တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှား-မြန်မာ ချစ်ကြည်ရေး အသင်းဥက္ကဋ္ဌနှင့် တွေ့ဆုံ

ေနျပည္ေတာ္၊ ၾသဂုတ္ ၁၇

ရုရွားဖက္ဒေရးရွင္းႏိုင္ငံတြင္ က်င္းပျပဳလုပ္လ်က္ရွိသည့္ International Army Games-2019 ပိတ္ပြဲအခမ္းအနားသို႕ တက္ေရာက္ရန္ ေရာက္ရွိေနသည့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္အား ၾသဂုတ္ ၁၆ ရက္ ညေနပိုင္းတြင္ ႐ု႐ုား-ျမန္မာ ခ်စ္ၾကည္ေရး အသင္းဥကၠ႒ Mr. Mikhail Arkadievich Dmitriev ႏွင့္ အဖြဲ႕၀င္မ်ားက Metropol ဟုိတယ္၌ လာေရာက္ေတြ႕ဆံုသည္။

အဆုိပါေတြ႕ဆုံပြဲသို႕ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ တပ္မေတာ္ေလ့က်င့္ေရးအရာရွိခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေအးႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး ႐ု႐ွား-ျမန္မာ ခ်စ္ၾကည္ေရးအသင္းဥကၠ႒ႏွင့္အတူ တာ၀န္ရွိသူမ်ား တက္ေရာက္ၾကသည္။

ေတြ႕ဆံုပြဲတြင္ ႐ုရွား-ျမန္မာ ႏွစ္ႏုိင္ငံႏွင့္ ႏွစ္ႏုိင္ငံ တပ္မေတာ္ႏွစ္ရပ္အၾကား ခ်စ္ၾကည္ရင္းႏွီးမႈ တုိးျမႇင့္ေရးအတြက္ ယဥ္ေက်းမႈအဖြဲ႕မ်ား အျပန္အလွန္ေစလႊတ္လ်က္ရွိသည့္ အေျခအေနမ်ားႏွင့္ ဆက္လက္ပူးေပါင္းေဆာင္ရြက္သြားမည့္ ကိစၥရပ္မ်ား၊ စီးပြားေရးပူးေပါင္းေဆာင္ရြက္မႈစင္တာမ်ား တည္ေဆာက္၍ သြင္းကုန္၊ ထုတ္ကုန္လုပ္ငန္း စသည့္ စီးပြားေရးက႑မ်ားတြင္ အက်ဳိးတူပူးေပါင္း ေဆာင္ရြက္သြားမည့္ ကိစၥရပ္မ်ား၊ သဘာ၀ပတ္၀န္းက်င္ထိခုိက္မႈမရွိေစဘဲ လွ်ပ္စစ္စြမ္းအင္ ထုတ္လုပ္ႏုိင္ေရး ကိစၥမ်ားတြင္ ကူညီေဆာင္ရြက္သြားမည့္ ကိစၥရပ္မ်ား၊ ႏွစ္ႏုိင္ငံကမၻာလွည့္ ခရီးသြားလုပ္ငန္းက႑ ဖြံ႕ၿဖိဳးတုိးတက္ေရးအတြက္ ခ်စ္ၾကည္ေရးအသင္းမ်ားမွ ေဆာင္ရြက္ရန္ လုိအပ္ သည့္ အေျခအေနမ်ားႏွင့္ စစ္ဘက္နည္းပညာ၊ ပညာေရးႏွင့္ ယဥ္ေက်းမႈပူးေပါင္းေဆာင္ရြက္ မႈမ်ားတြင္ ႐ုရွားႏုိင္ငံမွ ကူညီေဆာင္ရြက္သြားမည့္အေျခအေနမ်ားအား ရင္းႏွီးပြင့္လင္းစြာ အျမင္ခ်င္း ဖလွယ္ ေဆြးေႏြးခဲ့ၾကၿပီး ေတြ႕ဆုံပြဲအၿပီးတြင္ အမွတ္တရလက္ေဆာင္ပစၥည္းမ်ား အျပန္အလွန္ ေပးအပ္ခဲ့ၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှား-မြန်မာ ချစ်ကြည်ရေး အသင်းဥက္ကဋ္ဌနှင့် တွေ့ဆုံ

နေပြည်တော်၊ သြဂုတ် ၁၇

ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိသည့် International Army Games-2019 ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်ရန် ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား သြဂုတ် ၁၆ ရက် ညနေပိုင်းတွင် ရုရုား-မြန်မာ ချစ်ကြည်ရေး အသင်းဥက္ကဋ္ဌ Mr. Mikhail Arkadievich Dmitriev နှင့် အဖွဲ့ဝင်များက Metropol ဟိုတယ်၌ လာရောက်တွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ရုရှား-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌနှင့်အတူ တာဝန်ရှိသူများ တက်ရောက်ကြသည်။

တွေ့ဆုံပွဲတွင် ရုရှား-မြန်မာ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေးအတွက် ယဉ်ကျေးမှုအဖွဲ့များ အပြန်အလှန်စေလွှတ်လျက်ရှိသည့် အခြေအနေများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များ၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုစင်တာများ တည်ဆောက်၍ သွင်းကုန်၊ ထုတ်ကုန်လုပ်ငန်း စသည့် စီးပွားရေးကဏ္ဍများတွင် အကျိုးတူပူးပေါင်း ဆောင်ရွက်သွားမည့် ကိစ္စရပ်များ၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေဘဲ လျှပ်စစ်စွမ်းအင် ထုတ်လုပ်နိုင်ရေး ကိစ္စများတွင် ကူညီဆောင်ရွက်သွားမည့် ကိစ္စရပ်များ၊ နှစ်နိုင်ငံကမ္ဘာလှည့် ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ချစ်ကြည်ရေးအသင်းများမှ ဆောင်ရွက်ရန် လိုအပ် သည့် အခြေအနေများနှင့် စစ်ဘက်နည်းပညာ၊ ပညာရေးနှင့် ယဉ်ကျေးမှုပူးပေါင်းဆောင်ရွက် မှုများတွင် ရုရှားနိုင်ငံမှ ကူညီဆောင်ရွက်သွားမည့်အခြေအနေများအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြပြီး တွေ့ဆုံပွဲအပြီးတွင် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။