တပ်မတော်အကြီးအကဲများနှင့် တပ်မတော်သားများ၏ဂုဏ်သိက္ခာကို ညှိုးနွမ်းစေရန် ပြောဆိုခဲ့မှုနှင့် ပတ်သက်၍ တရားစွဲဆိုထားမှုအား တပ်မတော်မှသဘောထားကြီးစွာဖြင့် အမှုပိတ်သိမ်းကျေအေးပေး သည့်အတွက် မိမိနှင့်အတူ ကချင်ပြည်နယ်လူထုနှင့် အသင်းအဖွဲ့များမှလည်း ကျေးဇူးတင်ရှိပါ ကြောင်းဖြင့် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)ဥက္ကဋ္ဌက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံရာတွင် ပြောကြား

ေနျပည္ေတာ္၊ စက္တင္ဘာ ၁၂

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္သည္ ကခ်င္ႏွစ္ျခင္းခရစ္ယာန္ အဖြဲ႕ခ်ဳပ္(KBC) ဥကၠ႒ သိကၡာေတာ္ရဆရာေတာ္ ေဒါက္တာ ခလန္ဆန္ဆြမ္ႏွင့္အဖြဲ႕အား ယေန႔ ေန႕လယ္ပိုင္းတြင္ အလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္၊ ရန္ႀကီးေအာင္ရိပ္သာဧည့္ခန္းမေဆာင္၌ လက္ခံ ေတြ႕ဆံုသည္။

အဆိုပါေတြ႕ဆံုပြဲသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ)ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ႏွင့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုးမွ တပ္မေတာ္အရာရွိႀကီးမ်ားတက္ေရာက္ၾကၿပီး ကခ်င္ႏွစ္ျခင္းခရစ္ယာန္ အဖြဲ႕ခ်ဳပ္(KBC)ဥကၠ႒ႏွင့္အတူ သိကၡာေတာ္ရဆရာေတာ္ ဦးေဖာ္ေရာ္တူးမိုင္၊ ဆရာေဖာ္ယမ္ခါးလီ၊ ၿငိမ္းခ်မ္းေရးေဆြးေႏြးေရးအက်ိဳးေတာ္ေဆာင္ အဖြဲ႕(PCG)မွ ဦးလမိုင္ဂြမ္ဂ်ာႏွင့္ ဦးခပ္ပရာခြန္းေအာင္ တို႕တက္ေရာက္ၾကသည္။

ထိုသို႔ေတြ႕ဆံုရာတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က မိမိတို႕ႏိုင္ငံသည္ ပါတီစံုဒီမိုကေရစီ စနစ္ျဖင့္ေလွ်ာက္လွမ္းေနသည့္အတြက္ ျပည္တြင္းၿငိမ္းခ်မ္းေရးရရွိရန္ အလြန္အေရးႀကီးေၾကာင္း၊ တိုင္းရင္းသားျပည္သူမ်ားအေနျဖင့္ ပါတီစံုဒီမိုကေရစီစနစ္ကို လိုလားလက္ခံရမည္ျဖစ္ေၾကာင္း၊ ဥပေဒႏွင့္ပတ္သက္၍ တိုင္းရင္းသားအားလံုးကို ခြဲျခားထားျခင္းမရွိဘဲ တစ္ေျပးညီသတ္မွတ္ထားၿပီး မိမိေဒသဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ မိမိတို႕ကိုယ္တိုင္ႀကိဳးစား အားထုတ္ရမည္ျဖစ္ေၾကာင္း၊ ဘာသာေရးႏွင့္ပတ္သက္၍ ကိုးကြယ္သည့္ဘာသာအားလံုးကို လြတ္လပ္စြာကိုးကြယ္ခြင့္ ေပးထားၿပီး ျဖစ္သည့္အတြက္ ဘာသာေရးအေၾကာင္းျပကာ မလိုလားအပ္သည့္ ႏိုင္ငံေရးမတည္ၿငိမ္မႈမ်ားႏွင့္ ပဋိပကၡမ်ားမျဖစ္ေစလိုေၾကာင္း၊ တိုင္းျပည္တိုးတက္ၿပီး တည္ၿငိမ္ေအးခ်မ္းရန္အတြက္ ႏိုင္ငံေရး အရတည္ၿငိမ္ေအးခ်မ္းရန္ႏွင့္ လံုၿခံဳေရးအရတည္ၿငိမ္ေအးခ်မ္းရန္လိုေၾကာင္းႏွင့္ မိမိႏိုင္ငံ ဖြံ႕ၿဖိဳး တိုးတက္ေရးအတြက္ တိုင္းရင္းသားျပည္သူမ်ားအားလံုး စည္းလံုးညီၫြတ္စြာျဖင့္ ဝိုင္းဝန္းေဆာင္ရြက္ ၾကရန္တာဝန္ကိုယ္စီရွိေၾကာင္း ေျပာၾကားသည္။

