မိမိတို့နိုင်ငံအားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားစေရန် အမျိုးသားရေးအသွင်ဖြင့် အလေးထား အားပေးလုပ်ဆောင်

နေပြည်တော်၊ စက်တင်ဘာ – ၂၂

“အားကစား” သည် နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်ခု၏ ကျန်းမာကြံ့ခိုင်မှု၊ ဇွဲလုံ့လ ဝီရိယကြီးမားမှုနှင့် စည်းလုံးညီညွတ်မှုတို့ကို ထင်ဟပ်ပေါ်လွင်စေနိုင်သည့် တရားမျှတမှုရှိသော စွမ်းရည်ပြယှဉ်ပြိုင်မှုတစ်ရပ် ဖြစ်ကြောင်း၊ နိုင်ငံသူ၊ နိုင်ငံသားများ၏ စိတ်နှလုံးကိုဆွဲဆောင်သိမ်းသွင်းနိုင်ခြင်း၊ နိုင်ငံ့ဂုဏ်၊ အမျိုးဇာတိဂုဏ်ကိုဆောင်လိုသော အမျိုးသားရေးစိတ်ဓာတ်ပိုမိုထက်သန်စေနိုင်ခြင်း၊ ယှဉ်ပြိုင်မှုတိုင်းတွင် အနိုင်မခံ၊ အရှုံးမပေးသည့် ခိုင်မာသောစိတ်ဓာတ်များကို ဖြစ်ပေါ်စေခြင်းတို့ကြောင့် ကမ္ဘာ့နိုင်ငံတိုင်းသည် မိမိနိုင်ငံ၏အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားစေရန် အမျိုးသားရေးအသွင်ဖြင့် အလေးထားအားပေးလုပ်ဆောင်နေကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၌ကျင်းပပြုလုပ်သည့် (၂၉)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် (၂၆)ကြိမ်မြောက် အာဆီယံတပ်မတော်(ကြည်း) များ သေနတ်ပစ်ပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင်နှင့် တပ်မတော်ဂုဏ်ဆောင် အားကစားသမားများ၊ နည်းပြများအားဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားတွင် အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားသည်။

အဆိုပါအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီးဒေါ်သန်းသန်းနွယ်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေနှင့်ဇနီး၊ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ဆုတံဆိပ်များရရှိအောင် စွမ်းဆောင်ပေးခဲ့ကြသော နည်းပြများနှင့် ဆုတံဆိပ်များ အသီးသီးဆွတ်ခူးရရှိခဲ့ကြသည့် အားကစားသမားများတက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် ကမ္ဘာ့နိုင်ငံအသီးသီးသည် မိမိတို့နိုင်ငံ၏ အားကစားအဆင့်အတန်းကိုမြှင့်တင်နိုင်ရန် ပြည်တွင်း အားကစားပြိုင်ပွဲများမှတစ်ဆင့် ဒေသတွင်းအားကစားပြိုင်ပွဲများ၊ နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် မိမိတို့၏အားကစားစွမ်းရည်ကို ထုတ်ဖော်ပြသနိုင်ရေးအတွက် စွမ်းအားရှိသမျှကြိုးစားအားထုတ် ပါဝင်ယှဉ်ပြိုင်ခြင်း၊ အားကစားကို အမျိုးသားရေးအသွင်ဖြင့် အလေးထားအားပေးလုပ်ဆောင်ခြင်း များဆောင်ရွက်လျက်ရှိကြောင်း၊ အားကစားနည်းတစ်ခုစီ၏ သဘောသဘာဝအပေါ်မူတည်ပြီး တစ်ဦးချင်းစွမ်းရည် Individual Skill သည်အရေးပါသကဲ့သို့ အစုအဖွဲ့လိုက်စွမ်းရည် Collective Skill ရှိရန်လည်းလိုအပ်ကြောင်း၊ အားကစားတွင်နည်းစနစ်ပိုင်းသည် အရေးကြီးသကဲ့သို့ ယင်းနည်းစနစ်များကို ကျွမ်းကျင်ပိုင်နိုင်စွာအသုံးပြုနိုင်ရန်အတွက် လေ့ကျင့်မှုနှင့်အတွေ့အကြုံလည်းလိုအပ်ကြောင်း၊ ၎င်းအပြင် အားကစား သမားများကိုအားပေးကူညီပံ့ပိုးမှု၊ ဝန်းရံမြှင့်တင်ပေးမည့် အားပေးထောက်ခံမှုများ မှာလည်းအရေးကြီးကြောင်း၊ ယင်းအချက်များသည် အားကစားအတွက်သာမကဘဲ နိုင်ငံတစ်ခု၊ အဖွဲ့အစည်းတစ်ခုကိုတည်ဆောက်ရာတွင်လည်း လိုအပ်သောအခြေခံသဘောတရားများဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် နိုင်ငံတော်အဆင့် အားကစားသမားတစ်ဦးဖြစ်ပေါ်လာမှုနှင့် ပတ်သက်၍ ပြောကြားရာတွင် အားကစားဆိုသည်မှာ ကောက်ကာငင်ကာဆောင်ရွက်ပြီး ပါဝင်ယှဉ်ပြိုင်လို့မရနိုင်ဘဲ စနစ်တကျကြိုတင်ပြင်ဆင်ဆောင်ရွက်ရကြောင်း၊ ကြံံ့ခိုင်မှု၊ သန်စွမ်းမှု၊ သက်လုံကောင်းမှုများမှာလည်း အချိန်ယူကျွေးမွေးလေ့ကျင့်ရယူသလို နည်းစနစ်ပိုင်းဆိုင်ရာတွင်လည်း ခေတ်မီနေရန်လိုကြောင်း၊ သို့ဖြစ်၍ အားကစားတိုင်းတွင် ကြံ့ခိုင်ရေးနည်းပြ၊ နည်းစနစ်နည်းပြများ မဖြစ်မနေထားရှိဆောင်ရွက်ရကြောင်း၊ အာဟာရပြည့်ဝအောင် ကျွေးမွေးမှုများကိုလည်း ရေရှည်ဆောင်ရွက်ပေးရမှာဖြစ်ကြောင်း၊ အခြားနိုင်ငံမှ အားကစားသမားများသည်လည်း ထိုကဲ့သို့ပင်လုပ်ဆောင်ကြရမည်ဖြစ်၍ မိမိတို့က အခြားအားကစားသမားများထက် ကြံ့ခိုင်မှုနှင့် နည်းစနစ်ပိုမိုကောင်းမွန်ရန် မလွဲမသွေလိုအပ်ပြီး ထိုသို့ကောင်းမွန်မှသာ အောင်မြင်မှုများရရှိမည်ဖြစ်ကြောင်း၊ အားကစားသမားများအနေဖြင့်လည်း နောင်မျိုးဆက်သစ်များကို လက်တွဲခေါ်ယူရေးကြိုးစားလုပ်ဆောင်ပေးစေလိုကြောင်း၊ တစ်ဖက်တွင်လည်း အားကစားကဏ္ဍတွင် ပေးဆပ်ရင်းနှီးထားရသည့် အားကစားလူငယ်မောင်မယ်များ၏ နောင်ရေးစိတ်အေးရစေရန် အားပေးကူညီဖြည့်ဆည်းဆောာင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် အားကစားကဏ္ဍ ပိုမိုတိုးတက်ခိုင်မာစေရေးအတွက် အားဖြည့်ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်ပြီး အတိတ်သမိုင်းမှာကတည်းက မိမိတို့သည် ကိုယ်ကာယအားဖြင့် ကျန်းမာကြံ့ခိုင်သည့်လူမျိုးဖြစ်ပြီး စိတ်ဓာတ်ခိုင်မာပြီးစည်းလုံးညီညွတ်မှုစွမ်းရည်လည်း ရှိခဲ့ကြောင်း၊ ကမ္ဘာ့အိုလံပစ်ပြိုင်ပွဲ၊ အာရှအိုလံပစ်နှင့် အာရှအဆင့်အားကစားပြိုင်ပွဲများတွင် အဆင့်မီစွာဝင်ရောက်ယှဉ်ပြိုင်ပြီး ဆုတံဆိပ်များစွာရရှိခဲ့သည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ အားကစားနယ်ပယ်တွင် ကမ္ဘာ့အဆင့်သို့မတက်လှမ်းနိုင်သေးသည့်တိုင် ဒေသအတွင်းတွင် အဆင့်အတန်းမီစွာရပ်တည်နိုင်ခဲ့ကြောင်း၊ မြန်မာ့အားကစားသမိုင်းတွင် ၁၉၅၉ ခုနှစ်၌ စတင်ကျင်းပခဲ့သည့် အရှေ့တောင်အာရှကျွန်းဆွယ်အားကစားပြိုင်ပွဲများတွင် ပထမရဗိုလ်ဆွဲခဲ့မှု၊ ထိပ်ပိုင်းအဆင့်နေရာများတွင် ရယူရပ်တည်ခဲ့မှု၊ ၂၀၁၃ ခုနှစ် (၂၇)ကြိမ်မြောက်အရှေ့တောင် အာရှအားကစားပြိုင်ပွဲကြီးတွင် ဒုတိယအဆင့်ရရှိခဲ့မှုများကို ရှင်းလင်းပြောကြား၍ အားကစားအောင်မြင်မှုများသည် နိုင်ငံနှင့်လူမျိုး၏ဂုဏ်သိက္ခာကို ဖော်ညွှန်းနေသကဲ့သို့ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအဆင့်အတန်းကိုပါ ထင်ဟပ်စေသည့်အတွက် နိုင်ငံတော်၏အားကစားအဆင့်အတန်း မြင့်မားရေးကို အားလုံးဝိုင်းဝန်းလုပ်ဆောင် ပေးရေးတိုက်တွန်းပြောကြားသည်။

