich Fominနှင့် အဖွဲ့ဝင်များ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး သီရိပျံချီ စည်သူ မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် ဇွဲဝင်းမြင့်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စည်သူ ထွန်းအောင်၊ ကောင်စီအတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့်ကောင်စီဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊ ရဲဘော်သုံးကျိပ်ဝင် မိသားစုဝင်များ၊ အငြိမ်းစားတပ်မတော်ကာကွယ် ရေးဦးစီးချုပ်များ၏ မိသားစုဝင်များ၊ အငြိမ်းစားတပ်မတော်(ကြည်း၊ ရေ၊ လေ)အရာရှိ ကြီးများ၊ လွတ်လပ်ရေး မော်ကွန်းဝင် ပထမအဆင့်၊ ဒုတိယအဆင့်နှင့် တတိယအဆင့် မော်ကွန်းဝင်ပုဂ္ဂိုလ်များ၊ အကြံပေးပုဂ္ဂိုလ်များ၊ ဒုတိယဝန်ကြီးများ၊ တပ်မတော်သား အငြိမ်းစားသံအမတ်ကြီးများ၊ နေပြည်တော် ကောင်စီဝင်များ၊ နိုင်ငံခြားစစ်သံရုံးများမှ စစ်သံမှူးများနှင့် တာဝန်ရှိသူများ၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘော တူစာချုပ်(NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ အောင်ဆန်း သူရိယဘွဲ့ရရှိခဲ့သူများ၏ မိသားစုဝင်များနှင့် ဆွေမျိုးများ၊ သီဟသူရဘွဲ့၊ သူရဘွဲ့နှင့် တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့၊ သူရဲကောင်းမှတ်တမ်းဝင်တံဆိပ် ရရှိခဲ့ကြသည့် အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များ၊ ဆွေမျိုးများ၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ အသွင်ပြောင်းပြည်သူ့စစ်၊ မူလပြည်သူ့စစ်နှင့် နယ်ခြား စောင့်ဗဟို အကြံပေးကွပ်ကဲရေးအဖွဲ့များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့တို့မှ ပုဂ္ဂိုလ်များ၊ ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူ များနှင့်ဝန်ထမ်းများ၊ ဝိုင်အမ်ဘီအေအသင်းကြီး၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ ချုပ်၊ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် ဘာသာပေါင်းစုံချစ် ကြည် ညီညွတ်ရေးအသင်းဗဟိုတို့မှ တာဝန်ရှိသူများ၊ တပ်မတော်နေ့ဂုဏ်ပြုဇာတ် လမ်းတွင် ပါဝင်ခဲ့သည့် အနုပညာရှင်များ၊ စစ်ချီသီချင်း၊ စစ်သည် တေးသီချင်း၊ ကဗျာ၊ ဝတ္ထုတို၊ ဝတ္ထုရှည်ပြိုင်ပွဲများတွင် ဆုရရှိကြသူများ၊ တပ်မတော်နေ့အလှူရှင်များ၊ သတင်းမီဒီယာကောင်စီ၊ ရုပ်ရှင်သဘင်ဂီတအစည်းအရုံးနှင့် သေနင်္ဂဗျူဟာလေ့လာ ရေးအဖွဲ့တို့မှ တာဝန်ရှိသူများ၊ တက္ကသိုလ်လေ့ကျင့်ရေးတပ်များမှ တပ်ဖွဲ့ဝင်များ၊ တိုင်းရင်း သားဖွံ့ဖြိုးရေးတက္ကသိုလ်မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ များ၊ အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ပြည်တွင်း၊ ပြည်ပ သတင်း မီဒီယာများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် သည် တပ်မတော်နေ့စစ်ရေးပြ အခမ်းအနားကျင်းပသည့် စစ်ရေးပြကွင်းသို့ရောက်ရှိပြီး အလေးပြုခံစင်မြင့်၌ နေရာယူရာ စစ်ကြောင်းကြီးများမှ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက အလေးပြုကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်  ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စစ်ရေးပြစစ်ကြောင်းကြီး များအား လိုက်လံစစ်ဆေးသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ စစ်ရေးပြစစ်ကြောင်းကြီးများမှ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များက နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော တပ်မတော်သားများအား အလေးပြုကြပြီး သစ္စာလေးချက်ကို သံပြိုင်ရွတ်ဆိုကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် က မိန့်ခွန်းပြောကြားသည်။ (မိန့်ခွန်းအပြည့်အစုံကို သီးခြားဖော်ပြသွားမည်ဖြစ်ပါသည်။)

