တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်နှင့် ကာကွယ်ရေးဝန်ကြီးဖြစ်သူ Gen. Wei Fenghe နှင့်တွေ့ဆုံဆွေးနွေး

ေနျပည္ေတာ္၊ ဧၿပီ ၁၀

တ႐ုတ္ျပည္သူ႕သမၼတႏုိင္ငံသုိ႔ ခ်စ္ၾကည္ေရးခရီးေရာက္ရွိေနသည့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္အား ယေန႔ညေနပုိင္းတြင္ တ႐ုတ္ျပည္သူ႕သမၼတႏုိင္ငံ၊ ဗဟုိ စစ္ေကာ္မရွင္အဖြဲ႕၀င္ႏွင့္ ကာကြယ္ေရး၀န္ႀကီးျဖစ္သူ Gen. Wei Fenghe မွေပက်င္းၿမိဳ႕၊ ေက်ာက္ယုထုိင္ႏုိင္ငံေတာ္ဧည့္ေဂဟာရွိ Wan Liu Tang ခန္းမ၌ေတြ႕ဆုံေဆြးေႏြးၿပီး ဂုဏ္ျပဳညစာျဖင့္ တည္ခင္းဧည့္ခံသည္။

အဆုိပါေတြ႕ဆုံပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ တ႐ုတ္ႏုိင္ငံဆုိင္ရာ ျမန္မာႏုိင္ငံ သံအမတ္ႀကီး ဦးသစ္လင္းအုန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယ ဗုိလ္ခ်ဳပ္ႀကီး သန္းထြန္းဦးႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား၊ ျမန္မာစစ္သံ(ၾကည္း၊ေရ၊ ေလ) ဗုိလ္မွဴးခ်ဳပ္တင့္ဆန္းတုိ႔ တက္ေရာက္ၾကၿပီး တ႐ုတ္ျပည္သူ႕သမၼတႏုိင္ငံ၊ ဗဟုိစစ္ေကာ္မရွင္အဖြဲ႕၀င္ႏွင့္ ကာကြယ္ေရး ၀န္ႀကီးႏွင့္အတူ တ႐ုတ္ျပည္သူ႕လြတ္ေျမာက္ေရးတပ္မေတာ္မွ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကသည္။

