နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်ရာတွင် အမျိုးသမီးစစ်မှုထမ်းများ ပါဝင်ဆောင်ရွက်နိုင်စေရန်အတွက် အမျိုးသမီးစစ်မှုထမ်း(အရာရှိ)များအား စဉ်ဆက်မပြတ်လေ့ကျင့်သင်ကြား မွေးထုတ်ပေး

ေနျပည္ေတာ္၊ ဒီဇင္ဘာ – ၂၆

ျပည္ေထာင္စုသမၼတျမန္မာႏုိင္ငံေတာ္တြင္ ကာကြယ္ေရးတာ၀န္ထမ္းေဆာင္ရာ၌ အမ်ိဳးသမီး စစ္မႈထမ္းမ်ား ပါ၀င္ထမ္းေဆာင္ႏုိင္ရန္အတြက္ အမ်ိဳးသမီး(အရာရွိ)မ်ားအား စဥ္ဆက္မျပတ္ ေမြးထုတ္ေပးလ်က္ရွိၿပီး ဘြဲ႕ရအမ်ိဳးသမီးဗိုလ္ေလာင္း သင္တန္းအမွတ္စဥ္ (၅)သင္တန္းဆင္း ဂုဏ္ျပဳစစ္ေရးျပအခမ္းအနားအား ယေန႔နံနက္ပုိင္းတြင္ ရန္ကုန္ၿမိဳ႕ရွိ တပ္မေတာ္(ၾကည္း) ဗုိလ္သင္တန္းေက်ာင္း(ေမွာ္ဘီ)စစ္ေရးျပကြင္း၌ က်င္းပျပဳလုပ္ရာ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မဟာသေရစည္သူ မင္းေအာင္လႈိင္ တက္ေရာက္မိန္႔ခြန္းေျပာၾကားသည္။

အဆုိပါအခမ္းအနားသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ ဇနီး ေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရး ၀န္ႀကီးဌာနျပည္ေထာင္စု၀န္ႀကီး ဒုတိယဗုိလ္ခ်ဳပ္ႀကီး ေဇယ်ေက်ာ္ထင္ စိန္၀င္း၊ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး ေဇယ်ေက်ာ္ထင္ တင္ေအာင္စန္း၊ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေဇယ်ေက်ာ္ထင္ ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး မွတပ္မေတာ္ အရာရိွႀကီးမ်ား၊ ရန္ကုန္တုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး၊ တပ္မေတာ္(ၾကည္း) ဗုိလ္သင္တန္းေက်ာင္း ေခတၱေက်ာင္းအုပ္ႀကီးႏွင့္ ရန္ကုန္တပ္နယ္မွအရာရိွႀကီးမ်ား၊ ဖိတ္ၾကားထားသည့္ ဧည့္သည့္ေတာ္ မ်ားႏွင့္ သင္တန္းဆင္းဘြဲ႕ရအမ်ိဳးသမီး ဗိုလ္ေလာင္းမ်ား ၏ မိဘေဆြမ်ိဳးမ်ား တက္ေရာက္ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မဟာသေရစည္သူ မင္းေအာင္လိႈင္က ဗိုလ္ေလာင္းတပ္ခြဲ၏အေလးျပဳျခင္းကိုခံယူၿပီး ဗုိလ္ေလာင္းတပ္ခြဲကုိ စစ္ေဆးသည္။ ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္အား ဗိုလ္ေလာင္းတပ္ခြဲက အေႏွးေလွ်ာက္၊ အျမန္ေလွ်ာက္တို႔ျဖင့္ ခ်ီတက္အေလးျပဳၾကသည္။ ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က တပ္မေတာ္(ၾကည္း) ဗုိလ္သင္တန္းေက်ာင္း(ေမွာ္ဘီ) ဘြဲ႕ရအမ်ိဳးသမီးဗုိလ္ေလာင္းသင္တန္းမွ အေကာင္းဆုံး ဗုိလ္ေလာင္းဆုရရွိသူ ဗုိလ္ေလာင္းအမွတ္ ၉ ဗုိလ္ေလာင္း ခင္မုိးျမင့္ အားဆုေပးအပ္ခ်ီးျမႇင့္သည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မဟာသေရစည္သူ မင္းေအာင္လႈိင္က သင္တန္းဆင္းဗိုလ္ေလာင္းမ်ားအား မိန္႕ခြန္းေျပာၾကားရာ၌ တပ္မေတာ္တြင္ အမ်ိဳးသမီး စစ္မႈထမ္းမ်ားအားေလ့က်င့္ေမြးထုတ္ေပးေနမႈႏွင့္ပတ္သက္၍-

