တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ ဂ်ပန္ႏိုင္ငံ၊ THE ASAHI SHIMBUN သတင္းဌာနအား လက္ခံေတြ႔ဆံုၿပီး ေမးျမန္းမႈမ်ား ေျဖၾကား

ေနျပည္ေတာ္ ေဖေဖာ္ဝါရီ ၁၆

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္သည္ ဂ်ပန္ႏုိင္ငံ၊ The Asahi Shimbun သတင္းဌာန၊ ရန္ကုန္ဌာနခြဲမွ အႀကီးအကဲျဖစ္သူ Mr.Ryuta SOMETAYA အား ၁၄-၂-၂ဝ၁၉ ရက္ နံနက္ပုိင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာ ဧည့္ခန္းမေဆာင္၌ လက္ခံေတြ႕ဆံုခဲ့သည့္သတင္းအား ျမဝတီသတင္းစာတြင္ ထည့္သြင္းေဖာ္ျပ ခဲ့ၿပီးျဖစ္ပါသည္။ ထုိသို႔ The Asahi Shimbun သတင္းဌာနမွေမးျမန္းသည့္ေမးခြန္းမ်ားအေပၚ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္၏ ေျဖၾကားခ်က္အျပည့္အစံုမွာ ေအာက္ပါအတုိင္းျဖစ္ပါသည္

Mr.Ryuta SOMETAYA ။ ။အခုပထမဆံုး ေမးခ်င္တဲ့ေမးခြန္းကေတာ့ အခုလတ္တေလာမွာ ေရပန္းစားေနတဲ့ ေမးခြန္းတစ္ခု ျဖစ္ပါတယ္။ အဲ့ဒါက အေျခခံဥပေဒအေၾကာင္းျဖစ္ပါတယ္။ အခုဆုိရင္ အမ်ဳိးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ကေနၿပီးေတာ့ ဒီအေျခခံ ဖြဲ႕စည္းပံုဥပေဒကိုျပင္ဆင္မယ့္ ေကာ္မတီတစ္ရပ္ကို ဖြဲ႕စည္းဖုိ႔အဆုိတင္ထားပါတယ္။ အဲ့ဒါက ေတာ္ေတာ္ေလးလည္း ျမန္ဆန္တယ္လုိ႔ေျပာလို႔ရပါတယ္။ အဲ့ဒီလုိမ်ဳိး သူတုိ႔အဆုိတင္မယ္ဆုိတာကို ဗုိလ္ခ်ဳပ္မွဴးႀကီးအေနနဲ႔ ႀကိဳသိခဲ့တာမ်ားရွိပါသလား။ ေနာက္ၿပီးေတာ့ သူတို႔လုပ္ေဆာင္ေနတဲ့လုပ္ေဆာင္ခ်က္ေတြ၊ လုပ္ငန္းစဥ္ေတြကို သေဘာ တူညီပါသလား။ ေနာက္ၿပီးေတာ့ ဒီလုိမ်ဳိးအေျခခံဥပေဒျပင္ဆင္ဖုိ႔ကို သေဘာတူညီပါသလား။ ျပင္ဆင္ဖို႔သေဘာတူတယ္ ဆုိရင္ေရာ ဘယ္အခ်ိန္က အေကာင္းဆံုးျဖစ္ပါ့မလဲခင္ဗ်။

ဗုိလ္ခ်ဳပ္မွဴးႀကီး။ ။ သူတို႔ေကာ္မတီဖြဲ႕ၿပီးေတာ့ ျပင္ဆင္ေရးေဆာင္ရြက္တာ ကြၽန္ေတာ္တုိ႔ႀကိဳမသိဘူး။ သို႔ေသာ္လည္းပဲ အေျခခံ ဥပေဒျပင္ဆင္ေရးနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္မၾကာခဏေျပာခဲ့တာေတြရွိတယ္။ ကြၽန္ေတာ္တုိ႔ အေျခခံဥပေဒေတြကေတာ့ တခ်ဳိ႕ဟာေတြမွာလည္း ျပင္ဆင္သင့္တဲ့အခ်ိန္က်ရင္လည္းျပင္ရလိမ့္မယ္။ ျပင္ဆင္ရမယ့္ အေၾကာင္းအရာေတြလည္းရွိပါတယ္။ ဘာလို႔လဲဆုိေတာ့ အခုက ကြၽန္ေတာ္တုိ႔က တုိင္းရင္းသားလက္နက္ကုိင္ အဖြဲ႕အစည္းေတြနဲ႔ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြ လုပ္ေနတာေပါ့။ တုိင္းရင္းသားလက္နက္ကုိင္ အဖြဲ႕အစည္းေတြကေန ေတာင္းဆုိတဲ့အခ်က္ေတြရွိတယ္။ တုိင္းရင္းသားနဲ႔ ပတ္သက္တာေပါ့ေလ။ အဲ့ဒီေတာ့ ဒီဟာနဲ႔ပတ္သက္ၿပီး တခ်ဳိ႕ဟာေတြမွာ အေျခခံဥပေဒမွာ တခ်ဳိ႕ဟာေတြမျပင္လို႔မရဘူးဆိုတာ ကြၽန္ေတာ္တု႔ိေတြ႕တယ္။ ဒါေၾကာင့္ ျပင္ဖုိ႔အတြက္ကေတာ့ မူအားျဖင့္သေဘာတူတယ္။ ဒါလည္း ၿပီးခဲ့တဲ့အစိုးရ သက္တမ္းကတည္းက ကြၽန္ေတာ္ေျပာခဲ့ပါတယ္။ ကြၽန္ေတာ္တုိ႔မျပင္ဘူးဆုိတဲ့ စကားလံုးဝမေျပာဘူး။ ျပင္ဖို႔လုိအပ္တယ္။ တခ်ဳိ႕ဟာေတြျပင္ရပါမယ္။ ကြၽန္ေတာ္တုိ႔သေဘာေပါက္တယ္။ ျပင္သင့္ျပင္ထုိက္တဲ့အခ်ိန္မွာ ျပင္သင့္ျပင္ထုိက္တဲ့ အေၾကာင္းအရာေတြ ျပင္ဖုိ႔ျပင္တဲ့အခါမွာလည္း အေျခခံဥပေဒ ျပင္ဆင္ေရးမွာေတာ့ အေျခခံဥပေဒရဲ႕ အခန္း ၁၂ မွာ ျပင္ဆင္ေရးနဲ႔ပတ္သက္တဲ့ Process ေတြ ေပးထားတာရွိပါတယ္။ သ႔ူရဲ႕ဥပမာေပါ့။ ေပးထားတာေတြအတုိင္းပဲ သြားရင္ေတာ့ ပိုေကာင္းမယ္လု႔ိ ကြၽန္ေတာ္တုိ႔ေျပာျပတာေတြရွိတယ္။ ဒီတုိင္းပဲ လုပ္တာေတာ့ ပုိၿပီးေတာ့လည္းထိေရာက္မယ္လုိ႔ ကြၽန္ေတာ္ယူဆပါတယ္။ ဒီမွာလည္း ျဖည့္ၿပီးေျပာခ်င္တာ။ ၿပီးခဲ့တဲ့ႏွစ္က ကြၽန္ေတာ္တုိ႔လုပ္ခဲ့တဲ့ ၿငိမ္းခ်မ္းေရးညီလာခံရဲ႕ အထူးအစည္းအေဝးမွာ ကြၽန္ေတာ္ေျပာခဲ့တာေတြရွိတယ္။ ျပည္နယ္နဲ႔ တုိင္းဝန္ႀကီးခ်ဳပ္ေတြ ေရြးခ်ယ္ေရးနဲ႔ ပတ္သက္တာေတြ၊ ၿပီးေတာ့ Governor အုပ္ခ်ဳပ္ေရးမွဴးေတြခန္႔ထားတဲ့ ဟာနဲ႔ပတ္သက္ၿပီးေတာ့ ကြၽန္ေတာ္ေျပာခဲ့တယ္။ ဒါ Constitution ျပင္ဖုိ႔ဟာထဲမွာ ထည့္သြင္းစဥ္းစားသင့္တဲ့ အခ်က္ဆုိၿပီးေတာ့ ကြၽန္ေတာ္ေျပာခဲ့တာေတြရွိတယ္။ ၿပီးခဲ့တဲ့အစိုးရ သက္တမ္းတုန္း ကလည္း အေျခခံဥပေဒမွာ ျပင္ခဲ့တာရွိတယ္။ ေနာက္ဆက္တြဲဇယားေတြမွာလည္း ျပင္ေပးခဲ့တာေတြရွိတယ္။ ဒါေတြကိုၾကည့္မယ္ ဆိုရင္ တပ္မေတာ္ အေနနဲ႔ ျပင္ဆင္ေရးအေပၚမွာလည္း ကြၽန္ေတာ္တုိ႔ေကာင္းတဲ့ဘက္က သြားတယ္ဆုိတာ ေလးေတာ့ သတိျပဳႏုိင္ပါတယ္။ ဒါမွမလံုေလာက္ေသးဘူး ဆုိရင္လည္း ေဆြးေႏြးၿပီးေတာ့ ဒါေတြေတာ့ျဖစ္ေစခ်င္တယ္။ ဒါေတြေတာ့ရေစခ်င္တယ္ ဆုိလုိ႔ရွိရင္ ဒါကြၽန္ေတာ္တုိ႔ တုိင္းျပည္အတြက္ ျဖစ္ေစခ်င္တယ္ဆုိရင္ ဘယ္လုိပဲျဖစ္ျဖစ္ ကြၽန္ေတာ္တုိ႔ ျပင္ေပးရမွာျဖစ္ပါတယ္။ ဒီေနရာမွာသတိထားရမွာေတာ့ ကြၽန္ေတာ္တုိ႔ဖြဲ႕စည္းပံု အေျခခံဥပေဒ အႏွစ္သာရကို မထိခုိက္ဖို႔ေတာ့ လုိပါတယ္။

Mr.Ryuta SOMETAYA။ ။ လႊတ္ေတာ္မွာဆုိလုိ႔ရွိရင္လည္း ၂၅ ရာခုိင္ႏႈန္းက ျမန္မာ့တပ္မေတာ္ကေနရာယူထား တယ္ေပါ့ေနာ္၊ ေနာက္ၿပီးေတာ့ မိသားစုတစ္စုတည္းမွာ ႏုိင္ငံျခားသားပါလုိ႔ရွိရင္ သမၼတမျဖစ္ႏုိင္ဘူးဆုိတာလည္း ရွိပါတယ္ခင္ဗ်၊ အဲဒါကို ႏုိင္ငံတကာက နည္းနည္းေတာ့ေထာက္ျပထားတာေလးေတြရွိပါတယ္။ အဲ့ဒီမူဝါဒကိုမ်ား အနာဂတ္မွာ ျပင္ဆင္ဖုိ႔ ရွိ/မရွိ သိခ်င္ပါတယ္ခင္ဗ်။

ဗုိလ္ခ်ဳပ္မွဴးႀကီး။ ။ ၂၅ ရာခုိင္ႏႈန္းနဲ႔ပတ္သက္လုိ႔ေျပာရရင္ ပါတီစံုဒီမိုကေရစီလမ္းေၾကာင္းကို အသြင္ေျပာင္းလာတာျဖစ္ပါတယ္။ တုိင္းျပည္ရဲ႕ႏုိင္ငံေရးအေျခအေန အရေသာ္လည္းေကာင္း၊ လံုၿခံဳေရးအေျခအေန အရေသာ္လည္းေကာင္း၊ တည္ၿငိမ္ေအးခ်မ္းဖုိ႔ စိတ္မခ်ဘူး။ ခုထိကုိ ကြၽန္ေတာ္တု႔ိအခက္အခဲေတြအမ်ားႀကီးျဖတ္သန္းေနရတာ ေတြရွိတယ္။ ဒါေၾကာင့္ ကြၽန္ေတာ္တုိ႔သြားေနတဲ့ ပါတီစံုဒီမုိကေရစီလမ္းေၾကာင္း တည္တည္ၿငိမ္ၿငိမ္ျဖစ္ဖုိ႔လိုပါတယ္။ အခု လႊတ္ေတာ္မွာ ေျပာဆုိလုပ္ကုိင္ေဆြးေႏြးေနတဲ့ အေၾကာင္းအရာေတြ၊ အုပ္ခ်ဳပ္ေရးလမ္းေၾကာင္းဘက္မွာ ေဆာင္ရြက္ေနတဲ့ ကိစၥေတြ၊ ျပည္သူလူထုဘက္က ေဆာင္ရြက္ေနတဲ့ ကိစၥေတြ၊ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕အစည္းေတြရဲ႕ လုပ္ေဆာင္ခ်က္ေတြ ၾကည့္မယ္ဆုိရင္ေတာ့ တုိင္းျပည္က ႏုိင္ငံေရးအရေသာ္လည္းေကာင္း၊ လံုၿခံဳေရး အရေသာ္လည္းေကာင္း တည္ၿငိမ္ဖို႔ေတာ့ နည္းနည္းလိုအပ္ေနေသးတယ္ဆုိတာ ကြၽန္ေတာ္တို႔ေဖာ္ျပေနတယ္။ ဒါေၾကာင့္ ႏုိင္ငံေတာ္အတြက္ တပ္မေတာ္ကလည္း ဒါကိုယူၿပီးေဆာင္ရြက္ေပးေနတာျဖစ္ပါတယ္။ ဒါေတြအကုန္လံုး လံုၿခံဳစိတ္ခ်သြားမယ္ဆုိရင္ေတာ့ အေျခအေနကေျပာင္းလဲသြားမွာပါ။ ကြၽန္ေတာ္တု႔ိ အေသဆုပ္ကိုင္ ထားတာေတာ့မဟုတ္ဘူးဆုိတာ နံပါတ္ ၁ အခ်က္ ကြၽန္ေတာ္ေျပာလုိတယ္။ ေနာက္တစ္ခုက ဒုတိယအပုိင္းေပါ့ေလ။ ေမးခြန္းရဲ႕ ဒုတိယ အပုိင္းမွာ ဒီႏုိင္ငံျခားသားနဲ႔ပတ္သက္တဲ့ကိစၥေလးပါလာတယ္။ ကြၽန္ေတာ္တို႔က ကုိလိုနီျဖစ္ခဲ့တဲ့ႏုိင္ငံတစ္ခု ျဖစ္ပါတယ္။ ကြၽန္ေတာ္တုိ႔က ၁၉၄၈ ခုႏွစ္မွ လြတ္လပ္ေရးရေတာ့ ကုိလုိနီျဖစ္တဲ့ကာလအတြင္းမွာ ကြၽန္ေတာ္တုိ႔ တုိင္းျပည္ခံစားခဲ့ရတဲ့ ဟာေတြက ေတာ္ေတာ္ကို ဆုိးဆုိးရြားရြားျဖစ္ခဲ့တယ္။ ကြၽန္ေတာ္တုိ႔ လြတ္လပ္ေရးရဖုိ႔လည္း အမ်ားႀကီးႀကိဳးစားခဲ့ရတယ္။ ခင္ဗ်ားတုိ႔ဂ်ပန္ကေတာင္ အကူအညီေတြယူခဲ့ရတာရွိပါတယ္။ အဲ့ေတာ့ ဒီမွာလည္း ဒီႏုိင္ငံေတာ္ရဲ႕ လြတ္လပ္ေရးနဲ႔ အခ်ဳပ္အျခာအာဏာကို ထိပါးေစမယ့္ လုပ္ရပ္ေတြ လုပ္ေဆာင္ႏုိင္တဲ့ အခြင့္အေရးေတြကို တျခားလူေတြကို ကြၽန္ေတာ္တုိ႔ ေပးလုိ႔ေတာ့မရဘူး။ ျမန္မာႏုိင္ငံရဲ႕အေျခအေနအရပ္ရပ္ကုိ ဖန္တီးႏုိင္ဖုိ႔ရာ ျမန္မာႏုိင္ငံသားေတြ လက္ထဲမွာပဲရွိဖို႔လုိပါတယ္။ ျမန္မာႏုိင္ငံသူ၊ ႏုိင္ငံသားေတြ တုိင္းရင္းသားေတြ လက္ထဲမွာ ရွိဖု႔ိလုိတယ္။ ဒါ့ေၾကာင့္လည္း သမုိင္းရဲ႕အေတြ႕အႀကံဳအရေပါ့။ ျပ႒ာန္းထားျခင္းျဖစ္ပါတယ္။ လူပုဂၢိဳလ္တစ္ဦး တစ္ေယာက္တည္းကို ရည္ရြယ္ၿပီး လုပ္ထားတာမဟုတ္ပါဘူး။ တျခားႏုိင္ငံေတြမွာေတာ့ သူတို႔ႏိုင္ငံနဲ႔ဆီေလ်ာ္တဲ့ ဥပေဒေတြေတာ့ သူတို႔ျပ႒ာန္းမွာေပါ့။ ဒါေပမဲ့ တခ်ဳိ႕ႏုိင္ငံေတြမွာရွိပါတယ္။ ကြၽန္ေတာ္တုိ႔ႏုိင္ငံရဲ႕အေျခအေနေတြကေတာ့ လက္ရွိဒီအတုိင္း ျပ႒ာန္းထားတာ အေကာင္းဆံုးလုိ႔ ယူဆတဲ့အတြက္ေၾကာင့္ ဒါကိုေတာ့ မူဝါဒတစ္ရပ္ အေနနဲ႔ ဆုပ္ကုိင္ထားတယ္ဆုိတာလည္း ကြၽန္ေတာ္ေျပာလုိပါတယ္။

Mr.Ryuta SOMETAYA။ ။ ၂ဝ၁၇ မွာဆုိလုိ႔ရွိရင္ ရခုိင္ကိစၥစျဖစ္တာကေတာ့ မြတ္စလင္ေတြကေနၿပီးေတာ့ ဒီလက္နက္ကုိင္ ေသာင္းက်န္းတာကေန စခဲ့ၾကတာေပါ့ေနာ္။ အဲ့ဒါကို လူေတြကေနၿပီးေတာ့ သူတုိ႔ဒီလုိမ်ဳိးစခဲ့ တယ္ဆုိတာကို သူတို႔ေမ့ထား ၾကတာျဖစ္ပါတယ္။ ေမ့ေနၾကတာျဖစ္ပါတယ္။ ေနာက္ၿပီး အ့ဲဒါကုိေမ့ေနၿပီးေတာ့ ကြၽန္ေတာ္တုိ႔ ဒီျမန္မာအစုိးရနဲ႔ ျမန္မာ့တပ္မေတာ္ကို အရမ္းကို ေဝဖန္တုိက္ခုိက္ေနၾကပါတယ္။ အဲဒါကလည္း မညီမွ်တဲ့အေၾကာင္းရင္းေတြ လုိ႔ထင္ပါတယ္။ ၿပီးေတာ့ အခု ဗုိလ္ခ်ဳပ္မွဴးႀကီးေျပာတဲ့ ဒီထင္ျမင္ခ်က္ေတြ၊ ဒီေျပာစကားေတြကို ဂ်ပန္သတင္းစာဖတ္တဲ့သူေတြဆီကို အမွန္တရားေတြေရာက္သြားေအာင္ လုပ္ေဆာင္ေပးျခင္းျဖစ္ပါတယ္။ အခုဆုိလုိ႔ရွိရင္ UN အပါအဝင္ ႏုိင္ငံတကာကေန ျမန္မာ့တပ္မေတာ္ကို အျပင္းအထန္ေဝဖန္ေနၾကပါတယ္။ ေနာက္ၿပီးေတာ့ မြတ္စလင္ေတြအေပၚမွာ သူတုိ႔ဖိႏွိပ္တယ္ဆုိၿပီးေတာ့ ေဝဖန္ေနၾကပါတယ္။ ေနာက္ၿပီးေတာ့ လူ ၇ သိန္းေက်ာ္ကလည္း ျမန္မာႏုိင္ငံမွာေနထုိင္ၿပီးေတာ့ ဘဂၤလားေဒ့ရွ္ႏုိင္ငံထဲကို ထြက္သြားၾကပါတယ္။ အဲ့ဒီထြက္သြားတဲ့သူေတြအေပၚမွာေရာ ဘယ္လိုခံစားမႈမ်ဳိးျဖစ္ပါသလဲ။ ေနာက္ၿပီးေတာ့ International Criminal Court ႏုိင္ငံတကာရာဇဝတ္႐ံုးကေနၿပီးေတာ့ လူေတြေျပာေနၾကတာရွိပါတယ္။ ဒီ႐ံုးကေန ဗုိလ္ခ်ဳပ္မွဴးႀကီးအပါအဝင္ အျခားတပ္မေတာ္ေခါင္းေဆာင္ႀကီးေတြအေပၚ အေရးယူဖုိ႔ျပင္ဆင္ေနၾကတယ္။ ၿပီးေတာ့ ႏုိင္ငံတကာကိုေရာ၊ ႏုိင္ငံတကာရဲ႕ အထင္အျမင္ေတြအေပၚကိုေရာ ဘယ္လိုမ်ဳိးထင္ပါသလဲခင္ဗ်ာ။

