တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ Mr. Xi Jinping နှင့် တွေ့ဆုံဆွေးနွေး

ေနျပည္ေတာ္၊ ဧၿပီ ၁၀

တ႐ုတ္ျပည္သူ႕သမၼတႏုိင္ငံသုိ႔ ခ်စ္ၾကည္ေရးခရီးေရာက္ရွိေနသည့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္အား တ႐ုတ္ျပည္သူ႕သမၼတႏုိင္ငံ သမၼတ Mr. Xi Jinping မွ ယေန႔ညေနပုိင္းတြင္ ေပက်င္းၿမိဳ႕၊ ျပည္သူ႕ခန္းမေဆာင္ ႀကီးရွိဧည့္ခန္းမတြင္ လက္ခံေတြ႕ဆုံ ေဆြးေႏြးသည္။

အဆုိပါ ေတြ႕ဆုံပြဲအခမ္းအနားသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင္အတူ တ႐ုတ္ႏုိင္ငံဆုိင္ရာ ျမန္မာႏုိင္ငံသံအမတ္ႀကီး ဦးသစ္လင္းအုန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗုိလ္ခ်ဳပ္ႀကီး သန္းထြန္းဦးႏွင့္တပ္မေတာ္အရာရွိႀကီးမ်ား၊ ျမန္မာစစ္သံ (ၾကည္း၊ေရ၊ေလ) ဗုိလ္မွဴးခ်ဳပ္တင့္ဆန္းတုိ႔ တက္ေရာက္ၾကၿပီး တ႐ုတ္ႏုိင္ငံသမၼတႏွင့္အတူ တ႐ုတ္ႏုိင္ငံဗဟုိစစ္ေကာ္မရွင္ အဖြဲ႕၀င္ႏွင့္ပူးတြဲ စစ္ဦးစီးဌာနစစ္ဦးစီးခ်ဳပ္ Gen. Li Zuocheng ၊ တ႐ုတ္ျပည္သူ႕လြတ္ေျမာက္ေရးတပ္မေတာ္မွ အရာရွိႀကီးမ်ားႏွင့္ တာ၀န္ရွိသူမ်ားတက္ေရာက္ၾကသည္။

