တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၀)သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားသို့တက်ရောက် မိန့်ခွန်းပြောကြား

နေပြည်တော်၊ ဒီဇင်ဘာ – ၁၇

တပ်မတော်(ကြည်း၊ရေ၊လေ)အတွက်လိုအပ်သော လက်ရုံးရည်၊ နှလုံးရည် ပြည့်ဝသည့် ဆေးသိပ္ပံ ပညာရှင်အရာရှိကောင်းများ မွေးထုတ်ပေးရန်ဆိုသည့် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်သင်ကြားလျက် ရှိသည့် တပ်မတော်ဆေးတက္ကသိုလ်၏ ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၀)သင်တန်းဆင်း ဂုဏ်ပြု စစ်ရေးပြအခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ အဆိုပါတပ်မတော်ဆေးတက္ကသိုလ် စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်တက်ရောက်၍ မိန့်ခွန်းပြောကြားပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် တင်အောင်စန်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် မောင်မောင်ကျော်နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့်ဇနီးများ၊ တိုင်းမှူးများ၊ တပ်မတော်ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီး နှင့် မင်္ဂလာဒုံတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ ဖိတ်ကြားထားသည့်ဧည့်သည် တော်များ၊ သင်တန်းဆင်းဗိုလ်လောင်းများ၏ မိဘဆွေမျိုးများတက်ရောက်ကြသည်။

အခမ်းအနားအစီအစဉ်အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က ဗိုလ်လောင်းတပ်ခွဲများ၏ အလေးပြုခြင်းကိုခံယူပြီးနောက် ကျောင်းဆင်း ဗိုလ်လောင်းတပ်ခွဲကို စစ်ဆေးသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ဗိုလ်လောင်း တပ်ခွဲများက အနှေးလျှောက်၊ အမြန်လျှောက်တို့ဖြင့် ချီတက်အလေးပြုကြသည်။

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၀)မှ အောင်စစ်သည်ဆုရရှိသူ ဗိုလ်လောင်းအမှတ် ၅၄၃၉ ဗိုလ်လောင်း ဟိန်းမင်းခန့်၊ လေ့ကျင့်ရေး ထူးချွန်ဆုရရှိသူ ဗိုလ်လောင်းအမှတ် ၅၄၁၁ ဗိုလ်လောင်း ဇင်ကိုကိုအောင်၊ စာပေထူးချွန်ဆုရရှိသူ ဗိုလ်လောင်းအမှတ် ၅၄၃၁ ဗိုလ်လောင်း ရဲကျော်ဖြိုး တို့အား ဆုများအသီးသီးပေးအပ်ချီးမြှင့်သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မိန့်ခွန်းပြောကြားရာ၌ တပ်မတော်အရာရှိ ဆရာဝန်ကောင်းများ ဖြစ်လာစေရန်လေ့ကျင့်ပျိုးထောင်မွေးထုတ် ပေးနိုင်မှုနှင့် ပတ်သက်၍-

“တပ်မတော်(ကြည်း၊ ရေ၊ လေ) အတွက် လိုအပ်သော လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝသည့် ဆေးသိပ္ပံ ပညာရှင် အရာရှိကောင်းများ မွေးထုတ်ပေးရန် ဟူသည့် ရည်ရွယ်ချက်ဖြင့် တပ်မတော် ဆေးတက္ကသိုလ်က တပ်မတော်အရာရှိဆရာဝန်များ လေ့ကျင့်မွေးထုတ်ပေးလျက်ရှိကြောင်း၊ ထိုသို့ လေ့ကျင့် မွေးထုတ်ပေးလျက်ရှိရာ ယနေ့အချိန်အထိ ကျောင်းဆင်းအရာရှိဆရာဝန် ၄၀၀၀ ကျော်ကို မွေးထုတ်ပေးနိုင် ခဲ့ပြီး ဆေးပညာမဟာသိပ္ပံဘွဲ့ ၂၁၃၆ ဦး၊ ပါရဂူဘွဲ့ ၁၃၈ ဦး၊ ဆေးပညာ ဘွဲ့လွန်ဒီပလိုမာ ၁၈၉ ဦးနှင့် ဆေးပညာသင်ကြားရေး ဘွဲ့လွန်ဒီပလိုမာ ၂၀၇ ဦးတို့ကိုလည်း ထပ်မံလေ့ကျင့် မွေးထုတ်ပေးနိုင်ခဲ့သည့်အတွက် တာဝန်ကျရာ ဒေသအသီးသီးတွင် တပ်မတော်နှင့် နိုင်ငံတော်၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၌ အားသွန် ခွန်စိုက် လုပ်ကိုင်ဆောင်ရွက် နေကြသည်ကို ဂုဏ်ယူဝမ်းမြောက်ဖွယ်တွေ့မြင်ရမည် ဖြစ်ကြောင်း” ပြောကြားသည်။

ဆက်လက်ပြီး တိုက်ပွဲဝင်စစ်သည်များအား ကျန်းမာရေးဆိုင်ရာကာကွယ် စောင့်ရှောက်ပေးမှုနှင့် ပတ်သက်၍-

“ကျန်းမာကြံ့ခိုင် တိုက်နိုင်ရန် ဟူသည့် ဆောင်ပုဒ်နှင့်အညီ မိမိတို့တပ်မတော်သားများ၏ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ခေတ်မီဆေးပညာရပ်များ ကျွမ်းကျင်တတ်မြောက်သည့် တပ်မတော်အရာရှိဆရာဝန်များအဖြစ် နိုင်ငံတော်နှင့် တပ်မတော်က အချိန်၊ ငွေကြေးများစွာ ရင်းနှီးမြှပ်နှံပြုစု ပျိုးထောင်မွေးထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ မိမိတို့၏ ကျွမ်းကျင်မှုနှင့် ကျန်းမာရေးစောင့်ရှောက်ပေးမှုများသည် တပ်မတော်သားများ၏ ကျန်းမာ ကြံ့ခိုင်ရေး အတွက် အလွန်အရေးကြီးသည့် တာဝန်တစ်ရပ်ဖြစ်ပြီး တပ်မတော်အင်အား တောင့်တင်းခိုင်မာရေး အတွက် အခြေခံလိုအပ်ချက်လည်းဖြစ်ကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးစွမ်းပကားမြင့်မားစေရေးကို တစ်ဖက်တစ်လမ်းက အထောက်အကူ ပြုလျက်ရှိသည်ကို နားလည်သိရှိထားရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်နှင့် တပ်မတော်အပေါ် သစ္စာစောင့်သိပြီး အမိန့်နာခံမှုကောင်းရန်နှင့် တပ်မတော်သား ကောင်း တစ်ယောက်ဖြစ်ရေး အခြေခံအကျဆုံးဖြစ်သည့် စစ်သည်တော်ကျင့်ဝတ်များကို တိတိကျကျ လိုက်နာစောင့်ထိန်းသွားကြရမည်ဖြစ်ကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် မိမိတို့ တတ်ကျွမ်းသည့် ဆေးပညာရပ်များကို ပိုင်နိုင်စွာအသုံး ချနိုင်ရန် လိုအပ်သကဲ့သို့ “စေတနာ၊ အကြင်နာ၊ ဘေးကင်းကွာ” ဆိုသည့် ဆေးတပ်ဖွဲ့၏ ဆောင်ပုဒ်နှင့်အညီ စေတနာထားပြီး လုပ်ကိုင်ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ ဆရာဝန်တစ်ဦး ဖြစ်သည်နှင့်အညီ ဆေးပညာကျင့်ဝတ်၊ ဆရာဝန်ကျင့်ဝတ်နှင့် လောကကျင့်ဝတ်များကို စောင့်ထိန်း လိုက်နာပြီး အဓိဋ္ဌာန်ပြုခဲ့သည့် ဆေးပညာကတိသစ္စာ ၉ ချက်ကို အမြဲဆင်ခြင် နှလုံး သွင်းထားကြ ရမည်ဖြစ်ကြောင်း”ပြောကြားသည်။

