တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ Gorky Park နှင့် Cathedral of Christ the Saviour အော်သိုဒေါက်ခရစ်ယာန် ဘုရားရှိခိုးကျောင်းသို့သွားရောက်လေ့လာ

ေနျပည္ေတာ္၊ ၾသဂုတ္ ၁၇

ရုရွားဖက္ဒေရးရွင္းႏိုင္ငံတြင္ က်င္းပျပဳလုပ္လ်က္ရွိသည့္ International Army Games-2019 ပိတ္ပြဲအခမ္းအနားသို႕ တက္ေရာက္ရန္ ေရာက္ရွိေနသည့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ႏွင့္ ကုိယ္စားလွယ္အဖြဲ႕၀င္မ်ားသည္ ယေန႕နံနက္ပုိင္းတြင္ ေမာ္စကုိၿမိဳ႕ရွိ Gorky Park ႏွင့္ Cathedral of Christ the Saviour ဘုရားေက်ာင္းမ်ားသို႕ သြားေရာက္ေလ့လာၾကည့္႐ႈၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖဲြ႕၀င္မ်ားသည္ Gorky Park သုိ႕ေရာက္ရွိ ေလ့လာ ၾကည့္ရႈၾကရာ စစ္သံမွဴး ဗုိလ္မွဴးခ်ဳပ္ေက်ာ္စုိးမုိးႏွင့္ တာ၀န္ရွိသူမ်ားက ပန္းၿခံအတြင္း လုိက္လံ ရွင္းလင္းျပသခဲ့ၿပီး အမွတ္တရ စုေပါင္းဓာတ္ပုံမ်ားရုိက္ခဲ့ၾကသည္။ အဆုိပါ Gorky Park ကုိ ၁၉၂၈ ခုႏွစ္တြင္ စတင္ဖြင့္လွစ္ခဲ့ျခင္းျဖစ္ၿပီး ေမာ္စကုိ ျမစ္ကမ္းနံေဘးတြင္ အမ်ားျပည္သူ အပန္းေျဖ နားေနရန္ႏွင့္ ပန္းၿခံသမုိင္းျပတုိက္ကုိ ေပါင္းစပ္ဖန္တီးထားသည့္ ေနရာတစ္ခုျဖစ္သည္။ ပန္းၿခံ၏ အဓိက၀င္ေပါက္ကုိ ႐ုရွား႐ုိးရာဗိသုကာပညာႏွင့္ ေခတ္သစ္နည္းပညာမ်ားျဖင့္ ေပါင္းစပ္ဖန္တီး တည္ေဆာက္ထားၿပီး ပန္းၿခံ၏အတြင္းဘက္တြင္ ေရပန္းမ်ား၊ ေက်ာက္ဆစ္ပန္းပုရုပ္တုမ်ားႏွင့္ သဘာ၀႐ႈခင္းမ်ားျဖင့္ ျပဳျပင္ဖန္တီးထားၿပီး ေမာ္စကုိ၏ အဓိကအနားယူအပန္းေျဖသည့္ ေနရာတစ္ခု အျဖစ္ ထင္ရွားသည္။ ယေန႕ ၾသဂုတ္ ၁၇ ႏွင့္ ၁၈ ရက္တုိ႕တြင္ အဆုိပါ ပန္းၿခံဖြင့္လွစ္ခဲ့သည့္ ၉၁ ႏွစ္ျပည့္ေစ်းေရာင္းပြဲေတာ္ကုိ ျပဳလုပ္သြားမည္ျဖစ္ေၾကာင္းႏွင့္ ပန္းၿခံအတြင္း လာေရာက္ အပန္းေျဖသူမ်ား၊ ကုိယ္လက္လႈပ္ရွား အားကစားျပဳလုပ္သူမ်ားျဖင့္ စည္ကားလ်က္ရွိသည္။