လက္ရွိကမၻာေပၚ၌အမ်ိဳးသမီးမ်ား၏ အခန္းက႑က်ယ္ျပန္႔လာသည္ႏွင့္အမွ် ႏုိင္ငံေရးႏွင့္ အစုိးရ ၀န္ထမ္းထိပ္ပုိင္းေနရာမ်ားတြင္ တာ၀န္ထမ္းေဆာင္ေနၾကသူမ်ားႏွင့္ ထူးခြၽန္ထက္ျမက္သည့္ အမ်ိဳးသမီးပညာရွင္မ်ားရွိေနၾကၿပီျဖစ္ေၾကာင္း၊ ကုလသမဂၢ အပါအ၀င္ ႏုိင္ငံတကာႏွင့္ ပတ္သက္သည့္ ေဆြးေႏြးပြဲမ်ားတြင္ အမ်ိဳးသမီးမ်ား၏အခန္းက႑ကုိ ျမႇင့္တင္ရန္ေဆြးေႏြးမႈမ်ားရွိေနၿပီး မိမိတုိ႔ႏုိင္ငံ အေနျဖင့္လည္း အေလးထားေဆာင္ရြက္ လ်က္ရွိေၾကာင္း၊ ကမၻာ့ႏုိင္ငံအသီးသီးရွိတပ္မေတာ္မ်ားတြင္ အမ်ိဳးသမီးတပ္ဖြဲ႕၀င္မ်ား၏ အခန္းက႑သည္လည္း မ်ားစြာတုိးတက္လာခဲ့ၿပီး အဆင့္ျမင့္ တာ၀န္မ်ားကုိထမ္းေဆာင္ လ်က္ရွိသည္ကုိေတြ႕ရွိရေၾကာင္း၊ မိမိတုိ႔တပ္မေတာ္တြင္လည္း “ႏုိင္ငံေတာ္ကာကြယ္ေရး တာ၀န္ထမ္းေဆာင္ရာ၌ အမ်ိဳးသမီးစစ္မႈထမ္းမ်ား ပါ၀င္ေဆာင္ရြက္ႏုိင္ ေစရန္ အတြက္ အမ်ိဳးသမီးစစ္မႈထမ္း(အရာရွိ)မ်ားအား ေလ့က်င့္သင္ၾကားေမြးထုတ္ေပးရန္” ဆုိသည့္ရည္ရြယ္ခ်က္ျဖင့္ အမ်ိဳးသမီးဗုိလ္ေလာင္းသင္တန္းအပါအ၀င္ အျခားစစ္ဘက္ အမ်ိဳးသမီး သင္တန္းမ်ားကုိ ဖြင့္လွစ္ေပးလ်က္ရွိေၾကာင္း၊ ျမန္မာ့တပ္မေတာ္သမုိင္းေၾကာင္းတြင္ အမ်ိဳးသမီး တပ္ဖြဲ႕၀င္မ်ား၏ စြမ္းေဆာင္ရည္တခ်ိဳ႕ကုိ ျပန္လည္ေလ့လာၾကည့္ပါက လြတ္လပ္ေရးႀကိဳးပမ္းမႈ ကာလမ်ား၌ အဂၤလိပ္- ျမန္မာ ပထမစစ္ပြဲ ၀က္ထီးကန္တုိက္ပြဲ အတြင္း အမ်ိဳးသမီးမ်ားပါ၀င္သည့္ ျမန္မာ့မ်ိဳးခ်စ္တပ္ဖြဲ႕မ်ားက အဂၤလိပ္တပ္မ်ားကုိ ရဲ၀ံ့စြာတုိက္ခုိက္ႏုိင္ခဲ့ျခင္းကုိ မွတ္တမ္းတင္ခဲ့သည္ကုိ ေလ့လာေတြ႕ရွိရေၾကာင္း၊ ၁၉၄၈ ခုႏွစ္ လြတ္လပ္ေရးရၿပီးေနာက္ပုိင္းတြင္ အမ်ိဳးသမီးစစ္မႈထမ္းမ်ားကုိ လက္႐ုံးတပ္ဖြဲ႕မ်ားႏွင့္ ကယ္ဆယ္ေရးတပ္ဖြဲ႕မ်ားတြင္ အရာရွိႏွင့္အျခားအဆင့္မ်ားကုိ တာ၀န္ ေပးခဲ့သည္ကုိ ေတြ႕ရွိရေၾကာင္း၊ မိမိတို႔တပ္မေတာ္တြင္ အမ်ိဳးသမီးစစ္မႈထမ္းမ်ား၏ အခန္းက႑ကုိပါ ျမႇင့္တင္ရန္အတြက္ ဘြဲ႕ရအမ်ိဳးသမီးအရာရွိမ်ားကုိ ျပန္လည္ေမြးထုတ္တာ၀န္ေပးအပ္ လ်က္ရွိရာ ယခုအခါအမ်ိဳးသမီးအရာရွိမ်ားထဲမွ ၆ ဦးကုိ တပ္မေတာ္(ေလ)အတြက္ ပထမဆုံးအမ်ိဳးသမီး ေလသူရဲအရာရွိမ်ားအျဖစ္ သင္ၾကားေလ့က်င့္ေပးႏုိင္ခဲ့ၿပီးျဖစ္သျဖင့္ အမ်ိဳးသားမ်ားႏွင့္တန္းတူ ပ်ံသန္းေရးတာ၀န္မ်ားကုိ စတင္ထမ္းေဆာင္ေနၿပီျဖစ္ေၾကာင္း၊ အေတြ႕အႀကဳံရလာလွ်င္ တုိက္ေလယာဥ္ႏွင့္ ဂ်က္ေလယာဥ္မ်ားအား ေမာင္းႏွင္ေစမည္ ျဖစ္ေၾကာင္း၊ အလားတူ အာဆီယံ တပ္မေတာ္မ်ားေသနတ္ပစ္ၿပိဳင္ပြဲမ်ားတြင္လည္း ႏွစ္စဥ္ဆက္တုိက္ ေရႊတံဆိပ္ဆုမ်ား ရယူႏုိင္ခဲ့ သည္အထိ အမ်ိဳးသမီးစစ္မႈထမ္းမ်ားက စြမ္းေဆာင္ႏုိင္လ်က္ရွိေၾကာင္းေျပာၾကားသည္။

