တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ချန်ပါဆပ် ပြည်နယ် စစ်ဌာနချုပ်မှူး Brigadier General Sukai Phimmasan က ဂုဏ်ပြု ညစာစားပွဲဖြင့်တည်ခင်းဧည့်ခံ

ေနျပည္ေတာ္၊ ေအာက္တုိဘာ ၁၃

 

လာအုိအမ်ိဳးသားကာကြယ္ေရး၀န္ႀကီး Lieutenant General Chansamone CHANYALATH ၏ဖိတ္ၾကားခ်က္အရ လာအုိျပည္သူ႕ဒီမုိကရက္တစ္သမၼတႏုိင္ငံ၊ ခ်န္ပါဆပ္ျပည္နယ္သုိ႔ ခ်စ္ၾကည္ေရးခရီးေရာက္ရွိေနသည့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္ေသာ ျမန္မာ့တပ္မေတာ္ခ်စ္ၾကည္ေရးကုိယ္စားလွယ္အဖြဲ႕အား ေအာက္တုိဘာ ၁၂ ရက္ ညပုိင္းတြင္ Champasak Grand ဟုိတယ္၌ ခ်န္ပါဆပ္ျပည္နယ္စစ္ဌာနခ်ဳပ္မွဴး Brigadier General Sukai Phimmasan က ဂုဏ္ျပဳညစာျဖင့္တည္ခင္းဧည့္ခံသည္။

အဆုိပါ ဂုဏ္ျပဳညစာစားပြဲအခမ္းအနားသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ဇနီး ေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယ ဗုိလ္ခ်ဳပ္ႀကီး သန္းထြန္းဦးႏွင့္ တပ္မေတာ္ အရာရွိႀကီးမ်ား၊ လာအုိႏုိင္ငံဆုိင္ရာျမန္မာသံအမတ္ႀကီး ဦးကုိကုိႏုိင္၊ ျမန္မာစစ္သံ(ၾကည္း၊ေရ၊ ေလ) ဗုိလ္မွဴးႀကီး ေက်ာ္ေက်ာ္မင္းတုိ႔ တက္ေရာက္ၾကၿပီး ခ်န္ပါဆပ္ျပည္နယ္စစ္ဌာနခ်ဳပ္မွဴးႏွင့္အတူ ခ်န္ပါဆပ္ျပည္နယ္ အုပ္ခ်ဳပ္ေရးမွဴး H.E. Mr. Bun Thong Divisai ႏွင့္ လာအုိတပ္မေတာ္မွ အရာရွိႀကီးမ်ား တက္ေရာက္ၾကသည္။

ဦးစြာတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးတုိ႔အား ခ်န္ပါဆပ္ျပည္နယ္ စစ္ဌာနခ်ဳပ္မွဴးႏွင့္ ျပည္နယ္ အုပ္ခ်ဳပ္ေရးမွဴးတုိ႕က ႀကိဳဆုိႏႈတ္ဆက္ၾကၿပီး ခ်န္ပါဆပ္ျပည္နယ္ အုပ္ခ်ဳပ္ေရးမွဴးႏွင့္ ျပည္နယ္ စစ္ဌာနခ်ဳပ္မွဴးတုိ႔က နယ္ေျမဖြံ႕ၿဖိဳးတုိးတက္မႈ အေျခအေနမ်ားႏွင့္ နယ္ေျမေဒသအေျခအေနမ်ား အား ရွင္းလင္းေျပာၾကားၾကသည္။

ယင္းေနာက္ ဂုဏ္ျပဳညစာစားပြဲအားက်င္းပျပဳလုပ္ရာ ခ်န္ပါဆပ္ျပည္နယ္ စစ္ဌာနခ်ဳပ္မွဴးက ႀကိဳဆုိႏႈတ္ခြန္းဆက္စကားေျပာၾကားသည္။ ထုိ႔ေနာက္ ညစာအားအတူတကြ သုံးေဆာင္ၾကသည္။ ညစာမသုံးေဆာင္မီႏွင့္သုံးေဆာင္ေနစဥ္ အတြင္း ခ်န္ပါဆပ္ျပည္နယ္စစ္ဌာနခ်ဳပ္ယဥ္ေက်းမႈအဖြဲ႕မွ ေတးသံသာမ်ား၊ အက ပေဒသာမ်ားျဖင့္ သီဆုိတီးမႈတ္ကျပေဖ်ာ္ေျဖၾကသည္။