လက်ရုံးရည်၊ နှလုံးရည် ပြည့်ဝသည့် ဆေးသိပ္ပံပညာရှင်များ ဖြစ်အောင် အမြဲလေ့ကျင့်နေရန် လိုအပ်မှုနှင့်ပတ်သက်၍-

“ယနေ့ခေတ်သည် သိပ္ပံနှင့်နည်းပညာခေတ်ဖြစ်သည်နှင့်အညီ ဆေးသိပ္ပံ ပညာရပ် နယ်ပယ်သည် လည်း တစ်နေ့တခြား တိုးတက်ပြောင်းလဲနေသည်ကို လေ့လာ တွေ့ရှိရမည်ဖြစ်ကြောင်း၊ ဆန်းသစ် ပြောင်းလဲလာသည့်ကုထုံးနှင့် ဆေးဝါးကိရိယာ အသစ်များ ပေါ်ပေါက်လာသကဲ့သို့ ထူးခြားဆန်းပြား သည့် ရောဂါဘယများကလည်း ဆေးပညာလောကကို စိန်ခေါ်လျက်ရှိနေကြကြောင်း၊ ယင်းတို့ကို ရင်ဆိုင်ကျော်လွှား နိုင်ရန်အတွက် ဆေးသိပ္ပံဆိုင်ရာပညာရပ်များကို စဉ်ဆက်မပြတ် လေ့လာဆည်းပူး သွားကြရမည် ဖြစ်သကဲ့သို့ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သည့် ဆေးသိပ္ပံပညာ ရှင်များဖြစ်ရန် လည်း တပ်မတော်ဆေးတက္ကသိုလ်က သင်ကြားပေးလိုက်သည့် ဆေးပညာရပ်များမှတစ်ဆင့် အဆင့်မြင့်ပညာရပ်များကို ဆက်လက်ဆည်းပူးလေ့လာ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း” ပြောကြားသည်။

ဆေးပညာ မဟာသိပ္ပံသင်တန်းနှင့် ဘာသာရပ်များ တိုးမြှင့်သင်ကြားပေး နိုင်ရေးဆောင်ရွက်နေမှုနှင့် ပတ်သက်၍-

“တပ်မတော်ဆေးတက္ကသိုလ်အနေဖြင့် ကမ္ဘာ့ဆေးပညာသင်ကြားရေး အဖွဲ့အစည်း (World Federation for Medical Education) ၏ အသိအမှတ်ပြု လက်မှတ်ရရှိခဲ့ပြီးဖြစ်သည့်အပြင် မြန်မာနိုင်ငံဆေးကောင်စီအသိအမှတ်ပြုကော်မတီ (Myanmar Medical Council Accreditation Committee-MMCAC) ၏ မူများနှင့်အညီ လိုက်ပါလုပ်ဆောင်လျက်ရှိပြီး အရည်အသွေးမြင့်ဆေးပညာ သင်ကြားရေး (Quality Medical Education)ဖြစ်ရန်လည်း ဆောင်ရွက်လျက်ရှိ ကြောင်း။

ဆေးပညာသင်ကြားရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ၊ စာတမ်းဖတ်ပွဲများ ကျင်းပခြင်းကို အခါ အားလျော်စွာ အရပ်ဘက်တက္ကသိုလ်များ၊ နိုင်ငံတကာ ဆေးတပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိသကဲ့သို့ နှစ်စဉ်ကျင်းပပြုလုပ်နေသည့် တပ်မတော်ဆေးပညာဆိုင်ရာ နှီးနှောဖလှယ်ပွဲများတွင်လည်း စာတမ်းဖတ်ပွဲများနှင့် ပိုစတာပြပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သင်ကြားရေး ပိုင်းတွင်လည်း Integrated Curriculum ကို ၂၀၁၇ ခုနှစ်မှစပြီး ပြောင်းလဲ သင်ကြားပေးလျက်ရှိသကဲ့သို့ ဘွဲ့ကြိုသင်တန်းများနှင့် ဘွဲ့လွန်သင်တန်းများတွင်လည်း ဆေးပညာ အဆင့်အတန်းမြင့်မားရေးအတွက် သင်ရိုးညွှန်းတန်းများနှင့် အကဲဖြတ်စနစ်များ ပြောင်းလဲ ပြင်ဆင်ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုသင်ရိုး ညွှန်းတမ်းများသည် ကျောင်းသားကို ဗဟိုပြု သင်ကြားသည့် ပြဿနာအခြေပြု သင်ကြားခြင်း (Problem Based Learning) ဖြစ်၍ အကြောင်းအရာတစ်ခုကို သုတေသနအတွေးအခေါ်နှင့် အဖြေရှာတတ်သည့် အလေ့အကျင့် ကောင်းကို ငယ်စဉ်ကတည်းက ရရှိသွားမည်ဖြစ်ကြောင်း၊ ထို့ပြင် ဆရာဝန် တစ်ယောက် ထားရှိအပ်သည့် ကျင့်ဝတ်နှင့် လုပ်ထုံးလုပ်နည်းများကိုပါ ထည့်သွင်း သင်ကြားပေးထားသောကြောင့် အနာဂတ်တွင် ဆက်လက်ကျင့်ကြံနေထိုင်သွားရမည့် အခြေခံကောင်းများကို အုတ်မြစ်ချပေး လိုက်ခြင်းပင်ဖြစ်ကြောင်း” ပြောကြားသည်။

ဆက်လက်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအကျဆုံး လိုအပ်ချက်ဖြစ်သည့် လူသားအရင်းအမြစ်ပေါကြွယ်ဝရန် လိုအပ်မှုနှင့်ပတ်သက်၍-

“ယနေ့(၂၁)ရာစုတွင် တစ်ကမ္ဘာလုံးကို ဆက်စပ်ယှက်နွယ် ပြောင်းလဲစေသည့် သိပ္ပံနှင့်နည်းပညာရပ် များသည် လူ့အဖွဲ့အစည်းနှင့်တကွ လူသားတစ်ဦးချင်းစီကိုပါ အရှိန်အဟုန်ပြင်းစွာ လွှမ်းမိုး သက်ရောက်လျက်ရှိကြောင်း၊ နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှု၊ ဓနအင်အား ပြည့်စုံကြွယ်ဝမှုတို့သည် သိပ္ပံနှင့်နည်းပညာဆိုင်ရာ သီအိုရီအသစ်များကို ဖော်ထုတ်ရယူ အသုံးချနိုင်မှုအပေါ်တွင် မူတည် နေသည့်အတွက် ကမ္ဘာ့နိုင်ငံအသီးသီးသည် ပညာရေးဆိုင်ရာမြှင့်တင်မှုများကို အလေးထား ဆောင်ရွက်လျက် ရှိနေကြကြောင်း၊ လူ့အဖွဲ့အစည်းတစ်ရပ် ဖွံ့ဖြိုးတိုးတက်ရန်အတွက် အခြေခံ အကျဆုံး လိုအပ်ချက်သည် ကျန်းမာရေးဖြစ်ပြီး ဉာဏ်ရည်မြင့်မားခြင်းကိုလည်း အထောက်အကူ ဖြစ်စေကြောင်း၊ ထို့ကြောင့် ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးသည် မျိုးဆက် တစ်ဆက်ပြီး တစ်ဆက် မြင့်မားသည်ထက်မြင့်မားအောင် အလေးထား ဆောင်ရွက်ရမည့်လုပ်ငန်းဖြစ်ကြောင်း။

