တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမှတ်(၁၇)အကြီးစားစက်ရုံ(မလွန်)သို့ သွားရောက်ကြည့်ရှု

ေနျပည္ေတာ္၊ ေဖေဖာ္၀ါရီ ၂၆

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ေတာင္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္ တုိင္းမွဴးႏွင့္ တာ၀န္ရွိသူမ်ားလုိ္က္ပါၿပီး ယေန႔မြန္းလြဲပုိင္း တြင္ မေကြးတုိင္းေဒသႀကီး၊ သရက္ခ႐ုိင္၊ အထက္မင္းလွၿမိဳ႕နယ္၊ မလြန္ေက်းရြာအနီးရွိ စက္မႈ၀န္ႀကီးဌာန၊ အမွတ္(၁)အႀကီးစားစက္မႈလုပ္ငန္း၊ အမွတ္(၁၇)အႀကီးစားစက္႐ုံ (မလြန္)သုိ႔ သြားေရာက္ၾကည့္႐ႈသည္။

ဦးစြာ အစည္းအေ၀းခန္းမတြင္ စက္႐ုံမွဴးႏွင့္တာ၀န္ရွိသူမ်ားက စက္႐ုံသမုိင္းအက်ဥ္း၊ လမ္းႀကိတ္စက္ႏွင့္ ေနာက္တြဲယာဥ္မ်ား၊ ဆန္စက္ငယ္မ်ား၊ လယ္ထြန္စက္မ်ား၊ စပါးေျခြေလွ႔စက္မ်ား၊ သုံးဘီးေမာ္ေတာ္ ဆုိင္ကယ္မ်ား၊ လယ္ယာသုံးစက္ပစၥည္းမ်ား၊ ေျမပဲအခြံခြၽတ္စက္မ်ား တပ္ဆင္ထုတ္လုပ္ေရာင္းခ်ေပးခဲ့မႈ အေျခအေနမ်ားအား ရွင္းလင္းတင္ျပရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က သိရွိလုိအပ္သည္မ်ား ေမးျမန္းေဆြးေႏြး ၿပီး ျမန္မာႏုိင္ငံသည္ လယ္ယာစုိက္ပ်ိဳးေရးႏုိင္ငံျဖစ္သည့္အတြက္ လယ္ယာသုံးစက္ ကိရိယာမ်ား မ်ားစြာလုိအပ္သျဖင့္ ျဖည့္ဆည္းေဆာင္ရြက္ရန္လုိအပ္ေၾကာင္း၊ ေခတ္မီလယ္ယာသုံး စက္ကိရိယာမ်ား ထုတ္လုပ္ႏုိင္ေရး နည္းလမ္းရွာေဖြေဆာင္ရြက္ရန္ လုိအပ္ေၾကာင္းႏွင့္ တပ္မေတာ္မွလည္း လုိအပ္သည္မ်ား ကူညီေဆာင္ရြက္ေပးမည္ျဖစ္ေၾကာင္း ေျပာၾကားသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ စက္႐ုံမွထုတ္လုပ္ထားသည့္ သုံးဘီးေမာ္ေတာ္ဆုိင္ကယ္၊ လမ္းႀကိတ္စက္၊ ဆန္စက္ငယ္ႏွင့္ စပါးေျခြေလွ႔စက္တုိ႔အားၾကည့္႐ႈၿပီး စက္႐ုံ၊ အလုပ္႐ုံမ်ားအတြင္း လွည့္လည္ၾကည့္႐ႈၾကရာ စက္႐ုံမွဴးႏွင့္တာ၀န္ရွိသူမ်ားက လုိက္လံရွင္းလင္း တင္ျပၾကသည္။ ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ စက္႐ုံ၀န္ထမ္းမ်ားအား စက္႐ုံေကာင္းစြာ ထိန္သိမ္းထားႏုိင္ျခင္းအတြက္ ဂုဏ္ျပဳခ်ီးျမႇင့္ေငြမ်ားေပးအပ္သည္။

