တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့ တပ်မတော်ကိုယ်စား လှယ်အဖွဲ့ Marsun Public Company Ltd. နှင့် I Group Ltd. များသို့ သွားရောက်လေ့လာကြည့်ရှု

နေပြည်တော်၊ နိုဝင်ဘာ – ၁၇

ထိုင်းနိုင်ငံတွင်ကျင်းပပြုလုပ်မည့် အာဆီယံနိုင်ငံများ၏ ကာကွယ်ရေးနှင့်လုံခြုံရေး ဆိုင်ရာပြပွဲ (Defense & Security 2019) သို့တက်ရောက်ရန် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နေ့လည်ပိုင်းတွင် သင်္ဘောတည်ဆောက်ရေးကုမ္ပဏီ Marsun Public Company Ltd. နှင့် E-Education လုပ်ငန်းများဆောင်ရွက်နေသည့် I Group Ltd. တို့သို့ သွားရောက်လေ့လာ ကြည့်ရှုကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာစစ်သံ(ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ် ခင်ဇော်နှင့် တာဝန်ရှိသူများလိုက်ပါပြီး သင်္ဘောတည်ဆောက်ရေးကုမ္ပဏီ Marsun Public Company Ltd. သို့ရောက်ရှိကြရာ ကုမ္ပဏီအကြီးအကဲ Mr. Patrawin Chongvisal နှင့်အဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက် ကြပြီး ဂုဏ်ပြုနေ့လည်စာဖြင့် တည်ခင်းဧည့်ခံသည်။

နေ့လည်စာ သုံးဆောင်အပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ကုမ္ပဏီဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များက သိရှိလိုသည်များ ပြန်လည်မေးမြန်း ဆွေးနွေးခဲ့သည်။ ယင်းနောက် အင်ဂျင်နီယာဌာနနှင့် သင်္ဘောတည်ဆောက်ရေး လုပ်ငန်း ခွင်များသို့ သွားရောက်လေ့လာကြည့်ရှုကြရာ ကုမ္ပဏီအကြီးအကဲနှင့် တာဝန်ရှိသူများက လိုက်လံ ရှင်းလင်းပြသခဲ့ကြသည်။ ထို့နောက် ကုမ္ပဏီဧည့်ခန်းမဆောင်တွင် လက်ဆောင် ပစ္စည်းများ အပြန်အလှန်ပေး အပ်ကြပြီး အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။

အဆိုပါ သင်္ဘောတည်ဆောက်ရေးကုမ္ပဏီ Marsun Public Company Ltd. ကို ၁၉၈၀ ပြည့်နှစ်တွင်စတင်တည် ထောင်ခဲ့ခြင်းဖြစ်ပြီး သင်္ဘောတည်ဆောက်ရေးနှင့် ပြင် ဆင်ရေး လုပ်ငန်းများကို လုပ်ဆောင်လျက်ရှိကြောင်း၊ ခရီးသည်တင်သင်္ဘောများ၊ ကမ်းတက်ရေယာဉ်များ၊ ရွက်လှေများနှင့် ကင်းလှည့်အမြန်ရေယာဉ်များအပါအဝင် သင်္ဘော ပေါင်း ၃၁၀ ကျော်ကို စံချိန်စံညွှန်းပြည့်မီစွာဖြင့် ထုတ်လုပ်ရောင်းချခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် I Group Ltd.သို့ရောက်ရှိကြရာ ကုမ္ပဏီ အကြီးအကဲ Mr. Pote Narittakurn Le နှင့်အဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ခဲ့ကြပြီး ကုမ္ပဏီအစည်းအဝေးခန်း မတွင် ၂၁ ရာစုပညာခေတ်အတွက် မျိုးဆက်သစ်လူငယ်များ သက်ဆိုင်ရာဘာသာရပ်အလိုက် စွမ်းရည်းမြင့်မား လာစေရန် ကွန်ပြူတာနှင့် Information Technology အသုံးပြု၍ သင်ထောက်ကူစနစ်များဖြင့် သင်ကြားမည့် စနစ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးခဲ့သည်။ ယင်းနောက် ကုမ္ပဏီအတွင်း လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ရှေးဟောင်း စာပေများ၊ ပန်းချီကားများ အား လှည့်လည်ကြည့်ရှုကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် I Group Ltd. ကုမ္ပဏီအကြီးအကဲတို့သည် အမှတ်တရလက် ဆောင် ပစ္စည်းများ အပြန်အလှန်ပေးအပ်ကာ အဖွဲ့ဝင်များနှင့််အတူ စုပေါင်းဓာတ်ပုံ ဓာတ်ပုံရိုက်ခဲ့ကြသည်။