ဗုိလ္ခ်ဳပ္မွဴးႀကီး။ ။ ရခိုင္ျပည္နယ္ ဘူးသီးေတာင္၊ ေမာင္ေတာမွာျဖစ္တဲ့ ျဖစ္စဥ္ကိုေျပာမယ္ ဆုိရင္ေတာ့ သမိုင္းျဖစ္ရပ္ အမွန္ေတြကို သိဖုိ႔လိုတာေပါ့။ တစ္အခ်က္ကေတာ့ သူတုိ႔သည္ ျမန္မာႏုိင္ငံသားေတြမဟုတ္ပါဘူး။ ျမန္မာႏိုင္ငံက တုိင္းရင္းသားေတြလည္းမဟုတ္ပါဘူး။ ျမန္မာႏုိင္ငံမွာ ေရာက္ရွိေနထုိင္ၾကတဲ့သူေတြသာျဖစ္တယ္။ အဲေတာ့ ကြၽန္ေတာ္တုိ႔ အေနနဲ႔ေတာ့ တပ္မေတာ္အေနနဲ႔ပဲျဖစ္ျဖစ္၊ ႏုိင္ငံအေနနဲ႔ပဲျဖစ္ျဖစ္၊ ကိုယ့္ႏုိင္ငံသူ/ႏုိင္ငံသားနဲ႔ ျမန္မာႏုိင္ငံမွာရွိေနၾကတဲ့သူေတြကို အကာအကြယ္ေပးဖုိ႔တာဝန္ရွိတာေပါ့။ တုိင္းရင္းသားေတြကို ကာကြယ္ေပးဖုိ႔ရွိတယ္။ ျဖစ္တဲ့ျဖစ္စဥ္ကလည္း တကယ္ကို လူသိရွင္ၾကား လက္ညႇိဳးထုိးၿပီးေတာ့ေျပာတာေတာ့ ၂ဝ၁၇ ခုႏွစ္က်မွ လူသိရွင္ၾကား ေတာ္ေတာ္ႀကီးကိုျဖစ္လာတာ။ တကယ္ေတာ့ ဟိုးသမိုင္းနဲ႔ကိုစၿပီးျဖစ္ခဲ့တာ။ ဥပမာအျဖစ္ ၁၉၄၂ ခုႏွစ္ အလယ္သံေက်ာ္မွာျဖစ္ခဲ့တဲ့ျဖစ္စဥ္မ်ဳိးဆုိလို႔ရွိရင္ လူေပါင္းႏွစ္ေသာင္းနီးပါးေလာက္ အသတ္ခံခဲ့ရတာ ေဒသခံရခိုင္တုိင္းရင္းသားေတြ အသတ္ခံရၿပီးေတာ့မွ အကုန္လံုး ဘူးသီးေတာင္၊ ေမာင္ေတာကေန ထြက္ေျပးလာရတဲ့ျဖစ္စဥ္ေတြဆုိလုိ႔ရိွရင္ သမုိင္းမွာတကယ္ကုိျဖစ္ခဲ့တာဆုိေတာ့ ျဖစ္တဲ့ျဖစ္စဥ္ ေပါင္းက အဲဒီကုိလုိနီျဖစ္တဲ့ကာလကေနၿပီးေတာ့ လက္ရိွကာလအတြင္းမွာ ျဖစ္စဥ္ေတြအမ်ားႀကီးရိွတယ္။ လက္လွမ္းမီ သေလာက္ေျပာရလုိ႔ရိွရင္ ၂ဝ၁၂ ခုႏွစ္မွာျဖစ္ခဲ့တဲ့ျဖစ္စဥ္၊ ၂ဝ၁၆ ခုႏွစ္မွာျဖစ္ခဲ့တဲ့ျဖစ္စဥ္၊ ၂ဝ၁၇ ခုႏွစ္မွာ ျဖစ္ခဲ့တဲ့ျဖစ္စဥ္။ ဒါေတြကေတာ့ ဒီဘက္လက္လွမ္းမီၿပီးေတာ့မွ ခုိင္ခုိင္မာမာနဲ႔ေျပာျပလုိ႔ရတယ္။ ခုိင္ခုိင္မာမာ မရိွတာမဟုတ္ဘူး။ ရိွပါတယ္။ သုိ႔ေသာ္ ေျပာမယ္ဆုိရင္အမ်ားႀကီးရိွတာေပါ့။ အဲဒီမွာ ေဒသခံတုိင္းရင္းသားေတြဟာ လူနည္းစုျဖစ္ၿပီးေတာ့ ကြၽန္ေတာ္တို႔ ေျပာတာေတာ့ ဘဂၤါလီပါ။ ဘဂၤလားေဒသကလာလုိ႔ ဘဂၤါလီေခၚတာေပါ့။ ဘဂၤလားေဒ့ရွ္ ႏုိင္ငံသားကုိ ကြၽန္ေတာ္ေျပာတာ မဟုတ္ဘူး။ ဘဂၤလားေဒသကလာတဲ့ ဘဂၤါလီက ေဒသခံျပည္သူေတြကုိ အႏုိင္က်င့္သတ္ျဖတ္တာေတြ အမ်ားႀကီးျဖစ္ခဲ့တယ္။ အဲေတာ့ ေနာက္တစ္ခါ လက္နက္ကုိင္အၾကမ္းဖက္မႈနဲ႔ ရဲစခန္းေတြကုိ ဝင္ေရာက္စီးနင္းတုိက္ခုိက္တာေတြျဖစ္ခဲ့တယ္။ ေဒသခံ တုိင္းရင္းသားေတြ အသတ္ခံရတာရိွတယ္။ ေဒသမွာရိွတဲ့ လံုၿခံဳေရးတာဝန္ထမ္းေဆာင္တဲ့သူေတြကုိ ဝင္ေရာက္စီးနင္း တုိက္ခုိက္ခဲ့တဲ့ ျဖစ္စဥ္ေတြရိွတယ္။ လက္နက္ကုိင္ လူအမ်ားစုကေနၿပီးေတာ့ လံုၿခံဳေရးတာဝန္ထမ္းေဆာင္ သူေတြကုိ တုိက္ခုိက္တာေတာ့ ကြၽန္ေတာ္တို႔ ဒီတုိင္းလက္ပုိက္ၾကည့္ေနလုိ႔မရဘူး။ တုိင္းရင္းသားေတြကုိတုိက္ခုိက္တာကုိ ဒီအတုိင္း လက္ပုိက္ၾကည့္ေနလုိ႔မရဘူး။ အဲေတာ့ ဘယ္လုိပဲျဖစ္ျဖစ္ ကာကြယ္ရမွာေပါ့။ တစ္အခ်က္ ကာကြယ္ဖုိ႔ေပါ့။ ႏွစ္အခ်က္ မလုပ္ရဘူး။ ျပန္လုပ္ရမွာ။ ဒီလုိေတာ့ရိွတယ္။ ဒါကေတာ့ Security ရဲ႕သေဘာပဲ။ အဲေတာ့ ခုနေနာက္ဆံုး ၂ဝ၁၇ ခုႏွစ္ျဖစ္စဥ္ကုိ ၾကည့္မယ္ဆုိလုိ႔ရိွရင္လည္း ကြၽန္ေတာ္တို႔ျဖစ္စဥ္ျဖစ္ခဲ့တဲ့ရက္ေတြမွာဆုိရင္ လူဦးေရ လူေပါင္းေလးငါးေျခာက္ရာ ေလာက္ကေန တစ္ေထာင္ပတ္ဝန္းက်င္ေလာက္ရိွတဲ့လူေတြက လူေပါင္းႏွစ္ဆယ္အစိတ္ေလာက္ရိွတဲ့ လံုၿခံဳေရး စခန္းေတြကုိတုိက္ခုိက္တာ၊ ေက်းရြာေတြကုိတုိက္ခုိက္တာ ေတာ္ေတာ္ကုိဆုိးရြားပါတယ္။ ဒါေတြကုိ ကြၽန္ေတာ္တို႔က အကုန္လံုးလည္းရွင္းျပတယ္။ စံုစမ္းစစ္ေဆးေရးသြားလုပ္တဲ့အခါမွာလည္းေပၚတယ္။ ေတြ႕လည္းေတြ႕၊ ျဖစ္စဥ္ေတြသက္ေသထားၿပီးလည္းျပတယ္။ ဒါကေတာ့ ကုိယ့္ကုိယ္ကုိယ္ခုခံကာကြယ္ဖုိ႔ေတာ့ လုပ္မွာပဲ။ သူတုိ႔တုိက္ခုိက္မႈကုိ ကုိယ္ကမခုခံဘူးဆုိရင္ မကာကြယ္ဘူးဆုိရင္ ကုိယ့္တုိင္းရင္းသားေတြလည္း ေသမွာပဲ။ အဲဒီမွာရိွတဲ့ လံုၿခံဳေရး တပ္ဖဲြ႕ဝင္ေတြလည္း ေသမွာပဲ။ လည္စင္းခံရမယ့္ သေဘာေတာ့ ဘယ္လုိမွမျဖစ္ႏုိင္ဘူး။ ဒါကေတာ့ ကြၽန္ေတာ္တို႔ တံု႔ျပန္မႈေတာ့လုပ္ရလိမ့္မယ္။ ဒီမွာလည္း ခုန ဘဂၤါလီ လူထုကေနၿပီးေတာ့ တုိက္တယ္လုိ႔ေျပာတယ္ထင္ပါတယ္။ ARSA အဖြဲ႕ေတြလည္း ေနာက္ကေန ပူးေပါင္းပါဝင္မႈရိွတယ္လုိ႔ သူတုိ႔ဗီဒီယုိ မွတ္တမ္းေတြလည္း ကြၽန္ေတာ္တို႔ရိွတယ္။ အဲေတာ့ သူတုိ႔လက္နက္ကုိင္ထားတာလည္း တုတ္ေတြ၊ ဓားေတြပါတယ္။ လက္လုပ္ဗံုးေတြပါတယ္။ ေသနတ္ေတြပါတယ္။ ဆုိေတာ့ ဒါေတြဟာ အကုန္လံုး လူေတြကုိေသေစႏုိင္တဲ့ဟာေတြပဲျဖစ္တယ္။ ေသေစႏုိင္တဲ့ ဟာကုိေတာ့ ကြၽန္ေတာ္တို႔ ဒီအတုိင္းေခါင္းငံု႔ခံလုိ႔ေတာ့မရဘူးဆုိတာေလးလည္း ခင္ဗ်ားသေဘာေပါက္ပါ လိမ့္မယ္။ ဒါတံု႔ျပန္တာကေတာ့ တခ်ဳိ႕ဟာေတြမွာလည္း မလုပ္ရဲေအာင္လုပ္ရတာလည္း ရိွေကာင္းရိွႏုိင္တာေပါ့။ သုိ႔ေသာ္လည္း ဥပေဒ ခ်ဳိးေဖာက္ၿပီး လုပ္တယ္ဆုိရင္လည္း ကြၽန္ေတာ္တို႔ အေရးယူတာေတြရိွပါတယ္။ အခုလည္း တခ်ဳိ႕တာဝန္ရိွတဲ့သူေတြကုိ ထိန္းသိမ္းမႈဘက္မွာအားနည္းမႈရိွေတာ့ အေရးယူတာေတြလည္းရိွတာေပါ့။ အဲဒီမွာလည္း ခင္ဗ်ားခုနေမးတဲ့ အထဲမွာ လူခုနစ္သိန္းေလာက္ ဟုိဘက္ကုိေျပးတယ္ဆုိၿပီးေတာ့ေျပာတာေပါ့။ လူခုနစ္သိန္းဆုိတာ သူတုိ႔ကေျပာတဲ့ကိန္းဂဏန္းေပါ့။ ကြၽန္ေတာ္တို႔ ဆီမွာလည္း တရားမဝင္ ေနထုိင္တဲ့သူေတြ စာရင္းေကာက္ခံထားတာ ရိွပါတယ္။ လက္ရိွက်န္တဲ့သူေတြ စာရင္းေကာက္ခံ ထားတာရိွတယ္။ ဒီဟာေတြ Difference လုပ္လုိက္လုိ႔ရိွရင္ ျမန္မာႏုိင္ငံကေန ေပ်ာက္သြားတဲ့သူေတြေပါ့၊ အဲဒီေနရာမွာလည္း ဘဂၤလားေဒ့ရွ္ဘက္ကုိ ေျပးသြားတဲ့ သူလည္းရိွသလုိ ပင္လယ္လမ္းေၾကာင္းကေနၿပီးေတာ့ ေအာက္ကုိ ထြက္ေျပးတဲ့သူလည္းရိွမယ္။ အေၾကာင္းအမ်ဳိးမ်ဳိးနဲ႔ ဒီက တျခားေဒသေတြကုိ သြားတဲ့သူလည္းရိွႏုိင္ပါတယ္။ ဒါေၾကာင့္ ဒီ Figure ကေတာ့ မဟုတ္ဘူး ဆုိတာေျပာခ်င္တယ္။ အဲဒီေတာ့ ဒီမွာလည္း သူတုိ႔က ခုနစ္သိန္းဆုိေပမယ့္ ဒီလူေတြက ျမန္မာႏုိင္ငံက ႏုိင္ငံသားေတြ ဆုိၿပီးေတာ့ တစ္ထစ္ခ်ေျပာလုိ႔လည္းမရဘူး။ ကြၽန္ေတာ္တို႔ ဒီလူေတြကုိ ဘယ္လုိမွ စိစစ္လုိ႔ မရေသးဘူး။ စိစစ္ဖုိ႔ တာဝန္ရိွတယ္။ အဲဒါ ကြၽန္ေတာ္တို႔ စစ္ၿပီးလက္ခံဖုိ႔ ကြၽန္ေတာ္တို႔ ေျပာထားတာရိွတယ္။ အဲေတာ့ ဒီလူေတြကလည္း သူတုိ႔ေျပးရတဲ့ အေၾကာင္းရင္းကုိ ေျပာတဲ့အခါက်ရင္လည္း သနားေအာင္ေျပာမွာေပါ့ေနာ္။ သူတုိ႔ ဘဂၤလားေဒ့ရွ္မွာ ေနရတာ ေပ်ာ္လုိ႔လာတယ္ဆုိၿပီးေတာ့ ဘယ္သူကေျပာမလဲ။ မေျပာႏုိင္ဘူး။ အဲေတာ့ သူတုိ႔ႏိွပ္စက္ညႇဥ္းပန္း လုိ႔ဆုိတဲ့အေျဖပဲေပးမွာပဲ။ သူတုိ႔ဆင္းရဲဒုကၡေရာက္လုိ႔လာရတယ္လုိ႔ သူတုိ႔ေျပာမွာပဲ။ ဒီေပၚမွာရတဲ့ သတင္းေပၚ မူတည္ၿပီးေတာ့ ရယူတဲ့သတင္းဌာနေတြ၊ ဒါမွမဟုတ္ရင္ သူတုိ႔စံုစမ္းေလ့လာတဲ့သူေတြကုိ သူတုိ႔ေျပာတာျဖစ္မွာေပါ့။ ေနာက္တစ္ခါ ဒီၾကားထဲမွာလည္း နယ္စပ္ေဒသကုိေက်ာ္ၿပီးေတာ့သြားတဲ့သူေတြရိွတယ္။ အဲဒါ အုပ္ခ်ဳပ္ေရးမွာ တာဝန္ရိွတဲ့ဝန္ႀကီးေတြ၊ ျပည္ေထာင္စုဝန္ႀကီး၊ ဒီေဒသခံဝန္ႀကီးခ်ဳပ္၊ ေနာက္တစ္ခါ တပ္မေတာ္နဲ႔လံုၿခံဳေရး တာဝန္ရိွတဲ့ ပုဂၢိဳလ္ေတြကတားတယ္။ ခင္ဗ်ားတုိ႔မသြားပါနဲ႔။ ျမန္မာျပည္မွာသာေနပါ။ ေျပာတာလည္းမရပါဘူး။ သူတုိ႔သြားမွာပဲေျပာတယ္။ သူတုိ႔ေကာင္းေကာင္း မြန္မြန္သြားတာပဲ။ ေၾကာက္လန္႔ၿပီးေျပးတာမဟုတ္ဘူး။ ေျပးတာစိတ္ပူလုိ႔ေျပးတာမဟုတ္ဘူး။ သူတုိ႔ စုိးရိမ္ပူပန္မႈတစ္ခုခုေၾကာင့္ သြားတယ္ဆုိတာေတာ့ျဖစ္ႏုိင္တယ္။ သုိ႔ေသာ္လည္းပဲ ကြၽန္ေတာ္တို႔လံုၿခံဳေရး အေကာင္းဆံုးရိွတဲ့ အေျခအေနမ်ဳိးေတာင္မွ သြားတယ္ဆုိတာက သူတုိ႔မွာ ေတာ္ေတာ္ႀကီးကုိ ဖိအားေတြရိွေနတဲ့သေဘာကုိ ကြၽန္ေတာ္တို႔သြားေတြ႕ရတယ္။ အဲဒီဖိအားက ဘာလဲ။ ဟုိဘက္က သူတုိ႔ရဲ႕ေဆြမ်ဳိးေတြနဲ႔ သူတုိ႔ေတြ႕ခ်င္တာလည္းပါမွာေပါ့။ ေနာက္တစ္ခါ ေနာက္ကေန အေၾကာက္တရား ျဖစ္ေအာင္ လုပ္တာလည္းပါမွာေပါ့။ ေနာက္တစ္ခုက တျခားေနရာကုိသြားဖုိ႔အတြက္ေပါ့။ လူဆုိတာ ေရၾကည္ရာျမက္ႏုရာ သြားတဲ့သေဘာပါပဲ။ အဲေတာ့ သူတုိ႔ဒီထက္ပုိၿပီးေကာင္းတဲ့ေနရာကုိသြားဖုိ႔ႀကိဳးစားတာျဖစ္မယ္။ ျမန္မာျပည္မွာေတာ့ သူတုိ႔လုပ္ကုိင္ စားေသာက္လုိ႔မရဘူး။ သူတုိ႔ေနတဲ့ေနရာမွာ လုပ္ကုိင္စားေသာက္တာ ကြၽန္ေတာ္တို႔ ဘာမွမေျပာဘူး။ သူတုိ႔ကုိ ကြၽန္ေတာ္တို႔က ဥပေဒနဲ႔အညီစိစစ္ၿပီးတဲ့အခ်ိန္မွာ သူတုိ႔ကုိေပးႏုိင္တဲ့ တုိင္းရင္းသား၊ ႏုိင္ငံသားနဲ႔ပတ္သက္တဲ့ အခြင့္အေရးေတြ ေပးလာတဲ့ အခ်ိန္က်ရင္ သူတုိ႔လုပ္လုိ႔ရတယ္။ ကြၽန္ေတာ္တို႔ ဘာမွျပႆနာမရိွဘူး။ မြတ္စလင္ဆုိၿပီးေတာ့ေျပာတာေပါ့။ ကြၽန္ေတာ္တို႔ ျမန္မာႏုိင္ငံမွာ ၄ ရာခုိင္ႏႈန္းေက်ာ္ ၅ ရာခုိင္ႏႈန္း ေက်ာ္ေလာက္က မြတ္စလင္ေတြျဖစ္ပါတယ္။ အစၥလာမ္ဘာသာကုိးကြယ္တဲ့သူေတြျဖစ္တယ္။ ျမန္မာတစ္ႏိုင္ငံလံုးမွာရွိတယ္ မြတ္စလင္ေတြ။ ဒီလူေတြကေတာ့ ကြၽန္ေတာ္တို႔ စိစစ္လို႔ မရေသးတဲ့သူေတြျဖစ္တယ္။ စိစစ္လို႔ရတဲ့ အခါက်ရင္လည္း ကြၽန္ေတာ္တို႔က သူတို႔ကို ေပးသင့္ေပးထုိက္တဲ့ အဆင့္နဲ႔ ညီတဲ့ဟာေတြကို ေပးရမွာျဖစ္တယ္။ ဒါကို ကြၽန္ေတာ္တို႔ကို စြပ္စဲြခ်က္အမ်ဳိးမ်ဳိးလုပ္တာေပါ့။ ကြၽန္ေတာ္တို႔ဘာလုပ္တယ္။ ဥပမာအားျဖင့္ ethnic Cleansing လုပ္တယ္။ ခုန ICC က စြပ္စြဲတာေတြရွိတာေပါ့။ ကြၽန္ေတာ္တို႔ ICC အဖြဲ႕ဝင္မဟုတ္ဘူး။ ကြၽန္ေတာ္တို႔ ICC နဲ႔ပတ္သက္ၿပီး ဘာမွလိုက္နာစရာ အေၾကာင္းမရွိဘူး။ သူ႔ဟာသူေျပာခ်င္ရာေျပာပါေစ။ ကြၽန္ေတာ္တို႔လည္း ကိုယ့္ႏိုင္ငံရဲ႕Sovereignty အရပဲ ကြၽန္ေတာ္တို႔သြားရတာပဲ။ ကြၽန္ေတာ္တို႔ကို လာၿပီးၿခိမ္းေျခာက္လုိ႔လည္း မရဘူး။ အဲဒီေတာ့ ဆိုလိုခ်င္တာကေတာ့ ဥပေဒနဲ႔အညီ ကြၽန္ေတာ္တို႔ကိုေျပာပါ။ ကြၽန္ေတာ္တို႔ဥပေဒနဲ႔အညီ လုပ္ေပးေနတယ္။ ကြၽန္ေတာ္တို႔ ဘက္က ဥပေဒနဲ႔ မညီဘူးဆိုရင္လည္း ကြၽန္ေတာ္တို႔ကို ေျပာျပလို႔ရတယ္။ အဲဒါဆိုရင္ေတာ့ မဟုတ္ဘူး။ အဲဒီေတာ့ သူတို႔ဘက္က အျမင္နဲ႔ ကိုယ့္ဘက္ကအျမင္နဲ႔ ကြၽန္ေတာ္တို႔ေျပာမယ္။ ဒါေပမဲ့ ႏိုင္ငံတစ္ခုရဲ႕ ဥပေဒကေတာ့ သူ႔ႏိုင္ငံမွာ အာဏာရွိရမယ္။ သက္ေရာက္ရမယ္။ သူမ်ားႏိုင္ငံက ဥပေဒ လာၿပီးေတာ့ ကြၽန္ေတာ္တို႔ကို ခင္ဗ်ား သူတို႔ႏိုင္ငံက ဥပေဒကို လိုက္နာရမယ္။ သူတို႔ရဲ႕စည္းကမ္းကုိလိုက္နာရမယ္ လာေျပာလို႔မရပါဘူး။ ဒါကြၽန္ေတာ္တု႔ိရဲ႕ အခ်ဳပ္အျခာအာဏာပဲ မဟုတ္ဘူးလား။ ဒါဘယ္ႏိုင္ငံကမွ လက္မခံဘူး။ ဒါေၾကာင့္ ခင္ဗ်ား ICC တို႔ ဘာတို႔ လာေျပာတယ္ဆုိတာလည္း ကြၽန္ေတာ္တို႔ ICC Member မဟုတ္တဲ့အတြက္ေၾကာင့္ ကြၽန္ေတာ္တို႔ လုိက္နာစရာအေၾကာင္းလည္း မရွိဘူး။ သို႔ေသာ္ ဒါကို လုိက္နာစရာ အေၾကာင္းမရွိဘူးဆိုၿပီး မ်က္ကြယ္ျပဳတာလည္းမဟုတ္ဘူး။ ႏုိင္ငံတကာကေနၿပီးေတာ့ လက္သင့္ခံႏိုင္တဲ့ျဖစ္္ႏိုင္တဲ့ဟာမ်ဳိး ဆိုရင္ေတာ့ ကြၽန္ေတာ္္တို႔က လက္သင့္ခံႏိုင္တဲ့အေျခအေနမ်ဳိးရွိတယ္ဆိုရင္ေတာ့ လုိက္နာမွာျဖစ္ပါတယ္။ ကြၽန္ေတာ္တု႔ိနဲ႔ သဟဇာတ မျဖစ္တဲ့ဟာမ်ဳိး လုိက္နာဖို႔မျဖစ္ႏိုင္ပါဘူး။ ဒီမွာလည္းတစ္ခ်က္ေျပာခ်င္တာေပါ့။ ႏိုင္ငံတကာနဲ႔ပတ္သက္တဲ့ စာခ်ဳပ္စာတမ္း ေတြမွာ တခ်ဳိ႕ႏိုင္ငံေတြ လက္မွတ္မထိုးဘူး။ သုိ႔ေသာ္လည္းပဲ လုိက္နာတာရွိတယ္။ သူတို႔ႏိုင္ငံနဲ႔ ကိုက္ညီတဲ့ အခ်က္ဆို လုိက္နာေပးတယ္။ တခ်ဳိ႕ႏိုင္ငံေတြက သူတို႔ႏိုင္ငံနဲ႔မကိုက္ညီရင္ မလုိက္နာတာေတြရွိတယ္။ လက္မွတ္ထိုးမွ၊ မထိုးမွမဟုတ္ဘူး။ ဒါကေတာ့ သတိျပဳရမယ့္ အခ်က္တစ္ခ်က္ပါ။ သူတုိ႔နဲ႔ ဒီအခ်က္ေတြအားလုံးကို သူတို႔ႏိုင္ငံအတြက္ လက္ခံႏိုင္တဲ့ အေျခအေနမရွိတဲ့အတြက္ လက္မွတ္မထိုးထားဘူး။ အကုန္လုံးနဲ႔ မဟုတ္ေတာင္မွ တခ်ဳိ႕တေလ လိုက္နာလို႔ရတယ္ဆိုရင္ လုိက္နာေနတဲ့ သာဓကေတြ ကမၻာေပၚမွာအမ်ားႀကီးရွိတယ္။ ဒါလည္းခင္ဗ်ားေတြ႕ပါလိမ့္မယ္။

Mr.Ryuta SOMETAYA ။ ။ ကြၽန္ေတာ္ ေကာ့ဘဇားကို ၅ ႀကိမ္သြားခဲ့ပါတယ္။ ေနာက္ၿပီးေတာ့ အဲဒီမွာရွိတဲ့ ဒုကၡသည္ ေတြနဲ႔လည္း Interview ေတြလုပ္ခဲ့ပါတယ္။ Interview ေတြလုပ္တဲ့ အခ်ိန္မွာက်လု႔ိရွိရင္ တစ္ေခါက္နဲ႔ တစ္ေခါက္ Interview လုပ္ၿပီဆိုရင္ သူတို႔ရဲ႕ သက္ေသခံအေထာက္အထားေတြက တစ္ေခါက္နဲ႔တစ္ေခါက္မတူဘူး။ ေျပာင္းလဲေနတာေတြ႕ရတယ္။ ေနာက္ၿပီးေတာ့ သူတို႔ရဲ႕ဟာေတြက ေျပာရမယ္ဆိုရင္ မမွန္ဘူးလု႔ိလည္းေျပာႏိုင္ပါတယ္။ ေနာက္ၿပီးေတာ့ ဒီသူတို႔ရဲ႕ သက္ေသခံအေထာက္အထားေတြမွာ Refugee ေတြက သူတို႔တစ္ခ်ိန္လုံးေျပာေျပာေနတာ သူတို႔ေတြသည္ မုဒိမ္းက်င့္ခံ ေနရပါတယ္။ သူတို႔ေတြသည္ အသတ္ခံေနရပါတယ္လို႔ သူတု႔ိတစ္ခ်ိန္လုံးေျပာဆိုေနပါတယ္။ အခိုင္အမာေျပာဆိုေနၾကပါတယ္။ ေနာက္ၿပီးေတာ့ ႏုိင္ငံတကာက အဲလိုမ်ဳိး သူတို႔ေျပာတဲ့အတြက္ ႏိုင္ငံတကာအသိုင္းအဝိုင္းကဆိုလို႔ရွိရင္လည္း ျမန္မာ့တပ္မေတာ္အေပၚကို အၿမဲတမ္းေဝဖန္ေနၾကပါတယ္။ ေနာက္တစ္ခုက သူတို႔ရဲ႕သက္ေသခံအေထာက္အထားေတြက အတုျဖစ္ေနပါသလား။ ေနာက္ၿပီးေတာ့ သူတို႔အေပၚ ဗိုလ္ခ်ဳပ္မွဴးႀကီးအေနနဲ႔ ဘယ္လိုမ်ဳိးမ်ား သူတို႔အေပၚမွာခံစားမိပါသလဲ။ ေနာက္ၿပီးေတာ့ သူတို႔ ျမန္မာျပည္ျပန္လာပါလို႔ေရာေျပာခ်င္ပါသလား။