ထုိ႕ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖဲြ႕၀င္မ်ားသည္ Cathedral of Christ the Saviour ခရစ္ယာန္ဘုရားရွိခုိးေက်ာင္းသုိ႕ သြားေရာက္ေလ့လာၾကရာ ဘုရားေက်ာင္းမွ တာ၀န္ရွိသူ တစ္ဦးက ဘုရားရွိခုိးေက်ာင္းသမုိင္းအက်ဥ္းႏွင့္ ျပန္လည္ျပဳျပင္ တည္ေဆာက္ထားမႈမ်ား၊ ဘုရားေက်ာင္းအေပၚထပ္မွ ေမာ္စကိုၿမိဳ႕ ႐ႈခင္းမ်ားကုိ ျမင္ေတြ႕ရပုံမ်ားအား လုိက္လံရွင္းလင္းျပသရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က သိရွိလုိသည္မ်ားအား ျပန္လည္ေမးျမန္းခဲ့သည္။

အဆုိပါ Cathedral of Christ the Saviour ေအာ္သုိေဒါက္ခရစ္ယာန္ ဘုရားရွိခုိးေက်ာင္းသည္ ေမာ္စကုိျမစ္ ေျမာက္ဘက္ကမ္းေျခ၊ ကရင္မလင္နန္းေတာ္၏ ေတာင္ဘက္ မီတာ ၁၀၀၀ ခန္႕ အကြာတြင္ တည္ရွိၿပီး အျမင့္ ၁၀၃ မီတာရွိကာ ကမၻာေပၚရွိ ေအာ္သုိေဒါက္ဘုရားရွိခုိးေက်ာင္းမ်ားတြင္ အျမင့္ဆုံး ဘုရားရွိခုိးေက်ာင္းတစ္ခုျဖစ္သည္။ ၁၉ ရာစုအတြင္းတည္ေဆာက္ခဲ့သည့္ မူလ ဘုရားေက်ာင္းႀကီးအား ၁၉၃၁ ခုႏွစ္တြင္ ဆုိဗီယက္ေခါင္းေဆာင္ စတာလင္၏ အမိန္႕ျဖင့္ ဖ်က္ဆီး ခဲ့ၿပီးေနာက္ အသစ္ျပန္လည္တည္ေဆာက္ထားျခင္းျဖစ္ေသာ္လည္း မူလလက္ရာအတုိင္းပင္ ခမ္းနား ထည္၀ါစြာျဖင့္ ေမာ္စကုိၿမိဳ႕၏ က်က္သေရကုိ ေဆာင္ေနဆဲျဖစ္ကာ ခရစ္ယာန္ဘာသာ၀င္မ်ား သာမက ကမၻာလွည့္ခရီးသြားဧည့္သည္မ်ားႏွင့္ အၿမဲမျပတ္စည္ကားလ်က္ရွိသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ Gorky Park နှင့် Cathedral of Christ the Saviour အော်သိုဒေါက်ခရစ်ယာန် ဘုရားရှိခိုးကျောင်းသို့သွားရောက်လေ့လာ

