တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက မြန်မာနိုင်ငံသတင်းမီဒီယာများ၊ အနုပညာ ရှင်များနှင့် ရိုးရာလက်ဝှေ့အဖွဲ့တို့အတွက် COVID-19 ရောဂါဖြစ်ပွားမှုကာလအတွင်း စားသောက်ရေးအဆင်ပြေစေရန် ဆန်၊ ဆီ၊ ပဲ၊ ဆား ရိက္ခာအမယ်လေးမျိုး ပေးအပ် လှူဒါန်း

နေပြည်တော်၊ ဇူလိုင် – ၁၀

COVID-19 ရောဂါဖြစ်ပွားမှုကာလအတွင်း မြန်မာနိုင်ငံသတင်းမီဒီယာများ၊ အနု ပညာရှင်များနှင့် ရိုးရာလက်ဝှေ့အဖွဲ့တို့အတွက် စားသောက်ရေးအဆင်ပြေစေရန် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက ဆန်၊ ဆီ၊ ပဲ၊ ဆား ရိက္ခာအမယ်လေးမျိုး ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ရှိ တပ်မတော်ခန်းမ၌ ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်၍ ရိက္ခာအမယ်လေးမျိုးကို ပေးအပ်လှူဒါန်းသည်။


အခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဋ္ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ညွန့်ဝင်းဆွေ၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ ဟံသာဝတီ ဦးအုန်းကြိုင်၊ မြန်မာနိုင်ငံသဘင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးမိုးဝင်း၊ မြန်မာနိုင်ငံ ပန်းချီပညာရှင်များအဖွဲ့ (Win Foundation) ဥက္ကဋ္ဌ ဦးလှတင်ထွန်း၊ မြန်မာနိုင်ငံ အားကစားမီဒီယာများအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဉာဏ်ထွန်း၊ မြန်မာနိုင်ငံ ဆိုင်းပညာရှင်များအဖွဲ့ အတွင်းရေးမှူး မွန်ပြည်နယ် ကိုကိုနိုင်၊ မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသိန်းအောင်၊ မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို) ဥက္ကဋ္ဌ ဦးတင်ဦးလေး၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးညီညီထွန်းလွင်တို့နှင့် နိုင်ငံကျော် အနုပညာရှင်များ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာနိုင်ငံသတင်းမီဒီယာများ၊ အနု ပညာရှင်များနှင့် ရိုးရာလက်ဝှေ့အဖွဲ့တို့အတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစု များက ဆန်၊ ဆီ၊ ပဲ၊ ဆား ရိက္ခာအမယ်လေးမျိုး ပေးအပ်လှူဒါန်းခြင်းနှင့် ပတ်သက်၍ ပြောကြားရာတွင် Covid-19 ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း စားရေးသောက်ရေး နှင့် ပတ်သက်၍ လိုအပ်ချက်ရှိနိုင်သည့်အဖွဲ့များကို လှူဒါန်းခြင်းပင်ဖြစ်ပါကြောင်း၊ ယခု ကဲ့သို့ အဖွဲ့များ စုံစုံလင်လင်ဖြင့် လှူရသည်ဖြစ်သည့်အတွက် Social Distancing Rulesများအတိုင်းနေရာချပြီး လှူဒါန်းရခြင်းဖြစ်ပါကြောင်း၊ တန်ဖိုးအားဖြင့် မများသော်လည်း အထောက်အကူဖြစ်မည်ဟု ယုံကြည်ပါကြောင်း၊ လှူဒါန်းခွင့် ရသည့် အတွက်လည်း များစွာဝမ်းမြောက်မိပါကြောင်း ပြောကြားသည်။

