အောင်ပန်းမြို့၊ တပ်မတော်ဆေးရုံတွင် နှလုံးဆေးကုသဆောင်ဖွင့်လှစ်၊ တပ်မတော်သား များအတွက် သာမက ဒေသခံပြည်သူများအတွက်ပါ အကျိုးရှိ

နေပြည်တော်၊ ဒီဇင်ဘာ – ၂

ကျန်းမာခြင်းသည် လာဘ်တစ်ပါးဖြစ်ပြီး သက်ရှည်ကျန်းမာသည့်ဘဝကို ပိုင်ဆိုင်ရန် လူတိုင်း ဆန္ဒရှိကြကြောင်း၊ ကျန်းမာရေးကောင်းမွန်မှသာ လူမှုရေး၊ စီးပွားရေး၊ စားဝတ် နေရေး၊ ပညာရေး စသည်တို့ကိုအောင်မြင်စွာဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ တပ်မတော် ဆေးတပ်ဖွဲ့ဝင်များအနေဖြင့် တပ်မတော်သားမိသားစုများကိုသာမက တိုင်းရင်းသား ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကိုပါ အောင်မြင်စွာ ဆောင်ရွက် ပေးလျက်ရှိသည့်အတွက် ဝမ်းသာဂုဏ်ယူအသိအမှတ်ပြု ပါကြောင်းနှင့် ဆက်လက်၍ လည်း အစဉ်အလာကောင်းများကို လက်ဆင့်ကမ်းထိန်းသိမ်းသွားကြ စေလိုကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့နံနက်ပိုင်းတွင် အောင်ပန်းမြို့ရှိ တပ်မတော်ဆေးရုံ၊ နှလုံးဆေးကုသဆောင်ဖွင့်ပွဲ အခမ်းအနားတွင် အမှာ စကားပြောကြားရာ၌ထည့်သွင်း ပြောကြားသည်။

အဆိုပါ နှလုံးဆေးကုသဆောင်ဖွင့်ပွဲအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ် (ရေ)ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဆေးရုံအုပ်ကြီးနှင့် နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့ တို့ရှိ စစ်ဘက်၊ အရပ်ဘက် ဆေးရုံအသီးသီးမှ ဆေးရုံအုပ်ကြီးများ၊ နှလုံးရောဂါအထူးကု ဆရာဝန်ကြီးများ၊ ပါရဂူကြီး များ၊ အောင်ပန်းမြို့ ရပ်မိရပ်ဖများနှင့် ဆေးပညာကို စိတ်ပါဝင်စားသူများ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်် အဖွဲ့ဝင်များသည် အဆိုပါဆေးရုံရှိ နှလုံးဆေး ကုသဆောင်ဖွင့်ပွဲ ပြုလုပ်မည့်နေရာသို့ရောက်ရှိကြရာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဆေးရုံအုပ်ကြီး၊ ဆရာဝန်ကြီးများနှင့် ပါရဂူကြီးများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နှလုံးဆေးကုသမှုဌာန ဆိုင်းဘုတ်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး ဆေးကုမ္ပဏီများမှ ခင်းကျင်းပြသထားသော ဆေးနှင့်ဆေးပစ္စည်းများကို လှည့်လည် ကြည့်ရှု လေ့လာကြသည်။ ယင်းနောက် နှလုံးဆေးကုသမှုဌာနရှိ အစည်းအဝေးခန်းမတွင် ဆေးရုံအုပ်ကြီးက ဆေးကုသမှု ဆိုင်ရာများနှင့်ပတ်သက်၍ရှင်းလင်းတင်ပြသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ကျန်းမာရေးဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေး ပြောကြားရာတွင် လူတိုင်း၏ဆန္ဒသည် သက်ရှည်ကျန်းမာလိုခြင်းပင်ဖြစ်ကြောင်း၊ တပ်မတော် သားများ အနေဖြင့် ကျန်းမာကြံ့ခိုင်မှုပြည့်ဝနေရမည်ဖြစ်ပြီး ကျန်းမာရေးကောင်းမွန်မှသာလျှင် စစ်ဆင်ရေးတာဝန်များကို ထမ်းဆောင်ချိန်၌ ပင်ပန်းဆင်းရဲမှုများကို ရင်ဆိုင်နိုင်မည်ဖြစ်ကြောင်း၊ ကျန်းမာရေးကောင်းမွန်ရန်အတွက် နေထိုင်စားသောက်မှုအပိုင်းနှင့်် ကျန်းမာရေးစောင့်ရှောက်မှု အပိုင်းဟူ၍ ရှိကြောင်း၊ ကျန်းမာမှ အလုပ်လုပ်နိုင်မည်၊ ကျန်းမာမှ ပညာကောင်းစွာသင်ကြားနိုင်မည် ဖြစ်သည့် အတွက် လူတိုင်းအတွက် အရေးအကြီးဆုံးဖြစ်သည့် ကျန်းမာရေးကို တပ်မတော်မှ တွန်းတွန်းတိုက်တိုက်ဖြင့် အားထည့်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျန်းမာရေး ကောင်းမွန်မှုမရှိပါက ပထမအနေဖြင့် မိမိကိုယ်တိုင်ခံစားရမည်ဖြစ်ပြီး မိမိ၏ ဘေးပတ်ဝန်းကျင်မိသားစုဆွေမျိုးများမှလည်း ကြည့်ရှုစောင့်ရှောက်ရသဖြင့် လုပ်အားဆုံးရှုံးရကြောင်းပြောကြားသည်။

ဆက်လက်၍ ပြောကြားရာတွင် နှလုံးရောဂါသည် ကမ္ဘာမှာသာမက မြန်မာနိုင်ငံတွင်လည်း အဖြစ်အများဆုံးရောဂါတစ်ခုဖြစ်ပြီး နှလုံးသွေးကြောကျဉ်းရောဂါသည် သေဆုံးမှုနှုန်း မြင့်မားသော ရောဂါတစ်ခုဖြစ်ကြောင်း၊ ယခုကဲ့သို့ အောင်ပန်းမြို့ တပ်မတော်ဆေးရုံ၌ နှလုံးသွေးကြော စမ်းသပ်ကုသသည့် စက်ကိရိယာများတပ်ဆင် နိုင်ခဲ့သည့်အတွက် တပ်မတော်နှင့်ဒေသရှိ နှလုံးရောဂါ ဝေဒနာများကို အချိန်နှင့်တစ်ပြေးညီ ကုသပေးနိုင်မည် ဖြစ်ကြောင်း၊ နှလုံးရောဂါသည် အချိန်တို အတွင်း အသက်အန္တရာယ်ထိခိုက်စေနိုင်သည့် အတွက် အချိန်သည် အရေးကြီးပြီး အချိန်မီ ကုသနိုင်ရန်အရေးကြီးကြောင်း၊ တတ်ကျွမ်းသည့်ပညာရှင်များ၊ ဆေးဝါးစက်ကိရိယာ ပစ္စည်းများ မရှိခြင်းကြောင့် အချိန်မီ ဆေးဝါးကုသမှုမခံယူနိုင်ဘဲ အသက်ဆုံးရှုံးခဲ့ရသည့် နှလုံးရောဂါ ဝေဒနာရှင်များကို တွေ့မြင်ခဲ့ရကြောင်း၊ ဆေးဝါးကုသမှုပညာရပ်တွင် ခေတ်မီစက် ကိရိယာများနှင့် ပညာရပ်ပိုင်းကျွမ်းကျင်သည့် ဆရာဝန်ကြီးများပေါင်းစပ်လုပ်ကိုင်ရမည် ဖြစ်ကြောင်း၊ စက်ကိရိယာ ပစ္စည်းများ တပ်ဆင်ရုံ၊ ဆေးရုံများတိုးချဲ့ဆောက်လုပ်ပေးရုံဖြင့်မရဘဲ အကျိုးရှိစွာအသုံးချနိုင်ရန်လိုအပ် ကြောင်း၊ တပ်မတော်တွင် ဆေးပညာရပ်နှင့် ပတ်သက်၍ ကျွမ်းကျင်သည့်ပညာရှင်များ ပေါ်ထွက်လာရေးအတွက် လူသားအရင်းအမြစ်များကို မွေးထုတ်ပေးခဲ့ရကြောင်း၊ စက်ကိရိယာများကို ငွေကြေးဖြင့် ဝယ်ယူရနိုင်သော်လည်း လူသားအရင်းအမြစ်များကိုမှု အချိန်အတိုင်းအတာတစ်ခုအထိ အရင်းအနှီးများစွာဖြင့် မွေးထုတ်ရခြင်းဖြစ်ကြောင်း၊ ယခင်က ပြင်ပဆေးတက္ကသိုလ်မှ ဘွဲ့ရ ဆရာဝန်များအား စစ်ဘက်ဆရာဝန်အဖြစ် ခန့်အပ်တာဝန်ပေးအပ်ခဲ့ပြီး နောက်ပိုင်းတွင် တပ်မတော် ဆေးတက္ကသိုလ်ဖွင့်လှစ်၍ ဆေးပညာရပ်ဆိုင်ရာများကို သင်ကြားကာ လူသားအရင်းအမြစ်များ မွေးထုတ်ပေးခဲ့ကြောင်း၊ လက်ရှိအချိန်အထိ တပ်မတော်ဆေးတက္ကသိုလ်မှ ဆေးဘက်ဆိုင်ရာ ပညာရှင် ၄၇၀၀ ဦးခန့်နှင့် သွားဘက်ဆိုင်ရာပညာရှင် ၆၀ ကျော်ကိုမွေးထုတ်ပေးနိုင်ခဲ့ပြီး မဟာဘွဲ့ ရရှိသူ ၁၆၀၀ ခန့်၊ ပါရဂူဘွဲ့ရရှိသူ ၂၀၀ ခန့်ဖြစ်ကာ တပ်မတော် ဆေးဘက်ဆိုင်ရာကဏ္ဍ အသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိကြောင်း၊ နိုင်ငံတကာသို့စေလွှတ်၍လည်း ဆေးပညာရပ် များသင်ယူစေခြင်း၊ ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲများ၊ ညီလာခံများ တက်ရောက်စေခြင်း၊ မိမိနိုင်ငံသို့ဖိတ်ခေါ်ပြုလုပ်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိအချိန်အထိ ပြည်ပ နိုင်ငံများတွင် ဆေးပညာရပ်ဆိုင်ရာ သင်တန်းတက်ရောက်ခဲ့ပြီး ဘွဲ့ရရှိမှုအနေဖြင့် ပါရဂူဘွဲ့ ၁၅ ဦး၊ မဟာဘွဲ့ ၃၁ ဦး၊ ဒီပလိုမာဘွဲ့ ၁၂၅ ဦးနှင့် အောင်လက်မှတ်ရရှိသူ ၂၄၀ ဦးအပါအဝင် စုစုပေါင်း ဦးရေ ၄၀၀ ကျော်အား မွေးထုတ်ပေးနိုင်ခဲ့ကြောင်း၊ မိမိထက် ဝါရင့်ပညာရှင်များ၏ လက်တွဲသင်ယူမှု၊ လေ့ကျင့်မှုများဖြင့် အများပြည်သူများကို ဆေးဝါးကုသရာတွင် ထိရောက်စွာ ဆောင်ရွက်သွားရန် ရှင်းလင်း ပြောကြားသည်။

