တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြစ်ကြီးနားမြို့ရှိ ခရစ်ယာန်ဘာသာ ရေးဆိုင် ရာအဖွဲ့ခေါင်းဆောင်များနှင့်တွေ့ဆုံပြီးဒေသတည်ငြိမ်အေး ချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများအားဆွေးနွေး

ေနျပည္ေတာ္၊ ေဖေဖာ္၀ါရီ ၅

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္သည္ ယေန႔ နံနက္ပုိင္းတြင္ ျမစ္ႀကီးနားၿမိဳ႕ရွိ ခရစ္ယာန္ဘာသာေရးဆုိင္ရာအဖြဲ႕ေခါင္းေဆာင္မ်ားႏွင့္ ေတြ႕ဆုံၿပီး ေဒသတည္ၿငိမ္ေအးခ်မ္းေရးႏွင့္ ဖြံ႕ၿဖိဳး တုိးတက္ေရးဆုိင္ရာမ်ားအားေဆြးေႏြးသည္။

အဆုိပါေတြ႕ဆုံပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ)ဗုိလ္ခ်ဳပ္ႀကီးေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ ေျမာက္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး ဗုိလ္ခ်ဳပ္ ေတဇေက်ာ္တုိ႕တက္ေရာက္ ၾကၿပီးျမစ္ႀကီးနားၿမိဳ႕၊ ကခ်င္ႏွစ္ျခင္းခရစ္ယာန္အဖြဲ႕ခ်ဳပ္အတြင္းေရးမွဴး သိကၡာေတာ္ရ ဆရာေတာ္ တူးမုိင္ႏွင့္ အဖြဲ႕၀င္မ်ား၊ ႐ိုမန္ကက္သလစ္အသင္းမွ ဘုန္းေတာ္ႀကီး ဖရန္႔စစ္ေဒါ့တန္ႏွင့္ ဘုန္းေတာ္ႀကီးမ်ား တက္ေရာက္ ၾကသည္။

