ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၆) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြ အခမ်းအနားကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာ ၂၃

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ကာကွယ်ရေးတာဝန်ထမ်းဆောင်ရာ၌ အမျိုးသမီးစစ်မှုထမ်းများ ပါဝင်ထမ်းဆောင်နိုင်ရန်အတွက် အမျိုးသမီး(အရာရှိ)များအား စဉ်ဆက်မပြတ်မွေးထုတ်ပေးလျက်ရှိပြီး ဘွဲ့ရအမျိုးသမီးဗိုလ်လောင်း သင်တန်းအမှတ်စဉ် (၆)သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားအား ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)စစ်ရေးပြကွင်း၌ ကျင်းပ ပြုလုပ်ရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်းပြောကြားသည်။

အဆိုပါအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စိန်ဝင်း နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် တင်အောင်စန်း နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် မောင်မောင်ကျော် နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း ကျောင်းအုပ်ကြီးနှင့် ရန်ကုန်တပ်နယ်မှအရာရှိကြီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည့်တော်များနှင့် သင်တန်းဆင်းဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းများ၏ မိဘဆွေမျိုးများတက်ရောက်ကြသည်။

အခမ်းအနားအစီအစဉ်အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က ဗိုလ်လောင်းတပ်ခွဲများ၏အလေးပြုခြင်းကိုခံယူပြီး ဗိုလ်လောင်းတပ်ခွဲများကို စစ်ဆေးသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ဗိုလ်လောင်းတပ်ခွဲများက အနှေးလျှောက်၊ အမြန်လျှောက် တို့ဖြင့် ချီတက်အလေးပြုကြသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်(ကြည်း) ဗိုလ်သင်တန်း ကျောင်း(မှော်ဘီ) ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၆)မှ အကောင်းဆုံး ဗိုလ်လောင်းဆုရရှိသူ ဗိုလ်လောင်းအမှတ် ၆၉ ဗိုလ်လောင်း ယမင်းအဉ္ဇလီအား ဆုပေးအပ် ချီးမြှင့်သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က သင်တန်းဆင်းဗိုလ်လောင်းများအား မိန့်ခွန်းပြောကြားရာ၌ မိမိတို့ တပ်မတော်အနေဖြင့် “နိုင်ငံတော် ကာကွယ်ရေးတာဝန်ထမ်းဆောင်ရာတွင် အမျိုးသမီးစစ်မှုထမ်းများပါဝင်ဆောင်ရွက်နိုင်စေရန်အတွက် အမျိုးသမီးစစ်မှုထမ်း (အရာရှိ)များအား လေ့ကျင့်သင်ကြားမွေးထုတ်ပေးရန်”ဆိုသည့် ရည်ရွယ်ချက်ဖြင့် အမျိုး သမီးဗိုလ်လောင်းသင်တန်းကို ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပြီး တပ်မတော်(ကြည်း၊ ရေ၊လေ)နှင့် လက်ရုံးတပ်ဖွဲ့များ တွင် အမျိုးသမီးစစ်မှုထမ်းများကို ခန့်အပ်တာဝန်ပေးအပ်နိုင်စေရန် စီမံဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးတာဝန်သည် နိုင်ငံတော်အတွင်း မှီတင်းနေနိုင်ကြသည့် ယောကျာ်း၊ မိန်းမ အသက်အရွယ်မရွေး နိုင်ငံသားတိုင်း မဖြစ်မနေ ထမ်းဆောင်ရမည့် သမိုင်းပေးတာဝန်ဖြစ်ကြောင်း၊ စွမ်းရည် ထက်မြက်သည့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော မျိုးချစ်တပ်မတော်အဖြစ် ရည်မှန်းချက်ထားပြီး ဆောင်ရွက်နေချိန် တွင် အမျိုးသမီးစစ်သည်များကိုလည်း နိုင်ငံတော်ကာကွယ်ရေးတာဝန်များတွင် အမျိုးသား စစ်သည်များနှင့် တန်းတူ ဆောင်ရွက်နိုင်ရေး လေ့ကျင့်မွေးထုတ်ပေးလျက်ရှိကြောင်း။

မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကို ပြန်လည်လေ့လာမည်ဆိုပါက မိမိတို့နိုင်ငံ လွတ်လပ်ရေးအတွက် အုတ်တစ်ချပ်၊ သဲတစ်ပွင့်အဖြစ် ကျရာတာဝန်များကို ကျေပွန်အောင် ထမ်းဆောင်ခဲ့ကြသူများတွင် မျိုးချစ် သူရဲကောင်းအမျိုးသမီးပေါင်းများစွာ ပါဝင်ခဲ့ကြကြောင်း၊ အမျိုးသမီးစစ်မှုထမ်းများသာမက အရန်အင်အား ဖြစ်သည့် ရဲမေများသည်လည်း နိုင်ငံတော်ကာကွယ်ရေးနှင့်ပတ်သက်လာလျှင် ရရာလက်နက် စွဲကိုင်ပြီး တရားသောစစ်အတွက် သမိုင်းပေးတာဝန်ကို ကျေပွန်စွာထမ်းဆောင်နေလျက် ရှိကြောင်း။