ယနေ့နံနက် ၇ နာရီအထိ တစ်ကမ္ဘာလုံးတွင် Covid-19 ရောဂါကူးစက်ခံရသူ ၁၂ သန်းကျော်သွားပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင်လည်း မတ်လ ၂၃ ရက်မှစ၍ ဖြစ်ပွားခဲ့ကာ ယနေ့အထိ ကူးစက်ခံရသူ ၃၁၉ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပျောက်ကင်း သက်သာလာသူ ၂၅၀ ဦးရှိပြီဖြစ်ကြောင်း၊ တစ်ကမ္ဘာလုံးနီးပါးရောဂါဖြစ်ပွားနေချိန်တွင် ရောဂါကြိုတင်ကာကွယ် ရေးလုပ်ငန်းများကို ဝိုင်းဝန်းလုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ရောဂါဖြစ်ပွားမှုကြောင့် ကန့်သတ်ချက်များရှိလာသဖြင့် လုပ်ငန်းများရပ်တန့်ထားရ ကြောင်း၊ လုပ်ငန်းများရပ်တန့် ထားသဖြင့် ဝင်ငွေမရှိဖြစ်လာကြောင်း၊ ဝင်ငွေမရှိသဖြင့် မသုံးနိုင်ဖြစ်လာကြရကြောင်း၊ လုပ်ငန်းတစ်ခုတည်းတွင် ရပ်တည်နေသူများအတွက် အခက်အခဲများဖြစ်ပေါ်လာရ ကြောင်း၊ ဆိုးဆိုးဝါးဝါးအခြေအနေဖြစ်မလာစေရန်အတွက် ပြည်သူပြည်သားအားလုံးမှ ပူးပေါင်းဆောင်ရွက်ရန်လိုပါကြောင်း၊ အတတ်နိုင်ဆုံး ဆင်ခြင်နေထိုင်ခြင်း သည် အကောင်းဆုံးဖြစ်မည် ဖြစ်ပြီး အနုပညာရှင်များအနေဖြင့် အားပေးသည့် ပရိသတ်များကို ထိုကဲ့သို့ နေထိုင်နိုင်ရန် တိုက်တွန်းပညာပေးမှုများ ပြုစေလိုကြောင်း။

တပ်မတော်အနေဖြင့် ရောဂါစတင်ဖြစ်ပွားစဉ် ဇန်နဝါရီလကတည်းကပင် ကြိုတင်ပြင်ဆင်မှုများ ကိုဆောင်ရွက်ခဲ့ပါကြောင်း၊ တစ်ကမ္ဘာလုံးတွင် ရောဂါဖြစ်ပွားမှုနှင့် ကူးစက်မှုနှုန်း မြင့်တက် လာသည့်အတွက် ဆွေးနွေးတိုင်ပင်မှုများပြုလုပ်ခဲ့ကာ မတ်လ ၂၇ ရက်တွင် ကျရောက်သည့် (၇၅)နှစ်မြောက်စိန်ရတုတပ်မတော်နေ့စစ်ရေးပြ အခမ်းအနားကိုပင် ဆိုင်းငံ့ထားရှိခဲ့ကြောင်း၊ ဆေးတပ်ဖွဲ့ဝင်များဖြင့် လုပ်ဆောင်ပေးနိုင်သည် မှန်သမျှကို ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ရောဂါကာကွယ်ရေးလုပ်ငန်းများ၊ သန့်ရှင်းရေး လုပ်ငန်းများကို အများပြည်သူနှင့် ပတ်သက်သည့် နေရာတိုင်း၌ ဆောင်ရွက်ပေး ခဲ့ခြင်းဖြစ်ကြောင်း၊ တပ်မတော် သည် ပြည်သူ၏ အစိတ်အပိုင်းဖြစ်ပြီး ပြည်သူကြားမှ ပေါက်ဖွားလာသည်ဖြစ်သည့်အတွက် တိုင်းပြည်ကာကွယ်ရန်နှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ် စောင့်ရှောက်ရန် တာဝန်ရှိပါကြောင်း။

ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်မှုတွင် ဖွံ့ဖြိုးပြီးနိုင်ငံများပင်လျင် လိုအပ်ချက် များရှိနေသည့်အတွက် မိမိတို့ကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ပြည်သူလူထုက ဝိုင်းဝန်း ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တပ်မတော်သားများ၊ အရပ်သား အစားခန့်ဝန်ထမ်းများ၏ လုပ်ခလစာငွေများမှ ပထမအကြိမ်နှင့် ဒုတိယအကြိမ် လှူဒါန်း ရရှိသည့် စုစုပေါင်းငွေကျပ် ၄ ဒသမ ၅ ဘီလီယံကျော်ဖြင့် ဆေးအကာကွယ် ပေးပစ္စည်းများ၊ အာဟာရဖြည့်စားသောက်ဖွယ်ရာများကို လှူဒါန်းပေးလျက်ရှိပါကြောင်း၊ စစ်မှုထမ်းဟောင်းများ၊ ရဲမှုထမ်းဟောင်းများကို ဦးစားပေးစဉ်းစားဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အခြားလိုအပ်ချက်ရှိနေသည့် အဖွဲ့အစည်းများကိုလည်း သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ် များအလိုက်လှူဒါန်းစေခဲ့ပါကြောင်း၊ တပ်မတော်အနေဖြင့် အတိုင်းအတာတစ်ခုအထိ အထောက်အကူပြုဆောင်ရွက်ပေးနိုင်ခဲ့သည့်အတွက် ဝမ်းမြောက်မိပါကြောင်း။

