လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် တောင်သူများ စိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ပြီး တစ်ဦးချင်းဝင်ငွေ တိုးတက်စေရန် ၂၀၂၂ -၂၀၂၃ ခုနှစ် ဘဏ္ဍာနှစ်မှစတင်၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေထူထောင်ဆောင်ရွက်ပေးလျက်ရှိ ( ၂၀၂၆ ခုနှစ်၊ မတ်လ ၂ ရက် ) ချစ်ခင်လေးစားရပါသော တောင်သူလယ်သမားကြီးများခင်ဗျာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ဖြစ်သော ၂၀၂၆ ခုနှစ်၊ မတ်လ (၂) ရက်နေ့ နေ့ထူးနေ့မြတ် အခါသမယတွင် နိုင်ငံတော်အတွင်းရှိ တောင်သူလယ်သမားကြီးများအားလုံး ကျက်သရေမင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပြီး