တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးထွက်ခွာ

ေနျပည္ေတာ္၊ ဇန္န၀ါရီ – ၁၉

လာအုိအမ်ိဳးသားကာကြယ္ေရး၀န္ႀကီး General Chansamone CHANYALATH ၏ဖိတ္ၾကားခ်က္အရ လာအုိျပည္သူ႕တပ္မေတာ္ တည္ေထာင္မႈ ႏွစ္(၇၀)ျပည့္ စစ္ေရးျပအခမ္းအနားသုိ႔ တက္ေရာက္ရန္အတြက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ ဦးေဆာင္သည့္ ျမန္မာ့တပ္မေတာ္ ခ်စ္ၾကည္ေရး ကုိယ္စားလွယ္အဖြဲ႕သည္ ယေန႔နံနက္ပုိင္းတြင္ ေနျပည္ေတာ္ေလဆိပ္မွ လာအုိျပည္သူ႕ ဒီမုိကရက္တစ္သမၼတႏုိင္ငံသုိ႔ ထြက္ခြာၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဦးေဆာင္သည့္ ခ်စ္ၾကည္ေရးကုိယ္စားလွယ္အဖြဲ႕ အား ဒုတိယတပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း)ဒုတိယ ဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္း၊ ၫႇိႏႈိင္းကြပ္ကဲေရးမွဴး (ၾကည္း၊ေရ၊ေလ)ဗုိလ္ခ်ဳပ္ႀကီး ျမထြန္းဦး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ)ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ႏွင့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ျမန္မာႏုိင္ငံဆုိင္ရာလာအုိႏုိင္ငံသံ႐ုံး ယာယီတာ၀န္ခံ Mr. Somphay VONGMAHACHACK၊ လက္ေထာက္စစ္ သံမွဴး Lieutenant Colonel Latsamy KEOMIXAY ႏွင့္တာ၀န္ရွိသူမ်ား ကေလဆိပ္တြင္ ပုိ႔ေဆာင္ ႏႈတ္ဆက္ၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ႏွင့္အတူအဖြဲ႕၀င္မ်ားအျဖစ္ ေနျပည္ေတာ္ တုိင္းစစ္ဌာနခ်ဳပ္ တုိင္းမွဴး ဗုိလ္ခ်ဳပ္ျမင့္ေမာ္၊ ႀတိဂံေဒသတုိင္း စစ္ဌာနခ်ဳပ္တုိင္းမွဴး ဗုိလ္ခ်ဳပ္ ခင္လႈိင္ႏွင့္ တာ၀န္ရွိသူမ်ား အဖြဲ႕၀င္အျဖစ္လုိက္ပါသြားၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဦးေဆာင္သည့္ ျမန္မာ့တပ္မေတာ္ ခ်စ္ၾကည္ေရး ကုိယ္စားလွယ္အဖြဲ႕သည္ လာအုိျပည္သူ႕ဒီမုိကရက္တစ္သမၼတႏုိင္ငံ၊ Wattay အျပည္ျပည္ဆုိင္ရာ ေလဆိပ္သုိ႔ေရာက္ရွိၾကရာ လာအုိအမ်ိဳးသားကာကြယ္ေရး၀န္ႀကီးဌာန၊ ဒုတိယ၀န္ႀကီး Major General Phu Vong Vong Phom၊ လာအုိႏုိင္ငံဆုိင္ရာျမန္မာသံအမတ္ႀကီး ဦးကုိကုိႏုိင္ႏွင့္ဇနီး၊ ျမန္မာစစ္သံ (ၾကည္း၊ေရ၊ေလ)ဗုိလ္မွဴးႀကီး ေက်ာ္ေက်ာ္မင္းႏွင့္ တာ၀န္ရွိသူမ်ားက ေလဆိပ္တြင္ႀကိဳဆုိႏႈတ္ဆက္ၾကသည္။

ခ်စ္ၾကည္ေရးခရီးစဥ္အတြင္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ လာအုိ ျပည္သူ႕တပ္မေတာ္ တည္ေထာင္မႈႏွစ္(၇၀)ျပည့္ စစ္ေရးျပအခမ္းအနားသုိ႔တက္ေရာက္ျခင္း ႏွင့္ လာအုိျပည္သူ႕တပ္မေတာ္မွ စစ္ဘက္အႀကီးအကဲမ်ားႏွင့္ ေတြ႕ဆုံေဆြးေႏြးျခင္းမ်ား ေဆာင္ရြက္သြားမည္ျဖစ္သည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးထွက်ခွာ

နေပြည်တော်၊ ဇန်နဝါရီ – ၁၉

လာအိုအမျိုးသားကာကွယ်ရေးဝန်ကြီး General Chansamone CHANYALATH ၏ဖိတ်ကြားချက်အရ လာအိုပြည်သူ့တပ်မတော် တည်ထောင်မှု နှစ်(၇၀)ပြည့် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ရန်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ ထွက်ခွာကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဦးဆောင်သည့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ အား ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ)ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ် ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာလာအိုနိုင်ငံသံရုံး ယာယီတာဝန်ခံ Mr. Somphay VONGMAHACHACK၊ လက်ထောက်စစ် သံမှူး Lieutenant Colonel Latsamy KEOMIXAY နှင့်တာဝန်ရှိသူများ ကလေဆိပ်တွင် ပို့ဆောင် နှုတ်ဆက်ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အတူအဖွဲ့ဝင်များအဖြစ် နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ခင်လှိုင်နှင့် တာဝန်ရှိသူများ အဖွဲ့ဝင်အဖြစ်လိုက်ပါသွားကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ Wattay အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိကြရာ လာအိုအမျိုးသားကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Major General Phu Vong Vong Phom၊ လာအိုနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကိုကိုနိုင်နှင့်ဇနီး၊ မြန်မာစစ်သံ (ကြည်း၊ရေ၊လေ)ဗိုလ်မှူးကြီး ကျော်ကျော်မင်းနှင့် တာဝန်ရှိသူများက လေဆိပ်တွင်ကြိုဆိုနှုတ်ဆက်ကြသည်။

ချစ်ကြည်ရေးခရီးစဉ်အတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် လာအို ပြည်သူ့တပ်မတော် တည်ထောင်မှုနှစ်(၇၀)ပြည့် စစ်ရေးပြအခမ်းအနားသို့တက်ရောက်ခြင်း နှင့် လာအိုပြည်သူ့တပ်မတော်မှ စစ်ဘက်အကြီးအကဲများနှင့် တွေ့ဆုံဆွေးနွေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။