ကျန်းမာရေးနှင့် ပတ်သက်၍ မိမိတို့တွင် အားနည်းချက်များ ရှိပြီး စားသောက် နေထိုင်မှုများတွင် လိုအပ်ချက်များရှိပါကြောင်း၊ ကျန်းမာရေးနှင့် မညီညွတ် မလျော်ညီ သည့် နေထိုင်စားသောက်မှုများကို ရှောင်ရှားကြရမည်ဖြစ်ကြောင်း၊ ဆေးလိပ် သောက် ခြင်းနှင့် ကွမ်းစားသုံးခြင်းများသည် ကျန်းမာရေးကို ထိခိုက်စေနိုင်သောကြောင့် ရှောင်ရှား ရန်လိုကြောင်း၊ ထို့ပြင် အမှိုက်စနစ်တကျစွန့်ပစ်မှုများကို ပြုလုပ်ရမည်ဖြစ်ပြီး ထိန်းသိမ်း ခြင်းနှင့် ပတ်သက်၍ တာဝန်ရှိသူများက လုပ်ဆောင်သည်များရှိသကဲ့သို့ ပြည်သူများ ကလည်း ဝိုင်းဝန်းဆောင်ရွက်မှသာ သန့်ရှင်းသပ်ရပ်ပြီး ရောဂါဖြစ်ပွားစေနိုင်သည့် ပိုးမွှား များ မပေါက်ဖွား၊ မခိုအောင်းနိုင်မည်ဖြစ်ကြောင်း။

စားကုန်၊ သောက်ကုန်၊ သုံးကုန်ပစ္စည်းများသည် လူသားတို့အတွက် မရှိမဖြစ် လိုအပ်ချက်များပင်ဖြစ်ကြောင်း၊ ထို့ကြောင့် စားရေးအား အတိုင်းအတာတစ်ခု အထိ အထောက်အကူဖြစ်စေရန် လှူဒါန်းပေးရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့်လည်း တပ်မတော် တွင် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများကို မပြတ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ရောဂါ ဖြစ်ပွားနေမှုကို အကြောင်းပြပြီး လက်မှိုင်ချနေ၍မရဘဲ လုပ်နိုင်သည့်အပိုင်းမှ ဝိုင်းဝန်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မိုးရာသီရောက်ရှိလာပြီဖြစ်သည့်အတွက် သဘာဝဘေး အန္တရာယ်များအတွက်လည်း ကြိုတင်စဉ်းစားကြရမည်ဖြစ်ကြောင်းနှင့် တပ်မတော် အနေဖြင့် ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို တတ်နိုင်သရွေ့ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။


ထို့နောက် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက ပေးအပ်လှူဒါန်းသည့် ဆန် ၅၀၀ အိတ်၊ ဆီ ၁၀၀၀ ပိဿာ၊ ပဲ ၁၀၀၀ ပိဿာနှင့် ဆား ၁၀၀၀ ပိဿာတို့ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံသတင်းမီဒီယာများ၊ အနုပညာရှင်များနှင့် ရိုးရာလက်ဝှေ့အဖွဲ့တို့ ကိုယ်စား မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးညီညီထွန်းလွင်က လက်ခံရယူသည်။