ထို့အပြင် တပ်မတော်အနေဖြင့် ၂၀၁၂ ခုနှစ်မှစ၍ ပါရဂူူများ၊ ဆေးမှူးများ၊ သူနာပြုများနှင့် ရွေ့လျားခွဲစိတ်ကုသယာဉ်များ ပါဝင်သောနယ်လှည့်အထူးကုဆေးအဖွဲ့များ ဖွဲ့စည်း စေလွှတ်ကာ ဝေးလံခေါင်းပါးသောဒေသများသို့ ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဒေသခံပြည်သူများမှလည်း လှိုက်လှိုက်လှဲလှဲကြိုဆိုခဲ့ကြပြီး ကျန်းမာရေး စောင့်ရှောက်ပေးမှုများ အတွက် ကျေးဇူးတင်လျက်ရှိကြကြောင်း၊ ကျန်းမာရေးအတွက် လေရှု လမ်းလျှောက် ရေများများ သောက် ဟူသောစကားရပ်နှင့် အချို အငန် အဆီ လျှော့စား ဟူသောစကားရပ်တို့နှင့်အညီ လိုက်နာဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ မိမိ ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် အရက်၊ ဆေးလိပ်၊ ကွမ်း၊ အချိုမှုန့်၊ အရောင်တင်မှုန့်များကို ရှောင်ကြဉ်ရမည်ဖြစ်ကြောင်း၊ ဆေးဝါးကုသမှုတွင် ကျန်းမာရေး ဝန်ထမ်းများ၏ ပြုမူဆက်ဆံမှုသည် အရေးကြီးပြီး ပြုံးပြုံးရွှင်ရွှင်၊ နွေးထွေးကြင်နာစွာ ပြုမူဆက်ဆံ ခြင်းဖြင့် လူနာ၏ရောဂါသက်သာမှုကို ဖြစ်စေနိုင်ကြောင်း၊ ပင်ကိုယ်မကျန်းမာသူကို ပြုမူဆက်ဆံမှု မကောင်းပါက ရောဂါပိုမို ဆိုးရွားစေနိုင်ပြီး စိတ်အားငယ်မှုကို ဖြစ်စေနိုင်ကြောင်း၊ ဆေးတပ်ဖွဲ့ဝင်များအနေဖြင့် တပ်မတော်သားမိသားစုများကိုသာမက တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကိုပါ အောင်မြင်စွာ ဆောင်ရွက်ပေးလျက်ရှိသည့်အတွက် ဝမ်းသာဂုဏ်ယူအသိအမှတ်ပြုပါကြောင်း၊ ဆေးပညာသည် ခက်ခဲသည့် ပညာရပ်တစ်ခု ဖြစ်သည့်အတွက် စနစ်တကျဖြင့် သင်ကြား ရမည်ဖြစ်ပြီး သင်ယူသူကလည်း စိတ်ပါဝင်စားစွာဖြင့် တတ်မြောက်အောင် သင်ယူ ရမည်ဖြစ်ကြောင်း၊ ဆရာဝန်သည် မှား၍မရသဖြင့် စေ့စပ်သေချာစွာ ဆောင်ရွက်ကြရ မည်ဖြစ်ကြောင်းနှင့် ကောင်းမွန်သည့် အစဉ်အလာများအား လက်ဆင့်ကမ်းဆက်လက် ထိန်းသိမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် နှလုံးဆေးကုသမှုဌာနအား လှည့်လည်ကြည့်ရှုကြပြီး နှလုံးရောဂါဆိုင်ရာဆေးဝါးကုသမှုခံယူလျက်ရှိသည့် လူနာများအား တစ်ဦးချင်း ရင်းရင်းနှီးနှီးမေးမြန်း အားပေးစကားပြောကြားကာ အမှတ်တရလက်ဆောင် ပစ္စည်းများပေးအပ်သည်။ ယင်းနောက် ဓာတ်ရောင်ခြည်ကုသမှုဆောင်နှင့် ကင်ဆာရောဂါခွဲစိတ် ကုသဆောင် ဆောက်လုပ်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ် သည်များ မှာကြားခဲ့သည်။

(Zawgyi Version)