နိုင်ငံတစ်နိုင်ငံတွင် သဘာဝသယံဇာတ မည်မျှပေါကြွယ်ဝသည်ဖြစ်စေ လူသား အရင်း အမြစ်ကြွယ်ဝမှုမရှိပါက နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုကို ထိထိရောက်ရောက် မလုပ်ဆောင်နိုင် သောကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးသည် လူသားအရင်းအမြစ် ပေါကြွယ်ဝရေး မဟာဗျူဟာ၊ နည်းဗျူဟာများ ချမှတ်လုပ်ဆောင်နေကြသည်ကို လေ့လာတွေ့ရှိရမည်ဖြစ်ကြောင်း၊ လူသား အရင်းအမြစ်ဆိုသည်မှာ အသိပညာ၊ အတတ်ပညာအပြင် ကျန်းမာကြံ့ခိုင်မှုလည်း တစ်စိတ်တစ်ပိုင်း ပါဝင်နေသကဲ့သို့ စည်းကမ်းတကျ လုပ်ဆောင်တတ်ရန်လည်း လိုအပ်ကြောင်း၊ ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံတော်အဖြစ် တည်ဆောက်ရာတွင် အသိပညာတစ်ခုတည်းနှင့် တည်ဆောက်၍ မရသကဲ့သို့ အတတ်ပညာတစ်ခုတည်းနှင့်လည်း တည်ဆောက်၍မရနိုင်သည်ကို သတိပြုရမည် ဖြစ်ကြောင်း၊ ဆေးသိပ္ပံပညာရပ်နယ်ပယ်တွင် အသိပညာနှင့် အတတ်ပညာနှစ်မျိုး ပေါင်းစပ်ပြီး နှံ့နှံ့စပ်စပ် ကျွမ်းကျင်တတ်မြောက်အောင် ဆည်းပူးလေ့လာရုံမျှမကဘဲ ကျန်းမာကြံ့ခိုင်အောင် လေ့ကျင့်နေကြမှသာလျှင် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် လူ့ဘောင်အဖွဲ့အစည်းကြီးကို တည်ဆောက် နိုင်မည် ဖြစ်ကြောင်း” ပြောကြားသည်။

တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုများကို အရှိန်အဟုန် မြှင့်ဆောင်ရွက်ပေးရန် လိုအပ်မှုနှင့် ပတ်သက်၍-

“တပ်မတော်သည် အဓိကလုပ်ငန်းတာဝန်ကြီး ၃ ခုဖြစ်သည့် နိုင်ငံတော် ကာကွယ်ရေးတာဝန်၊ လေ့ကျင့်ရေးတာဝန်၊ ပြည်သူ့အကျိုးပြုလုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်လျက် ရှိကြောင်း၊ ၎င်းတာဝန်များထဲမှ ပြည်သူ့အကျိုးပြုလုပ်ငန်းတာဝန်ကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာတွင် နိုင်ငံသားတိုင်းကျန်းမာ ကြံ့ခိုင်စေရေးအတွက် အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို တပ်မတော် နယ်လှည့်ဆေးကုသရေးအဖွဲ့များနှင့် တစ်နိုင်ငံလုံးအနှံ့ လူမျိုး၊ ဘာသာမခွဲခြားဘဲ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တပ်မတော်နည်လှည့်ဆေးကုသရေး အဖွဲ့များ၏ တိုင်းရင်းသားပြည်သူလူထုအပေါ် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးနေခြင်းသည် ပြည်သူ့အကျိုးပြုလုပ်ငန်းတာဝန်ထမ်းဆောင်နေခြင်းဖြစ်သကဲ့သို့ ပြည်သူများ၏ အသက်ခန္ဓာများ ကာကွယ်ကုသစောင့်ရှောက်ပေးနေခြင်းဖြစ်သောကြောင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်နေခြင်းဖြစ်သည်ဟုလည်း ဆိုရမည်ဖြစ်ကြောင်း။

ထို့ပြင် ဝေးလံခေါင်ပါးသည့် နယ်မြေဒေသအချို့တွင် ကျန်းမာရေးဝန်ထမ်းနည်းပါးပြီး မဖြစ်မနေ ရှိရမည့် ဆရာဝန်များမရှိသည့်အတွက် ဒေသခံများ၏ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို တာဝန်ထမ်းဆောင်နိုင်ရန် ဆန္ဒပြုခဲ့ကြသည့် တပ်မတော်သားဆရာဝန် ၄၄ ဦးသည် ဒုတိယ အကြိမ်အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများတွင်ရှိသော ဆေးရုံများတွင် သွားရောက်တာဝန်ထမ်းဆောင်လျက် ရှိနေကြကြောင်း၊ ရိုးရိုးဆေးပညာဘွဲ့ရဆရာဝန် တစ်ယောက်ကိုပင် တွေ့ရန်မလွယ်ကူသည့်ဒေသများတွင် တပ်မတော်သား ပါရဂူဘွဲ့ရ ဆရာဝန်များနှင့် ကုသခွင့်ရခဲ့သည့်အတွက်ကြောင့် ဒေသခံတိုင်းရင်းသား ပြည်သူများအနေဖြင့် အလေးထားဝမ်းမြောက်ဝမ်းသာကြိုဆိုခဲ့ကြကြောင်း၊ ထို့ပြင် တာဝန် ထမ်းဆောင်လျက်ရှိသည့် တပ်မတော်သားဆရာဝန်များသည် တာဝန်ကျရာဒေသ အသီးသီးတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများသာမက ဒေသခံတိုင်းရင်းသားများ၏ ပညာရေးကဏ္ဍ မြှင့်တင်ရေးလုပ်ငန်းများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လူနေမှုဘဝမြှင့်တင်ရေး လုပ်ငန်းများကိုပါ လက်တွေ့ကျကျဆောင်ရွက် ပေးနိုင်ခဲ့သည်ကို ဂုဏ်ယူဖွယ်ရာမြင်တွေ့ရမည်ဖြစ်ကြောင်း။

ကျန်းမာမှ အလုပ်လုပ်နိုင်မည်၊ ပညာသင်ကြားနိုင်မည်၊ လူနေမှုဘဝ ဖွံ့ဖြိုး တိုးတက်မည် ဖြစ်သည့်အတွက် တပ်မတော်သားဆရာဝန်များအနေဖြင့် တပ်မတော်သားများနှင့် မိသားစုဝင်များ၏ ကျန်းမာရေးစောင့်ရှောက်မှုသာမက မိမိတာဝန်ကျရာ ဒေသများတွင် တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် ဝင်ရောက်ကူညီဆောင်ရွက်ပေးကြရန် အလေးအနက်ထားမှာကြား လိုကြောင်း” ပြောကြားသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် သည် ဗိုလ်လောင်းတပ်ခွဲများ၏ အလေးပြုခြင်းကို ခံယူပြီးစစ်ရေးပြအခမ်းအနားမှ ပြန်လည် ထွက်ခွာသည်။