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် အား စစ်ရေးပြမှူးကြီး ဗိုလ်ချုပ် သိန်းဇော် ဦးဆောင်သော စစ်ကြောင်းကြီးများမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက အစီအစဉ်အတိုင်း စစ်ကြောင်း ပုံဖြင့် ညီညာစွာ ချီတက်အလေးပြုကြပြီး စစ်ရေးပြကွင်းကြီးအတွင်းမှ ပြန်လည် ထွက်ခွာကြသည်။

ထိုသို့ ချီတက်အလေးပြုချိန်တွင် တပ်မတော်(လေ)မှ MTX – 1 A လေယာဉ် တစ်စီးနှင့် PT-6 လေယာဉ် ၂ စီး တို့က (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြု သောအားဖြင့် 79 Logo Formation ပုံစံအား မီးအလှများတပ်ဆင်၍လည်းကောင်း၊ H-125 ရဟတ်ယာဉ် ၂ စီး က Trail Formation ပုံစံဖြင့်လည်းကောင်း၊ Bell-206 ရဟတ်ယာဉ် ၂ စီး က Trail Formation ပုံစံဖြင့်လည်းကောင်း၊ Eurocopter ၂ စီးက Trail Formation ပုံစံဖြင့်လည်းကောင်း၊ H-125 ရဟတ်ယာဉ် ၂ စီးက Echelon  Formation ပုံစံဖြင့်လည်းကောင်း၊ Bell-206 ရဟတ်ယာဉ် ၂ စီးက Echelon  Formation ပုံစံဖြင့်လည်းကောင်း၊ Eurocopter ၂ စီးက Echelon  Formation ပုံစံ ဖြင့်လည်းကောင်း၊ BEECH 1900D အမျိုးအစား သယ်ယူပို့ဆောင်ရေးလေယာဉ် ၁ စီး က ရှုရပ်၏ အရှေ့ဖက် ၄၅ ဒီဂရီ မြင်ကွင်းမှ ၂၉၅ ဒီဂရီလမ်းကြောင်းအတိုင်း ပျံသန်း ၍လည်းကောင်း၊ BEECH 1900D အမျိုးအစား သယ်ယူပို့ဆောင်ရေးလေယာဉ် ၁ စီးက ရှုရပ်၏ အရှေ့ညာ ၄၅ ဒီဂရီမြင်ကွင်းမှ ၂၅ ဒီဂရီလမ်းကြောင်းအတိုင်း ပျံသန်း၍ လည်းကောင်း။

Su-30 SME စတုတ္ထမျိုးဆက်လွန်ဘက်စုံသုံး အကြီးစားတိုက် လေယာဉ် ၂ စီးက Echelon  Formation ပုံစံဖြင့် ၂ ကြိမ်ပျံသန်း၍လည်းကောင်း၊ MiG-29 ဘက်စုံသုံး တိုက်လေယာဉ် ၁ စီးက ရှုရပ် ရှေ့တည့်တည့်မှ မီးကျည်များထုတ်လွှတ်၍ လည်း ကောင်း အသီးသီးသရုပ်ပြပျံသန်းကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား အလေးပြုကြသည်။

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် သည် တက်ရောက်လာကြသည့် ဧည့်သည်တော်ကြီးများအား ရင်းရင်းနှီးနှီး နှုတ်ဆက် ခဲ့ကာ စစ်ရေးပြကွင်းကြီးမှ ပြန်လည်ထွက်ခွာခဲ့ပြီး ၂၀၂၄ ခုနှစ်၊ (၇၉)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့သည်။