ကခ်င္ႏွစ္ျခင္းခရစ္ယာန္အဖြဲ႕ခ်ဳပ္(KBC) ဥကၠ႒က တပ္မေတာ္အႀကီးအကဲမ်ားႏွင့္ တပ္မေတာ္သား မ်ား၏ဂုဏ္သိကၡာကို ညႇိဳးႏြမ္းေစရန္ေျပာဆိုခဲ့မႈႏွင့္ ပတ္သက္၍ တရားစြဲဆိုထားမႈအား တပ္မေတာ္မွ သေဘာထားႀကီးစြာျဖင့္ အမႈပိတ္သိမ္းေက်ေအးေပးသည့္အတြက္ မိမိႏွင့္အတူ ကခ်င္ျပည္နယ္ လူထုႏွင့္ အသင္းအဖြဲ႕မ်ားမွလည္း ေက်းဇူးတင္ရွိပါေၾကာင္း၊ မိမိအေနျဖင့္ မည္သူတစ္ဦးတစ္ေယာက္ ကိုမွ် ထိခိုက္ေစရန္ မရည္ရြယ္ဘဲ ရိုးသားစြာျဖင့္႐ုတ္တရတ္ေျပာဆိုခဲ့ျခင္းသာျဖစ္ၿပီး ထိခိုက္သြားေစမႈ အတြက္စိတ္မေကာင္းျဖစ္ဝမ္းနည္းရပါေၾကာင္း ျပန္လည္ေျပာၾကားခဲ့ၿပီး ကခ်င္ျပည္နယ္ ၿငိမ္းခ်မ္းမႈ ရရွိေရးကိစၥရပ္မ်ား၊ (IDP)မ်ားေနရပ္ျပန္ႏိုင္ေရးဆိုင္ရာကိစၥရပ္မ်ား၊ ျပည္တြင္း ၿငိမ္းခ်မ္းေရး ဆိုင္ရာကိစၥရပ္မ်ားႏွင့္ တိုင္းရင္းသားျပည္သူ အားလံုးအတူတကြ စည္းလံုးညီၫြတ္စြာျဖင့္ ဆက္လက္ ေဆာင္ရြက္သြားရန္လိုအပ္သည့္ အေျခအေနမ်ားအား ရင္းႏွီးပြင့္လင္းစြာ အျမင္ခ်င္းဖလွယ္ ေဆြးေႏြးခဲ့ၾကသည္။

ေတြ႕ဆံုပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ကခ်င္ႏွစ္ျခင္းခရစ္ယာန္ အဖြဲ႕ခ်ဳပ္(KBC) ဥကၠ႒ႏွင့္အဖြဲ႕ဝင္မ်ားအား အမွတ္တရလက္ေဆာင္ပစၥည္းမ်ား ေပးအပ္ခဲ့ၿပီး တက္ေရာက္ လာၾကသူမ်ားႏွင့္အတူ စုေပါင္းဓာတ္ပံု႐ိုက္ခဲ့ၾကေၾကာင္း သတင္းရရွိသည္။

 

(Unicode Version)

တပ်မတော်အကြီးအကဲများနှင့် တပ်မတော်သားများ၏ဂုဏ်သိက္ခာကို ညှိုးနွမ်းစေရန် ပြောဆိုခဲ့မှုနှင့် ပတ်သက်၍ တရားစွဲဆိုထားမှုအား တပ်မတော်မှသဘောထားကြီးစွာဖြင့် အမှုပိတ်သိမ်းကျေအေးပေး သည့်အတွက် မိမိနှင့်အတူ ကချင်ပြည်နယ်လူထုနှင့် အသင်းအဖွဲ့များမှလည်း ကျေးဇူးတင်ရှိပါ ကြောင်းဖြင့် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)ဥက္ကဋ္ဌက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံရာတွင် ပြောကြား

