တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် Ghaziabad မြို့ရှိ Bharat Electronics Limited (BEL)သို့ သွားရောက်လေ့လာ၊ အိန္ဒိယသမ္မတနိုင်ငံ၊ ပြည်ပရေးရာဝန်ကြီး Dr. Subramanyam Jaishankar နှင့် တွေ့ဆုံဆွေးနွေး

ေနျပည္ေတာ္၊ ဇူလုိင္ – ၃၀

အိႏိၵယသမၼတႏိုင္ငံသို႔ ခ်စ္ၾကည္ေရးခရီးေရာက္ရွိေနသည့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ႏွင့္ အဖြဲ႕၀င္မ်ားသည္ ယေန႕နံနက္ပုိင္းတြင္ Ghaziabad ၿမိဳ႕ရွိ Bharat Electronics Limited(BEL)သို႔ သြားေရာက္ ေလ့လာၾကည့္႐ႈၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္မ်ားအား တာ၀န္ရွိသူမ်ားက ႀကိဳဆုိႏႈတ္ဆက္ ခဲ့ၾကၿပီး စက္ရုံအစည္းအေ၀းခန္းမတြင္ Bharat Electronics Limited(BEL)မွ ထုတ္လုပ္လ်က္ရွိသည့္ ကာကြယ္ေရးဆုိင္ရာပစၥည္းမ်ားႏွင့္ ယင္းပစၥည္းမ်ား၏ စြမ္းေဆာင္ႏုိင္မႈမ်ားအား ရွင္းလင္းတင္ျပၾက သည္။ ရွင္းလင္းတင္ျပမႈမ်ားအေပၚ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က သိရွိလုိသည္မ်ား ျပန္လည္ ေမးျမန္းေဆြးေႏြးခဲ့ၿပီး စက္႐ုံအတြင္း လွည့္လည္ ၾကည့္ရႈေလ့လာခဲ့ၾကသည္။

အဆုိပါ Bharat Electronics Limited(BEL)ကုိ အိႏၵိယႏုိင္ငံ Bangalore ၿမိဳ႕၌ ၁၉၅၄ ခုႏွစ္တြင္ စတင္တည္ေထာင္ခဲ့ၿပီး ကာကြယ္ေရးဆုိင္ရာပစၥည္းမ်ား ထုတ္လုပ္သည့္အျပင္ အျခား အီလက္ထေရာနစ္ ဆက္စပ္ပစၥည္းမ်ားထုတ္လုပ္လ်က္ရွိေၾကာင္း၊ အိႏၵိယႏုိင္ငံတြင္ စက္႐ုံေပါင္း ၉ ခု ရွိၿပီး ျပည္ပႏုိင္ငံမ်ား၌လည္း ႐ုံးခြဲမ်ား ဖြင့္လွစ္ထားရွိကာ ဆက္သြယ္မႈကြန္ရက္လုံၿခဳံေရး၊ ေျမျပင္၊ ေ၀ဟင္ႏွင့္ ေရေၾကာင္းပုိင္နက္လုံၿခဳံေရးတုိ႕တြင္ လုိအပ္သည့္ စက္ကိရိယာမ်ားႏွင့္ ဆက္စပ္ ပစၥည္းမ်ား ထုတ္လုပ္လ်က္ ရွိေၾကာင္း သိရွိရသည္။

ထုိ႔ျပင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္မ်ားသည္ ဇူလုိင္ ၂၉ ရက္နံနက္ပုိင္းတြင္ အိႏၵိယသမၼတႏုိင္ငံ၊ ျပည္ပေရးရာ၀န္ႀကီး Dr. Subramanyam Jaishankar ႏွင့္ နယူးေဒလီၿမိဳ႕ ရွိ Hyderabad House ၌ ေတြ႕ဆုံေဆြးေႏြးခဲ့သည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္မ်ားအား အိႏၵိယသမၼတႏုိင္ငံ၊ ျပည္ပေရးရာ ၀န္ႀကီးႏွင့္အဖြဲ႕၀င္မ်ားက ႀကိဳဆုိႏႈတ္ဆက္ခဲ့ၾကၿပီး နံနက္စာျဖင့္ တည္ခင္းဧည့္ခံ၍ ျမန္မာ-အိႏၵိယ ႏွစ္ႏုိင္ငံႏွင့္ ႏွစ္ႏုိင္ငံတပ္မေတာ္ႏွစ္ရပ္အၾကား ခ်စ္ၾကည္ရင္းႏွီးမႈ တုိးျမႇင့္ေဆာင္ရြက္ေရး၊ ႏွစ္ႏိုင္ငံ နယ္စပ္ေဒသတည္ၿငိမ္ေအးခ်မ္းေရး၊ ႏွစ္ႏိုင္ငံလံုၿခံဳေရးႏွင့္ ကာကြယ္ေရးဆုိင္ရာမ်ားတြင္ ပိုမိုပူးေပါင္း ေဆာင္ရြက္သြားမည့္ကိစၥရပ္မ်ားအား အျပန္အလွန္ေဆြးေႏြးခဲ့ၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္မ်ားသည္ အိႏိၵယတပ္မေတာ္အထူးေလယာဥ္ျဖင့္ နယူးေဒလီၿမိဳ႕မွ ဗာရာဏသီၿမိဳ႕သို႔ ထြက္ခြာၾကရာ အိႏိၵယတပ္မေတာ္မွ တာ၀န္ရွိသူမ်ားႏွင့္ အိႏိၵယ သမၼတႏိုင္ငံဆုိင္ရာ ျမန္မာႏိုင္ငံသံအမတ္ႀကီး ဦးမိုးေက်ာ္ေအာင္တို႔က ပို႔ေဆာင္ႏႈတ္ဆက္ၾကသည္။ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္မ်ားသည္ ဗာရာဏသီၿမိဳ႕၊ Lal Bahadur Shastri ေလဆိပ္သို႔ ယေန႕ ညေနပိုင္းတြင္ ေရာက္ရွိလာၾကရာ အိႏိၵယတပ္မေတာ္မွ Brigadier Hukum Singh Bainsla, SM ႏွင့္ တာ၀န္ရွိသူမ်ားက ႀကိဳဆိုႏႈတ္ဆက္ခဲ့ၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် Ghaziabad မြို့ရှိ Bharat Electronics Limited (BEL)သို့ သွားရောက်လေ့လာ၊ အိန္ဒိယသမ္မတနိုင်ငံ၊ ပြည်ပရေးရာဝန်ကြီး Dr. Subramanyam Jaishankar နှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ ဇူလိုင် – ၃၀

