တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထုံးဘိုမြို့ရှိ နို့စား နွား မွေးမြူရေး စီမံကိန်းနှင့် နန်းမြို့တွင်းရှိရှေးဟောင်းအမြောက်ပြတိုက် ဆောက်လုပ်နေမှုများအားသွား ရောက်ကြည့် ရှုစစ်ဆေး၊ စကျင်ကျောက်တော်ကြီးအား မြတ်စွာဘုရား၏ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအဖြစ် ထုဆစ်ကိုး ကွယ်ရန်ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှု

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထုံးဘိုမြို့ရှိ နို့စား နွား မွေးမြူရေး စီမံကိန်းနှင့် နန်းမြို့တွင်းရှိရှေးဟောင်းအမြောက်ပြတိုက် ဆောက်လုပ်နေမှုများအားသွား ရောက်ကြည့် ရှုစစ်ဆေး၊ စကျင်ကျောက်တော်ကြီးအား မြတ်စွာဘုရား၏ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအဖြစ် ထုဆစ်ကိုး ကွယ်ရန်ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှု

နေပြည်တော် ဒီဇင်ဘာ ၈

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ညှိနှိုင်း ကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ)ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်စွာလင်းနှင့် အဖွဲ့ဝင်များလိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ ထုံးဘိုနို့စားနွားမွေးမြူရေးစီမံကိန်း၊ နန်းမြို့တွင်းရှိ ရှေးဟောင်းအမြောက်ပြတိုက်ဆောက်လုပ်နေမှုများနှင့် မတ္တရာမြို့နယ်ရှိ စကျင်ကျောက်တော်ကြီးအား မြတ်စွာဘုရား၏ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအဖြစ် ထုဆစ် ကိုးကွယ်ရန်ဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် နို့စားနွား မွေးမြူရေးစီမံကိန်း ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုရာ တာဝန်ရှိသူတစ်ဦးက မွေးမြူရေးဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေများအား ရှင်းလင်းတင်ပြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များမှာကြားခဲ့ သည်။

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် နန်းမြို့တွင်း ရှိ မြနန်းစံကျော်ရွှေနန်းတော်အနီး တပ်မတော်နှင့် မန္တလေးမြို့၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနတို့မှ ပူးပေါင်းဆောက်လုပ်လျက်ရှိသည့် ရှေးဟောင်းအမြောက် ပြတိုက်အားသွားရောက်ကြည့်ရှုရာ တာဝန်ရှိသူများနှင့် မန္တလေးမြို့၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ဦးဇော်ထွန်း တို့က ဆောက်လုပ်လျက်ရှိသည့် အခြေအနေများအား ရှင်းလင်းတင်ပြကြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ရှေးဟောင်းအမွေအနှစ်များကို မူလ လက်ရာမပျက် ထိန်းသိမ်း စောင့်ရှောက်ရမည်ဖြစ်ပြီး သဘာဝဘေးအန္တရာယ်ဒဏ်ခံနိုင်ရေးနှင့် ရေစီးရေလာ ကောင်းမွန်ရေးတို့အတွက် စနစ်တကျ ဆောင်ရွက်သွားရန် လိုအပ်သည်များ မှာကြားခဲ့ သည်။

ယင်းနောက် နန်းမြို့တွင်းရှိ ရတနာပုံရွှေမြို့တော်ကြီး မြို့တည်နန်းတည်သည့် ၁၂၁၈ ခုနှစ်တွင် တူးဖော်ခဲ့သော သမိုင်းဝင် တောင်ဥယျာဉ်ကန်တော်ကို ပြုပြင်ထိန်းသိမ်း ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအား သွားရောက်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် မတ္တရာမြို့နယ်၊ စကျင်ကျေးရွာရှိ စကျင်တောင်တော်မှ ထွက်ရှိသော အလေးချိန် ၁၀၈၉၀ တန်ချိန်ရှိ စကျင်ကျောက်တော်ကြီးအား ဉာဏ်တော် ၆၃ ပေရှိ မြတ်စွာဘုရား၏ ထိုင်တော်မှု ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအဖြစ် ထုဆစ်ကိုးကွယ်ရန် ပြင်ဆင်ဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှုသည်။ ဦးစွာ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တာဝန်ရှိသူများနှင့် စကျင်ကျောက် တော်ကြီး အလှူရှင် ဦးအောင်ခိုင်သန်းတို့က ကျောက်တော်ကြီးဆိုင်ရာအချက်အလက် များအား ရှင်းလင်းတင်ပြကြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များ ပြန်လည်ညှိနှိုင်းဆွေးနွေးခဲ့သည်။