အမျိုးသမီးများ၏ အခန်းကဏ္ဍသည် ခေတ်အဆက်ဆက်တွင် များစွာအရေးပါခဲ့သည်ကို တွေ့ရပြီး ယနေ့ခေတ်တွင် လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးနယ်ပယ်များ သာမက အာကာသသိပ္ပံနယ်ပယ်အထိ အမျိုးသားများနှင့်တန်းတူ ရင်ဘောင်တန်းပြီး အမှီလိုက်ခဲ့ကြကြောင်း၊ အမျိုးသမီးတို့၏အခန်းကဏ္ဍသည် ယခင်ခေတ်ကာလများထက် ပိုမိုတွယ်ကျယ်လာသည်ကို တွေ့မြင်နေရပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် အမျိုးသမီးများကို အမျိုးသားများနှင့်တန်းတူ အခွင့်အရေးပေးထားသည်ကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ပြဌာန်းထားသည်ကို တွေ့ရမည်ဖြစ်ပြီး အချို့နိုင်ငံများတွင် အမျိုးသမီးများအပေါ် တန်းတူညီမျှ အခွင့်အရေးပေးရန် တောင်းဆိုလှုံ့ဆော်နေကြဆဲပင်ဖြစ်ကြောင်း။ မိမိတို့နိုင်ငံ၏ အခြေခံဥပဒေတွင် “အမျိုးသမီးများသည် တူညီသောအလုပ် အတွက် အမျိုးသားများခံစားခွင့်ရှိသော အခွင့်အရေးနှင့်လစာတို့ကို ခံစားခွင့်ရှိသည်” ဟုပါရှိပြီး အမျိုးသား၊ အမျိုးသမီးခွဲခြားမှုမရှိဘဲ သက်ဆိုင်ရာနယ်ပယ်အသီးသီးတွင် သင့်တော်သည့်တာဝန်များ ပေးအပ်ထားသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ မြန်မာ့တပ်မတော်အမျိုးသမီး စစ်မှုထမ်းများအနေဖြင့် အစဉ်အလာကောင်းများထိန်းသိမ်းပြီး တပ်မတော်နှင့် နိုင်ငံတော်အတွက် ပေးအပ် လာသည့်တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်သွားကြရန် မှာကြားလိုကြောင်း။

သင်တန်းဆင်းပြီး လက်တွေ့နယ်ပယ်တွင် တာဝန်ထမ်းဆောင်ကြရာ၌ မိမိတို့သင်ကြားခဲ့ကြပြီးဖြစ်သည့် အတတ်ပညာများနှင့် လုပ်ငန်းခွင်တွင် လက်တွေ့လုပ်ဆောင်ရမည့်အလုပ်များကို ပေါင်းစပ်ပြီး ပေးအပ် လာမည့်တာဝန်များကို ကျေပွန်စွာ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာတက္ကသိုလ်အသီးသီးမှ ဘာသာရပ်ဆိုင်ရာ ဘွဲ့များရရှိပြီးဖြစ်သည့်အပြင် ယခုသင်တန်းကာလအတွင်း၌ တပ်မတော်အရာရှိငယ်များ သိသင့်သိထိုက်သည့် စစ်ပညာများကို သင်ကြားလေ့ကျင့်ပေးခဲ့ပြီးဖြစ်ကြောင်း၊ နိုင်ငံတော်ကာကွယ်ရေး တာဝန်ကို အသက်ပေးထမ်းဆောင်နေကြသူများဖြစ်သည်နှင့်အညီ စစ်စည်းကမ်းသည် မိမိတို့တပ်မတော်၏ ကျောရိုးမဏ္ဍိုင်ပင်ဖြစ်ကြောင်း၊ တပ်မတော်သားများဖြစ်သည့်အတွက် စစ်ဘက်ဥပဒေများအပြင် နယ်ဘက် ဆိုင်ရာ ထုတ်ပြန်ထားသည့် စည်းကမ်း၊ ဥပဒေများကို အလေးထားလိုက်နာရမည်ဖြစ်ကြောင်း၊ အမိန့်နာခံမှု၊ စစ်စည်းကမ်းကောင်းမွန်မှုနှင့် စည်းလုံးညီညွတ်မှုတို့သည် တပ်မတော်၏ အစဉ်အလာကောင်းများပင် ဖြစ်ကြောင်း၊ မိမိတို့တပ်မတော်သည် တိုင်းရင်းသားပြည်သူများမှ ပေါက်ဖွားလာသည့် သွေးချင်းညီအစ်ကို မောင်နှမများနှင့် ဖွဲ့စည်းထားသည့် တပ်မတော်ဖြစ်သောကြောင့် ပြည်ထောင်စုတပ်မတော်ဖြစ်သကဲ့သို့ စည်းကမ်းစနစ်တကျ၊ အမိန့်နှင့်ညွှန်ကြားချက်ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်၍ အမိမြန်မာနိုင်ငံတော်ကို ကိုယ်စားပြု သည့် တပ်မတော်လည်းဖြစ်ကြောင်း၊ ထို့ကြောင့် တပ်မတော်သားများအနေဖြင့် ပြဋ္ဌာန်းထားသည့် စစ်ဘက်၊ နယ်ဘက်ဆိုင်ရာ ဥပဒေများကို သိရှိနားလည်ရန်လိုသကဲ့သို့ လိုက်နာရန်လည်းလိုအပ်ကြောင်း။

သွေးချင်းညီအစ်ကို တိုင်းရင်းသားမောင်နှမများဖြင့် ဖွဲ့စည်းထားသည့် မိမိတို့ တပ်မတော်တွင် လူမျိုးရေး၊ ဘာသာရေးခွဲခြားမှု အလျဉ်းမရှိသကဲ့သို့ ထုတ်ပြန်ထားသည့် စည်းကမ်း၊ ဥပဒေသည်လည်း တစ်သွေး၊ တစ်သံ၊ တစ်မိန့်တည်းပင်ဖြစ်ကြောင်း၊ နိုင်ငံ တော် ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နေသည့် အမျိုးသား၊ အမျိုးသမီးမရွေး အားလုံးသည် တပ်မတော်၏ စုစည်းမှုအောက်တွင် တစ်စည်းတစ်လုံးတည်းပင်ဖြစ်နေကြရန် လိုအပ်ကြောင်း၊ မိမိတို့တပ်မတော်သည် နိုင်ငံ၏ကာကွယ်ရေးကဏ္ဍအတွက် အဓိကအဖွဲ့အစည်းတစ်ခု ဖြစ်သောကြောင့် စည်းကမ်းလိုက်နာမှု၊ အမိန့်နာခံတတ်မှု၊ အထက်အောက် အပြန်အလှန်ရိုသေ လေးစားမှုများနှင့် စစ်သားကောင်း စိတ်မွေးမြူပြီး စည်းစည်းလုံးလုံး တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း၊ တပ်မတော်သားများအားလုံး လိုက်နာစောင့်ထိန်းရမည့် စစ်သည်တော်ကျင့်ဝတ်အပါး(၆၀)ပါအချက်များအတိုင်း တိကျစွာ လိုက်နာဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း။

မည်သည့်အဖွဲ့အစည်းတွင်မဆို ခေါင်းဆောင်မှုအခန်းကဏ္ဍသည် အရေးကြီးသည့်အတွက် မိမိကိုယ်ကို ကောင်းမွန်အောင် အမြဲတမ်းတည်ဆောက်ရန်လိုပြီး မိမိအဖွဲ့အစည်းက အားကိုးရသည့် ခေါင်းဆောင်များ ဖြစ်ရန်နှင့် မိမိတို့အရည်အသွေးတိုးတက်အောင် ကြိုးစားဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ စစ်ဘက် ခေါင်းဆောင်များအနေဖြင့် လက်ရုံးရည်၊ နှလုံးရည်နှင့် ပြည့်စုံပြီး မိမိဦးဆောင်သည့်အဖွဲ့အစည်း၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ လုံခြုံရေး စသည့် သက်သာချောင်ချိမှု၊ အုပ်ချုပ်မှုကိစ္စ မှန်သမျှကို မှန်မှန်ကန်ကန်နှင့် ဦးဆောင်ပြီး စီမံခန့်ခွဲပေးရမည်ဖြစ်ကြောင်း၊ အရာရှိများဖြစ်လာသည့်အခါ ကောင်းမွန်သည့် အကျင့်ကိုမွေးမြူ၍ မိမိကိုယ်ကိုနှင့် အဖွဲ့အစည်း ကောင်းအောင် ဆောင်ရွက်နေကြရန် မှာကြားလိုကြောင်း၊ မိမိကိုယ်ကိုနှင့် လက်အောက်ကို အလိုမလိုက်ရန်လည်း လိုအပ်ကြောင်း၊ “သွားသင့်သည့်နေရာကိုသာသွားရန်၊ ပေါင်းသင့်သည့်သူကိုသာပေါင်းရန်၊ လုပ်သင့်သည့်အလုပ်ကိုသာလုပ်ရန်နှင့် ပြောသင့်သည့်စကားကိုသာ ပြောရန် ဆိုသည့် သင့် ၄ သင့်” ကို လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း။

မိမိတို့တပ်မတော်၏ “အဓိကလုပ်ငန်းကြီး ၃ ရပ်အဖြစ် နိုင်ငံတော်ကာကွယ်ရေးတာဝန်၊ လေ့ကျင့်ရေး တာဝန်နှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းတာဝန်” ဆိုပြီး ချမှတ်ပြဋ္ဌာန်းပေးထားပြီးဖြစ်ကြောင်း၊ နိုင်ငံတော် ကာကွယ်ရေးတာဝန်ဆိုသည့်နေရာတွင် သာမန်အားဖြင့် နိုင်ငံတော်ကို ထိပါးလာမည့် ပြည်တွင်း၊ ပြည်ပ အန္တရာယ်များကို ချေမှုန်းတိုက်ခိုက်သွားရန်ဖြစ်ကြောင်း၊ ယနေ့ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းသည် မိမိတို့နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် မိမိတို့နိုင်ငံ၏ ကာကွယ်ရေးစွမ်းအားကို နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်ရန် တည်ဆောက်နေကြသည်ကို တွေ့ရမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် ပထဝီနိုင်ငံရေးအရ မဟာဗျူဟာကျသည့် တည်နေရာ အနေအထားတွင်ရှိပြီး လူမျိုးရေး၊ ဘာသာရေး၊ အိမ်နီးချင်းနိုင်ငံများနှင့် သမိုင်းကြောင်းများအရ ဆက်စပ်နေခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ အမျိုးသား အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်နိုင်ရန်နှင့် မိမိနိုင်ငံသားများ၏ တိုင်းရင်းသားအဖြစ် တည်ရှိမှုကို ထိန်းသိမ်းကာကွယ်နိုင်ရန်အတွက် တပ်မတော်သည် နိုင်ငံတကာတပ်မတော်များနှင့် ရင်ဘောင်တန်းနိုင်သည့် တပ်မတော်ဖြစ်ရန် တည်ဆောက်သွားရမည်ဖြစ်ကြောင်း။