ထုိသုိ႔ေတြ႕ဆုံရာတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အခက္အခဲအၾကပ္အတည္းမ်ားၾကားမွ ကခ်င္ ျပည္နယ္အေနျဖင့္ ယခင္ကထက္တုိးတက္ဖြံ႕ၿဖိဳးလာမႈကုိ ၀မ္းသာဖြယ္ေတြ႕ျမင္ရပါေၾကာင္း၊ မိမိတုိ႔ တုိင္းရင္းသားမ်ားအေနျဖင့္ တစ္ေျမတည္းေန၊ တစ္ေရတည္းေသာက္၊ တစ္ေလတည္း႐ႈၾကသူမ်ားျဖစ္သျဖင့္ ခ်စ္ခ်စ္ခင္ခင္ႏွင့္ ယုံယုံၾကည္ၾကည္ေနထုိင္ၾကရန္လုိေၾကာင္း၊ လူတုိင္းသည္ေအးေအးခ်မ္းခ်မ္းႏွင့္ေနထုိင္ လုိၾကၿပီးႀကီးပြားတုိးတက္လုိစိတ္ရွိၾကေၾကာင္း၊ ထုိ႔အတူႏုိင္ငံတုိးတက္ေရးအတြက္ လည္း အားလုံးက၀ုိင္း၀န္း ႀကိဳးပမ္းေဆာင္ရြက္ရန္လုိေၾကာင္း၊ တပ္မေတာ္၏အဓိကတာ၀န္မွာ ႏုိင္ငံေတာ္ကာကြယ္ေရးျဖစ္ၿပီး အမ်ိဳးသားႏုိင္ငံေရးႏွင့္ ႏုိင္ငံ့အေရးကုိ ထမ္းေဆာင္လ်က္ရွိေၾကာင္း၊ တပ္မေတာ္သာမက ႏုိင္ငံသားတုိင္းသည္ အမ်ိဳးသားႏုိင္ငံေရးႏွင့္ ႏုိင္ငံ့အေရးကုိ အစြဲမႀကီးအစြန္းမေရာက္ဘဲတုိင္းျပည္ခ်စ္စိတ္ျဖင့္ ေဆာင္ရြက္ရန္ၾကလုိ ေၾကာင္း၊ တပ္မေတာ္သည္ႏုိင္ငံေတာ္၏အစိတ္အပုိင္းတစ္ခုျဖစ္ၿပီး တပ္မေတာ္သားမ်ားသည္လည္း သာမန္ျပည္သူမ်ားမွေမြးဖြားလာၾကသည့္ ျပည္သူမ်ား၏အစိတ္အပုိင္းတစ္ခု ျဖစ္ေၾကာင္း၊ တပ္မေတာ္သားမ်ား ႏွင့္ျပည္သူ၊ တပ္မေတာ္သားမ်ားႏွင့္ႏိုင္ငံေတာ္ တစ္သားတည္းျဖစ္ေနရန္လုိေၾကာင္း၊ ထုိ႔ေၾကာင့္မိမိတုိ႔အေနျဖင့္ ျပည္သူ႕ဆက္ဆံေရး ေကာင္းမြန္ေအာင္ ေဆာင္ရြက္လ်က္ရွိ ေၾကာင္း၊ အတိတ္ကုိလက္ၫႇဳိးထုိးေနမည့္အစား သင္ခန္းစာယူၿပီးပစၥဳပၸန္တြင္အေျဖရွာ၍မိမိတုိ႔တုိင္းျပည္၏ အနာဂါတ္ေကာင္းမြန္ေအာင္ အားလုံး၀ုိင္း၀န္း ႀကိဳးပမ္းေဆာင္ရြက္ၾကရမည္ျဖစ္ေၾကာင္း၊ယခုအခါျပည္သူမ်ားမွ ေရြးခ်ယ္သည့္ပါတီစုံဒီမုိကေရစီလမ္းေၾကာင္း ေပၚတြင္ ေလွ်ာက္လွမ္းလ်က္ရွိၿပီး ခုိင္မာမႈရွိေအာင္ေဆာင္ရြက္လ်က္ရွိေၾကာင္း၊ တပ္မေတာ္အေနျဖင့္ ႏုိင္ငံဖြံ႕ၿဖိဳးတုိးတက္ေရးအတြက္ ေဒသအလိုက္ကူညီေဆာင္ရြက္ေပးသကဲ့သုိ႔ ေဒသခံတုိင္းရင္းသားျပည္သူမ်ား ၏ က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ားကုိလည္း ေဆာင္ရြက္ေပးလ်က္ရွိေၾကာင္း၊ ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ ၂၁ ရက္ေန႔တပ္မေတာ္မွထုတ္ျပန္ေၾကညာခ်က္တြင္ေဖာ္ျပထားသည့္အတုိင္း ပစ္ခတ္တုိက္ခိုက္မႈမ်ား ရပ္စဲ ေပးထားၿပီးျဖစ္ေၾကာင္း၊ စစ္ေဘးေရွာင္ စခန္းမ်ားမွ ျပည္သူမ်ား မိမိအိမ္၊ မိမိေနရပ္သုိ႔ အျမန္ဆုံးျပန္လာႏုိင္ၿပီး မိမိအလုပ္ကုိမိမိ စိတ္ေအးခ်မ္းသာစြာ လုပ္ကုိင္ၾကေစလုိေၾကာင္း၊ စစ္ေဘးေရွာင္စခန္းမ်ားကုိအေၾကာင္း ျပဳ၍ တုိင္းရင္းသားျပည္သူမ်ားအေပၚ၀န္ထုပ္၀န္ပုိးမျဖစ္ေအာင္ ဆင္ျခင္ၾကရန္ လုိေၾကာင္း၊ အပစ္အခတ္ရပ္စဲ ေပးထားသည့္ကာလအတြင္း အျမန္ဆုံးေတြ႕ဆုံေဆြးေႏြးၾကရန္လုိေၾကာင္း၊ NRPC ႏွင့္ျဖစ္ေစ၊ တပ္မေတာ္ ေဆြးေႏြးၫႇိႏႈိင္းေရးအဖြဲ႕ႏွင့္ျဖစ္ေစ တစ္ဖြဲ႕ခ်င္းေတြ႕ဆုံႏုိင္ေၾကာင္း၊ တည္ၿငိမ္ေအးခ်မ္းမႈရွိမွသာ ေဒသဖြံ႕ၿဖိဳးေရး ကုိေဆာင္ရြက္ ႏုိင္မည္ျဖစ္ေၾကာင္း၊ ေဒသဖြံ႕ၿဖိဳးေရးေဆာင္ရြက္မႈမ်ားႏွင့္ပတ္သက္၍ ျပည္သူအတြက္၊ ႏုိင္ငံအတြက္၊ ေဒသအတြက္မထိခိုက္ေအာင္၊ တစ္ႏုိင္ငံလုံးအတြက္အက်ိဳးရွိေအာင္ ဆင္ျခင္တုံတရား၊ အသိ တရား၊ သတိတရားမ်ားျဖင့္ ေဆာင္ရြက္ၾကေစလိုေၾကာင္း ရွင္းလင္း ေျပာၾကားသည္။