အဆိုပါ I Group Ltd. သည် ဟောင်ကောင်တွင်မှတ်ပုံတင်ထားသည့် နိုင်ငံ ပေါင်းစုံပါဝင်သော အဖွဲ့အစည်း တစ်ခုဖြစ်ပြီး ရှေးဟောင်းတန်ဖိုးကြီး သမိုင်းဝင်ပန်းချီ ကားများ၊ ရှေးဟောင်း စာပေနှင့်ယဉ်ကျေးမှုအနုသုခုမ လက်ရာများကို အရည်အသွေး မြင့်ကင်မရာများ၊ ခေတ်မီနည်းပညာများဖြင့် ပြန်လည်ပုံနှိပ်ဖြန့်ချိထိန်းသိမ်းခြင်း၊ သုတေသနစာတမ်းများ၊ နည်းပညာဆိုင်ရာပညာရေးစာအုပ်စာတမ်းများကို E-Library များဖြင့် ပညာဒါနပြု လုပ်ခြင်းနှင့် ထုတ်ဝေဖြန့်ချိရောင်းချခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ အာရှပစိဖိတ်ဒေသနှင့် အာဆီယံနိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၁၄ နိုင်ငံတွင် ရုံးခွဲများဖွင့်လှစ်၍ ဝန်ထမ်းပေါင်း ၁၂၀၀ ကျော်ဖြင့် လည်ပတ် လုပ်ကိုင်လျက်ရှိသော အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်းနှင့် I Group Ltd.ကို ဦးစီးတည်ထောင်ခဲ့သူမှာ မြန်မာ နိုင်ငံဖွား Mr. Pote Narittakurn Le ဖြစ်ပြီး လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ကျော်ကတည်းက ထိုင်းနိုင်ငံတွင် စတင်လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္ေသာ ျမန္မာ့ တပ္မေတာ္ကုိယ္စား လွယ္အဖြဲ႕ Marsun Public Company Ltd. ႏွင့္ I Group Ltd. မ်ားသုိ႕ သြားေရာက္ေလ့လာၾကည့္႐ႈ