ဗိုလ္ခ်ဳပ္မွဴးႀကီး ။ ။ တစ္အခ်က္ကေတာ့ သူတို႔ေျပာတဲ့ထြက္ဆိုခ်က္ေတြေပါ့။ သူတို႔ထြက္ဆိုခ်က္ေတြနဲ႔ပတ္သက္ၿပီးေတာ့ မုဒိမ္းက်င့္ ခံရတယ္လို႔ေျပာတယ္။ သူတို႔ေတာ္ေတာ္မ်ားမ်ား မုဒိမ္းက်င့္ခံရပါတယ္။ ေနာက္တစ္ခုကလည္း ကိုယ္ဝန္ေတြ အမ်ားႀကီး ရွိေနၾကတယ္လို႔ေျပာတယ္ဆိုေတာ့ ကြၽန္ေတာ္တို႔ျမန္မာရဲ႕ယဥ္ေက်းမႈအရ ဗုဒၶဘာသာရဲ႕ ထုံးတမ္းစဥ္လာအရ ခင္ဗ်ားတို႔လည္း ဘာပဲေျပာေျပာအေရွ႕ဒီဗုဒၶဘာသာနီးစပ္တဲ့ အယူဝါဒရွိတဲ့သူေတြအတူတူပါပဲ လက္မခံပါဘူး။ မုဒိမ္းမႈအဓမၼမႈကို လက္မခံပါဘူး။ ေတာ္ေတာ္ႀကီးကိုဆိုးဝါးတယ္ဆိုၿပီးေတာ့ လူ႔ရဲ႕ယဥ္ေက်းမႈအရ အင္မတန္ဆိုးဝါးတဲ့လုပ္ေဆာင္ခ်က္လို႔ သတ္မွတ္ထားတယ္။ လက္ကိုမခံပါဘူး။ မုဒိမ္းမႈနဲ႔ပတ္သက္တာကို အဲဒီမွာလည္းလုံၿခံဳေရးအဖြဲ႕ေတြက လုပ္တယ္ဆိုၿပီးေတာ့ စြပ္စြဲတယ္။ လံုၿခံဳေရးအဖြဲ႕ေတြက ဆိုးသြမ္းမိုက္မဲတဲ့လူမွမဟုတ္တာဘဲ။ ကြၽန္ေတာ္တို႔စည္းနဲ႔ကမ္းနဲ႔ေနရတာ။ စည္းနဲ႔ကမ္းနဲ႔ ေနရတာ ပိုေတာင္မျဖစ္ႏိုင္ပါဘူး။ သို႔ေသာ္လည္း ဆြမ္းဆန္ထဲႂကြက္ေခ်းေရာဆိုတဲ့ ဥပမာလုိပဲ တခ်ဳိ႕ဟာေတြေတာ့ ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။ တစ္ေယာက္ႏွစ္ေယာက္စေတာ့ျဖစ္ႏိုင္ပါတယ္။ လုံးဝ absolute ကြၽန္ေတာ္မေျပာဘူး။ တခ်ဳိ႕ဟာေတြ ျဖစ္ႏိုင္ပါတယ္။ ဥပမာ ႐ိုက္တာႏွက္တာေတြျဖစ္ႏိုင္တယ္။ လုယက္တာေတြ ျဖစ္ႏိုင္တယ္။ အဓမၼမႈလည္း ျဖစ္ေကာင္းျဖစ္ႏုိင္တာေပါ့။ သို႔ေသာ္ သက္ေသျပန္ျပ၊ ကြၽန္ေတာ္တို႔ကုိ အေထာက္အထားနဲ႔ျပ။ ကြၽန္ေတာ္တို႔အေရးယူမယ္။ အဲလုိမွ မဟုတ္ဘဲနဲ႔ လူသိကၡာက်ေအာင္ ေလွ်ာက္ေျပာတာမ်ဳိးဆိုတာေတာ့ ဒါေတာ့မျဖစ္ႏိုင္ဘူး။ မေကာင္းဘူးေပ့ါ။ ေနာက္တစ္ခု ကလည္း ထြက္ဆိုခ်က္ဆိုတာအမ်ဳိးမ်ဳိး ဒါလည္းေတာ္ေတာ္မ်ားမ်ားေျပာၾကပါတယ္။ တခ်ဳိ႕အဖြဲ႕အစည္းေတြ ဘဂၤလားေဒ့ရွ္ကို သြားၿပီးေမးတဲ့အခါမွာ တစ္ႀကိမ္နဲ႔တစ္ႀကိမ္မတူဘူး။ ေနာက္တစ္ခုက တစ္ေနရာနဲ႔တစ္ေနရာမွာ တစ္ထပ္တည္းေျပာေနတာ။ တစ္ထပ္တည္းေျပာတာေပါ့။ ဟိုမွာလည္း ဒါပဲေျပာတယ္။ ဒီေနရာမွာလည္း ဒါပဲေျပာတယ္။ ဒါမ်ဳိးေတြ သြားေတြ႕တဲ့အခါက်ေတာ့ သင္ေပးထားတဲ့သေဘာမ်ဳိးေျပာတာေပါ့။ ဒါကေတာ့ သင္ေပးထားတဲ့အတိုင္းေျပာတာ။ ေနာက္တစ္ခါေျပာတဲ့ အေၾကာင္းအရာ ေတြက ဒီပထမအႀကိမ္ ေမးတဲ့အခ်ိန္မွာတစ္မ်ဳိးေျပာတယ္။ ဒုတိယအႀကိမ္ ေမးတဲ့အခ်ိန္ တစ္မ်ဳိးေျပာတယ္ဆိုကတည္းက သူ႔စိတ္ထဲမွာ တကယ္ခံစားခဲ့ရတာမဟုတ္ဘူး။ မဟုတ္ဘဲနဲ႔ သူကသူ႔ကိုေျပာျပထားတဲ့ အတိုင္းေျပာတာေပါ့။ ဒီလိုျဖစ္တဲ့ အေၾကာင္း လုံးဝခုိင္မာမႈမရွိဘူးဆိုတာ ကြၽန္ေတာ္တို႔ေတြ႕တယ္။ အဲဒါလည္း ျမန္မာႏိုင္ငံထဲမွာ စစ္တဲ့အခ်ိန္မွာလည္း ကြၽန္ေတာ္တို႔ေတြ႕တယ္။ ကြၽန္ေတာ္တို႔ တပ္မေတာ္က စစ္တဲ့အဖဲြ႕ေတြေရာ၊ အရပ္ဘက္စစ္ေဆးတဲ့ အဖြဲ႕ေတြေရာ၊ ေနာက္သက္ဆိုင္ရာသံ႐ုံးေတြနဲ႔သြားတဲ့အခ်ိန္ သူတို႔သတိျပဳမိတယ္။ ဒီအဖြဲ႕အစည္းေတြနဲ႔ မီဒီယာေတြလည္း သတိျပဳမိတယ္။ တစ္ေနရာမွာတစ္မ်ဳိးေျပာတယ္။ ေနာက္တစ္ေနရာမွာတစ္မ်ဳိးေျပာတယ္။ တစ္ေနရာမွာ ဒီပုံစံအတိုင္းပဲ တစ္ေျပးညီေျပာတယ္။ အဲဒါ ဒီအတိုင္းေျပာလိုက္ေလဆိုၿပီးေတာ့ ေျပာတဲ့စကားေတာင္မွ ေနာက္ကေနၿပီးေတာ့ တျခားတစ္ေယာက္ကေန ေျပာတာေတာင္မွ ကြၽန္ေတာ္တို႔ အသံေတြ ၾကားရတာရွိပါတယ္။ ဒါေၾကာင့္ သူတို႔ထြက္ဆိုခ်က္ကေတာ့ ဘယ္လိုမွ ခုိင္လုံမႈ မရွိႏိုင္ဘူးဆုိတာ ကြၽန္ေတာ္တို႔ ေျပာလိုပါတယ္။ သူတို႔ ျပန္လာေရးကိစၥေပါ့ေနာ္။ ကြၽန္ေတာ္တို႔လည္း ျပန္လာဖို႔လက္ခံဖို႔လည္း ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံမွာေနလာခဲ့တယ္ဆိုတဲ့ သက္ေသအေထာက္အထားတစ္ခုျပႏိုင္တယ္ ဆိုလုိ႔ရွိရင္ ကြၽန္ေတာ္တို႔ လက္ခံမယ္လို႔ ေျပာထားတာရွိတယ္။ သုိ႔ေသာ္လည္းပဲ သူတို႔ကိုယ္တိုင္ဆႏၵရွိတဲ့သူျဖစ္ရမယ္။ ျပစ္မႈက်ဴးလြန္တဲ့သူဆို ကြၽန္ေတာ္တို႔ မျဖစ္ႏိုင္ဘူး။ ကြၽန္ေတာ္တို႔ ေျပာတာသေဘာတူညီခ်က္ အေသးစိတ္ေတာ့ အမ်ားႀကီး ရိွပါတယ္ဗ်ာ။ သုိ႔ေသာ္လည္းပဲ သူတို႔ကိုလက္မခံဘူး စကားတစ္ခြန္းမွမေျပာဘူး။ အခုလည္း လက္ခံေနတယ္။ ၿပီးခဲ့တဲ့ ၂ဝ၁၈ ခုႏွစ္၊ ဇန္နဝါရီလ ေလာက္ကတည္းက အဆင္သင့္ျဖစ္ၿပီလို႔ ကြၽန္ေတာ္တို႔ေျပာထားတယ္။ ကြၽန္ေတာ္ Date ေတာ့မမွတ္မိဘူး။ ဇန္နဝါရီ ၂၃ လား၊ ေဖေဖာ္ဝါရီ ၂၃ လားမသိဘူး။ အဲဒီမွာ ကြၽန္ေတာ္တို႔တိုင္းျပည္က အဆင္သင့္ ျဖစ္ၿပီလို႔ေျပာခဲ့တယ္။ လာပါလုိ႔လည္းေျပာတယ္။ အဲဒီမွာ ကြၽန္ေတာ္တို႔အဆင္သင့္မျဖစ္ဘူးဆိုၿပီးေတာ့ သူတုိ႔အေၾကာင္း အမ်ဳိးမ်ဳိးျပတယ္။ ဘာမွလည္းမလာဘူး။ မလာဘဲနဲ႔ ေလွ်ာက္ေျပာတာ။ လာမယ္လုပ္ၿပီးေတာ့ လာမယ့္အစီအစဥ္ပ်က္သြားတာေပါ့။ ဒီလိုလည္း ျဖစ္ခဲ့ဖူးတယ္။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔ လက္မခံဘူးဆိုတဲ့ စကားအရင္လည္းမေျပာခဲ့ဘူး။ အခုလည္းမေျပာဘူး။ စည္းနဲ႔ကမ္းနဲ႔ လာခဲ့ ကြၽန္ေတာ္တို႔စနစ္တက်စိစစ္ၿပီး လက္ခံေပးမယ္လို႔ ကြၽန္ေတာ္တို႔ေျပာခဲ့တယ္။ ျပန္လည္ေနရာခ်ထားေရးအတြက္လည္း ကြၽန္ေတာ္တို႔အကုန္လုံးျပင္ထားတာရွိတယ္။ သူတို႔လုံၿခံဳေရးအတြက္လည္း ကြၽန္ေတာ္တို႔သက္ဆိုင္ရာ လုံၿခံဳေရး အဖြဲ႕အစည္း ေတြနဲ႔ တာဝန္ရွိတဲ့သူေတြလည္း အကုန္လံုး စီစဥ္ေပးထားတယ္ဆိုတာ ေျပာလုိပါတယ္။ ကြၽန္ေတာ္တို႔က ႏွစ္ႏိုင္ငံသေဘာ တူညီခ်က္မွာ ျပန္လာမယ့္သူနဲ႔ပတ္သက္ၿပီးေတာ့ ျဖည့္ရမယ့္ Form ေတြရွိတယ္။ ဒီ Form ေတြ ဒီအတိုင္းပဲ ျဖည့္ၿပီးေပးပါဆိုၿပီး Form ေတြက ဒီအတုိင္း မလာတာေတြေတြ႕တယ္။ တကယ္ကို လာခ်င္လုိ႔ ဆႏၵျပင္းျပေနတယ္ဆိုရင္ ဘဂၤါလီ-ဟိႏၵဴေတြရွိတယ္။ ဟိႏၵဴ-ဘဂၤါလီေတြရွိတယ္။ ဘဂၤါလီ-မြတ္စလင္ မဟုတ္ဘူး အစၥလာမ္မဟုတ္ဘူး။ ဘဂၤါလီ-ဟိႏၵဴေတြရွိတယ္။ ဘဂၤါလီ ေတြမွာလည္း ဟိႏၵဴကိုးကြယ္တဲ့ လူအစၥလာမ္ ကိုးကြယ္တဲ့လူေတြရွိတယ္။ ဟိႏၵဴေတြက လာခ်င္တယ္ေျပာတယ္။ မလႊတ္ဘူး။ ဘာျဖစ္လုိ႔မလႊတ္တာလဲေမးစရာရွိတာေပါ့။ တစ္ဖက္က သက္ဆိုင္တဲ့သူေတြကလည္း ဒါေတြတိုက္တြန္းတယ္။ သူတုိ႔ကိုလည္း လုပ္ေပးပါ။သူတုိ႔ဒါကိုလံုးဝမေပးဘူး။ ဒါေတြက ထည့္သြင္းစဥ္းစားရမယ့္ အခ်က္ေတြပါ။ ဘာေၾကာင့္လဲဆိုတာကို ထည့္သြင္းစဥ္းစားစရာပါ။

Mr.Ryuta SOMETAYA ။ ။ လြန္ခဲ့တဲ့ ၂ ႏွစ္၊ ၂ဝ၁၇ ေနာက္ပိုင္းမွာဆိုရင္ ႏုိင္ငံတကာကေနၿပီးေတာ့ ျမန္မာ့တပ္မေတာ္အေပၚကို သံသယနဲ႔ စံုစမ္းေထာက္လွမ္းမႈေတြ လုပ္လာၾကတယ္။ အဲဒီအခ်ိန္မွာပဲ အင္းဒင္ရြာအေၾကာင္းအရာလည္း ေပၚထြက္လာတဲ့အခါ ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာ ျမန္မာ့တပ္မေတာ္အဖဲြ႕ဝင္ေတြက လူအစုလုိက္အၿပံဳလိုက္သတ္မႈႀကီးကို မက်ဴးလြန္ခဲ့ဘူးဆိုတာကို ဘယ္လိုမ်ားေျပာခ်င္ပါသလဲ။ ေနာက္ၿပီးေတာ့ ျမန္မာႏုိင္ငံအစိုးရနဲ႔ ႏုိင္ငံတကာၾကားမွာ ဆိုလို႔ရွိရင္ ဘယ္အခ်က္အလက္ေတြက လစ္ဟာေနတဲ့အခ်က္အလက္ေတြရွိေနတယ္လုိ႔ထင္ပါသလဲ။ သူတုိ႔လက္ခံယံုၾကည္လာေအာင္ ဘယ္လိုမ်ားေျပာခ်င္ပါသလဲ။

ဗိုလ္ခ်ဳပ္မွဴးႀကီး ။ ။ ေစာေစာကေျပာတဲ့ အင္းဒင္ကိစၥမ်ဳိးဆိုတာက တကယ္လည္းျဖစ္ခဲ့တဲ့ဟာပါ။ တျခားေနရာမွာလည္း မျဖစ္ဘူးလား၊ ျဖစ္လားဆိုတာကို ကြၽန္ေတာ္တုိ႔အေနနဲ႔ သက္ေသအေထာက္အထား ဘာတစ္ခုမွမရွိဘူး။ အစုလိုက္အၿပံဳလိုက္ မသတ္ခဲ့ဘူးလား ေမးရင္ေတာ့ ေစာေစာကေျပာတဲ့လံုၿခံဳေရးစခန္းေတြလာၿပီး ေႏွာင့္ယွက္တယ္၊ တုိက္ခိုက္တဲ့အခ်ိန္၊ ျပည္သူလူထုကိုလာၿပီး ေႏွာင့္ယွက္တိုက္ခိုက္ခ်ိန္မွာေတာ့ ခုခံပစ္ခတ္ရင္း ေသတာေတြေတာ့ရွိတာေပါ့။ ဒါေတြလည္း ကြၽန္ေတာ္တုိ႔ အဲအခ်ိန္မွာ တစ္ခါတည္းသတင္း ထုတ္ျပန္ေပးခဲ့တာေတြရွိပါတယ္။ ဒါကလိမ္ထားလုိ႔လည္း မရပါဘူး။ ဘယ္လိုပဲျဖစ္ျဖစ္ ဒါကေတာ့ ျဖစ္တဲ့ကာလကလည္း မိုးတြင္းကာလျဖစ္တာေပါ့။ ၾသဂုတ္လ၊ စက္တင္ဘာလ ၂ လမွာ အျပင္းထန္ဆံုး ျဖစ္ခဲ့တာေပါ့။ မိုးတြင္းကာလဆိုေတာ့ ေတာ္ေတာ္ႀကီးကို ကြၽန္ေတာ္တုိ႔ ႐ႈပ္ေထြးပါတယ္။ ေမွာင္မည္းေနတာေပါ့။ ရာသီဥတုလည္း အင္မတန္ဆိုးတဲ့ေနရာေပါ့။ အဲႏွစ္ကလည္း မိုးေတာ္ေတာ္ရြာတဲ့ႏွစ္ျဖစ္ပါတယ္။ ဒါနဲ႔ပတ္သက္ၿပီးေတာ့ စံုစမ္းစစ္ေဆးဖုိ႔ လုပ္တဲ့အခါမွာလည္း ကြၽန္ေတာ္တုိ႔တပ္မေတာ္ကလုပ္တယ္။ ႏုိင္ငံေတာ္အစိုးရ ပိုင္းကလုပ္တယ္။ ရဲအပိုင္း ကလည္း လုပ္ပါတယ္။ ကြၽန္ေတာ္တုိ႔ပဲထုတ္ျပန္ေၾကညာေပးခဲ့တယ္။ ကြၽန္ေတာ္တုိ႔ စံုစမ္းစစ္ေဆးေရးနဲ႔ ပတ္သက္ရင္ ထုတ္ျပန္ခ်က္သည္ မွန္ကန္တဲ့သက္ေသအေပၚမွာမူတည္ၿပီး မွန္ကန္တဲ့ဆံုးျဖတ္ခ်က္၊ ေတြ႕ရွိခ်က္ပဲထုတ္ျပန္ပါတယ္။ ကြၽန္ေတာ္တုိ႔ ဒါနဲ႔ပတ္သက္ၿပီး ဘာမွေျပာစရာေတာ့မရွိဘူး။ သုိ႔ေသာ္ ဒါေတြအေပၚ မလံုေလာက္လုိ႔ဆိုၿပီး ႏုိင္ငံတကာ ေလ့လာေရး အဖြဲ႕ေတြ၊ စံုစမ္းေရးအဖဲြ႕ေတြ လုပ္ေနတာေတြရွိပါတယ္။ လြတ္လပ္တဲ့ စံုစမ္းေရးအဖြဲ႕ေတြ လုပ္ေနတာေတြ ရွိပါတယ္။ ဖိလစ္ပိုင္က ဒုတိယႏုိင္ငံျခားေရး ဝန္ႀကီးေဟာင္းႏွင့္ ဂ်ပန္ႏုိင္ငံက သံအမတ္ႀကီးေဟာင္း ေခါင္းေဆာင္တဲ့အဖြဲ႕ေတြနဲ႔ လုပ္ေနတာေတြရွိပါတယ္။ လြတ္လြတ္လပ္လပ္လုပ္ေနတာပဲ။ ကြၽန္ေတာ္တုိ႔လည္း ေတြ႕ရွိခ်က္ေတြ အကုန္လံုးေပးတယ္။ ကြၽန္ေတာ္တုိ႔ ေတြ႕ရွိခ်က္တင္ မဟုတ္ဘူး ကြၽန္ေတာ္တုိ႔စစ္ေဆးတဲ့ အခါမွာ ေခၚယူခဲ့တဲ့ သက္ေသေတြ အမ်ားႀကီးရွိတယ္။ ႀကိဳက္တဲ့လူကို ခင္ဗ်ားတုိ႔ေခၚေမးလို႔ ကြၽန္ေတာ္ေျပာလိုတယ္။ ဒါ ျပည္တြင္းသက္ေသပဲ၊ ကြၽန္ေတာ္တုိ႔ ဟိုမွာသြားစစ္တယ္ ဆိုတာ သူတုိ႔ရဲ႕သေဘာေပါ့။ ဟိုဘက္သြားရင္ေတာ့ သူတုိ႔က ဟိုဘက္က သင္ထားသလိုေျပာမွာ။ ဒီဘက္ကလူေတြကေတာ့ သင္ထားတဲ့အတုိင္းေျပာလို႔မရဘူး။ ကြၽန္ေတာ္တုိ႔က ေနရာေဒသလည္းမတူဘူး။ အခ်ိန္ေတြလည္းမတူဘူး။ အေျခအေန အမ်ဳိးမ်ဳိး၊ အခ်ိန္အမ်ဳိးမ်ဳိးမွာ ကြၽန္ေတာ္တုိ႔က ေမးတဲ့လူေတြျဖစ္တယ္။ ကြၽန္ေတာ္ထင္တယ္ သက္ေသေပါင္း ၃ဝဝဝ ေက်ာ္ေလာက္ရွိတယ္။ ေရးၿပီးယူထားတာေတာ့ ၈ဝဝ ေလာက္ရွိတယ္။ Written ယူတဲ့ သက္ေသေပါင္း ၈ဝဝ ေလာက္ရွိတယ္။ ဘယ္လိုမွကို လိမ္လုိ႔မရဘူး။ ဒီအခ်က္ေတြကို ကြၽန္ေတာ္တုိ႔ေပးထားၿပီးၿပီ။ မခိုင္လံုဘူးေျပာေတာ့လည္း ကြၽန္ေတာ္တုိ႔ဘယ္လို သြားေျပာမလဲ။ အခုလြတ္လပ္တဲ့စံုစမ္းစစ္ေဆးေရးအဖြဲ႕လည္း သူတုိ႔လုပ္ေနၾကတယ္။ ကြၽန္ေတာ္တုိ႔ ဒီလ February လကုန္ထိ သူတုိ႔အခ်ိန္ေပးထားတယ္လို႔ေျပာပါတယ္။ ကြၽန္ေတာ္တုိ႔လည္း အတတ္ႏုိင္ဆံုး ကူညီေပးတယ္။ ႏုိင္ငံတကာကယံုၾကည္ေအာင္ ဆိုတာကလည္း ႏုိင္ငံတကာက ရရွိတဲ့ အခ်က္အလက္ေတြကလည္း သူတုိ႔က တစ္ဖက္ကရတဲ့အခ်က္အလက္ေပၚ မူတည္ၿပီးေျပာတာ။ ကြၽန္ေတာ္တုိ႔လည္း ကြၽန္ေတာ္တုိ႔မွာရတဲ့အခ်က္အလက္ေတြကို ကြၽန္ေတာ္တုိ႔ေျပာတာ။ ဆင္ျခင္တံုတရားနဲ႔ ဆံုးျဖတ္ေပါ့။တစ္ဖက္သတ္ႀကီးေတာ့ေျပာလို႔ေတာ့မရဘူး။ သူတုိ႔လိုခ်င္တာကို တစ္ဖက္သတ္ေျပာလို႔မရဘူး။ တခ်ဳိ႕ေျပာေနတဲ့ အခ်က္အလက္ေတြက တစ္ဖက္သတ္ေျပာေနတာေတြရွိတယ္။ တစ္ဖက္သတ္ စြပ္စြဲေနတာေတြရွိတယ္။ ဘယ္လိုနည္းနဲ႔မွ မျဖစ္ႏုိင္ဘူးဆိုတာ ကြၽန္ေတာ္တို႔သိတယ္။ ပတ္ဝန္းက်င္ႏိုင္ငံေတြ ကလည္းသိတယ္။ ကြၽန္ေတာ္တုိ႔ ကိုယ္တုိင္လည္းသိတယ္။ ဒါေပမဲ့ အေနာက္ႏုိင္ငံေတြက်ေတာ့ ဒါပဲထပ္တလဲလဲေျပာေနၾကတယ္။ ဥပမာအားျဖင့္ တစ္ခုရွိေသးတယ္။ ဒီျဖစ္စဥ္ျဖစ္တဲ့ အခ်ိန္မွာ ဟိႏၵဴ ၉၂ ေယာက္၊ ရဲေဘာက္က်ေက်းရြာက ဟိႏၵဴေတြ အသတ္ခံရတာရွိတယ္။ အေလာင္း ၄ဝ ေက်ာ္ေတာ့ ျပန္ရတယ္။ က်န္တဲ့ဟာေတြက အေလာင္းေတြမေတြ႕ဘူး။ အသတ္ခံရတာက အမွန္ေတြ။ သက္ေသေတြ ကြၽန္ေတာ္တုိ႔ဆီမွာ အကုန္လံုးရွိတယ္။ဟိႏၵဴသက္ေသေတြအကုန္လံုးရွိတယ္။ သူတုိ႔ဟိုဘက္ကို ေျပးသြားတယ္။ ဟိုဘက္ကေန ကြၽန္ေတာ္တုိ႔ ရေအာင္ ျပန္ေခၚတယ္။ ဘဂၤလားေဒ့ရွ္ကို ထြက္ေျပးသြားတယ္။သူတုိ႔အဲဒီမွာလည္း အမ်ဳိးစံုသူတုိ႔ေျပာရင္ေတာ့ လူ႔အခြင့္အေရးႏွင့္ ပတ္သက္လုိ႔ အမ်ဳိးစံုသူတုိ႔ ခ်ဳိးေဖာက္ျခင္းခံခဲ့ရတဲ့ အမ်ဳိးသမီးေတြရွိတယ္။ ဒီလူေတြကြၽန္ေတာ္တု႔ိ ဒီအမ်ဳိးသမီးေတြကို ကြၽန္ေတာ္တုိ႔ျမန္မာျပည္ဘက္ ရေအာင္ျပန္ေခၚၿပီးေတာ့ သူတုိ႔ကိုေမးျမန္းတဲ့ အခါမွာ သူတုိ႔ေယာက္်ားေတြ၊ မိသားစုဝင္ေတြ သူတုိ႔ေရွ႕မွာ အသတ္ခံရတဲ့ဟာေတြ သူတုိ႔အကုန္လံုးေျပာတယ္။ ဒါေတြကိုတာဝန္ မရွိဘူးလား၊ တာဝန္ မယူဘူးလား၊ ဒီဟာကိုဘယ္သူက တာဝန္ယူမလဲ။ ဒါသူတုိ႔ဘဂၤါလီေတြ၊ အၾကမ္းဖက္တဲ့လူေတြ သတ္သြားတာပဲ။ ARSA အဖြဲ႕ေတြနဲ႔ေပါင္းၿပီး သတ္သြားတာပဲ။ ဒါ ျမန္မာႏိုင္ငံမွာေနထိုင္ၾကတဲ့ ဘဂၤါလီ-ဟိႏၵဴေတြပဲ။ ထုိ႔အတူပဲ အဲ့ေဒသမွာရွိတဲ့ ရခိုင္ေတြ၊ တျခားတုိင္းရင္းသားေတြ ၿမိဳတုိ႔၊ ခမီတုိ႔၊ ဒိုင္းနက္တုိ႔ တုိင္းရင္းသားအမ်ဳိးအႏြယ္ေတြရွိတယ္။ အဲ့လူေတြလည္း အသတ္ခံရတာေတြ အမ်ားႀကီးရွိတယ္။ ဒါေတြကိုေရာဘယ္လိုလုပ္မလဲ။ ဒီလူေတြအသတ္ခံရတာကို ကြၽန္ေတာ္တုိ႔က ဒီအတုိင္းပဲ ၾကည့္ေနရမွာလား။သူတုိ႔ကိုမေဖာ္ထုတ္ေပးဘူးလား။ ကြၽန္ေတာ္တုိ႔ တပ္မေတာ္လံုၿခံဳေရး အဖဲြ႕ေတြကို လုပ္တာတစ္ခုပဲ စြပ္စြဲအျပစ္တင္ေနမွာလား။ ဒါေတြလည္း ထည့္သြင္းစဥ္းစားရမွာျဖစ္ပါတယ္။

Mr.Ryuta SOMETAYA။ ။ ယခုလတ္တေလာမွာ ျမန္မာ့တပ္မေတာ္ကေနၿပီး တုိင္းရင္းသားလက္နက္ကိုင္အဖဲြ႕အစည္းေတြနဲ႔ ၄ လတာအပစ္အခတ္ရပ္စဲထားပါတယ္။ ဘာေၾကာင့္မ်ား အဲဒီလိုဆံုးျဖတ္ခ်က္ကိုခ်ျဖစ္တာပါလဲ။ ေနာက္ၿပီးေတာ့ တုိင္းရင္းသား လက္နက္ကိုင္အဖြဲ႕အစည္းေတြဟာဆိုလုိ႔ရွိရင္လည္း ၿငိမ္းခ်မ္းေရးစာခ်ဳပ္မွာ လက္မွတ္ထိုးဖုိ႔ ျငင္းဆန္ေနၾကတာျဖစ္ပါတယ္။ အဲဒါ သူတုိ႔နဲ႔ဘယ္လိုေဆြးေႏြးညိႇႏႈိင္းမလဲ၊ ေနာက္ၿပီးေတာ့ ဒီစာခ်ဳပ္မွာပါဝင္လာေစဖို႔ ဘယ္လိုမ်ားသူတုိ႔နဲ႔ ေဆြးေႏြးေျပာဆို မွာပါလဲ။ ေနာက္ၿပီးေတာ့ တ႐ုတ္ႏုိင္ငံရဲ႕အကူအညီကို ရယူလိုပါသလား။