ေအာင္ပန္းၿမိဳ႕၊ တပ္မေတာ္ေဆး႐ုံတြင္ ႏွလုံးေဆးကုသေဆာင္ဖြင့္လွစ္၊ တပ္မေတာ္သား မ်ားအတြက္ သာမက ေဒသခံျပည္သူမ်ားအတြက္ပါ အက်ဳိးရွိ

ေနျပည္ေတာ္၊ ဒီဇင္ဘာ – ၂

က်န္းမာျခင္းသည္ လာဘ္တစ္ပါးျဖစ္ၿပီး သက္ရွည္က်န္းမာသည့္ဘ၀ကုိ ပုိင္ဆုိင္ရန္ လူတုိင္း ဆႏၵရွိၾကေၾကာင္း၊ က်န္းမာေရးေကာင္းမြန္မွသာ လူမႈေရး၊ စီးပြားေရး၊ စား၀တ္ ေနေရး၊ ပညာေရး စသည္တုိ႕ကုိေအာင္ျမင္စြာေဆာင္ရြက္ႏုိင္မည္ျဖစ္ေၾကာင္း၊ တပ္မေတာ္ ေဆးတပ္ဖြဲ႕၀င္မ်ားအေနျဖင့္ တပ္မေတာ္သားမိသားစုမ်ားကုိသာမက တုိင္းရင္းသား ျပည္သူမ်ား၏ က်န္းမာေရးေစာင့္ေရွာက္မႈ လုပ္ငန္းမ်ားကုိပါ ေအာင္ျမင္စြာ ေဆာင္ရြက္ ေပးလ်က္ရွိသည့္အတြက္ ၀မ္းသာဂုဏ္ယူအသိအမွတ္ျပဳ ပါေၾကာင္းႏွင့္ ဆက္လက္၍ လည္း အစဥ္အလာေကာင္းမ်ားကုိ လက္ဆင့္ကမ္းထိန္းသိမ္းသြားၾက ေစလုိေၾကာင္းျဖင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က ယေန႕နံနက္ပုိင္းတြင္ ေအာင္ပန္းၿမိဳ႕ရွိ တပ္မေတာ္ေဆး႐ုံ၊ ႏွလုံးေဆးကုသေဆာင္ဖြင့္ပြဲ အခမ္းအနားတြင္ အမွာ စကားေျပာၾကားရာ၌ထည့္သြင္း ေျပာၾကားသည္။

အဆုိပါ ႏွလုံးေဆးကုသေဆာင္ဖြင့္ပြဲအခမ္းအနားသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေရ)ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ အေရွ႔ပုိင္းတုိင္း စစ္ဌာနခ်ဳပ္တုိင္းမွဴး၊ ေဆး႐ုံအုပ္ႀကီးႏွင့္ ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ ရန္ကုန္ၿမိဳ႕ႏွင့္ မႏၲေလးၿမိဳ႕ တုိ႕ရွိ စစ္ဘက္၊ အရပ္ဘက္ ေဆး႐ုံအသီးသီးမွ ေဆး႐ုံအုပ္ႀကီးမ်ား၊ ႏွလုံးေရာဂါအထူးကု ဆရာ၀န္ႀကီးမ်ား၊ ပါရဂူႀကီး မ်ား၊ ေအာင္ပန္းၿမိဳ႕ ရပ္မိရပ္ဖမ်ားႏွင့္ ေဆးပညာကုိ စိတ္ပါ၀င္စားသူမ်ား တက္ေရာက္ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္္ အဖြဲ႕၀င္မ်ားသည္ အဆုိပါေဆး႐ုံရွိ ႏွလုံးေဆး ကုသေဆာင္ဖြင့္ပြဲ ျပဳလုပ္မည့္ေနရာသုိ႕ေရာက္ရွိၾကရာ အေရွ႔ပုိင္းတုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး၊ ေဆး႐ုံအုပ္ႀကီး၊ ဆရာ၀န္ႀကီးမ်ားႏွင့္ ပါရဂူႀကီးမ်ားက ႀကိဳဆုိႏႈတ္ဆက္ၾကသည္။ ထုိ႕ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ႏွလုံးေဆးကုသမႈဌာန ဆုိင္းဘုတ္အား စက္ခလုတ္ႏွိပ္ ဖြင့္လွစ္ေပးၿပီး ေဆးကုမၸဏီမ်ားမွ ခင္းက်င္းျပသထားေသာ ေဆးႏွင့္ေဆးပစၥည္းမ်ားကုိ လွည့္လည္ ၾကည့္႐ႈ ေလ့လာၾကသည္။ ယင္းေနာက္ ႏွလုံးေဆးကုသမႈဌာနရွိ အစည္းအေ၀းခန္းမတြင္ ေဆး႐ုံအုပ္ႀကီးက ေဆးကုသမႈ ဆုိင္ရာမ်ားႏွင့္ပတ္သက္၍ရွင္းလင္းတင္ျပသည္။