ေနျပည္ေတာ္၊ ႏုိ၀င္ဘာ – ၁၇

ထုိင္းႏုိင္ငံတြင္က်င္းပျပဳလုပ္မည့္ အာဆီယံႏုိင္ငံမ်ား၏ ကာကြယ္ေရးႏွင့္လုံၿခဳံေရး ဆုိင္ရာျပပြဲ (Defense & Security 2019) သုိ႕တက္ေရာက္ရန္ ထုိင္းႏုိင္ငံ၊ ဘန္ေကာက္ၿမိဳ႕သုိ႕ ေရာက္ရွိေနသည့္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္သည့္ ျမန္မာ့တပ္မေတာ္ကုိယ္စားလွယ္အဖြဲ႕သည္ ယေန႕ ေန႕လည္ပုိင္းတြင္ သေဘၤာတည္ေဆာက္ေရးကုမၸဏီ Marsun Public Company Ltd. ႏွင့္ E-Education လုပ္ငန္းမ်ားေဆာင္ရြက္ေနသည့္ I Group Ltd. တုိ႕သုိ႕ သြားေရာက္ေလ့လာ ၾကည့္႐ႈၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ထုိင္းႏုိင္ငံဆုိင္ရာ ျမန္မာစစ္သံ(ၾကည္း၊ေရ၊ေလ) ဗုိလ္မွဴးခ်ဳပ္ ခင္ေဇာ္ႏွင့္ တာ၀န္ရွိသူမ်ားလုိက္ပါၿပီး သေဘၤာတည္ေဆာက္ေရးကုမၸဏီ Marsun Public Company Ltd. သုိ႕ေရာက္ရွိၾကရာ ကုမၸဏီအႀကီးအကဲ Mr. Patrawin Chongvisal ႏွင့္အဖြဲ႕၀င္မ်ားက ႀကိဳဆုိႏႈတ္ဆက္ ၾကၿပီး ဂုဏ္ျပဳေန႕လည္စာျဖင့္ တည္ခင္းဧည့္ခံသည္။
ေန႕လည္စာ သုံးေဆာင္အၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္အား ကုမၸဏီမွ တာ၀န္ရွိသူတစ္ဦးက ကုမၸဏီဆုိင္ရာအခ်က္အလက္မ်ားကုိ ရွင္းလင္းတင္ျပရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားက သိရွိလုိသည္မ်ား ျပန္လည္ေမးျမန္း ေဆြးေႏြးခဲ့သည္။ ယင္းေနာက္ အင္ဂ်င္နီယာဌာနႏွင့္ သေဘၤာတည္ေဆာက္ေရး လုပ္ငန္း ခြင္မ်ားသုိ႕ သြားေရာက္ေလ့လာၾကည့္႐ႈၾကရာ ကုမၸဏီအႀကီးအကဲႏွင့္ တာ၀န္ရွိသူမ်ားက လုိက္လံ ရွင္းလင္းျပသခဲ့ၾကသည္။ ထုိ႕ေနာက္ ကုမၸဏီဧည့္ခန္းမေဆာင္တြင္ လက္ေဆာင္ ပစၥည္းမ်ား အျပန္အလွန္ေပး အပ္ၾကၿပီး အမွတ္တရစုေပါင္းဓာတ္ပုံ႐ုိက္ခဲ့ၾကသည္။

အဆုိပါ သေဘၤာတည္ေဆာက္ေရးကုမၸဏီ Marsun Public Company Ltd. ကုိ ၁၉၈၀ ျပည့္ႏွစ္တြင္စတင္တည္ ေထာင္ခဲ့ျခင္းျဖစ္ၿပီး သေဘၤာတည္ေဆာက္ေရးႏွင့္ ျပင္ ဆင္ေရး လုပ္ငန္းမ်ားကုိ လုပ္ေဆာင္လ်က္ရွိေၾကာင္း၊ ခရီးသည္တင္သေဘၤာမ်ား၊ ကမ္းတက္ေရယာဥ္မ်ား၊ ရြက္ေလွမ်ားႏွင့္ ကင္းလွည့္အျမန္ေရယာဥ္မ်ားအပါအ၀င္ သေဘၤာ ေပါင္း ၃၁၀ ေက်ာ္ကုိ စံခ်ိန္စံၫႊန္္းျပည့္မီစြာျဖင့္ ထုတ္လုပ္ေရာင္းခ်ခဲ့ၿပီးျဖစ္ေၾကာင္း သိရွိရသည္။

