တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျ နိုင်ငံသံအမတ်ကြီး H.E. Ms. Andrea Faulkner အား လက်ခံတွေ့ဆုံ

ေနျပည္ေတာ္၊ ေဖေဖာ္၀ါရီ – ၂၀

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ျမန္မာႏုိင္ငံ ဆုိင္ရာ ၾသစေၾတးလ် ႏုိင္ငံသံအမတ္ႀကီးအျဖစ္ခန္႔အပ္ျခင္းခံရသည့္ H.E. Ms. Andrea Faulkner အား ယေန႔ မြန္းလြဲပုိင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာဧည့္ခန္းမေဆာင္၌ လက္ခံေတြ႕ဆုံသည္။

အဆုိပါေတြ႕ဆုံပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယ ဗုိလ္ခ်ဳပ္ႀကီး စုိးထြဋ္၊ ဒုတိယဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေအးႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး ျမန္မာႏုိင္ငံဆုိင္ရာ ၾသစေၾတးလ်ႏုိင္ငံ သံအမတ္ႀကီးႏွင့္အတူ စစ္သံမွဴး Colonel Paul Bruce ႏွင့္ တာ၀န္ ရွိသူမ်ား တက္ေရာက္ ၾကသည္။

ထုိသုိ႔ေတြ႕ဆုံရာတြင္ ျမန္မာ-ၾသစေၾတးလ်ႏွစ္ႏုိင္ငံသည္ လြတ္လပ္ေရးရရွိၿပီးခ်ိန္မွ စ၍ႏွစ္ေပါင္းမ်ားစြာ သံတမန္ဆက္ဆံေရးေကာင္းမြန္ခဲ့မႈအေျခအေနမ်ား၊ ဘာသာစကား သင္တန္း၊ ကုလသမဂၢၿငိမ္းခ်မ္းေရး ထိန္းသိမ္းမႈဆုိင္ရာသင္တန္း၊ မူးယစ္ေဆး၀ါး တန္ျပန္ႏွိမ္နင္းမႈ သင္တန္းႏွင့္ေဆးဘက္ဆုိင္ရာသင္တန္းမ်ား စသည့္ေလ့က်င့္ေရးဆုိင္ရာ ပူးေပါင္းေဆာင္ရြက္ေနမႈအေျခအေနမ်ား၊ ျမန္မာႏုိင္ငံ၏ျပည္တြင္းၿငိမ္းခ်မ္းေရးႏွင့္ ပညာေရး၊ စီးပြားေရးက႑မ်ားအပါအ၀င္ ဖြံ႕ၿဖိဳးတုိးတက္ေရးလုပ္ငန္းမ်ားတြင္ ၾသစေၾတးလ်ႏုိင္ငံမွ ကူညီေဆာင္ရြက္ေပးေနမႈအေျခအေနမ်ား၊ ျမန္မာႏုိင္ငံတြင္ ထာ၀ရၿငိမ္းခ်မ္းေရးရရွိရန္အတြက္ တပ္မေတာ္မွ ေဆာင္ရြက္ ေနမႈအေျခအေနမ်ား၊ ရခုိင္ျပည္နယ္ေျမာက္ပုိင္း ဘူးသီးေတာင္၊ ေမာင္ေတာေဒသ တြင္ျဖစ္ပြား ခဲ့သည့္ ဘဂၤါလီအေရးကိစၥႏွင့္ပတ္သက္ၿပီး အစုိးရႏွင့္တပ္မေတာ္မွဥပေဒႏွင့္အညီ ေျဖရွင္းေဆာင္ ရြက္ခဲ့မႈ အေျခအေနမ်ားႏွင့္ ၾသစေၾတးလ်ႏုိင္ငံမွ ပါ၀င္ကူညီေဆာင္ရြက္ေပးလ်က္ရွိသည့္ အေျခအေနမ်ားအား ရင္းႏွီး ပြင့္လင္းစြာေဆြးေႏြးခဲ့ၾကသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ျမန္မာႏုိင္ငံဆုိင္ရာ ၾသစေၾတးလ်ႏုိင္ငံ သံအမတ္ႀကီးအား အမွတ္တရလက္ေဆာင္ပစၥည္းေပးအပ္ၿပီး တက္ေရာက္လာၾကသူမ်ားႏွင့္အတူ စုေပါင္း ဓာတ္ပုံ႐ုိက္ခဲ့ၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျ နိုင်ငံသံအမတ်ကြီး H.E. Ms. Andrea Faulkner အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ဖေဖော်ဝါရီ – ၂၀

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံ ဆိုင်ရာ သြစတြေးလျ နိုင်ငံသံအမတ်ကြီးအဖြစ်ခန့်အပ်ခြင်းခံရသည့် H.E. Ms. Andrea Faulkner အား ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျနိုင်ငံ သံအမတ်ကြီးနှင့်အတူ စစ်သံမှူး Colonel Paul Bruce နှင့် တာဝန် ရှိသူများ တက်ရောက် ကြသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာ-သြစတြေးလျနှစ်နိုင်ငံသည် လွတ်လပ်ရေးရရှိပြီးချိန်မှ စ၍နှစ်ပေါင်းများစွာ သံတမန်ဆက်ဆံရေးကောင်းမွန်ခဲ့မှုအခြေအနေများ၊ ဘာသာစကား သင်တန်း၊ ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းမှုဆိုင်ရာသင်တန်း၊ မူးယစ်ဆေးဝါး တန်ပြန်နှိမ်နင်းမှု သင်တန်းနှင့်ဆေးဘက်ဆိုင်ရာသင်တန်းများ စသည့်လေ့ကျင့်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေများ၊ မြန်မာနိုင်ငံ၏ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပညာရေး၊ စီးပွားရေးကဏ္ဍများအပါအဝင် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် သြစတြေးလျနိုင်ငံမှ ကူညီဆောင်ရွက်ပေးနေမှုအခြေအနေများ၊ မြန်မာနိုင်ငံတွင် ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် တပ်မတော်မှ ဆောင်ရွက် နေမှုအခြေအနေများ၊ ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောဒေသ တွင်ဖြစ်ပွား ခဲ့သည့် ဘင်္ဂါလီအရေးကိစ္စနှင့်ပတ်သက်ပြီး အစိုးရနှင့်တပ်မတော်မှဥပဒေနှင့်အညီ ဖြေရှင်းဆောင် ရွက်ခဲ့မှု အခြေအနေများနှင့် သြစတြေးလျနိုင်ငံမှ ပါ၀င်ကူညီဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများအား ရင်းနှီး ပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျနိုင်ငံသံအမတ်ကြီးအား အမှတ်တရလက်ဆောင်ပစ္စည်းပေးအပ်ပြီး တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။