စစ်ရေးပြအခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်သည် တပ်မတော်ဆေးတက္ကသိုလ် ဧည့်ခန်းမဆောင်၌ တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၀) မှ ထူးချွန်ဆုရရှိကြသည့် ဗိုလ်လောင်းများနှင့် ၎င်းတို့၏မိဘများအားတွေ့ဆုံ၍ ဂုဏ်ပြုအမှာစကားပြောကြားခဲ့သည်။

ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် ယခုကဲ့သို့ ထူးချွန်စွာအောင်မြင်ခဲ့ကြ သည့်အတွက် မိဘများနှင့် ထပ်တူဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ငယ်စဉ်ဘဝမှ လူလားမြောက်သည်အထိ ကျွေးမွေးပြုစု စောင့်ရှောက် ဆုံးမပေးခဲ့သည့် မိဘများ၏ ကျေးဇူးကိုသိတတ်ရန်နှင့် ကျေးဇူးဆပ်ရန်လိုအပ်သကဲ့သို့ ၇ နှစ်တာကာလလုံး ဆေးပညာနှင့် စစ်ပညာများသင်ကြားပေးခဲ့သည့် တပ်မတော်ဆေးတက္ကသိုလ်နှင့် တပ်မတော်အပေါ်၌လည်း ကျေးဇူးသစ္စာစောင့်သိရမည်ဖြစ်ကြောင်း၊ မိမိကိုယ်ကို ကောင်းမွန်အောင် ထိန်းထိန်းသိမ်းသိမ်းနေထိုင်ခြင်းအားဖြင့် ကျေးဇူးဆပ်ရာ ရောက်သည့်အတွက် ထူးချွန်သည့် ဆရာဝန်များဖြစ်စေရေး၊ အရေးကြီးသည့် တာဝန်များထမ်းဆောင်နိုင်ရေး ရည်မှန်းချက်ရှိစွာဖြင့် ကြိုးစားသွားကြစေလိုကြောင်း၊ မိမိတို့၏ရည်မှန်းချက်များ အောင်မြင်ရေး၊ မိသားစုများ၏ ရည်မှန်းချက် မပျောက်စေရေးအတွက် မိမိကိုယ်ကိုထိန်းသိမ်းပြီး မိမိဘဝကို ပျက်စီးစေနိုင်သည့် အသောက်အစား၊ အပျော်အပါးတို့ကို ပင်ကိုယ်အသိစိတ်ဖြင့် တတ်နိုင်သမျှရှောင်ကြဉ်ကြရန်လိုအပ် ကြောင်း၊ မိမိစိတ်ကိုအလိုမလိုက်ဘဲ သွားသင့်သည့်နေရာကိုသာသွားရန်၊ ပေါင်းသင့်သည့် သူကိုသာ ပေါင်းရန်၊ လုပ်သင့်သည့် အလုပ်ကိုသာ လုပ်ရန်နှင့် ပြောသင့်သည်ကိုသာပြောရန် ဟူသော သင့် ၄ သင့်ကို လိုက်နာရန်လိုအပ်ပြီး နိုင်ငံတော်၊ တပ်မတော် နှင့် မိသားစုကဂုဏ်ယူအားထား ကြရသူများဖြစ်အောင် ကြိုးစားအားထုတ်သွားကြ စေလိုကြောင်းဖြင့် အမှာစကား ပြောကြားခဲ့သည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မဟာသေရစည္သူ မင္းေအာင္လႈိင္တပ္မေတာ္ေဆးတကၠသိုလ္ ဗိုလ္ေလာင္းသင္တန္းအမွတ္စဥ္(၂၀)သင္တန္းဆင္း ဂုဏ္ျပဳစစ္ေရးျပအခမ္းအနားသို႔တက္ေရာက္ မိန႔္ခြန္းေျပာၾကား

ေနျပည္ေတာ္၊ ဒီဇင္ဘာ – ၁၇

တပ္မေတာ္(ၾကည္း၊ေရ၊ေလ)အတြက္လိုအပ္ေသာ လက္႐ုံးရည္၊ ႏွလုံးရည္ ျပည့္ဝသည့္ ေဆးသိပၸံ ပညာရွင္အရာရွိေကာင္းမ်ား ေမြးထုတ္ေပးရန္ဆိုသည့္ ရည္႐ြယ္ခ်က္ျဖင့္ ဖြင့္လွစ္သင္ၾကားလ်က္ ရွိသည့္ တပ္မေတာ္ေဆးတကၠသိုလ္၏ ဗိုလ္ေလာင္းသင္တန္းအမွတ္စဥ္(၂၀)သင္တန္းဆင္း ဂုဏ္ျပဳ စစ္ေရးျပအခမ္းအနားအား ယေန႔နံနက္ပိုင္းတြင္ ရန္ကုန္ၿမိဳ႕ရွိ အဆိုပါတပ္မေတာ္ေဆးတကၠသိုလ္ စစ္ေရးျပကြင္း၌ က်င္းပျပဳလုပ္သည္။

အခမ္းအနားသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မဟာသေရစည္သူ မင္းေအာင္လႈိင္တက္ေရာက္၍ မိန႔္ခြန္းေျပာၾကားၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ဇနီး ေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး ေဇယ်ေက်ာ္ထင္ တင္ေအာင္စန္းႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ)ဗိုလ္ခ်ဳပ္ႀကီး ေဇယ်ေက်ာ္ထင္ ေမာင္ေမာင္ေက်ာ္ႏွင့္ဇနီး၊ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္ အရာရွိႀကီးမ်ားႏွင့္ဇနီးမ်ား၊ တိုင္းမႉးမ်ား၊ တပ္မေတာ္ေဆးတကၠသိုလ္ ေက်ာင္းအုပ္ႀကီး ႏွင့္ မဂၤလာဒုံတပ္နယ္မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ဖိတ္ၾကားထားသည့္ဧည့္သည္ ေတာ္မ်ား၊ သင္တန္းဆင္းဗိုလ္ေလာင္းမ်ား၏ မိဘေဆြမ်ိဳးမ်ားတက္ေရာက္ၾကသည္။

အခမ္းအနားအစီအစဥ္အရ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မဟာသေရစည္သူ မင္းေအာင္လႈိင္က ဗိုလ္ေလာင္းတပ္ခြဲမ်ား၏ အေလးျပဳျခင္းကိုခံယူၿပီးေနာက္ ေက်ာင္းဆင္း ဗိုလ္ေလာင္းတပ္ခြဲကို စစ္ေဆးသည္။ ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္အား ဗိုလ္ေလာင္း တပ္ခြဲမ်ားက အေႏွးေလွ်ာက္၊ အျမန္ေလွ်ာက္တို႔ျဖင့္ ခ်ီတက္အေလးျပဳၾကသည္။