ထုိ႕ေနာက္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္က က်န္းမာေရးဆုိင္ရာမ်ားႏွင့္ ပတ္သက္၍ ေဆြးေႏြး ေျပာၾကားရာတြင္ လူတုိင္း၏ဆႏၵသည္ သက္ရွည္က်န္းမာလုိျခင္းပင္ျဖစ္ေၾကာင္း၊ တပ္မေတာ္ သားမ်ား အေနျဖင့္ က်န္းမာႀကံ႕ခုိင္မႈျပည့္၀ေနရမည္ျဖစ္ၿပီး က်န္းမာေရးေကာင္းမြန္မွသာလွ်င္ စစ္ဆင္ေရးတာ၀န္္မ်ားကုိ ထမ္းေဆာင္ခ်ိန္၌ ပင္ပန္းဆင္းရဲမႈမ်ားကုိ ရင္ဆုိင္ႏုိင္မည္ျဖစ္ေၾကာင္း၊ က်န္းမာေရးေကာင္းမြန္ရန္အတြက္ ေနထုိင္စားေသာက္မႈအပုိင္းႏွင့္္ က်န္းမာေရးေစာင့္ေရွာက္မႈ အပုိင္းဟူ၍ ရွိေၾကာင္း၊ က်န္းမာမွ အလုပ္လုပ္ႏုိင္မည္၊ က်န္းမာမွ ပညာေကာင္းစြာသင္ၾကားႏုိင္မည္ ျဖစ္သည့္ အတြက္ လူတုိင္းအတြက္ အေရးအႀကီးဆုံးျဖစ္သည့္ က်န္းမာေရးကုိ တပ္မေတာ္မွ တြန္းတြန္းတုိက္တုိက္ျဖင့္ အားထည့္ေဆာင္ရြက္လ်က္ရွိပါေၾကာင္း၊ က်န္းမာေရး ေကာင္းမြန္မႈမရွိပါက ပထမအေနျဖင့္ မိမိကုိယ္တုိင္ခံစားရမည္ျဖစ္ၿပီး မိမိ၏ ေဘးပတ္၀န္းက်င္မိသားစုေဆြမ်ဳိးမ်ားမွလည္း ၾကည့္႐ႈေစာင့္ေရွာက္ရသျဖင့္ လုပ္အားဆုံး႐ႈံးရေၾကာင္းေျပာၾကားသည္။

ဆက္လက္၍ ေျပာၾကားရာတြင္ ႏွလုံးေရာဂါသည္ ကမၻာမွာသာမက ျမန္မာႏုိင္ငံတြင္လည္း အျဖစ္အမ်ားဆုံးေရာဂါတစ္ခုျဖစ္ၿပီး ႏွလုံးေသြးေၾကာက်ဥ္းေရာဂါသည္ ေသဆုံးမႈႏႈန္း ျမင့္မားေသာ ေရာဂါတစ္ခုျဖစ္ေၾကာင္း၊ ယခုကဲ့သုိ႕ ေအာင္ပန္းၿမိဳ႕ တပ္မေတာ္ေဆး႐ုံ၌ ႏွလုံးေသြးေၾကာ စမ္းသပ္ကုသသည့္ စက္ကိရိယာမ်ားတပ္ဆင္ ႏုိင္ခဲ့သည့္အတြက္ တပ္မေတာ္ႏွင့္ေဒသရွိ ႏွလုံးေရာဂါ ေ၀ဒနာမ်ားကုိ အခ်ိန္ႏွင့္တစ္ေျပးညီ ကုသေပးႏုိင္မည္ ျဖစ္ေၾကာင္း၊ ႏွလုံးေရာဂါသည္ အခ်ိန္တုိ အတြင္း အသက္အႏၲရာယ္ထိခုိက္ေစႏုိင္သည့္ အတြက္ အခ်ိန္သည္ အေရးႀကီးၿပီး အခ်ိန္မီ ကုသႏုိင္ရန္အေရးႀကီးေၾကာင္း၊ တတ္ကြၽမ္းသည့္ပညာရွင္မ်ား၊ ေဆး၀ါးစက္ကိရိယာ ပစၥည္းမ်ား မရွိျခင္းေၾကာင့္ အခ်ိန္မီ ေဆး၀ါးကုသမႈမခံယူႏုိင္ဘဲ အသက္ဆုံး႐ႈံးခဲ့ရသည့္ ႏွလုံးေရာဂါ ေ၀ဒနာရွင္မ်ားကုိ ေတြ႕ျမင္ခဲ့ရေၾကာင္း၊ ေဆး၀ါးကုသမႈပညာရပ္တြင္ ေခတ္မီစက္ ကိရိယာမ်ားႏွင့္ ပညာရပ္ပုိင္းကြၽမ္းက်င္သည့္ ဆရာ၀န္ႀကီးမ်ားေပါင္းစပ္လုပ္ကုိင္ရမည္ ျဖစ္ေၾကာင္း၊ စက္ကိရိယာ ပစၥည္းမ်ား တပ္ဆင္႐ုံ၊ ေဆး႐ုံမ်ားတုိးခ်ဲ႕ေဆာက္လုပ္ေပး႐ုံျဖင့္မရဘဲ အက်ဳိးရွိစြာအသုံးခ်ႏုိင္ရန္လုိအပ္ ေၾကာင္း၊ တပ္မေတာ္တြင္ ေဆးပညာရပ္ႏွင့္ ပတ္သက္၍ ကြၽမ္းက်င္သည့္ပညာရွင္မ်ား ေပၚထြက္လာေရးအတြက္ လူသားအရင္းအျမစ္မ်ားကုိ ေမြးထုတ္ေပးခဲ့ရေၾကာင္း၊ စက္ကိရိယာမ်ားကုိ ေငြေၾကးျဖင့္ ၀ယ္ယူရႏုိင္ေသာ္လည္း လူသားအရင္းအျမစ္မ်ားကုိမႈ အခ်ိန္အတုိင္းအတာတစ္ခုအထိ အရင္းအႏွီးမ်ားစြာျဖင့္ ေမြးထုတ္ရျခင္းျဖစ္ေၾကာင္း၊ ယခင္က ျပင္ပေဆးတကၠသုိလ္မွ ဘြဲ႕ရ ဆရာ၀န္မ်ားအား စစ္ဘက္ဆရာ၀န္အျဖစ္ ခန္႕အပ္တာ၀န္ေပးအပ္ခဲ့ၿပီး ေနာက္ပုိင္းတြင္ တပ္မေတာ္ ေဆးတကၠသုိလ္ဖြင့္လွစ္္၍ ေဆးပညာရပ္ဆုိင္ရာမ်ားကုိ သင္ၾကားကာ လူသားအရင္းအျမစ္မ်ား ေမြးထုတ္ေပးခဲ့ေၾကာင္း၊ လက္ရွိအခ်ိန္အထိ တပ္မေတာ္ေဆးတကၠသုိလ္မွ ေဆးဘက္ဆုိင္ရာ ပညာရွင္ ၄၇၀၀ ဦးခန္႕ႏွင့္ သြားဘက္ဆုိင္ရာပညာရွင္ ၆၀ ေက်ာ္ကုိေမြးထုတ္ေပးႏုိင္ခဲ့ၿပီး မဟာဘြဲ႕ ရရွိသူ ၁၆၀၀ ခန္႕၊ ပါရဂူဘြဲ႕ရရွိသူ ၂၀၀ ခန္႕ျဖစ္ကာ တပ္မေတာ္ ေဆးဘက္ဆုိင္ရာက႑ အသီးသီးတြင္ တာ၀န္ထမ္းေဆာင္လ်က္ရွိေၾကာင္း၊ ႏုိင္ငံတကာသုိ႕ေစလႊတ္၍လည္း ေဆးပညာရပ္ မ်ားသင္ယူေစျခင္း၊ ေဆးပညာရပ္ဆုိင္ရာ ႏွီးေႏွာဖလွယ္ပြဲမ်ား၊ ညီလာခံမ်ား တက္္ေရာက္ေစျခင္း၊ မိမိႏုိင္ငံသုိ႕ဖိတ္ေခၚျပဳလုပ္ျခင္းမ်ား ေဆာင္ရြက္လ်က္ရွိေၾကာင္း၊ လက္ရွိအခ်ိန္အထိ ျပည္ပ ႏုိင္ငံမ်ားတြင္ ေဆးပညာရပ္ဆုိင္ရာ သင္တန္းတက္္ေရာက္ခဲ့ၿပီး ဘြဲ႕ရရွိမႈအေနျဖင့္ ပါရဂူဘြဲ႕ ၁၅ ဦး၊ မဟာဘြဲ႕ ၃၁ ဦး၊ ဒီပလုိမာဘြဲ႕ ၁၂၅ ဦးႏွင့္ ေအာင္လက္မွတ္ရရွိသူ ၂၄၀ ဦးအပါအ၀င္ စုစုေပါင္း ဦးေရ ၄၀၀ ေက်ာ္အား ေမြးထုတ္ေပးႏုိင္ခဲ့ေၾကာင္း၊ မိမိထက္ ၀ါရင့္ပညာရွင္မ်ား၏ လက္တြဲသင္ယူမႈ၊ ေလ့က်င့္မႈမ်ားျဖင့္ အမ်ားျပည္သူမ်ားကုိ ေဆး၀ါးကုသရာတြင္ ထိေရာက္စြာ ေဆာင္ရြက္သြားရန္ ရွင္းလင္း ေျပာၾကားသည္။