ထို့နောက် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ကာယစွမ်းအား၊ ဉာဏစွမ်းအား၊ စိတ်ဓာတ်စွမ်းအားများနှင့် စွမ်းအားပြည့်ထမ်းဆောင်နိုင်ရေးအတွက် တပ်မတော်သားတိုင်း ကျန်းမာကြံ့ခိုင်ရန်လိုအပ်၍ ကိုယ်လက်လှုပ်ရှားမှုများနှင့်အားကစားကို အထူးအလေးပေး ဆောင်ရွက်နေကြောင်း၊ မြန်မာ့အားကစား အောင်မြင်မှုသမိုင်းနှင့်ယှဉ်ပြီး တပ်မတော်သား အားကစားသမားများ၏ စွမ်းဆောင်နိုင်မှုများ ဒွန်တွဲပါဝင်နေကြောင်း၊ ၂၀၁၃ ခုနှစ် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီးတွင် မြန်မာနိုင်ငံမှဒုတိယအဆင့်ရရှိခဲ့စဉ်က ယင်းပြိုင်ပွဲကြီးတွင် တပ်မတော်သား အားကစားသမား ၁၆၃ ဦးပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ၅၈ ဦးက နိုင်ငံတော်နှင့်တပ်မတော်အတွက် ဆုတံဆိပ်များ ဆွတ်ခူးရယူပေးနိုင်ခဲ့ကြောင်း၊ ယခု(၂၉)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင်လည်း မြန်မာအသင်းအနေဖြင့် ရွှေတံဆိပ် ၇ ခု၊ ငွေတံဆိပ် ၁၀ ခုနှင့် ကြေးတံဆိပ် ၂၀ ခု စုစုပေါင်းဆုတံဆိပ် ၃၇ ခုရရှိရာတွင် တပ်မတော်သားအားကစားသမား ၂၅ ဦးတို့က ရွှေတံဆိပ် ၂ ခု၊ ငွေတံဆိပ် ၄ ခုနှင့် ကြေးတံဆိပ် ၄ ခု စုစုပေါင်းဆုတံဆိပ် ၁၀ ခုရရှိအောင်စွမ်းဆောင်ခဲ့ကြောင်း၊ အလားတူယခုနှစ်အာဆီယံနိုင်ငံ တပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲတွင်လည်း မြန်မာ့တပ်မတော်အသင်းမှ စတုတ္ထအဆင့် ရရှိခဲ့ကြောင်း၊ နိုင်ငံ့ဂုဏ်ဆောင်၊ တပ်မတော်ဂုဏ်ဆောင် အားကစားသမားများအနေဖြင့် ယခုကဲ့သို့ နိုင်ငံတကာတွင်စွမ်းရည်ပြသပြီး ဆုတံဆိပ်များရရှိနိုင်ရန် မဆုတ်မနစ်သော ဇွဲ၊ လုံ့လနှင့် သာလွန်သည့်ကြိုးစားအားထုတ်မှုများဖြင့် လေ့ကျင့်ဆောင်ရွက်ခဲ့ရခြင်း ဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် သာလွန်သည့်မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်များကို လက်တွေ့ပြသခဲ့ခြင်းဖြစ်၍ တပ်မတော်အနေဖြင့် အဆိုပါအားကစားသမားများနှင့်နည်းပြများကို ထိုက်တန်စွာဂုဏ်ပြုခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က (၂၉)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝူရှူး(နန်းသောင်း/နန်းကွန့်/ချန်းချွမ်း)ပြိုင်ပွဲ၌ ရွှေတံဆိပ် ၂ ခုရရှိခဲ့သည့် ဝူရှူးအသင်း၏ကိုယ်စား မမြတ်သက်ဆုဝေဖြိုးအားလည်းကောင်း၊ ပိုက်ကျော်ခြင်း(အမျိုးသား ၂ ယောက်တွဲ၊ အမျိုးသမီး ၄ ယောက်တွဲ)ပြိုင်ပွဲ၌ ရွှေတံဆိပ် ၂ ခုရရှိခဲ့သည့် ပိုက်ကျော်ခြင်းအသင်း၏ကိုယ်စား တပ်ကြပ်ကြီး သန့်ဇင်ဦးအားလည်းကောင်း၊ ခြင်းလုံးအဖွဲ့လိုက် (အမျိုးသား Event 2 နှင့် Event 4)ပြိုင်ပွဲ၌ ရွှေတံဆိပ် ၂ ခုရရှိခဲ့သည့် ခြင်းလုံးအသင်း၏ကိုယ်စား မောင်ကျော်စိုးမိုးအားလည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ် ချီးမြှင့်သည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှက (၂၉)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ၁၀ မီတာ လေပစ္စတို သေနတ်ပစ်ပြိုင်ပွဲ၌ ရွှေတံဆိပ်ဆု ၁ ခု ရရှိခဲ့သည့် မမေပိုးဝါအားလည်းကောင်း၊ (၂၆)ကြိမ်မြောက်အာဆီယံတပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲတွင် အမျိုးသမီးပစ္စတိုပစ်ခတ်မှု၌ ရွှေတံဆိပ် ၁ ခုရရှိခဲ့သည့် တပ်မတော်(ကြည်း) သေနတ်ပစ်အသင်း၏ကိုယ်စား အရာခံဗိုလ်နန်းယုဝါလှိုင် အားလည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်သည်။

ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက(၂၉)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝူရှူး(နန်ချွမ်း၊ ချန်းချွမ်း)ပြိုင်ပွဲ၌ ငွေတံဆိပ် ၂ ခု၊ ပိုက်ကျော်ခြင်း (အမျိုးသား ၂ ယောက်တွဲနှင့် ၄ ယောက်တွဲ)ပြိုင်ပွဲ၌ ငွေတံဆိပ် ၂ ခု၊ ဘိလိယက်/စနူကာ(9-Ball/ ဘိလိယက်) ပြိုင်ပွဲ၌ ငွေတံဆိပ် ၃ ခု၊ ဂျူဒို(အမျိုးသမီး ၇၈ ကီလိုတန်း)ပြိုင်ပွဲ၌ ငွေတံဆိပ် ၁ ခုနှင့် မြားပစ်(Compound-Mixed Team)ပြိုင်ပွဲ၌ ငွေတံဆိပ် ၁ ခု ရရှိခဲ့သည့် အသင်းများမှ ကိုယ်စားပြုအားကစားသမားများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်သည်။

ဆက်လက်ပြီး ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)ဗိုလ်ချုပ်ကြီး မြထွန်းဦး က (၂၉)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဟော်ကီ(အသင်းလိုက်)ပြိုင်ပွဲ၌ ငွေတံဆိပ် ၁ ခု၊ (၂၆)ကြိမ်မြောက်အာဆီယံ တပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲတွင် အမျိုးသားရိုင်ဖယ်ပစ်ခတ်စဉ် ပြိုင်ပွဲ၌ ငွေတံဆိပ် ၁ ခု၊ (၂၉)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဝူရှူး(ထိုက်ချိချွမ်/ချန်းစု)ပြိုင်ပွဲ၌ ကြေးတံဆိပ် ၂ ခု၊ ပိုက်ကျော်ခြင်း (အမျိုးသမီး ၂ ယောက်တွဲ)ပြိုင်ပွဲ၌ ကြေးတံဆိပ် ၁ ခုနှင့် သေနတ်ပစ်တစ်ဦးချင်း (လေပစ္စတို ၁၀ မီတာ၊ စိတ်ကြိုက်ပစ္စတို ၅၀ မီတာ၊ ဝမ်းလျားမှောက်ရိုင်ဖယ် ၅၀ မီတာ) ပစ်ခတ်စဉ်ပြိုင်ပွဲ၌ ကြေးတံဆိပ် ၃ ခု ရရှိခဲ့ကြသည့် အသင်းများမှ ကိုယ်စားပြု အားကစားသမားများအားလည်းကောင်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်က (၂၉)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဘိလိယက်/စနူကာ တစ်ဦးချင်းပြိုင်ပွဲ၌ ကြေးတံဆိပ် ၃ ခု၊ ကရာတေးဒို(အမျိုးသမီး ခတ/ကုမိတဲ့)ပြိုင်ပွဲ၌ ကြေးတံဆိပ် ၄ ခု၊ တိုက်ကွမ်ဒို(အမျိုးသား ၅၄ ကီလိုအောက် အတိုက်၊ အမျိုးသမီး ၄၉ ကီလိုအောက် အတိုက်နှင့် အမျိုးသား၊ အမျိုးသမီး တစ်ဦးချင်း ကကွက်)ပြိုင်ပွဲတို့၌ ကြေးတံဆိပ် ၄ ခု နှင့် ပြေးခုန်ပစ်(အမျိုးသမီး မီတာ ၈၀၀)ပြိုင်ပွဲ၌ ကြေးတံဆိပ် ၁ ခု ရရှိခဲ့ကြသည့် အသင်းများမှ ကိုယ်စားပြု အားကစားသမားများအား လည်းကောင်း၊ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦးက (၂၉)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အလေးမ(၆၂ ကီလို) ပြိုင်ပွဲ၌ ကြေးတံဆိပ် ၁ ခု၊ အမျိုးသမီးဘောလုံးပြိုင်ပွဲ၌ ကြေးတံဆိပ် ၁ ခုနှင့် (၂၆)ကြိမ်မြောက် အာဆီယံတပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲတွင် အမျိုးသားကာဘိုင်ပစ်ခတ်မှုပြိုင်ပွဲ၌ ကြေးတံဆိပ် ၁ ခုရရှိခဲ့သည့်အသင်းများမှ ကိုယ်စားပြု အားကစားသမားများ၊ (၂၉)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် (၂၆)ကြိမ်မြောက် အာဆီယံ တပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ၌ ရွှေတံဆိပ် ၈ ခု၊ ငွေတံဆိပ် ၁၁ ခုနှင့် ကြေးတံဆိပ် ၂၁ ခုရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သော အားကစားနည်းပြများကိုယ်စား အရာခံဗိုလ် ခင်မောင်ထူး အား လည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများကို အသီးသီးပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် (၂၉)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် (၂၆)ကြိမ် မြောက်အာဆီယံ တပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ၌ ဆုရရှိခဲ့ကြသော အားကစားသမားများကိုယ်စား မမြတ်သက်ဆုဝေဖြိုးနှင့် အရာခံဗိုလ် နန်းယုဝါလှိုင်တို့က ကျေးဇူးတင်စကားများ အသီးသီးပြန်လည်ပြောကြားကြသည်။