နိုင်ငံတော်၏ ကာကွယ်ရေးအဓိကအင်အားဖြစ်သည့် တပ်မတော်သည် ခေတ်မီပြီး အင်အားတောင့်တင်း နေမှသာလျှင် အိမ်နီးချင်းနိုင်ငံများသာမက ကမ္ဘာ့အင်အားကြီး နိုင်ငံများကပါ မိမိတို့အချုပ်အခြာအာဏာ ပိုင်နယ်မြေကို မထိပါးဝံ့ဘဲ လေးစားနေမည် ဖြစ်ကြောင်း၊ ခေတ်မီတပ်မတော်တည်ဆောက်နိုင်ရန် တပ်မတော်သားတစ်ဦးချင်းစီက စွမ်းရည် ၃ ရပ် ပြည့်စုံခိုင်မာဖို့လိုအပ်ပြီး တစ်ဦးချင်းအရည်အသွေးမြင့်မှ အဖွဲ့အစည်းတစ်ခုလုံး အရည်အသွေးမြင့်မားလာမည်ဖြစ်သည့်အတွက် တစ်ဦးချင်းအရည်အသွေး မြင့်မား လာရန် တစ်ဦးချင်းလေ့ကျင့်ရေး (Individual Training) မှသည် အစုအဖွဲ့လိုက် စွမ်းရည်မြင့်မားလာအောင် အစုအဖွဲ့လိုက်လေ့ကျင့်ရေး (Collective Training)၊ ပူးပေါင်းစစ်ဆင်ရေးလေ့ကျင့်ခန်း (Joint Operation Training)များအထိ လေ့ကျင့် နေကြရခြင်းဖြစ်ကြောင်း၊ မိမိတို့တပ်မတော်၏ ရည်ရွယ်ချက်ဖြစ်သည့် “ခေတ်မီ တပ်မတော်ဖြစ်စေရန်အတွက် တိုက်စွမ်းရည်နှင့် တိုက်စွမ်းအားတို့ထက်မြက်နေရန်” လည်း အရေးကြီးသည်ကို ပြောကြားလိုကြောင်း။

အမျိုးသမီးစစ်မှုထမ်းအရာရှိများအဖြစ် တာဝန်ထမ်းဆောင်သွားကြမည့်သူများအနေဖြင့် မိမိတို့တပ်မတော်တွင် ထူးချွန်ပြောင်မြောက်သည့် အမျိုးသမီးစစ်မှုထမ်းများစွာ ပေါ်ပေါက်ခဲ့ပြီး အဆင့်၊ ရာထူးအမျိုးမျိုးနှင့် ကျရာ တာဝန်ကို ကျေပွန်စွာထမ်းဆောင် နိုင်ခဲ့ကြသကဲ့သို့ သင်တန်းဆင်းအမျိုးသမီးစစ်မှုထမ်းအရာရှိများ အနေဖြင့်လည်း ပေးအပ်လာမည့်တာဝန်များကို ကျေပွန်အောင် ကြိုးပမ်းထမ်းဆောင်သွားကြရန်၊ ခေါင်းဆောင်မှုအင်္ဂါရပ်နှင့်အညီ ပြဋ္ဌာန်းထားသည့် ဥပဒေ၊ ထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကြားချက်၊ စည်းမျဉ်း၊ စည်းကမ်း၊ နည်းလမ်းများအပြင် စစ်သည်တော်ကျင့်ဝတ် အပါး(၆၀)နှင့်အညီ လိုက်နာ ဆောင်ရွက်သွားကြရန်၊ မိမိတို့ရောက်ရှိတာဝန် ထမ်းဆောင်ရာဒေသ၌ တိုင်းရင်းသားပြည်သူတို့၏အကျိုးကို ဖော်ဆောင်ရာတွင် ကျရာအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သွားကြရန်၊ ဒို့တာဝန်အရေးသုံးပါးကို အစဉ်ဦးထိပ်ပန်ဆင်ပြီး တပ်တည်ဆောက်ရေး လုပ်ငန်းကြီး ၄ ရပ်၊ တပ်မတော်၏အဓိကလုပ်ငန်းကြီး ၃ ခုနှင့် အညီ ကျရာတာဝန်များကို ကျေပွန်စွာထမ်းဆောင်သွားကြရန်၊ သင်တန်းကသင်ကြားပေးလိုက်သည့် စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက်ပညာရပ်များနှင့် ခေါင်းဆောင်မှုအင်္ဂါရပ်များကို စဉ်ဆက်မပြတ်လေ့လာဆည်းပူးပြီး နိုင်ငံတော်နှင့် တပ်မတော်အတွက် အားကိုးအားထား ပြုရသည့် အမျိုးသမီးအရာရှိကောင်းများဖြစ်လာရန် ကြိုးစားလုပ်ဆောင်သွားကြရန် တိုက်တွန်း ပြောကြားလိုကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်သည် ဗိုလ်လောင်းတပ်ခွဲများ၏ အလေးပြုခြင်းကိုခံယူပြီးနောက် စစ်ရေးပြ အခမ်းအနားမှပြန်လည်ထွက်ခွာသည်။

စစ်ရေးပြအခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်သည် တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) ရိပ်သာဧည့်ခန်းမ၌ အကောင်းဆုံး ဗိုလ်လောင်းဆုရ ဗိုလ်လောင်း ယမင်းအဉ္ဇလီ၊ သေနတ်ပစ်အကောင်းဆုံးဆုရ ဗိုလ်လောင်း အေးထက်ထက်လှိုင်နှင့် ၎င်းတို့၏ မိဘများအားတွေ့ဆုံ၍ ဂုဏ်ပြုအမှာစကားပြောကြားသည်။

ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ယခုကဲ့သို့ ထူးချွန်စွာဆုများရရှိကြသည့်အတွက် မိဘများနှင့် ထပ်တူ ထပ်မျှ ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ သင်တန်းကာလ တစ်လျှောက်လုံး ကြိုးစားအားထုတ်ခဲ့ခြင်းကြောင့်သာ ထူးချွန်ဆုများရရှိခဲ့ခြင်းဖြစ်ပြီး ကြိုးစားအားထုတ်ဆောင်ရွက်တတ်သည့် အခြေခံစိတ်ဓာတ်ကောင်းကို မိမိဘ၀ တစ်လျှောက် ဆက်လက်မွေးမြူဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မိမိတို့၏ဘဝတွင် ရည်မှန်းချက်၊ မျှော်မှန်းချက်များကြီးမားစွာထားရှိပြီး မပျောက်ပျက်အောင် ဆောင်ရွက်ရန်မှာ မိမိတို့ တစ်ဦးချင်း၏ တာဝန်ပင်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင်သာမက တစ်ကမ္ဘာလုံးတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍသည် အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိကြောင်း၊ မိမိတို့ကို လူလားမြောက်အောင်ကျွေးမွေးပြုစု ပျိုးထောင်ပေးခဲ့သည့် မိဘများ၏ ကျေးဇူးကို မိဘများ၏စကားနားထောင်ခြင်း၊ မိဘများ၏လိုအပ်ချက်ကို တတ်စွမ်းသရွေ့ ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းတို့ဖြင့် ကျေးဇူးဆပ်ရာရောက်ပြီး မိမိကိုယ်ကို ကောင်းမွန် အောင် စည်းကမ်းစနစ်တကျနေထိုင်ခြင်းဖြင့်လည်း တပ်မတော်၏ဂုဏ်ကျေးဇူးကို စောင့်သိရာရောက်မည် ဖြစ်ကြောင်း၊ မိမိစိတ်ကိုအလိုမလိုက်ဘဲ သွားသင့်သည့်နေရာကို သာသွားရန်၊ ပေါင်းသင့်သည့်သူကိုသာ ပေါင်းရန်၊ လုပ်သင့်သည့်အလုပ်ကိုသာလုပ်ရန် နှင့် ပြောသင့်သည်ကိုသာပြောရန်ဟူသော သင့် ၄ သင့်ကို လိုက်နာရန်လိုကြောင်း၊ မိမိကိုယ်ကို၊ မိမိအလုပ်ကို၊ မိမိတပ်မတော်နှင့် တိုင်းပြည်အပေါ်သစ္စာရှိစွာဖြင့် မိမိ အလုပ်ကို မှန်မှန်ကန်ကန်တာဝန်ကျေစွာလုပ်ဆောင်၍ မိမိတို့၏ရည်မှန်းချက်ကို အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်းဖြင့် ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။ 

(Zawgyi Version)

ဘြဲ႕ရအမ်ိဳးသမီးဗိုလ္ေလာင္းသင္တန္းအမွတ္စဥ္(၆) သင္တန္းဆင္းဂုဏ္ျပဳစစ္ေရးျပ အခမ္းအနားက်င္းပ

ေနျပည္ေတာ္၊ ဒီဇင္ဘာ ၂၃

ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္တြင္ ကာကြယ္ေရးတာဝန္ထမ္းေဆာင္ရာ၌ အမ်ိဳးသမီးစစ္မႈထမ္းမ်ား ပါဝင္ထမ္းေဆာင္ႏိုင္ရန္အတြက္ အမ်ိဳးသမီး(အရာရွိ)မ်ားအား စဥ္ဆက္မျပတ္ေမြးထုတ္ေပးလ်က္ရွိၿပီး ဘြဲ႕ရအမ်ိဳးသမီးဗိုလ္ေလာင္း သင္တန္းအမွတ္စဥ္ (၆)သင္တန္းဆင္း ဂုဏ္ျပဳစစ္ေရးျပအခမ္းအနားအား ယေန႔ နံနက္ပိုင္းတြင္ ရန္ကုန္ၿမိဳ႕ရွိ တပ္မေတာ္(ၾကည္း)ဗိုလ္သင္တန္းေက်ာင္း(ေမွာ္ဘီ)စစ္ေရးျပကြင္း၌ က်င္းပ ျပဳလုပ္ရာ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မဟာသေရစည္သူ မင္းေအာင္လႈိင္ တက္ေရာက္မိန႔္ခြန္းေျပာၾကားသည္။

အဆိုပါအခမ္းအနားသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ ဇနီး ေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေဇယ်ေက်ာ္ထင္ စိန္ဝင္း ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး ေဇယ်ေက်ာ္ထင္ တင္ေအာင္စန္း ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေဇယ်ေက်ာ္ထင္ ေမာင္ေမာင္ေက်ာ္ ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ဇနီးမ်ား၊ ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉး၊ တပ္မေတာ္(ၾကည္း) ဗိုလ္သင္တန္းေက်ာင္း ေက်ာင္းအုပ္ႀကီးႏွင့္ ရန္ကုန္တပ္နယ္မွအရာရွိႀကီးမ်ား၊ ဖိတ္ၾကားထားသည့္ ဧည့္သည့္ေတာ္မ်ားႏွင့္ သင္တန္းဆင္းဘြဲ႕ရအမ်ိဳးသမီး ဗိုလ္ေလာင္းမ်ား၏ မိဘေဆြမ်ိဳးမ်ားတက္ေရာက္ၾကသည္။