ဗိုလ္ခ်ဳပ္မွဴးႀကီး ။ ။ နည္းနည္းေတာ့က်ယ္ျပန္႔တာေပါ့။ တုိင္းရင္းသားလက္နက္ကိုင္နဲ႔ပတ္သက္ၿပီး ၿငိမ္းခ်မ္းေရးယူခဲ့တာ ႏွစ္ေပါင္းမ်ားစြာထဲကျဖစ္တယ္။ ၁၉၄၈ ခုႏွစ္ လြတ္လပ္ေရးရၿပီးကတည္းက တုိင္းရင္းသားလက္နက္ကိုင္ပဋိပကၡေတြက တုိင္းရင္းသားေရးရာေၾကာင့္၊ ႏိုင္ငံေရးေၾကာင့္ဆိုၿပီးေတာ့ သေဘာထားကြဲလြဲလုိ႔ ျဖစ္တာလည္းပါတယ္။ တုိင္းရင္းသား လက္နက္ကိုင္ ပဋိပကၡေတြ ျဖစ္လာတယ္။ ကြၽန္ေတာ္တုိ႔ ဖဆပလအစိုးရေပါ့ဗ်ာ။ ပါလီမန္ဒီမိုကေရစီအစိုးရလက္ထက္မွာေရာ ေတာ္လွန္ေရးေကာင္စီေခတ္မွာေရာ ျမန္မာ့ဆိုရွယ္လစ္လမ္းစဥ္ပါတီေခတ္မွာေရာ တပ္မေတာ္အစိုးရေခတ္မွာေရာ အစိုးရသစ္ လက္ထက္မွာေရာ ၿငိမ္းခ်မ္းေရးေတြေဆြးေႏြးခဲ့တာရွိတယ္။ ေအာင္ျမင္တဲ့ဟာေတြရွိတယ္။ မေအာင္ျမင္တဲ့ ဟာေတြလည္း ရွိတာေပါ့။ တခ်ဳိ႕လည္း စစ္ေရးအရကြၽန္ေတာ္တုိ႔က လုပ္တဲ့အခါက်ေတာ့လည္း အားလုံးက နယ္စပ္ေဒသကို ေရာက္သြားတာေပါ့။ ျပည္တြင္းမွာေတာ့ တိုင္းရင္းသားလက္နက္ကိုင္နဲ႔ ပတ္သက္တာဘာတစ္ခုမွမရွိဘူး။ နယ္စပ္ေဒသေတြမွာပဲ ရွိတယ္။ မ်ားေသာအားျဖင့္ေတာ့ အေရွ႕ေျမာက္ေဒသ၊ အေရွ႕ေတာင္ေဒသ၊ အေနာက္ေျမာက္ပိုင္းေဒသ ဒါေတြမွာ သြားရွိေနတာရွိပါတယ္။ ၿငိမ္းခ်မ္းေရး ကြၽန္ေတာ္ေဆြးေႏြးတဲ့အခါက်ေတာ့ သူတုိ႔လိုလားခ်က္ကိုေျပာတဲ့အခ်ိန္မွာ တိုက္ပြဲေတြျဖစ္ေနလုိ႔ ကြၽန္ေတာ္တုိ႔က လုပ္ရတာခက္ပါတယ္ဆိုတဲ့ဟာကို သူတုိ႔ေျပာပါတယ္။ တိုက္ပြဲေတြရပ္ေပးပါ။ အဲ့ဒါဆို ကြၽန္ေတာ္တုိ႔ေဆြးေႏြးမယ္ဆိုၿပီးျဖစ္လာတယ္။ ဒါက ပထမဦးဆုံး ေျမာက္ပိုင္းမဟာမိတ္အဖြဲ႕ေတြ သုံးပါတီက၊ သုံးဖြဲ႕က စဖြဲ႕စည္းၿပီးေၾကညာခဲ့တာပါ။ ကြၽန္ေတာ္တုိ႔ကလည္း ဒီသုံးဖြဲ႕တည္းေတာ့ မလုံေလာက္ဘူး။ NCA လက္မွတ္မထိုးရေသးတဲ့ အဖြဲ႕ေတြရွိတဲ့အခါက်ေတာ့ ပစ္ခတ္မႈေၾကာင့္ေဆြးေႏြးလုိ႔မရဘူးဆိုရင္ ငါတုိ႔အပစ္အခတ္ရပ္စဲေပးမယ္။ ေဆြးေႏြး၊ တကယ္ၿငိမ္းခ်မ္းေရး လိုခ်င္လုိ႔ရွိရင္ ခင္ဗ်ားတုိ႔ေဆြးေႏြးကို ေဆြးေႏြးရမယ္။ ကြၽန္ေတာ္တုိ႔သြားေနတဲ့ ပါတီစုံဒီမိုကေရစီ လမ္းေၾကာင္းက ဒီအေပၚမွာေသြဖည္လုိ႔မရဘူး။ ဒါ ျပည္သူက ေရြးခ်ယ္တဲ့လမ္းေၾကာင္း၊ ဒီအေပၚမွာပဲသြားရမယ္။ ဒီမိုကေရစီ နည္းလမ္းတက် စနစ္တက်လုပ္ဖုိ႔ပဲအေရးႀကီးတယ္။ အခုအဲဒီဟာ မလုပ္တဲ့အတြက္ေၾကာင့္ ျပႆနာေတြတက္ေနၾကတယ္။ ဒါေတြက အေျခအေနေတြ ဘယ္လိုမွကိုမေကာင္းႏုိင္ဘူး။ ဆိုလိုခ်င္တာကေတာ့ ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ကြၽန္ေတာ္တုိ႔ေဆြးေႏြး၊ ႏုိင္ငံေရးအရ လိုအပ္ခ်က္ကိုေဆြးေႏြးလုိ႔ရွိရင္ လက္နက္ကိုင္ၿပီး ေဆြးေႏြးလုိ႔ေတာ့မရဘူး။ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းေဆြးေႏြး။ ဒါေၾကာင့္ NCA လက္မွတ္ထိုးပါ။ ကြၽန္ေတာ္တုိ႔ေျပာတယ္၊ လက္နက္ကိုင္လမ္းစဥ္စြန္႔ပါ။ ႏုိင္ငံေရးအရေဆြးေႏြးဖုိ႔ အတြက္ လႊတ္ေတာ္ေတြ ရွိတာပဲ။ အဲ့ဒီမွာ တခ်ဳိ႕က ခင္ဗ်ားခုနကပထမဦးဆုံးေမးတဲ့ ဖြဲ႕စည္းပုံအေျခခံ ဥပေဒျပင္ဆင္ေရးကိစၥဆိုတာ ဒီလိုမ်ဳိး ဆက္စပ္ေနတာပဲ၊ ဒီဟာနဲ႔ဆက္စပ္ေနတာပဲ။ ကြၽန္ေတာ္တုိ႔အေနနဲ႔ကေတာ့ သူတုိ႔ရဲ႕အျပဳသေဘာေဆာင္တဲ့ ႏုိင္ငံေရး ေဆြးေႏြးမႈေတြ သြားေစခ်င္လုိ႔ ၿငိမ္းခ်မ္းေရးလုပ္ေပးလိုက္တာေပါ့။ လက္နက္ကိုင္ၿပီးေတာ့ လုပ္မယ္ဆိုတာမ်ဳိးေတာ့ ဒီေခတ္မွာ ဘယ္လိုမွမျဖစ္ႏုိင္ဘူး။ ဒီမွာလည္း တိုင္းရင္းသားက ကြၽန္ေတာ္တုိ႔က တစ္မ်ဳိးတည္း၊ ႏွစ္မ်ဳိးတည္းရွိတာ မဟုတ္ဘူး။ တိုင္းရင္းသားေပါင္း အဓိက တိုင္းရင္းသား ၈ မ်ဳိးနဲ႔ တိုင္းရင္းသားမ်ဳိးကြဲေပါင္း ၁၃ဝ ေက်ာ္ေလာက္ရွိတယ္။ အင္အားနည္းတဲ့ တိုင္းရင္းသား၊ ေထာင္ဂဏန္းေလာက္ရွိတဲ့ တိုင္းရင္းသား၊ အင္အားေသာင္းဂဏန္း၊ သိန္းဂဏန္း၊ သန္းဂဏန္းထိရွိတဲ့ တိုင္းရင္းသားေတြ ရွိတယ္။ သူတုိ႔က အဲ့ဒီတိုင္းရင္းသားမွာလည္း အုပ္စုေတြကြဲေနတာ ေတြရွိတယ္။ ေဒသလည္း မတူညီတာရွိတယ္၊ အယူအဆလည္း မတူညီတာေတြရွိတယ္။ ျမန္မာႏုိင္ငံမွာလည္း တစ္ေနရာတည္းမွာ တိုင္းရင္းသား တစ္မ်ဳိးတည္းေနတာ မဟုတ္ဘူး။ ေနရာအားလုံးမွာ တိုင္းရင္းသားေတြက ေရာေႏွာေနၾကတာ ျဖစ္တယ္။ မ်ားတာနဲ႔ နည္းတာေတာ့ ကြာတာေပါ့။ ဒါေတြကိုဘက္ေပါင္းစုံကကြၽန္ေတာ္တုိ႔စဥ္းစားရမယ္။ ဘက္ေပါင္းစုံကေန စဥ္းစားၿပီးေတာ့မွ ၿငိမ္းခ်မ္းေရးကိုေဆြးေႏြးတာျဖစ္တယ္။ အဲဒီလိုေဆြးေႏြးတဲ့အခါမွာလည္း တစ္ဖြဲ႕နဲ႔တစ္ဖြဲ႕ သေဘာထားကမတူဘူး။ အေျခခံ အေၾကာင္းအရာလည္း မတူဘူးဆိုေတာ့ ကြၽန္ေတာ္တုိ႔ဒီဟာကို ေတာ္ေတာ္ကို အမွားအယြင္း မရွိေအာင္ သတိထားၿပီး ေဆြးေႏြးတာျဖစ္ပါတယ္။ ဒါေၾကာင့္ ၿငိမ္းခ်မ္းေရးမွာလည္း ၄ ခ်က္ကို ကြၽန္ေတာ္ေျပာလိုက္တယ္။ တစ္အခ်က္ကေတာ့ ေပးထားတဲ့ကတိကဝတ္တည္ပါ။ တခ်ဳိ႕ကတိကဝတ္နဲ႔ လုပ္ထားတာရွိတယ္။ တခ်ဳိ႕ ကတိကဝတ္ မရေသးတာရွိတယ္။ ဘယ္လိုနည္းနဲ႔ပဲျဖစ္ျဖစ္ တိုင္းျပည္ၿငိမ္းခ်မ္းေရးေပၚမွာလုပ္မယ္ဆိုတဲ့ဟာ ဒါကတိပဲ။ ဒီေပၚမွာတည္ဖုိ႔ လိုတာေပါ့။ ႏွစ္အခ်က္ကေတာ့ အျမတ္မထုတ္ဖုိ႔လိုတယ္။ ကြၽန္ေတာ္တုိ႔အပစ္အခတ္ရပ္စဲလိုက္ၿပီဆိုတာနဲ႔ မဟုတ္တာေတြ အကုန္လုံး ေလွ်ာက္လုပ္ေတာ့တာပဲ။ အားနည္းခ်က္ေတြသြားေတြ႕တယ္။ ျပည္သူလူထုအေပၚ ဝန္ထုပ္ဝန္ပိုးျဖစ္ေအာင္ ဆက္ေၾကး ေတာင္းတာေတြ၊ လူသစ္စုတာေတြ၊ အႏုိင္က်င့္တာေတြ သူတုိ႔သြားလုပ္တာရွိတယ္။ ေနာက္တည္ဆဲ ဥပေဒေတြကို မေလးစားခ်ဳိးေဖာက္တာေတြ၊ သူတုိ႔ကေျပာတယ္ ငါတုိ႔တိုင္းရင္းသား လက္နက္ကိုင္ေတြမို႔လုိ႔ တည္ဆဲဥပေဒေတြကို လိုက္နာစရာ မလိုဘူးလုိ႔ တခ်ဳိ႕ကယူဆတယ္။ ကဲ လူသတ္မႈျဖစ္လာၿပီ၊ မုဒိမ္းမႈျဖစ္လာၿပီ၊ ရာဇဝတ္မႈ က်ဴးလြန္တာေတြ ဘယ္ဥပေဒနဲ႔ အေရးယူမလဲ။ ဒါေၾကာင့္ ကြၽန္ေတာ္တုိ႔က ဥပေဒကို ေလးစားလိုက္နာဖုိ႔ေျပာတယ္။ မူးယစ္ေဆးဝါးနဲ႔ ပတ္သက္တာေတြျဖစ္လာတယ္။ လူကုန္ကူးမႈေတြျဖစ္လာတယ္။ စသျဖင့္ တိုင္းျပည္ရဲ႕သယံဇာတေတြခိုးထုတ္တာေတြ ျဖစ္လာတယ္။ ဒါေတြကို ဥပေဒကတားျမစ္ထားတာေတြရွိတယ္။ ဒါေတြကို မေလးစားလုိ႔မရဘူး။ ဒီလိုလုပ္ရင္ ကြၽန္ေတာ္တုိ႔က အေရးယူရမယ္။ ဒါေၾကာင့္ ကြၽန္ေတာ္တုိ႔က ဒီစည္းကမ္း ၄ ခ်က္ကိုထည့္ေရးလိုက္တယ္။ ဒါေပမဲ့ အဲဒါေတြကို ကြၽန္ေတာ္တုိ႔ အေပၚမွာ တခ်ဳိ႕တခ်ဳိ႕ဆင္ေျခေပးၾကတာေတြရွိပါတယ္။ ဒီမွာလည္း တစ္ခ်က္ေပါ့ေနာ္ ကြၽန္ေတာ္တုိ႔ အေနနဲ႔ ၿငိမ္းခ်မ္းေရး လုပ္တဲ့အခါမွာ တကယ္႐ုိး႐ုိးသားသားပဲ တိုင္းျပည္ၿငိမ္းခ်မ္းၿပီးေတာ့ တိုင္းျပည္မွာရွိတဲ့အားလုံးက စုစုစည္းစည္း ညီညီ ၫြတ္ၫြတ္နဲ႔ တိုင္းျပည္ကိုတိုးတက္ေအာင္လုပ္မယ္ဆိုတဲ့စိတ္နဲ႔ ကြၽန္ေတာ္တုိ႔သြားတာေပါ့။ ဘာတစ္ခုမွ တျခားရည္ရြယ္ခ်က္ မရွိပါဘူး။ တိုင္းျပည္တည္ၿငိမ္ေအးခ်မ္းမွ တိုင္းျပည္တိုးတက္လာမွာဆိုတာ ကြၽန္ေတာ္ ေျပာလိုပါတယ္။ ေစာေစာက ခင္ဗ်ားကေမးတယ္၊ တ႐ုတ္ႏုိင္ငံက အကူအညီနဲ႔ ပတ္သက္ၿပီးေတာ့ ေမးခဲ့တာေတြရွိတယ္။ တ႐ုတ္ႏုိင္ငံ အေနနဲ႔လည္း အခုအမ်ားႀကီးအကူအညီေပးပါတယ္။ တ႐ုတ္တစ္ႏုိင္ငံတည္းမဟုတ္ဘူး။ အိမ္နီးနားခ်င္း တိုင္းျပည္ေတြက ဥပမာ ထိုင္းႏုိင္ငံကလည္း ကူညီေဆာင္ရြက္မႈရွိတယ္။ အိႏၵိယကလည္း ကူညီေဆာင္ရြက္မႈေပးတာေပါ့။ ဒါကေတာ့ သံတမန္ ဆက္ဆံေရး အိမ္နီးနားခ်င္း တိုင္းျပည္ဆိုတာေတာ့ သူတုိ႔လည္း သူတုိ႔ရဲ႕ေနာက္ေက်ာေတြလုံခ်င္တာေပါ့၊ လုံခ်င္ေတာ့ အကူအညီေတြ ေပးတာေပါ့။ အဓိကအင္အားစုေတြကတ႐ုတ္နယ္စပ္ဘက္မွာရွိတာမွန္ပါတယ္။ တ႐ုတ္ႏုိင္ငံကလည္း ကြၽန္ေတာ္တုိ႔ အေပၚမွာ ၿငိမ္းခ်မ္းေရးနဲ႔ပတ္သက္ၿပီး တြန္းအားေပးတာေတြ အမ်ားႀကီး လုပ္ေပးေနတာကို ကြၽန္ေတာ္ေျပာလို ပါတယ္။ ကြၽန္ေတာ္တုိ႔လည္း ဆက္လက္ေဆာင္ရြက္ ေနတယ္ဆိုတာ ေျပာလိုပါတယ္။ တ႐ုတ္တစ္ႏုိင္ငံတည္း မဟုတ္ဘူး။ ထိုင္းႏုိင္ငံနဲ႔ေရာ၊ အိႏၵိယႏုိင္ငံနဲ႔ေရာ ကြၽန္ေတာ္တုိ႔ဒါေတြနဲ႔ပတ္သက္ၿပီးေတာ့ ပူးေပါင္းေဆာင္ရြက္မႈေတြ ရွိေနပါတယ္ဆိုတာ ကြၽန္ေတာ္ေျပာခ်င္ပါတယ္။

Mr.Ryuta SOMETAYA ။ ။ အမ်ဳိးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ဦးေဆာင္တဲ့အစိုးရလက္ထက္ ဒီအစိုးရေအာက္မွာ ဆိုလုိ႔ရွိရင္ စီးပြားေရးက ထင္သေလာက္တိုးတက္မလာခဲ့ပါဘူး။ ေနာက္ၿပီးေတာ့ၿငိမ္းခ်မ္းေရးျဖစ္စဥ္ဟာဆိုရင္လည္း NLD အစိုးရ အမ်ဳိးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ကတိေပးထားသေလာက္ေကာင္းမလာတာေတြ႕ရပါတယ္။ အဲေတာ့လက္ရွိ အစိုးရ အမ်ဳိးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္နဲ႔ လက္ရွိအစိုးရနဲ႔ေနာက္ၿပီးေတာ့ ႏုိင္ငံေတာ္အတိုင္ပင္ခံရဲ႕ႏုိင္ငံေရးမူဝါဒနဲ႔ ႏုိင္ငံေရး လုပ္ေဆာင္ခ်က္ေတြ အေပၚ ဘယ္လိုမ်ားျမင္ပါသလဲ။ ေနာက္ၿပီးေတာ့ ျပည္သူလူထုေတြထဲမွာဆိုလုိ႔ရွိရင္လည္း ညည္းညဴသံေတြ ၾကားေနရပါတယ္။ သူတုိ႔ရဲ႕စီမံခန္႔ခြဲမႈအေပၚမွာ အဲ့လိုအသံေတြၾကားေနရပါတယ္။ အဲဒါကိုမ်ား ဒီသူ႔ရဲ႕ႏုိင္ငံေရး အေပၚမွာ ဘယ္လိုမ်ား ျမင္ပါသလဲခင္ဗ်ာ။ ႏုိင္ငံေတာ္ အတိုင္ပင္ခံရဲ႕ ႏုိင္ငံေရးအျမင္ကို ေျပာျပေပးပါခင္ဗ်ာ။

ဗိုလ္ခ်ဳပ္မွဴးႀကီး ။ ။ ဒါကေတာ့ ပုဂၢိဳလ္ေရးဆန္တဲ့ ဟာေလးျဖစ္တာေပါ့၊ သာမန္အားျဖင့္ေတာ့ ဒါဟာေျဖဖုိ႔ေတာ့ မေကာင္းပါဘူး၊ သို႔ေသာ္လည္း ကြၽန္ေတာ့္အျမင္ေျပာရရင္ေတာ့ ဒီအမ်ဳိးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္အစိုးရ တက္လာတယ္ ဆိုတာကလည္း ျပည္သူကေရြးခ်ယ္တာပါ။ သူတုိ႔ေပးထားတဲ့ ကတိကဝတ္ေပၚ မူတည္ၿပီးလုပ္တာေပါ့၊ လုပ္ေဆာင္ႏုိင္ျခင္း၊ မလုပ္ေဆာင္ႏုိင္ျခင္း ဆိုတာ သူတုိ႔ရဲ႕ စြမ္းေဆာင္ရည္ေပၚမွာ မူတည္ပါတယ္။ အတိုင္ပင္ခံပုဂၢိဳလ္ရဲ႕ေဆာင္ရြက္မႈေတြနဲ႔ ပတ္သက္ရင္လည္း သူ႔ရဲ႕လုပ္ေဆာင္ခ်က္ အေပၚမွာ မူတည္တာေပါ့၊ ဒါကျပည္သူကျမင္လည္းျမင္ေနရတာေပါ့၊ ျပည္သူလည္း ဆုံးျဖတ္လုိ႔ရတယ္၊ ကြၽန္ေတာ့္အေနနဲ႔ကေတာ့ ျပည္သူကေတာ့ လုပ္သင့္လုပ္ထိုက္တာကို လုပ္ၾကဖုိ႔လိုတယ္လုိ႔ ေျပာလိုပါတယ္။ ကိုယ့္ကိုယ္ ကုိယ္လည္း တိုးတက္ေအာင္လုပ္ရမွာပါပဲ၊ လူတိုင္းကေတာ့ ကိုယ့္ကုိယ္ကိုယ္တုိးတက္ေအာင္ လုပ္ဖို႔တာဝန္ရွိတယ္။ ကိုယ့္ရဲ႕ အဖြဲ႕အစည္း၊ ကိုယ့္ရဲ႕ေဒသေတြလည္း တိုးတက္ေအာင္လုပ္ဖို႔တာဝန္ရွိတာေပါ့၊ အျပစ္တင္တာ ထက္စာရင္ေတာ့ ကြၽန္ေတာ္တို႔ ဒီဟာကို ဘယ္လိုေကာင္းေအာင္ လုပ္မလဲဆိုတဲ့စိတ္နဲ႔ တစ္ဖက္ကလုပ္ရင္ေတာ့ ပိုေကာင္းမလားလို႔ ျမင္တာေပါ့၊ ဒါေပမဲ့့လည္း ဦးေဆာင္တဲ့သူက ပိုၿပီးအေရးႀကီးတာေပါ့။ ဦးေဆာင္တဲ့သူနဲ႔ ဦးေဆာင္တဲ့ အဖြဲ႕အစည္းေပါ့၊ ကြၽန္ေတာ္တို႔ တပ္မေတာ္မွာ ဆိုရင္လည္း ကြၽန္ေတာ္ကအဓိကေပါ့၊ ၿပီးရင္ ကြၽန္ေတာ့္ရဲ႕ဦးေဆာင္တဲ့ Commander ေတြရွိတာေပါ့၊ သူတို႔လည္း အကုန္လံုးက မွန္မွန္ကန္ကန္လုပ္ေဆာင္ၾကပါတယ္။ ကြၽန္ေတာ္တို႔ အဲ့ဒါသာ မွန္မွန္ကန္ကန္ မလုပ္ဘူးဆိုရင္ ကြၽန္ေတာ္တို႔ရဲ႕ Institution မွာ ျပႆနာေတြ၊ အခက္အခဲေတြျဖစ္သြားႏိုင္တာေပါ့။ တိုင္းျပည္မွာေတာ့ ပိုၿပီးက်ယ္ျပန္႔တာေပါ့၊ အမွားအယြင္းနည္းႏိုင္ေလ ပိုၿပီးေကာင္းေလေပါ့။ အမွားအယြင္းမ်ားလာရင္ တိုင္းျပည္ဆံုး႐ႈံးမႈေတြ ျဖစ္သြားႏိုင္တယ္။ ဒါကေတာ့ ျပည္သူကလည္း ဒါေတြ သိထားဖို႔လည္းလိုတယ္။ ဆင္ျခင္ဖို႔လည္းလိုတယ္။ သတိတရားနဲ႔ လုပ္ဖို႔လည္းလိုတယ္လို႔ ကြၽန္ေတာ္တို႔က ဒီလိုပဲျမင္ပါတယ္။ ဒီမွာလည္း အားလံုးျပည့္စုံတယ္ေတာ့ မဟုတ္ဘူး။ လူ႔သေဘာ သဘာဝအရ အားလံုးတညီတၫြတ္တည္း ဆိုတာ ေတာ္ေတာ္ေလး ရွားပါတယ္။ သေဘာထား ကဲြလဲြမႈေတြရွိတယ္၊ သို႔ေသာ္ အတတ္ႏိုင္ဆံုး သေဘာထားေတြ စုစည္းၿပီးေတာ့မွ လုပ္ရပါတယ္။ တပ္မေတာ္ကေတာ့ လက္နက္ကိုင္ အဖြဲ႕အစည္းဆိုေတာ့ ဥပေဒအရ၊ စည္းကမ္းအရ ဒီအတိုင္းပဲ လုပ္ရမယ္ဆိုၿပီးေတာ့ အျပတ္ေျပာလိုက္တာေပါ့။ သို႔ေသာ္လည္း လက္ခံႏိုင္တဲ့ အေနအထားေတာ့ ျဖစ္ရမယ္ေပါ့။ အတင္းအဓမၼႀကီး သြားလုပ္လို႔မရဘူူး။ စည္းကမ္းနဲ႔ လုပ္ၾကတာရွိတယ္။ ႏိုင္ငံကျပည္သူက်ေတာ့ ပိုၿပီးေပ်ာ့ေပ်ာင္းညင္သာဖို႔ လိုတာေပါ့။ တစ္ေယာက္နဲ႔ တစ္ေယာက္ကေတာ့ သေဘာထားဘယ္လိုမွ တူႏိုင္စရာ အေၾကာင္းမရွိဘူး။ ဒါကို ေပါင္းစပ္ညိႇႏိႈင္းၿပီးမွ ဥပေဒနဲ႔ ျပ႒ာန္းၿပီးေတာ့ လုပ္ရတာေပါ့။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔က ဥပေဒဆုိတာ ျပ႒ာန္းလာတာေပါ့။ ဥပေဒနဲ႔မညီၫြတ္ဘဲသြားလုပ္မယ္ဆိုရင္ အတင္းအဓမၼသြားလုပ္မယ္ဆိုရင္ မေက်နပ္ခ်က္ေတြျဖစ္လာမွာဘဲ။ ဥပေဒနဲ႔ ညီၫြတ္ေအာင္လုပ္မယ္။ စည္းကမ္းနဲ႔ညီၫြတ္ေအာင္ လုပ္မယ္ဆုိရင္ေတာ့ လက္မခံစရာအေၾကာင္းေတာ့ မရွိဘူး။ ဒါလည္း ကြၽန္ေတာ္တို႔ အင္မတန္ကိုသတိထားရပါတယ္။

