တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဂျပန်နိုင်ငံ၊ The Yomiuri Shimbun သတင်းဌာနအားလက်ခံတွေ့ဆုံပြီး မေးမြန်းမှုများအားဖြေကြား

နေပြည်တော်၊ နိုဝင်ဘာ ၁၃

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဂျပန်နိုင်ငံ The Yomiuri Shimbun သတင်းဌာန၊ အာရှဒေသဆိုင်ရာအထွေထွေဗျူရိုအကြီးအကဲ ဖြစ်သူ Mr. Norimasa Tahara အား ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံပြီး မေးမြန်းမှုများကို ပြန်လည်ဖြေကြားခဲ့သည်။

ထိုသို့တွေ့ဆုံမေးမြန်းရာတွင် မြန်မာ့တပ်မတော်၏ နိုင်ငံတော်ကာကွယ်ရေးတာဝန် နှင့်နိုင်ငံရေး ပြုပြင်ပြောင်း လဲမှုအခြေအနေများတွင် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့သည့် အခြေအနေများနှင့် အစိုးရနှင့်တပ်မတော်၏ ဆက်ဆံရေးအခြေအနေများ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈)ပြင်ဆင်ရေးဆိုင်ရာအခြေအနေများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်ငြိမ်းချမ်းရေးရရှိရေးတို့အတွက် ဆောင်ရွက်ချက်များအပေါ် တပ်မတော်၏သဘောထားအမြင်၊ လွှတ်တော်တွင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် များပါဝင်ဆောင်ရွက် နေမှုနှင့် ပတ်သက်သည့်အခြေအနေများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)တွင် ပါဝင်လက်မှတ်ရေးထိုးနိုင်ရေး ဆောင်ရွက်နေမှု အခြေ အနေများ၊ ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သည့် ဘင်္ဂါလီအရေးကိစ္စအား တပ်မတော်နှင့်အစိုးရ၏ ဖြေရှင်း ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ အမေရိကန်နိုင်ငံတို့၏ သံတမန် ဆက်ဆံရေး အခြေအနေများ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ၊ အစိုးရ၏ ဆောင်ရွက် ချက်များနှင့်စပ်လျဉ်း၍ မေးမြန်းမှုများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သဘောထားအမြင်များအား ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

(Zawgyi Version)





ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။