အိန္ဒိယသမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် Ghaziabad မြို့ရှိ Bharat Electronics Limited(BEL)သို့ သွားရောက် လေ့လာကြည့်ရှုကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက် ခဲ့ကြပြီး စက်ရုံအစည်းအဝေးခန်းမတွင် Bharat Electronics Limited(BEL)မှ ထုတ်လုပ်လျက်ရှိသည့် ကာကွယ်ရေးဆိုင်ရာပစ္စည်းများနှင့် ယင်းပစ္စည်းများ၏ စွမ်းဆောင်နိုင်မှုများအား ရှင်းလင်းတင်ပြကြ သည်။ ရှင်းလင်းတင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သိရှိလိုသည်များ ပြန်လည် မေးမြန်းဆွေးနွေးခဲ့ပြီး စက်ရုံအတွင်း လှည့်လည် ကြည့်ရှုလေ့လာခဲ့ကြသည်။

အဆိုပါ Bharat Electronics Limited(BEL)ကို အိန္ဒိယနိုင်ငံ Bangalore မြို့၌ ၁၉၅၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ကာကွယ်ရေးဆိုင်ရာပစ္စည်းများ ထုတ်လုပ်သည့်အပြင် အခြား အီလက်ထရောနစ် ဆက်စပ်ပစ္စည်းများထုတ်လုပ်လျက်ရှိကြောင်း၊ အိန္ဒိယနိုင်ငံတွင် စက်ရုံပေါင်း ၉ ခု ရှိပြီး ပြည်ပနိုင်ငံများ၌လည်း ရုံးခွဲများ ဖွင့်လှစ်ထားရှိကာ ဆက်သွယ်မှုကွန်ရက်လုံခြုံရေး၊ မြေပြင်၊ ဝေဟင်နှင့် ရေကြောင်းပိုင်နက်လုံခြုံရေးတို့တွင် လိုအပ်သည့် စက်ကိရိယာများနှင့် ဆက်စပ် ပစ္စည်းများ ထုတ်လုပ်လျက် ရှိကြောင်း သိရှိရသည်။

ထို့ပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဇူလိုင် ၂၉ ရက်နံနက်ပိုင်းတွင် အိန္ဒိယသမ္မတနိုင်ငံ၊ ပြည်ပရေးရာဝန်ကြီး Dr. Subramanyam Jaishankar နှင့် နယူးဒေလီမြို့ ရှိ Hyderabad House ၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား အိန္ဒိယသမ္မတနိုင်ငံ၊ ပြည်ပရေးရာ ဝန်ကြီးနှင့်အဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ခဲ့ကြပြီး နံနက်စာဖြင့် တည်ခင်းဧည့်ခံ၍ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ဆောင်ရွက်ရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ နှစ်နိုင်ငံလုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာများတွင် ပိုမိုပူးပေါင်း ဆောင်ရွက်သွားမည့်ကိစ္စရပ်များအား အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အိန္ဒိယတပ်မတော်အထူးလေယာဉ်ဖြင့် နယူးဒေလီမြို့မှ ဗာရာဏသီမြို့သို့ ထွက်ခွာကြရာ အိန္ဒိယတပ်မတော်မှ တာဝန်ရှိသူများနှင့် အိန္ဒိယ သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးမိုးကျော်အောင်တို့က ပို့ဆောင်နှုတ်ဆက်ကြသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဗာရာဏသီမြို့၊ Lal Bahadur Shastri လေဆိပ်သို့ ယနေ့ ညနေပိုင်းတွင် ရောက်ရှိလာကြရာ အိန္ဒိယတပ်မတော်မှ Brigadier Hukum Singh Bainsla, SM နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။