ထုိ႕ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ I Group Ltd.သုိ႕ေရာက္ရွိၾကရာ ကုမၸဏီ အႀကီးအကဲ Mr. Pote Narittakurn Le ႏွင့္အဖြဲ႕၀င္မ်ားက ႀကိဳဆုိႏႈတ္ဆက္ခဲ့ၾကၿပီး ကုမၸဏီအစည္းအေ၀းခန္း မတြင္ ၂၁ ရာစုပညာေခတ္အတြက္ မ်ဳိးဆက္သစ္လူငယ္မ်ား သက္ဆုိင္ရာဘာသာရပ္အလုိက္ စြမ္းရည္းျမင့္မား လာေစရန္ ကြန္ျပဴတာႏွင့္ Information Technology အသုံးျပဳ၍ သင္ေထာက္ကူစနစ္မ်ားျဖင့္ သင္ၾကားမည့္ စနစ္မ်ားႏွင့္ ပတ္သက္၍ ရွင္းလင္းတင္ျပရာ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္က သိရွိလုိသည္မ်ား ျပန္လည္ေမးျမန္းေဆြးေႏြးခဲ့သည္။ ယင္းေနာက္ ကုမၸဏီအတြင္း လုပ္ငန္းေဆာင္ရြက္ေနမႈမ်ားႏွင့္ ေရွးေဟာင္း စာေပမ်ား၊ ပန္းခ်ီကားမ်ား အား လွည့္လည္ၾကည့္႐ႈၾကရာ တာ၀န္ရွိသူမ်ားက လုိက္လံရွင္းလင္းျပသခဲ့ၾကၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ I Group Ltd. ကုမၸဏီအႀကီးအကဲတုိ႕သည္ အမွတ္တရလက္ ေဆာင္ ပစၥည္းမ်ား အျပန္အလွန္ေပးအပ္ကာ အဖြဲ႕၀င္မ်ားႏွင့္္အတူ စုေပါင္းဓာတ္ပုံ ဓာတ္ပုံ႐ုိက္ခဲ့ၾကသည္။

အဆုိပါ I Group Ltd. သည္ ေဟာင္ေကာင္တြင္မွတ္ပုံတင္ထားသည့္ ႏုိင္ငံ ေပါင္းစုံပါ၀င္ေသာ အဖြဲ႕အစည္း တစ္ခုျဖစ္ၿပီး ေရွးေဟာင္းတန္ဖုိးႀကီး သမုိင္း၀င္ပန္းခ်ီ ကားမ်ား၊ ေရွးေဟာင္း စာေပႏွင့္ယဥ္ေက်းမႈအႏုသုခုမ လက္ရာမ်ားကုိ အရည္အေသြး ျမင့္ကင္မရာမ်ား၊ ေခတ္မီနည္းပညာမ်ားျဖင့္ ျပန္လည္ပုံႏွိပ္ျဖန္႕ခ်ိထိန္းသိမ္းျခင္း၊ သုေတသနစာတမ္းမ်ား၊ နည္းပညာဆုိင္ရာပညာေရးစာအုပ္စာတမ္းမ်ားကုိ E-Library မ်ားျဖင့္ ပညာဒါနျပဳ လုပ္ျခင္းႏွင့္ ထုတ္ေ၀ျဖန္႕ခ်ိေရာင္းခ်ျခင္းမ်ား ေဆာင္ရြက္လ်က္ရွိေၾကာင္း၊ အာရွပစိဖိတ္ေဒသႏွင့္ အာဆီယံႏုိင္ငံမ်ား အပါအ၀င္ ႏုိင္ငံေပါင္း ၁၄ ႏုိင္ငံတြင္ ႐ုံးခြဲမ်ားဖြင့္လွစ္၍ ၀န္ထမ္းေပါင္း ၁၂၀၀ ေက်ာ္ျဖင့္ လည္ပတ္ လုပ္ကုိင္လ်က္ရွိေသာ အဖြဲ႕အစည္းတစ္ခုျဖစ္ေၾကာင္းႏွင့္ I Group Ltd.ကုိ ဦးစီးတည္ေထာင္ခဲ့သူမွာ ျမန္မာ ႏုိင္ငံဖြား Mr. Pote Narittakurn Le ျဖစ္ၿပီး လြန္ခဲ့သည့္ ႏွစ္ေပါင္း ၃၀ ေက်ာ္ကတည္းက ထုိင္းႏုိင္ငံတြင္ စတင္လုပ္ကုိင္ခဲ့ျခင္းျဖစ္သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။