Mr. Ryuta SOMETAYA ။ ။ အခုေနာက္ဆံုးေမးခြန္းကေတာ့ ဂ်ပန္ႏိုင္ငံနဲ႔ သက္ဆိုင္တဲ့ေမးခြန္းပါ။ ဂ်ပန္ႏိုင္ငံဟာ အခုဆိုရင္ၿငိမ္းခ်မ္းေရးျဖစ္စဥ္မွာေရာ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈအတြက္ေရာ ရခိုင္အေရးကိစၥအတြက္ေရာ သူတို႔က ပါဝင္လုပ္ေဆာင္ေနပါတယ္။ ျမန္မာႏိုင္ငံအတြက္ေပါ့ေနာ္။ အနာဂတ္မွာ ဂ်ပန္ႏိုင္ငံနဲ႔ပူးေပါင္းလုပ္ေဆာင္ႏိုင္ဖို႔အတြက္ ဘယ္လိုမ်ား ေမွ်ာ္လင့္ထားပါသလဲ။ ေနာက္ၿပီးေတာ့ ဂ်ပန္ျပည္သူူေတြက ျမန္မာႏိုင္ငံထဲမွာ ဘာေတြျဖစ္ေနသလဲဆိုတာကို သူတို႔ကသိခ်င္ေနၾကပါတယ္။ ဂ်ပန္ျပည္သူေတြကို ျမန္မာႏိုင္ငံရဲ႕ လက္ရွိအေျခအေနမွန္ေတြကို ဘယ္လိုမ်ားေျပာခ်င္ပါသလဲ။

ဗုိလ္ခ်ဳပ္မွဴးႀကီး ။ ။ ဂ်ပန္ႏိုင္ငံအေနနဲ႔ေျပာရရင္ စစ္႐ႈံးႏိုင္ငံတစ္ခုကေန တကယ့္အင္အားႀကီးႏိုင္ငံတစ္ခု ျပန္ၿပီးေတာ့ ျဖစ္လာတာ။ ေျပာရရင္ေတာ့ ျမန္မာႏိုင္ငံရဲ႕ဖြံ႕ၿဖိဳးတိုးတက္မႈနဲ႔ ပတ္သက္ရင္ ဂ်ပန္စစ္ေလ်ာ္ေၾကးကစၿပီးေတာ့ ဂ်ပန္ႏုိင္ငံက တာဝန္ေက်ေအာင္ လုပ္ေပးခဲ့တယ္။ ဂ်ပန္ႏုိင္ငံဟာတာဝန္ေက်တဲ့ႏုိင္ငံတစ္ခုျဖစ္ပါတယ္။ ျမန္မာႏုိင္ငံရဲ႕ ဖြံ႕ၿဖိဳးတုိးတက္ေရး အတြက္လည္း အမ်ားႀကီးအကူအညီေပးခဲ့တာေပါ့။ ျမန္မာႏုိင္ငံရဲ႕ ျဖစ္ပ်က္ေနတဲ့အေျခအေနနဲ႔ပတ္သက္ၿပီးေတာ့ ေျပာရရင္ေတာ့ ျမန္မာႏုိင္ငံ တည္ၿငိမ္ေအးခ်မ္းေရး၊ ႏုိင္ငံေရးအရ တည္ၿငိမ္ေအးခ်မ္းဖို႔ လံုၿခံဳေရးအရ တည္ၿငိမ္ေအးခ်မ္းဖို႔ အတြက္ ဂ်ပန္ႏုိင္ငံနဲ႔ ဂ်ပန္ျပည္သူေတြက ဆက္လက္ပူးေပါင္းေဆာင္ရြက္ေပးဖုိ႔ တစ္ခ်က္ေျပာလုိပါတယ္။ ႏွစ္အခ်က္ကေတာ့ ျမန္မာႏုိင္္ငံမွာ တုိင္းရင္းသားေတြအခ်င္းခ်င္းေတြထဲမွာ ဘာျဖစ္လာသလဲဆုိရင္ ကြာဟမႈေတြ၊ ေဒသတစ္ခုနဲ႔တစ္ခု ကြာဟမႈေတြ ရွိေနတယ္ဆုိၿပီးေတာ့ တိုင္းရင္းသားေတြအျမင္ေျပာတာေပါ့။ ကြာဟမႈေတြဆုိတာ ဘာလဲဆုိေတာ့ သူတို႔တုိင္းေတြ ေဒသေတြက မတုိးတက္ဘူး။ ျမန္မာႏုိင္ငံအလယ္ပုိင္းေဒသေတြကေတာ့ တုိးတက္ေနတယ္။ ဘာျဖစ္လုိ႔လဲဆိုေတာ့ လက္နက္ကုိင္ ပဋိပကၡေတြေၾကာင့္ ကြၽန္ေတာ္တို႔မလုပ္ေပးႏုိင္တာေပါ့။ ေရွ႕ကလုပ္သြား ေနာက္ကဖ်က္ဆီးခံရတာ ဒီလုိျဖစ္လာတယ္။ ဘယ္လုိပဲျဖစ္ျဖစ္ ဒါလည္းေဆြးေႏြးပြဲနဲ႔ ကြၽန္ေတာ္တုိ႔သြားေနရတယ္။ အဲ့ေတာ့ျဖစ္ႏုိင္လုိ႔ရွိရင္ ဒီတုိင္းရင္းသား ေဒသေတြနဲ႔ နယ္ဘက္ေဒသေတြရဲ႕ ပညာေရး၊ က်န္းမာေရး၊ လမ္းပန္းဆက္သြယ္ေရး ဒါေတြကို ပိုၿပီးေတာ့မွေကာင္းေအာင္၊ ၾကားမွာလစ္ဟာေနတဲ့ ေနရာေတြမွာ ဂ်ပန္ႏုိင္ငံအစိုးရအေနနဲ႔ ကူညီေပးမယ္ဆုိရင္ေကာင္းမယ္လုိ႔ ကြၽန္ေတာ္ေျပာခ်င္ပါတယ္။ ေနာက္တစ္ခုက တတိယေမတၱာရပ္ခံခ်င္တာက အလုပ္အကုိင္အခြင့္အလမ္းရေစတဲ့ ကုန္ထုတ္လုပ္မႈ လုပ္ငန္းေတြမွာ ဂ်ပန္ႏုိင္ငံက လာေရာက္ရင္းႏွီးျမႇဳပ္ႏွံမႈေတြ မ်ားမ်ားလုပ္ေစခ်င္တယ္။ အလုပ္အကုိင္အခြင့္အလမ္းေတြ ကုန္ထုတ္လုပ္မႈေတြ ရွိေစခ်င္တယ္။ ကြၽန္ေတာ္တုိ႔မွာ အလုပ္အကုိင္အခြင့္အလမ္းေတြမရွိတဲ့အတြက္ ဝင္ေငြမရွိၾကဘူး။ ဝင္ေငြမရွိတဲ့အတြက္ေၾကာင့္ ဒီျပႆနာေတြျဖစ္လာတယ္။ ဒါေၾကာင့္ အလုပ္အကုိင္အခြင့္အလမ္းေတြ မ်ားမ်ားရွိေစမယ့္ ကုန္ထုတ္လုပ္မႈမ်ဳိးမွာ ဂ်ပန္ႏုိင္ငံ ရင္းႏွီးျမႇဳပ္ႏွံမႈေတြနဲ႔ လုပ္ေစခ်င္တယ္။ ဒါတတိယအခ်က္ေပါ့။ ေနာက္တစ္ခ်က္ စတုတၴအခ်က္ကေတာ့ ဂ်ပန္ျပည္သူေတြ ျမန္မာျပည္ကိုလာပါ၊ ျမန္မာျပည္ရဲ႕အေျခအေနမွန္ကုိလာၾကည့္ပါ။ လာၾကည့္ၿပီးေတာ့ ျမန္မာႏုိင္ငံရဲ႕အေျခအေနအေပၚမွာ သံုးသပ္ဖို႔လည္းလုိတယ္။ Seeing is Believing ျမင္တာက ပုိၿပီးေတာ့ယံုၾကည္စိတ္ခ်ရတယ္။ ဒါေၾကာင့္လာၾကည့္ေစခ်င္တယ္။ ျမန္မာႏုိင္ငံရဲ႕ျဖစ္ေပၚေျပာင္းလဲေနတဲ့ အေျခအေနကို ဒါလည္း ဂ်ပန္ျပည္သူေတြက သိေအာင္လုပ္မယ္ဆုိရင္ ပိုေကာင္းပါတယ္။

Mr.Ryuta SOMETAYA။ ။ ေက်းဇူးတင္ပါတယ္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဂျပန်နိုင်ငံ၊ THE ASAHI SHIMBUN သတင်းဌာနအား လက်ခံတွေ့ဆုံပြီး မေးမြန်းမှုများ ဖြေကြား

နေပြည်တော် ဖေဖော်ဝါရီ ၁၆

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဂျပန်နိုင်ငံ၊ The Asahi Shimbun သတင်းဌာန၊ ရန်ကုန်ဌာနခွဲမှ အကြီးအကဲဖြစ်သူ Mr.Ryuta SOMETAYA အား ၁၄-၂-၂ဝ၁၉ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့သည့်သတင်းအား မြဝတီသတင်းစာတွင် ထည့်သွင်းဖော်ပြ ခဲ့ပြီးဖြစ်ပါသည်။ ထိုသို့ The Asahi Shimbun သတင်းဌာနမှမေးမြန်းသည့်မေးခွန်းများအပေါ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ဖြေကြားချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်

Mr.Ryuta SOMETAYA ။ ။အခုပထမဆုံး မေးချင်တဲ့မေးခွန်းကတော့ အခုလတ်တလောမှာ ရေပန်းစားနေတဲ့ မေးခွန်းတစ်ခု ဖြစ်ပါတယ်။ အဲ့ဒါက အခြေခံဥပဒေအကြောင်းဖြစ်ပါတယ်။ အခုဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကနေပြီးတော့ ဒီအခြေခံ ဖွဲ့စည်းပုံဥပဒေကိုပြင်ဆင်မယ့် ကော်မတီတစ်ရပ်ကို ဖွဲ့စည်းဖို့အဆိုတင်ထားပါတယ်။ အဲ့ဒါက တော်တော်လေးလည်း မြန်ဆန်တယ်လို့ပြောလို့ရပါတယ်။ အဲ့ဒီလိုမျိုး သူတို့အဆိုတင်မယ်ဆိုတာကို ဗိုလ်ချုပ်မှူးကြီးအနေနဲ့ ကြိုသိခဲ့တာများရှိပါသလား။ နောက်ပြီးတော့ သူတို့လုပ်ဆောင်နေတဲ့လုပ်ဆောင်ချက်တွေ၊ လုပ်ငန်းစဉ်တွေကို သဘော တူညီပါသလား။ နောက်ပြီးတော့ ဒီလိုမျိုးအခြေခံဥပဒေပြင်ဆင်ဖို့ကို သဘောတူညီပါသလား။ ပြင်ဆင်ဖို့သဘောတူတယ် ဆိုရင်ရော ဘယ်အချိန်က အကောင်းဆုံးဖြစ်ပါ့မလဲခင်ဗျ။

ဗိုလ်ချုပ်မှူးကြီး။ ။ သူတို့ကော်မတီဖွဲ့ပြီးတော့ ပြင်ဆင်ရေးဆောင်ရွက်တာ ကျွန်တော်တို့ကြိုမသိဘူး။ သို့သော်လည်းပဲ အခြေခံ ဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ကျွန်တော်မကြာခဏပြောခဲ့တာတွေရှိတယ်။ ကျွန်တော်တို့ အခြေခံဥပဒေတွေကတော့ တချို့ဟာတွေမှာလည်း ပြင်ဆင်သင့်တဲ့အချိန်ကျရင်လည်းပြင်ရလိမ့်မယ်။ ပြင်ဆင်ရမယ့် အကြောင်းအရာတွေလည်းရှိပါတယ်။ ဘာလို့လဲဆိုတော့ အခုက ကျွန်တော်တို့က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်နေတာပေါ့။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကနေ တောင်းဆိုတဲ့အချက်တွေရှိတယ်။ တိုင်းရင်းသားနဲ့ ပတ်သက်တာပေါ့လေ။ အဲ့ဒီတော့ ဒီဟာနဲ့ပတ်သက်ပြီး တချို့ဟာတွေမှာ အခြေခံဥပဒေမှာ တချို့ဟာတွေမပြင်လို့မရဘူးဆိုတာ ကျွန်တော်တု့ိတွေ့တယ်။ ဒါကြောင့် ပြင်ဖို့အတွက်ကတော့ မူအားဖြင့်သဘောတူတယ်။ ဒါလည်း ပြီးခဲ့တဲ့အစိုးရ သက်တမ်းကတည်းက ကျွန်တော်ပြောခဲ့ပါတယ်။ ကျွန်တော်တို့မပြင်ဘူးဆိုတဲ့ စကားလုံးဝမပြောဘူး။ ပြင်ဖို့လိုအပ်တယ်။ တချို့ဟာတွေပြင်ရပါမယ်။ ကျွန်တော်တို့သဘောပေါက်တယ်။ ပြင်သင့်ပြင်ထိုက်တဲ့အချိန်မှာ ပြင်သင့်ပြင်ထိုက်တဲ့ အကြောင်းအရာတွေ ပြင်ဖို့ပြင်တဲ့အခါမှာလည်း အခြေခံဥပဒေ ပြင်ဆင်ရေးမှာတော့ အခြေခံဥပဒေရဲ့ အခန်း ၁၂ မှာ ပြင်ဆင်ရေးနဲ့ပတ်သက်တဲ့ Process တွေ ပေးထားတာရှိပါတယ်။ သ့ူရဲ့ဥပမာပေါ့။ ပေးထားတာတွေအတိုင်းပဲ သွားရင်တော့ ပိုကောင်းမယ်လု့ိ ကျွန်တော်တို့ပြောပြတာတွေရှိတယ်။ ဒီတိုင်းပဲ လုပ်တာတော့ ပိုပြီးတော့လည်းထိရောက်မယ်လို့ ကျွန်တော်ယူဆပါတယ်။ ဒီမှာလည်း ဖြည့်ပြီးပြောချင်တာ။ ပြီးခဲ့တဲ့နှစ်က ကျွန်တော်တို့လုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးညီလာခံရဲ့ အထူးအစည်းအဝေးမှာ ကျွန်တော်ပြောခဲ့တာတွေရှိတယ်။ ပြည်နယ်နဲ့ တိုင်းဝန်ကြီးချုပ်တွေ ရွေးချယ်ရေးနဲ့ ပတ်သက်တာတွေ၊ ပြီးတော့ Governor အုပ်ချုပ်ရေးမှူးတွေခန့်ထားတဲ့ ဟာနဲ့ပတ်သက်ပြီးတော့ ကျွန်တော်ပြောခဲ့တယ်။ ဒါ Constitution ပြင်ဖို့ဟာထဲမှာ ထည့်သွင်းစဉ်းစားသင့်တဲ့ အချက်ဆိုပြီးတော့ ကျွန်တော်ပြောခဲ့တာတွေရှိတယ်။ ပြီးခဲ့တဲ့အစိုးရ သက်တမ်းတုန်း ကလည်း အခြေခံဥပဒေမှာ ပြင်ခဲ့တာရှိတယ်။ နောက်ဆက်တွဲဇယားတွေမှာလည်း ပြင်ပေးခဲ့တာတွေရှိတယ်။ ဒါတွေကိုကြည့်မယ် ဆိုရင် တပ်မတော် အနေနဲ့ ပြင်ဆင်ရေးအပေါ်မှာလည်း ကျွန်တော်တို့ကောင်းတဲ့ဘက်က သွားတယ်ဆိုတာ လေးတော့ သတိပြုနိုင်ပါတယ်။ ဒါမှမလုံလောက်သေးဘူး ဆိုရင်လည်း ဆွေးနွေးပြီးတော့ ဒါတွေတော့ဖြစ်စေချင်တယ်။ ဒါတွေတော့ရစေချင်တယ် ဆိုလို့ရှိရင် ဒါကျွန်တော်တို့ တိုင်းပြည်အတွက် ဖြစ်စေချင်တယ်ဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ ပြင်ပေးရမှာဖြစ်ပါတယ်။ ဒီနေရာမှာသတိထားရမှာတော့ ကျွန်တော်တို့ဖွဲ့စည်းပုံ အခြေခံဥပဒေ အနှစ်သာရကို မထိခိုက်ဖို့တော့ လိုပါတယ်။

Mr.Ryuta SOMETAYA။ ။ လွှတ်တော်မှာဆိုလို့ရှိရင်လည်း ၂၅ ရာခိုင်နှုန်းက မြန်မာ့တပ်မတော်ကနေရာယူထား တယ်ပေါ့နော်၊ နောက်ပြီးတော့ မိသားစုတစ်စုတည်းမှာ နိုင်ငံခြားသားပါလို့ရှိရင် သမ္မတမဖြစ်နိုင်ဘူးဆိုတာလည်း ရှိပါတယ်ခင်ဗျ၊ အဲဒါကို နိုင်ငံတကာက နည်းနည်းတော့ထောက်ပြထားတာလေးတွေရှိပါတယ်။ အဲ့ဒီမူဝါဒကိုများ အနာဂတ်မှာ ပြင်ဆင်ဖို့ ရှိ/မရှိ သိချင်ပါတယ်ခင်ဗျ။

ဗိုလ်ချုပ်မှူးကြီး။ ။ ၂၅ ရာခိုင်နှုန်းနဲ့ပတ်သက်လို့ပြောရရင် ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို အသွင်ပြောင်းလာတာဖြစ်ပါတယ်။ တိုင်းပြည်ရဲ့နိုင်ငံရေးအခြေအနေ အရသော်လည်းကောင်း၊ လုံခြုံရေးအခြေအနေ အရသော်လည်းကောင်း၊ တည်ငြိမ်အေးချမ်းဖို့ စိတ်မချဘူး။ ခုထိကို ကျွန်တော်တု့ိအခက်အခဲတွေအများကြီးဖြတ်သန်းနေရတာ တွေရှိတယ်။ ဒါကြောင့် ကျွန်တော်တို့သွားနေတဲ့ ပါတီစုံဒီမိုကရေစီလမ်းကြောင်း တည်တည်ငြိမ်ငြိမ်ဖြစ်ဖို့လိုပါတယ်။ အခု လွှတ်တော်မှာ ပြောဆိုလုပ်ကိုင်ဆွေးနွေးနေတဲ့ အကြောင်းအရာတွေ၊ အုပ်ချုပ်ရေးလမ်းကြောင်းဘက်မှာ ဆောင်ရွက်နေတဲ့ ကိစ္စတွေ၊ ပြည်သူလူထုဘက်က ဆောင်ရွက်နေတဲ့ ကိစ္စတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်ချက်တွေ ကြည့်မယ်ဆိုရင်တော့ တိုင်းပြည်က နိုင်ငံရေးအရသော်လည်းကောင်း၊ လုံခြုံရေး အရသော်လည်းကောင်း တည်ငြိမ်ဖို့တော့ နည်းနည်းလိုအပ်နေသေးတယ်ဆိုတာ ကျွန်တော်တို့ဖော်ပြနေတယ်။ ဒါကြောင့် နိုင်ငံတော်အတွက် တပ်မတော်ကလည်း ဒါကိုယူပြီးဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။ ဒါတွေအကုန်လုံး လုံခြုံစိတ်ချသွားမယ်ဆိုရင်တော့ အခြေအနေကပြောင်းလဲသွားမှာပါ။ ကျွန်တော်တု့ိ အသေဆုပ်ကိုင် ထားတာတော့မဟုတ်ဘူးဆိုတာ နံပါတ် ၁ အချက် ကျွန်တော်ပြောလိုတယ်။ နောက်တစ်ခုက ဒုတိယအပိုင်းပေါ့လေ။ မေးခွန်းရဲ့ ဒုတိယ အပိုင်းမှာ ဒီနိုင်ငံခြားသားနဲ့ပတ်သက်တဲ့ကိစ္စလေးပါလာတယ်။ ကျွန်တော်တို့က ကိုလိုနီဖြစ်ခဲ့တဲ့နိုင်ငံတစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့က ၁၉၄၈ ခုနှစ်မှ လွတ်လပ်ရေးရတော့ ကိုလိုနီဖြစ်တဲ့ကာလအတွင်းမှာ ကျွန်တော်တို့ တိုင်းပြည်ခံစားခဲ့ရတဲ့ ဟာတွေက တော်တော်ကို ဆိုးဆိုးရွားရွားဖြစ်ခဲ့တယ်။ ကျွန်တော်တို့ လွတ်လပ်ရေးရဖို့လည်း အများကြီးကြိုးစားခဲ့ရတယ်။ ခင်ဗျားတို့ဂျပန်ကတောင် အကူအညီတွေယူခဲ့ရတာရှိပါတယ်။ အဲ့တော့ ဒီမှာလည်း ဒီနိုင်ငံတော်ရဲ့ လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာကို ထိပါးစေမယ့် လုပ်ရပ်တွေ လုပ်ဆောင်နိုင်တဲ့ အခွင့်အရေးတွေကို တခြားလူတွေကို ကျွန်တော်တို့ ပေးလို့တော့မရဘူး။ မြန်မာနိုင်ငံရဲ့အခြေအနေအရပ်ရပ်ကို ဖန်တီးနိုင်ဖို့ရာ မြန်မာနိုင်ငံသားတွေ လက်ထဲမှာပဲရှိဖို့လိုပါတယ်။ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေ တိုင်းရင်းသားတွေ လက်ထဲမှာ ရှိဖု့ိလိုတယ်။ ဒါ့ကြောင့်လည်း သမိုင်းရဲ့အတွေ့အကြုံအရပေါ့။ ပြဋ္ဌာန်းထားခြင်းဖြစ်ပါတယ်။ လူပုဂ္ဂိုလ်တစ်ဦး တစ်ယောက်တည်းကို ရည်ရွယ်ပြီး လုပ်ထားတာမဟုတ်ပါဘူး။ တခြားနိုင်ငံတွေမှာတော့ သူတို့နိုင်ငံနဲ့ဆီလျော်တဲ့ ဥပဒေတွေတော့ သူတို့ပြဋ္ဌာန်းမှာပေါ့။ ဒါပေမဲ့ တချို့နိုင်ငံတွေမှာရှိပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့အခြေအနေတွေကတော့ လက်ရှိဒီအတိုင်း ပြဋ္ဌာန်းထားတာ အကောင်းဆုံးလို့ ယူဆတဲ့အတွက်ကြောင့် ဒါကိုတော့ မူဝါဒတစ်ရပ် အနေနဲ့ ဆုပ်ကိုင်ထားတယ်ဆိုတာလည်း ကျွန်တော်ပြောလိုပါတယ်။

Mr.Ryuta SOMETAYA။ ။ ၂ဝ၁၇ မှာဆိုလို့ရှိရင် ရခိုင်ကိစ္စစဖြစ်တာကတော့ မွတ်စလင်တွေကနေပြီးတော့ ဒီလက်နက်ကိုင် သောင်းကျန်းတာကနေ စခဲ့ကြတာပေါ့နော်။ အဲ့ဒါကို လူတွေကနေပြီးတော့ သူတို့ဒီလိုမျိုးစခဲ့ တယ်ဆိုတာကို သူတို့မေ့ထား ကြတာဖြစ်ပါတယ်။ မေ့နေကြတာဖြစ်ပါတယ်။ နောက်ပြီး အဲ့ဒါကိုမေ့နေပြီးတော့ ကျွန်တော်တို့ ဒီမြန်မာအစိုးရနဲ့ မြန်မာ့တပ်မတော်ကို အရမ်းကို ဝေဖန်တိုက်ခိုက်နေကြပါတယ်။ အဲဒါကလည်း မညီမျှတဲ့အကြောင်းရင်းတွေ လို့ထင်ပါတယ်။ ပြီးတော့ အခု ဗိုလ်ချုပ်မှူးကြီးပြောတဲ့ ဒီထင်မြင်ချက်တွေ၊ ဒီပြောစကားတွေကို ဂျပန်သတင်းစာဖတ်တဲ့သူတွေဆီကို အမှန်တရားတွေရောက်သွားအောင် လုပ်ဆောင်ပေးခြင်းဖြစ်ပါတယ်။ အခုဆိုလို့ရှိရင် UN အပါအဝင် နိုင်ငံတကာကနေ မြန်မာ့တပ်မတော်ကို အပြင်းအထန်ဝေဖန်နေကြပါတယ်။ နောက်ပြီးတော့ မွတ်စလင်တွေအပေါ်မှာ သူတို့ဖိနှိပ်တယ်ဆိုပြီးတော့ ဝေဖန်နေကြပါတယ်။ နောက်ပြီးတော့ လူ ၇ သိန်းကျော်ကလည်း မြန်မာနိုင်ငံမှာနေထိုင်ပြီးတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ထွက်သွားကြပါတယ်။ အဲ့ဒီထွက်သွားတဲ့သူတွေအပေါ်မှာရော ဘယ်လိုခံစားမှုမျိုးဖြစ်ပါသလဲ။ နောက်ပြီးတော့ International Criminal Court နိုင်ငံတကာရာဇဝတ်ရုံးကနေပြီးတော့ လူတွေပြောနေကြတာရှိပါတယ်။ ဒီရုံးကနေ ဗိုလ်ချုပ်မှူးကြီးအပါအဝင် အခြားတပ်မတော်ခေါင်းဆောင်ကြီးတွေအပေါ် အရေးယူဖို့ပြင်ဆင်နေကြတယ်။ ပြီးတော့ နိုင်ငံတကာကိုရော၊ နိုင်ငံတကာရဲ့ အထင်အမြင်တွေအပေါ်ကိုရော ဘယ်လိုမျိုးထင်ပါသလဲခင်ဗျာ။