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စကျင်ကျေးရွာရှိ အနန္တဂုဏ် ပန်းတမော့လုပ်ငန်းသို့ သွားရောက်၍ မြန်မာ့ရိုးရာ ပန်းဆယ်မျိုးမှ ပန်းတမော့ပညာကို အသုံးပြုပြီး စကျင်ကျောက်များဖြင့် ဘုရားဆင်းတု တော်များ၊ အထင်ကရပုဂ္ဂိုလ်များ၊ အလှဆင်ပစ္စည်းများ၊ အသုံးအဆောင်ပရိဘောဂ ပစ္စည်း ပုံသဏ္ဍန်အမျိုးမျိုးတို့အား ပုံဖော်ထုဆစ်ထားရှိမှုများကို ကြည့်ရှုလေ့လာကြကာ သိရှိလိုသည်များမေးမြန်းဆွေးနွေးခဲ့သည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ထုံးဘိုၿမိဳ႕ရွိ ႏို႔စား ႏြား ေမြးျမဴေရး စီမံကိန္းႏွင့္ နန္းၿမိဳ႕တြင္းရွိေရွးေဟာင္းအေျမာက္ျပတိုက္ ေဆာက္လုပ္ေနမႈမ်ားအားသြား ေရာက္ၾကည့္ ရႈစစ္ေဆး၊ စက်င္ေက်ာက္ေတာ္ႀကီးအား ျမတ္စြာဘုရား၏ဗုဒၶ ႐ုပ္ပြားေတာ္ျမတ္ျ ကီးအျဖစ္ ထုဆစ္ကိုး ကြယ္ရန္ေဆာင္႐ြက္ေနမႈအား သြားေရာက္ၾကည့္ရႈ

ေနျပည္ေတာ္ ဒီဇင္ဘာ ၈

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္သည္ ညႇိႏႈိင္း ကြပ္ကဲေရးမႉး(ၾကည္း၊ ေရ၊ ေလ) ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦး၊ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေရ)ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ႏွင့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ အလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉး ဗိုလ္ခ်ဳပ္ ေက်ာ္စြာလင္းႏွင့္ အဖြဲ႕ဝင္မ်ားလိုက္ပါလ်က္ ယေန႔မြန္းလြဲပိုင္းတြင္ အလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ရွိ ထုံးဘိုႏို႔စားႏြားေမြးျမဴေရးစီမံကိန္း၊ နန္းၿမိဳ႕တြင္းရွိ ေရွးေဟာင္းအေျမာက္ျပတိုက္ေဆာက္လုပ္ေနမႈမ်ားႏွင့္ မတၱရာၿမိဳ႕နယ္ရွိ စက်င္ေက်ာက္ေတာ္ႀကီးအား ျမတ္စြာဘုရား၏ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီးအျဖစ္ ထုဆစ္ ကိုးကြယ္ရန္ေဆာင္႐ြက္ေနမႈမ်ားအား သြားေရာက္ၾကည့္ရႈစစ္ေဆးသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ ႏို႔စားႏြား ေမြးျမဴေရးစီမံကိန္း ေဆာင္႐ြက္ေနမႈမ်ားကို သြားေရာက္ၾကည့္ရႈရာ တာဝန္ရွိသူတစ္ဦးက ေမြးျမဴေရးေဆာင္႐ြက္ေနမႈမ်ားႏွင့္ ဆက္လက္ေဆာင္႐ြက္သြားမည့္အေျခအေနမ်ားအား ရွင္းလင္းတင္ျပရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က လိုအပ္သည္မ်ားမွာၾကားခဲ့ သည္။