ယင်းနောက် အစည်းအရုံးများကိုယ်စား မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ ဟံသာဝတီ ဦးအုန်းကြိုင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားရာတွင် ယခုကဲ့သို့ စားရေးအခက်အခဲဖြစ်ပေါ်နေသည့် ပုဂ္ဂိုလ်များ၏ လိုအပ်ချက်များကို ကြည့်ရှုပေးသည့် အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစု များကို များစွာကျေးဇူးတင်ရှိပါကြောင်း၊ တပ်မတော်အနေဖြင့် ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရရှိပြီးချိန် ကတည်းကပင် အခက်အခဲ၊ အကြပ်အတည်းများကြုံတွေ့လာတိုင်း ပြည်သူ များရှေ့က မားမားမတ်မတ်ရပ်တည်ပေးခဲ့ပါကြောင်း၊ ၁၉၄၉ ခုနှစ် ရန်ကုန်၊ အင်းစိန် တိုက်ပွဲများဖြစ်ပွားပြီး မိမိတို့ သတင်းထောက်များအပါအဝင် ပြည်သူအချို့ ရန်ကုန်မြို့ အတွင်း ပြောင်းရွှေ့နေထိုင်ခဲ့ရရာ ၎င်းအချိန်၌ စားရေးရိက္ခာ ပထမဆုံးထောက်ပံ့ပေး ခဲ့သူမှာ တပ်မတော်ပင်ဖြစ်ကြောင်း၊ ယခုအခါ ရောဂါဖြစ်ပွားမှုကြောင့် သတင်း မီဒီယာ များ လူအင်အားလျှော့၍ အလုပ်အကိုင်ရပ်ဆိုင်းခဲ့ရမှုများရှိခဲ့ကာ စားဝတ်နေရေး အခက် အခဲများ ဖြစ်ပေါ်ခဲ့ပါ ကြောင်း၊ သတင်းမီဒီယာကောင်စီအနေဖြင့် Covid-19 ရောဂါဖြစ် ပွားနေသည့် ကာလအတွင်း ရန်ပုံငွေများကောက်ခံစုဆောင်း၍ မီဒီယာသမားများ၏ အခက်အခဲများကို ကူညီထောက်ပံ့ပေးခဲ့ပါကြောင်း၊ လက်ရှိတွင် လျှောက်လွှာများ ထပ်မံရောက်ရှိလာပြီး လက်ကျန်များစားသောက်ဖွယ်ရာများ လျော့နည်းလျက်ရှိချိန်တွင် တပ်မတော်က ယခုကဲ့သို့ ထပ်မံလှူဒါန်းပေးခဲ့သည့်အတွက် အားတက်ခဲ့ရပါကြောင်း၊ ဝမ်းမြောက်ဝမ်းသာဖြင့် သာဓုခေါ်ပါကြောင်း၊ လက်ရှိတွင် တပ်မတော်အနေဖြင့် ပြည်သူနှင့် ပိုမိုနီးကပ်လာသည်ဟု ခံစားရပါကြောင်းနှင့် အလွှာအသီးသီးကို လှူဒါန်းမှုများ တွေ့ရှိရသည့်အတွက်လည်း များစွာဝမ်းသာမိပါကြောင်းဖြင့် ပြောကြားသည်။


အခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များက တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကာ စားသောက်ဖွယ်ရာ များဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

(Zawgyi Version)

တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) မိသားစုမ်ားက ျမန္မာႏိုင္ငံသတင္းမီဒီယာမ်ား၊ အႏုပညာ ရွင္မ်ားႏွင့္ ႐ိုးရာလက္ေဝွ႔အဖြဲ႕တို႔အတြက္  COVID-19  ေရာဂါျဖစ္ပြားမႈကာလအတြင္း စားေသာက္ေရးအဆင္ေျပေစရန္ ဆန္၊ ဆီ၊ ပဲ၊ ဆား ရိကၡာအမယ္ေလးမ်ိဳး ေပးအပ္ လႉဒါန္း

ေနျပည္ေတာ္၊ ဇူလိုင္ – ၁၀

 COVID-19 ေရာဂါျဖစ္ပြားမႈကာလအတြင္း ျမန္မာႏိုင္ငံသတင္းမီဒီယာမ်ား၊ အႏု ပညာရွင္မ်ားႏွင့္ ႐ိုးရာလက္ေဝွ႔အဖြဲ႕တို႔အတြက္ စားေသာက္ေရးအဆင္ေျပေစရန္ တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) မိသားစုမ်ားက ဆန္၊ ဆီ၊ ပဲ၊ ဆား ရိကၡာအမယ္ေလးမ်ိဳး ေပးအပ္လႉဒါန္းျခင္းကို ယေန႔နံနက္ပိုင္းတြင္ ရန္ကုန္တိုင္းေဒသႀကီး၊ ဒဂုံၿမိဳ႕နယ္ရွိ တပ္မေတာ္ခန္းမ၌ က်င္းပျပဳလုပ္ရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္တက္ေရာက္၍ ရိကၡာအမယ္ေလးမ်ိဳးကို ေပးအပ္လႉဒါန္းသည္။