ဆက္လက္ၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မဟာသေရစည္သူ မင္းေအာင္လႈိင္က တပ္မေတာ္ေဆးတကၠသိုလ္ ဗိုလ္ေလာင္းသင္တန္း အမွတ္စဥ္(၂၀)မွ ေအာင္စစ္သည္ဆုရရွိသူ ဗိုလ္ေလာင္းအမွတ္ ၅၄၃၉ ဗိုလ္ေလာင္း ဟိန္းမင္းခန႔္၊ ေလ့က်င့္ေရး ထူးခြၽန္ဆုရရွိသူ ဗိုလ္ေလာင္းအမွတ္ ၅၄၁၁ ဗိုလ္ေလာင္း ဇင္ကိုကိုေအာင္၊ စာေပထူးခြၽန္ဆုရရွိသူ ဗိုလ္ေလာင္းအမွတ္ ၅၄၃၁ ဗိုလ္ေလာင္း ရဲေက်ာ္ၿဖိဳး တို႔အား ဆုမ်ားအသီးသီးေပးအပ္ခ်ီးျမႇင့္သည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က မိန႔္ခြန္းေျပာၾကားရာ၌ တပ္မေတာ္အရာရွိ ဆရာဝန္ေကာင္းမ်ား ျဖစ္လာေစရန္ေလ့က်င့္ပ်ိဳးေထာင္ေမြးထုတ္ ေပးႏိုင္မႈႏွင့္ ပတ္သက္၍-

“တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) အတြက္ လိုအပ္ေသာ လက္႐ုံးရည္၊ ႏွလုံးရည္ျပည့္ဝသည့္ ေဆးသိပၸံ ပညာရွင္ အရာရွိေကာင္းမ်ား ေမြးထုတ္ေပးရန္ ဟူသည့္ ရည္႐ြယ္ခ်က္ျဖင့္ တပ္မေတာ္ ေဆးတကၠသိုလ္က တပ္မေတာ္အရာရွိဆရာဝန္မ်ား ေလ့က်င့္ေမြးထုတ္ေပးလ်က္ရွိေၾကာင္း၊ ထိုသို႔ ေလ့က်င့္ ေမြးထုတ္ေပးလ်က္ရွိရာ ယေန႔အခ်ိန္အထိ ေက်ာင္းဆင္းအရာရွိဆရာဝန္ ၄၀၀၀ ေက်ာ္ကို ေမြးထုတ္ေပးႏိုင္ ခဲ့ၿပီး ေဆးပညာမဟာသိပၸံဘြဲ႕ ၂၁၃၆ ဦး၊ ပါရဂူဘြဲ႕ ၁၃၈ ဦး၊ ေဆးပညာ ဘြဲ႕လြန္ဒီပလိုမာ ၁၈၉ ဦးႏွင့္ ေဆးပညာသင္ၾကားေရး ဘြဲ႕လြန္ဒီပလိုမာ ၂၀၇ ဦးတို႔ကိုလည္း ထပ္မံေလ့က်င့္ ေမြးထုတ္ေပးႏိုင္ခဲ့သည့္အတြက္ တာဝန္က်ရာ ေဒသအသီးသီးတြင္ တပ္မေတာ္ႏွင့္ ႏိုင္ငံေတာ္၏ က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ား၌ အားသြန္ ခြန္စိုက္ လုပ္ကိုင္ေဆာင္႐ြက္ ေနၾကသည္ကို ဂုဏ္ယူဝမ္းေျမာက္ဖြယ္ေတြ႕ျမင္ရမည္ ျဖစ္ေၾကာင္း” ေျပာၾကားသည္။

ဆက္လက္ၿပီး တိုက္ပြဲဝင္စစ္သည္မ်ားအား က်န္းမာေရးဆိုင္ရာကာကြယ္ ေစာင့္ေရွာက္ေပးမႈႏွင့္ ပတ္သက္၍-

“က်န္းမာႀကံ့ခိုင္ တိုက္ႏိုင္ရန္ ဟူသည့္ ေဆာင္ပုဒ္ႏွင့္အညီ မိမိတို႔တပ္မေတာ္သားမ်ား၏ က်န္းမာေရး ေစာင့္ေရွာက္မႈလုပ္ငန္းမ်ားကို ေအာင္ျမင္စြာေဆာင္႐ြက္ႏိုင္ေရးအတြက္ ေခတ္မီေဆးပညာရပ္မ်ား ကြၽမ္းက်င္တတ္ေျမာက္သည့္ တပ္မေတာ္အရာရွိဆရာဝန္မ်ားအျဖစ္ ႏိုင္ငံေတာ္ႏွင့္ တပ္မေတာ္က အခ်ိန္၊ ေငြေၾကးမ်ားစြာ ရင္းႏွီးျမႇပ္ႏွံျပဳစု ပ်ိဳးေထာင္ေမြးထုတ္ေပးခဲ့ျခင္းျဖစ္ေၾကာင္း၊ မိမိတို႔၏ ကြၽမ္းက်င္မႈႏွင့္ က်န္းမာေရးေစာင့္ေရွာက္ေပးမႈမ်ားသည္ တပ္မေတာ္သားမ်ား၏ က်န္းမာ ႀကံ့ခိုင္ေရး အတြက္ အလြန္အေရးႀကီးသည့္ တာဝန္တစ္ရပ္ျဖစ္ၿပီး တပ္မေတာ္အင္အား ေတာင့္တင္းခိုင္မာေရး အတြက္ အေျခခံလိုအပ္ခ်က္လည္းျဖစ္ေၾကာင္း၊ ႏိုင္ငံေတာ္ကာကြယ္ေရးစြမ္းပကားျမင့္မားေစေရးကို တစ္ဖက္တစ္လမ္းက အေထာက္အကူ ျပဳလ်က္ရွိသည္ကို နားလည္သိရွိထားရမည္ျဖစ္ေၾကာင္း၊ ႏိုင္ငံေတာ္ႏွင့္ တပ္မေတာ္အေပၚ သစၥာေစာင့္သိၿပီး အမိန႔္နာခံမႈေကာင္းရန္ႏွင့္ တပ္မေတာ္သား ေကာင္း တစ္ေယာက္ျဖစ္ေရး အေျခခံအက်ဆုံးျဖစ္သည့္ စစ္သည္ေတာ္က်င့္ဝတ္မ်ားကို တိတိက်က် လိုက္နာေစာင့္ထိန္းသြားၾကရမည္ျဖစ္ေၾကာင္း၊ က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေအာင္ျမင္စြာ ေဆာင္႐ြက္ႏိုင္ေရးအတြက္ မိမိတို႔ တတ္ကြၽမ္းသည့္ ေဆးပညာရပ္မ်ားကို ပိုင္ႏိုင္စြာအသုံး ခ်ႏိုင္ရန္ လိုအပ္သကဲ့သို႔ “ေစတနာ၊ အၾကင္နာ၊ ေဘးကင္းကြာ” ဆိုသည့္ ေဆးတပ္ဖြဲ႕၏ ေဆာင္ပုဒ္ႏွင့္အညီ ေစတနာထားၿပီး လုပ္ကိုင္ေဆာင္႐ြက္သြားၾကရန္ လိုအပ္ေၾကာင္း၊ ဆရာဝန္တစ္ဦး ျဖစ္သည္ႏွင့္အညီ ေဆးပညာက်င့္ဝတ္၊ ဆရာဝန္က်င့္ဝတ္ႏွင့္ ေလာကက်င့္ဝတ္မ်ားကို ေစာင့္ထိန္း လိုက္နာၿပီး အဓိ႒ာန္ျပဳခဲ့သည့္ ေဆးပညာကတိသစၥာ ၉ ခ်က္ကို အၿမဲဆင္ျခင္ ႏွလုံး သြင္းထားၾက ရမည္ျဖစ္ေၾကာင္း”ေျပာၾကားသည္။

လက္႐ုံးရည္၊ ႏွလုံးရည္ ျပည့္ဝသည့္ ေဆးသိပၸံပညာရွင္မ်ား ျဖစ္ေအာင္ အၿမဲေလ့က်င့္ေနရန္ လိုအပ္မႈႏွင့္ပတ္သက္၍-