ဗိုလ်ချုပ်မှူးကြီး။ ။ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောမှာဖြစ်တဲ့ ဖြစ်စဉ်ကိုပြောမယ် ဆိုရင်တော့ သမိုင်းဖြစ်ရပ် အမှန်တွေကို သိဖို့လိုတာပေါ့။ တစ်အချက်ကတော့ သူတို့သည် မြန်မာနိုင်ငံသားတွေမဟုတ်ပါဘူး။ မြန်မာနိုင်ငံက တိုင်းရင်းသားတွေလည်းမဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ ရောက်ရှိနေထိုင်ကြတဲ့သူတွေသာဖြစ်တယ်။ အဲတော့ ကျွန်တော်တို့ အနေနဲ့တော့ တပ်မတော်အနေနဲ့ပဲဖြစ်ဖြစ်၊ နိုင်ငံအနေနဲ့ပဲဖြစ်ဖြစ်၊ ကိုယ့်နိုင်ငံသူ/နိုင်ငံသားနဲ့ မြန်မာနိုင်ငံမှာရှိနေကြတဲ့သူတွေကို အကာအကွယ်ပေးဖို့တာဝန်ရှိတာပေါ့။ တိုင်းရင်းသားတွေကို ကာကွယ်ပေးဖို့ရှိတယ်။ ဖြစ်တဲ့ဖြစ်စဉ်ကလည်း တကယ်ကို လူသိရှင်ကြား လက်ညှိုးထိုးပြီးတော့ပြောတာတော့ ၂ဝ၁၇ ခုနှစ်ကျမှ လူသိရှင်ကြား တော်တော်ကြီးကိုဖြစ်လာတာ။ တကယ်တော့ ဟိုးသမိုင်းနဲ့ကိုစပြီးဖြစ်ခဲ့တာ။ ဥပမာအဖြစ် ၁၉၄၂ ခုနှစ် အလယ်သံကျော်မှာဖြစ်ခဲ့တဲ့ဖြစ်စဉ်မျိုးဆိုလို့ရှိရင် လူပေါင်းနှစ်သောင်းနီးပါးလောက် အသတ်ခံခဲ့ရတာ ဒေသခံရခိုင်တိုင်းရင်းသားတွေ အသတ်ခံရပြီးတော့မှ အကုန်လုံး ဘူးသီးတောင်၊ မောင်တောကနေ ထွက်ပြေးလာရတဲ့ဖြစ်စဉ်တွေဆိုလို့ရှိရင် သမိုင်းမှာတကယ်ကိုဖြစ်ခဲ့တာဆိုတော့ ဖြစ်တဲ့ဖြစ်စဉ် ပေါင်းက အဲဒီကိုလိုနီဖြစ်တဲ့ကာလကနေပြီးတော့ လက်ရှိကာလအတွင်းမှာ ဖြစ်စဉ်တွေအများကြီးရှိတယ်။ လက်လှမ်းမီ သလောက်ပြောရလို့ရှိရင် ၂ဝ၁၂ ခုနှစ်မှာဖြစ်ခဲ့တဲ့ဖြစ်စဉ်၊ ၂ဝ၁၆ ခုနှစ်မှာဖြစ်ခဲ့တဲ့ဖြစ်စဉ်၊ ၂ဝ၁၇ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ဖြစ်စဉ်။ ဒါတွေကတော့ ဒီဘက်လက်လှမ်းမီပြီးတော့မှ ခိုင်ခိုင်မာမာနဲ့ပြောပြလို့ရတယ်။ ခိုင်ခိုင်မာမာ မရှိတာမဟုတ်ဘူး။ ရှိပါတယ်။ သို့သော် ပြောမယ်ဆိုရင်အများကြီးရှိတာပေါ့။ အဲဒီမှာ ဒေသခံတိုင်းရင်းသားတွေဟာ လူနည်းစုဖြစ်ပြီးတော့ ကျွန်တော်တို့ ပြောတာတော့ ဘင်္ဂါလီပါ။ ဘင်္ဂလားဒေသကလာလို့ ဘင်္ဂါလီခေါ်တာပေါ့။ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားကို ကျွန်တော်ပြောတာ မဟုတ်ဘူး။ ဘင်္ဂလားဒေသကလာတဲ့ ဘင်္ဂါလီက ဒေသခံပြည်သူတွေကို အနိုင်ကျင့်သတ်ဖြတ်တာတွေ အများကြီးဖြစ်ခဲ့တယ်။ အဲတော့ နောက်တစ်ခါ လက်နက်ကိုင်အကြမ်းဖက်မှုနဲ့ ရဲစခန်းတွေကို ဝင်ရောက်စီးနင်းတိုက်ခိုက်တာတွေဖြစ်ခဲ့တယ်။ ဒေသခံ တိုင်းရင်းသားတွေ အသတ်ခံရတာရှိတယ်။ ဒေသမှာရှိတဲ့ လုံခြုံရေးတာဝန်ထမ်းဆောင်တဲ့သူတွေကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်တွေရှိတယ်။ လက်နက်ကိုင် လူအများစုကနေပြီးတော့ လုံခြုံရေးတာဝန်ထမ်းဆောင် သူတွေကို တိုက်ခိုက်တာတော့ ကျွန်တော်တို့ ဒီတိုင်းလက်ပိုက်ကြည့်နေလို့မရဘူး။ တိုင်းရင်းသားတွေကိုတိုက်ခိုက်တာကို ဒီအတိုင်း လက်ပိုက်ကြည့်နေလို့မရဘူး။ အဲတော့ ဘယ်လိုပဲဖြစ်ဖြစ် ကာကွယ်ရမှာပေါ့။ တစ်အချက် ကာကွယ်ဖို့ပေါ့။ နှစ်အချက် မလုပ်ရဘူး။ ပြန်လုပ်ရမှာ။ ဒီလိုတော့ရှိတယ်။ ဒါကတော့ Security ရဲ့သဘောပဲ။ အဲတော့ ခုနနောက်ဆုံး ၂ဝ၁၇ ခုနှစ်ဖြစ်စဉ်ကို ကြည့်မယ်ဆိုလို့ရှိရင်လည်း ကျွန်တော်တို့ဖြစ်စဉ်ဖြစ်ခဲ့တဲ့ရက်တွေမှာဆိုရင် လူဦးရေ လူပေါင်းလေးငါးခြောက်ရာ လောက်ကနေ တစ်ထောင်ပတ်ဝန်းကျင်လောက်ရှိတဲ့လူတွေက လူပေါင်းနှစ်ဆယ်အစိတ်လောက်ရှိတဲ့ လုံခြုံရေး စခန်းတွေကိုတိုက်ခိုက်တာ၊ ကျေးရွာတွေကိုတိုက်ခိုက်တာ တော်တော်ကိုဆိုးရွားပါတယ်။ ဒါတွေကို ကျွန်တော်တို့က အကုန်လုံးလည်းရှင်းပြတယ်။ စုံစမ်းစစ်ဆေးရေးသွားလုပ်တဲ့အခါမှာလည်းပေါ်တယ်။ တွေ့လည်းတွေ့၊ ဖြစ်စဉ်တွေသက်သေထားပြီးလည်းပြတယ်။ ဒါကတော့ ကိုယ့်ကိုယ်ကိုယ်ခုခံကာကွယ်ဖို့တော့ လုပ်မှာပဲ။ သူတို့တိုက်ခိုက်မှုကို ကိုယ်ကမခုခံဘူးဆိုရင် မကာကွယ်ဘူးဆိုရင် ကိုယ့်တိုင်းရင်းသားတွေလည်း သေမှာပဲ။ အဲဒီမှာရှိတဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေလည်း သေမှာပဲ။ လည်စင်းခံရမယ့် သဘောတော့ ဘယ်လိုမှမဖြစ်နိုင်ဘူး။ ဒါကတော့ ကျွန်တော်တို့ တုံ့ပြန်မှုတော့လုပ်ရလိမ့်မယ်။ ဒီမှာလည်း ခုန ဘင်္ဂါလီ လူထုကနေပြီးတော့ တိုက်တယ်လို့ပြောတယ်ထင်ပါတယ်။ ARSA အဖွဲ့တွေလည်း နောက်ကနေ ပူးပေါင်းပါဝင်မှုရှိတယ်လို့ သူတို့ဗီဒီယို မှတ်တမ်းတွေလည်း ကျွန်တော်တို့ရှိတယ်။ အဲတော့ သူတို့လက်နက်ကိုင်ထားတာလည်း တုတ်တွေ၊ ဓားတွေပါတယ်။ လက်လုပ်ဗုံးတွေပါတယ်။ သေနတ်တွေပါတယ်။ ဆိုတော့ ဒါတွေဟာ အကုန်လုံး လူတွေကိုသေစေနိုင်တဲ့ဟာတွေပဲဖြစ်တယ်။ သေစေနိုင်တဲ့ ဟာကိုတော့ ကျွန်တော်တို့ ဒီအတိုင်းခေါင်းငုံ့ခံလို့တော့မရဘူးဆိုတာလေးလည်း ခင်ဗျားသဘောပေါက်ပါ လိမ့်မယ်။ ဒါတုံ့ပြန်တာကတော့ တချို့ဟာတွေမှာလည်း မလုပ်ရဲအောင်လုပ်ရတာလည်း ရှိကောင်းရှိနိုင်တာပေါ့။ သို့သော်လည်း ဥပဒေ ချိုးဖောက်ပြီး လုပ်တယ်ဆိုရင်လည်း ကျွန်တော်တို့ အရေးယူတာတွေရှိပါတယ်။ အခုလည်း တချို့တာဝန်ရှိတဲ့သူတွေကို ထိန်းသိမ်းမှုဘက်မှာအားနည်းမှုရှိတော့ အရေးယူတာတွေလည်းရှိတာပေါ့။ အဲဒီမှာလည်း ခင်ဗျားခုနမေးတဲ့ အထဲမှာ လူခုနစ်သိန်းလောက် ဟိုဘက်ကိုပြေးတယ်ဆိုပြီးတော့ပြောတာပေါ့။ လူခုနစ်သိန်းဆိုတာ သူတို့ကပြောတဲ့ကိန်းဂဏန်းပေါ့။ ကျွန်တော်တို့ ဆီမှာလည်း တရားမဝင် နေထိုင်တဲ့သူတွေ စာရင်းကောက်ခံထားတာ ရှိပါတယ်။ လက်ရှိကျန်တဲ့သူတွေ စာရင်းကောက်ခံ ထားတာရှိတယ်။ ဒီဟာတွေ Difference လုပ်လိုက်လို့ရှိရင် မြန်မာနိုင်ငံကနေ ပျောက်သွားတဲ့သူတွေပေါ့၊ အဲဒီနေရာမှာလည်း ဘင်္ဂလားဒေ့ရှ်ဘက်ကို ပြေးသွားတဲ့ သူလည်းရှိသလို ပင်လယ်လမ်းကြောင်းကနေပြီးတော့ အောက်ကို ထွက်ပြေးတဲ့သူလည်းရှိမယ်။ အကြောင်းအမျိုးမျိုးနဲ့ ဒီက တခြားဒေသတွေကို သွားတဲ့သူလည်းရှိနိုင်ပါတယ်။ ဒါကြောင့် ဒီ Figure ကတော့ မဟုတ်ဘူး ဆိုတာပြောချင်တယ်။ အဲဒီတော့ ဒီမှာလည်း သူတို့က ခုနစ်သိန်းဆိုပေမယ့် ဒီလူတွေက မြန်မာနိုင်ငံက နိုင်ငံသားတွေ ဆိုပြီးတော့ တစ်ထစ်ချပြောလို့လည်းမရဘူး။ ကျွန်တော်တို့ ဒီလူတွေကို ဘယ်လိုမှ စိစစ်လို့ မရသေးဘူး။ စိစစ်ဖို့ တာဝန်ရှိတယ်။ အဲဒါ ကျွန်တော်တို့ စစ်ပြီးလက်ခံဖို့ ကျွန်တော်တို့ ပြောထားတာရှိတယ်။ အဲတော့ ဒီလူတွေကလည်း သူတို့ပြေးရတဲ့ အကြောင်းရင်းကို ပြောတဲ့အခါကျရင်လည်း သနားအောင်ပြောမှာပေါ့နော်။ သူတို့ ဘင်္ဂလားဒေ့ရှ်မှာ နေရတာ ပျော်လို့လာတယ်ဆိုပြီးတော့ ဘယ်သူကပြောမလဲ။ မပြောနိုင်ဘူး။ အဲတော့ သူတို့နှိပ်စက်ညှဉ်းပန်း လို့ဆိုတဲ့အဖြေပဲပေးမှာပဲ။ သူတို့ဆင်းရဲဒုက္ခရောက်လို့လာရတယ်လို့ သူတို့ပြောမှာပဲ။ ဒီပေါ်မှာရတဲ့ သတင်းပေါ် မူတည်ပြီးတော့ ရယူတဲ့သတင်းဌာနတွေ၊ ဒါမှမဟုတ်ရင် သူတို့စုံစမ်းလေ့လာတဲ့သူတွေကို သူတို့ပြောတာဖြစ်မှာပေါ့။ နောက်တစ်ခါ ဒီကြားထဲမှာလည်း နယ်စပ်ဒေသကိုကျော်ပြီးတော့သွားတဲ့သူတွေရှိတယ်။ အဲဒါ အုပ်ချုပ်ရေးမှာ တာဝန်ရှိတဲ့ဝန်ကြီးတွေ၊ ပြည်ထောင်စုဝန်ကြီး၊ ဒီဒေသခံဝန်ကြီးချုပ်၊ နောက်တစ်ခါ တပ်မတော်နဲ့လုံခြုံရေး တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေကတားတယ်။ ခင်ဗျားတို့မသွားပါနဲ့။ မြန်မာပြည်မှာသာနေပါ။ ပြောတာလည်းမရပါဘူး။ သူတို့သွားမှာပဲပြောတယ်။ သူတို့ကောင်းကောင်း မွန်မွန်သွားတာပဲ။ ကြောက်လန့်ပြီးပြေးတာမဟုတ်ဘူး။ ပြေးတာစိတ်ပူလို့ပြေးတာမဟုတ်ဘူး။ သူတို့ စိုးရိမ်ပူပန်မှုတစ်ခုခုကြောင့် သွားတယ်ဆိုတာတော့ဖြစ်နိုင်တယ်။ သို့သော်လည်းပဲ ကျွန်တော်တို့လုံခြုံရေး အကောင်းဆုံးရှိတဲ့ အခြေအနေမျိုးတောင်မှ သွားတယ်ဆိုတာက သူတို့မှာ တော်တော်ကြီးကို ဖိအားတွေရှိနေတဲ့သဘောကို ကျွန်တော်တို့သွားတွေ့ရတယ်။ အဲဒီဖိအားက ဘာလဲ။ ဟိုဘက်က သူတို့ရဲ့ဆွေမျိုးတွေနဲ့ သူတို့တွေ့ချင်တာလည်းပါမှာပေါ့။ နောက်တစ်ခါ နောက်ကနေ အကြောက်တရား ဖြစ်အောင် လုပ်တာလည်းပါမှာပေါ့။ နောက်တစ်ခုက တခြားနေရာကိုသွားဖို့အတွက်ပေါ့။ လူဆိုတာ ရေကြည်ရာမြက်နုရာ သွားတဲ့သဘောပါပဲ။ အဲတော့ သူတို့ဒီထက်ပိုပြီးကောင်းတဲ့နေရာကိုသွားဖို့ကြိုးစားတာဖြစ်မယ်။ မြန်မာပြည်မှာတော့ သူတို့လုပ်ကိုင် စားသောက်လို့မရဘူး။ သူတို့နေတဲ့နေရာမှာ လုပ်ကိုင်စားသောက်တာ ကျွန်တော်တို့ ဘာမှမပြောဘူး။ သူတို့ကို ကျွန်တော်တို့က ဥပဒေနဲ့အညီစိစစ်ပြီးတဲ့အချိန်မှာ သူတို့ကိုပေးနိုင်တဲ့ တိုင်းရင်းသား၊ နိုင်ငံသားနဲ့ပတ်သက်တဲ့ အခွင့်အရေးတွေ ပေးလာတဲ့ အချိန်ကျရင် သူတို့လုပ်လို့ရတယ်။ ကျွန်တော်တို့ ဘာမှပြဿနာမရှိဘူး။ မွတ်စလင်ဆိုပြီးတော့ပြောတာပေါ့။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ၄ ရာခိုင်နှုန်းကျော် ၅ ရာခိုင်နှုန်း ကျော်လောက်က မွတ်စလင်တွေဖြစ်ပါတယ်။ အစ္စလာမ်ဘာသာကိုးကွယ်တဲ့သူတွေဖြစ်တယ်။ မြန်မာတစ်နိုင်ငံလုံးမှာရှိတယ် မွတ်စလင်တွေ။ ဒီလူတွေကတော့ ကျွန်တော်တို့ စိစစ်လို့ မရသေးတဲ့သူတွေဖြစ်တယ်။ စိစစ်လို့ရတဲ့ အခါကျရင်လည်း ကျွန်တော်တို့က သူတို့ကို ပေးသင့်ပေးထိုက်တဲ့ အဆင့်နဲ့ ညီတဲ့ဟာတွေကို ပေးရမှာဖြစ်တယ်။ ဒါကို ကျွန်တော်တို့ကို စွပ်စွဲချက်အမျိုးမျိုးလုပ်တာပေါ့။ ကျွန်တော်တို့ဘာလုပ်တယ်။ ဥပမာအားဖြင့် ethnic Cleansing လုပ်တယ်။ ခုန ICC က စွပ်စွဲတာတွေရှိတာပေါ့။ ကျွန်တော်တို့ ICC အဖွဲ့ဝင်မဟုတ်ဘူး။ ကျွန်တော်တို့ ICC နဲ့ပတ်သက်ပြီး ဘာမှလိုက်နာစရာ အကြောင်းမရှိဘူး။ သူ့ဟာသူပြောချင်ရာပြောပါစေ။ ကျွန်တော်တို့လည်း ကိုယ့်နိုင်ငံရဲ့Sovereignty အရပဲ ကျွန်တော်တို့သွားရတာပဲ။ ကျွန်တော်တို့ကို လာပြီးခြိမ်းခြောက်လို့လည်း မရဘူး။ အဲဒီတော့ ဆိုလိုချင်တာကတော့ ဥပဒေနဲ့အညီ ကျွန်တော်တို့ကိုပြောပါ။ ကျွန်တော်တို့ဥပဒေနဲ့အညီ လုပ်ပေးနေတယ်။ ကျွန်တော်တို့ ဘက်က ဥပဒေနဲ့ မညီဘူးဆိုရင်လည်း ကျွန်တော်တို့ကို ပြောပြလို့ရတယ်။ အဲဒါဆိုရင်တော့ မဟုတ်ဘူး။ အဲဒီတော့ သူတို့ဘက်က အမြင်နဲ့ ကိုယ့်ဘက်ကအမြင်နဲ့ ကျွန်တော်တို့ပြောမယ်။ ဒါပေမဲ့ နိုင်ငံတစ်ခုရဲ့ ဥပဒေကတော့ သူ့နိုင်ငံမှာ အာဏာရှိရမယ်။ သက်ရောက်ရမယ်။ သူများနိုင်ငံက ဥပဒေ လာပြီးတော့ ကျွန်တော်တို့ကို ခင်ဗျား သူတို့နိုင်ငံက ဥပဒေကို လိုက်နာရမယ်။ သူတို့ရဲ့စည်းကမ်းကိုလိုက်နာရမယ် လာပြောလို့မရပါဘူး။ ဒါကျွန်တော်တု့ိရဲ့ အချုပ်အခြာအာဏာပဲ မဟုတ်ဘူးလား။ ဒါဘယ်နိုင်ငံကမှ လက်မခံဘူး။ ဒါကြောင့် ခင်ဗျား ICC တို့ ဘာတို့ လာပြောတယ်ဆိုတာလည်း ကျွန်တော်တို့ ICC Member မဟုတ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ လိုက်နာစရာအကြောင်းလည်း မရှိဘူး။ သို့သော် ဒါကို လိုက်နာစရာ အကြောင်းမရှိဘူးဆိုပြီး မျက်ကွယ်ပြုတာလည်းမဟုတ်ဘူး။ နိုင်ငံတကာကနေပြီးတော့ လက်သင့်ခံနိုင်တဲ့ဖြစ်နိုင်တဲ့ဟာမျိုး ဆိုရင်တော့ ကျွန်တော်တို့က လက်သင့်ခံနိုင်တဲ့အခြေအနေမျိုးရှိတယ်ဆိုရင်တော့ လိုက်နာမှာဖြစ်ပါတယ်။ ကျွန်တော်တု့ိနဲ့ သဟဇာတ မဖြစ်တဲ့ဟာမျိုး လိုက်နာဖို့မဖြစ်နိုင်ပါဘူး။ ဒီမှာလည်းတစ်ချက်ပြောချင်တာပေါ့။ နိုင်ငံတကာနဲ့ပတ်သက်တဲ့ စာချုပ်စာတမ်း တွေမှာ တချို့နိုင်ငံတွေ လက်မှတ်မထိုးဘူး။ သို့သော်လည်းပဲ လိုက်နာတာရှိတယ်။ သူတို့နိုင်ငံနဲ့ ကိုက်ညီတဲ့ အချက်ဆို လိုက်နာပေးတယ်။ တချို့နိုင်ငံတွေက သူတို့နိုင်ငံနဲ့မကိုက်ညီရင် မလိုက်နာတာတွေရှိတယ်။ လက်မှတ်ထိုးမှ၊ မထိုးမှမဟုတ်ဘူး။ ဒါကတော့ သတိပြုရမယ့် အချက်တစ်ချက်ပါ။ သူတို့နဲ့ ဒီအချက်တွေအားလုံးကို သူတို့နိုင်ငံအတွက် လက်ခံနိုင်တဲ့ အခြေအနေမရှိတဲ့အတွက် လက်မှတ်မထိုးထားဘူး။ အကုန်လုံးနဲ့ မဟုတ်တောင်မှ တချို့တလေ လိုက်နာလို့ရတယ်ဆိုရင် လိုက်နာနေတဲ့ သာဓကတွေ ကမ္ဘာပေါ်မှာအများကြီးရှိတယ်။ ဒါလည်းခင်ဗျားတွေ့ပါလိမ့်မယ်။

Mr.Ryuta SOMETAYA ။ ။ ကျွန်တော် ကော့ဘဇားကို ၅ ကြိမ်သွားခဲ့ပါတယ်။ နောက်ပြီးတော့ အဲဒီမှာရှိတဲ့ ဒုက္ခသည် တွေနဲ့လည်း Interview တွေလုပ်ခဲ့ပါတယ်။ Interview တွေလုပ်တဲ့ အချိန်မှာကျလု့ိရှိရင် တစ်ခေါက်နဲ့ တစ်ခေါက် Interview လုပ်ပြီဆိုရင် သူတို့ရဲ့ သက်သေခံအထောက်အထားတွေက တစ်ခေါက်နဲ့တစ်ခေါက်မတူဘူး။ ပြောင်းလဲနေတာတွေ့ရတယ်။ နောက်ပြီးတော့ သူတို့ရဲ့ဟာတွေက ပြောရမယ်ဆိုရင် မမှန်ဘူးလု့ိလည်းပြောနိုင်ပါတယ်။ နောက်ပြီးတော့ ဒီသူတို့ရဲ့ သက်သေခံအထောက်အထားတွေမှာ Refugee တွေက သူတို့တစ်ချိန်လုံးပြောပြောနေတာ သူတို့တွေသည် မုဒိမ်းကျင့်ခံ နေရပါတယ်။ သူတို့တွေသည် အသတ်ခံနေရပါတယ်လို့ သူတု့ိတစ်ချိန်လုံးပြောဆိုနေပါတယ်။ အခိုင်အမာပြောဆိုနေကြပါတယ်။ နောက်ပြီးတော့ နိုင်ငံတကာက အဲလိုမျိုး သူတို့ပြောတဲ့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းကဆိုလို့ရှိရင်လည်း မြန်မာ့တပ်မတော်အပေါ်ကို အမြဲတမ်းဝေဖန်နေကြပါတယ်။ နောက်တစ်ခုက သူတို့ရဲ့သက်သေခံအထောက်အထားတွေက အတုဖြစ်နေပါသလား။ နောက်ပြီးတော့ သူတို့အပေါ် ဗိုလ်ချုပ်မှူးကြီးအနေနဲ့ ဘယ်လိုမျိုးများ သူတို့အပေါ်မှာခံစားမိပါသလဲ။ နောက်ပြီးတော့ သူတို့ မြန်မာပြည်ပြန်လာပါလို့ရောပြောချင်ပါသလား။