ထုိသုိ႔ေတြ႕ဆုံစဥ္ ကာကြယ္ေရး၀န္ႀကီးက ယခုအႀကိမ္လာေရာက္သည့္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္၏ ခ်စ္ၾကည္ေရးခရီးစဥ္သည္ ႏွစ္ဘက္စလုံးအတြက္ အေရးႀကီးသည့္ခရီးစဥ္ျဖစ္ၿပီး ယခုခရီးစဥ္အား တ႐ုတ္ႏုိင္ငံအေနျဖင့္ အေလးထားပါေၾကာင္း၊ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္အေနျဖင့္ ႏုိင္ငံႏွင့္တပ္မေတာ္ဖြံ႕ၿဖိဳးတုိးတက္မႈရွိရန္အတြက္ ဦးေဆာင္ႏုိင္ခဲ့သျဖင့္ ဂုဏ္ျပဳ ပါေၾကာင္း၊ ႏွစ္ႏုိင္ငံေဆြမ်ိဳးေပါက္ေဖာ္ဆက္ဆံေရးႏွင့္ ညီအစ္ကုိေမာင္ႏွမသဖြယ္ ဆက္ဆံေရး ရွိၾကေၾကာင္း၊ တ႐ုတ္ႏုိင္ငံအေနျဖင့္ အရွိန္အဟုန္ျဖင့္တုိးတက္ၿပီး အင္အားေတာင့္တင္းလာေနၿပီ ျဖစ္ေၾကာင္း၊ အလားတူပင္ ျမန္မာႏုိင္ငံဖြံ႕ၿဖိဳးတိုးတက္မႈသည္လည္း တ႐ုတ္ႏုိင္ငံအတြက္ အေရးႀကီး သျဖင့္ ႏွစ္ႏုိင္ငံ ဆက္ဆံေရး ပုိမုိတုိးတက္ေကာင္းမြန္ရန္လုိအပ္ေၾကာင္း၊ တ႐ုတ္ႏုိင္ငံအေနျဖင့္ ျမန္မာ ႏုိင္ငံဖြံ႔ၿဖိဳးတိုးတက္ေရးအတြက္ ဆက္လက္ကူညီေဆာင္ရြက္ေပးသြားမည္ျဖစ္ေၾကာင္း၊ တ႐ုတ္ႏုိင္ငံ အေနျဖင့္ ႏွစ္ႏုိင္ငံနယ္စပ္ေဒသထာ၀ရတည္ၿငိမ္ေအးခ်မ္းေရးသည္ အဓိက လုိလားခ်က္ျဖစ္ၿပီး လက္နက္ကုိင္၍ ဆန္႔က်င္တုိက္ခုိက္ေတာင္းဆုိမႈမ်ားကုိ လက္မခံသကဲ့သုိ႔ ခြင့္လည္းမျပဳပါေၾကာင္း ေျပာၾကားသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေျပာၾကားရာတြင္ မိမိခရီးစဥ္အတြင္း ေတြ႕ဆုံ ေဆြးေႏြးမႈမ်ား အရ တ႐ုတ္ႏုိင္ငံအေနျဖင့္ ျမန္မာႏုိင္ငံတည္ၿငိမ္ေအးခ်မ္းေရးအတြက္ လုိလားမႈရွိပါေၾကာင္း၊ ျမန္မာႏုိင္ငံဖြံ႕ၿဖိဳးတုိးတက္ေရးအတြက္ တ႐ုတ္ႏုိင္ငံႏွင့္ပူးေပါင္း ေဆာင္ရြက္မႈလမ္းေၾကာင္းမ်ားကုိ အၿမဲဖြင့္ထားသည္ကုိေတြ႕ရပါေၾကာင္း၊ ႏွစ္ႏုိင္ငံတပ္မေတာ္ႏွစ္ရပ္အၾကားခ်စ္ၾကည္ရင္းႏွီးမႈ ခိုင္မာ သည္ထက္ခုိင္မာေစေရးလုိလားသည္ကုိ သိရွိရပါေၾကာင္း၊ ယခုခရီးစဥ္အတြင္းေတြ႕ဆုံေဆြးေႏြးခဲ့ မႈမ်ားသည္ ႏွစ္ႏုိင္ငံႏွင့္တပ္မေတာ္ႏွစ္ရပ္အၾကား ခ်စ္ၾကည္ရင္းႏွီးမႈအတြက္ အျပဳသေဘာေဆာင္ စြာျဖင့္ ေဆြးေႏြးႏုိင္ခဲ့ေၾကာင္း၊ တုိင္းျပည္တည္ၿငိမ္ေအးခ်မ္းေရးသည္ တပ္မေတာ္၏အဓိက လုိလားခ်က္ျဖစ္ၿပီး နယ္စပ္ေဒသတည္ၿငိမ္ေအးခ်မ္းၿပီး တ႐ုတ္ႏုိင္ငံ၏ရပ္၀န္းႏွင့္လမ္းေၾကာင္း စီမံကိန္းေအာင္ျမင္ရန္လုိလားပါေၾကာင္း၊ ႏွစ္ႏုိင္ငံနယ္စပ္ေဒသတြင္ျဖစ္ပြားသည့္ ျပႆနာမ်ားသည္ ႏွစ္ဘက္သက္ေရာက္မႈရွိေၾကာင္း၊ ျမန္မာ့တပ္မေတာ္အေနျဖင့္ အိမ္နီးခ်င္းႏုိင္ငံမ်ားအား ထိခုိက္ ေစမည့္ ကိစၥရပ္မ်ားအား လက္ခံမည္မဟုတ္ဘဲ တ႐ုတ္ႏုိင္ငံႏွင့္အျပည့္အ၀ ပူးေပါင္းေဆာင္ရြက္ သြားမည္ျဖစ္ေၾကာင္းေျပာၾကားသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ တ႐ုတ္ျပည္သူ႕သမၼတႏုိင္ငံ၊ ဗဟုိ စစ္ေကာ္မရွင္အဖြဲ႕၀င္ႏွင့္ ကာကြယ္ေရး၀န္ႀကီးတုိ႔သည္ အမွတ္တရစုေပါင္း ဓာတ္ပုံ႐ုိက္ကူးၾကသည္။ ထုိ႔ေနာက္ တ႐ုတ္ျပည္သူ႕သမၼတႏုိင္ငံ၊ ဗဟုိစစ္ေကာ္မရွင္အဖြဲ႕၀င္ႏွင့္ ကာကြယ္ေရး၀န္ႀကီးက တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဦးေဆာင္သည့္ ျမန္မာ့တပ္မေတာ္ခ်စ္ၾကည္ေရးကုိယ္စားလွယ္ အဖြဲ႕အား ဂုဏ္ျပဳညစာျဖင့္တည္ခင္း ဧည့္ခံခဲ့သည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်နှင့် ကာကွယ်ရေးဝန်ကြီးဖြစ်သူ Gen. Wei Fenghe နှင့်တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ ဧပြီ ၁၀

