တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နော်ဝေနိုင်ငံခြားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(အငြိမ်းစား) နော်ဝေဒုက္ခသည်ကောင်စီ (NRC)၏ အထွေထွေ အတွင်းရေးမှူးချုပ် Mr. Jan Egeland ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား လက်ခံ တွေ့ဆုံ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နော်ဝေနိုင်ငံခြားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(အငြိမ်းစား) နော်ဝေဒုက္ခသည်ကောင်စီ (NRC)၏ အထွေထွေ အတွင်းရေးမှူးချုပ် Mr. Jan Egeland ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား လက်ခံ တွေ့ဆုံ

နေပြည်တော်၊ နိုဝင်ဘာ – ၁

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နော်ဝေနိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(အငြိမ်းစား) နော်ဝေဒုက္ခသည်ကောင်စီ (NRC) ၏ အထွေထွေအတွင်းရေးမှူးချုပ် Mr. Jan Egeland ဦးဆောင်သောကိုယ်စားလှယ် အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်း မဆောင်၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ဒုက္ခသည်စခန်းများ၌ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး၊ နေရပ်စွန့်ခွာသူများအား မူလနေရာပြန်လည်နေထိုင်နိုင်ရေးနှင့် လူမှုဘဝတိုးတက်ရေးတို့အတွက် ကူညီ ဆောင်ရွက်ပေးနိုင်မည့်အခြေအနေများ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရာ တွင် နယ်မြေဒေသ အလိုက်ဖြစ်ပေါ်လျက်ရှိသည့် လုံခြုံရေးဆိုင်ရာအခြေအနေများအား ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့်တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး နော်ဝေဒုက္ခသည်ကောင်စီ (NRC) ၏ အထွေထွေအတွင်းရေးမှူးချုပ် နှင့်အတူ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ေနာ္ေ၀ႏုိင္ငံျခားေရး ၀န္ႀကီးဌာန၊ ဒုတိယ၀န္ႀကီး(အၿငိမ္းစား) ေနာ္ေ၀ဒုကၡသည္ေကာင္စီ (NRC)၏ အေထြေထြ အတြင္းေရးမွဴးခ်ဳပ္ Mr. Jan Egeland ဦးေဆာင္ေသာကုိယ္စားလွယ္အဖြဲ႕အား လက္ခံ ေတြ႕ဆုံ

ေနျပည္ေတာ္၊ ႏုိ၀င္ဘာ – ၁

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ေနာ္ေ၀ႏုိင္ငံျခားေရး၀န္ႀကီးဌာန၊ ဒုတိယ၀န္ႀကီး(အၿငိမ္းစား) ေနာ္ေ၀ဒုကၡသည္ေကာင္စီ (NRC) ၏ အေထြေထြအတြင္းေရးမွဴးခ်ဳပ္ Mr. Jan Egeland ဦးေဆာင္ေသာကုိယ္စားလွယ္ အဖြဲ႕အား ယေန႔မြန္းလြဲပိုင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာ ဧည့္ခန္း မေဆာင္၌ လက္ခံေတြ႕ဆုံသည္။

ထုိသို႔ေတြ႕ဆံုရာတြင္ ဒုကၡသည္စခန္းမ်ား၌ လူသားခ်င္းစာနာေထာက္ထားမႈဆုိင္ရာ အကူအညီေပးေရး၊ ေနရပ္စြန္႔ခြာသူမ်ားအား မူလေနရာျပန္လည္ေနထုိင္ႏိုင္ေရးႏွင့္ လူမႈဘ၀တုိးတက္ေရးတုိ႔အတြက္ ကူညီ ေဆာင္ရြက္ေပးႏုိင္မည့္အေျခအေနမ်ား၊ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာလုပ္ငန္းမ်ား ေဆာင္ရြက္ရာ တြင္ နယ္ေျမေဒသ အလုိက္ျဖစ္ေပၚလ်က္ရွိသည့္ လံုၿခံဳေရးဆုိင္ရာအေျခအေနမ်ားအား ရင္းႏွီးပြင့္လင္းစြာ အျပန္အလွန္ ေဆြးေႏြးၾကသည္။

အဆုိပါေတြ႕ဆုံပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယ ဗုိလ္ခ်ဳပ္ႀကီး စုိးထြဋ္ႏွင့္တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး ေနာ္ေ၀ဒုကၡသည္ေကာင္စီ (NRC) ၏ အေထြေထြအတြင္းေရးမွဴးခ်ဳပ္ ႏွင့္အတူ တာ၀န္ရွိသူမ်ား တက္ေရာက္ခဲ့ၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။