ထုိ႔ေနာက္ စစ္ေဘးေရွာင္စခန္းမ်ားမွ တုိင္းရင္းသားျပည္သူမ်ား ေနရပ္ျပန္ႏုိင္ေရး အတြက္အဖြဲ႕အစည္း အားလုံးမွ ၀ုိင္း၀န္းကူညီ ေဆာင္ရြက္ေပးေစလုိသည့္ကိစၥရပ္မ်ား၊ ၿငိမ္းခ်မ္းေရးႏွင့္ပတ္သက္၍ ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ ၂၁ ရက္ေန႔ တပ္မေတာ္၏ ထုတ္ျပန္ခ်က္ကုိလည္း ၀မ္းေျမာက္စြာႀကိဳဆုိမႈႏွင့္ ၿငိမ္းခ်မ္းေရးရရွိရန္ အတြက္ အားလုံးပူးေပါင္းေဆာင္ရြက္ရန္လုိအပ္မႈအေျခအေနမ်ားႏွင့္ ကခ်င္ျပည္နယ္အတြင္းရွိ ခရစ္ယာန္ဘာသာေရးဆုိင္ရာအဖြဲ႕ေခါင္းေဆာင္မ်ားမွလည္း ပူးေပါင္းေဆာင္ရြက္ေနသည့္အေျခအေနမ်ား၊ ကခ်င္ ျပည္နယ္ဖြံ႕ၿဖိဳးတုိးတက္မႈအတြက္ တပ္မေတာ္မွ၀ုိင္း၀န္း ကူညီေဆာင္ရြက္ေပးေနမႈအေျခအေနမ်ားအား ရင္းရင္းႏွီးႏွီးအျပန္အလွန္ ေဆြးေႏြး ၾကသည္။

ယင္းေနာက္ ကခ်င္ျပည္နယ္႐ုိမန္ကက္သလစ္အသင္းေတာ္က ၎တုိ႔အေနျဖင့္ ျမစ္ဆုံစီမံကိန္းအား လက္မခံေၾကာင္း၊ကန္႔ကြက္ပါေၾကာင္းႏွင့္ လုံး၀ရပ္ဆုိင္းေပးရန္ေတာင္းဆုိပါေၾကာင္း ေျပာၾကားရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ျမစ္ဆုံစီမံကိန္းႏွင့္ပတ္သက္၍ ျပည္သူ႕ ဆႏၵကိုေက်ာ္လြန္လုပ္ေဆာင္ရန္ ခက္ခဲမည္ျဖစ္ေၾကာင္း၊ အေကာင္းဆုံးအေျဖရရွိရန္ ညႇိႏႈိင္းေဆာင္ရြက္သြားၾကရမည္ျဖစ္ေၾကာင္း ျပန္လည္ ေျပာၾကားခဲ့သည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ကခ်င္ႏွစ္ျခင္းခရစ္ယာန္ ႏွင့္ ကက္သလစ္အသင္းမွ ဘုန္းေတာ္ႀကီးမ်ားအား အမွတ္တရလက္ေဆာင္ပစၥည္းမ်ားေပးအပ္ၿပီး စုေပါင္းဓာတ္ပုံ႐ုိက္ခဲ့ၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြစ်ကြီးနားမြို့ရှိ ခရစ်ယာန်ဘာသာ ရေးဆိုင် ရာအဖွဲ့ခေါင်းဆောင်များနှင့်တွေ့ဆုံပြီးဒေသတည်ငြိမ်အေး ချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများအားဆွေးနွေး

နေပြည်တော်၊ ဖေဖော်ဝါရီ ၅

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ရှိ ခရစ်ယာန်ဘာသာရေးဆိုင်ရာအဖွဲ့ခေါင်းဆောင်များနှင့် တွေ့ဆုံပြီး ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာများအားဆွေးနွေး သည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် တေဇကျော်တို့တက်ရောက် ကြပြီးမြစ်ကြီးနားမြို့၊ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်အတွင်းရေးမှူး သိက္ခာတော်ရ ဆရာတော် တူးမိုင်နှင့် အဖွဲ့ဝင်များ၊ ရိုမန်ကက်သလစ်အသင်းမှ ဘုန်းတော်ကြီး ဖရန့်စစ်ဒေါ့တန်နှင့် ဘုန်းတော်ကြီးများ တက်ရောက် ကြသည်။

ထိုသို့တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အခက်အခဲအကြပ်အတည်းများကြားမှ ကချင် ပြည်နယ်အနေဖြင့် ယခင်ကထက်တိုးတက်ဖွံ့ဖြိုးလာမှုကို ဝမ်းသာဖွယ်တွေ့မြင်ရပါကြောင်း၊ မိမိတို့ တိုင်းရင်းသားများအနေဖြင့် တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်၊ တစ်လေတည်းရှုကြသူများဖြစ်သဖြင့် ချစ်ချစ်ခင်ခင်နှင့် ယုံယုံကြည်ကြည်နေထိုင်ကြရန်လိုကြောင်း၊ လူတိုင်းသည်အေးအေးချမ်းချမ်းနှင့်နေထိုင် လိုကြပြီးကြီးပွားတိုးတက်လိုစိတ်ရှိကြကြောင်း၊ ထို့အတူနိုင်ငံတိုးတက်ရေးအတွက် လည်း အားလုံးကဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း၊ တပ်မတော်၏အဓိကတာဝန်မှာ နိုင်ငံတော်ကာကွယ်ရေးဖြစ်ပြီး အမျိုးသားနိုင်ငံရေးနှင့် နိုင်ငံ့အရေးကို ထမ်းဆောင်လျက်ရှိကြောင်း၊ တပ်မတော်သာမက နိုင်ငံသားတိုင်းသည် အမျိုးသားနိုင်ငံရေးနှင့် နိုင်ငံ့အရေးကို အစွဲမကြီးအစွန်းမရောက်ဘဲတိုင်းပြည်ချစ်စိတ်ဖြင့် ဆောင်ရွက်ရန်ကြလို ကြောင်း၊ တပ်မတော်သည်နိုင်ငံတော်၏အစိတ်အပိုင်းတစ်ခုဖြစ်ပြီး တပ်မတော်သားများသည်လည်း သာမန်ပြည်သူများမှမွေးဖွားလာကြသည့် ပြည်သူများ၏အစိတ်အပိုင်းတစ်ခု ဖြစ်ကြောင်း၊ တပ်မတော်သားများ နှင့်ပြည်သူ၊ တပ်မတော်သားများနှင့်နိုင်ငံတော် တစ်သားတည်းဖြစ်နေရန်လိုကြောင်း၊ ထို့ကြောင့်မိမိတို့အနေဖြင့် ပြည်သူ့ဆက်ဆံရေး ကောင်းမွန်အောင် ဆောင်ရွက်လျက်ရှိ ကြောင်း၊ အတိတ်ကိုလက်ညှိုးထိုးနေမည့်အစား သင်ခန်းစာယူပြီးပစ္စုပ္ပန်တွင်အဖြေရှာ၍မိမိတို့တိုင်းပြည်၏ အနာဂါတ်ကောင်းမွန်အောင် အားလုံးဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ယခုအခါပြည်သူများမှ ရွေးချယ်သည့်ပါတီစုံဒီမိုကရေစီလမ်းကြောင်း ပေါ်တွင် လျှောက်လှမ်းလျက်ရှိပြီး ခိုင်မာမှုရှိအောင်ဆောင်ရွက်လျက်ရှိကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသအလိုက်ကူညီဆောင်ရွက်ပေးသကဲ့သို့ ဒေသခံတိုင်းရင်းသားပြည်သူများ ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့တပ်မတော်မှထုတ်ပြန်ကြေညာချက်တွင်ဖော်ပြထားသည့်အတိုင်း ပစ်ခတ်တိုက်ခိုက်မှုများ ရပ်စဲ ပေးထားပြီးဖြစ်ကြောင်း၊ စစ်ဘေးရှောင် စခန်းများမှ ပြည်သူများ မိမိအိမ်၊ မိမိနေရပ်သို့ အမြန်ဆုံးပြန်လာနိုင်ပြီး မိမိအလုပ်ကိုမိမိ စိတ်အေးချမ်းသာစွာ လုပ်ကိုင်ကြစေလိုကြောင်း၊ စစ်ဘေးရှောင်စခန်းများကိုအကြောင်း ပြု၍ တိုင်းရင်းသားပြည်သူများအပေါ်ဝန်ထုပ်ဝန်ပိုးမဖြစ်အောင် ဆင်ခြင်ကြရန် လိုကြောင်း၊ အပစ်အခတ်ရပ်စဲ ပေးထားသည့်ကာလအတွင်း အမြန်ဆုံးတွေ့ဆုံဆွေးနွေးကြရန်လိုကြောင်း၊ NRPC နှင့်ဖြစ်စေ၊ တပ်မတော် ဆွေးနွေးညှိနှိုင်းရေးအဖွဲ့နှင့်ဖြစ်စေ တစ်ဖွဲ့ချင်းတွေ့ဆုံနိုင်ကြောင်း၊ တည်ငြိမ်အေးချမ်းမှုရှိမှသာ ဒေသဖွံ့ဖြိုးရေး ကိုဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်မှုများနှင့်ပတ်သက်၍ ပြည်သူအတွက်၊ နိုင်ငံအတွက်၊ ဒေသအတွက်မထိခိုက်အောင်၊ တစ်နိုင်ငံလုံးအတွက်အကျိုးရှိအောင် ဆင်ခြင်တုံတရား၊ အသိ တရား၊ သတိတရားများဖြင့် ဆောင်ရွက်ကြစေလိုကြောင်း ရှင်းလင်း ပြောကြားသည်။

