မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ အိန္ဒိယသမ္မတနိုင်ငံ၊ ဗာရာဏသီမြို့အနီး မိဂဒါဝုန် ဥယျာဉ်ရှိ အထင်ကရဗုဒ္ဓဝင်နေရာများအား သွားရောက်ဖူးမြော်ကြည်ညို၊ 39 Gorkha Training Centre သို့ သွားရောက် လေ့လာကြည့်ရှု 

ေနျပည္ေတာ္၊ ဇူလႈိင္ ၃၁

အိႏၵိယသမၼတႏုိင္ငံသုိ႕ ခ်စ္ၾကည္ေရးခရီးေရာက္ရွိေနသည့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္သည္ ဇနီးေဒၚၾကဴၾကဴလွႏွင့္အဖြဲ႕ ၀င္မ်ားလိုက္ပါ၍ ယေန႕ နံနက္ပုိင္းတြင္ ဗာရာဏသီၿမိဳ႕အနီးရွိ ျမတ္စြာဘုရားရွင္အား ပၪၥ၀ဂၢီ ၅ ဦးတုိ႕မွ ခရီးဦးႀကိဳသည့္ ေနရာတြင္ အထိမ္းအမွတ္အျဖစ္ တည္ထားသည့္ ေခ်ာက္ခ႑ီ ေစတီေတာ္ႀကီးအား သြားေရာက္ ဖူးေျမာ္ၾကည္ညိဳၾကသည္။

ထုိ႕ေနာက္ မိဂဒါ၀ုန္ဥယ်ာဥ္အတြင္းရွိ ျမတ္စြာဘုရားရွင္မွ ပၪၥ၀ဂၢီ ၅ ဦးအား ဓမၼစၾကာတရားဦး ေဟာၾကားခဲ့သည့္ ဓမၼရာဇိကေစတီေတာ္ႀကီးအား ပန္း၊ေရခ်မ္း ကပ္လွဴ ပူေဇာ္၍ဖူးေျမာ္ၾကည္ညိဳသည္။ ဓမၼရာဇိကေစတီေနရာသည္ ဗုဒၶဘုရားရွင္ေတာ္ျမတ္မွ ဓမၼစၾကာတရားေတာ္ကို ပၪၥ၀ဂၢီ ၅ ဦး အားစတင္ ေဟာၾကားခဲ့သည့္ ေနရာျဖစ္၍ ဗုဒၶ သာသနာစတင္ေပၚထြန္းရာဌာန ျဖစ္သကဲ့သို႔ ဘုရား၊ တရား၊ သံဃာ ဆုိသည့္ ရတနာ ၃ ပါးလည္း စတင္ေပၚထြန္းခဲ့ျခင္းေၾကာင့္ ရတနာ ၃ ပါးအစ မိဂဒါ၀ုန္ကဟု ဆုိၾကေၾကာင္းသိရွိရသည္။

ဆက္လက္ၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီး၊ အဖြဲ႕၀င္မ်ားသည္ ဓမၼရာဇိကေစတီ၏ အေရွ႕ဘက္ ကိုက္ ၁၅၀ခန္႕အကြာရွိ ဓေမၼခ ေစတီေတာ္ႀကီးသုိ႔ သြားေရာက္ဖူးေျမာ္ၾကည္ညိဳၿပီး ပန္း၊ ေရခ်မ္းႏွင့္ ေရႊသကၤန္းမ်ား ကပ္လွဴပူေဇာ္၍ ေစတီေတာ္ႀကီးအား လက္ယာရစ္ဖူးေျမာ္ၾကည္ညိဳၾက သည္။ အဆုိပါ ဓေမၼခေစတီေတာ္ႀကီးသည္ အျမင့္၁၀၄ေပ၊ ေအာက္ေျခအခ်င္း ၉၃ ေပခန္႕ရွိကာ မိဂဒါ၀ုန္ဥယ်ာဥ္တြင္ ထုထည္ႀကီးမားစြာျဖင့္ တစ္ဆူတည္းက်န္ရွိသည့္ ေစတီေတာ္ႀကီးျဖစ္ၿပီး သာသနာ ႏွစ္ေပါင္း၂၅၀၀ ေက်ာ္ ဗုဒၶသမိုင္းကို ထင္ထင္ရွားရွားထုတ္ေဖာ္ျပသေနသည့္ ေစတီႀကီး တစ္ဆူျဖစ္သည္။

