မိမိတို့ဒေသကိုချစ်သည့်စိတ်၊နိုင်ငံကောင်းရာကောင်းကျိုးကိုလိုလားသည့်စိတ်များဖြင့်ဒေသနှင့်နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးကို ဝိုင်းဝန်းဆောင်ရွက်ကြစေလို နေပြည်တော် ဒီဇင်ဘာ ၂၀ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည်မင်းဘူးမြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ အသေးစား၊ အငယ်စားနှင့်အလတ်စား(MSME)စီးပွားရေးလုပ်ငန်းရှင်များနှင့်ယနေ့နံနက်ပိုင်းတွင်မင်းဘူးမြို့ သာသနာ့ဗိမာန်တော်ရှိ မင်းပူးဦးဩဘာသခန်းမ၌တွေ့ဆုံ၍ဒေသဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပြောကြားသည်။ အဆိုပါတွေ့ဆုံပွဲသို့နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အတွင်းရေးမှူးတွဲဖက်အမှုဆောင်ချုပ်ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ပြည်ထောင်စုဝန်ကြီးများ၊မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင့်လွင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ဌာနဆိုင်ရာတာဝန်ရှိသူများ၊မြို့မိမြို့ဖများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား(MSME) စီးပွားရေးလုပ်ငန်းရှင်များတက်ရောက်ကြသည်။ ဒေသဆိုင်ရာအချက်အလက်များနှင့်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်လိုအပ်ချက်များအား အသီးသီးတင်ပြ ဦးစွာခရိုင်အုပ်ချုပ်ရေးမှူးကမင်းဘူးခရိုင်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်မှာကြားချက်များအပေါ်လိုက်နာဆောင်ရွက်ပြီးစီးမှု၊စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊အဓိကသီးနှံများအား ပန်းတိုင်အထွက်နှုန်းတိုးတက်ရေးဆောင်ရွက်လျက်ရှိမှု၊ခရိုင်အတွင်းဆန်နှင့်ဆီဖူလုံမှု၊ဆီထွက်သီးနှံများအား