ထုိ႔ျပင္ တပ္မေတာ္၏ႏုိင္ငံေတာ္ကာကြယ္ေရးတာ၀န္ထမ္းေဆာင္ေနမႈႏွင့္ ေဒသဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ား ေဆာင္ရြက္ေနမႈႏွင့္ပတ္သက္၍-

မိမိတုိ႔တပ္မေတာ္သားမ်ားအေနျဖင့္ ႏုိင္ငံေတာ္ႏွင့္ျပည္သူလူထုအတြက္ ကာကြယ္ေရးတာ၀န္ ထမ္းေဆာင္ၾကရာတြင္ မိမိတုိ႔၏တာ၀န္၀တၱရားမ်ားကုိ ထူးခြၽန္ ေျပာင္ေျမာက္သည့္ ရဲစြမ္း သတၱိျဖင့္ဇြဲလုံ႔လစုိက္ထုတ္ၿပီး စြန္႔လႊတ္စြန္႔စားစြာျဖင့္ တာ၀န္ထမ္းေဆာင္ၾကရန္လုိအပ္ေၾကာင္း၊ တပ္မေတာ္အေနျဖင့္ ႏုိင္ငံေတာ္တည္ၿငိမ္ ေအးခ်မ္းေရး၊ ႏုိင္ငံေတာ္အစုိးရ၏ အုပ္ခ်ဳပ္မႈ ယႏၲရားႏွင့္ျပည္သူလူထု၏ အသက္အုိးအိမ္ စည္းစိမ္မ်ားကုိထိပါးေႏွာင့္ယွက္သူ လက္နက္ကုိင္ အဖြဲ႕မ်ား၏ ေဘးရန္ကုိသာကာကြယ္ျခင္းပင္ျဖစ္ေၾကာင္း၊ မိမိတာ၀န္ထမ္းေဆာင္ေနသည့္ ေနရာေဒသမ်ားတြင္ရွိသည့္ ျပည္သူမ်ား၏ လူမႈစီးပြားဘ၀ဖြံ႕ၿဖိဳးတုိးတက္ေရးႏွင့္ ေဒသဖြံ႕ၿဖိဳး တုိးတက္ေအာင္ တတ္ႏုိင္သမွ်ကူညီ ေဆာင္ရြက္သြားၾကရန္လုိအပ္ေၾကာင္း၊ မိမိတုိ႔နယ္ေျမအလုိက္ ေဒသဖြံ႕ၿဖိဳးေရးလုပ္ငန္း မ်ားေဆာင္ရြက္ေပးျခင္း၊ သဘာ၀ေဘးအႏၲရာယ္မ်ားႏွင့္ ရင္ဆုိင္ရပါကလည္း အမိန္႔ ေစာင့္ရန္မလုိဘဲ အခ်ိန္ႏွင့္တစ္ေျပးညီ ကူညီေဆာင္ရြက္ေပးျခင္း၊ ပညာေရးအကူအညီ ေပးျခင္း၊ က်န္းမာေရးအတြက္ ေဆး၀ါးကုသေပးျခင္းစသည့္ ျပည္သူ႕အက်ိဳးျပဳလုပ္ငန္း မွန္သမွ်ကုိ တပ္ျပင္စည္း႐ုံးေရးအေနျဖင့္ ကူညီေဆာင္ရြက္ၾကရန္မွာၾကားသည္။

