ကမ္ဘာ့ချန်ပီယံရွှေခါးပတ်ဆုနှစ်ခုပိုင်ရှင် အောင်လအန်ဆန်အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ပြုစာလွှာနှင့် ဂုဏ်ပြုဆုငွေပေးအပ်

ေနျပည္ေတာ္၊ ေဖေဖာ္၀ါရီ ၂၄ 

MMA မစ္ဒယ္၀ိတ္တန္းကမၻာ့ခ်န္ပီယံျဖစ္သူ ေအာင္လအန္ဆန္အေနျဖင့္ ဘရာဇီးႏုိင္ငံသားလက္ေ၀ွ႕သမား ALEXANDRE MACHADO အား ၂၀၁၈ ခုႏွစ္၊ ေဖေဖာ္၀ါရီလ ၂၃ ရက္ သု၀ဏၰမိုးလုံေလလုံအားကစား႐ုံ၌ က်င္းပေသာ လုိက္ဟဲဗီး၀ိတ္တန္းကမၻာ့ခ်န္ပီယံေရႊခါးပတ္လုပြဲတြင္ ပထမအခ်ီ၌ပင္ အလဲထိုးအႏုိင္ရရွိ ခဲ့သည္။

ယခင္မစ္ဒယ္၀ိတ္တန္းကမၻာ့ခ်န္ပီယံေရႊခါးပတ္ဆုအျပင္ လိုက္ဟဲဗီး ၀ိတ္တန္းကမၻာ့ခ်န္ပီယံ ေရႊခါးပတ္ ဆုကိုပါ ထပ္မံရရွိခဲ့ၿပီး ႏိုင္ငံ့ဂုဏ္ေဆာင္ႏုိင္ခဲ့သည့္အတြက္ ေအာင္လအန္ဆန္အား တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ႏွင့္ တပ္မေတာ္(ၾကည္း၊ေရ)ေလ)အရာရွိ၊ စစ္သည္၊ မိသားစုမ်ားက လႈိက္လွဲစြာဂုဏ္ျပဳ၍ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ကေပးပို႔သည့္ ဂုဏ္ျပဳစာလႊာ ႏွင့္ ဂုဏ္ျပဳခ်ီးျမႇင့္ေငြ က်ပ္သိန္း ၁၀၀ တို႔ကို တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကုိယ္စား ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္ တုိင္းမွဴး ဗိုလ္ခ်ဳပ္ သက္ပုံက ယေန႔ညေနပိုင္းတြင္ ရန္ကုန္ၿမဳိ႕ရွိ Rose Garden Hotel ၌ သြားေရာက္ခ်ီးျမႇင့္ေပးအပ္ရာ ေအာင္လအန္ဆန္က လက္ခံရယူသည္။

ထို႔ေနာက္ ကမၻာ့ခ်န္ပီယံေရႊခါးပတ္ႏွစ္ခုပိုင္ရွင္ ေအာင္လအန္ဆန္က တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ တပ္မေတာ္(ၾကည္း၊ေရ၊ေလ)မိသားစုမ်ား အားလုံးကို အထူးပင္ ေက်းဇူးတင္ရွိပါေၾကာင္း၊ ခ်ီးျမႇင့္ေငြအား My Me ပေရာဂ်က္မွကေလးငယ္မ်ား၏ ပညာေရး ႏွင့္ကခ်င္ျပည္နယ္ရွိ ပရဟိတလုပ္ငန္းမ်ားတြင္ အသုံးျပဳသြား မည္ျဖစ္ေၾကာင္း၊ ခ်န္ပီယံဆုအား ဆက္လက္ထိန္းသိမ္းသြားမည္ျဖစ္ေၾကာင္းႏွင့္ ေနာက္ၿပဳိင္ပြဲမ်ားတြင္လည္း ပိုမိုႀကဳိးစား သြားမည္ဟု ျပန္လည္ေျပာၾကားခဲ့သည္။

(Unicode Version)

ကမ္ဘာ့ချန်ပီယံရွှေခါးပတ်ဆုနှစ်ခုပိုင်ရှင် အောင်လအန်ဆန်အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ပြုစာလွှာနှင့် ဂုဏ်ပြုဆုငွေပေးအပ်

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၄ 

MMA မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံဖြစ်သူ အောင်လအန်ဆန်အနေဖြင့် ဘရာဇီးနိုင်ငံသားလက်ဝှေ့သမား ALEXANDRE MACHADO အား ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက် သုဝဏ္ဏမိုးလုံလေလုံအားကစားရုံ၌ ကျင်းပသော လိုက်ဟဲဗီးဝိတ်တန်းကမ္ဘာ့ချန်ပီယံရွှေခါးပတ်လုပွဲတွင် ပထမအချီ၌ပင် အလဲထိုးအနိုင်ရရှိ ခဲ့သည်။

ယခင်မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံရွှေခါးပတ်ဆုအပြင် လိုက်ဟဲဗီး ဝိတ်တန်းကမ္ဘာ့ချန်ပီယံ ရွှေခါးပတ် ဆုကိုပါ ထပ်မံရရှိခဲ့ပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့သည့်အတွက် အောင်လအန်ဆန်အား တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တပ်မတော်(ကြည်း၊ရေ)လေ)အရာရှိ၊ စစ်သည်၊ မိသားစုများက လှိုက်လှဲစွာဂုဏ်ပြု၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကပေးပို့သည့် ဂုဏ်ပြုစာလွှာ နှင့် ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်သိန်း ၁၀၀ တို့ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်စား ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သက်ပုံက ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ Rose Garden Hotel ၌ သွားရောက်ချီးမြှင့်ပေးအပ်ရာ အောင်လအန်ဆန်က လက်ခံရယူသည်။

ထို့နောက် ကမ္ဘာ့ချန်ပီယံရွှေခါးပတ်နှစ်ခုပိုင်ရှင် အောင်လအန်ဆန်က တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများ အားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်း၊ ချီးမြှင့်ငွေအား My Me ပရောဂျက်မှကလေးငယ်များ၏ ပညာရေး နှင့်ကချင်ပြည်နယ်ရှိ ပရဟိတလုပ်ငန်းများတွင် အသုံးပြုသွား မည်ဖြစ်ကြောင်း၊ ချန်ပီယံဆုအား ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်းနှင့် နောက်ပြိုင်ပွဲများတွင်လည်း ပိုမိုကြိုးစား သွားမည်ဟု ပြန်လည်ပြောကြားခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။