အခမ္းအနားအစီအစဥ္အရ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မဟာသေရစည္သူ မင္းေအာင္လႈိင္က ဗိုလ္ေလာင္းတပ္ခြဲမ်ား၏အေလးျပဳျခင္းကိုခံယူၿပီး ဗိုလ္ေလာင္းတပ္ခြဲမ်ားကို စစ္ေဆးသည္။ ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္အား ဗိုလ္ေလာင္းတပ္ခြဲမ်ားက အေႏွးေလွ်ာက္၊ အျမန္ေလွ်ာက္ တို႔ျဖင့္ ခ်ီတက္အေလးျပဳၾကသည္။ ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က တပ္မေတာ္(ၾကည္း) ဗိုလ္သင္တန္း ေက်ာင္း(ေမွာ္ဘီ) ဘြဲ႕ရအမ်ိဳးသမီးဗိုလ္ေလာင္းသင္တန္းအမွတ္စဥ္(၆)မွ အေကာင္းဆုံး ဗိုလ္ေလာင္းဆုရရွိသူ ဗိုလ္ေလာင္းအမွတ္ ၆၉ ဗိုလ္ေလာင္း ယမင္းအၪၨလီအား ဆုေပးအပ္ ခ်ီးျမႇင့္သည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မဟာသေရစည္သူ မင္းေအာင္လႈိင္က သင္တန္းဆင္းဗိုလ္ေလာင္းမ်ားအား မိန႔္ခြန္းေျပာၾကားရာ၌ မိမိတို႔ တပ္မေတာ္အေနျဖင့္ “ႏိုင္ငံေတာ္ ကာကြယ္ေရးတာဝန္ထမ္းေဆာင္ရာတြင္ အမ်ိဳးသမီးစစ္မႈထမ္းမ်ားပါဝင္ေဆာင္႐ြက္ႏိုင္ေစရန္အတြက္ အမ်ိဳးသမီးစစ္မႈထမ္း (အရာရွိ)မ်ားအား ေလ့က်င့္သင္ၾကားေမြးထုတ္ေပးရန္”ဆိုသည့္ ရည္႐ြယ္ခ်က္ျဖင့္ အမ်ိဳး သမီးဗိုလ္ေလာင္းသင္တန္းကို ဖြင့္လွစ္ေပးခဲ့ျခင္းျဖစ္ၿပီး တပ္မေတာ္(ၾကည္း၊ ေရ၊ေလ)ႏွင့္ လက္႐ုံးတပ္ဖြဲ႕မ်ား တြင္ အမ်ိဳးသမီးစစ္မႈထမ္းမ်ားကို ခန႔္အပ္တာဝန္ေပးအပ္ႏိုင္ေစရန္ စီမံေဆာင္႐ြက္ခဲ့ျခင္းျဖစ္ေၾကာင္း၊ ႏိုင္ငံေတာ္ကာကြယ္ေရးတာဝန္သည္ ႏိုင္ငံေတာ္အတြင္း မွီတင္းေနႏိုင္ၾကသည့္ ေယာက်ာ္း၊ မိန္းမ အသက္အ႐ြယ္မေ႐ြး ႏိုင္ငံသားတိုင္း မျဖစ္မေန ထမ္းေဆာင္ရမည့္ သမိုင္းေပးတာဝန္ျဖစ္ေၾကာင္း၊ စြမ္းရည္ ထက္ျမက္သည့္ ေခတ္မီဖြံ႕ၿဖိဳးတိုးတက္ေသာ မ်ိဳးခ်စ္တပ္မေတာ္အျဖစ္ ရည္မွန္းခ်က္ထားၿပီး ေဆာင္႐ြက္ေနခ်ိန္ တြင္ အမ်ိဳးသမီးစစ္သည္မ်ားကိုလည္း ႏိုင္ငံေတာ္ကာကြယ္ေရးတာဝန္မ်ားတြင္ အမ်ိဳးသား စစ္သည္မ်ားႏွင့္ တန္းတူ ေဆာင္႐ြက္ႏိုင္ေရး ေလ့က်င့္ေမြးထုတ္ေပးလ်က္ရွိေၾကာင္း။

ျမန္မာ့လြတ္လပ္ေရးႀကိဳးပမ္းမႈသမိုင္းကို ျပန္လည္ေလ့လာမည္ဆိုပါက မိမိတို႔ႏိုင္ငံ လြတ္လပ္ေရးအတြက္ အုတ္တစ္ခ်ပ္၊ သဲတစ္ပြင့္အျဖစ္ က်ရာတာဝန္မ်ားကို ေက်ပြန္ေအာင္ ထမ္းေဆာင္ခဲ့ၾကသူမ်ားတြင္ မ်ိဳးခ်စ္ သူရဲေကာင္းအမ်ိဳးသမီးေပါင္းမ်ားစြာ ပါဝင္ခဲ့ၾကေၾကာင္း၊ အမ်ိဳးသမီးစစ္မႈထမ္းမ်ားသာမက အရန္အင္အား ျဖစ္သည့္ ရဲေမမ်ားသည္လည္း ႏိုင္ငံေတာ္ကာကြယ္ေရးႏွင့္ပတ္သက္လာလွ်င္ ရရာလက္နက္ စြဲကိုင္ၿပီး တရားေသာစစ္အတြက္ သမိုင္းေပးတာဝန္ကို ေက်ပြန္စြာထမ္းေဆာင္ေနလ်က္ ရွိေၾကာင္း။

အမ်ိဳးသမီးမ်ား၏ အခန္းက႑သည္ ေခတ္အဆက္ဆက္တြင္ မ်ားစြာအေရးပါခဲ့သည္ကို ေတြ႕ရၿပီး ယေန႔ေခတ္တြင္ လူမႈေရး၊ စီးပြားေရး၊ ႏိုင္ငံေရးနယ္ပယ္မ်ား သာမက အာကာသသိပၸံနယ္ပယ္အထိ အမ်ိဳးသားမ်ားႏွင့္တန္းတူ ရင္ေဘာင္တန္းၿပီး အမွီလိုက္ခဲ့ၾကေၾကာင္း၊ အမ်ိဳးသမီးတို႔၏အခန္းက႑သည္ ယခင္ေခတ္ကာလမ်ားထက္ ပိုမိုတြယ္က်ယ္လာသည္ကို ေတြ႕ျမင္ေနရၿပီျဖစ္ေၾကာင္း၊ ျမန္မာႏိုင္ငံတြင္ အမ်ိဳးသမီးမ်ားကို အမ်ိဳးသားမ်ားႏွင့္တန္းတူ အခြင့္အေရးေပးထားသည္ကို ၂၀၀၈ ခုႏွစ္ ဖြဲ႕စည္းပုံအေျခခံ ဥပေဒတြင္ ျပဌာန္းထားသည္ကို ေတြ႕ရမည္ျဖစ္ၿပီး အခ်ိဳ႕ႏိုင္ငံမ်ားတြင္ အမ်ိဳးသမီးမ်ားအေပၚ တန္းတူညီမွ် အခြင့္အေရးေပးရန္ ေတာင္းဆိုလႈံ႕ေဆာ္ေနၾကဆဲပင္ျဖစ္ေၾကာင္း။ မိမိတို႔ႏိုင္ငံ၏ အေျခခံဥပေဒတြင္ “အမ်ိဳးသမီးမ်ားသည္ တူညီေသာအလုပ္ အတြက္ အမ်ိဳးသားမ်ားခံစားခြင့္ရွိေသာ အခြင့္အေရးႏွင့္လစာတို႔ကို ခံစားခြင့္ရွိသည္” ဟုပါရွိၿပီး အမ်ိဳးသား၊ အမ်ိဳးသမီးခြဲျခားမႈမရွိဘဲ သက္ဆိုင္ရာနယ္ပယ္အသီးသီးတြင္ သင့္ေတာ္သည့္တာဝန္မ်ား ေပးအပ္ထားသည္ကို ေတြ႕ရမည္ျဖစ္ေၾကာင္း၊ ျမန္မာ့တပ္မေတာ္အမ်ိဳးသမီး စစ္မႈထမ္းမ်ားအေနျဖင့္ အစဥ္အလာေကာင္းမ်ားထိန္းသိမ္းၿပီး တပ္မေတာ္ႏွင့္ ႏိုင္ငံေတာ္အတြက္ ေပးအပ္ လာသည့္တာဝန္မ်ားကို ေက်ပြန္စြာ ထမ္းေဆာင္သြားၾကရန္ မွာၾကားလိုေၾကာင္း။