ထုိ႕ေနာက္ မိဂဒါ၀ုန္ဥယ်ာဥ္အနီး သီရိလကၤာႏိုင္ငံမွ တည္ထားကိုးကြယ္သည့္ ဓာတ္ေတာ္တုိက္အား သြားေရာက္ဖူးေျမာ္ၾကည္ညိဳသည္။ ဦးစြာ ဓာတ္ေတာ္တုိက္အတြင္း ရွိ ျမတ္စြာဘုရား ဓမၼစၾကာ တရားဦး ေဟာၾကားေနသည့္ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္အား ဖူးေျမာ္ ၾကည္ညိဳ၍ ပန္း၊ ေရခ်မ္း၊ ဆီမီးမ်ား ကပ္လွဴပူေဇာ္သည္။ ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးတုိ႕က အလွဴေငြမ်ား ေပးအပ္လွဴဒါန္းရာ ဓာတ္ေတာ္တုိက္ဆရာေတာ္မွ ဓမၼလက္ေဆာင္မ်ား ျပန္လည္ေပးအပ္သည္။ ထုိ႕ေနာက္ ဓာတ္ေတာ္တုိက္ ပရိ၀ုဏ္အတြင္းရွိ ျမတ္စြာဘုရားမွ ပၪၥ၀ဂၢီ ၅ ဦးအား ဓမၼစၾကာတရားဦး ေဟာၾကားေနသည့္ ႐ုပ္ပြားေတာ္မ်ားကို ဖူးေျမာ္ၾကည္ညိဳၾကသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ႏွင့္ အဖြဲ႕၀င္ မ်ားသည္ ဗာရာဏသီၿမိဳ႕အတြင္းရွိ ေဆး၀ကၤပါ ျမန္မာေက်ာင္းတုိက္သို႕ သြားေရာက္ၾကသည္။ ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေဆး၀ကၤပါေက်ာင္းတုိက္ ဆရာေတာ္ ေဒါက္တာဘဒၵႏၲမ႑လ ထံသို႕ သာသနာေရးဆုိင္ရာမ်ားႏွင့္ ဗာရာဏသီတြင္ လာေရာက္သတင္းသံုးၾကသည့္ သံဃာေတာ္မ်ား ၏ သီတင္းသံုးေနထုိင္မႈ အေျခအေနမ်ားႏွင့္ ပတ္သက္၍ ေလွ်ာက္ထားေမးျမန္းသည္။ ထုိ႕ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္မ်ားသည္ ဆရာေတာ္ထံမွ ငါးပါးသီလခံယူ ေဆာက္တည္၍ သံဃာေတာ္မ်ားအား ၀ါဆုိသကၤန္း၊ န၀ကမၼအလွဴေငြႏွင့္ လွဴဖြယ္ ပစၥည္းမ်ားအား လည္းေကာင္း၊ ဗာရာဏသီၿမိဳ႕ရွိ စာသင္သားသံဃာေတာ္မ်ားႏွင့္ သာသနာ့အႏြယ္၀င္သီလရွင္မ်ား အား န၀ကမၼ အလွဴေငြမ်ားအား လည္းေကာင္း ဆက္ကပ္လွဴဒါန္း၍ လွဴဒါန္းမႈအစုစုအတြက္ ေရစက္သြန္းခ်အမွ်ေပးေ၀ခဲ့ၿပီး သံဃာေတာ္မ်ားအား ေန႕ဆြမ္းဆက္ကပ္လွဴဒါန္းခဲ့ၾကသည္။ အဆုိပါ ဗာရာဏသီရွိ ေဆး၀ကၤပါ ေက်ာင္းတုိက္တြင္ ျမန္မာသံဃာေတာ္မ်ားသည္ လြန္ခဲ့သည့္ ႏွစ္ေပါင္း (၆၀)ေက်ာ္မွ စတင္၍ သီတင္းသံုးေနထုိင္ခဲ့ၾကေၾကာင္း သိရွိရသည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖဲြ႕၀င္မ်ားသည္ ဗာရာဏသီ ၿမိဳ႕ရိွ 39 Gorkha Training Centre(GTC)ေက်ာင္းသို႔ ဆက္လက္ထြက္ခြာခဲ့ရာ ေက်ာင္းအုပ္ႀကီး Brigadier Hukum Singh Bainsla, SM ႏွင့္ ေက်ာင္းတာ၀န္ရွိသူမ်ားက ႀကိဳဆိုၿပီးေနာက္ ေက်ာင္းဌာနခ်ဳပ္႐ံုးတြင္ သင္တန္းေက်ာင္းသမိုင္းႏွင့္ အိႏၵိယတပ္မေတာ္ တပ္သားသစ္မ်ားအား ေလ့က်င့္ေပးမႈအေျခအေန မ်ားအား PowerPoint ျဖင့္ ရွင္းလင္းတင္ျပရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က သိရွိလိုသည္မ်ား အား ျပန္လည္ေဆြးေႏြးခဲ့ၾကၿပီး အမွတ္တရစုေပါင္းမွတ္တမ္းတင္ဓာတ္ပံု႐ိုက္ကူးခဲ့ၾကသည္။