၎င်းနောက် အခမ်းအနားတက်ရောက်လာကြသူများအား ဂုဏ်ပြုလက်ဘက်ရည်ဖြင့် တည်ခင်းဧည်ခံပြီးနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အခမ်းအနားသို့တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။

(Zawgyi Version)

မိမိတို႔ႏိုင္ငံအားကစားအဆင့္အတန္း ပိုမိုတိုးတက္ျမင့္မားေစရန္ အမ်ိဳးသားေရးအသြင္ျဖင့္ အေလးထား အားေပးလုပ္ေဆာင္

ေနျပည္ေတာ္၊ စက္တင္ဘာ – ၂၂

“အားကစား” သည္ ႏုိင္ငံတစ္ႏုိင္ငံ၊ လူမ်ိဳးတစ္ခု၏ က်န္းမာႀကံ့ခုိင္မႈ၊ ဇြဲလုံ႔လ ၀ီရိယႀကီးမားမႈႏွင့္ စည္းလုံးညီၫြတ္မႈတုိ႔ကုိ ထင္ဟပ္ေပၚလြင္ေစႏုိင္သည့္ တရားမွ်တမႈရွိေသာ စြမ္းရည္ျပယွဥ္ၿပိဳင္မႈတစ္ရပ္ ျဖစ္ေၾကာင္း၊ ႏုိင္ငံသူ၊ ႏုိင္ငံသားမ်ား၏ စိတ္ႏွလုံးကုိဆြဲေဆာင္သိမ္းသြင္းႏုိင္ျခင္း၊ ႏုိင္ငံ့ဂုဏ္၊ အမ်ိဳးဇာတိဂုဏ္ကုိေဆာင္လုိေသာ အမ်ိဳးသားေရးစိတ္ဓာတ္ပုိမုိထက္သန္ေစႏုိင္ျခင္း၊ ယွဥ္ၿပိဳင္မႈတုိင္းတြင္ အႏုိင္မခံ၊ အ႐ႈံးမေပးသည့္ ခုိင္မာေသာစိတ္ဓာတ္မ်ားကုိ ျဖစ္ေပၚေစျခင္းတုိ႔ေၾကာင့္ ကမၻာ့ႏုိင္ငံတုိင္းသည္ မိမိႏုိင္ငံ၏အားကစားအဆင့္အတန္း ပုိမုိတုိးတက္ျမင့္မားေစရန္ အမ်ိဳးသားေရးအသြင္ျဖင့္ အေလးထားအားေပးလုပ္ေဆာင္ေနေၾကာင္းျဖင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ က ယေန႔နံနက္ပုိင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာ၌က်င္းပျပဳလုပ္သည့္ (၂၉)ႀကိမ္ေျမာက္ အေရွ႕ေတာင္အာရွအားကစားၿပိဳင္ပြဲႏွင့္ (၂၆)ႀကိမ္ေျမာက္ အာဆီယံတပ္မေတာ္(ၾကည္း) မ်ား ေသနတ္ပစ္ၿပိဳင္ပြဲတြင္ ဆုတံဆိပ္ရရွိခဲ့သည့္ ႏုိင္ငံ့ဂုဏ္ေဆာင္ႏွင့္ တပ္မေတာ္ဂုဏ္ေဆာင္ အားကစားသမားမ်ား၊ နည္းျပမ်ားအားဂုဏ္ျပဳခ်ီးျမႇင့္သည့္ အခမ္းအနားတြင္ အမွာစကားေျပာၾကားရာ၌ ထည့္သြင္းေျပာၾကားသည္။

