မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ မွန်ဒရာမြို့ရှိ Adani  Ports and Logistics နှင့် SEZ & Solar Panel manufacturing unit သို့ သွားရောက် လေ့လာ

ေနျပည္ေတာ္၊ ဇူလုိင္ – ၂၈

အိႏၵိယသမၼတႏိုင္ငံသို႔ ခ်စ္ၾကည္ေရးခရီးေရာက္ရွိေနေသာ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္ေသာ ျမန္မာ့တပ္မေတာ္ ခ်စ္ၾကည္ေရးကိုယ္စားလွယ္အဖြဲ႕သည္ ဇူလုိင္ ၂၇ ရက္ နံနက္ပုိင္းတြင္ အိႏၵိယတပ္မေတာ္ အထူးေလယာဥ္ျဖင့္ မြန္ဒရာၿမဳိ႕သုိ႕ေရာက္ရွိလာရာ အိႏၵိယေရတပ္မွ  Rear Admiral Sanjay Roye  ႏွင့္တာ၀န္ရွိသူမ်ားက ႀကဳိိဆိုႏႈတ္ဆက္ၾကသည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ႏွင့္ကိုယ္စားလွယ္ အဖြဲ႕၀င္မ်ား သည္ မြန္ဒရာဆိပ္ကမ္းရွိ Adani Ports and Logistics သုိ႕သြားေရာက္ၾကည့္႐ႈေလ့လာၾကရာ Adani Port & SEZ Limited (APSEZ) မွ တာ၀န္ရွိသူမ်ားက ႏုိင္ငံတကာမွ သြင္းကုန္၊ ပုိ႕ကုန္စီးဆင္းရာ ကြန္တိန္နာ သေဘၤာႀကီးမ်ား ဆုိက္ကပ္ၿပီး လုပ္ငန္းလည္ပတ္မႈအေျခအေနမ်ားအား ရွင္းလင္းတင္ျပရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ က သဘာ၀ေဘးအႏၲရာယ္ႀကဳံေတြ႕ခ်ိန္တြင္ လုံၿခဳံစိတ္ခ် မႈရွိေစေရး ေဆာင္ရြက္ထားရွိမႈမ်ားႏွင့္ သိရိွလုိသည္မ်ားအား ျပန္လည္ေဆြးေႏြးခဲ့သည္။ ယင္းေနာက္ စက္ရုံမ်ားအတြင္း ေဘးအႏၲရာယ္လုံၿခဳံစိတ္ခ်မႈ ရွိေစေရးအတြက္ လုပ္ငန္းေဆာင္ရြက္လ်က္ရွိသည့္ အေျခအေနမ်ားႏွင့္ ေရနက္ဆိပ္ကမ္းတစ္ေလွ်ာက္ လုပ္ငန္းေဆာင္ရြက္ေနမႈအေျခအေနမ်ားအား လုိက္လံၾကည့္႐ႈေလ့လာခဲ့ၾကရာ တာ၀န္ရွိသူမ်ားက လုိက္လံရွင္းလင္းျပသခဲ့ၾကၿပီးေနာက္ အစည္းအေ၀းခန္းမတြင္ အမွတ္တရ လက္ေဆာင္ ပစၥည္းမ်ား အျပန္အလွန္ လဲလွယ္ခဲ့ၾကသည္။

