တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်မြို့၊ ဧရာဝတီမြစ် အနောက်ဘက်ကမ်းရှိ ရွှေဘုံသာမုနိစေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညို

ေနျပည္ေတာ္၊ ေဖေဖာ္၀ါရီ ၂၆

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ဇနီး ေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ေတာင္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္ တုိင္းမွဴးႏွင့္ တာ၀န္ရွိသူမ်ားလုိက္ပါၿပီး ယေန႔ညေနပုိင္းတြင္ ျပည္ခ႐ုိင္၊ ပန္းေတာင္းၿမိဳ႕နယ္ရွိ ေရႊဘုံသာမုနိေစတီေတာ္ျမတ္ႀကီးသုိ႔ သြားေရာက္ဖူးေျမာ္ၾကည္ညိဳသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးတုိ႔သည္ ေစတီေတာ္ျမတ္ႀကီးရွိ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္အား ဖူးေျမာ္ၾကည္ညိဳၿပီး ပန္း၊ ေရခ်မ္းႏွင့္ ဆီမီးမ်ားကပ္လွဴပူေဇာ္၍ ေစတီေတာ္ႀကီးအား လက္ယာရစ္ လွည့္လည္ဖူးေျမာ္ၾကည္ညိဳၿပီး ဘုရားဖူးလာျပည္သူမ်ား သက္ေတာင့္သက္သာ စိတ္ခ်မ္းေျမ့စြာရွိေစရန္အတြက္ ဘုရားႀကီးရင္ျပင္ေတာ္တြင္ ေနပူခံေက်ာက္ျပားမ်ား ခင္းက်င္းႏုိင္ေရးႏွင့္ ရင္ျပင္ေတာ္အတြင္း၌ရွိေသာ သစ္ပင္မ်ားပတ္လည္၌ အက္ကြဲေနေသာအုတ္ခုံမ်ား သပ္သပ္ရပ္ရပ္ျပန္လည္ျပဳျပင္ မြမ္းမံေရးတုိ႔အတြက္ လုိအပ္သည္မ်ား ၫႇိႏႈိင္းစီစဥ္ေဆာင္ရြက္ေပးသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးတုိ႔သည္ ေစတီေတာ္ျမတ္ႀကီး ဘက္စုံျပဳျပင္မြန္းမံရန္အတြက္ အလွဴေငြမ်ားအား ေဂါပကအဖြဲ႕ထံေပးအပ္လွဴဒါန္းရာ ေဂါပကအဖြဲ႕က ေစတီေတာ္ႀကီး၏ ဓာတ္ပုံကားခ်ပ္အား ဓမၼလက္ေဆာင္အျဖစ္ ျပန္လည္ေပးအပ္သည္။ ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေစတီေတာ္ႀကီး၏ ဧည့္သည္ေတာ္မွတ္တမ္းစာအုပ္တြင္ မွတ္တမ္းတင္ လက္မွတ္ေရးထုိးခဲ့သည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်မြို့၊ ဧရာဝတီမြစ် အနောက်ဘက်ကမ်းရှိ ရွှေဘုံသာမုနိစေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညို

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၆

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါပြီး ယနေ့ညနေပိုင်းတွင် ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်ရှိ ရွှေဘုံသာမုနိစေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့သည် စေတီတော်မြတ်ကြီးရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညိုပြီး ပန်း၊ ရေချမ်းနှင့် ဆီမီးများကပ်လှူပူဇော်၍ စေတီတော်ကြီးအား လက်ယာရစ် လှည့်လည်ဖူးမြော်ကြည်ညိုပြီး ဘုရားဖူးလာပြည်သူများ သက်တောင့်သက်သာ စိတ်ချမ်းမြေ့စွာရှိစေရန်အတွက် ဘုရားကြီးရင်ပြင်တော်တွင် နေပူခံကျောက်ပြားများ ခင်းကျင်းနိုင်ရေးနှင့် ရင်ပြင်တော်အတွင်း၌ရှိသော သစ်ပင်များပတ်လည်၌ အက်ကွဲနေသောအုတ်ခုံများ သပ်သပ်ရပ်ရပ်ပြန်လည်ပြုပြင် မွမ်းမံရေးတို့အတွက် လိုအပ်သည်များ ညှိနှိုင်းစီစဉ်ဆောင်ရွက်ပေးသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့သည် စေတီတော်မြတ်ကြီး ဘက်စုံပြုပြင်မွန်းမံရန် အတွက် အလှူငွေများအား ဂေါပကအဖွဲ့ထံပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့က စေတီတော်ကြီး၏ ဓာတ်ပုံကားချပ်အား ဓမ္မလက်ဆောင်အဖြစ် ပြန်လည်ပေးအပ်သည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စေတီတော်ကြီး၏ ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင် လက်မှတ်ရေးထိုးခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။