ထုိသုိ႔ေတြ႕ဆုံစဥ္ တ႐ုတ္ျပည္သူ႕သမၼတႏုိင္ငံသမၼတ Mr. Xi Jinping က တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ယခုလာေရာက္သည့္ခရီးစဥ္တြင္ အျပဳသေဘာေဆာင္သည့္ ေဆြးေႏြးမႈမ်ား ျပဳလုပ္ႏုိင္ခဲ့သည့္အတြက္ ေအာင္ျမင္သည့္ခရီးစဥ္တစ္ခုျဖစ္ေၾကာင္း၊ တ႐ုတ္-ျမန္မာ ႏွစ္ႏုိင္ငံသည္ ယခင္ကတည္းက ပါတီ၊ အစုိးရ၊ ျပည္သူမ်ားႏွင့္ တပ္မေတာ္အခ်င္းခ်င္း က်ယ္ျပန္႔သည့္ ဆက္ဆံေရး ရွိၿပီး တပ္မေတာ္ႏွစ္ရပ္အၾကားဆက္ဆံေရးသည္ ပိုမုိရင္းႏွီးက်ယ္ျပန္႔ေၾကာင္း၊ ျမန္မာႏုိင္ငံသည္ ျပည္တြင္းျပည္ပဖိအားမ်ားကုိရင္ဆုိင္ၿပီး ေခါင္းေဆာင္အသီးသီးက ႏွစ္ေပါင္းမ်ားစြာ ႀကိဳးပမ္းခဲ့ မႈမ်ားေၾကာင့္ ျမန္မာႏုိင္ငံဖြံ႕ၿဖိဳး တိုးတက္လာမႈမ်ားကုိေတြ႕ျမင္ရၿပီး မိမိအေနျဖင့္အသိအမွတ္ျပဳ ပါေၾကာင္း၊ ျမန္မာႏုိင္ငံ ဖြံ႕ၿဖိဳးတုိးတက္ေရးအတြက္အေလးထားပါေၾကာင္း၊ တ႐ုတ္ႏုိင္ငံအေနျဖင့္ လည္း တတ္ႏုိင္သမွ် ကူညီေဆာင္ရြက္ေပးခဲ့ၿပီးေနာင္တြင္လည္း ဆက္လက္ကူညီေဆာင္ရြက္ ေပးသြားမည္ျဖစ္ကာ ႏွစ္ႏုိင္ငံႏွင့္ တပ္မေတာ္ႏွစ္ရပ္အၾကား ပူးေပါင္းေဆာင္ရြက္မႈမ်ားကုိ ျမႇင့္တင္ သြားမည္ျဖစ္ေၾကာင္း၊ ႏွစ္ႏုိင္ငံအၾကားတက္ၾကြစြာ ပူးေပါင္းေဆာင္ရြက္ၿပီး ျပႆနာမ်ား အတူတကြ ၫႇိႏႈိင္းေျဖရွင္းသြားရန္ႏွင့္ ႏွစ္ႏုိင္ငံအက်ိဳးရွိေစမည့္ ကိစၥရပ္မ်ားတြင္ Win – Win အေနအထားရေအာင္ အေကာင္အထည္ေဖာ္ေဆာင္ရြက္ သြားရန္လုိေၾကာင္းေျပာၾကားသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ယခုခရီးစဥ္အတြင္း တပ္မေတာ္ႏွစ္ရပ္အၾကား က်ယ္ျပန္႔စြာေဆြးေႏြးၿပီး ပူးေပါင္းေဆာင္ရြက္မႈႏွင့္ သေဘာတူညီမႈမ်ားရရွိခဲ့သည့္အတြက္ ေအာင္ျမင္သည့္ခရီးစဥ္ျဖစ္ေၾကာင္း၊ တ႐ုတ္ႏုိင္ငံအေနျဖင့္ ကမၻာ့ႏုိင္ငံမ်ားအေပၚေစတနာထားၿပီး အေကာင္အထည္ေဖာ္ေဆာင္ရြက္ေနသည့္ ရပ္၀န္းႏွင့္ လမ္းေၾကာင္း စီမံကိန္းေဆာင္ရြက္မႈသည္ လည္း ေအာင္ျမင္မႈရရွိမည္ဟု ယုံၾကည္ေၾကာင္း၊ အဆုိပါစီမံကိန္းတြင္ ျမန္မာႏုိင္ငံအတြက္ အက်ိဳးျပဳမည့္ စီမံကိန္းလုပ္ငန္းမ်ားစြာပါ၀င္ၿပီး ျမန္မာႏုိင္ငံအတြက္အက်ိဳးျဖစ္ထြန္းမည့္ စီမံကိန္းမ်ားကုိ တပ္မေတာ္အေနျဖင့္လည္း ပူးေပါင္းပါ၀င္ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း၊ ျမန္မာႏုိင္ငံ၌ ေက်းလက္ ေဒသတြင္ေနထုိင္သူမ်ားျပားၿပီး ၎တုိ႔၏ လူမႈစီးပြားဘ၀ဖြံ႕ၿဖိဳး တုိးတက္ရန္အတြက္ ျမန္မာႏုိင္ငံ၏ စီးပြားေရး ဖြံ႕ၿဖိဳးတိုးတက္ရန္လုိေၾကာင္း၊ ထုိ႔ေၾကာင့္ ျမန္မာႏုိင္ငံ၏စီးပြားေရးအခြင့္အလမ္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ေစရန္အတြက္ ကူညီေဆာင္ရြက္ေပးေစလုိေၾကာင္းေျပာၾကားသည္။

ယင္းေနာက္ႏွစ္ႏုိင္ငံႏွင့္ တပ္မေတာ္ႏွစ္ရပ္အၾကားခ်စ္ၾကည္ရင္းႏွီးမႈဆုိင္ရာကိစၥရပ္မ်ား၊ နယ္စပ္ေဒသ တည္ၿငိမ္ေအးခ်မ္းေရးဆုိင္ရာကိစၥရပ္မ်ား၊ ျပည္တြင္းၿငိမ္းေရးရရွိရန္အတြက္ တပ္မေတာ္မွ ေဆာင္ရြက္ေနမႈအေျခအေနမ်ားအား ရင္းႏွီးပြင့္လင္းစြာ အျမင္ခ်င္းဖလွယ္ေဆြးေႏြးခဲ့ၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္အေနျဖင့္ တ႐ုတ္ျပည္သူ႕ သမၼတႏုိင္ငံ သမၼတ Mr. Xi Jinping ႏွင့္ ယခုအႀကိမ္ေတြ႕ဆုံမႈသည္ ၅ ႀကိမ္ေျမာက္ျဖစ္ၿပီး ေတြ႕ဆုံခ်ိန္မ်ားတြင္ ႏွစ္ႏုိင္ငံႏွင့္ တပ္မေတာ္ႏွစ္ရပ္အၾကား ခ်စ္ၾကည္ရင္းႏွီးစြာ ပူးေပါင္း ေဆာင္ရြက္မႈမ်ား တုိးတက္ေကာင္းမြန္ေအာင္ ေဆာင္ရြက္ႏုိင္မည့္ ကိစၥရပ္မ်ားအား ေဆြးေႏြးႏုိင္ခဲ့သည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ Mr. Xi Jinping နှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ ဧပြီ ၁၀

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ Mr. Xi Jinping မှ ယနေ့ညနေပိုင်းတွင် ပေကျင်းမြို့၊ ပြည်သူ့ခန်းမဆောင် ကြီးရှိဧည့်ခန်းမတွင် လက်ခံတွေ့ဆုံ ဆွေးနွေးသည်။