တပ္တြင္းစည္းလုံးညီၫြတ္ေရးကုိ က်စ္လ်စ္ခုိင္မာစြာ တည္ေဆာက္ႏုိင္မႈႏွင့္ ပတ္သက္၍-

တပ္မေတာ္အေပၚအမ်ိဳးမ်ိဳးေသာ ေသြးထုိးလႈံ႕ေဆာ္မႈမ်ားႏွင့္ထုိးႏွက္ တုိက္ခုိက္မႈမ်ားကုိ ဆင္ျခင္ သုံးသပ္ၿပီး တပ္တြင္းစည္းလုံးညီၫြတ္ေရးကုိ က်စ္လ်စ္ခုိင္မာစြာ တည္ေဆာက္ထားရမည္ ျဖစ္ေၾကာင္း၊ တပ္ရင္းဌာနခ်ဳပ္မ်ားကုိ ေသာင္းက်န္းသူမ်ားက လာေရာက္တုိက္ခုိက္သည့္ ျဖစ္စဥ္မ်ားတြင္လည္း တပ္ရင္းမွ စစ္သည္၊ ရဲေမ၊ မိသားစု၀င္မ်ား က ျပန္လည္ခုခံတုိက္ခုိက္ ေခ်မႈန္းႏုိင္ခဲ့ျခင္းသည္ တပ္တြင္းစည္းလုံးညီၫြတ္ေရး၏ ရလဒ္တစ္ခုပင္ျဖစ္ေၾကာင္း၊ မိမိတုိ႔ တပ္မေတာ္သည္ ႏုိင္ငံေတာ္ႏွင့္တပ္မေတာ္အတြက္ ႏုိင္ငံခ်စ္စိတ္၊ မ်ိဳးခ်စ္စိတ္ႏွင့္ ရဲစြမ္းသတၱိ အျပည့္ရွိသည့္ စစ္သည္မ်ားသာမက အဓိက အရန္အင္အားျဖစ္သည့္ ရဲေမမ်ားႏွင့္ပါ စည္းလုံး ညီၫြတ္စြာ စုစည္းတည္ေဆာက္ထားျခင္း ျဖစ္သည္ကုိ ဂုဏ္ယူစြာေျပာၾကားလုိေၾကာင္း ေျပာၾကားသည္။

တပ္မေတာ္အေနျဖင့္ ျပည္တြင္းလက္နက္ကုိင္ပဋိပကၡမ်ားခ်ဳပ္ၿငိမ္းၿပီး ထာ၀ရ ၿငိမ္းခ်မ္းေရး ရရွိေအာင္ေဆာင္ရြက္ေနမႈႏွင့္ပတ္သက္၍-