(၇၉)နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြကျင်းပသော နေပြည်တော်စစ်ရေးပြ ကွင်းကြီးတွင် ခံ့ညားစွာစိုက်ထူထားသည့် ပထမ၊ ဒုတိယနှင့် တတိယ မြန်မာနိုင်ငံတော် တို့ကို တည်ထောင်ခဲ့ကြသော မင်းသုံးပါးတို့၏ ကြေးရုပ်တုကြီးများကိုလည်းကောင်း၊ တပ်မတော်နေ့ မီးရှူးတိုင်နှင့် (၇၉)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် တံဆိပ် ကြီးကိုလည်းကောင်း ဝင့်ထည်စွာတွေ့မြင်နိုင်သည့်အပြင် ဗမာ့လွတ်လပ်ရေး တပ်မတော်အလံ၊ ဗမာ့ကာကွယ်ရေးတပ်မတော်အလံ၊ တပ်မတော်(ကြည်း၊ ရေ၊ လေ)  အလံများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ညွှန်ကြားရေးမှူးရုံးအလံများ၊ တိုင်းစစ် ဌာနချုပ်၊ တပ်မဌာနချုပ်အသီးသီးနှင့် တပ်ရင်းတပ်ဖွဲ့များ၏ အမှတ်တံဆိပ်ပါ ရောင်စုံ အလံများ တလွင့်လွင့် လွှင့်ထူထားကြသည်ကိုလည်း တွေ့မြင်နိုင်မည်ဖြစ်ပြီး ယခုနှစ် တွင် အခြားနှစ်များနှင့်မတူဘဲ စစ်ကြောင်းကြီးများချီတက်ရာလမ်းကြောင်း တစ် လျှောက်၌ စစ်ကြောင်းများ၏ ကိုယ်စားပြုအရောင်အလှမီးများ၊ မီးအလှထွန်းသည့် Truss Beam များ၊ မီးဆိုင်းများ၊ Light Box များ၊ Lighting Pole များဖြင့် လည်း ကောင်း၊ စစ်ရေးပြကွင်းကြီး၏ အဝင်မုခ်ဦးတွင် LED Strip Light များအသုံးပြု၍ စစ်ကြောင်းကြီးများ၏ ကိုယ်စားပြုအရောင်များအတိုင်း ပြောင်းလဲအလှဆင်၍ လည်းကောင်း၊ လမ်းဘေးဝဲယာတစ်လျှောက်၌လည်း မိုးစက်မီးများ၊ Up Light များ၊ Program LED Strip Light များ၊ ရောင်စုံအလှမီးများဖြင့် ဆင်ယင်ထားပြီး စစ်ကြောင်း ကြီးများအား ဂုဏ်ပြုကြိုဆိုပါ၏ စာတန်းများ၊ နိုင်ငံတော်အလံနှင့် တပ်မတော် (ကြည်း၊ ရေ၊ လေ) အလံများကို Lighting Effect မီးအလှများဖြင့် ပုံဖော်၍လည်း ကောင်း၊ စစ်ရေးပြကွင်းအတွင်း အလေးပြုခံစင်မြင့် မျက်နှာမူရာရှိ သစ်ပင်များ၌လည်း Handmade အလှမီးများဖြင့်လည်းကောင်း၊ မင်းကြီးသုံးပါးရုပ်တုအောက်ခံ၌ တပ်မတော်အလံပုံဖော်ထားသည့် ကြယ်တံဆိပ်နှစ်ခုအား LED Strip Light များဖြင့် လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ပြန်လည်ထွက်ခွာမည့် လမ်းတစ်လျှောက်တွင်လည်း Flag Light Box များ၊ LED Strip Light များဖြင့် အသီးသီးပုံဖော်အလှဆင်ထားသည်ကို တွေ့မြင်နိုင်မည်ဖြစ်သည်။

ထို့အပြင် (၇၉) နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် ရန်ကုန်-မန္တလေး ကားလမ်းမနှင့် ပင်လောင်းလမ်းဆုံတွင် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက် ပြီး ဇာတိသွေး၊ ဇာတိမာန် တက်ကြွစေမည့် တပ်မတော်(ကြည်း၊ရေ၊လေ)စစ်သည်များ ၏ လှုပ်ရှားမှုပုံရိပ်များကို ဖော်ကြူးထားသော ပိုစတာကြီးများကို စိုက်ထူထားရှိပြီး စစ်ရေးပြ ကွင်းရှေ့ရှိ လမ်းတစ်လျှောက်တွင်လည်း တပ်မတော်၏ ဆောင်ပုဒ်များကို မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ဆိုင်းဘုတ်များစိုက်ထူကာ စာတန်းများကိုလည်း ချိတ်ဆွဲထားရှိကြောင်း သတင်းရရှိသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။