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ယနေ့ညနေပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဗဟို စစ်ကော်မရှင်အဖွဲ့ဝင်နှင့် ကာကွယ်ရေးဝန်ကြီးဖြစ်သူ Gen. Wei Fenghe မှပေကျင်းမြို့၊ ကျောက်ယုထိုင်နိုင်ငံတော်ဧည့်ဂေဟာရှိ Wan Liu Tang ခန်းမ၌တွေ့ဆုံဆွေးနွေးပြီး ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ တရုတ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးသစ်လင်းအုန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး သန်းထွန်းဦးနှင့် တပ်မတော်အရာရှိကြီးများ၊ မြန်မာစစ်သံ(ကြည်း၊ရေ၊ လေ) ဗိုလ်မှူးချုပ်တင့်ဆန်းတို့ တက်ရောက်ကြပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်နှင့် ကာကွယ်ရေး ဝန်ကြီးနှင့်အတူ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံစဉ် ကာကွယ်ရေးဝန်ကြီးက ယခုအကြိမ်လာရောက်သည့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ချစ်ကြည်ရေးခရီးစဉ်သည် နှစ်ဘက်စလုံးအတွက် အရေးကြီးသည့်ခရီးစဉ်ဖြစ်ပြီး ယခုခရီးစဉ်အား တရုတ်နိုင်ငံအနေဖြင့် အလေးထားပါကြောင်း၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အနေဖြင့် နိုင်ငံနှင့်တပ်မတော်ဖွံ့ဖြိုးတိုးတက်မှုရှိရန်အတွက် ဦးဆောင်နိုင်ခဲ့သဖြင့် ဂုဏ်ပြု ပါကြောင်း၊ နှစ်နိုင်ငံဆွေမျိုးပေါက်ဖော်ဆက်ဆံရေးနှင့် ညီအစ်ကိုမောင်နှမသဖွယ် ဆက်ဆံရေး ရှိကြကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အရှိန်အဟုန်ဖြင့်တိုးတက်ပြီး အင်အားတောင့်တင်းလာနေပြီ ဖြစ်ကြောင်း၊ အလားတူပင် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှုသည်လည်း တရုတ်နိုင်ငံအတွက် အရေးကြီး သဖြင့် နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်ရန်လိုအပ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ အနေဖြင့် နှစ်နိုင်ငံနယ်စပ်ဒေသထာဝရတည်ငြိမ်အေးချမ်းရေးသည် အဓိက လိုလားချက်ဖြစ်ပြီး လက်နက်ကိုင်၍ ဆန့်ကျင်တိုက်ခိုက်တောင်းဆိုမှုများကို လက်မခံသကဲ့သို့ ခွင့်လည်းမပြုပါကြောင်း ပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားရာတွင် မိမိခရီးစဉ်အတွင်း တွေ့ဆုံ ဆွေးနွေးမှုများ အရ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် လိုလားမှုရှိပါကြောင်း၊ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်နိုင်ငံနှင့်ပူးပေါင်း ဆောင်ရွက်မှုလမ်းကြောင်းများကို အမြဲဖွင့်ထားသည်ကိုတွေ့ရပါကြောင်း၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြားချစ်ကြည်ရင်းနှီးမှု ခိုင်မာ သည်ထက်ခိုင်မာစေရေးလိုလားသည်ကို သိရှိရပါကြောင်း၊ ယခုခရီးစဉ်အတွင်းတွေ့ဆုံဆွေးနွေးခဲ့ မှုများသည် နှစ်နိုင်ငံနှင့်တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုအတွက် အပြုသဘောဆောင် စွာဖြင့် ဆွေးနွေးနိုင်ခဲ့ကြောင်း၊ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးသည် တပ်မတော်၏အဓိက လိုလားချက်ဖြစ်ပြီး နယ်စပ်ဒေသတည်ငြိမ်အေးချမ်းပြီး တရုတ်နိုင်ငံ၏ရပ်ဝန်းနှင့်လမ်းကြောင်း စီမံကိန်းအောင်မြင်ရန်လိုလားပါကြောင်း၊ နှစ်နိုင်ငံနယ်စပ်ဒေသတွင်ဖြစ်ပွားသည့် ပြဿနာများသည် နှစ်ဘက်သက်ရောက်မှုရှိကြောင်း၊ မြန်မာ့တပ်မတော်အနေဖြင့် အိမ်နီးချင်းနိုင်ငံများအား ထိခိုက် စေမည့် ကိစ္စရပ်များအား လက်ခံမည်မဟုတ်ဘဲ တရုတ်နိုင်ငံနှင့်အပြည့်အ၀ ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်းပြောကြားသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဗဟို စစ်ကော်မရှင်အဖွဲ့ဝင်နှင့် ကာကွယ်ရေးဝန်ကြီးတို့သည် အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ကူးကြသည်။ ထို့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်နှင့် ကာကွယ်ရေးဝန်ကြီးက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သည့် မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့အား ဂုဏ်ပြုညစာဖြင့်တည်ခင်း ဧည့်ခံခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။