အဆုိပါအမွတ္(၁၇)အႀကီးစားစက္႐ုံ (မလြန္)အား ၁၉၆၅ ခုႏွစ္မွစတင္၍ လယ္ယာက႑တြင္ လက္မႈလယ္ယာမွ စက္မႈလယ္ယာစနစ္သုိ႔ ကူးေျပာင္းရာတြင္ ျဖည့္တင္းေပးရန္လုိအပ္ေသာ လယ္ထြန္စက္စီမံကိန္းအား စတင္အေကာင္အထည္ေဖာ္ ေဆာင္ရြက္ခဲ့ျခင္းျဖစ္ၿပီး အမွတ္(၂) စက္မႈ၀န္ႀကီးဌာန၊ အႀကီးစားစက္မႈလုပ္ငန္း ေကာ္ပုိေရးရွင္းႏွင့္ ခ်က္ကုိစလုိဗက္ကီးယားႏုိင္ငံ၊ မုိႏုိေကာ့ဖ္ကုမၸဏီတုိ႔ ပထမပုိင္းပူးေပါင္းေဆာင္ရြက္ေရး စာခ်ဳပ္ခ်ဳပ္ဆုိေဆာင္ရြက္ခဲ့ၿပီး ၁၉၇၇ ခုႏွစ္တြင္ ပထမပုိင္းရင္းႏွီးျမႇဳပ္ႏွံမႈ စီမံကိန္းရည္မွန္းခ်က္မ်ား အျပည့္အ၀ အေကာင္အထည္ေဖာ္ေဆာင္ရြက္ႏုိင္ခဲ့သည္။ စက္႐ုံတြင္ လယ္ထြန္စက္တပ္ဆင္ေရးအလုပ္႐ုံ၊ ပုံသြင္းႏွင့္မာရွိန္ေျပာင္းအလုပ္႐ုံ၊ စက္ပစၥည္းအစိတ္အပုိင္း ထုတ္လုပ္မႈအလုပ္႐ုံ၊ သံရည္က်ိဳအလုပ္႐ုံ၊ လမ္းႀကိတ္စက္ႏွင့္ ေနာက္တြဲယာဥ္အလုပ္႐ုံ၊ ဂီယာထုတ္လုပ္ေရး အလုပ္႐ုံ၊ အင္ဂ်က္ရွင္းပန္႔ႏွင့္ေနာ္ဇယ္အလုပ္႐ုံႏွင့္ ဆန္စက္ငယ္ထုတ္လုပ္မႈအလုပ္႐ုံမ်ား တည္ေဆာက္ထားၿပီး လယ္ယာသုံးထြန္စက္မ်ား၊ ေထြလာမ်ား၊ စပါးေျခြေလွ႔စက္မ်ား၊ ေထာ္လာဂ်ီမ်ား၊ ဆန္စက္ငယ္မ်ားႏွင့္ သုံးဘီးဆုိင္ကယ္မ်ား ထုတ္လုပ္ခဲ့ျခင္းျဖစ္ၿပီး စက္႐ုံအ႐ႈံးေပၚမႈမ်ားေၾကာင့္ ၂၀၁၇ ႏွစ္တြင္ ထုတ္လုပ္မႈ လုပ္ငန္းမ်ားရပ္ဆုိင္းခဲ့ရၿပီး လုိအပ္ေသာျပဳျပင္မႈမ်ား လုပ္ေဆာင္ၿပီးမွသာ ျပန္လည္လည္ပတ္ႏုိင္မည္ ျဖစ္သည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမှတ်(၁၇)အကြီးစားစက်ရုံ(မလွန်)သို့ သွားရောက်ကြည့်ရှု

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၆

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါပြီး ယနေ့မွန်းလွဲပိုင်း တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်၊ မလွန်ကျေးရွာအနီးရှိ စက်မှုဝန်ကြီးဌာန၊ အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၁၇)အကြီးစားစက်ရုံ (မလွန်)သို့ သွားရောက်ကြည့်ရှုသည်။

