ကျိုင်းတုံမြို့၊ ပန်ကွဲကျေးရွာအနီးရှိ ဗုဒ္ဓဥယျာဉ်တော်ပရိဝုဏ်အတွင်း တည်ထားကိုးကွယ်မည့် သတ္တသတ္တာဟ မဟာဗောဓိစေတီတော်မြတ်ကြီး တည်ဆောက်ပူဇော် ခြင်းအတွက် ဒုတိယအကြိမ်မြောက်အလှူငွေများပေးအပ်လှူဒါန်းပွဲကျင်းပ

ေနျပည္ေတာ္၊ ဒီဇင္ဘာ ၂၈

ရွမ္းျပည္နယ္(အေရွ႕ပုိင္း) က်ိဳင္းတုံၿမိဳ႕၏ ၁၅ မုိင္ခန္႔အကြာ ပန္ကြဲေက်းရြာအနီးရွိ ဗုဒၶဥယ်ာဥ္ေတာ္ပရိ၀ုဏ္ အတြင္း တည္ထားကုိးကြယ္မည့္ သတၱသတၱာဟ မဟာေဗာဓိ ေစတီေတာ္ျမတ္ႀကီး တည္ေဆာက္ရန္အတြက္ အလွဴေငြမ်ားေပးအပ္ပြဲကုိ ယေန႔နံနက္ ပုိင္းတြင္ ေစတီေတာ္ျမတ္ႀကီး တည္ထားကုိးကြယ္မည့္ေနရာအနီးရွိ ဓမၼာ႐ုံ၌ က်င္းပျပဳလုပ္ရာ က်ိဳင္းတုံၿမိဳ႕၊ သာသနာ့ေ၀ပုလႅေက်ာင္းတုိက္ဆရာေတာ္ အဂၢမဟာဂႏၲ၀ါစကပ႑ိတ ဘဒၵႏၲ၀ိဇယႏွင့္သီလဓမၼကုန္းသာ ေတာရ ေက်ာင္းတုိက္(၀စီပိတ္) ဆရာေတာ္ ဘဒၵႏၲ ၀ိမလ အမွဴးျပဳေသာသံဃာေတာ္ အရွင္သူျမတ္မ်ားၾကြေရာက္ခ်ီးျမႇင့္ေတာ္မူၾကသည္။

အခမ္းအနားသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ ႏွင့္ဇနီး ေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး (ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ႀတိဂံေဒသတုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး ဗုိလ္ခ်ဳပ္ ခင္လႈိင္ႏွင့္ အလွဴရွင္မ်ား တက္ေရာက္ၾကသည္။

ဦးစြာတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္မ်ားသည္ သာသနာ့ ေ၀ပုလႅ ေက်ာင္းတုိက္ဆရာေတာ္ထံမွ ငါးပါးသီလခံ ယူေဆာက္တည္ၾကၿပီး သံဃာေတာ္အရွင္သူျမတ္မ်ား ရြတ္ပြားခ်ီးျမႇင့္ေတာ္မူၾကသည့္ ေမတၱသုတ္ပရိတ္ တရားေတာ္မ်ား နာယူၾကသည္။ ယင္းေနာက္ သီလဓမၼကုန္းသာေတာရေက်ာင္းတုိက္(၀စီပိတ္)ဆရာေတာ္မွ သတၱသတၱာဟ မဟာေဗာဓိ ေစတီ ေတာ္ျမတ္ႀကီးတည္ထားကုိးကြယ္မႈႏွင့္ပတ္သက္၍ ၾသ၀ါဒစကား ျမြက္ၾကားရာတြင္ အိႏၵိယႏုိင္ငံ ဗုဒၶဂါယာသုိ႔သြားေရာက္ မဖူးေျမာ္ႏုိင္သည့္ ဘုရားဖူး ျပည္သူမ်ားႏွင့္ ေတာင္ေပၚေဒသမွ တုိင္းရင္းသားျပည္သူမ်ားဖူးေျမာ္ႏုိင္ရန္ႏွင့္ ေဒသတည္ၿငိမ္ ေအးခ်မ္းေရးႏွင့္ ဖြံ႕ၿဖိဳးတုိးတက္ေရးအတြက္ ရည္ရြယ္တည္ေဆာက္ခဲ့ျခင္း ျဖစ္ေၾကာင္း၊ ထုိသုိ႔တည္ေဆာက္ႏုိင္ရန္အတြက္ အလွဴေငြမ်ားေပအပ္လွဴဒါန္းသည့္ အလွဴရွင္မ်ားအား ေက်းဇူးတင္ပါေၾကာင္းျမြက္ၾကားသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က သတၱသတၱာဟ မဟာေဗာဓိ ေစတီေတာ္ျမတ္ႀကီး တည္ထားကုိးကြယ္ ေရးအလွဴေငြမ်ားေပးအပ္လွဴဒါန္းျခင္းႏွင့္ ပတ္သက္၍ေျပာၾကားရာတြင္ ဗုဒၶဥယ်ာဥ္ေတာ္အတြင္း အဘယရာဇမုနိဗုဒၶ႐ုပ္ပြားေတာ္ ျမတ္ႀကီးအား ရွမ္းျပည္နယ္အေရွ႕ပုိင္းေဒသေအးခ်မ္းသာယာမႈရွိေစရန္၊ ေထရ၀ါဒဗုဒၶဘာသာ တည္တံ့ခုိင္ၿမဲေစရန္ႏွင့္ ျပည္တြင္း ျပည္ပဘုရားဖူးမ်ား လာေရာက္ျခင္းျဖင့္ ေဒသဖြံ႕ၿဖိဳးတုိးတက္မႈကုိ အေထာက္အကူျဖစ္ေစရန္အတြက္ တည္ထား ကုိး ကြယ္ခဲ့ျခင္းျဖစ္ေၾကာင္း၊ ထုိ႔အတူအိႏၵိယႏုိင္ငံဗုဒၶဂါယာရွိ ဗုဒၶျမတ္စြာဘုရား၏ ဖြား၊ ပြင့္၊ ေဟာ၊ စံ ပုံစံတူ သတၱသတၱာဟ မဟာ ေဗာဓိေစတီေတာ္ ျမတ္ႀကီးအား ထပ္မံတည္ထားကုိးကြယ္ရန္အတြက္ ေဆာင္ရြက္ခဲ့ျခင္း ျဖစ္ေၾကာင္း၊ ယခုကဲ့သုိ႔ တည္ထားကုိးကြယ္ျခင္းျဖင့္ ေဒသခံတုိင္းရင္းသားမ်ားႏွင့္ က်ိဳင္းတုံေဒသ ႏွင့္ထိစပ္ေနသည့္ အိမ္နီးနားခ်င္းႏုိင္ငံမ်ားမွ ဗုဒၶဘာသာ၀င္မ်ားလည္း လာေရာက္ ဖူးေျမာ္ႏုိင္ၾကမည္ျဖစ္ေၾကာင္း၊ ယခုကဲ့သုိ႔ေစတီေတာ္ျမတ္ႀကီးတည္ထားကုိး ကြယ္ႏုိင္ရန္ အတြက္ ၀ုိင္း၀န္းလွဴဒါန္းၾကသည့္အလွဴရွင္မ်ားကုိလည္းေက်းဇူးတင္ရွိပါေၾကာင္း ေျပာၾကားသည္။

ထုိ႔ေနာက္ အလွဴရွင္မ်ားကအလွဴေငြမ်ားအသီးသီးေပးအပ္လွဴဒါန္းရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ႏွင့္ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေရ)၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ)တုိ႔က လက္ခံရယူၿပီး ဂုဏ္ျပဳမွတ္တမ္းလႊာ မ်ား ျပန္လည္ေပးအပ္သည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အခမ္းအနားတက္ေရာက္လာ ၾကသူမ်ားသည္ သာသနာ့ ေ၀ပုလႅ ေက်ာင္းတုိက္ဆရာေတာ္ထံမွအႏုေမာဒနာတရားနာယူ၍ လွဴဒါန္းမႈအစုစုအတြက္ေရစက္သြန္းခ်အမွ်ေပးေ၀ၾကသည္။ ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ သတၱသတၱာဟ မဟာေဗာဓိေစတီေတာ္ျမတ္ႀကီး တည္ေဆာက္ ေနမႈအေျခအေနမ်ားႏွင့္ သံေ၀ဇနိယေလးဌာန တည္ေဆာက္ေနမႈ အေျခအေနမ်ားအားလွည့္လည္ၾကည့္႐ႈၾကၿပီး သံဃာေတာ္ အရွင္သူျမတ္မ်ားအား ေန႔ဆြမ္းဆက္ကပ္လွဴဒါန္းၾကသည္။

ယေန႔နံနက္ပုိင္းတြင္လည္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးတုိ႔သည္ အဘယရာဇမုနိ ႐ုပ္ပြားေတာ္ျမတ္ႀကီးအား ဖူးေျမာ္ၾကည္ညိဳၿပီး ပန္း၊ ေရခ်မ္း၊ ဆီမီးမ်ားကပ္လွဴပူေဇာ္၍ ႐ုပ္ပြားေတာ္ျမတ္ႀကီးေအာက္ေျခေတာ္ပလႅင္အတြင္းရွိ စက်င္ ေက်ာက္မ်ားျဖင့္ထုဆစ္ ပူေဇာ္ထားသည့္ ဗုဒၶ၀င္ေက်ာက္ထြင္းပန္းခ်ီကားခ်ပ္မ်ားကုိ ၾကည့္႐ႈၾကသည္။

ယေန႔က်င္းပျပဳလုပ္သည့္က်ိဳင္းတုံၿမိဳ႕၊ ပန္ကြဲေက်းရြာအနီးရွိ ဗုဒၶဥယ်ာဥ္ေတာ္ ပရိ၀ုဏ္အတြင္း တည္ထားကုိးကြယ္မည့္ သတၱသတၱာဟ မဟာေဗာဓိေစတီေတာ္ ျမတ္ႀကီး တည္ေဆာက္ပူေဇာ္ျခင္းအတြက္ ဒုတိယအႀကိမ္ေျမာက္အလွဴေငြမ်ားေပးအပ္ လွဴဒါန္းပြဲအခမ္းအနားတြင္ အလွဴရွင္မ်ား၏စုေပါင္းလွဴဒါန္းေငြမွာေငြက်ပ္သိန္း ၄၃၀၀ ျဖစ္ၿပီး ပထမအႀကိမ္တြင္ လွဴဒါန္း ထားသည့္အလွဴေငြမွာ ေငြက်ပ္ ၃၃၅၀ သိန္းေက်ာ္ျဖစ္သျဖင့္ တပ္မေတာ္(ၾကည္း၊ေရ၊ေလ) မိသားစုမ်ားႏွင့္ အလွဴရွင္မ်ား၏လွဴဒါန္းေငြ စုစုေပါင္းမွာ ၇၆၅၀ သိန္းေက်ာ္ျဖစ္သည္။ သတၱသတၱာဟ မဟာေဗာဓိေစတီေတာ္ျမတ္ႀကီး အား အိႏၵိယႏုိင္ငံဗုဒၶဂါယာရွိ မဟာေဗာဓိေစတီေတာ္ျမတ္ႀကီး၏ ပုံစံအတုိင္းတည္ထား ကုိးကြယ္မည္ျဖစ္ၿပီး ဥာဏ္ေတာ္အျမင့္မွာ ၁၀၈ ေပရွိမည္ျဖစ္သည္။ ထုိ႔အတူ မဟာေဗာဓိ ေစတီေတာ္ႀကီးႏွင့္အတူ ဖြား၊ ပြင့္၊ ေဟာ၊ စံ သံေ၀ဇနိယေလးဌာနကုိလည္းတည္ ေဆာက္သြားမည္ျဖစ္သည္။

(Unicode Version)