ဆက္လက္၍ သင္တန္းေက်ာင္းအတြင္း လွည့္လည္ၾကည့္႐ႈေလ့လာၾကရာ မီတာ ၅၀၀ စက္ပစ္ကြင္းအတြင္း သင္တန္းသားမ်ားက လက္နက္ငယ္ပစ္ခတ္ေလ့က်င့္မႈမ်ားအား DRONACHARYA Fire Control Centre မွ ၾကည့္႐ႈေလ့လာၾကၿပီး သင္တန္းသားမ်ားက ေဂၚရခါးဓား ျဖင့္ တိုက္ခိုက္ေရးစြမ္းရည္ သ႐ုပ္ျပပြဲအား ၾကည့္႐ႈအားေပးၾကသည္။ ထို႔ေနာက္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္မ်ားအား Officer Mess တြင္ ႀကိဳဆိုဧည့္ခံၿပီး တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ေက်ာင္းအုပ္ႀကီးတို႔သည္ အထိမ္းအမွတ္တံဆိပ္ႏွင့္ အမွတ္တရ လက္ေဆာင္မ်ား အျပန္အလွန္ေပးအပ္ခဲ့ၾကသည္။

(Unicode Version)

မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ အိန္ဒိယသမ္မတနိုင်ငံ၊ ဗာရာဏသီမြို့အနီး မိဂဒါဝုန် ဥယျာဉ်ရှိ အထင်ကရဗုဒ္ဓဝင်နေရာများအား သွားရောက်ဖူးမြော်ကြည်ညို၊ 39 Gorkha Training Centre သို့ သွားရောက် လေ့လာကြည့်ရှု

နေပြည်တော်၊ ဇူလှိုင် ၃၁

အိန္ဒိယသမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီးဒေါ်ကြူကြူလှနှင့်အဖွဲ့ ဝင်များလိုက်ပါ၍ ယနေ့ နံနက်ပိုင်းတွင် ဗာရာဏသီမြို့အနီးရှိ မြတ်စွာဘုရားရှင်အား ပဉ္စဝဂ္ဂီ ၅ ဦးတို့မှ ခရီးဦးကြိုသည့် နေရာတွင် အထိမ်းအမှတ်အဖြစ် တည်ထားသည့် ချောက်ခဏ္ဍီ စေတီတော်ကြီးအား သွားရောက် ဖူးမြော်ကြည်ညိုကြသည်။

ထို့နောက် မိဂဒါဝုန်ဥယျာဉ်အတွင်းရှိ မြတ်စွာဘုရားရှင်မှ ပဉ္စဝဂ္ဂီ ၅ ဦးအား ဓမ္မစကြာတရားဦး ဟောကြားခဲ့သည့် ဓမ္မရာဇိကစေတီတော်ကြီးအား ပန်း၊ရေချမ်း ကပ်လှူ ပူဇော်၍ဖူးမြော်ကြည်ညိုသည်။ ဓမ္မရာဇိကစေတီနေရာသည် ဗုဒ္ဓဘုရားရှင်တော်မြတ်မှ ဓမ္မစကြာတရားတော်ကို ပဉ္စဝဂ္ဂီ ၅ ဦး အားစတင် ဟောကြားခဲ့သည့် နေရာဖြစ်၍ ဗုဒ္ဓ သာသနာစတင်ပေါ်ထွန်းရာဌာန ဖြစ်သကဲ့သို့ ဘုရား၊ တရား၊ သံဃာ ဆိုသည့် ရတနာ ၃ ပါးလည်း စတင်ပေါ်ထွန်းခဲ့ခြင်းကြောင့် ရတနာ ၃ ပါးအစ မိဂဒါဝုန်ကဟု ဆိုကြကြောင်းသိရှိရသည်။

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် ဓမ္မရာဇိကစေတီ၏ အရှေ့ဘက် ကိုက် ၁၅၀ခန့်အကွာရှိ ဓမ္မေခ စေတီတော်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုပြီး ပန်း၊ ရေချမ်းနှင့် ရွှေသင်္ကန်းများ ကပ်လှူပူဇော်၍ စေတီတော်ကြီးအား လက်ယာရစ်ဖူးမြော်ကြည်ညိုကြ သည်။ အဆိုပါ ဓမ္မေခစေတီတော်ကြီးသည် အမြင့်၁၀၄ပေ၊ အောက်ခြေအချင်း ၉၃ ပေခန့်ရှိကာ မိဂဒါဝုန်ဥယျာဉ်တွင် ထုထည်ကြီးမားစွာဖြင့် တစ်ဆူတည်းကျန်ရှိသည့် စေတီတော်ကြီးဖြစ်ပြီး သာသနာ နှစ်ပေါင်း၂၅၀၀ ကျော် ဗုဒ္ဓသမိုင်းကို ထင်ထင်ရှားရှားထုတ်ဖော်ပြသနေသည့် စေတီကြီး တစ်ဆူဖြစ်သည်။