အဆုိပါ Adani Ports and Logistics သည္အိႏၵိယႏုိင္ငံ Kutch ပင္လယ္ေကြ႕ရွိ ပင္လယ္ေရနက္ ဆိပ္ကမ္းတစ္ခု ျဖစ္ၿပီး အိႏၵိယႏုိင္ငံရွိဆိပ္ကမ္းမ်ားအနက္ အႀကီးစားသေဘာၤမ်ား ၀င္ေရာက္ဆုိက္ကပ္ႏုိင္သည့္ ဆိပ္ကမ္းတစ္ခုျဖစ္ေၾကာင္း၊ အိႏၵိယႏုိင္ငံအတြင္းပုိင္းသုိ႕ ကုန္စည္မ်ားပုိ႕ေဆာင္ရန္အတြက္ အဓိက၀င္ေပါက္ တစ္ခုျဖစ္ကာ ေရနံစိမ္း၊ ကားႏွင့္အျခားပုိ႕ကုန္၊သြင္းကုန္ ပစၥည္းအမ်ဳိးမ်ဳိးတုိ႕အား သုိေလွာင္ ထားႏုိင္ၿပီး ျပန္လည္ျဖန္႕ျဖဴးပုိ႕ေဆာင္လ်က္ရွိေၾကာင္း၊ တန္ခ်ိန္ႀကီးမားသည့္ ကုန္တင္သေဘာၤမ်ားဆုိက္ကပ္ႏုိင္ေသာ ဆိပ္ခံတံတားမ်ားရွိသည့္ ဆိပ္ကမ္းျဖစ္ၿပီး ကမၻာ့အႀကီးမားဆုံး ေက်ာက္မီးေသြးတင္သြင္းသည့္ ဆိပ္ကမ္းတစ္ခုျဖစ္ကာ Adani ေက်ာက္မီးေသြးသုံး ဓာတ္အားေပးစက္႐ုံႏွင့္ TATA ေက်ာက္မီးေသြး ဓာတ္အားေပးစက္႐ုံ ႏွစ္႐ုံအတြက္ ေက်ာက္မီးေသြးမ်ား ပုိ႕ေဆာင္ေထာက္ပံ့ေပးလ်က္ရွိေၾကာင္း ႏွင့္ ၎ေက်ာက္မီးေသြး စက္႐ုံႏွစ္႐ုံသည္ သဘာ၀ပတ္၀န္းက်င္ထိခုိက္မႈအနည္းဆုံး ထုတ္လုပ္မႈနည္းစနစ္ျဖင့္ လွ်ပ္စစ္ဓာတ္အားမဂၢါ၀ပ္ ၈၆၀၀ ခန္႕ထုတ္လုပ္ေပးလ်က္ရွိကာ အိႏၵိယႏုိင္ငံ၏ လွ်ပ္စစ္ဓာတ္အား လုိအပ္ခ်က္ ကုိ တစ္ဖက္တစ္လမ္းမွ ပံ့ပုိးေပးလ်က္ရွိေၾကာင္း သိရွိရသည္။

ယင္းေနာက္ တပ္မေတာ္္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ SEZ & Solar Panel manufacturing unit သို႔  သြားေရာက္္ၾကည့္႐ႈေလ့လာၾကရာ တာ၀န္ရွိသူမ်ားက စြမ္းအင္ထုတ္လုပ္ေနမႈမ်ား ႏွင့္ပတ္သက္၍ ရွင္းလင္းတင္ျပၾကၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္မ်ားက သိရွိလိုသည္မ်ားကို ေမးျမန္းၾက သည္။ အဆုိပါ SEZ & Solar Panel manufacturing unitသည္ သဘာ၀ ပတ္၀န္းက်င္ကုိ ထိခုိက္ႏုိင္ျခင္း မရွိသည့္ ဆုိလာစနစ္ျဖင့္ စြမ္းအင္ထုတ္လုပ္ႏုိင္သည့္ ဆုိလာျပားမ်ား ထုတ္လုပ္လ်က္ရွိေၾကာင္း၊ တစ္ႏွစ္လ်င္ ၁၂၀၀ မဂၢါ၀ပ္အထိ ထုတ္လုပ္ႏိုင္သည့္ ဆုိလာမ်ားထုတ္လုပ္ႏုိင္ေၾကာင္း ႏွင့္ အဆုိပါဆုိလာမ်ားသည္ ဘတၴရီစနစ္ သီးျခား ထပ္မံတပ္ဆင္ရန္မလုိဘဲ လွ်ပ္စစ္ဓာတ္အား ထုတ္လုပ္ေပးႏုိင္သည့္ ဆုိလာျပားမ်ား ျဖစ္ကာ ၎ဆုိလာျပားမ်ားအား အိႏၵိယႏုိင္ငံအျပင္အေမရိကန္ႏုိင္ငံ၊  ၿဗိတိန္ႏုိင္ငံႏွင့္ အျခားဥေရာပႏုိင္ငံမ်ားသုိ႕ တင္ပုိ႕ေရာင္းခ်လ်က္ရွိေၾကာင္း သိရွိရသည္။