အခမ္းအနားသို႔ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ရန္ကုန္တိုင္းစစ္႒ာနခ်ဳပ္ တိုင္းမႉး ဗိုလ္မႉးခ်ဳပ္ ၫြန႔္ဝင္းေဆြ၊ ျမန္မာႏိုင္ငံသတင္းမီဒီယာေကာင္စီ ဥကၠ႒ ဟံသာဝတီ ဦးအုန္းႀကိဳင္၊ ျမန္မာႏိုင္ငံသဘင္အစည္းအ႐ုံး ဒုတိယဥကၠ႒ ဦးမိုးဝင္း၊ ျမန္မာႏိုင္ငံ ပန္းခ်ီပညာရွင္မ်ားအဖြဲ႕ (Win Foundation) ဥကၠ႒ ဦးလွတင္ထြန္း၊ ျမန္မာႏိုင္ငံ အားကစားမီဒီယာမ်ားအဖြဲ႕ခ်ဳပ္ ဥကၠ႒ ဦးဉာဏ္ထြန္း၊ ျမန္မာႏိုင္ငံ ဆိုင္းပညာရွင္မ်ားအဖြဲ႕ အတြင္းေရးမႉး မြန္ျပည္နယ္ ကိုကိုႏိုင္၊ ျမန္မာႏိုင္ငံ႐ိုးရာလက္ေဝွ႔အဖြဲ႕ခ်ဳပ္ ဥကၠ႒ ဦးသိန္းေအာင္၊ ျမန္မာႏိုင္ငံဂီတအစည္းအ႐ုံး (ဗဟို) ဥကၠ႒ ဦးတင္ဦးေလး၊ ျမန္မာႏိုင္ငံ ႐ုပ္ရွင္အစည္းအ႐ုံး ဥကၠ႒ ဦးညီညီထြန္းလြင္တို႔ႏွင့္ ႏိုင္ငံေက်ာ္ အႏုပညာရွင္မ်ား တက္ေရာက္ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ျမန္မာႏိုင္ငံသတင္းမီဒီယာမ်ား၊ အႏု ပညာရွင္မ်ားႏွင့္ ႐ိုးရာလက္ေဝွ႔အဖြဲ႕တို႔အတြက္ တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) မိသားစု မ်ားက ဆန္၊ ဆီ၊ ပဲ၊ ဆား ရိကၡာအမယ္ေလးမ်ိဳး ေပးအပ္လႉဒါန္းျခင္းႏွင့္ ပတ္သက္၍ ေျပာၾကားရာတြင္ Covid-19  ေရာဂါျဖစ္ပြားေနသည့္ ကာလအတြင္း စားေရးေသာက္ေရး ႏွင့္ ပတ္သက္၍ လိုအပ္ခ်က္ရွိႏိုင္သည့္အဖြဲ႕မ်ားကို လႉဒါန္းျခင္းပင္ျဖစ္ပါေၾကာင္း၊ ယခု ကဲ့သို႔ အဖြဲ႕မ်ား စုံစုံလင္လင္ျဖင့္ လႉရသည္ျဖစ္သည့္အတြက္ Social Distancing Rulesမ်ားအတိုင္းေနရာခ်ၿပီး လႉဒါန္းရျခင္းျဖစ္ပါေၾကာင္း၊ တန္ဖိုးအားျဖင့္ မမ်ားေသာ္လည္း အေထာက္အကူျဖစ္မည္ဟု ယုံၾကည္ပါေၾကာင္း၊ လႉဒါန္းခြင့္ ရသည့္ အတြက္လည္း မ်ားစြာဝမ္းေျမာက္မိပါေၾကာင္း ေျပာၾကားသည္။

ယေန႔နံနက္ ၇ နာရီအထိ တစ္ကမာၻလုံးတြင္ Covid-19  ေရာဂါကူးစက္ခံရသူ ၁၂ သန္းေက်ာ္သြားၿပီျဖစ္ေၾကာင္း၊ ျမန္မာႏိုင္ငံတြင္လည္း မတ္လ ၂၃ ရက္မွစ၍ ျဖစ္ပြားခဲ့ကာ ယေန႔အထိ ကူးစက္ခံရသူ ၃၁၉ ဦး၊ ေသဆုံးသူ ၆ ဦး၊ ေရာဂါေပ်ာက္ကင္း သက္သာလာသူ ၂၅၀ ဦးရွိၿပီျဖစ္ေၾကာင္း၊ တစ္ကမာၻလုံးနီးပါးေရာဂါျဖစ္ပြားေနခ်ိန္တြင္ ေရာဂါႀကိဳတင္ကာကြယ္ ေရးလုပ္ငန္းမ်ားကို ဝိုင္းဝန္းလုပ္ေဆာင္ရမည္ျဖစ္ေၾကာင္း၊ ေရာဂါျဖစ္ပြားမႈေၾကာင့္ ကန႔္သတ္ခ်က္မ်ားရွိလာသျဖင့္ လုပ္ငန္းမ်ားရပ္တန႔္ထားရ ေၾကာင္း၊ လုပ္ငန္းမ်ားရပ္တန႔္ ထားသျဖင့္ ဝင္ေငြမရွိျဖစ္လာေၾကာင္း၊ ဝင္ေငြမရွိသျဖင့္ မသုံးႏိုင္ျဖစ္လာၾကရေၾကာင္း၊ လုပ္ငန္းတစ္ခုတည္းတြင္ ရပ္တည္ေနသူမ်ားအတြက္ အခက္အခဲမ်ားျဖစ္ေပၚလာရ ေၾကာင္း၊ ဆိုးဆိုးဝါးဝါးအေျခအေနျဖစ္မလာေစရန္အတြက္ ျပည္သူျပည္သားအားလုံးမွ ပူးေပါင္းေဆာင္႐ြက္ရန္လိုပါေၾကာင္း၊ အတတ္ႏိုင္ဆုံး ဆင္ျခင္ေနထိုင္ျခင္း သည္ အေကာင္းဆုံးျဖစ္မည္ ျဖစ္ၿပီး အႏုပညာရွင္မ်ားအေနျဖင့္ အားေပးသည့္ ပရိသတ္မ်ားကို ထိုကဲ့သို႔ ေနထိုင္ႏိုင္ရန္ တိုက္တြန္းပညာေပးမႈမ်ား ျပဳေစလိုေၾကာင္း။