ဗိုလ်ချုပ်မှူးကြီး ။ ။ တစ်အချက်ကတော့ သူတို့ပြောတဲ့ထွက်ဆိုချက်တွေပေါ့။ သူတို့ထွက်ဆိုချက်တွေနဲ့ပတ်သက်ပြီးတော့ မုဒိမ်းကျင့် ခံရတယ်လို့ပြောတယ်။ သူတို့တော်တော်များများ မုဒိမ်းကျင့်ခံရပါတယ်။ နောက်တစ်ခုကလည်း ကိုယ်ဝန်တွေ အများကြီး ရှိနေကြတယ်လို့ပြောတယ်ဆိုတော့ ကျွန်တော်တို့မြန်မာရဲ့ယဉ်ကျေးမှုအရ ဗုဒ္ဓဘာသာရဲ့ ထုံးတမ်းစဉ်လာအရ ခင်ဗျားတို့လည်း ဘာပဲပြောပြောအရှေ့ဒီဗုဒ္ဓဘာသာနီးစပ်တဲ့ အယူဝါဒရှိတဲ့သူတွေအတူတူပါပဲ လက်မခံပါဘူး။ မုဒိမ်းမှုအဓမ္မမှုကို လက်မခံပါဘူး။ တော်တော်ကြီးကိုဆိုးဝါးတယ်ဆိုပြီးတော့ လူ့ရဲ့ယဉ်ကျေးမှုအရ အင်မတန်ဆိုးဝါးတဲ့လုပ်ဆောင်ချက်လို့ သတ်မှတ်ထားတယ်။ လက်ကိုမခံပါဘူး။ မုဒိမ်းမှုနဲ့ပတ်သက်တာကို အဲဒီမှာလည်းလုံခြုံရေးအဖွဲ့တွေက လုပ်တယ်ဆိုပြီးတော့ စွပ်စွဲတယ်။ လုံခြုံရေးအဖွဲ့တွေက ဆိုးသွမ်းမိုက်မဲတဲ့လူမှမဟုတ်တာဘဲ။ ကျွန်တော်တို့စည်းနဲ့ကမ်းနဲ့နေရတာ။ စည်းနဲ့ကမ်းနဲ့ နေရတာ ပိုတောင်မဖြစ်နိုင်ပါဘူး။ သို့သော်လည်း ဆွမ်းဆန်ထဲကြွက်ချေးရောဆိုတဲ့ ဥပမာလိုပဲ တချို့ဟာတွေတော့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ တစ်ယောက်နှစ်ယောက်စတော့ဖြစ်နိုင်ပါတယ်။ လုံးဝ absolute ကျွန်တော်မပြောဘူး။ တချို့ဟာတွေ ဖြစ်နိုင်ပါတယ်။ ဥပမာ ရိုက်တာနှက်တာတွေဖြစ်နိုင်တယ်။ လုယက်တာတွေ ဖြစ်နိုင်တယ်။ အဓမ္မမှုလည်း ဖြစ်ကောင်းဖြစ်နိုင်တာပေါ့။ သို့သော် သက်သေပြန်ပြ၊ ကျွန်တော်တို့ကို အထောက်အထားနဲ့ပြ။ ကျွန်တော်တို့အရေးယူမယ်။ အဲလိုမှ မဟုတ်ဘဲနဲ့ လူသိက္ခာကျအောင် လျှောက်ပြောတာမျိုးဆိုတာတော့ ဒါတော့မဖြစ်နိုင်ဘူး။ မကောင်းဘူးပေ့ါ။ နောက်တစ်ခု ကလည်း ထွက်ဆိုချက်ဆိုတာအမျိုးမျိုး ဒါလည်းတော်တော်များများပြောကြပါတယ်။ တချို့အဖွဲ့အစည်းတွေ ဘင်္ဂလားဒေ့ရှ်ကို သွားပြီးမေးတဲ့အခါမှာ တစ်ကြိမ်နဲ့တစ်ကြိမ်မတူဘူး။ နောက်တစ်ခုက တစ်နေရာနဲ့တစ်နေရာမှာ တစ်ထပ်တည်းပြောနေတာ။ တစ်ထပ်တည်းပြောတာပေါ့။ ဟိုမှာလည်း ဒါပဲပြောတယ်။ ဒီနေရာမှာလည်း ဒါပဲပြောတယ်။ ဒါမျိုးတွေ သွားတွေ့တဲ့အခါကျတော့ သင်ပေးထားတဲ့သဘောမျိုးပြောတာပေါ့။ ဒါကတော့ သင်ပေးထားတဲ့အတိုင်းပြောတာ။ နောက်တစ်ခါပြောတဲ့ အကြောင်းအရာ တွေက ဒီပထမအကြိမ် မေးတဲ့အချိန်မှာတစ်မျိုးပြောတယ်။ ဒုတိယအကြိမ် မေးတဲ့အချိန် တစ်မျိုးပြောတယ်ဆိုကတည်းက သူ့စိတ်ထဲမှာ တကယ်ခံစားခဲ့ရတာမဟုတ်ဘူး။ မဟုတ်ဘဲနဲ့ သူကသူ့ကိုပြောပြထားတဲ့ အတိုင်းပြောတာပေါ့။ ဒီလိုဖြစ်တဲ့ အကြောင်း လုံးဝခိုင်မာမှုမရှိဘူးဆိုတာ ကျွန်တော်တို့တွေ့တယ်။ အဲဒါလည်း မြန်မာနိုင်ငံထဲမှာ စစ်တဲ့အချိန်မှာလည်း ကျွန်တော်တို့တွေ့တယ်။ ကျွန်တော်တို့ တပ်မတော်က စစ်တဲ့အဖွဲ့တွေရော၊ အရပ်ဘက်စစ်ဆေးတဲ့ အဖွဲ့တွေရော၊ နောက်သက်ဆိုင်ရာသံရုံးတွေနဲ့သွားတဲ့အချိန် သူတို့သတိပြုမိတယ်။ ဒီအဖွဲ့အစည်းတွေနဲ့ မီဒီယာတွေလည်း သတိပြုမိတယ်။ တစ်နေရာမှာတစ်မျိုးပြောတယ်။ နောက်တစ်နေရာမှာတစ်မျိုးပြောတယ်။ တစ်နေရာမှာ ဒီပုံစံအတိုင်းပဲ တစ်ပြေးညီပြောတယ်။ အဲဒါ ဒီအတိုင်းပြောလိုက်လေဆိုပြီးတော့ ပြောတဲ့စကားတောင်မှ နောက်ကနေပြီးတော့ တခြားတစ်ယောက်ကနေ ပြောတာတောင်မှ ကျွန်တော်တို့ အသံတွေ ကြားရတာရှိပါတယ်။ ဒါကြောင့် သူတို့ထွက်ဆိုချက်ကတော့ ဘယ်လိုမှ ခိုင်လုံမှု မရှိနိုင်ဘူးဆိုတာ ကျွန်တော်တို့ ပြောလိုပါတယ်။ သူတို့ ပြန်လာရေးကိစ္စပေါ့နော်။ ကျွန်တော်တို့လည်း ပြန်လာဖို့လက်ခံဖို့လည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာနေလာခဲ့တယ်ဆိုတဲ့ သက်သေအထောက်အထားတစ်ခုပြနိုင်တယ် ဆိုလို့ရှိရင် ကျွန်တော်တို့ လက်ခံမယ်လို့ ပြောထားတာရှိတယ်။ သို့သော်လည်းပဲ သူတို့ကိုယ်တိုင်ဆန္ဒရှိတဲ့သူဖြစ်ရမယ်။ ပြစ်မှုကျူးလွန်တဲ့သူဆို ကျွန်တော်တို့ မဖြစ်နိုင်ဘူး။ ကျွန်တော်တို့ ပြောတာသဘောတူညီချက် အသေးစိတ်တော့ အများကြီး ရှိပါတယ်ဗျာ။ သို့သော်လည်းပဲ သူတို့ကိုလက်မခံဘူး စကားတစ်ခွန်းမှမပြောဘူး။ အခုလည်း လက်ခံနေတယ်။ ပြီးခဲ့တဲ့ ၂ဝ၁၈ ခုနှစ်၊ ဇန်နဝါရီလ လောက်ကတည်းက အဆင်သင့်ဖြစ်ပြီလို့ ကျွန်တော်တို့ပြောထားတယ်။ ကျွန်တော် Date တော့မမှတ်မိဘူး။ ဇန်နဝါရီ ၂၃ လား၊ ဖေဖော်ဝါရီ ၂၃ လားမသိဘူး။ အဲဒီမှာ ကျွန်တော်တို့တိုင်းပြည်က အဆင်သင့် ဖြစ်ပြီလို့ပြောခဲ့တယ်။ လာပါလို့လည်းပြောတယ်။ အဲဒီမှာ ကျွန်တော်တို့အဆင်သင့်မဖြစ်ဘူးဆိုပြီးတော့ သူတို့အကြောင်း အမျိုးမျိုးပြတယ်။ ဘာမှလည်းမလာဘူး။ မလာဘဲနဲ့ လျှောက်ပြောတာ။ လာမယ်လုပ်ပြီးတော့ လာမယ့်အစီအစဉ်ပျက်သွားတာပေါ့။ ဒီလိုလည်း ဖြစ်ခဲ့ဖူးတယ်။ ဒါကြောင့် ကျွန်တော်တို့ လက်မခံဘူးဆိုတဲ့ စကားအရင်လည်းမပြောခဲ့ဘူး။ အခုလည်းမပြောဘူး။ စည်းနဲ့ကမ်းနဲ့ လာခဲ့ ကျွန်တော်တို့စနစ်တကျစိစစ်ပြီး လက်ခံပေးမယ်လို့ ကျွန်တော်တို့ပြောခဲ့တယ်။ ပြန်လည်နေရာချထားရေးအတွက်လည်း ကျွန်တော်တို့အကုန်လုံးပြင်ထားတာရှိတယ်။ သူတို့လုံခြုံရေးအတွက်လည်း ကျွန်တော်တို့သက်ဆိုင်ရာ လုံခြုံရေး အဖွဲ့အစည်း တွေနဲ့ တာဝန်ရှိတဲ့သူတွေလည်း အကုန်လုံး စီစဉ်ပေးထားတယ်ဆိုတာ ပြောလိုပါတယ်။ ကျွန်တော်တို့က နှစ်နိုင်ငံသဘော တူညီချက်မှာ ပြန်လာမယ့်သူနဲ့ပတ်သက်ပြီးတော့ ဖြည့်ရမယ့် Form တွေရှိတယ်။ ဒီ Form တွေ ဒီအတိုင်းပဲ ဖြည့်ပြီးပေးပါဆိုပြီး Form တွေက ဒီအတိုင်း မလာတာတွေတွေ့တယ်။ တကယ်ကို လာချင်လို့ ဆန္ဒပြင်းပြနေတယ်ဆိုရင် ဘင်္ဂါလီ-ဟိန္ဒူတွေရှိတယ်။ ဟိန္ဒူ-ဘင်္ဂါလီတွေရှိတယ်။ ဘင်္ဂါလီ-မွတ်စလင် မဟုတ်ဘူး အစ္စလာမ်မဟုတ်ဘူး။ ဘင်္ဂါလီ-ဟိန္ဒူတွေရှိတယ်။ ဘင်္ဂါလီ တွေမှာလည်း ဟိန္ဒူကိုးကွယ်တဲ့ လူအစ္စလာမ် ကိုးကွယ်တဲ့လူတွေရှိတယ်။ ဟိန္ဒူတွေက လာချင်တယ်ပြောတယ်။ မလွှတ်ဘူး။ ဘာဖြစ်လို့မလွှတ်တာလဲမေးစရာရှိတာပေါ့။ တစ်ဖက်က သက်ဆိုင်တဲ့သူတွေကလည်း ဒါတွေတိုက်တွန်းတယ်။ သူတို့ကိုလည်း လုပ်ပေးပါ။သူတို့ဒါကိုလုံးဝမပေးဘူး။ ဒါတွေက ထည့်သွင်းစဉ်းစားရမယ့် အချက်တွေပါ။ ဘာကြောင့်လဲဆိုတာကို ထည့်သွင်းစဉ်းစားစရာပါ။

Mr.Ryuta SOMETAYA ။ ။ လွန်ခဲ့တဲ့ ၂ နှစ်၊ ၂ဝ၁၇ နောက်ပိုင်းမှာဆိုရင် နိုင်ငံတကာကနေပြီးတော့ မြန်မာ့တပ်မတော်အပေါ်ကို သံသယနဲ့ စုံစမ်းထောက်လှမ်းမှုတွေ လုပ်လာကြတယ်။ အဲဒီအချိန်မှာပဲ အင်းဒင်ရွာအကြောင်းအရာလည်း ပေါ်ထွက်လာတဲ့အခါ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာ့တပ်မတော်အဖွဲ့ဝင်တွေက လူအစုလိုက်အပြုံလိုက်သတ်မှုကြီးကို မကျူးလွန်ခဲ့ဘူးဆိုတာကို ဘယ်လိုများပြောချင်ပါသလဲ။ နောက်ပြီးတော့ မြန်မာနိုင်ငံအစိုးရနဲ့ နိုင်ငံတကာကြားမှာ ဆိုလို့ရှိရင် ဘယ်အချက်အလက်တွေက လစ်ဟာနေတဲ့အချက်အလက်တွေရှိနေတယ်လို့ထင်ပါသလဲ။ သူတို့လက်ခံယုံကြည်လာအောင် ဘယ်လိုများပြောချင်ပါသလဲ။

ဗိုလ်ချုပ်မှူးကြီး ။ ။ စောစောကပြောတဲ့ အင်းဒင်ကိစ္စမျိုးဆိုတာက တကယ်လည်းဖြစ်ခဲ့တဲ့ဟာပါ။ တခြားနေရာမှာလည်း မဖြစ်ဘူးလား၊ ဖြစ်လားဆိုတာကို ကျွန်တော်တို့အနေနဲ့ သက်သေအထောက်အထား ဘာတစ်ခုမှမရှိဘူး။ အစုလိုက်အပြုံလိုက် မသတ်ခဲ့ဘူးလား မေးရင်တော့ စောစောကပြောတဲ့လုံခြုံရေးစခန်းတွေလာပြီး နှောင့်ယှက်တယ်၊ တိုက်ခိုက်တဲ့အချိန်၊ ပြည်သူလူထုကိုလာပြီး နှောင့်ယှက်တိုက်ခိုက်ချိန်မှာတော့ ခုခံပစ်ခတ်ရင်း သေတာတွေတော့ရှိတာပေါ့။ ဒါတွေလည်း ကျွန်တော်တို့ အဲအချိန်မှာ တစ်ခါတည်းသတင်း ထုတ်ပြန်ပေးခဲ့တာတွေရှိပါတယ်။ ဒါကလိမ်ထားလို့လည်း မရပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဒါကတော့ ဖြစ်တဲ့ကာလကလည်း မိုးတွင်းကာလဖြစ်တာပေါ့။ သြဂုတ်လ၊ စက်တင်ဘာလ ၂ လမှာ အပြင်းထန်ဆုံး ဖြစ်ခဲ့တာပေါ့။ မိုးတွင်းကာလဆိုတော့ တော်တော်ကြီးကို ကျွန်တော်တို့ ရှုပ်ထွေးပါတယ်။ မှောင်မည်းနေတာပေါ့။ ရာသီဥတုလည်း အင်မတန်ဆိုးတဲ့နေရာပေါ့။ အဲနှစ်ကလည်း မိုးတော်တော်ရွာတဲ့နှစ်ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ စုံစမ်းစစ်ဆေးဖို့ လုပ်တဲ့အခါမှာလည်း ကျွန်တော်တို့တပ်မတော်ကလုပ်တယ်။ နိုင်ငံတော်အစိုးရ ပိုင်းကလုပ်တယ်။ ရဲအပိုင်း ကလည်း လုပ်ပါတယ်။ ကျွန်တော်တို့ပဲထုတ်ပြန်ကြေညာပေးခဲ့တယ်။ ကျွန်တော်တို့ စုံစမ်းစစ်ဆေးရေးနဲ့ ပတ်သက်ရင် ထုတ်ပြန်ချက်သည် မှန်ကန်တဲ့သက်သေအပေါ်မှာမူတည်ပြီး မှန်ကန်တဲ့ဆုံးဖြတ်ချက်၊ တွေ့ရှိချက်ပဲထုတ်ပြန်ပါတယ်။ ကျွန်တော်တို့ ဒါနဲ့ပတ်သက်ပြီး ဘာမှပြောစရာတော့မရှိဘူး။ သို့သော် ဒါတွေအပေါ် မလုံလောက်လို့ဆိုပြီး နိုင်ငံတကာ လေ့လာရေး အဖွဲ့တွေ၊ စုံစမ်းရေးအဖွဲ့တွေ လုပ်နေတာတွေရှိပါတယ်။ လွတ်လပ်တဲ့ စုံစမ်းရေးအဖွဲ့တွေ လုပ်နေတာတွေ ရှိပါတယ်။ ဖိလစ်ပိုင်က ဒုတိယနိုင်ငံခြားရေး ဝန်ကြီးဟောင်းနှင့် ဂျပန်နိုင်ငံက သံအမတ်ကြီးဟောင်း ခေါင်းဆောင်တဲ့အဖွဲ့တွေနဲ့ လုပ်နေတာတွေရှိပါတယ်။ လွတ်လွတ်လပ်လပ်လုပ်နေတာပဲ။ ကျွန်တော်တို့လည်း တွေ့ရှိချက်တွေ အကုန်လုံးပေးတယ်။ ကျွန်တော်တို့ တွေ့ရှိချက်တင် မဟုတ်ဘူး ကျွန်တော်တို့စစ်ဆေးတဲ့ အခါမှာ ခေါ်ယူခဲ့တဲ့ သက်သေတွေ အများကြီးရှိတယ်။ ကြိုက်တဲ့လူကို ခင်ဗျားတို့ခေါ်မေးလို့ ကျွန်တော်ပြောလိုတယ်။ ဒါ ပြည်တွင်းသက်သေပဲ၊ ကျွန်တော်တို့ ဟိုမှာသွားစစ်တယ် ဆိုတာ သူတို့ရဲ့သဘောပေါ့။ ဟိုဘက်သွားရင်တော့ သူတို့က ဟိုဘက်က သင်ထားသလိုပြောမှာ။ ဒီဘက်ကလူတွေကတော့ သင်ထားတဲ့အတိုင်းပြောလို့မရဘူး။ ကျွန်တော်တို့က နေရာဒေသလည်းမတူဘူး။ အချိန်တွေလည်းမတူဘူး။ အခြေအနေ အမျိုးမျိုး၊ အချိန်အမျိုးမျိုးမှာ ကျွန်တော်တို့က မေးတဲ့လူတွေဖြစ်တယ်။ ကျွန်တော်ထင်တယ် သက်သေပေါင်း ၃ဝဝဝ ကျော်လောက်ရှိတယ်။ ရေးပြီးယူထားတာတော့ ၈ဝဝ လောက်ရှိတယ်။ Written ယူတဲ့ သက်သေပေါင်း ၈ဝဝ လောက်ရှိတယ်။ ဘယ်လိုမှကို လိမ်လို့မရဘူး။ ဒီအချက်တွေကို ကျွန်တော်တို့ပေးထားပြီးပြီ။ မခိုင်လုံဘူးပြောတော့လည်း ကျွန်တော်တို့ဘယ်လို သွားပြောမလဲ။ အခုလွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးအဖွဲ့လည်း သူတို့လုပ်နေကြတယ်။ ကျွန်တော်တို့ ဒီလ February လကုန်ထိ သူတို့အချိန်ပေးထားတယ်လို့ပြောပါတယ်။ ကျွန်တော်တို့လည်း အတတ်နိုင်ဆုံး ကူညီပေးတယ်။ နိုင်ငံတကာကယုံကြည်အောင် ဆိုတာကလည်း နိုင်ငံတကာက ရရှိတဲ့ အချက်အလက်တွေကလည်း သူတို့က တစ်ဖက်ကရတဲ့အချက်အလက်ပေါ် မူတည်ပြီးပြောတာ။ ကျွန်တော်တို့လည်း ကျွန်တော်တို့မှာရတဲ့အချက်အလက်တွေကို ကျွန်တော်တို့ပြောတာ။ ဆင်ခြင်တုံတရားနဲ့ ဆုံးဖြတ်ပေါ့။တစ်ဖက်သတ်ကြီးတော့ပြောလို့တော့မရဘူး။ သူတို့လိုချင်တာကို တစ်ဖက်သတ်ပြောလို့မရဘူး။ တချို့ပြောနေတဲ့ အချက်အလက်တွေက တစ်ဖက်သတ်ပြောနေတာတွေရှိတယ်။ တစ်ဖက်သတ် စွပ်စွဲနေတာတွေရှိတယ်။ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ဘူးဆိုတာ ကျွန်တော်တို့သိတယ်။ ပတ်ဝန်းကျင်နိုင်ငံတွေ ကလည်းသိတယ်။ ကျွန်တော်တို့ ကိုယ်တိုင်လည်းသိတယ်။ ဒါပေမဲ့ အနောက်နိုင်ငံတွေကျတော့ ဒါပဲထပ်တလဲလဲပြောနေကြတယ်။ ဥပမာအားဖြင့် တစ်ခုရှိသေးတယ်။ ဒီဖြစ်စဉ်ဖြစ်တဲ့ အချိန်မှာ ဟိန္ဒူ ၉၂ ယောက်၊ ရဲဘောက်ကျကျေးရွာက ဟိန္ဒူတွေ အသတ်ခံရတာရှိတယ်။ အလောင်း ၄ဝ ကျော်တော့ ပြန်ရတယ်။ ကျန်တဲ့ဟာတွေက အလောင်းတွေမတွေ့ဘူး။ အသတ်ခံရတာက အမှန်တွေ။ သက်သေတွေ ကျွန်တော်တို့ဆီမှာ အကုန်လုံးရှိတယ်။ဟိန္ဒူသက်သေတွေအကုန်လုံးရှိတယ်။ သူတို့ဟိုဘက်ကို ပြေးသွားတယ်။ ဟိုဘက်ကနေ ကျွန်တော်တို့ ရအောင် ပြန်ခေါ်တယ်။ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားတယ်။သူတို့အဲဒီမှာလည်း အမျိုးစုံသူတို့ပြောရင်တော့ လူ့အခွင့်အရေးနှင့် ပတ်သက်လို့ အမျိုးစုံသူတို့ ချိုးဖောက်ခြင်းခံခဲ့ရတဲ့ အမျိုးသမီးတွေရှိတယ်။ ဒီလူတွေကျွန်တော်တု့ိ ဒီအမျိုးသမီးတွေကို ကျွန်တော်တို့မြန်မာပြည်ဘက် ရအောင်ပြန်ခေါ်ပြီးတော့ သူတို့ကိုမေးမြန်းတဲ့ အခါမှာ သူတို့ယောက်ျားတွေ၊ မိသားစုဝင်တွေ သူတို့ရှေ့မှာ အသတ်ခံရတဲ့ဟာတွေ သူတို့အကုန်လုံးပြောတယ်။ ဒါတွေကိုတာဝန် မရှိဘူးလား၊ တာဝန် မယူဘူးလား၊ ဒီဟာကိုဘယ်သူက တာဝန်ယူမလဲ။ ဒါသူတို့ဘင်္ဂါလီတွေ၊ အကြမ်းဖက်တဲ့လူတွေ သတ်သွားတာပဲ။ ARSA အဖွဲ့တွေနဲ့ပေါင်းပြီး သတ်သွားတာပဲ။ ဒါ မြန်မာနိုင်ငံမှာနေထိုင်ကြတဲ့ ဘင်္ဂါလီ-ဟိန္ဒူတွေပဲ။ ထို့အတူပဲ အဲ့ဒေသမှာရှိတဲ့ ရခိုင်တွေ၊ တခြားတိုင်းရင်းသားတွေ မြိုတို့၊ ခမီတို့၊ ဒိုင်းနက်တို့ တိုင်းရင်းသားအမျိုးအနွယ်တွေရှိတယ်။ အဲ့လူတွေလည်း အသတ်ခံရတာတွေ အများကြီးရှိတယ်။ ဒါတွေကိုရောဘယ်လိုလုပ်မလဲ။ ဒီလူတွေအသတ်ခံရတာကို ကျွန်တော်တို့က ဒီအတိုင်းပဲ ကြည့်နေရမှာလား။သူတို့ကိုမဖော်ထုတ်ပေးဘူးလား။ ကျွန်တော်တို့ တပ်မတော်လုံခြုံရေး အဖွဲ့တွေကို လုပ်တာတစ်ခုပဲ စွပ်စွဲအပြစ်တင်နေမှာလား။ ဒါတွေလည်း ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။

Mr.Ryuta SOMETAYA။ ။ ယခုလတ်တလောမှာ မြန်မာ့တပ်မတော်ကနေပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ၄ လတာအပစ်အခတ်ရပ်စဲထားပါတယ်။ ဘာကြောင့်များ အဲဒီလိုဆုံးဖြတ်ချက်ကိုချဖြစ်တာပါလဲ။ နောက်ပြီးတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေဟာဆိုလို့ရှိရင်လည်း ငြိမ်းချမ်းရေးစာချုပ်မှာ လက်မှတ်ထိုးဖို့ ငြင်းဆန်နေကြတာဖြစ်ပါတယ်။ အဲဒါ သူတို့နဲ့ဘယ်လိုဆွေးနွေးညှိနှိုင်းမလဲ၊ နောက်ပြီးတော့ ဒီစာချုပ်မှာပါဝင်လာစေဖို့ ဘယ်လိုများသူတို့နဲ့ ဆွေးနွေးပြောဆို မှာပါလဲ။ နောက်ပြီးတော့ တရုတ်နိုင်ငံရဲ့အကူအညီကို ရယူလိုပါသလား။