အယူ၀ါဒမတူညီမႈမ်ားႏွင့္ တုိင္းရင္းသားအေရးမ်ားေၾကာင့္ ၁၉၄၈ ခုႏွစ္ လြတ္လပ္ေရးရၿပီးခ်ိန္မွစ၍ ယေန႔ထက္တုိင္ မိမိတုိ႔ႏုိင္ငံ၌ တုိင္းရင္းသား လက္နက္ကိုင္ပဋိပကၡမ်ားခ်ဳပ္ၿငိမ္းရန္ ႀကိဳးပမ္း ေနဆဲျဖစ္ေၾကာင္း၊ အယူ၀ါဒေရးရာအရ ကြဲျပားမႈႏွင့္ တုိင္းရင္းသားေရးရာအရ အျမင္လြဲမႈမ်ားကုိ ဥပေဒေဘာင္အတြင္းကသာ ေျဖရွင္းေဆာင္ရြက္ရမည္ျဖစ္ျဖစ္သည့္အတြက္ တုိင္းရင္းသား လက္နက္ကုိင္အဖြဲ႕မ်ား ကုိ ၿငိမ္းခ်မ္းေရးကမ္းလွမ္းခဲ့ေၾကာင္း၊ မိမိတုိ႔ျမန္မာႏုိင္ငံအတြင္းတြင္ တုိင္းေဒသႀကီးႏွင့္ ျပည္နယ္အားလုံးရွိေဒသမ်ား၌ တုိင္းရင္းသားလူမ်ိဳးစုတစ္ခုတည္းသာ ေနထုိင္ၾကသည္ မဟုတ္ဘဲ အားလုံးေပါင္းစည္းေနထုိင္ၾကျခင္းျဖစ္ေၾကာင္း၊ တုိင္းရင္းသားလူမ်ိဳးစု တစ္ခုတည္းကုိသာ အခြင့္အေရးေပးထားသည့္ ေနရာမ်ားမရွိသည့္ ျမန္မာႏုိင္ငံအတြင္းရွိ တုိင္းရင္းသားအားလုံးကုိ အေျခခံဥပေဒတြင္ တန္းတူအခြင့္အေရးေပးထားၿပီး ေဒသဖြံ႕ၿဖိဳး တုိးတက္ေရးအတြက္ အတတ္ႏုိင္ဆုံး ေဆာင္ရြက္ေပးလ်က္ရွိေၾကာင္း၊ ယခုအခါတြင္ ၂၀၁၉ ခုႏွစ္၊ ဧၿပီလ ၃၀ ရက္ေန႔အထိ တပ္မေတာ္မွ စစ္ေရးဆုိင္ရာ လႈပ္ရွားမႈမ်ားအားလုံး ရပ္ဆုိင္းေပးထားၿပီး ျဖစ္သျဖင့္ တုိင္းရင္းသားလက္နက္ကုိင္ အဖြဲ႕မ်ားအေနျဖင့္ ဒီမုိကေရစီကုိလုိလားလက္ခံသည္၊ တုိင္းျပည္စည္းလုံး ညီၫြတ္စြာျဖင့္ ဖြံ႕ၿဖိဳးတုိးတက္သည္ကုိ လုိလားသည္ဆုိလွ်င္ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္မ်ားကုိ ေဆာင္ရြက္ၾကရန္လုိအပ္မည္ျဖစ္ၿပီး တပ္မေတာ္အေနျဖင့္လည္း လုိအပ္သည္မ်ား ကူညီေျဖရွင္းၫႇိႏႈိင္းေဆာင္ရြက္ေပးသြားမည္ျဖစ္ေၾကာင္း၊ မိမိတုိ႔ႏုိင္ငံတြင္ လက္နက္ကုိင္ ပဋိပကၡမ်ား ျဖစ္ပြားေနၿပီး တည္ၿငိမ္ေအးခ်မ္းမႈမရွိသည့္အတြက္ ဖြံ႕ၿဖိဳးတုိးတက္မႈႏွင့္ ပတ္သက္ၿပီး အျပည့္အ၀ ေဆာင္ရြက္ႏုိင္ျခင္းမရွိေသးဘဲ အာဆီယံအသုိက္အ၀န္းမွာပင္ ေနာက္က်က်န္လ်က္ရွိေနသည္ကုိ ေတြ႕ျမင္ရမည္ျဖစ္ေၾကာင္း၊ ထုိ႔ေၾကာင့္အျခားႏုိင္ငံမ်ားကုိ အမီလုိက္ႏုိင္ရန္အတြက္ သူမ်ား ေျခတစ္လွမ္းလွမ္းလွ်င္ ကုိယ္ကေျခလွမ္းမ်ားစြာ လွမ္းႏုိင္မွ ေတာ္ကာၾကမွာျဖစ္ေၾကာင္း၊ ထုိသုိ႔ ေဆာင္ရြက္ရာတြင္ ေဒသ၊ လူမ်ိဳး၊ ဘာသာ ခြဲျခားမႈမရွိဘဲ “ျမန္္မာစိတ္” ေမြးၿပီး မိမိႏုိင္ငံ ဖြံ႕ၿဖိဳးတုိးတက္ေရးအတြက္ စည္းစည္းလုံးလုံး ညီညီၫြတ္ၫြတ္ျဖင့္ ႀကိဳးစားလုပ္ကုိင္သြားရန္ လုိအပ္ေၾကာင္း၊ ထုိ႔ေၾကာင့္ႏုိင္ငံေတာ္ဖြံ႕ၿဖိဳး တုိးတက္ေရးႏွင့္ၿငိမ္းခ်မ္းေရးကုိ ႀကိဳးပမ္းေဖာ္ေဆာင္ ေနသည့္ ယေန႔အခ်ိန္အခါတြင္ မိမိတုိ႔အေနျဖင့္ တစ္တပ္တစ္အားပါ၀င္ႀကိဳးပမ္းသြားၾက ရမည္ျဖစ္ေၾကာင္း၊ မိမိတုိ႔၏အျပဳအမူ၊ အေျပာအဆုိေၾကာင့္ ႏုိင္ငံေတာ္၏ရည္မွန္းခ်က္ႏွင့္ တပ္မေတာ္၏ဂုဏ္သိကၡာကုိ ၫႇိဳးႏြမ္း ပ်က္ျပားမႈမရွိေစေရး အထူးမွာၾကားလုိေၾကာင္းေျပာၾကားသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မဟာသေရစည္သူ မင္းေအာင္လိႈင္သည္ ဗိုလ္ေလာင္းတပ္ခြဲ၏ အေလးျပဳျခင္းကိုခံယူၿပီးေနာက္ စစ္ေရးျပ အခမ္းအနားမွ ျပန္လည္ထြက္ခြာသည္။ စစ္ေရးျပအခမ္းအနားအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မဟာသေရစည္သူ မင္းေအာင္လႈိင္သည္ တပ္မေတာ္(ၾကည္း)ဗိုလ္သင္တန္းေက်ာင္း (ေမွာ္ဘီ)ရိပ္သာဧည့္ခန္းမ၌ အေကာင္းဆုံး ဗုိလ္ေလာင္းဆုရ ဗုိလ္ေလာင္း ခင္မိုးျမင့္၊ ေသနတ္ပစ္အေကာင္းဆုံးဆုရ ဗုိလ္ေလာင္း ေနာ္ေအးျမတ္သြယ္ ႏွင့္၎တုိ႔၏မိဘမ်ားအားေတြ႕ဆုံ၍ ဂုဏ္ျပဳအမွာစကားေျပာၾကားခဲ့သည္။

(Unicode Version)

နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်ရာတွင် အမျိုးသမီးစစ်မှုထမ်းများ ပါဝင်ဆောင်ရွက်နိုင်စေရန်အတွက် အမျိုးသမီးစစ်မှုထမ်း(အရာရှိ)များအား စဉ်ဆက်မပြတ်လေ့ကျင့်သင်ကြား မွေးထုတ်ပေး

နေပြည်တော်၊ ဒီဇင်ဘာ – ၂၆

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ကာကွယ်ရေးတာဝန်ထမ်းဆောင်ရာ၌ အမျိုးသမီး စစ်မှုထမ်းများ ပါဝင်ထမ်းဆောင်နိုင်ရန်အတွက် အမျိုးသမီး(အရာရှိ)များအား စဉ်ဆက်မပြတ် မွေးထုတ်ပေးလျက်ရှိပြီး ဘွဲ့ရအမျိုးသမီးဗိုလ်လောင်း သင်တန်းအမှတ်စဉ် (၅)သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်းပြောကြားသည်။

အဆိုပါအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေး ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စိန်ဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် တင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး မှတပ်မတော် အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း ခေတ္တကျောင်းအုပ်ကြီးနှင့် ရန်ကုန်တပ်နယ်မှအရာရှိကြီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည့်တော် များနှင့် သင်တန်းဆင်းဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းများ ၏ မိဘဆွေမျိုးများ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က ဗိုလ်လောင်းတပ်ခွဲ၏အလေးပြုခြင်းကိုခံယူပြီး ဗိုလ်လောင်းတပ်ခွဲကို စစ်ဆေးသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ဗိုလ်လောင်းတပ်ခွဲက အနှေးလျှောက်၊ အမြန်လျှောက်တို့ဖြင့် ချီတက်အလေးပြုကြသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်းမှ အကောင်းဆုံး ဗိုလ်လောင်းဆုရရှိသူ ဗိုလ်လောင်းအမှတ် ၉ ဗိုလ်လောင်း ခင်မိုးမြင့် အားဆုပေးအပ်ချီးမြှင့်သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က သင်တန်းဆင်းဗိုလ်လောင်းများအား မိန့်ခွန်းပြောကြားရာ၌ တပ်မတော်တွင် အမျိုးသမီး စစ်မှုထမ်းများအားလေ့ကျင့်မွေးထုတ်ပေးနေမှုနှင့်ပတ်သက်၍-

လက်ရှိကမ္ဘာပေါ်၌အမျိုးသမီးများ၏ အခန်းကဏ္ဍကျယ်ပြန့်လာသည်နှင့်အမျှ နိုင်ငံရေးနှင့် အစိုးရ ဝန်ထမ်းထိပ်ပိုင်းနေရာများတွင် တာဝန်ထမ်းဆောင်နေကြသူများနှင့် ထူးချွန်ထက်မြက်သည့် အမျိုးသမီးပညာရှင်များရှိနေကြပြီဖြစ်ကြောင်း၊ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာနှင့် ပတ်သက်သည့် ဆွေးနွေးပွဲများတွင် အမျိုးသမီးများ၏အခန်းကဏ္ဍကို မြှင့်တင်ရန်ဆွေးနွေးမှုများရှိနေပြီး မိမိတို့နိုင်ငံ အနေဖြင့်လည်း အလေးထားဆောင်ရွက် လျက်ရှိကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးရှိတပ်မတော်များတွင် အမျိုးသမီးတပ်ဖွဲ့ဝင်များ၏ အခန်းကဏ္ဍသည်လည်း များစွာတိုးတက်လာခဲ့ပြီး အဆင့်မြင့် တာဝန်များကိုထမ်းဆောင် လျက်ရှိသည်ကိုတွေ့ရှိရကြောင်း၊ မိမိတို့တပ်မတော်တွင်လည်း “နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်ရာ၌ အမျိုးသမီးစစ်မှုထမ်းများ ပါဝင်ဆောင်ရွက်နိုင် စေရန် အတွက် အမျိုးသမီးစစ်မှုထမ်း(အရာရှိ)များအား လေ့ကျင့်သင်ကြားမွေးထုတ်ပေးရန်” ဆိုသည့်ရည်ရွယ်ချက်ဖြင့် အမျိုးသမီးဗိုလ်လောင်းသင်တန်းအပါအဝင် အခြားစစ်ဘက် အမျိုးသမီး သင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိကြောင်း၊ မြန်မာ့တပ်မတော်သမိုင်းကြောင်းတွင် အမျိုးသမီး တပ်ဖွဲ့ဝင်များ၏ စွမ်းဆောင်ရည်တချို့ကို ပြန်လည်လေ့လာကြည့်ပါက လွတ်လပ်ရေးကြိုးပမ်းမှု ကာလများ၌ အင်္ဂလိပ်- မြန်မာ ပထမစစ်ပွဲ ဝက်ထီးကန်တိုက်ပွဲ အတွင်း အမျိုးသမီးများပါဝင်သည့် မြန်မာ့မျိုးချစ်တပ်ဖွဲ့များက အင်္ဂလိပ်တပ်များကို ရဲဝံ့စွာတိုက်ခိုက်နိုင်ခဲ့ခြင်းကို မှတ်တမ်းတင်ခဲ့သည်ကို လေ့လာတွေ့ရှိရကြောင်း၊ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင် အမျိုးသမီးစစ်မှုထမ်းများကို လက်ရုံးတပ်ဖွဲ့များနှင့် ကယ်ဆယ်ရေးတပ်ဖွဲ့များတွင် အရာရှိနှင့်အခြားအဆင့်များကို တာဝန် ပေးခဲ့သည်ကို တွေ့ရှိရကြောင်း၊ မိမိတို့တပ်မတော်တွင် အမျိုးသမီးစစ်မှုထမ်းများ၏ အခန်းကဏ္ဍကိုပါ မြှင့်တင်ရန်အတွက် ဘွဲ့ရအမျိုးသမီးအရာရှိများကို ပြန်လည်မွေးထုတ်တာဝန်ပေးအပ် လျက်ရှိရာ ယခုအခါအမျိုးသမီးအရာရှိများထဲမှ ၆ ဦးကို တပ်မတော်(လေ)အတွက် ပထမဆုံးအမျိုးသမီး လေသူရဲအရာရှိများအဖြစ် သင်ကြားလေ့ကျင့်ပေးနိုင်ခဲ့ပြီးဖြစ်သဖြင့် အမျိုးသားများနှင့်တန်းတူ ပျံသန်းရေးတာဝန်များကို စတင်ထမ်းဆောင်နေပြီဖြစ်ကြောင်း၊ အတွေ့အကြုံရလာလျှင် တိုက်လေယာဉ်နှင့် ဂျက်လေယာဉ်များအား မောင်းနှင်စေမည် ဖြစ်ကြောင်း၊ အလားတူ အာဆီယံ တပ်မတော်များသေနတ်ပစ်ပြိုင်ပွဲများတွင်လည်း နှစ်စဉ်ဆက်တိုက် ရွှေတံဆိပ်ဆုများ ရယူနိုင်ခဲ့ သည်အထိ အမျိုးသမီးစစ်မှုထမ်းများက စွမ်းဆောင်နိုင်လျက်ရှိကြောင်းပြောကြားသည်။