ကျိုင်းတုံမြို့၊ ပန်ကွဲကျေးရွာအနီးရှိ ဗုဒ္ဓဥယျာဉ်တော်ပရိ၀ုဏ်အတွင်း တည်ထားကိုးကွယ်မည့် သတ္တသတ္တာဟ မဟာဗောဓိစေတီတော်မြတ်ကြီး တည်ဆောက်ပူဇော်ခြင်းအတွက် ဒုတိယအကြိမ်မြောက်အလှူငွေများပေးအပ်လှူဒါန်းပွဲကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာ ၂၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၏ ၁၅ မိုင်ခန့်အကွာ ပန်ကွဲကျေးရွာအနီးရှိ ဗုဒ္ဓဥယျာဉ်တော်ပရိ၀ုဏ် အတွင်း တည်ထားကိုးကွယ်မည့် သတ္တသတ္တာဟ မဟာဗောဓိ စေတီတော်မြတ်ကြီး တည်ဆောက်ရန်အတွက် အလှူငွေများပေးအပ်ပွဲကို ယနေ့နံနက် ပိုင်းတွင် စေတီတော်မြတ်ကြီး တည်ထားကိုးကွယ်မည့်နေရာအနီးရှိ ဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ ကျိုင်းတုံမြို့၊ သာသနာ့ဝေပုလ္လကျောင်းတိုက်ဆရာတော် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တဝိဇယနှင့်သီလဓမ္မကုန်းသာ တောရ ကျောင်း တိုက်(၀စီပိတ်) ဆရာတော် ဘဒ္ဒန္တ ၀ိမလ အမှူးပြုသောသံဃာတော် အရှင် သူမြတ်များကြွရောက်ချီးမြှင့်တော်မူကြ သည်။

အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ခင်လှိုင်နှင့် အလှူရှင်များ တက်ရောက်ကြသည်။

ဦးစွာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် သာသနာ့ ဝေပုလ္လ ကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလခံ ယူဆောက်တည်ကြပြီး သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားချီးမြှင့်တော်မူကြသည့် မေတ္တသုတ်ပရိတ် တရားတော်များ နာယူကြသည်။ ယင်းနောက် သီလဓမ္မကုန်းသာတောရကျောင်းတိုက်(၀စီပိတ်)ဆရာတော်မှ သတ္တသတ္တာဟ မဟာဗောဓိ စေတီ တော်မြတ်ကြီးတည်ထားကိုးကွယ်မှုနှင့်ပတ်သက်၍ သြဝါဒစကား မြွက်ကြားရာတွင် အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာသို့သွားရောက် မဖူးမြော်နိုင်သည့် ဘုရားဖူး ပြည်သူများနှင့် တောင်ပေါ်ဒေသမှ တိုင်းရင်းသားပြည်သူများဖူးမြော်နိုင်ရန်နှင့် ဒေသတည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုသို့တည်ဆောက်နိုင်ရန်အတွက် အလှူငွေများပေအပ်လှူဒါန်းသည့် အလှူရှင်များအား ကျေးဇူးတင်ပါကြောင်းမြွက်ကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သတ္တသတ္တာဟ မဟာဗောဓိ စေတီတော်မြတ်ကြီး တည်ထားကိုးကွယ် ရေးအလှူငွေများပေးအပ်လှူဒါန်းခြင်းနှင့် ပတ်သက်၍ပြောကြားရာတွင် ဗုဒ္ဓဥယျာဉ်တော်အတွင်း အဘယရာဇမုနိဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအေးချမ်းသာယာမှုရှိစေရန်၊ ထေရဝါဒဗုဒ္ဓဘာသာ တည်တံ့ခိုင်မြဲစေရန်နှင့် ပြည်တွင်း ပြည်ပဘုရားဖူးများ လာရောက်ခြင်းဖြင့် ဒေသဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန်အတွက် တည်ထား ကိုး ကွယ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့အတူအိန္ဒိယနိုင်ငံဗုဒ္ဓဂါယာရှိ ဗုဒ္ဓမြတ်စွာဘုရား၏ ဖွား၊ ပွင့်၊ ဟော၊ စံ ပုံစံတူ သတ္တသတ္တာဟ မဟာ ဗောဓိစေတီတော် မြတ်ကြီးအား ထပ်မံတည်ထားကိုးကွယ်ရန်အတွက် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယခုကဲ့သို့ တည်ထားကိုးကွယ်ခြင်းဖြင့် ဒေသခံတိုင်းရင်းသားများနှင့် ကျိုင်းတုံဒေသ နှင့်ထိစပ်နေသည့် အိမ်နီးနားချင်းနိုင်ငံများမှ ဗုဒ္ဓဘာသာဝင်များလည်း လာရောက် ဖူးမြော်နိုင်ကြမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့စေတီတော်မြတ်ကြီးတည်ထားကိုး ကွယ်နိုင်ရန် အတွက် ၀ုိင်းဝန်းလှူဒါန်းကြသည့်အလှူရှင်များကိုလည်းကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