ဆက္လက္ၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕ဝင္မ်ားသည္ နန္းၿမိဳ႕တြင္း ရွိ ျမနန္းစံေက်ာ္ေ႐ႊနန္းေတာ္အနီး တပ္မေတာ္ႏွင့္ မႏၲေလးၿမိဳ႕၊ ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာနတို႔မွ ပူးေပါင္းေဆာက္လုပ္လ်က္ရွိသည့္ ေရွးေဟာင္းအေျမာက္ ျပတိုက္အားသြားေရာက္ၾကည့္ရႈရာ တာဝန္ရွိသူမ်ားႏွင့္ မႏၲေလးၿမိဳ႕၊ ေရွးေဟာင္း သုေတသနႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာနမွ ဦးေဇာ္ထြန္း တို႔က ေဆာက္လုပ္လ်က္ရွိသည့္ အေျခအေနမ်ားအား ရွင္းလင္းတင္ျပၾကသည္။ ရွင္းလင္းတင္ျပမႈမ်ားအေပၚ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္က ေရွးေဟာင္းအေမြအႏွစ္မ်ားကို မူလ လက္ရာမပ်က္ ထိန္းသိမ္း ေစာင့္ေရွာက္ရမည္ျဖစ္ၿပီး သဘာဝေဘးအႏၲရာယ္ဒဏ္ခံႏိုင္ေရးႏွင့္ ေရစီးေရလာ ေကာင္းမြန္ေရးတို႔အတြက္ စနစ္တက် ေဆာင္႐ြက္သြားရန္ လိုအပ္သည္မ်ား မွာၾကားခဲ့ သည္။

ယင္းေနာက္ နန္းၿမိဳ႕တြင္းရွိ ရတနာပုံေ႐ႊၿမိဳ႕ေတာ္ႀကီး ၿမိဳ႕တည္နန္းတည္သည့္ ၁၂၁၈ ခုႏွစ္တြင္ တူးေဖာ္ခဲ့ေသာ သမိုင္းဝင္ ေတာင္ဥယ်ာဥ္ကန္ေတာ္ကို ျပဳျပင္ထိန္းသိမ္း ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ထားရွိမႈအား သြားေရာက္ၾကည့္ရႈခဲ့ၿပီး လိုအပ္သည္မ်ား မွာၾကားခဲ့သည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕ဝင္မ်ားသည္ မတၱရာၿမိဳ႕နယ္၊ စက်င္ေက်း႐ြာရွိ စက်င္ေတာင္ေတာ္မွ ထြက္ရွိေသာ အေလးခ်ိန္ ၁၀၈၉၀ တန္ခ်ိန္ရွိ စက်င္ေက်ာက္ေတာ္ႀကီးအား ဉာဏ္ေတာ္ ၆၃ ေပရွိ ျမတ္စြာဘုရား၏ ထိုင္ေတာ္မႈ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီးအျဖစ္ ထုဆစ္ကိုးကြယ္ရန္ ျပင္ဆင္ေဆာင္႐ြက္ေနမႈမ်ားအား သြားေရာက္ၾကည့္ရႈသည္။ ဦးစြာ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တာဝန္ရွိသူမ်ားႏွင့္ စက်င္ေက်ာက္ ေတာ္ႀကီး အလႉရွင္ ဦးေအာင္ခိုင္သန္းတို႔က ေက်ာက္ေတာ္ႀကီးဆိုင္ရာအခ်က္အလက္ မ်ားအား ရွင္းလင္းတင္ျပၾကရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က လိုအပ္သည္မ်ား ျပန္လည္ညႇိႏႈိင္းေဆြးေႏြးခဲ့သည္။

ဆက္လက္ၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ စက်င္ေက်း႐ြာရွိ အနႏၲဂုဏ္ ပန္းတေမာ့လုပ္ငန္းသို႔ သြားေရာက္၍ ျမန္မာ့႐ိုးရာ ပန္းဆယ္မ်ိဳးမွ ပန္းတေမာ့ပညာကို အသုံးျပဳၿပီး စက်င္ေက်ာက္မ်ားျဖင့္ ဘုရားဆင္းတု ေတာ္မ်ား၊ အထင္ကရပုဂၢိဳလ္မ်ား၊ အလွဆင္ပစၥည္းမ်ား၊ အသုံးအေဆာင္ပရိေဘာဂ ပစၥည္း ပုံသ႑န္အမ်ိဳးမ်ိဳးတို႔အား ပုံေဖာ္ထုဆစ္ထားရွိမႈမ်ားကို ၾကည့္ရႈေလ့လာၾကကာ သိရွိလိုသည္မ်ားေမးျမန္းေဆြးေႏြးခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။