အဆုိပါအခမ္းအနားသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ဇနီး ေဒၚၾကဴၾကဴလွ၊ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္ (ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီး စိုး၀င္းႏွင့္ ဇနီးေဒၚသန္းသန္းႏြယ္၊ ျပည္ေထာင္စု၀န္ႀကီးမ်ားျဖစ္ၾကသည့္ ဒုတိယဗုိလ္ခ်ဳပ္ႀကီး ေက်ာ္ေဆြႏွင့္ဇနီး၊ ဒုတိယဗုိလ္ခ်ဳပ္ႀကီး စိန္၀င္း၊ ၫိႇႏိႈင္းကြပ္ကဲေရးမွဴး(ၾကည္း၊ေရ၊ေလ)၊ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေလ) ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ ဇနီးမ်ား၊ ေနျပည္ေတာ္တုိင္းစစ္ဌာနခ်ဳပ္ တုိင္းမွဴးႏွင့္ဇနီး၊ ဆုတံဆိပ္မ်ားရရွိေအာင္ စြမ္းေဆာင္ေပးခဲ့ၾကေသာ နည္းျပမ်ားႏွင့္ ဆုတံဆိပ္မ်ား အသီးသီးဆြတ္ခူးရရွိခဲ့ၾကသည့္ အားကစားသမားမ်ားတက္ေရာက္ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အမွာစကားေျပာၾကားရာတြင္ ကမၻာ့ႏုိင္ငံအသီးသီးသည္ မိမိတုိ႔ႏုိင္ငံ၏ အားကစားအဆင့္အတန္းကုိျမႇင့္တင္ႏုိင္ရန္ ျပည္တြင္း အားကစားၿပိဳင္ပြဲမ်ားမွတစ္ဆင့္ ေဒသတြင္းအားကစားၿပိဳင္ပြဲမ်ား၊ ႏုိင္ငံတကာအားကစားၿပိဳင္ပြဲမ်ားတြင္ မိမိတုိ႔၏အားကစားစြမ္းရည္ကုိ ထုတ္ေဖာ္ျပသႏုိင္ေရးအတြက္ စြမ္းအားရွိသမွ်ႀကိဳးစားအားထုတ္ ပါ၀င္ယွဥ္ၿပိဳင္ျခင္း၊ အားကစားကုိ အမ်ိဳးသားေရးအသြင္ျဖင့္ အေလးထားအားေပးလုပ္ေဆာင္ျခင္း မ်ားေဆာင္ရြက္လ်က္ရွိေၾကာင္း၊ အားကစားနည္းတစ္ခုစီ၏ သေဘာသဘာ၀အေပၚမူတည္ၿပီး တစ္ဦးခ်င္းစြမ္းရည္ Individual Skill သည္အေရးပါသကဲ့သုိ႔ အစုအဖြဲ႕လုိက္စြမ္းရည္ Collective Skill ရွိရန္လည္းလုိအပ္ေၾကာင္း၊ အားကစားတြင္နည္းစနစ္ပုိင္းသည္ အေရးႀကီးသကဲ့သုိ႔ ယင္းနည္းစနစ္မ်ားကုိ ကြၽမ္းက်င္ပုိင္ႏုိင္စြာအသုံးျပဳႏုိင္ရန္အတြက္ ေလ့က်င့္မႈႏွင့္အေတြ႕အႀကဳံလည္းလုိအပ္ေၾကာင္း၊ ၎အျပင္ အားကစား သမားမ်ားကုိအားေပးကူညီပံ့ပုိးမႈ၊ ၀န္းရံျမႇင့္တင္ေပးမည့္ အားေပးေထာက္ခံမႈမ်ား မွာလည္းအေရးႀကီးေၾကာင္း၊ ယင္းအခ်က္မ်ားသည္ အားကစားအတြက္သာမကဘဲ ႏုိင္ငံတစ္ခု၊ အဖြဲ႕အစည္းတစ္ခုကုိတည္ေဆာက္ရာတြင္လည္း လုိအပ္ေသာအေျခခံသေဘာတရားမ်ားျဖစ္ေၾကာင္း ရွင္းလင္းေျပာၾကားသည္။

ထုိ႔ေနာက္ ႏုိင္ငံေတာ္အဆင့္ အားကစားသမားတစ္ဦးျဖစ္ေပၚလာမႈႏွင့္ ပတ္သက္၍ ေျပာၾကားရာတြင္ အားကစားဆုိသည္မွာ ေကာက္ကာငင္ကာေဆာင္ရြက္ၿပီး ပါ၀င္ယွဥ္ၿပိဳင္လုိ႔မရႏုိင္ဘဲ စနစ္တက်ႀကိဳတင္ျပင္ဆင္ေဆာင္ရြက္ရေၾကာင္း၊ ႀကံံ့ခုိင္မႈ၊ သန္စြမ္းမႈ၊ သက္လုံေကာင္းမႈမ်ားမွာလည္း အခ်ိန္ယူေကြၽးေမြးေလ့က်င့္ရယူသလုိ နည္းစနစ္ပုိင္းဆုိင္ရာတြင္လည္း ေခတ္မီေနရန္လုိေၾကာင္း၊ သုိ႔ျဖစ္၍ အားကစားတုိင္းတြင္ ႀကံ့ခုိင္ေရးနည္းျပ၊ နည္းစနစ္နည္းျပမ်ား မျဖစ္မေနထားရွိေဆာင္ရြက္ရေၾကာင္း၊ အာဟာရျပည့္၀ေအာင္ ေကြၽးေမြးမႈမ်ားကုိလည္း ေရရွည္ေဆာင္ရြက္ေပးရမွာျဖစ္ေၾကာင္း၊ အျခားႏုိင္ငံမွ အားကစားသမားမ်ားသည္လည္း ထုိကဲ့သုိ႔ပင္လုပ္ေဆာင္ၾကရမည္ျဖစ္၍ မိမိတုိ႔က အျခားအားကစားသမားမ်ားထက္ ႀကံ့ခုိင္မႈႏွင့္ နည္းစနစ္ပုိမုိေကာင္းမြန္ရန္ မလြဲမေသြလုိအပ္ၿပီး ထုိသုိ႔ေကာင္းမြန္မွသာ ေအာင္ျမင္မႈမ်ားရရွိမည္ျဖစ္ေၾကာင္း၊ အားကစားသမားမ်ားအေနျဖင့္လည္း ေနာင္မ်ိဳးဆက္သစ္မ်ားကုိ လက္တြဲေခၚယူေရးႀကိဳးစားလုပ္ေဆာင္ေပးေစလုိေၾကာင္း၊ တစ္ဖက္တြင္လည္း အားကစားက႑တြင္ ေပးဆပ္ရင္းႏွီးထားရသည့္ အားကစားလူငယ္ေမာင္မယ္မ်ား၏ ေနာင္ေရးစိတ္ေအးရေစရန္ အားေပးကူညီျဖည့္ဆည္းေဆာာင္ရြက္ေပးရမည္ျဖစ္ေၾကာင္း၊ တပ္မေတာ္အေနျဖင့္ အားကစားက႑ ပုိမုိတုိးတက္ခုိင္မာေစေရးအတြက္ အားျဖည့္ေပးျခင္းျဖစ္ေၾကာင္း ေျပာၾကားသည္။