ထို့နောက် အလှူရှင်များကအလှူငွေများအသီးသီးပေးအပ်လှူဒါန်းရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကာကွယ်ရေး ဦးစီးချုပ်(ရေ)၊ ကာကွယ်ရေးဦးစီးချုပ်(လေ)တို့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ များ ပြန်လည်ပေးအပ်သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အခမ်းအနားတက်ရောက်လာ ကြသူများသည် သာသနာ့ ဝေပုလ္လ ကျောင်းတိုက်ဆရာတော်ထံမှအနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုအတွက်ရေစက်သွန်းချအမျှပေးဝေကြသည်။ ယင်း နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် သတ္တသတ္တာဟ မဟာဗောဓိစေတီတော်မြတ်ကြီး တည်ဆောက် နေမှုအခြေအနေများနှင့် သံဝေဇနိယလေးဌာန တည်ဆောက်နေမှု အခြေအနေများအားလှည့်လည်ကြည့်ရှုကြပြီး သံဃာတော် အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။

ယနေ့နံနက်ပိုင်းတွင်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့သည် အဘယရာဇမုနိ ရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုပြီး ပန်း၊ ရေချမ်း၊ ဆီမီးများကပ်လှူပူဇော်၍ ရုပ်ပွားတော်မြတ်ကြီးအောက်ခြေတော်ပလ္လင်အတွင်းရှိ စကျင် ကျောက်များဖြင့်ထုဆစ် ပူဇော်ထားသည့် ဗုဒ္ဓဝင်ကျောက်ထွင်းပန်းချီကားချပ်များကို ကြည့်ရှုကြသည်။

ယနေ့ကျင်းပပြုလုပ်သည့်ကျိုင်းတုံမြို့၊ ပန်ကွဲကျေးရွာအနီးရှိ ဗုဒ္ဓဥယျာဉ်တော် ပရိ၀ုဏ်အတွင်း တည်ထားကိုးကွယ်မည့် သတ္တသတ္တာဟ မဟာဗောဓိစေတီတော် မြတ်ကြီး တည်ဆောက်ပူဇော်ခြင်းအတွက် ဒုတိယအကြိမ်မြောက်အလှူငွေများပေးအပ် လှူဒါန်းပွဲအခမ်းအနားတွင် အလှူရှင်များ၏စုပေါင်းလှူဒါန်းငွေမှာငွေကျပ်သိန်း ၄၃၀၀ ဖြစ်ပြီး ပထမအကြိမ်တွင် လှူဒါန်း ထားသည့်အလှူငွေမှာ ငွေကျပ် ၃၃၅၀ သိန်းကျော်ဖြစ်သဖြင့် တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများနှင့် အလှူရှင်များ၏လှူဒါန်းငွေ စုစုပေါင်းမှာ ရ၆၅၀ သိန်းကျော်ဖြစ်သည်။ သတ္တသတ္တာဟ မဟာဗောဓိစေတီတော်မြတ်ကြီး အား အိန္ဒိယနိုင်ငံဗုဒ္ဓဂါယာရှိ မဟာဗောဓိစေတီတော်မြတ်ကြီး၏ ပုံစံအတိုင်းတည်ထား ကိုးကွယ်မည်ဖြစ်ပြီး ဉာဏ်တော်အမြင့်မှာ ၁၀၈ ပေရှိမည်ဖြစ်သည်။ ထို့အတူ မဟာဗောဓိ စေတီတော်ကြီးနှင့်အတူ ဖွား၊ ပွင့်၊ ဟော၊ စံ သံဝေဇနိယလေးဌာနကိုလည်းတည် ဆောက်သွားမည်ဖြစ်သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။