ထို့ပြင် တပ်မတော်၏နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်နေမှုနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့်ပတ်သက်၍-

မိမိတို့တပ်မတော်သားများအနေဖြင့် နိုင်ငံတော်နှင့်ပြည်သူလူထုအတွက် ကာကွယ်ရေးတာဝန် ထမ်းဆောင်ကြရာတွင် မိမိတို့၏တာဝန်ဝတ္တရားများကို ထူးချွန် ပြောင်မြောက်သည့် ရဲစွမ်း သတ္တိဖြင့်ဇွဲလုံ့လစိုက်ထုတ်ပြီး စွန့်လွှတ်စွန့်စားစွာဖြင့် တာဝန်ထမ်းဆောင်ကြရန်လိုအပ်ကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော်တည်ငြိမ် အေးချမ်းရေး၊ နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှု ယန္တရားနှင့်ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်များကိုထိပါးနှောင့်ယှက်သူ လက်နက်ကိုင် အဖွဲ့များ၏ ဘေးရန်ကိုသာကာကွယ်ခြင်းပင်ဖြစ်ကြောင်း၊ မိမိတာဝန်ထမ်းဆောင်နေသည့် နေရာဒေသများတွင်ရှိသည့် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသဖွံ့ဖြိုး တိုးတက်အောင် တတ်နိုင်သမျှကူညီ ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊ မိမိတို့နယ်မြေအလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များဆောင်ရွက်ပေးခြင်း၊ သဘာဝဘေးအန္တရာယ်များနှင့် ရင်ဆိုင်ရပါကလည်း အမိန့် စောင့်ရန်မလိုဘဲ အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်ပေးခြင်း၊ ပညာရေးအကူအညီ ပေးခြင်း၊ ကျန်းမာရေးအတွက် ဆေးဝါးကုသပေးခြင်းစသည့် ပြည်သူ့အကျိုးပြုလုပ်ငန်း မှန်သမျှကို တပ်ပြင်စည်းရုံးရေးအနေဖြင့် ကူညီဆောင်ရွက်ကြရန်မှာကြားသည်။

တပ်တွင်းစည်းလုံးညီညွတ်ရေးကို ကျစ်လျစ်ခိုင်မာစွာ တည်ဆောက်နိုင်မှုနှင့် ပတ်သက်၍-

တပ်မတော်အပေါ်အမျိုးမျိုးသော သွေးထိုးလှုံ့ဆော်မှုများနှင့်ထိုးနှက် တိုက်ခိုက်မှုများကို ဆင်ခြင် သုံးသပ်ပြီး တပ်တွင်းစည်းလုံးညီညွတ်ရေးကို ကျစ်လျစ်ခိုင်မာစွာ တည်ဆောက်ထားရမည် ဖြစ်ကြောင်း၊ တပ်ရင်းဌာနချုပ်များကို သောင်းကျန်းသူများက လာရောက်တိုက်ခိုက်သည့် ဖြစ်စဉ်များတွင်လည်း တပ်ရင်းမှ စစ်သည်၊ ရဲမေ၊ မိသားစုဝင်များ က ပြန်လည်ခုခံတိုက်ခိုက် ချေမှုန်းနိုင်ခဲ့ခြင်းသည် တပ်တွင်းစည်းလုံးညီညွတ်ရေး၏ ရလဒ်တစ်ခုပင်ဖြစ်ကြောင်း၊ မိမိတို့ တပ်မတော်သည် နိုင်ငံတော်နှင့်တပ်မတော်အတွက် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်နှင့် ရဲစွမ်းသတ္တိ အပြည့်ရှိသည့် စစ်သည်များသာမက အဓိက အရန်အင်အားဖြစ်သည့် ရဲမေများနှင့်ပါ စည်းလုံး ညီညွတ်စွာ စုစည်းတည်ဆောက်ထားခြင်း ဖြစ်သည်ကို ဂုဏ်ယူစွာပြောကြားလိုကြောင်း ပြောကြားသည်။