ဗိုလ်ချုပ်မှူးကြီး ။ ။ နည်းနည်းတော့ကျယ်ပြန့်တာပေါ့။ တိုင်းရင်းသားလက်နက်ကိုင်နဲ့ပတ်သက်ပြီး ငြိမ်းချမ်းရေးယူခဲ့တာ နှစ်ပေါင်းများစွာထဲကဖြစ်တယ်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးကတည်းက တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခတွေက တိုင်းရင်းသားရေးရာကြောင့်၊ နိုင်ငံရေးကြောင့်ဆိုပြီးတော့ သဘောထားကွဲလွဲလို့ ဖြစ်တာလည်းပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်လာတယ်။ ကျွန်တော်တို့ ဖဆပလအစိုးရပေါ့ဗျာ။ ပါလီမန်ဒီမိုကရေစီအစိုးရလက်ထက်မှာရော တော်လှန်ရေးကောင်စီခေတ်မှာရော မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်မှာရော တပ်မတော်အစိုးရခေတ်မှာရော အစိုးရသစ် လက်ထက်မှာရော ငြိမ်းချမ်းရေးတွေဆွေးနွေးခဲ့တာရှိတယ်။ အောင်မြင်တဲ့ဟာတွေရှိတယ်။ မအောင်မြင်တဲ့ ဟာတွေလည်း ရှိတာပေါ့။ တချို့လည်း စစ်ရေးအရကျွန်တော်တို့က လုပ်တဲ့အခါကျတော့လည်း အားလုံးက နယ်စပ်ဒေသကို ရောက်သွားတာပေါ့။ ပြည်တွင်းမှာတော့ တိုင်းရင်းသားလက်နက်ကိုင်နဲ့ ပတ်သက်တာဘာတစ်ခုမှမရှိဘူး။ နယ်စပ်ဒေသတွေမှာပဲ ရှိတယ်။ များသောအားဖြင့်တော့ အရှေ့မြောက်ဒေသ၊ အရှေ့တောင်ဒေသ၊ အနောက်မြောက်ပိုင်းဒေသ ဒါတွေမှာ သွားရှိနေတာရှိပါတယ်။ ငြိမ်းချမ်းရေး ကျွန်တော်ဆွေးနွေးတဲ့အခါကျတော့ သူတို့လိုလားချက်ကိုပြောတဲ့အချိန်မှာ တိုက်ပွဲတွေဖြစ်နေလို့ ကျွန်တော်တို့က လုပ်ရတာခက်ပါတယ်ဆိုတဲ့ဟာကို သူတို့ပြောပါတယ်။ တိုက်ပွဲတွေရပ်ပေးပါ။ အဲ့ဒါဆို ကျွန်တော်တို့ဆွေးနွေးမယ်ဆိုပြီးဖြစ်လာတယ်။ ဒါက ပထမဦးဆုံး မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ သုံးပါတီက၊ သုံးဖွဲ့က စဖွဲ့စည်းပြီးကြေညာခဲ့တာပါ။ ကျွန်တော်တို့ကလည်း ဒီသုံးဖွဲ့တည်းတော့ မလုံလောက်ဘူး။ NCA လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေရှိတဲ့အခါကျတော့ ပစ်ခတ်မှုကြောင့်ဆွေးနွေးလို့မရဘူးဆိုရင် ငါတို့အပစ်အခတ်ရပ်စဲပေးမယ်။ ဆွေးနွေး၊ တကယ်ငြိမ်းချမ်းရေး လိုချင်လို့ရှိရင် ခင်ဗျားတို့ဆွေးနွေးကို ဆွေးနွေးရမယ်။ ကျွန်တော်တို့သွားနေတဲ့ ပါတီစုံဒီမိုကရေစီ လမ်းကြောင်းက ဒီအပေါ်မှာသွေဖည်လို့မရဘူး။ ဒါ ပြည်သူက ရွေးချယ်တဲ့လမ်းကြောင်း၊ ဒီအပေါ်မှာပဲသွားရမယ်။ ဒီမိုကရေစီ နည်းလမ်းတကျ စနစ်တကျလုပ်ဖို့ပဲအရေးကြီးတယ်။ အခုအဲဒီဟာ မလုပ်တဲ့အတွက်ကြောင့် ပြဿနာတွေတက်နေကြတယ်။ ဒါတွေက အခြေအနေတွေ ဘယ်လိုမှကိုမကောင်းနိုင်ဘူး။ ဆိုလိုချင်တာကတော့ ငြိမ်းငြိမ်းချမ်းချမ်း ကျွန်တော်တို့ဆွေးနွေး၊ နိုင်ငံရေးအရ လိုအပ်ချက်ကိုဆွေးနွေးလို့ရှိရင် လက်နက်ကိုင်ပြီး ဆွေးနွေးလို့တော့မရဘူး။ ငြိမ်းငြိမ်းချမ်းချမ်းဆွေးနွေး။ ဒါကြောင့် NCA လက်မှတ်ထိုးပါ။ ကျွန်တော်တို့ပြောတယ်၊ လက်နက်ကိုင်လမ်းစဉ်စွန့်ပါ။ နိုင်ငံရေးအရဆွေးနွေးဖို့ အတွက် လွှတ်တော်တွေ ရှိတာပဲ။ အဲ့ဒီမှာ တချို့က ခင်ဗျားခုနကပထမဦးဆုံးမေးတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးကိစ္စဆိုတာ ဒီလိုမျိုး ဆက်စပ်နေတာပဲ၊ ဒီဟာနဲ့ဆက်စပ်နေတာပဲ။ ကျွန်တော်တို့အနေနဲ့ကတော့ သူတို့ရဲ့အပြုသဘောဆောင်တဲ့ နိုင်ငံရေး ဆွေးနွေးမှုတွေ သွားစေချင်လို့ ငြိမ်းချမ်းရေးလုပ်ပေးလိုက်တာပေါ့။ လက်နက်ကိုင်ပြီးတော့ လုပ်မယ်ဆိုတာမျိုးတော့ ဒီခေတ်မှာ ဘယ်လိုမှမဖြစ်နိုင်ဘူး။ ဒီမှာလည်း တိုင်းရင်းသားက ကျွန်တော်တို့က တစ်မျိုးတည်း၊ နှစ်မျိုးတည်းရှိတာ မဟုတ်ဘူး။ တိုင်းရင်းသားပေါင်း အဓိက တိုင်းရင်းသား ၈ မျိုးနဲ့ တိုင်းရင်းသားမျိုးကွဲပေါင်း ၁၃ဝ ကျော်လောက်ရှိတယ်။ အင်အားနည်းတဲ့ တိုင်းရင်းသား၊ ထောင်ဂဏန်းလောက်ရှိတဲ့ တိုင်းရင်းသား၊ အင်အားသောင်းဂဏန်း၊ သိန်းဂဏန်း၊ သန်းဂဏန်းထိရှိတဲ့ တိုင်းရင်းသားတွေ ရှိတယ်။ သူတို့က အဲ့ဒီတိုင်းရင်းသားမှာလည်း အုပ်စုတွေကွဲနေတာ တွေရှိတယ်။ ဒေသလည်း မတူညီတာရှိတယ်၊ အယူအဆလည်း မတူညီတာတွေရှိတယ်။ မြန်မာနိုင်ငံမှာလည်း တစ်နေရာတည်းမှာ တိုင်းရင်းသား တစ်မျိုးတည်းနေတာ မဟုတ်ဘူး။ နေရာအားလုံးမှာ တိုင်းရင်းသားတွေက ရောနှောနေကြတာ ဖြစ်တယ်။ များတာနဲ့ နည်းတာတော့ ကွာတာပေါ့။ ဒါတွေကိုဘက်ပေါင်းစုံကကျွန်တော်တို့စဉ်းစားရမယ်။ ဘက်ပေါင်းစုံကနေ စဉ်းစားပြီးတော့မှ ငြိမ်းချမ်းရေးကိုဆွေးနွေးတာဖြစ်တယ်။ အဲဒီလိုဆွေးနွေးတဲ့အခါမှာလည်း တစ်ဖွဲ့နဲ့တစ်ဖွဲ့ သဘောထားကမတူဘူး။ အခြေခံ အကြောင်းအရာလည်း မတူဘူးဆိုတော့ ကျွန်တော်တို့ဒီဟာကို တော်တော်ကို အမှားအယွင်း မရှိအောင် သတိထားပြီး ဆွေးနွေးတာဖြစ်ပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးမှာလည်း ၄ ချက်ကို ကျွန်တော်ပြောလိုက်တယ်။ တစ်အချက်ကတော့ ပေးထားတဲ့ကတိကဝတ်တည်ပါ။ တချို့ကတိကဝတ်နဲ့ လုပ်ထားတာရှိတယ်။ တချို့ ကတိကဝတ် မရသေးတာရှိတယ်။ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် တိုင်းပြည်ငြိမ်းချမ်းရေးပေါ်မှာလုပ်မယ်ဆိုတဲ့ဟာ ဒါကတိပဲ။ ဒီပေါ်မှာတည်ဖို့ လိုတာပေါ့။ နှစ်အချက်ကတော့ အမြတ်မထုတ်ဖို့လိုတယ်။ ကျွန်တော်တို့အပစ်အခတ်ရပ်စဲလိုက်ပြီဆိုတာနဲ့ မဟုတ်တာတွေ အကုန်လုံး လျှောက်လုပ်တော့တာပဲ။ အားနည်းချက်တွေသွားတွေ့တယ်။ ပြည်သူလူထုအပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်အောင် ဆက်ကြေး တောင်းတာတွေ၊ လူသစ်စုတာတွေ၊ အနိုင်ကျင့်တာတွေ သူတို့သွားလုပ်တာရှိတယ်။ နောက်တည်ဆဲ ဥပဒေတွေကို မလေးစားချိုးဖောက်တာတွေ၊ သူတို့ကပြောတယ် ငါတို့တိုင်းရင်းသား လက်နက်ကိုင်တွေမို့လို့ တည်ဆဲဥပဒေတွေကို လိုက်နာစရာ မလိုဘူးလို့ တချို့ကယူဆတယ်။ ကဲ လူသတ်မှုဖြစ်လာပြီ၊ မုဒိမ်းမှုဖြစ်လာပြီ၊ ရာဇဝတ်မှု ကျူးလွန်တာတွေ ဘယ်ဥပဒေနဲ့ အရေးယူမလဲ။ ဒါကြောင့် ကျွန်တော်တို့က ဥပဒေကို လေးစားလိုက်နာဖို့ပြောတယ်။ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တာတွေဖြစ်လာတယ်။ လူကုန်ကူးမှုတွေဖြစ်လာတယ်။ စသဖြင့် တိုင်းပြည်ရဲ့သယံဇာတတွေခိုးထုတ်တာတွေ ဖြစ်လာတယ်။ ဒါတွေကို ဥပဒေကတားမြစ်ထားတာတွေရှိတယ်။ ဒါတွေကို မလေးစားလို့မရဘူး။ ဒီလိုလုပ်ရင် ကျွန်တော်တို့က အရေးယူရမယ်။ ဒါကြောင့် ကျွန်တော်တို့က ဒီစည်းကမ်း ၄ ချက်ကိုထည့်ရေးလိုက်တယ်။ ဒါပေမဲ့ အဲဒါတွေကို ကျွန်တော်တို့ အပေါ်မှာ တချို့တချို့ဆင်ခြေပေးကြတာတွေရှိပါတယ်။ ဒီမှာလည်း တစ်ချက်ပေါ့နော် ကျွန်တော်တို့ အနေနဲ့ ငြိမ်းချမ်းရေး လုပ်တဲ့အခါမှာ တကယ်ရိုးရိုးသားသားပဲ တိုင်းပြည်ငြိမ်းချမ်းပြီးတော့ တိုင်းပြည်မှာရှိတဲ့အားလုံးက စုစုစည်းစည်း ညီညီ ညွတ်ညွတ်နဲ့ တိုင်းပြည်ကိုတိုးတက်အောင်လုပ်မယ်ဆိုတဲ့စိတ်နဲ့ ကျွန်တော်တို့သွားတာပေါ့။ ဘာတစ်ခုမှ တခြားရည်ရွယ်ချက် မရှိပါဘူး။ တိုင်းပြည်တည်ငြိမ်အေးချမ်းမှ တိုင်းပြည်တိုးတက်လာမှာဆိုတာ ကျွန်တော် ပြောလိုပါတယ်။ စောစောက ခင်ဗျားကမေးတယ်၊ တရုတ်နိုင်ငံက အကူအညီနဲ့ ပတ်သက်ပြီးတော့ မေးခဲ့တာတွေရှိတယ်။ တရုတ်နိုင်ငံ အနေနဲ့လည်း အခုအများကြီးအကူအညီပေးပါတယ်။ တရုတ်တစ်နိုင်ငံတည်းမဟုတ်ဘူး။ အိမ်နီးနားချင်း တိုင်းပြည်တွေက ဥပမာ ထိုင်းနိုင်ငံကလည်း ကူညီဆောင်ရွက်မှုရှိတယ်။ အိန္ဒိယကလည်း ကူညီဆောင်ရွက်မှုပေးတာပေါ့။ ဒါကတော့ သံတမန် ဆက်ဆံရေး အိမ်နီးနားချင်း တိုင်းပြည်ဆိုတာတော့ သူတို့လည်း သူတို့ရဲ့နောက်ကျောတွေလုံချင်တာပေါ့၊ လုံချင်တော့ အကူအညီတွေ ပေးတာပေါ့။ အဓိကအင်အားစုတွေကတရုတ်နယ်စပ်ဘက်မှာရှိတာမှန်ပါတယ်။ တရုတ်နိုင်ငံကလည်း ကျွန်တော်တို့ အပေါ်မှာ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး တွန်းအားပေးတာတွေ အများကြီး လုပ်ပေးနေတာကို ကျွန်တော်ပြောလို ပါတယ်။ ကျွန်တော်တို့လည်း ဆက်လက်ဆောင်ရွက် နေတယ်ဆိုတာ ပြောလိုပါတယ်။ တရုတ်တစ်နိုင်ငံတည်း မဟုတ်ဘူး။ ထိုင်းနိုင်ငံနဲ့ရော၊ အိန္ဒိယနိုင်ငံနဲ့ရော ကျွန်တော်တို့ဒါတွေနဲ့ပတ်သက်ပြီးတော့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေပါတယ်ဆိုတာ ကျွန်တော်ပြောချင်ပါတယ်။

Mr.Ryuta SOMETAYA ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်တဲ့အစိုးရလက်ထက် ဒီအစိုးရအောက်မှာ ဆိုလို့ရှိရင် စီးပွားရေးက ထင်သလောက်တိုးတက်မလာခဲ့ပါဘူး။ နောက်ပြီးတော့ငြိမ်းချမ်းရေးဖြစ်စဉ်ဟာဆိုရင်လည်း NLD အစိုးရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကတိပေးထားသလောက်ကောင်းမလာတာတွေ့ရပါတယ်။ အဲတော့လက်ရှိ အစိုးရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ လက်ရှိအစိုးရနဲ့နောက်ပြီးတော့ နိုင်ငံတော်အတိုင်ပင်ခံရဲ့နိုင်ငံရေးမူဝါဒနဲ့ နိုင်ငံရေး လုပ်ဆောင်ချက်တွေ အပေါ် ဘယ်လိုများမြင်ပါသလဲ။ နောက်ပြီးတော့ ပြည်သူလူထုတွေထဲမှာဆိုလို့ရှိရင်လည်း ညည်းညူသံတွေ ကြားနေရပါတယ်။ သူတို့ရဲ့စီမံခန့်ခွဲမှုအပေါ်မှာ အဲ့လိုအသံတွေကြားနေရပါတယ်။ အဲဒါကိုများ ဒီသူ့ရဲ့နိုင်ငံရေး အပေါ်မှာ ဘယ်လိုများ မြင်ပါသလဲခင်ဗျာ။ နိုင်ငံတော် အတိုင်ပင်ခံရဲ့ နိုင်ငံရေးအမြင်ကို ပြောပြပေးပါခင်ဗျာ။

ဗိုလ်ချုပ်မှူးကြီး ။ ။ ဒါကတော့ ပုဂ္ဂိုလ်ရေးဆန်တဲ့ ဟာလေးဖြစ်တာပေါ့၊ သာမန်အားဖြင့်တော့ ဒါဟာဖြေဖို့တော့ မကောင်းပါဘူး၊ သို့သော်လည်း ကျွန်တော့်အမြင်ပြောရရင်တော့ ဒီအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အစိုးရ တက်လာတယ် ဆိုတာကလည်း ပြည်သူကရွေးချယ်တာပါ။ သူတို့ပေးထားတဲ့ ကတိကဝတ်ပေါ် မူတည်ပြီးလုပ်တာပေါ့၊ လုပ်ဆောင်နိုင်ခြင်း၊ မလုပ်ဆောင်နိုင်ခြင်း ဆိုတာ သူတို့ရဲ့ စွမ်းဆောင်ရည်ပေါ်မှာ မူတည်ပါတယ်။ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ဆောင်ရွက်မှုတွေနဲ့ ပတ်သက်ရင်လည်း သူ့ရဲ့လုပ်ဆောင်ချက် အပေါ်မှာ မူတည်တာပေါ့၊ ဒါကပြည်သူကမြင်လည်းမြင်နေရတာပေါ့၊ ပြည်သူလည်း ဆုံးဖြတ်လို့ရတယ်၊ ကျွန်တော့်အနေနဲ့ကတော့ ပြည်သူကတော့ လုပ်သင့်လုပ်ထိုက်တာကို လုပ်ကြဖို့လိုတယ်လို့ ပြောလိုပါတယ်။ ကိုယ့်ကိုယ် ကိုယ်လည်း တိုးတက်အောင်လုပ်ရမှာပါပဲ၊ လူတိုင်းကတော့ ကိုယ့်ကိုယ်ကိုယ်တိုးတက်အောင် လုပ်ဖို့တာဝန်ရှိတယ်။ ကိုယ့်ရဲ့ အဖွဲ့အစည်း၊ ကိုယ့်ရဲ့ဒေသတွေလည်း တိုးတက်အောင်လုပ်ဖို့တာဝန်ရှိတာပေါ့၊ အပြစ်တင်တာ ထက်စာရင်တော့ ကျွန်တော်တို့ ဒီဟာကို ဘယ်လိုကောင်းအောင် လုပ်မလဲဆိုတဲ့စိတ်နဲ့ တစ်ဖက်ကလုပ်ရင်တော့ ပိုကောင်းမလားလို့ မြင်တာပေါ့၊ ဒါပေမဲ့လည်း ဦးဆောင်တဲ့သူက ပိုပြီးအရေးကြီးတာပေါ့။ ဦးဆောင်တဲ့သူနဲ့ ဦးဆောင်တဲ့ အဖွဲ့အစည်းပေါ့၊ ကျွန်တော်တို့ တပ်မတော်မှာ ဆိုရင်လည်း ကျွန်တော်ကအဓိကပေါ့၊ ပြီးရင် ကျွန်တော့်ရဲ့ဦးဆောင်တဲ့ Commander တွေရှိတာပေါ့၊ သူတို့လည်း အကုန်လုံးက မှန်မှန်ကန်ကန်လုပ်ဆောင်ကြပါတယ်။ ကျွန်တော်တို့ အဲ့ဒါသာ မှန်မှန်ကန်ကန် မလုပ်ဘူးဆိုရင် ကျွန်တော်တို့ရဲ့ Institution မှာ ပြဿနာတွေ၊ အခက်အခဲတွေဖြစ်သွားနိုင်တာပေါ့။ တိုင်းပြည်မှာတော့ ပိုပြီးကျယ်ပြန့်တာပေါ့၊ အမှားအယွင်းနည်းနိုင်လေ ပိုပြီးကောင်းလေပေါ့။ အမှားအယွင်းများလာရင် တိုင်းပြည်ဆုံးရှုံးမှုတွေ ဖြစ်သွားနိုင်တယ်။ ဒါကတော့ ပြည်သူကလည်း ဒါတွေ သိထားဖို့လည်းလိုတယ်။ ဆင်ခြင်ဖို့လည်းလိုတယ်။ သတိတရားနဲ့ လုပ်ဖို့လည်းလိုတယ်လို့ ကျွန်တော်တို့က ဒီလိုပဲမြင်ပါတယ်။ ဒီမှာလည်း အားလုံးပြည့်စုံတယ်တော့ မဟုတ်ဘူး။ လူ့သဘော သဘာဝအရ အားလုံးတညီတညွတ်တည်း ဆိုတာ တော်တော်လေး ရှားပါတယ်။ သဘောထား ကွဲလွဲမှုတွေရှိတယ်၊ သို့သော် အတတ်နိုင်ဆုံး သဘောထားတွေ စုစည်းပြီးတော့မှ လုပ်ရပါတယ်။ တပ်မတော်ကတော့ လက်နက်ကိုင် အဖွဲ့အစည်းဆိုတော့ ဥပဒေအရ၊ စည်းကမ်းအရ ဒီအတိုင်းပဲ လုပ်ရမယ်ဆိုပြီးတော့ အပြတ်ပြောလိုက်တာပေါ့။ သို့သော်လည်း လက်ခံနိုင်တဲ့ အနေအထားတော့ ဖြစ်ရမယ်ပေါ့။ အတင်းအဓမ္မကြီး သွားလုပ်လို့မရဘူူး။ စည်းကမ်းနဲ့ လုပ်ကြတာရှိတယ်။ နိုင်ငံကပြည်သူကျတော့ ပိုပြီးပျော့ပျောင်းညင်သာဖို့ လိုတာပေါ့။ တစ်ယောက်နဲ့ တစ်ယောက်ကတော့ သဘောထားဘယ်လိုမှ တူနိုင်စရာ အကြောင်းမရှိဘူး။ ဒါကို ပေါင်းစပ်ညှိနှိုင်းပြီးမှ ဥပဒေနဲ့ ပြဋ္ဌာန်းပြီးတော့ လုပ်ရတာပေါ့။ ဒါကြောင့် ကျွန်တော်တို့က ဥပဒေဆိုတာ ပြဋ္ဌာန်းလာတာပေါ့။ ဥပဒေနဲ့မညီညွတ်ဘဲသွားလုပ်မယ်ဆိုရင် အတင်းအဓမ္မသွားလုပ်မယ်ဆိုရင် မကျေနပ်ချက်တွေဖြစ်လာမှာဘဲ။ ဥပဒေနဲ့ ညီညွတ်အောင်လုပ်မယ်။ စည်းကမ်းနဲ့ညီညွတ်အောင် လုပ်မယ်ဆိုရင်တော့ လက်မခံစရာအကြောင်းတော့ မရှိဘူး။ ဒါလည်း ကျွန်တော်တို့ အင်မတန်ကိုသတိထားရပါတယ်။

Mr. Ryuta SOMETAYA ။ ။ အခုနောက်ဆုံးမေးခွန်းကတော့ ဂျပန်နိုင်ငံနဲ့ သက်ဆိုင်တဲ့မေးခွန်းပါ။ ဂျပန်နိုင်ငံဟာ အခုဆိုရင်ငြိမ်းချမ်းရေးဖြစ်စဉ်မှာရော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်ရော ရခိုင်အရေးကိစ္စအတွက်ရော သူတို့က ပါဝင်လုပ်ဆောင်နေပါတယ်။ မြန်မာနိုင်ငံအတွက်ပေါ့နော်။ အနာဂတ်မှာ ဂျပန်နိုင်ငံနဲ့ပူးပေါင်းလုပ်ဆောင်နိုင်ဖို့အတွက် ဘယ်လိုများ မျှော်လင့်ထားပါသလဲ။ နောက်ပြီးတော့ ဂျပန်ပြည်သူူတွေက မြန်မာနိုင်ငံထဲမှာ ဘာတွေဖြစ်နေသလဲဆိုတာကို သူတို့ကသိချင်နေကြပါတယ်။ ဂျပန်ပြည်သူတွေကို မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေမှန်တွေကို ဘယ်လိုများပြောချင်ပါသလဲ။

ဗိုလ်ချုပ်မှူးကြီး ။ ။ ဂျပန်နိုင်ငံအနေနဲ့ပြောရရင် စစ်ရှုံးနိုင်ငံတစ်ခုကနေ တကယ့်အင်အားကြီးနိုင်ငံတစ်ခု ပြန်ပြီးတော့ ဖြစ်လာတာ။ ပြောရရင်တော့ မြန်မာနိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပတ်သက်ရင် ဂျပန်စစ်လျော်ကြေးကစပြီးတော့ ဂျပန်နိုင်ငံက တာဝန်ကျေအောင် လုပ်ပေးခဲ့တယ်။ ဂျပန်နိုင်ငံဟာတာဝန်ကျေတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း အများကြီးအကူအညီပေးခဲ့တာပေါ့။ မြန်မာနိုင်ငံရဲ့ ဖြစ်ပျက်နေတဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ ပြောရရင်တော့ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေး၊ နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းဖို့ လုံခြုံရေးအရ တည်ငြိမ်အေးချမ်းဖို့ အတွက် ဂျပန်နိုင်ငံနဲ့ ဂျပန်ပြည်သူတွေက ဆက်လက်ပူးပေါင်းဆောင်ရွက်ပေးဖို့ တစ်ချက်ပြောလိုပါတယ်။ နှစ်အချက်ကတော့ မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေအချင်းချင်းတွေထဲမှာ ဘာဖြစ်လာသလဲဆိုရင် ကွာဟမှုတွေ၊ ဒေသတစ်ခုနဲ့တစ်ခု ကွာဟမှုတွေ ရှိနေတယ်ဆိုပြီးတော့ တိုင်းရင်းသားတွေအမြင်ပြောတာပေါ့။ ကွာဟမှုတွေဆိုတာ ဘာလဲဆိုတော့ သူတို့တိုင်းတွေ ဒေသတွေက မတိုးတက်ဘူး။ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေကတော့ တိုးတက်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ကျွန်တော်တို့မလုပ်ပေးနိုင်တာပေါ့။ ရှေ့ကလုပ်သွား နောက်ကဖျက်ဆီးခံရတာ ဒီလိုဖြစ်လာတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒါလည်းဆွေးနွေးပွဲနဲ့ ကျွန်တော်တို့သွားနေရတယ်။ အဲ့တော့ဖြစ်နိုင်လို့ရှိရင် ဒီတိုင်းရင်းသား ဒေသတွေနဲ့ နယ်ဘက်ဒေသတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး ဒါတွေကို ပိုပြီးတော့မှကောင်းအောင်၊ ကြားမှာလစ်ဟာနေတဲ့ နေရာတွေမှာ ဂျပန်နိုင်ငံအစိုးရအနေနဲ့ ကူညီပေးမယ်ဆိုရင်ကောင်းမယ်လို့ ကျွန်တော်ပြောချင်ပါတယ်။ နောက်တစ်ခုက တတိယမေတ္တာရပ်ခံချင်တာက အလုပ်အကိုင်အခွင့်အလမ်းရစေတဲ့ ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေမှာ ဂျပန်နိုင်ငံက လာရောက်ရင်းနှီးမြှုပ်နှံမှုတွေ များများလုပ်စေချင်တယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေ ကုန်ထုတ်လုပ်မှုတွေ ရှိစေချင်တယ်။ ကျွန်တော်တို့မှာ အလုပ်အကိုင်အခွင့်အလမ်းတွေမရှိတဲ့အတွက် ဝင်ငွေမရှိကြဘူး။ ဝင်ငွေမရှိတဲ့အတွက်ကြောင့် ဒီပြဿနာတွေဖြစ်လာတယ်။ ဒါကြောင့် အလုပ်အကိုင်အခွင့်အလမ်းတွေ များများရှိစေမယ့် ကုန်ထုတ်လုပ်မှုမျိုးမှာ ဂျပန်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ လုပ်စေချင်တယ်။ ဒါတတိယအချက်ပေါ့။ နောက်တစ်ချက် စတုတ္ထအချက်ကတော့ ဂျပန်ပြည်သူတွေ မြန်မာပြည်ကိုလာပါ၊ မြန်မာပြည်ရဲ့အခြေအနေမှန်ကိုလာကြည့်ပါ။ လာကြည့်ပြီးတော့ မြန်မာနိုင်ငံရဲ့အခြေအနေအပေါ်မှာ သုံးသပ်ဖို့လည်းလိုတယ်။ Seeing is Believing မြင်တာက ပိုပြီးတော့ယုံကြည်စိတ်ချရတယ်။ ဒါကြောင့်လာကြည့်စေချင်တယ်။ မြန်မာနိုင်ငံရဲ့ဖြစ်ပေါ်ပြောင်းလဲနေတဲ့ အခြေအနေကို ဒါလည်း ဂျပန်ပြည်သူတွေက သိအောင်လုပ်မယ်ဆိုရင် ပိုကောင်းပါတယ်။

Mr.Ryuta SOMETAYA။ ။ ကျေးဇူးတင်ပါတယ်။

ဖတ္သင့္ေသာ သတင္းမ်ား

ျပန္စာထားခဲ့ပါ။

သင့္ email လိပ္စာကို ေဖာ္ျပမည္ မဟုတ္ပါ။ လိုအပ္ေသာ ကြက္လပ္မ်ားကို * ျဖင့္ ေဖာ္ျပထားပါသည္။