နေပြည်တော်၊ စက်တင်ဘာ ၁၂

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ်(KBC) ဥက္ကဋ္ဌ သိက္ခာတော်ရဆရာတော် ဒေါက်တာ ခလန်ဆန်ဆွမ်နှင့်အဖွဲ့အား ယနေ့ နေ့လယ်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ရန်ကြီးအောင်ရိပ်သာဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများတက်ရောက်ကြပြီး ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ်(KBC)ဥက္ကဋ္ဌနှင့်အတူ သိက္ခာတော်ရဆရာတော် ဦးဖော်ရော်တူးမိုင်၊ ဆရာဖော်ယမ်ခါးလီ၊ ငြိမ်းချမ်းရေးဆွေးနွေးရေးအကျိုးတော်ဆောင် အဖွဲ့(PCG)မှ ဦးလမိုင်ဂွမ်ဂျာနှင့် ဦးခပ်ပရာခွန်းအောင် တို့တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မိမိတို့နိုင်ငံသည် ပါတီစုံဒီမိုကရေစီ စနစ်ဖြင့်လျှောက်လှမ်းနေသည့်အတွက် ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် အလွန်အရေးကြီးကြောင်း၊ တိုင်းရင်းသားပြည်သူများအနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်ကို လိုလားလက်ခံရမည်ဖြစ်ကြောင်း၊ ဥပဒေနှင့်ပတ်သက်၍ တိုင်းရင်းသားအားလုံးကို ခွဲခြားထားခြင်းမရှိဘဲ တစ်ပြေးညီသတ်မှတ်ထားပြီး မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့ကိုယ်တိုင်ကြိုးစား အားထုတ်ရမည်ဖြစ်ကြောင်း၊ ဘာသာရေးနှင့်ပတ်သက်၍ ကိုးကွယ်သည့်ဘာသာအားလုံးကို လွတ်လပ်စွာကိုးကွယ်ခွင့် ပေးထားပြီး ဖြစ်သည့်အတွက် ဘာသာရေးအကြောင်းပြကာ မလိုလားအပ်သည့် နိုင်ငံရေးမတည်ငြိမ်မှုများနှင့် ပဋိပက္ခများမဖြစ်စေလိုကြောင်း၊ တိုင်းပြည်တိုးတက်ပြီး တည်ငြိမ်အေးချမ်းရန်အတွက် နိုင်ငံရေး အရတည်ငြိမ်အေးချမ်းရန်နှင့် လုံခြုံရေးအရတည်ငြိမ်အေးချမ်းရန်လိုကြောင်းနှင့် မိမိနိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးအတွက် တိုင်းရင်းသားပြည်သူများအားလုံး စည်းလုံးညီညွတ်စွာဖြင့် ဝိုင်းဝန်းဆောင်ရွက် ကြရန်တာဝန်ကိုယ်စီရှိကြောင်း ပြောကြားသည်။

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) ဥက္ကဋ္ဌက တပ်မတော်အကြီးအကဲများနှင့် တပ်မတော်သား များ၏ဂုဏ်သိက္ခာကို ညှိုးနွမ်းစေရန်ပြောဆိုခဲ့မှုနှင့် ပတ်သက်၍ တရားစွဲဆိုထားမှုအား တပ်မတော်မှ သဘောထားကြီးစွာဖြင့် အမှုပိတ်သိမ်းကျေအေးပေးသည့်အတွက် မိမိနှင့်အတူ ကချင်ပြည်နယ် လူထုနှင့် အသင်းအဖွဲ့များမှလည်း ကျေးဇူးတင်ရှိပါကြောင်း၊ မိမိအနေဖြင့် မည်သူတစ်ဦးတစ်ယောက် ကိုမျှ ထိခိုက်စေရန် မရည်ရွယ်ဘဲ ရိုးသားစွာဖြင့်ရုတ်တရတ်ပြောဆိုခဲ့ခြင်းသာဖြစ်ပြီး ထိခိုက်သွားစေမှု အတွက်စိတ်မကောင်းဖြစ်ဝမ်းနည်းရပါကြောင်း ပြန်လည်ပြောကြားခဲ့ပြီး ကချင်ပြည်နယ် ငြိမ်းချမ်းမှု ရရှိရေးကိစ္စရပ်များ၊ (IDP)များနေရပ်ပြန်နိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ ပြည်တွင်း ငြိမ်းချမ်းရေး ဆိုင်ရာကိစ္စရပ်များနှင့် တိုင်းရင်းသားပြည်သူ အားလုံးအတူတကွ စည်းလုံးညီညွတ်စွာဖြင့် ဆက်လက် ဆောင်ရွက်သွားရန်လိုအပ်သည့် အခြေအနေများအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ်(KBC) ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီး တက်ရောက် လာကြသူများနှင့်အတူ စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။