တပ်မတော်အနေဖြင့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းပြီး ထာဝရ ငြိမ်းချမ်းရေး ရရှိအောင်ဆောင်ရွက်နေမှုနှင့်ပတ်သက်၍-

အယူဝါဒမတူညီမှုများနှင့် တိုင်းရင်းသားအရေးများကြောင့် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးချိန်မှစ၍ ယနေ့ထက်တိုင် မိမိတို့နိုင်ငံ၌ တိုင်းရင်းသား လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းရန် ကြိုးပမ်း နေဆဲဖြစ်ကြောင်း၊ အယူဝါဒရေးရာအရ ကွဲပြားမှုနှင့် တိုင်းရင်းသားရေးရာအရ အမြင်လွဲမှုများကို ဥပဒေဘောင်အတွင်းကသာ ဖြေရှင်းဆောင်ရွက်ရမည်ဖြစ်ဖြစ်သည့်အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ကို ငြိမ်းချမ်းရေးကမ်းလှမ်းခဲ့ကြောင်း၊ မိမိတို့မြန်မာနိုင်ငံအတွင်းတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးရှိဒေသများ၌ တိုင်းရင်းသားလူမျိုးစုတစ်ခုတည်းသာ နေထိုင်ကြသည် မဟုတ်ဘဲ အားလုံးပေါင်းစည်းနေထိုင်ကြခြင်းဖြစ်ကြောင်း၊ တိုင်းရင်းသားလူမျိုးစု တစ်ခုတည်းကိုသာ အခွင့်အရေးပေးထားသည့် နေရာများမရှိသည့် မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားအားလုံးကို အခြေခံဥပဒေတွင် တန်းတူအခွင့်အရေးပေးထားပြီး ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် အတတ်နိုင်ဆုံး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုအခါတွင် ၂၀၁၉ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့အထိ တပ်မတော်မှ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများအားလုံး ရပ်ဆိုင်းပေးထားပြီး ဖြစ်သဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအနေဖြင့် ဒီမိုကရေစီကိုလိုလားလက်ခံသည်၊ တိုင်းပြည်စည်းလုံး ညီညွတ်စွာဖြင့် ဖွံ့ဖြိုးတိုးတက်သည်ကို လိုလားသည်ဆိုလျှင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်ကြရန်လိုအပ်မည်ဖြစ်ပြီး တပ်မတော်အနေဖြင့်လည်း လိုအပ်သည်များ ကူညီဖြေရှင်းညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားနေပြီး တည်ငြိမ်အေးချမ်းမှုမရှိသည့်အတွက် ဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်သက်ပြီး အပြည့်အ၀ ဆောင်ရွက်နိုင်ခြင်းမရှိသေးဘဲ အာဆီယံအသိုက်အဝန်းမှာပင် နောက်ကျကျန်လျက်ရှိနေသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့်အခြားနိုင်ငံများကို အမီလိုက်နိုင်ရန်အတွက် သူများ ခြေတစ်လှမ်းလှမ်းလျှင် ကိုယ်ကခြေလှမ်းများစွာ လှမ်းနိုင်မှ တော်ကာကြမှာဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ဒေသ၊ လူမျိုး၊ ဘာသာ ခွဲခြားမှုမရှိဘဲ “မြန်မာစိတ်” မွေးပြီး မိမိနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ကြိုးစားလုပ်ကိုင်သွားရန် လိုအပ်ကြောင်း၊ ထို့ကြောင့်နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးနှင့်ငြိမ်းချမ်းရေးကို ကြိုးပမ်းဖော်ဆောင် နေသည့် ယနေ့အချိန်အခါတွင် မိမိတို့အနေဖြင့် တစ်တပ်တစ်အားပါဝင်ကြိုးပမ်းသွားကြ ရမည်ဖြစ်ကြောင်း၊ မိမိတို့၏အပြုအမူ၊ အပြောအဆိုကြောင့် နိုင်ငံတော်၏ရည်မှန်းချက်နှင့် တပ်မတော်၏ဂုဏ်သိက္ခာကို ညှိုးနွမ်း ပျက်ပြားမှုမရှိစေရေး အထူးမှာကြားလိုကြောင်းပြောကြားသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်သည် ဗိုလ်လောင်းတပ်ခွဲ၏ အလေးပြုခြင်းကိုခံယူပြီးနောက် စစ်ရေးပြ အခမ်းအနားမှ ပြန်လည်ထွက်ခွာသည်။ စစ်ရေးပြအခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်သည် တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း (မှော်ဘီ)ရိပ်သာဧည့်ခန်းမ၌ အကောင်းဆုံး ဗိုလ်လောင်းဆုရ ဗိုလ်လောင်း ခင်မိုးမြင့်၊ သေနတ်ပစ်အကောင်းဆုံးဆုရ ဗိုလ်လောင်း နော်အေးမြတ်သွယ် နှင့်၎င်းတို့၏မိဘများအားတွေ့ဆုံ၍ ဂုဏ်ပြုအမှာစကားပြောကြားခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။