ဆက္လက္ၿပီး အတိတ္သမုိင္းမွာကတည္းက မိမိတုိ႔သည္ ကုိယ္ကာယအားျဖင့္ က်န္းမာႀကံ့ခုိင္သည့္လူမ်ိဳးျဖစ္ၿပီး စိတ္ဓာတ္ခုိင္မာၿပီးစည္းလုံးညီၫြတ္မႈစြမ္းရည္လည္း ရွိခဲ့ေၾကာင္း၊ ကမၻာ့အုိလံပစ္ၿပိဳင္ပြဲ၊ အာရွအုိလံပစ္ႏွင့္ အာရွအဆင့္အားကစားၿပိဳင္ပြဲမ်ားတြင္ အဆင့္မီစြာ၀င္ေရာက္ယွဥ္ၿပိဳင္ၿပီး ဆုတံဆိပ္မ်ားစြာရရွိခဲ့သည္ကုိ ေတြ႕ရမည္ျဖစ္ေၾကာင္း၊ အားကစားနယ္ပယ္တြင္ ကမၻာ့အဆင့္သို႔မတက္လွမ္းႏုိင္ေသးသည့္တုိင္ ေဒသအတြင္းတြင္ အဆင့္အတန္းမီစြာရပ္တည္ႏုိင္ခဲ့ေၾကာင္း၊ ျမန္မာ့အားကစားသမုိင္းတြင္ ၁၉၅၉ ခုႏွစ္၌ စတင္က်င္းပခဲ့သည့္ အေရွ႕ေတာင္အာရွကြၽန္းဆြယ္အားကစားၿပိဳင္ပြဲမ်ားတြင္ ပထမရဗုိလ္ဆြဲခဲ့မႈ၊ ထိပ္ပုိင္းအဆင့္ေနရာမ်ားတြင္ ရယူရပ္တည္ခဲ့မႈ၊ ၂၀၁၃ ခုႏွစ္ (၂၇)ႀကိမ္ေျမာက္အေရွ႕ေတာင္ အာရွအားကစားၿပိဳင္ပြဲႀကီးတြင္ ဒုတိယအဆင့္ရရွိခဲ့မႈမ်ားကုိ ရွင္းလင္းေျပာၾကား၍ အားကစားေအာင္ျမင္မႈမ်ားသည္ ႏုိင္ငံႏွင့္လူမ်ိဳး၏ဂုဏ္သိကၡာကုိ ေဖာ္ၫႊန္းေနသကဲ့သုိ႔ ႏုိင္ငံ၏ ဖြံ႕ၿဖိဳးတိုးတက္မႈအဆင့္အတန္းကုိပါ ထင္ဟပ္ေစသည့္အတြက္ ႏုိင္ငံေတာ္၏အားကစားအဆင့္အတန္း ျမင့္မားေရးကုိ အားလုံး၀ုိင္း၀န္းလုပ္ေဆာင္ ေပးေရးတုိက္တြန္းေျပာၾကားသည္။