တပ္မေတာ္အေနျဖင့္ ေရာဂါစတင္ျဖစ္ပြားစဥ္ ဇန္နဝါရီလကတည္းကပင္ ႀကိဳတင္ျပင္ဆင္မႈမ်ား ကိုေဆာင္႐ြက္ခဲ့ပါေၾကာင္း၊ တစ္ကမာၻလုံးတြင္ ေရာဂါျဖစ္ပြားမႈႏွင့္ ကူးစက္မႈႏႈန္း ျမင့္တက္ လာသည့္အတြက္ ေဆြးေႏြးတိုင္ပင္မႈမ်ားျပဳလုပ္ခဲ့ကာ မတ္လ ၂၇ ရက္တြင္ က်ေရာက္သည့္ (၇၅)ႏွစ္ေျမာက္စိန္ရတုတပ္မေတာ္ေန႔စစ္ေရးျပ အခမ္း အနားကိုပင္ ဆိုင္းငံ့ထားရွိခဲ့ေၾကာင္း၊ ေဆးတပ္ဖြဲ႕ဝင္မ်ားျဖင့္ လုပ္ေဆာင္ေပးႏိုင္သည္ မွန္သမွ်ကို ေဆာင္႐ြက္ေပးခဲ့ပါေၾကာင္း၊ ေရာဂါကာကြယ္ေရးလုပ္ငန္းမ်ား၊ သန႔္ရွင္းေရး လုပ္ငန္းမ်ားကို အမ်ားျပည္သူႏွင့္ ပတ္သက္သည့္ ေနရာတိုင္း၌ ေဆာင္႐ြက္ေပး ခဲ့ျခင္းျဖစ္ေၾကာင္း၊ တပ္မေတာ္ သည္ ျပည္သူ၏ အစိတ္အပိုင္းျဖစ္ၿပီး ျပည္သူၾကားမွ ေပါက္ဖြားလာသည္ျဖစ္သည့္အတြက္ တိုင္းျပည္ကာကြယ္ရန္ႏွင့္ ျပည္သူလူထု၏ အသက္အိုးအိမ္စည္းစိမ္ကို ကာကြယ္ ေစာင့္ေရွာက္ရန္ တာဝန္ရွိပါေၾကာင္း။

ကာကြယ္ေရးလုပ္ငန္းမ်ားေဆာင္႐ြက္မႈတြင္ ဖြံ႕ၿဖိဳးၿပီးႏိုင္ငံမ်ားပင္လ်င္ လိုအပ္ခ်က္ မ်ားရွိေနသည့္အတြက္ မိမိတို႔ကဲ့သို႔ ဖြံ႕ၿဖိဳးဆဲႏိုင္ငံမ်ားတြင္ ျပည္သူလူထုက ဝိုင္းဝန္း ပါဝင္ေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ တပ္မေတာ္သားမ်ား၊ အရပ္သား အစားခန႔္ဝန္ထမ္းမ်ား၏ လုပ္ခလစာေငြမ်ားမွ ပထမအႀကိမ္ႏွင့္ ဒုတိယအႀကိမ္ လႉဒါန္း ရရွိသည့္ စုစုေပါင္းေငြက်ပ္ ၄ ဒသမ ၅ ဘီလီယံေက်ာ္ျဖင့္ ေဆးအကာကြယ္ ေပးပစၥည္းမ်ား၊ အာဟာရျဖည့္စားေသာက္ဖြယ္ရာမ်ားကို လႉဒါန္းေပးလ်က္ရွိပါေၾကာင္း၊ စစ္မႈထမ္းေဟာင္းမ်ား၊ ရဲမႈထမ္းေဟာင္းမ်ားကို ဦးစားေပးစဥ္းစားေဆာင္႐ြက္ခဲ့ျခင္းျဖစ္ၿပီး အျခားလိုအပ္ခ်က္ရွိေနသည့္ အဖြဲ႕အစည္းမ်ားကိုလည္း သက္ဆိုင္ရာတိုင္းစစ္ဌာနခ်ဳပ္ မ်ားအလိုက္လႉဒါန္းေစခဲ့ပါေၾကာင္း၊ တပ္မေတာ္အေနျဖင့္ အတိုင္းအတာတစ္ခုအထိ အေထာက္အကူျပဳေဆာင္႐ြက္ေပးႏိုင္ခဲ့သည့္အတြက္ ဝမ္းေျမာက္မိပါေၾကာင္း။

က်န္းမာေရးႏွင့္ ပတ္သက္၍ မိမိတို႔တြင္ အားနည္းခ်က္မ်ား ရွိၿပီး စားေသာက္ ေနထိုင္မႈမ်ားတြင္ လိုအပ္ခ်က္မ်ားရွိပါေၾကာင္း၊ က်န္းမာေရးႏွင့္ မညီၫြတ္ မေလ်ာ္ညီ သည့္ ေနထိုင္စားေသာက္မႈမ်ားကို ေရွာင္ရွားၾကရမည္ျဖစ္ေၾကာင္း၊ ေဆးလိပ္ ေသာက္ ျခင္းႏွင့္ ကြမ္းစားသုံးျခင္းမ်ားသည္ က်န္းမာေရးကို ထိခိုက္ေစႏိုင္ေသာေၾကာင့္ ေရွာင္ရွား ရန္လိုေၾကာင္း၊ ထို႔ျပင္ အမႈိက္စနစ္တက်စြန႔္ပစ္မႈမ်ားကို ျပဳလုပ္ရမည္ျဖစ္ၿပီး  ထိန္းသိမ္း ျခင္းႏွင့္ ပတ္သက္၍ တာဝန္ရွိသူမ်ားက လုပ္ေဆာင္သည္မ်ားရွိသကဲ့သို႔ ျပည္သူမ်ား ကလည္း ဝိုင္းဝန္းေဆာင္႐ြက္မွသာ သန႔္ရွင္းသပ္ရပ္ၿပီး ေရာဂါျဖစ္ပြားေစႏိုင္သည့္ ပိုးမႊား မ်ား မေပါက္ဖြား၊ မခိုေအာင္းႏိုင္မည္ျဖစ္ေၾကာင္း။

စားကုန္၊ ေသာက္ကုန္၊ သုံးကုန္ပစၥည္းမ်ားသည္ လူသားတို႔အတြက္ မရွိမျဖစ္ လိုအပ္ခ်က္မ်ားပင္ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ စားေရးအား အတိုင္းအတာတစ္ခု အထိ အေထာက္အကူျဖစ္ေစရန္ လႉဒါန္းေပးရျခင္းျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္လည္း တပ္မေတာ္ တြင္ စိုက္ပ်ိဳး ေမြးျမဴေရးလုပ္ငန္းမ်ားကို မျပတ္ေဆာင္႐ြက္ေနျခင္းျဖစ္ေၾကာင္း၊ ေရာဂါ ျဖစ္ပြားေနမႈကို အေၾကာင္းျပၿပီး လက္မႈိင္ခ်ေန၍မရဘဲ လုပ္ႏိုင္သည့္အပိုင္းမွ ဝိုင္းဝန္း ေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း၊ မိုးရာသီေရာက္ရွိလာၿပီျဖစ္သည့္အတြက္ သဘာဝေဘး အႏၲရာယ္မ်ားအတြက္လည္း ႀကိဳတင္စဥ္းစားၾကရမည္ျဖစ္ေၾကာင္းႏွင့္ တပ္မေတာ္ အေနျဖင့္ ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးႏွင့္ ျပည္သူ႔အက်ိဳးျပဳလုပ္ငန္းမ်ားကို   တတ္ႏိုင္သေ႐ြ႕ ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္းျဖင့္ ေျပာၾကားသည္။

ထို႔ေနာက္ တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) မိသားစုမ်ားက ေပးအပ္လႉဒါန္းသည့္ ဆန္ ၅၀၀ အိတ္၊ ဆီ ၁၀၀၀ ပိႆာ၊ ပဲ ၁၀၀၀ ပိႆာႏွင့္ ဆား ၁၀၀၀ ပိႆာတို႔ကို တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေပးအပ္လႉဒါန္းရာ ျမန္မာႏိုင္ငံသတင္းမီဒီယာမ်ား၊ အႏုပညာရွင္မ်ားႏွင့္ ႐ိုးရာလက္ေဝွ႔အဖြဲ႕တို႔ ကိုယ္စား ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံး ဥကၠ႒ ဦးညီညီထြန္းလြင္က လက္ခံရယူသည္။