ထို့နောက် စစ်ဘေးရှောင်စခန်းများမှ တိုင်းရင်းသားပြည်သူများ နေရပ်ပြန်နိုင်ရေး အတွက်အဖွဲ့အစည်း အားလုံးမှ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးစေလိုသည့်ကိစ္စရပ်များ၊ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့ တပ်မတော်၏ ထုတ်ပြန်ချက်ကိုလည်း ဝမ်းမြောက်စွာကြိုဆိုမှုနှင့် ငြိမ်းချမ်းရေးရရှိရန် အတွက် အားလုံးပူးပေါင်းဆောင်ရွက်ရန်လိုအပ်မှုအခြေအနေများနှင့် ကချင်ပြည်နယ်အတွင်းရှိ ခရစ်ယာန်ဘာသာရေးဆိုင်ရာအဖွဲ့ခေါင်းဆောင်များမှလည်း ပူးပေါင်းဆောင်ရွက်နေသည့်အခြေအနေများ၊ ကချင် ပြည်နယ်ဖွံ့ဖြိုးတိုးတက်မှုအတွက် တပ်မတော်မှဝိုင်းဝန်း ကူညီဆောင်ရွက်ပေးနေမှုအခြေအနေများအား ရင်းရင်းနှီးနှီးအပြန်အလှန် ဆွေးနွေး ကြသည်။

ယင်းနောက် ကချင်ပြည်နယ်ရိုမန်ကက်သလစ်အသင်းတော်က ၎င်းတို့အနေဖြင့် မြစ်ဆုံစီမံကိန်းအား လက်မခံကြောင်း၊ကန့်ကွက်ပါကြောင်းနှင့် လုံးဝရပ်ဆိုင်းပေးရန်တောင်းဆိုပါကြောင်း ပြောကြားရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်၍ ပြည်သူ့ ဆန္ဒကိုကျော်လွန်လုပ်ဆောင်ရန် ခက်ခဲမည်ဖြစ်ကြောင်း၊ အကောင်းဆုံးအဖြေရရှိရန် ညှိနှိုင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြန်လည် ပြောကြားခဲ့သည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကချင်နှစ်ခြင်းခရစ်ယာန် နှင့် ကက်သလစ်အသင်းမှ ဘုန်းတော်ကြီးများအား အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ပြီး စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။