သင္တန္းဆင္းၿပီး လက္ေတြ႕နယ္ပယ္တြင္ တာဝန္ထမ္းေဆာင္ၾကရာ၌ မိမိတို႔သင္ၾကားခဲ့ၾကၿပီးျဖစ္သည့္ အတတ္ပညာမ်ားႏွင့္ လုပ္ငန္းခြင္တြင္ လက္ေတြ႕လုပ္ေဆာင္ရမည့္အလုပ္မ်ားကို ေပါင္းစပ္ၿပီး ေပးအပ္ လာမည့္တာဝန္မ်ားကို ေက်ပြန္စြာ ေဆာင္႐ြက္သြားၾကရမည္ျဖစ္ေၾကာင္း၊ သက္ဆိုင္ရာတကၠသိုလ္အသီးသီးမွ ဘာသာရပ္ဆိုင္ရာ ဘြဲ႕မ်ားရရွိၿပီးျဖစ္သည့္အျပင္ ယခုသင္တန္းကာလအတြင္း၌ တပ္မေတာ္အရာရွိငယ္မ်ား သိသင့္သိထိုက္သည့္ စစ္ပညာမ်ားကို သင္ၾကားေလ့က်င့္ေပးခဲ့ၿပီးျဖစ္ေၾကာင္း၊ ႏိုင္ငံေတာ္ကာကြယ္ေရး တာဝန္ကို အသက္ေပးထမ္းေဆာင္ေနၾကသူမ်ားျဖစ္သည္ႏွင့္အညီ စစ္စည္းကမ္းသည္ မိမိတို႔တပ္မေတာ္၏ ေက်ာ႐ိုးမ႑ိဳင္ပင္ျဖစ္ေၾကာင္း၊ တပ္မေတာ္သားမ်ားျဖစ္သည့္အတြက္ စစ္ဘက္ဥပေဒမ်ားအျပင္ နယ္ဘက္ ဆိုင္ရာ ထုတ္ျပန္ထားသည့္ စည္းကမ္း၊ ဥပေဒမ်ားကို အေလးထားလိုက္နာရမည္ျဖစ္ေၾကာင္း၊ အမိန႔္နာခံမႈ၊ စစ္စည္းကမ္းေကာင္းမြန္မႈႏွင့္ စည္းလုံးညီၫြတ္မႈတို႔သည္ တပ္မေတာ္၏ အစဥ္အလာေကာင္းမ်ားပင္ ျဖစ္ေၾကာင္း၊ မိမိတို႔တပ္မေတာ္သည္ တိုင္းရင္းသားျပည္သူမ်ားမွ ေပါက္ဖြားလာသည့္ ေသြးခ်င္းညီအစ္ကို ေမာင္ႏွမမ်ားႏွင့္ ဖြဲ႕စည္းထားသည့္ တပ္မေတာ္ျဖစ္ေသာေၾကာင့္ ျပည္ေထာင္စုတပ္မေတာ္ျဖစ္သကဲ့သို႔ စည္းကမ္းစနစ္တက်၊ အမိန႔္ႏွင့္ၫႊန္ၾကားခ်က္ျဖင့္ ဖြဲ႕စည္းထားျခင္းျဖစ္၍ အမိျမန္မာႏိုင္ငံေတာ္ကို ကိုယ္စားျပဳ သည့္ တပ္မေတာ္လည္းျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ တပ္မေတာ္သားမ်ားအေနျဖင့္ ျပ႒ာန္းထားသည့္ စစ္ဘက္၊ နယ္ဘက္ဆိုင္ရာ ဥပေဒမ်ားကို သိရွိနားလည္ရန္လိုသကဲ့သို႔ လိုက္နာရန္လည္းလိုအပ္ေၾကာင္း။