နေပြည်တော်၊ သြဂုတ် ၁၇

ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိသည့် International Army Games-2019 ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်ရန် ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် မော်စကိုမြို့ရှိ Gorky Park နှင့် Cathedral of Christ the Saviour ဘုရားကျောင်းများသို့ သွားရောက်လေ့လာကြည့်ရှုကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် Gorky Park သို့ရောက်ရှိ လေ့လာ ကြည့်ရှုကြရာ စစ်သံမှူး ဗိုလ်မှူးချုပ်ကျော်စိုးမိုးနှင့် တာဝန်ရှိသူများက ပန်းခြံအတွင်း လိုက်လံ ရှင်းလင်းပြသခဲ့ပြီး အမှတ်တရ စုပေါင်းဓာတ်ပုံများရိုက်ခဲ့ကြသည်။ အဆိုပါ Gorky Park ကို ၁၉၂၈ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး မော်စကို မြစ်ကမ်းနံဘေးတွင် အများပြည်သူ အပန်းဖြေ နားနေရန်နှင့် ပန်းခြံသမိုင်းပြတိုက်ကို ပေါင်းစပ်ဖန်တီးထားသည့် နေရာတစ်ခုဖြစ်သည်။ ပန်းခြံ၏ အဓိကဝင်ပေါက်ကို ရုရှားရိုးရာဗိသုကာပညာနှင့် ခေတ်သစ်နည်းပညာများဖြင့် ပေါင်းစပ်ဖန်တီး တည်ဆောက်ထားပြီး ပန်းခြံ၏အတွင်းဘက်တွင် ရေပန်းများ၊ ကျောက်ဆစ်ပန်းပုရုပ်တုများနှင့် သဘာဝရှုခင်းများဖြင့် ပြုပြင်ဖန်တီးထားပြီး မော်စကို၏ အဓိကအနားယူအပန်းဖြေသည့် နေရာတစ်ခု အဖြစ် ထင်ရှားသည်။ ယနေ့ သြဂုတ် ၁၇ နှင့် ၁၈ ရက်တို့တွင် အဆိုပါ ပန်းခြံဖွင့်လှစ်ခဲ့သည့် ၉၁ နှစ်ပြည့်ဈေးရောင်းပွဲတော်ကို ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် ပန်းခြံအတွင်း လာရောက် အပန်းဖြေသူများ၊ ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်သူများဖြင့် စည်ကားလျက်ရှိသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် Cathedral of Christ the Saviour ခရစ်ယာန်ဘုရားရှိခိုးကျောင်းသို့ သွားရောက်လေ့လာကြရာ ဘုရားကျောင်းမှ တာဝန်ရှိသူ တစ်ဦးက ဘုရားရှိခိုးကျောင်းသမိုင်းအကျဉ်းနှင့် ပြန်လည်ပြုပြင် တည်ဆောက်ထားမှုများ၊ ဘုရားကျောင်းအပေါ်ထပ်မှ မော်စကိုမြို့ ရှုခင်းများကို မြင်တွေ့ရပုံများအား လိုက်လံရှင်းလင်းပြသရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သိရှိလိုသည်များအား ပြန်လည်မေးမြန်းခဲ့သည်။

အဆိုပါ Cathedral of Christ the Saviour အော်သိုဒေါက်ခရစ်ယာန် ဘုရားရှိခိုးကျောင်းသည် မော်စကိုမြစ် မြောက်ဘက်ကမ်းခြေ၊ ကရင်မလင်နန်းတော်၏ တောင်ဘက် မီတာ ၁၀၀၀ ခန့် အကွာတွင် တည်ရှိပြီး အမြင့် ၁၀၃ မီတာရှိကာ ကမ္ဘာပေါ်ရှိ အော်သိုဒေါက်ဘုရားရှိခိုးကျောင်းများတွင် အမြင့်ဆုံး ဘုရားရှိခိုးကျောင်းတစ်ခုဖြစ်သည်။ ၁၉ ရာစုအတွင်းတည်ဆောက်ခဲ့သည့် မူလ ဘုရားကျောင်းကြီးအား ၁၉၃၁ ခုနှစ်တွင် ဆိုဗီယက်ခေါင်းဆောင် စတာလင်၏ အမိန့်ဖြင့် ဖျက်ဆီး ခဲ့ပြီးနောက် အသစ်ပြန်လည်တည်ဆောက်ထားခြင်းဖြစ်သော်လည်း မူလလက်ရာအတိုင်းပင် ခမ်းနား ထည်ဝါစွာဖြင့် မော်စကိုမြို့၏ ကျက်သရေကို ဆောင်နေဆဲဖြစ်ကာ ခရစ်ယာန်ဘာသာဝင်များ သာမက ကမ္ဘာလှည့်ခရီးသွားဧည့်သည်များနှင့် အမြဲမပြတ်စည်ကားလျက်ရှိသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။