အထက္ပါစက္႐ုံမ်ား တည္ရွိသည့္ မြန္ဒရာၿမိဳ႕သည္ ၎စက္႐ုံမ်ားတည္ ေဆာက္စဥ္ ၁၉၉၈ ခုႏွစ္ခန္႕က လူဦးေရ တစ္ေသာင္းခန္႕သာရွိခဲ့ၿပီး ယခုအခါ လူဦးေရ ႏွစ္သိန္းခဲြခန္႕ထိရွိလာခဲ့ၿပီး ျဖစ္ေၾကာင္း၊ တုိးပြား လာသည့္လုပ္သားအမ်ားစုကုိလည္း စက္႐ုံ၊အလုပ္႐ုံမ်ားတြင္ အလုပ္အကုိင္ အခြင့္အလမ္းမ်ားေပးထား ေၾကာင္း၊ စက္႐ုံ၊ အလုပ္႐ုံမ်ားအတြက္ လုပ္ငန္းသုံးေရႏွင့္ ၀န္ထမ္းမ်ားအတြက္ သုံးေရလုိအပ္ခ်က္အား ပင္လယ္ေရကုိ သန္႕စင္၍ ျပန္လည္အသုံးျပဳျခင္းျဖင့္လည္းေကာင္း၊ ေသာက္သုံးေရအတြက္ ေလထုအတြင္းမွ ရရွိေသာ ေရခုိး၊ေရေငြ႕အား သန္႕စင္ေသာ ေသာက္သုံးေရအျဖစ္ သန္႕စင္ ထုတ္လုပ္၍လည္းေကာင္း ျဖည့္တင္းေဆာင္ရြက္လ်က္ရွိၿပီး သဘာ၀ပတ္၀န္းက်င္ထိန္းသိမ္း ေရးအတြက္ သစ္ပင္၊ သစ္ေတာမ်ားကုိလည္း ေျခာက္ေသြ႕ေဒသအျဖစ္မွ စိမ္းလန္းစုိေျပ ေသာေဒသျဖစ္ေအာင္ လုပ္ေဆာင္လ်က္ရွိသည္။

( Unicode Version )

မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ မွန်ဒရာမြို့ရှိ Adani  Ports and Logistics နှင့် SEZ & Solar Panel manufacturing unit သို့ သွားရောက် လေ့လာ

နေပြည်တော်၊ ဇူလိုင် – ၂၈

အိန္ဒိယသမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသော တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင် ၂၇ ရက် နံနက်ပိုင်းတွင် အိန္ဒိယတပ်မတော် အထူးလေယာဉ်ဖြင့် မွန်ဒရာမြို့သို့ရောက်ရှိလာရာ အိန္ဒိယရေတပ်မှ  Rear Admiral Sanjay Roye  နှင့်တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ကိုယ်စားလှယ် အဖွဲ့ဝင်များ သည် မွန်ဒရာဆိပ်ကမ်းရှိ Adani Ports and Logistics သို့သွားရောက်ကြည့်ရှုလေ့လာကြရာ Adani Port & SEZ Limited (APSEZ) မှ တာဝန်ရှိသူများက နိုင်ငံတကာမှ သွင်းကုန်၊ ပို့ကုန်စီးဆင်းရာ ကွန်တိန်နာ သင်္ဘောကြီးများ ဆိုက်ကပ်ပြီး လုပ်ငန်းလည်ပတ်မှုအခြေအနေများအား ရှင်းလင်းတင်ပြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က သဘာဝဘေးအန္တရာယ်ကြုံတွေ့ချိန်တွင် လုံခြုံစိတ်ချ မှုရှိစေရေး ဆောင်ရွက်ထားရှိမှုများနှင့် သိရှိလိုသည်များအား ပြန်လည်ဆွေးနွေးခဲ့သည်။ ယင်းနောက် စက်ရုံများအတွင်း ဘေးအန္တရာယ်လုံခြုံစိတ်ချမှု ရှိစေရေးအတွက် လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ရေနက်ဆိပ်ကမ်းတစ်လျှောက် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား လိုက်လံကြည့်ရှုလေ့လာခဲ့ကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြပြီးနောက် အစည်းအဝေးခန်းမတွင် အမှတ်တရ လက်ဆောင် ပစ္စည်းများ အပြန်အလှန် လဲလှယ်ခဲ့ကြသည်။