ထုိ႕အျပင္ တပ္မေတာ္အေနျဖင့္ ၂၀၁၂ ခုႏွစ္မွစ၍ ပါရဂူူမ်ား၊ ေဆးမွဴးမ်ား၊ သူနာျပဳမ်ားႏွင့္ ေ႐ြ႕လ်ားခြဲစိတ္ကုသယာဥ္မ်ား ပါ၀င္ေသာနယ္လွည့္အထူးကုေဆးအဖြဲ႕မ်ား ဖြဲ႕စည္း ေစလႊတ္ကာ ေ၀းလံေခါင္းပါးေသာေဒသမ်ားသုိ႕ ေဆး၀ါးကုသမႈမ်ား ေဆာင္ရြက္ေပးလ်က္ရွိေၾကာင္း၊ ေဒသခံျပည္သူမ်ားမွလည္း လႈိက္လႈိက္လွဲလွဲႀကိဳဆုိခဲ့ၾကၿပီး က်န္းမာေရး ေစာင့္ေရွာက္ေပးမႈမ်ား အတြက္ ေက်းဇူးတင္လ်က္္ရွိၾကေၾကာင္း၊ က်န္္းမာေရးအတြက္ ေလ႐ႈ လမ္းေလွ်ာက္ ေရမ်ားမ်ား ေသာက္ ဟူေသာစကားရပ္ႏွင့္ အခ်ဳိ အငန္ အဆီ ေလွ်ာ့စား ဟူေသာစကားရပ္တုိ႕ႏွင့္အညီ လုိက္နာေဆာင္ရြက္ရမည္ ျဖစ္ေၾကာင္း၊ မိမိ က်န္းမာေရးကုိ ထိခုိက္ေစႏုိင္သည့္ အရက္၊ ေဆးလိပ္၊ ကြမ္း၊ အခ်ဳိမႈန္႕၊ အေရာင္တင္မႈန္႕မ်ားကုိ ေရွာင္ၾကဥ္ရမည္ျဖစ္ေၾကာင္း၊ ေဆး၀ါးကုသမႈတြင္ က်န္းမာေရး ၀န္ထမ္းမ်ား၏ ျပဳမူဆက္ဆံမႈသည္ အေရးႀကီးၿပီး ၿပံဳးၿပံဳးရႊင္ရႊင္၊ ေႏြးေထြးၾကင္နာစြာ ျပဳမူဆက္ဆံ ျခင္းျဖင့္ လူနာ၏ေရာဂါသက္သာမႈကုိ ျဖစ္ေစႏုိင္ေၾကာင္း၊ ပင္ကုိယ္မက်န္းမာသူကုိ ျပဳမူဆက္ဆံမႈ မေကာင္းပါက ေရာဂါပုိမုိ ဆုိး႐ြားေစႏုိင္ၿပီး စိတ္အားငယ္မႈကုိ ျဖစ္ေစႏုိင္ေၾကာင္း၊ ေဆးတပ္ဖြဲ႕၀င္မ်ားအေနျဖင့္ တပ္မေတာ္သားမိသားစုမ်ားကုိသာမက တုိင္းရင္းသားျပည္သူမ်ား၏ က်န္းမာေရး ေစာင့္ေရွာက္မႈလုပ္ငန္းမ်ားကုိပါ ေအာင္ျမင္စြာ ေဆာင္ရြက္ေပးလ်က္ရွိသည့္အတြက္ ၀မ္းသာဂုဏ္ယူအသိအမွတ္ျပဳပါေၾကာင္း၊ ေဆးပညာသည္ ခက္ခဲသည့္ ပညာရပ္တစ္ခု ျဖစ္သည့္အတြက္ စနစ္တက်ျဖင့္ သင္ၾကား ရမည္ျဖစ္ၿပီး သင္ယူသူကလည္း စိတ္ပါ၀င္စားစြာျဖင့္ တတ္ေျမာက္ေအာင္ သင္ယူ ရမည္ျဖစ္ေၾကာင္း၊ ဆရာ၀န္သည္ မွား၍မရသျဖင့္ ေစ့စပ္ေသခ်ာစြာ ေဆာင္ရြက္ၾကရ မည္ျဖစ္ေၾကာင္းႏွင့္ ေကာင္းမြန္သည့္ အစဥ္အလာမ်ားအား လက္ဆင့္ကမ္းဆက္လက္ ထိန္းသိမ္းေဆာင္ရြက္သြားၾကရမည္ျဖစ္ေၾကာင္းျဖင့္ ေျပာၾကားသည္။

ထုိ႕ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္မ်ားသည္ ႏွလုံးေဆးကုသမႈဌာနအား လွည့္လည္ၾကည့္႐ႈၾကၿပီး ႏွလုံးေရာဂါဆုိင္ရာေဆး၀ါးကုသမႈခံယူလ်က္ရွိသည့္ လူနာမ်ားအား တစ္ဦးခ်င္း ရင္းရင္းႏွီးႏွီးေမးျမန္း အားေပးစကားေျပာၾကားကာ အမွတ္တရလက္ေဆာင္ ပစၥည္းမ်ားေပးအပ္သည္။ ယင္းေနာက္ ဓာတ္ေရာင္ျခည္ကုသမႈေဆာင္ႏွင့္ ကင္ဆာေရာဂါခြဲစိတ္ ကုသေဆာင္ ေဆာက္လုပ္ေနမႈ အေျခအေနမ်ားအား သြားေရာက္ၾကည့္႐ႈစစ္ေဆးခဲ့ၿပီး လုိအပ္ သည္မ်ား မွာၾကားခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။