ထုိ႔ေနာက္ ႏုိင္ငံေတာ္ကာကြယ္ေရးတာ၀န္မ်ားကုိ ကာယစြမ္းအား၊ ဥာဏစြမ္းအား၊ စိတ္ဓာတ္စြမ္းအားမ်ားႏွင့္ စြမ္းအားျပည့္ထမ္းေဆာင္ႏုိင္ေရးအတြက္ တပ္မေတာ္သားတုိင္း က်န္းမာႀကံ့ခုိင္ရန္လုိအပ္၍ ကုိယ္လက္လႈပ္ရွားမႈမ်ားႏွင့္အားကစားကုိ အထူးအေလးေပး ေဆာင္ရြက္ေနေၾကာင္း၊ ျမန္မာ့အားကစား ေအာင္ျမင္မႈသမုိင္းႏွင့္ယွဥ္ၿပီး တပ္မေတာ္သား အားကစားသမားမ်ား၏ စြမ္းေဆာင္ႏုိင္မႈမ်ား ဒြန္တြဲပါ၀င္ေနေၾကာင္း၊ ၂၀၁၃ ခုႏွစ္ (၂၇)ႀကိမ္ေျမာက္ အေရွ႕ေတာင္အာရွ အားကစားၿပိဳင္ပြဲႀကီးတြင္ ျမန္မာႏုိင္ငံမွဒုတိယအဆင့္ရရွိခဲ့စဥ္က ယင္းၿပိဳင္ပြဲႀကီးတြင္ တပ္မေတာ္သား အားကစားသမား ၁၆၃ ဦးပါ၀င္ယွဥ္ၿပိဳင္ခဲ့ၿပီး ၅၈ ဦးက ႏုိင္ငံေတာ္ႏွင့္တပ္မေတာ္အတြက္ ဆုတံဆိပ္မ်ား ဆြတ္ခူးရယူေပးႏုိင္ခဲ့ေၾကာင္း၊ ယခု(၂၉)ႀကိမ္ေျမာက္အေရွ႕ေတာင္အာရွ အားကစားၿပိဳင္ပြဲတြင္လည္း ျမန္မာအသင္းအေနျဖင့္ ေရႊတံဆိပ္ ၇ ခု၊ ေငြတံဆိပ္ ၁၀ ခုႏွင့္ ေၾကးတံဆိပ္ ၂၀ ခု စုစုေပါင္းဆုတံဆိပ္ ၃၇ ခုရရွိရာတြင္ တပ္မေတာ္သားအားကစားသမား ၂၅ ဦးတုိ႔က ေရႊတံဆိပ္ ၂ ခု၊ ေငြတံဆိပ္ ၄ ခုႏွင့္ ေၾကးတံဆိပ္ ၄ ခု စုစုေပါင္းဆုတံဆိပ္ ၁၀ ခုရရွိေအာင္စြမ္းေဆာင္ခဲ့ေၾကာင္း၊ အလားတူယခုႏွစ္အာဆီယံႏုိင္ငံ တပ္မေတာ္(ၾကည္း)မ်ား ေသနတ္ပစ္ၿပိဳင္ပြဲတြင္လည္း ျမန္မာ့တပ္မေတာ္အသင္းမွ စတုတၳအဆင့္ ရရွိခဲ့ေၾကာင္း၊ ႏုိင္ငံ့ဂုဏ္ေဆာင္၊ တပ္မေတာ္ဂုဏ္ေဆာင္ အားကစားသမားမ်ားအေနျဖင့္ ယခုကဲ့သုိ႔ ႏုိင္ငံတကာတြင္စြမ္းရည္ျပသၿပီး ဆုတံဆိပ္မ်ားရရွိႏုိင္ရန္ မဆုတ္မနစ္ေသာ ဇြဲ၊ လုံ႔လႏွင့္ သာလြန္သည့္ႀကိဳးစားအားထုတ္မႈမ်ားျဖင့္ ေလ့က်င့္ေဆာင္ရြက္ခဲ့ရျခင္း ျဖစ္ေၾကာင္း၊ တစ္နည္းအားျဖင့္ သာလြန္သည့္မ်ိဳးခ်စ္စိတ္၊ ႏုိင္ငံခ်စ္စိတ္မ်ားကုိ လက္ေတြ႕ျပသခဲ့ျခင္းျဖစ္၍ တပ္မေတာ္အေနျဖင့္ အဆုိပါအားကစားသမားမ်ားႏွင့္နည္းျပမ်ားကုိ ထုိက္တန္စြာဂုဏ္ျပဳျခင္းျဖစ္ေၾကာင္း ရွင္းလင္းေျပာၾကားသည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ က (၂၉)ႀကိမ္ေျမာက္ အေရွ႕ေတာင္အာရွအားကစားၿပိဳင္ပြဲတြင္ ၀ူရွဴး(နန္းေသာင္း/နန္းကြန္႔/ခ်န္းခြၽမ္း)ၿပိဳင္ပြဲ၌ ေရႊတံဆိပ္ ၂ ခုရရွိခဲ့သည့္ ၀ူရွဴးအသင္း၏ကိုယ္စား မျမတ္သက္ဆုေ၀ၿဖိဳးအားလည္းေကာင္း၊ ပိုက္ေက်ာ္ျခင္း(အမ်ိဳးသား ၂ ေယာက္တြဲ၊ အမ်ိဳးသမီး ၄ ေယာက္တြဲ)ၿပိဳင္ပြဲ၌ ေရႊတံဆိပ္ ၂ ခုရရွိခဲ့သည့္ ပိုက္ေက်ာ္ျခင္းအသင္း၏ကိုယ္စား တပ္ၾကပ္ႀကီး သန္႔ဇင္ဦးအားလည္းေကာင္း၊ ျခင္းလံုးအဖြဲ႕လိုက္ (အမ်ိဳးသား Event 2 ႏွင့္ Event 4)ၿပိဳင္ပြဲ၌ ေရႊတံဆိပ္ ၂ ခုရရွိခဲ့သည့္ ျခင္းလံုးအသင္း၏ကုိယ္စား ေမာင္ေက်ာ္စိုးမိုးအားလည္းေကာင္း ဂုဏ္ျပဳမွတ္တမ္းလႊာႏွင့္ ဂုဏ္ျပဳဆုေငြမ်ား အသီးသီးေပးအပ္ ခ်ီးျမႇင့္သည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ဇနီး ေဒၚၾကဴၾကဴလွက (၂၉)ႀကိမ္ေျမာက္ အေရွ႕ေတာင္အာရွအားကစားၿပိဳင္ပြဲတြင္ ၁၀ မီတာ ေလပစၥတို ေသနတ္ပစ္ၿပိဳင္ပြဲ၌ ေရႊတံဆိပ္ဆု ၁ ခု ရရွိခဲ့သည့္ မေမပိုး၀ါအားလည္းေကာင္း၊ (၂၆)ႀကိမ္ေျမာက္အာဆီယံတပ္မေတာ္(ၾကည္း)မ်ား ေသနတ္ပစ္ၿပိဳင္ပြဲတြင္ အမ်ိဳးသမီးပစၥတိုပစ္ခတ္မႈ၌ ေရႊတံဆိပ္ ၁ ခုရရွိခဲ့သည့္ တပ္မေတာ္(ၾကည္း) ေသနတ္ပစ္အသင္း၏ကိုယ္စား အရာခံဗိုလ္နန္းယု၀ါလိႈင္ အားလည္းေကာင္း ဂုဏ္ျပဳမွတ္တမ္းလႊာႏွင့္ ဂုဏ္ျပဳဆုေငြမ်ား အသီးသီးေပးအပ္ခ်ီးျမႇင့္သည္။

ထုိ႔ေနာက္ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္ (ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီး စိုး၀င္းက(၂၉)ႀကိမ္ေျမာက္ အေရွ႕ေတာင္အာရွအားကစားၿပိဳင္ပြဲတြင္ ၀ူရွဴး(နန္ခြၽမ္း၊ ခ်န္းခြၽမ္း)ၿပိဳင္ပြဲ၌ ေငြတံဆိပ္ ၂ ခု၊ ပိုက္ေက်ာ္ျခင္း (အမ်ိဳးသား ၂ ေယာက္တြဲႏွင့္ ၄ ေယာက္တြဲ)ၿပိဳင္ပြဲ၌ ေငြတံဆိပ္ ၂ ခု၊ ဘိလိယက္/စႏူကာ(9-Ball/ ဘိလိယက္) ၿပိဳင္ပြဲ၌ ေငြတံဆိပ္ ၃ ခု၊ ဂ်ဴဒို(အမ်ိဳးသမီး ၇၈ ကီလိုတန္း)ၿပိဳင္ပြဲ၌ ေငြတံဆိပ္ ၁ ခုႏွင့္ ျမားပစ္(Compound-Mixed Team)ၿပိဳင္ပြဲ၌ ေငြတံဆိပ္ ၁ ခု ရရွိခဲ့သည့္ အသင္းမ်ားမွ ကိုယ္စားျပဳအားကစားသမားမ်ားအား ဂုဏ္ျပဳမွတ္တမ္းလႊာႏွင့္ ဂုဏ္ျပဳဆုေငြမ်ား အသီးသီးေပးအပ္ခ်ီးျမႇင့္သည္။