အဆိုပါ တွေ့ဆုံပွဲအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင်အတူ တရုတ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်းအုန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦးနှင့်တပ်မတော်အရာရှိကြီးများ၊ မြန်မာစစ်သံ (ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ်တင့်ဆန်းတို့ တက်ရောက်ကြပြီး တရုတ်နိုင်ငံသမ္မတနှင့်အတူ တရုတ်နိုင်ငံဗဟိုစစ်ကော်မရှင် အဖွဲ့ဝင်နှင့်ပူးတွဲ စစ်ဦးစီးဌာနစစ်ဦးစီးချုပ် Gen. Li Zuocheng ၊ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ အရာရှိကြီးများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံစဉ် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ Mr. Xi Jinping က တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ယခုလာရောက်သည့်ခရီးစဉ်တွင် အပြုသဘောဆောင်သည့် ဆွေးနွေးမှုများ ပြုလုပ်နိုင်ခဲ့သည့်အတွက် အောင်မြင်သည့်ခရီးစဉ်တစ်ခုဖြစ်ကြောင်း၊ တရုတ်-မြန်မာ နှစ်နိုင်ငံသည် ယခင်ကတည်းက ပါတီ၊ အစိုးရ၊ ပြည်သူများနှင့် တပ်မတော်အချင်းချင်း ကျယ်ပြန့်သည့် ဆက်ဆံရေး ရှိပြီး တပ်မတော်နှစ်ရပ်အကြားဆက်ဆံရေးသည် ပိုမိုရင်းနှီးကျယ်ပြန့်ကြောင်း၊ မြန်မာနိုင်ငံသည် ပြည်တွင်းပြည်ပဖိအားများကိုရင်ဆိုင်ပြီး ခေါင်းဆောင်အသီးသီးက နှစ်ပေါင်းများစွာ ကြိုးပမ်းခဲ့ မှုများကြောင့် မြန်မာနိုင်ငံဖွံ့ဖြိုး တိုးတက်လာမှုများကိုတွေ့မြင်ရပြီး မိမိအနေဖြင့်အသိအမှတ်ပြု ပါကြောင်း၊ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက်အလေးထားပါကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် လည်း တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးခဲ့ပြီးနောင်တွင်လည်း ဆက်လက်ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကာ နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင် သွားမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံအကြားတက်ကြွစွာ ပူးပေါင်းဆောင်ရွက်ပြီး ပြဿနာများ အတူတကွ ညှိနှိုင်းဖြေရှင်းသွားရန်နှင့် နှစ်နိုင်ငံအကျိုးရှိစေမည့် ကိစ္စရပ်များတွင် Win – Win အနေအထားရအောင် အကောင်အထည်ဖော်ဆောင်ရွက် သွားရန်လိုကြောင်းပြောကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယခုခရီးစဉ်အတွင်း တပ်မတော်နှစ်ရပ်အကြား ကျယ်ပြန့်စွာဆွေးနွေးပြီး ပူးပေါင်းဆောင်ရွက်မှုနှင့် သဘောတူညီမှုများရရှိခဲ့သည့်အတွက် အောင်မြင်သည့်ခရီးစဉ်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံများအပေါ်စေတနာထားပြီး အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ရပ်ဝန်းနှင့် လမ်းကြောင်း စီမံကိန်းဆောင်ရွက်မှုသည် လည်း အောင်မြင်မှုရရှိမည်ဟု ယုံကြည်ကြောင်း၊ အဆိုပါစီမံကိန်းတွင် မြန်မာနိုင်ငံအတွက် အကျိုးပြုမည့် စီမံကိန်းလုပ်ငန်းများစွာပါဝင်ပြီး မြန်မာနိုင်ငံအတွက်အကျိုးဖြစ်ထွန်းမည့် စီမံကိန်းများကို တပ်မတော်အနေဖြင့်လည်း ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၌ ကျေးလက် ဒေသတွင်နေထိုင်သူများပြားပြီး ၎င်းတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရန်အတွက် မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်လိုကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ၏စီးပွားရေးအခွင့်အလမ်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကူညီဆောင်ရွက်ပေးစေလိုကြောင်းပြောကြားသည်။

ယင်းနောက်နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ်အကြားချစ်ကြည်ရင်းနှီးမှုဆိုင်ရာကိစ္စရပ်များ၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးဆိုင်ရာကိစ္စရပ်များ၊ ပြည်တွင်းငြိမ်းရေးရရှိရန်အတွက် တပ်မတော်မှ ဆောင်ရွက်နေမှုအခြေအနေများအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ Mr. Xi Jinping နှင့် ယခုအကြိမ်တွေ့ဆုံမှုသည် ၅ ကြိမ်မြောက်ဖြစ်ပြီး တွေ့ဆုံချိန်များတွင် နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်း ဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်နိုင်မည့် ကိစ္စရပ်များအား ဆွေးနွေးနိုင်ခဲ့သည်။

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။