ထို့နောက် မိဂဒါဝုန်ဥယျာဉ်အနီး သီရိလင်္ကာနိုင်ငံမှ တည်ထားကိုးကွယ်သည့် ဓာတ်တော်တိုက်အား သွားရောက်ဖူးမြော်ကြည်ညိုသည်။ ဦးစွာ ဓာတ်တော်တိုက်အတွင်း ရှိ မြတ်စွာဘုရား ဓမ္မစကြာ တရားဦး ဟောကြားနေသည့် ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော် ကြည်ညို၍ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်သည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့က အလှူငွေများ ပေးအပ်လှူဒါန်းရာ ဓာတ်တော်တိုက်ဆရာတော်မှ ဓမ္မလက်ဆောင်များ ပြန်လည်ပေးအပ်သည်။ ထို့နောက် ဓာတ်တော်တိုက် ပရိဝုဏ်အတွင်းရှိ မြတ်စွာဘုရားမှ ပဉ္စဝဂ္ဂီ ၅ ဦးအား ဓမ္မစကြာတရားဦး ဟောကြားနေသည့် ရုပ်ပွားတော်များကို ဖူးမြော်ကြည်ညိုကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင် များသည် ဗာရာဏသီမြို့အတွင်းရှိ ဆေးဝင်္ကပါ မြန်မာကျောင်းတိုက်သို့ သွားရောက်ကြသည်။ ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆေးဝင်္ကပါကျောင်းတိုက် ဆရာတော် ဒေါက်တာဘဒ္ဒန္တမဏ္ဍလ ထံသို့ သာသနာရေးဆိုင်ရာများနှင့် ဗာရာဏသီတွင် လာရောက်သတင်းသုံးကြသည့် သံဃာတော်များ ၏ သီတင်းသုံးနေထိုင်မှု အခြေအနေများနှင့် ပတ်သက်၍ လျှောက်ထားမေးမြန်းသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်၍ သံဃာတော်များအား ဝါဆိုသင်္ကန်း၊ နဝကမ္မအလှူငွေနှင့် လှူဖွယ် ပစ္စည်းများအား လည်းကောင်း၊ ဗာရာဏသီမြို့ရှိ စာသင်သားသံဃာတော်များနှင့် သာသနာ့အနွယ်ဝင်သီလရှင်များ အား နဝကမ္မ အလှူငွေများအား လည်းကောင်း ဆက်ကပ်လှူဒါန်း၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။ အဆိုပါ ဗာရာဏသီရှိ ဆေးဝင်္ကပါ ကျောင်းတိုက်တွင် မြန်မာသံဃာတော်များသည် လွန်ခဲ့သည့် နှစ်ပေါင်း (၆၀)ကျော်မှ စတင်၍ သီတင်းသုံးနေထိုင်ခဲ့ကြကြောင်း သိရှိရသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဗာရာဏသီ မြို့ရှိ 39 Gorkha Training Centre(GTC)ကျောင်းသို့ ဆက်လက်ထွက်ခွာခဲ့ရာ ကျောင်းအုပ်ကြီး Brigadier Hukum Singh Bainsla, SM နှင့် ကျောင်းတာဝန်ရှိသူများက ကြိုဆိုပြီးနောက် ကျောင်းဌာနချုပ်ရုံးတွင် သင်တန်းကျောင်းသမိုင်းနှင့် အိန္ဒိယတပ်မတော် တပ်သားသစ်များအား လေ့ကျင့်ပေးမှုအခြေအနေ များအား PowerPoint ဖြင့် ရှင်းလင်းတင်ပြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သိရှိလိုသည်များ အား ပြန်လည်ဆွေးနွေးခဲ့ကြပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

ဆက်လက်၍ သင်တန်းကျောင်းအတွင်း လှည့်လည်ကြည့်ရှုလေ့လာကြရာ မီတာ ၅၀၀ စက်ပစ်ကွင်းအတွင်း သင်တန်းသားများက လက်နက်ငယ်ပစ်ခတ်လေ့ကျင့်မှုများအား DRONACHARYA Fire Control Centre မှ ကြည့်ရှုလေ့လာကြပြီး သင်တန်းသားများက ဂေါ်ရခါးဓား ဖြင့် တိုက်ခိုက်ရေးစွမ်းရည် သရုပ်ပြပွဲအား ကြည့်ရှုအားပေးကြသည်။ ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား Officer Mess တွင် ကြိုဆိုဧည့်ခံပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ကျောင်းအုပ်ကြီးတို့သည် အထိမ်းအမှတ်တံဆိပ်နှင့် အမှတ်တရ လက်ဆောင်များ အပြန်အလှန်ပေးအပ်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။