“ယေန႔ေခတ္သည္ သိပၸံႏွင့္နည္းပညာေခတ္ျဖစ္သည္ႏွင့္အညီ ေဆးသိပၸံ ပညာရပ္ နယ္ပယ္သည္ လည္း တစ္ေန႔တျခား တိုးတက္ေျပာင္းလဲေနသည္ကို ေလ့လာ ေတြ႕ရွိရမည္ျဖစ္ေၾကာင္း၊ ဆန္းသစ္ ေျပာင္းလဲလာသည့္ကုထုံးႏွင့္ ေဆးဝါးကိရိယာ အသစ္မ်ား ေပၚေပါက္လာသကဲ့သို႔ ထူးျခားဆန္းျပား သည့္ ေရာဂါဘယမ်ားကလည္း ေဆးပညာေလာကကို စိန္ေခၚလ်က္ရွိေနၾကေၾကာင္း၊ ယင္းတို႔ကို ရင္ဆိုင္ေက်ာ္လႊား ႏိုင္ရန္အတြက္ ေဆးသိပၸံဆိုင္ရာပညာရပ္မ်ားကို စဥ္ဆက္မျပတ္ ေလ့လာဆည္းပူး သြားၾကရမည္ ျဖစ္သကဲ့သို႔ ႏိုင္ငံတကာႏွင့္ ရင္ေပါင္တန္းႏိုင္သည့္ ေဆးသိပၸံပညာ ရွင္မ်ားျဖစ္ရန္ လည္း တပ္မေတာ္ေဆးတကၠသိုလ္က သင္ၾကားေပးလိုက္သည့္ ေဆးပညာရပ္မ်ားမွတစ္ဆင့္ အဆင့္ျမင့္ပညာရပ္မ်ားကို ဆက္လက္ဆည္းပူးေလ့လာ ေဆာင္႐ြက္သြားၾကရမည္ျဖစ္ေၾကာင္း” ေျပာၾကားသည္။

ေဆးပညာ မဟာသိပၸံသင္တန္းႏွင့္ ဘာသာရပ္မ်ား တိုးျမႇင့္သင္ၾကားေပး ႏိုင္ေရးေဆာင္႐ြက္ေနမႈႏွင့္ ပတ္သက္၍-

“တပ္မေတာ္ေဆးတကၠသိုလ္အေနျဖင့္ ကမာၻ႔ေဆးပညာသင္ၾကားေရး အဖြဲ႕အစည္း (World Federation for Medical Education) ၏ အသိအမွတ္ျပဳ လက္မွတ္ရရွိခဲ့ၿပီးျဖစ္သည့္အျပင္ ျမန္မာႏိုင္ငံေဆးေကာင္စီအသိအမွတ္ျပဳေကာ္မတီ (Myanmar Medical Council Accreditation Committee-MMCAC) ၏ မူမ်ားႏွင့္အညီ လိုက္ပါလုပ္ေဆာင္လ်က္ရွိၿပီး အရည္အေသြးျမင့္ေဆးပညာ သင္ၾကားေရး (Quality Medical Education)ျဖစ္ရန္လည္း ေဆာင္႐ြက္လ်က္ရွိ ေၾကာင္း။

ေဆးပညာသင္ၾကားေရးဆိုင္ရာ အလုပ္႐ုံေဆြးေႏြးပြဲမ်ား၊ စာတမ္းဖတ္ပြဲမ်ား က်င္းပျခင္းကို အခါ အားေလ်ာ္စြာ အရပ္ဘက္တကၠသိုလ္မ်ား၊ ႏိုင္ငံတကာ ေဆးတပ္ဖြဲ႕မ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္လ်က္ ရွိသကဲ့သို႔ ႏွစ္စဥ္က်င္းပျပဳလုပ္ေနသည့္ တပ္မေတာ္ေဆးပညာဆိုင္ရာ ႏွီးေႏွာဖလွယ္ပြဲမ်ားတြင္လည္း စာတမ္းဖတ္ပြဲမ်ားႏွင့္ ပိုစတာျပပြဲမ်ားကို စဥ္ဆက္မျပတ္ ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း၊ သင္ၾကားေရး ပိုင္းတြင္လည္း Integrated Curriculum ကို ၂၀၁၇ ခုႏွစ္မွစၿပီး ေျပာင္းလဲ သင္ၾကားေပးလ်က္ရွိသကဲ့သို႔ ဘြဲ႕ႀကိဳသင္တန္းမ်ားႏွင့္ ဘြဲ႕လြန္သင္တန္းမ်ားတြင္လည္း ေဆးပညာ အဆင့္အတန္းျမင့္မားေရးအတြက္ သင္႐ိုးၫႊန္းတန္းမ်ားႏွင့္ အကဲျဖတ္စနစ္မ်ား ေျပာင္းလဲ ျပင္ဆင္ျခင္းမ်ားကို ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း၊ ယခုသင္႐ိုး ၫႊန္းတမ္းမ်ားသည္ ေက်ာင္းသားကို ဗဟိုျပဳ သင္ၾကားသည့္ ျပႆနာအေျချပဳ သင္ၾကားျခင္း (Problem Based Learning) ျဖစ္၍ အေၾကာင္းအရာတစ္ခုကို သုေတသနအေတြးအေခၚႏွင့္ အေျဖရွာတတ္သည့္ အေလ့အက်င့္ ေကာင္းကို ငယ္စဥ္ကတည္းက ရရွိသြားမည္ျဖစ္ေၾကာင္း၊ ထို႔ျပင္ ဆရာဝန္ တစ္ေယာက္ ထားရွိအပ္သည့္ က်င့္ဝတ္ႏွင့္ လုပ္ထုံးလုပ္နည္းမ်ားကိုပါ ထည့္သြင္း သင္ၾကားေပးထားေသာေၾကာင့္ အနာဂတ္တြင္ ဆက္လက္က်င့္ႀကံေနထိုင္သြားရမည့္ အေျခခံေကာင္းမ်ားကို အုတ္ျမစ္ခ်ေပး လိုက္ျခင္းပင္ျဖစ္ေၾကာင္း” ေျပာၾကားသည္။

ဆက္လက္ၿပီး ႏိုင္ငံေတာ္ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ အေျခခံအက်ဆုံး လိုအပ္ခ်က္ျဖစ္သည့္ လူသားအရင္းအျမစ္ေပါႂကြယ္ဝရန္ လိုအပ္မႈႏွင့္ပတ္သက္၍-