အဆိုပါ Adani Ports and Logistics သည်အိန္ဒိယနိုင်ငံ Kutch ပင်လယ်ကွေ့ရှိ ပင်လယ်ရေနက် ဆိပ်ကမ်းတစ်ခု ဖြစ်ပြီး အိန္ဒိယနိုင်ငံရှိဆိပ်ကမ်းများအနက် အကြီးစားသဘောၤများ ဝင်ရောက်ဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်းတစ်ခုဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံအတွင်းပိုင်းသို့ ကုန်စည်များပို့ဆောင်ရန်အတွက် အဓိကဝင်ပေါက် တစ်ခုဖြစ်ကာ ရေနံစိမ်း၊ ကားနှင့်အခြားပို့ကုန်၊သွင်းကုန် ပစ္စည်းအမျိုးမျိုးတို့အား သိုလှောင် ထားနိုင်ပြီး ပြန်လည်ဖြန့်ဖြူးပို့ဆောင်လျက်ရှိကြောင်း၊ တန်ချိန်ကြီးမားသည့် ကုန်တင်သဘောၤများဆိုက်ကပ်နိုင်သော ဆိပ်ခံတံတားများရှိသည့် ဆိပ်ကမ်းဖြစ်ပြီး ကမ္ဘာ့အကြီးမားဆုံး ကျောက်မီးသွေးတင်သွင်းသည့် ဆိပ်ကမ်းတစ်ခုဖြစ်ကာ Adani ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံနှင့် TATA ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ နှစ်ရုံအတွက် ကျောက်မီးသွေးများ ပို့ဆောင်ထောက်ပံ့ပေးလျက်ရှိကြောင်း နှင့် ၎င်းကျောက်မီးသွေး စက်ရုံနှစ်ရုံသည် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုအနည်းဆုံး ထုတ်လုပ်မှုနည်းစနစ်ဖြင့် လျှပ်စစ်ဓာတ်အားမဂ္ဂါဝပ် ၈၆၀၀ ခန့်ထုတ်လုပ်ပေးလျက်ရှိကာ အိန္ဒိယနိုင်ငံ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက် ကို တစ်ဖက်တစ်လမ်းမှ ပံ့ပိုးပေးလျက်ရှိကြောင်း သိရှိရသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် SEZ & Solar Panel manufacturing unit သို့  သွားရောက်ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက စွမ်းအင်ထုတ်လုပ်နေမှုများ နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များက သိရှိလိုသည်များကို မေးမြန်းကြ သည်။ အဆိုပါ SEZ & Solar Panel manufacturing unitသည် သဘာ၀ ပတ်ဝန်းကျင်ကို ထိခိုက်နိုင်ခြင်း မရှိသည့် ဆိုလာစနစ်ဖြင့် စွမ်းအင်ထုတ်လုပ်နိုင်သည့် ဆိုလာပြားများ ထုတ်လုပ်လျက်ရှိကြောင်း၊ တစ်နှစ်လျင် ၁၂၀၀ မဂ္ဂါဝပ်အထိ ထုတ်လုပ်နိုင်သည့် ဆိုလာများထုတ်လုပ်နိုင်ကြောင်း နှင့် အဆိုပါဆိုလာများသည် ဘတ္ထရီစနစ် သီးခြား ထပ်မံတပ်ဆင်ရန်မလိုဘဲ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနိုင်သည့် ဆိုလာပြားများ ဖြစ်ကာ ၎င်းဆိုလာပြားများအား အိန္ဒိယနိုင်ငံအပြင်အမေရိကန်နိုင်ငံ၊  ဗြိတိန်နိုင်ငံနှင့် အခြားဥရောပနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

အထက်ပါစက်ရုံများ တည်ရှိသည့် မွန်ဒရာမြို့သည် ၎င်းစက်ရုံများတည် ဆောက်စဉ် ၁၉၉၈ ခုနှစ်ခန့်က လူဦးရေ တစ်သောင်းခန့်သာရှိခဲ့ပြီး ယခုအခါ လူဦးရေ နှစ်သိန်းခွဲခန့်ထိရှိလာခဲ့ပြီး ဖြစ်ကြောင်း၊ တိုးပွား လာသည့်လုပ်သားအများစုကိုလည်း စက်ရုံ၊အလုပ်ရုံများတွင် အလုပ်အကိုင် အခွင့်အလမ်းများပေးထား ကြောင်း၊ စက်ရုံ၊ အလုပ်ရုံများအတွက် လုပ်ငန်းသုံးရေနှင့် ဝန်ထမ်းများအတွက် သုံးရေလိုအပ်ချက်အား ပင်လယ်ရေကို သန့်စင်၍ ပြန်လည်အသုံးပြုခြင်းဖြင့်လည်းကောင်း၊ သောက်သုံးရေအတွက် လေထုအတွင်းမှ ရရှိသော ရေခိုး၊ရေငွေ့အား သန့်စင်သော သောက်သုံးရေအဖြစ် သန့်စင် ထုတ်လုပ်၍လည်းကောင်း ဖြည့်တင်းဆောင်ရွက်လျက်ရှိပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးအတွက် သစ်ပင်၊ သစ်တောများကိုလည်း ခြောက်သွေ့ဒေသအဖြစ်မှ စိမ်းလန်းစိုပြေ သောဒေသဖြစ်အောင် လုပ်ဆောင်လျက်ရှိသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။