ဦးစွာ အစည်းအဝေးခန်းမတွင် စက်ရုံမှူးနှင့်တာဝန်ရှိသူများက စက်ရုံသမိုင်းအကျဉ်း၊ လမ်းကြိတ်စက်နှင့် နောက်တွဲယာဉ်များ၊ ဆန်စက်ငယ်များ၊ လယ်ထွန်စက်များ၊ စပါးခြွေလှေ့စက်များ၊ သုံးဘီးမော်တော် ဆိုင်ကယ်များ၊ လယ်ယာသုံးစက်ပစ္စည်းများ၊ မြေပဲအခွံချွတ်စက်များ တပ်ဆင်ထုတ်လုပ်ရောင်းချပေးခဲ့မှု အခြေအနေများအား ရှင်းလင်းတင်ပြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သိရှိလိုအပ်သည်များ မေးမြန်းဆွေးနွေး ပြီး မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးနိုင်ငံဖြစ်သည့်အတွက် လယ်ယာသုံးစက် ကိရိယာများ များစွာလိုအပ်သဖြင့် ဖြည့်ဆည်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ခေတ်မီလယ်ယာသုံး စက်ကိရိယာများ ထုတ်လုပ်နိုင်ရေး နည်းလမ်းရှာဖွေဆောင်ရွက်ရန် လိုအပ်ကြောင်းနှင့် တပ်မတော်မှလည်း လိုအပ်သည်များ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် စက်ရုံမှထုတ်လုပ်ထားသည့် သုံးဘီးမော်တော် ဆိုင်ကယ်၊ လမ်းကြိတ်စက်၊ ဆန်စက်ငယ်နှင့် စပါးခြွေလှေ့စက်တို့အားကြည့်ရှုပြီး စက်ရုံ၊ အလုပ်ရုံများအတွင်း လှည့်လည်ကြည့်ရှုကြရာ စက်ရုံမှူးနှင့်တာဝန်ရှိသူများက လိုက်လံရှင်းလင်း တင်ပြကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် စက်ရုံဝန်ထမ်းများအား စက်ရုံကောင်းစွာ ထိန်သိမ်းထားနိုင်ခြင်းအတွက် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်သည်။

အဆိုပါအမှတ်(၁၇)အကြီးစားစက်ရုံ (မလွန်)အား ၁၉၆၅ ခုနှစ်မှစတင်၍ လယ်ယာကဏ္ဍတွင် လက်မှုလယ်ယာမှ စက်မှု လယ်ယာစနစ်သို့ ကူးပြောင်းရာတွင် ဖြည့်တင်းပေးရန်လိုအပ်သော လယ်ထွန်စက်စီမံကိန်းအား စတင်အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အမှတ်(၂) စက်မှုဝန်ကြီးဌာန၊ အကြီးစားစက်မှုလုပ်ငန်း ကော်ပိုရေးရှင်းနှင့် ချက်ကိုစလိုဗက်ကီးယားနိုင်ငံ၊ မိုနိုကော့ဖ်ကုမ္ပဏီတို့ ပထမပိုင်းပူးပေါင်းဆောင်ရွက်ရေး စာချုပ်ချုပ်ဆိုဆောင်ရွက်ခဲ့ပြီး ၁၉၇၇ ခုနှစ်တွင် ပထမပိုင်းရင်းနှီးမြှုပ်နှံမှု စီမံကိန်းရည်မှန်းချက်များ အပြည့်အ၀ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့သည်။ စက်ရုံတွင် လယ်ထွန်စက်တပ်ဆင်ရေးအလုပ်ရုံ၊ ပုံသွင်းနှင့်မာရှိန်ပြောင်းအလုပ်ရုံ၊ စက်ပစ္စည်းအစိတ်အပိုင်း ထုတ်လုပ်မှုအလုပ်ရုံ၊ သံရည်ကျိုအလုပ်ရုံ၊ လမ်းကြိတ်စက်နှင့် နောက်တွဲယာဉ်အလုပ်ရုံ၊ ဂီယာထုတ်လုပ်ရေး အလုပ်ရုံ၊ အင်ဂျက်ရှင်းပန့်နှင့်နော်ဇယ်အလုပ်ရုံနှင့် ဆန်စက်ငယ်ထုတ်လုပ်မှုအလုပ်ရုံများ တည်ဆောက်ထားပြီး လယ်ယာသုံးထွန်စက်များ၊ ထွေလာများ၊ စပါးခြွေလှေ့စက်များ၊ ထော်လာဂျီများ၊ ဆန်စက်ငယ်များနှင့် သုံးဘီးဆိုင်ကယ်များ ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး စက်ရုံအရှုံးပေါ်မှုများကြောင့် ၂၀၁၇ နှစ်တွင် ထုတ်လုပ်မှု လုပ်ငန်းများရပ်ဆိုင်းခဲ့ရပြီး လိုအပ်သောပြုပြင်မှုများ လုပ်ဆောင်ပြီးမှသာ ပြန်လည်လည်ပတ်နိုင်မည် ဖြစ်သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။