ဆက္လက္ၿပီး ၫႇိႏိႈင္းကြပ္ကဲေရးမွဴး(ၾကည္း၊ေရ၊ေလ)ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦး က (၂၉)ႀကိမ္ေျမာက္အေရွ႕ေတာင္အာရွအားကစားၿပိဳင္ပြဲတြင္ ေဟာ္ကီ(အသင္းလိုက္)ၿပိဳင္ပြဲ၌ ေငြတံဆိပ္ ၁ ခု၊ (၂၆)ႀကိမ္ေျမာက္အာဆီယံ တပ္မေတာ္(ၾကည္း)မ်ား ေသနတ္ပစ္ၿပိဳင္ပြဲတြင္ အမ်ိဳးသား႐ိုင္ဖယ္ပစ္ခတ္စဥ္ ၿပိဳင္ပြဲ၌ ေငြတံဆိပ္ ၁ ခု၊ (၂၉)ႀကိမ္ေျမာက္အေရွ႕ေတာင္အာရွ အားကစားၿပိဳင္ပြဲတြင္ ၀ူရွဴး(ထိုက္ခ်ိခြၽမ္/ခ်န္းစု)ၿပိဳင္ပြဲ၌ ေၾကးတံဆိပ္ ၂ ခု၊ ပိုက္ေက်ာ္ျခင္း (အမ်ိဳးသမီး ၂ ေယာက္တြဲ)ၿပိဳင္ပြဲ၌ ေၾကးတံဆိပ္ ၁ ခုႏွင့္ ေသနတ္ပစ္တစ္ဦးခ်င္း (ေလပစၥတို ၁၀ မီတာ၊ စိတ္ႀကိဳက္ပစၥတို ၅၀ မီတာ၊ ၀မ္းလ်ားေမွာက္႐ိုင္ဖယ္ ၅၀ မီတာ) ပစ္ခတ္စဥ္ၿပိဳင္ပြဲ၌ ေၾကးတံဆိပ္ ၃ ခု ရရွိခဲ့ၾကသည့္ အသင္းမ်ားမွ ကုိယ္စားျပဳ အားကစားသမားမ်ားအားလည္းေကာင္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ)ဗိုလ္ခ်ဳပ္ႀကီး ခင္ေအာင္ျမင့္က (၂၉)ႀကိမ္ေျမာက္အေရွ႕ေတာင္အာရွအားကစားၿပိဳင္ပြဲတြင္ ဘိလိယက္/စႏူကာ တစ္ဦးခ်င္းၿပိဳင္ပြဲ၌ ေၾကးတံဆိပ္ ၃ ခု၊ ကရာေတးဒို(အမ်ိဳးသမီး ခတ/ကုမိတဲ့)ၿပိဳင္ပြဲ၌ ေၾကးတံဆိပ္ ၄ ခု၊ တိုက္ကြမ္ဒို(အမ်ိဳးသား ၅၄ ကီလုိေအာက္ အတိုက္၊ အမ်ိဳးသမီး ၄၉ ကီလိုေအာက္ အတိုက္ႏွင့္ အမ်ိဳးသား၊ အမ်ိဳးသမီး တစ္ဦးခ်င္း ကကြက္)ၿပိဳင္ပြဲတို႔၌ ေၾကးတံဆိပ္ ၄ ခု ႏွင့္ ေျပးခုန္ပစ္(အမ်ိဳးသမီး မီတာ ၈၀၀)ၿပိဳင္ပြဲ၌ ေၾကးတံဆိပ္ ၁ ခု ရရွိခဲ့ၾကသည့္ အသင္းမ်ားမွ ကိုယ္စားျပဳ အားကစားသမားမ်ားအား လည္းေကာင္း၊ စစ္ေရးခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ဆန္းဦးက (၂၉)ႀကိမ္ေျမာက္အေရွ႕ေတာင္အာရွ အားကစားၿပိဳင္ပြဲတြင္ အေလးမ(၆၂ ကီလို) ၿပိဳင္ပြဲ၌ ေၾကးတံဆိပ္ ၁ ခု၊ အမ်ိဳးသမီးေဘာလံုးၿပိဳင္ပြဲ၌ ေၾကးတံဆိပ္ ၁ ခုႏွင့္ (၂၆)ႀကိမ္ေျမာက္ အာဆီယံတပ္မေတာ္(ၾကည္း)မ်ား ေသနတ္ပစ္ၿပိဳင္ပြဲတြင္ အမ်ိဳးသားကာဘိုင္ပစ္ခတ္မႈၿပိဳင္ပြဲ၌ ေၾကးတံဆိပ္ ၁ ခုရရွိခဲ့သည့္အသင္းမ်ားမွ ကုိယ္စားျပဳ အားကစားသမားမ်ား၊ (၂၉)ႀကိမ္ေျမာက္အေရွ႕ေတာင္အာရွအားကစားၿပိဳင္ပြဲႏွင့္ (၂၆)ႀကိမ္ေျမာက္ အာဆီယံ တပ္မေတာ္(ၾကည္း)မ်ား ေသနတ္ပစ္ၿပိဳင္ပြဲ၌ ေရႊတံဆိပ္ ၈ ခု၊ ေငြတံဆိပ္ ၁၁ ခုႏွင့္ ေၾကးတံဆိပ္ ၂၁ ခုရရွိေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့ေသာ အားကစားနည္းျပမ်ားကိုယ္စား အရာခံဗိုလ္ ခင္ေမာင္ထူး အား လည္းေကာင္း ဂုဏ္ျပဳမွတ္တမ္းလႊာႏွင့္ ဂုဏ္ျပဳဆုေငြမ်ားကို အသီးသီးေပးအပ္ခ်ီးျမႇင့္ၾကသည္။

ယင္းေနာက္ (၂၉)ႀကိမ္ေျမာက္အေရွ႕ေတာင္အာရွအားကစားၿပိဳင္ပြဲႏွင့္ (၂၆)ႀကိမ္ ေျမာက္အာဆီယံ တပ္မေတာ္(ၾကည္း)မ်ား ေသနတ္ပစ္ၿပိဳင္ပြဲ၌ ဆုရရွိခဲ့ၾကေသာ အားကစားသမားမ်ားကိုယ္စား မျမတ္သက္ဆုေ၀ၿဖိဳးႏွင့္ အရာခံဗိုလ္ နန္းယု၀ါလိႈင္တုိ႔က ေက်းဇူးတင္စကားမ်ား အသီးသီးျပန္လည္ေျပာၾကားၾကသည္။

၎ေနာက္ အခမ္းအနားတက္ေရာက္လာၾကသူမ်ားအား ဂုဏ္ျပဳလက္ဘက္ရည္ျဖင့္ တည္ခင္းဧည္ခံၿပီးေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္မ်ားသည္ အခမ္းအနားသို႔တက္ေရာက္လာၾကသူမ်ားအား ရင္းရင္းႏွီးႏွီး လုိက္လံႏႈတ္ဆက္ခဲ့ၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။