ယင္းေနာက္ အစည္းအ႐ုံးမ်ားကိုယ္စား ျမန္မာႏိုင္ငံသတင္းမီဒီယာေကာင္စီ ဥကၠ႒ ဟံသာဝတီ ဦးအုန္းႀကိဳင္က ေက်းဇူးတင္စကားျပန္လည္ေျပာၾကားရာတြင္ ယခုကဲ့သို႔ စားေရးအခက္အခဲျဖစ္ေပၚေနသည့္ ပုဂၢိဳလ္မ်ား၏ လိုအပ္ခ်က္မ်ားကို ၾကည့္ရႈေပးသည့္ အတြက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) မိသားစု မ်ားကို မ်ားစြာေက်းဇူးတင္ရွိပါေၾကာင္း၊ တပ္မေတာ္အေနျဖင့္ ၁၉၄၈ ခုႏွစ္ လြတ္လပ္ေရး ရရွိၿပီးခ်ိန္ ကတည္းကပင္ အခက္အခဲ၊ အၾကပ္အတည္းမ်ားႀကဳံေတြ႕လာတိုင္း ျပည္သူ မ်ားေရွ႕က မားမားမတ္မတ္ရပ္တည္ေပးခဲ့ပါေၾကာင္း၊ ၁၉၄၉ ခုႏွစ္ ရန္ကုန္၊ အင္းစိန္ တိုက္ပြဲမ်ားျဖစ္ပြားၿပီး မိမိတို႔ သတင္းေထာက္မ်ားအပါအဝင္ ျပည္သူအခ်ိဳ႕ ရန္ကုန္ၿမိဳ႕ အတြင္း ေျပာင္းေ႐ႊ႕ေနထိုင္ခဲ့ရရာ ၎အခ်ိန္၌ စားေရးရိကၡာ ပထမဆုံးေထာက္ပံ့ေပး ခဲ့သူမွာ တပ္မေတာ္ပင္ျဖစ္ေၾကာင္း၊ ယခုအခါ ေရာဂါျဖစ္ပြားမႈေၾကာင့္ သတင္း မီဒီယာ မ်ား လူအင္အားေလွ်ာ့၍ အလုပ္အကိုင္ရပ္ဆိုင္းခဲ့ရမႈမ်ားရွိခဲ့ကာ စားဝတ္ေနေရး အခက္ အခဲမ်ား ျဖစ္ေပၚခဲ့ပါ ေၾကာင္း၊ သတင္းမီဒီယာေကာင္စီအေနျဖင့္ Covid-19   ေရာဂါျဖစ္ ပြားေနသည့္ ကာလအတြင္း ရန္ပုံေငြမ်ားေကာက္ခံစုေဆာင္း၍ မီဒီယာသမားမ်ား၏ အခက္အခဲမ်ားကို ကူညီေထာက္ပံ့ေပးခဲ့ပါေၾကာင္း၊ လက္ရွိတြင္ ေလွ်ာက္လႊာမ်ား ထပ္မံေရာက္ရွိလာၿပီး လက္က်န္မ်ားစားေသာက္ဖြယ္ရာမ်ား ေလ်ာ့နည္းလွ်က္ရွိခ်ိန္တြင္ တပ္မေတာ္က ယခုကဲ့သို႔ ထပ္မံလႉဒါန္းေပးခဲ့သည့္အတြက္ အားတက္ခဲ့ရပါေၾကာင္း၊ ဝမ္းေျမာက္ဝမ္းသာျဖင့္ သာဓုေခၚပါေၾကာင္း၊ လက္ရွိတြင္ တပ္မေတာ္အေနျဖင့္ ျပည္သူႏွင့္ ပိုမိုနီးကပ္လာသည္ဟု ခံစားရပါေၾကာင္းႏွင့္ အလႊာအသီးသီးကို လႉဒါန္းမႈမ်ား ေတြ႕ရွိရသည့္အတြက္လည္း မ်ားစြာဝမ္းသာမိပါေၾကာင္းျဖင့္ ေျပာၾကားသည္။

အခမ္းအနားအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားက တက္ေရာက္လာၾကသူမ်ားအား ရင္းရင္းႏွီးႏွီးလိုက္လံႏႈတ္ဆက္ကာ စားေသာက္ဖြယ္ရာ မ်ားျဖင့္ တည္ခင္းဧည့္ခံခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။