တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သီရိမင်္ဂလာမဟာသာသနာ့ဗိမာန်တော် တည်ဆောက်ပြီးစီးမှုအခြေအနေများအား သွားရောက် ကြည့်ရှုစစ်ဆေး

ေနျပည္ေတာ္၊ ေဖေဖာ္၀ါရီ  ၂၄

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္သည္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ ခ်ဳပ္ႀကီးတင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီးေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ရန္ကုန္တုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴးႏွင့္တာ၀န္ရွိသူမ်ားလုိက္ပါၿပီး ယေန႔မြန္းလြဲပုိင္းတြင္ ရန္ကုန္တုိင္းေဒသႀကီး၊ အင္းစိန္ၿမိဳ႕နယ္၊ မင္းဓမၼကုန္းေတာ္ရွိေက်ာက္ေတာ္ႀကီးဘုရား ပရိ၀ုဏ္အတြင္း တပ္မေတာ္(ၾကည္း၊ေရ၊ေလ)မိသားစုမ်ားႏွင့္အလွဴရွင္မ်ားက ရန္ကုန္ေျမာက္ပုိင္းခ႐ုိင္အတြက္ စုေပါင္းတည္ေဆာက္လွဴဒါန္းသည့္ သီရိမဂၤလာမဟာသာသနာ့ဗိမာန္ေတာ္ႀကီးတည္ေဆာက္ ၿပီးစီးမႈ အေျခအေနမ်ားအား သြားေရာက္ၾကည့္႐ႈစစ္ေဆးသည္။

ဦးစြာတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားအား ရွင္းလင္းေဆာင္တြင္ သာသနာ့ဗိမာန္ေတာ္ႀကီး ေဆာက္လုပ္ၿပီးစီးမႈအေျခအေနမ်ားအား တာ၀န္ရွိသူတစ္ဦးက ပါ၀ါပြဳိင့္ျဖင့္ရွင္းလင္းတင္ျပသည္။ ထုိ႔ေနာက္ သာသနာ့ဗိမာန္ေတာ္ႀကီးအတြင္းလွည့္လည္ ၾကည့္႐ႈစစ္ေဆးရာတာ၀န္ရွိသူမ်ားက လုိက္လံရွင္းလင္း တင္ျပၾက သည္။ ရွင္းလင္းတင္ျပမႈအေပၚတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ထပ္မံျဖည့္စြက္ေဆာင္ရြက္ရန္ႏွင့္ ျပဳျပင္ ရန္ကိစၥရပ္မ်ား၊ အရိပ္ရေလကာပင္မ်ားစုိက္ပ်ိဳးရန္ႏွင့္ လိုအပ္သည္မ်ားအား မွာၾကားျဖည့္ဆည္း ေဆာင္ရြက္ ေပးသည္။

အဆုိပါ သီရိမဂၤလာသာသနာ့ဗိမာန္ေတာ္ႀကီးအား တပ္မေတာ္(ၾကည္း၊ေရ၊ေလ) မိသားစုမ်ားႏွင့္ အလွဴရွင္ မ်ားစုေပါင္း၍ ေဆာက္လုပ္လွဴဒါန္းျခင္းျဖစ္ကာ ၂၀၁၇ ခုႏွစ္၊ မတ္လ ၁ ရက္ေန႔တြင္ စတင္ေဆာက္လုပ္ ခဲ့ျခင္းျဖစ္ၿပီး ယခုအခါ ၉၉ ရာခုိင္ႏႈန္းခန္႔ ၿပီးစီးၿပီျဖစ္သည္။ သာသနာ့ဗိမာန္ေတာ္ႀကီး တည္ေဆာက္ၿပီးစီးပါက သာသနာေရးဆုိင္ရာအခမ္းအနားမ်ားအား အဆင္ေျပေခ်ာေမြ႕စြာက်င္းပႏုိင္မည္ျဖစ္သည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သီရိမင်္ဂလာမဟာသာသနာ့ဗိမာန်တော် တည်ဆောက်ပြီးစီးမှုအခြေအနေများအား သွားရောက် ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဖေဖော်ဝါရီ  ၂၄

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ် ချုပ်ကြီးတင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်တာဝန်ရှိသူများလိုက်ပါပြီး ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ မင်းဓမ္မကုန်းတော်ရှိကျောက်တော်ကြီးဘုရား ပရိဝုဏ်အတွင်း တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများနှင့်အလှူရှင်များက ရန်ကုန်မြောက်ပိုင်းခရိုင်အတွက် စုပေါင်းတည်ဆောက်လှူဒါန်းသည့် သီရိမင်္ဂလာ မဟာသာသနာ့ဗိမာန်တော်ကြီးတည်ဆောက် ပြီးစီးမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များအား ရှင်းလင်းဆောင်တွင် သာသနာ့ဗိမာန်တော်ကြီး ဆောက်လုပ်ပြီးစီးမှုအခြေအနေများအား တာဝန်ရှိသူတစ်ဦးက ပါဝါပွိုင့်ဖြင့်ရှင်းလင်းတင်ပြသည်။ ထို့နောက် သာသနာ့ဗိမာန်တော်ကြီးအတွင်းလှည့်လည် ကြည့်ရှုစစ်ဆေးရာတာဝန်ရှိသူများက လိုက်လံရှင်းလင်း တင်ပြကြ သည်။ ရှင်းလင်းတင်ပြမှုအပေါ်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ထပ်မံဖြည့်စွက်ဆောင်ရွက်ရန်နှင့် ပြုပြင် ရန်ကိစ္စရပ်များ၊ အရိပ်ရလေကာပင်များစိုက်ပျိုးရန်နှင့် လိုအပ်သည်များအား မှာကြားဖြည့်ဆည်း ဆောင်ရွက် ပေးသည်။

အဆိုပါ သီရိမင်္ဂလာသာသနာ့ဗိမာန်တော်ကြီးအား တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများနှင့် အလှူရှင် များစုပေါင်း၍ ဆောက်လုပ်လှူဒါန်းခြင်းဖြစ်ကာ ၂၀၁၇ ခုနှစ်၊ မတ်လ ၁ ရက်နေ့တွင် စတင်ဆောက်လုပ် ခဲ့ခြင်းဖြစ်ပြီး ယခုအခါ ၉၉ ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်သည်။ သာသနာ့ဗိမာန်တော်ကြီး တည်ဆောက်ပြီးစီးပါက သာသနာရေးဆိုင်ရာအခမ်းအနားများအား အဆင်ပြေချောမွေ့စွာကျင်းပနိုင်မည်ဖြစ်သည်။

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။