“ယေန႔(၂၁)ရာစုတြင္ တစ္ကမာၻလုံးကို ဆက္စပ္ယွက္ႏြယ္ ေျပာင္းလဲေစသည့္ သိပၸံႏွင့္နည္းပညာရပ္ မ်ားသည္ လူ႔အဖြဲ႕အစည္းႏွင့္တကြ လူသားတစ္ဦးခ်င္းစီကိုပါ အရွိန္အဟုန္ျပင္းစြာ လႊမ္းမိုး သက္ေရာက္လ်က္ရွိေၾကာင္း၊ ႏိုင္ငံ၏ဖြံ႕ၿဖိဳးတိုးတက္မႈ၊ ဓနအင္အား ျပည့္စုံႂကြယ္ဝမႈတို႔သည္ သိပၸံႏွင့္နည္းပညာဆိုင္ရာ သီအိုရီအသစ္မ်ားကို ေဖာ္ထုတ္ရယူ အသုံးခ်ႏိုင္မႈအေပၚတြင္ မူတည္ ေနသည့္အတြက္ ကမာၻ႔ႏိုင္ငံအသီးသီးသည္ ပညာေရးဆိုင္ရာျမႇင့္တင္မႈမ်ားကို အေလးထား ေဆာင္႐ြက္လ်က္ ရွိေနၾကေၾကာင္း၊ လူ႔အဖြဲ႕အစည္းတစ္ရပ္ ဖြံ႕ၿဖိဳးတိုးတက္ရန္အတြက္ အေျခခံ အက်ဆုံး လိုအပ္ခ်က္သည္ က်န္းမာေရးျဖစ္ၿပီး ဉာဏ္ရည္ျမင့္မားျခင္းကိုလည္း အေထာက္အကူ ျဖစ္ေစေၾကာင္း၊ ထို႔ေၾကာင့္ က်န္းမာႀကံ့ခိုင္ေရးႏွင့္ ပညာရည္ျမင့္မားေရးသည္ မ်ိဳးဆက္ တစ္ဆက္ၿပီး တစ္ဆက္ ျမင့္မားသည္ထက္ျမင့္မားေအာင္ အေလးထား ေဆာင္႐ြက္ရမည့္လုပ္ငန္းျဖစ္ေၾကာင္း။

ႏိုင္ငံတစ္ႏိုင္ငံတြင္ သဘာဝသယံဇာတ မည္မွ်ေပါႂကြယ္ဝသည္ျဖစ္ေစ လူသား အရင္း အျမစ္ႂကြယ္ဝမႈမရွိပါက ႏိုင္ငံ၏ဖြံ႕ၿဖိဳးတိုးတက္မႈကို ထိထိေရာက္ေရာက္ မလုပ္ေဆာင္ႏိုင္ ေသာေၾကာင့္ ကမာၻ႔ႏိုင္ငံအသီးသီးသည္ လူသားအရင္းအျမစ္ ေပါႂကြယ္ဝေရး မဟာဗ်ဴဟာ၊ နည္းဗ်ဴဟာမ်ား ခ်မွတ္လုပ္ေဆာင္ေနၾကသည္ကို ေလ့လာေတြ႕ရွိရမည္ျဖစ္ေၾကာင္း၊ လူသား အရင္းအျမစ္ဆိုသည္မွာ အသိပညာ၊ အတတ္ပညာအျပင္ က်န္းမာႀကံ့ခိုင္မႈလည္း တစ္စိတ္တစ္ပိုင္း ပါဝင္ေနသကဲ့သို႔ စည္းကမ္းတက် လုပ္ေဆာင္တတ္ရန္လည္း လိုအပ္ေၾကာင္း၊ ေခတ္မီဖြံ႕ၿဖိဳး တိုးတက္သည့္ ႏိုင္ငံေတာ္အျဖစ္ တည္ေဆာက္ရာတြင္ အသိပညာတစ္ခုတည္းႏွင့္ တည္ေဆာက္၍ မရသကဲ့သို႔ အတတ္ပညာတစ္ခုတည္းႏွင့္လည္း တည္ေဆာက္၍မရႏိုင္သည္ကို သတိျပဳရမည္ ျဖစ္ေၾကာင္း၊ ေဆးသိပၸံပညာရပ္နယ္ပယ္တြင္ အသိပညာႏွင့္ အတတ္ပညာႏွစ္မ်ိဳး ေပါင္းစပ္ၿပီး ႏွံ႔ႏွံ႔စပ္စပ္ ကြၽမ္းက်င္တတ္ေျမာက္ေအာင္ ဆည္းပူးေလ့လာ႐ုံမွ်မကဘဲ က်န္းမာႀကံ့ခိုင္ေအာင္ ေလ့က်င့္ေနၾကမွသာလွ်င္ ေခတ္မီဖြံ႕ၿဖိဳးတိုးတက္သည့္ လူ႔ေဘာင္အဖြဲ႕အစည္းႀကီးကို တည္ေဆာက္ ႏိုင္မည္ ျဖစ္ေၾကာင္း” ေျပာၾကားသည္။

တိုင္းရင္းသားျပည္သူမ်ား၏ က်န္းမာေရးေစာင့္ေရွာက္မႈမ်ားကို အရွိန္အဟုန္ ျမႇင့္ေဆာင္႐ြက္ေပးရန္ လိုအပ္မႈႏွင့္ ပတ္သက္၍-

“တပ္မေတာ္သည္ အဓိကလုပ္ငန္းတာဝန္ႀကီး ၃ ခုျဖစ္သည့္ ႏိုင္ငံေတာ္ ကာကြယ္ေရးတာဝန္၊ ေလ့က်င့္ေရးတာဝန္၊ ျပည္သူ႔အက်ိဳးျပဳလုပ္ငန္းတာဝန္မ်ားကို ေက်ပြန္စြာထမ္းေဆာင္လ်က္ ရွိေၾကာင္း၊ ၎တာဝန္မ်ားထဲမွ ျပည္သူ႔အက်ိဳးျပဳလုပ္ငန္းတာဝန္ကို အရွိန္အဟုန္မပ်က္ ေဆာင္႐ြက္လ်က္ရွိရာတြင္ ႏိုင္ငံသားတိုင္းက်န္းမာ ႀကံ့ခိုင္ေစေရးအတြက္ အခမဲ့က်န္းမာေရး ေစာင့္ေရွာက္မႈလုပ္ငန္းမ်ားကို တပ္မေတာ္ နယ္လွည့္ေဆးကုသေရးအဖြဲ႕မ်ားႏွင့္ တစ္ႏိုင္ငံလုံးအႏွံ႔ လူမ်ိဳး၊ ဘာသာမခြဲျခားဘဲ ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း၊ တပ္မေတာ္နည္လွည့္ေဆးကုသေရး အဖြဲ႕မ်ား၏ တိုင္းရင္းသားျပည္သူလူထုအေပၚ အခမဲ့က်န္းမာေရးေစာင့္ေရွာက္မႈေပးေနျခင္းသည္ ျပည္သူ႔အက်ိဳးျပဳလုပ္ငန္းတာဝန္ထမ္းေဆာင္ေနျခင္းျဖစ္သကဲ့သို႔ ျပည္သူမ်ား၏ အသက္ခႏၶာမ်ား ကာကြယ္ကုသေစာင့္ေရွာက္ေပးေနျခင္းျဖစ္ေသာေၾကာင့္ ႏိုင္ငံေတာ္ကာကြယ္ေရးတာဝန္ကို ထမ္းေဆာင္ေနျခင္းျဖစ္သည္ဟုလည္း ဆိုရမည္ျဖစ္ေၾကာင္း။