ညစာသုံးေဆာင္အၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီး၊ ခ်န္ပါဆပ္ျပည္နယ္ အုပ္ခ်ဳပ္ ေရးမွဴး၊ ျပည္နယ္စစ္ဌာနခ်ဳပ္မွဴးႏွင့္ဇနီးတုိ႔သည္ အမွတ္တရလက္ေဆာင္ပစၥည္းမ်ား အျပန္အလွန္ ေပးအပ္ၾကသည္။ ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးတုိ႔က ခ်န္ပါဆပ္ျပည္နယ္ စစ္ဌာနခ်ဳပ္ ယဥ္ေက်းမႈအဖြဲ႕အား အမွတ္တရပန္းျခင္းႏွင့္ခ်ီးျမႇင့္ေငြမ်ားေပးအပ္ၿပီးစုေပါင္း ဓာတ္ပုံ ႐ုိက္ခဲ့ၾကသည္။

 

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ချန်ပါဆပ် ပြည်နယ် စစ်ဌာနချုပ်မှူး Brigadier General Sukai Phimmasan က ဂုဏ်ပြု ညစာစားပွဲဖြင့်တည်ခင်းဧည့်ခံ

နေပြည်တော်၊ အောက်တိုဘာ ၁၃

လာအိုအမျိုးသားကာကွယ်ရေးဝန်ကြီး Lieutenant General Chansamone CHANYALATH ၏ဖိတ်ကြားချက်အရ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ချန်ပါဆပ်ပြည်နယ်သို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား အောက်တိုဘာ ၁၂ ရက် ညပိုင်းတွင် Champasak Grand ဟိုတယ်၌ ချန်ပါဆပ်ပြည်နယ်စစ်ဌာနချုပ်မှူး Brigadier General Sukai Phimmasan က ဂုဏ်ပြုညစာဖြင့်တည်ခင်းဧည့်ခံသည်။

အဆိုပါ ဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး သန်းထွန်းဦးနှင့် တပ်မတော် အရာရှိကြီးများ၊ လာအိုနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကိုကိုနိုင်၊ မြန်မာစစ်သံ(ကြည်း၊ရေ၊ လေ) ဗိုလ်မှူးကြီး ကျော်ကျော်မင်းတို့ တက်ရောက်ကြပြီး ချန်ပါဆပ်ပြည်နယ်စစ်ဌာနချုပ်မှူးနှင့်အတူ ချန်ပါဆပ်ပြည်နယ် အုပ်ချုပ်ရေးမှူး H.E. Mr. Bun Thong Divisai နှင့် လာအိုတပ်မတော်မှ အရာရှိကြီးများ တက်ရောက်ကြသည်။

ဦးစွာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့အား ချန်ပါဆပ်ပြည်နယ် စစ်ဌာနချုပ်မှူးနှင့် ပြည်နယ် အုပ်ချုပ်ရေးမှူးတို့က ကြိုဆိုနှုတ်ဆက်ကြပြီး ချန်ပါဆပ်ပြည်နယ် အုပ်ချုပ်ရေးမှူးနှင့် ပြည်နယ် စစ်ဌာနချုပ်မှူးတို့က နယ်မြေဖွံ့ဖြိုးတိုးတက်မှု အခြေအနေများနှင့် နယ်မြေဒေသအခြေအနေများ အား ရှင်းလင်းပြောကြားကြသည်။

ယင်းနောက် ဂုဏ်ပြုညစာစားပွဲအားကျင်းပပြုလုပ်ရာ ချန်ပါဆပ်ပြည်နယ် စစ်ဌာနချုပ်မှူးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။ ထို့နောက် ညစာအားအတူတကွ သုံးဆောင်ကြသည်။ ညစာမသုံးဆောင်မီနှင့်သုံးဆောင်နေစဉ် အတွင်း ချန်ပါဆပ်ပြည်နယ်စစ်ဌာနချုပ်ယဉ်ကျေးမှုအဖွဲ့မှ တေးသံသာများ၊ အက ပဒေသာများဖြင့် သီဆိုတီးမှုတ်ကပြဖျော်ဖြေကြသည်။

ညစာသုံးဆောင်အပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ ချန်ပါဆပ်ပြည်နယ် အုပ်ချုပ် ရေးမှူး၊ ပြည်နယ်စစ်ဌာနချုပ်မှူးနှင့်ဇနီးတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့က ချန်ပါဆပ်ပြည်နယ် စစ်ဌာနချုပ် ယဉ်ကျေးမှုအဖွဲ့အား အမှတ်တရပန်းခြင်းနှင့်ချီးမြှင့်ငွေများပေးအပ်ပြီးစုပေါင်း ဓာတ်ပုံ ရိုက်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။