ထို႔ျပင္ ေဝးလံေခါင္ပါးသည့္ နယ္ေျမေဒသအခ်ိဳ႕တြင္ က်န္းမာေရးဝန္ထမ္းနည္းပါးၿပီး မျဖစ္မေန ရွိရမည့္ ဆရာဝန္မ်ားမရွိသည့္အတြက္ ေဒသခံမ်ား၏ က်န္းမာေရး ေစာင့္ေရွာက္မႈလုပ္ငန္းမ်ားကို တာဝန္ထမ္းေဆာင္ႏိုင္ရန္ ဆႏၵျပဳခဲ့ၾကသည့္ တပ္မေတာ္သားဆရာဝန္ ၄၄ ဦးသည္ ဒုတိယ အႀကိမ္အေနျဖင့္ စစ္ကိုင္းတိုင္းေဒသႀကီး၊ ခ်င္းျပည္နယ္ႏွင့္ နာဂကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ေဒသမ်ားတြင္ရွိေသာ ေဆး႐ုံမ်ားတြင္ သြားေရာက္တာဝန္ထမ္းေဆာင္လ်က္ ရွိေနၾကေၾကာင္း၊ ႐ိုး႐ိုးေဆးပညာဘြဲ႕ရဆရာဝန္ တစ္ေယာက္ကိုပင္ ေတြ႕ရန္မလြယ္ကူသည့္ေဒသမ်ားတြင္ တပ္မေတာ္သား ပါရဂူဘြဲ႕ရ ဆရာဝန္မ်ားႏွင့္ ကုသခြင့္ရခဲ့သည့္အတြက္ေၾကာင့္ ေဒသခံတိုင္းရင္းသား ျပည္သူမ်ားအေနျဖင့္ အေလးထားဝမ္းေျမာက္ဝမ္းသာႀကိဳဆိုခဲ့ၾကေၾကာင္း၊ ထို႔ျပင္ တာဝန္ ထမ္းေဆာင္လ်က္ရွိသည့္ တပ္မေတာ္သားဆရာဝန္မ်ားသည္ တာဝန္က်ရာေဒသ အသီးသီးတြင္ က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ားသာမက ေဒသခံတိုင္းရင္းသားမ်ား၏ ပညာေရးက႑ ျမႇင့္တင္ေရးလုပ္ငန္းမ်ား၊ ေဒသဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ားႏွင့္ လူေနမႈဘဝျမႇင့္တင္ေရး လုပ္ငန္းမ်ားကိုပါ လက္ေတြ႕က်က်ေဆာင္႐ြက္ ေပးႏိုင္ခဲ့သည္ကို ဂုဏ္ယူဖြယ္ရာျမင္ေတြ႕ရမည္ျဖစ္ေၾကာင္း။

က်န္းမာမွ အလုပ္လုပ္ႏိုင္မည္၊ ပညာသင္ၾကားႏိုင္မည္၊ လူေနမႈဘဝ ဖြံ႕ၿဖိဳး တိုးတက္မည္ ျဖစ္သည့္အတြက္ တပ္မေတာ္သားဆရာဝန္မ်ားအေနျဖင့္ တပ္မေတာ္သားမ်ားႏွင့္ မိသားစုဝင္မ်ား၏ က်န္းမာေရးေစာင့္ေရွာက္မႈသာမက မိမိတာဝန္က်ရာ ေဒသမ်ားတြင္ တိုင္းရင္းသားျပည္သူမ်ား၏ က်န္းမာေရးေစာင့္ေရွာက္မႈ လုပ္ငန္းမ်ားတြင္ ဝင္ေရာက္ကူညီေဆာင္႐ြက္ေပးၾကရန္ အေလးအနက္ထားမွာၾကား လိုေၾကာင္း” ေျပာၾကားသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မဟာသေရစည္သူ မင္းေအာင္လႈိင္ သည္ ဗိုလ္ေလာင္းတပ္ခြဲမ်ား၏ အေလးျပဳျခင္းကို ခံယူၿပီးစစ္ေရးျပအခမ္းအနားမွ ျပန္လည္ ထြက္ခြာသည္။

စစ္ေရးျပအခမ္းအနားအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉုးႀကီး မဟာသေရစည္သူ မင္းေအာင္လႈိင္သည္ တပ္မေတာ္ေဆးတကၠသိုလ္ ဧည့္ခန္းမေဆာင္၌ တပ္မေတာ္ေဆးတကၠသိုလ္ ဗိုလ္ေလာင္းသင္တန္း အမွတ္စဥ္(၂၀) မွ ထူးခြၽန္ဆုရရွိၾကသည့္ ဗိုလ္ေလာင္းမ်ားႏွင့္ ၎တို႔၏မိဘမ်ားအားေတြ႕ဆုံ၍ ဂုဏ္ျပဳအမွာစကားေျပာၾကားခဲ့သည္။

ဂုဏ္ျပဳအမွာစကား ေျပာၾကားရာတြင္ ယခုကဲ့သို႔ ထူးခြၽန္စြာေအာင္ျမင္ခဲ့ၾက သည့္အတြက္ မိဘမ်ားႏွင့္ ထပ္တူဂုဏ္ယူဝမ္းေျမာက္မိပါေၾကာင္း၊ ငယ္စဥ္ဘဝမွ လူလားေျမာက္သည္အထိ ေကြၽးေမြးျပဳစု ေစာင့္ေရွာက္ ဆုံးမေပးခဲ့သည့္ မိဘမ်ား၏ ေက်းဇူးကိုသိတတ္ရန္ႏွင့္ ေက်းဇူးဆပ္ရန္လိုအပ္သကဲ့သို႔ ၇ ႏွစ္တာကာလလုံး ေဆးပညာႏွင့္ စစ္ပညာမ်ားသင္ၾကားေပးခဲ့သည့္ တပ္မေတာ္ေဆးတကၠသိုလ္ႏွင့္ တပ္မေတာ္အေပၚ၌လည္း ေက်းဇူးသစၥာေစာင့္သိရမည္ျဖစ္ေၾကာင္း၊ မိမိကိုယ္ကို ေကာင္းမြန္ေအာင္ ထိန္းထိန္းသိမ္းသိမ္းေနထိုင္ျခင္းအားျဖင့္ ေက်းဇူးဆပ္ရာ ေရာက္သည့္အတြက္ ထူးခြၽန္သည့္ ဆရာဝန္မ်ားျဖစ္ေစေရး၊ အေရးႀကီးသည့္ တာဝန္မ်ားထမ္းေဆာင္ႏိုင္ေရး ရည္မွန္းခ်က္ရွိစြာျဖင့္ ႀကိဳးစားသြားၾကေစလိုေၾကာင္း၊ မိမိတို႔၏ရည္မွန္းခ်က္မ်ား ေအာင္ျမင္ေရး၊ မိသားစုမ်ား၏ ရည္မွန္းခ်က္ မေပ်ာက္ေစေရးအတြက္ မိမိကိုယ္ကိုထိန္းသိမ္းၿပီး မိမိဘဝကို ပ်က္စီးေစႏိုင္သည့္ အေသာက္အစား၊ အေပ်ာ္အပါးတို႔ကို ပင္ကိုယ္အသိစိတ္ျဖင့္ တတ္ႏိုင္သမွ်ေရွာင္ၾကဥ္ၾကရန္လိုအပ္ ေၾကာင္း၊ မိမိစိတ္ကိုအလိုမလိုက္ဘဲ သြားသင့္သည့္ေနရာကိုသာသြားရန္၊ ေပါင္းသင့္သည့္ သူကိုသာ ေပါင္းရန္၊ လုပ္သင့္သည့္ အလုပ္ကိုသာ လုပ္ရန္ႏွင့္ ေျပာသင့္သည္ကိုသာေျပာရန္ ဟူေသာ သင့္ ၄ သင့္ကို လိုက္နာရန္လိုအပ္ၿပီး ႏိုင္ငံေတာ္၊ တပ္မေတာ္ ႏွင့္ မိသားစုကဂုဏ္ယူအားထား ၾကရသူမ်ားျဖစ္ေအာင္ ႀကိဳးစားအားထုတ္သြားၾက ေစလိုေၾကာင္းျဖင့္ အမွာစကား ေျပာၾကားခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။