ေသြးခ်င္းညီအစ္ကို တိုင္းရင္းသားေမာင္ႏွမမ်ားျဖင့္ ဖြဲ႕စည္းထားသည့္ မိမိတို႔ တပ္မေတာ္တြင္ လူမ်ိဳးေရး၊ ဘာသာေရးခြဲျခားမႈ အလ်ဥ္းမရွိသကဲ့သို႔ ထုတ္ျပန္ထားသည့္ စည္းကမ္း၊ ဥပေဒသည္လည္း တစ္ေသြး၊ တစ္သံ၊ တစ္မိန႔္တည္းပင္ျဖစ္ေၾကာင္း၊ ႏိုင္ငံ ေတာ္ ကာကြယ္ေရးတာဝန္မ်ားကို ထမ္းေဆာင္ေနသည့္ အမ်ိဳးသား၊ အမ်ိဳးသမီးမေ႐ြး အားလုံးသည္ တပ္မေတာ္၏ စုစည္းမႈေအာက္တြင္ တစ္စည္းတစ္လုံးတည္းပင္ျဖစ္ေနၾကရန္ လိုအပ္ေၾကာင္း၊ မိမိတို႔တပ္မေတာ္သည္ ႏိုင္ငံ၏ကာကြယ္ေရးက႑အတြက္ အဓိကအဖြဲ႕အစည္းတစ္ခု ျဖစ္ေသာေၾကာင့္ စည္းကမ္းလိုက္နာမႈ၊ အမိန႔္နာခံတတ္မႈ၊ အထက္ေအာက္ အျပန္အလွန္႐ိုေသ ေလးစားမႈမ်ားႏွင့္ စစ္သားေကာင္း စိတ္ေမြးျမဴၿပီး စည္းစည္းလုံးလုံး တာဝန္ထမ္းေဆာင္ရမည္ျဖစ္ေၾကာင္း၊ တပ္မေတာ္သားမ်ားအားလုံး လိုက္နာေစာင့္ထိန္းရမည့္ စစ္သည္ေတာ္က်င့္ဝတ္အပါး(၆၀)ပါအခ်က္မ်ားအတိုင္း တိက်စြာ လိုက္နာေဆာင္႐ြက္သြားၾကရန္ လိုအပ္ေၾကာင္း။

မည္သည့္အဖြဲ႕အစည္းတြင္မဆို ေခါင္းေဆာင္မႈအခန္းက႑သည္ အေရးႀကီးသည့္အတြက္ မိမိကိုယ္ကို ေကာင္းမြန္ေအာင္ အၿမဲတမ္းတည္ေဆာက္ရန္လိုၿပီး မိမိအဖြဲ႕အစည္းက အားကိုးရသည့္ ေခါင္းေဆာင္မ်ား ျဖစ္ရန္ႏွင့္ မိမိတို႔အရည္အေသြးတိုးတက္ေအာင္ ႀကိဳးစားေဆာင္႐ြက္ၾကရန္လိုအပ္ေၾကာင္း၊ စစ္ဘက္ ေခါင္းေဆာင္မ်ားအေနျဖင့္ လက္႐ုံးရည္၊ ႏွလုံးရည္ႏွင့္ ျပည့္စုံၿပီး မိမိဦးေဆာင္သည့္အဖြဲ႕အစည္း၏ စီးပြားေရး၊ လူမႈေရး၊ က်န္းမာေရး၊ ပညာေရး၊ လုံၿခဳံေရး စသည့္ သက္သာေခ်ာင္ခ်ိမႈ၊ အုပ္ခ်ဳပ္မႈကိစၥ မွန္သမွ်ကို မွန္မွန္ကန္ကန္ႏွင့္ ဦးေဆာင္ၿပီး စီမံခန႔္ခြဲေပးရမည္ျဖစ္ေၾကာင္း၊ အရာရွိမ်ားျဖစ္လာသည့္အခါ ေကာင္းမြန္သည့္ အက်င့္ကိုေမြးျမဴ၍ မိမိကိုယ္ကိုႏွင့္ အဖြဲ႕အစည္း ေကာင္းေအာင္ ေဆာင္႐ြက္ေနၾကရန္ မွာၾကားလိုေၾကာင္း၊ မိမိကိုယ္ကိုႏွင့္ လက္ေအာက္ကို အလိုမလိုက္ရန္လည္း လိုအပ္ေၾကာင္း၊ “သြားသင့္သည့္ေနရာကိုသာသြားရန္၊ ေပါင္းသင့္သည့္သူကိုသာေပါင္းရန္၊ လုပ္သင့္သည့္အလုပ္ကိုသာလုပ္ရန္ႏွင့္ ေျပာသင့္သည့္စကားကိုသာ ေျပာရန္ ဆိုသည့္ သင့္ ၄ သင့္” ကို လိုက္နာေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း။

မိမိတို႔တပ္မေတာ္၏ “အဓိကလုပ္ငန္းႀကီး ၃ ရပ္အျဖစ္ ႏိုင္ငံေတာ္ကာကြယ္ေရးတာဝန္၊ ေလ့က်င့္ေရး တာဝန္ႏွင့္ ျပည္သူ႔အက်ိဳးျပဳလုပ္ငန္းတာဝန္” ဆိုၿပီး ခ်မွတ္ျပ႒ာန္းေပးထားၿပီးျဖစ္ေၾကာင္း၊ ႏိုင္ငံေတာ္ ကာကြယ္ေရးတာဝန္ဆိုသည့္ေနရာတြင္ သာမန္အားျဖင့္ ႏိုင္ငံေတာ္ကို ထိပါးလာမည့္ ျပည္တြင္း၊ ျပည္ပ အႏၲရာယ္မ်ားကို ေခ်မႈန္းတိုက္ခိုက္သြားရန္ျဖစ္ေၾကာင္း၊ ယေန႔ကမာၻေပၚရွိ ႏိုင္ငံတိုင္းသည္ မိမိတို႔ႏိုင္ငံ၏ အမ်ိဳးသားအက်ိဳးစီးပြားကို ကာကြယ္ေစာင့္ေရွာက္ႏိုင္ရန္အတြက္ မိမိတို႔ႏိုင္ငံ၏ ကာကြယ္ေရးစြမ္းအားကို ႏိုင္ငံတကာႏွင့္ ရင္ေဘာင္တန္းႏိုင္ရန္ တည္ေဆာက္ေနၾကသည္ကို ေတြ႕ရမည္ ျဖစ္ေၾကာင္း၊ ျမန္မာႏိုင္ငံသည္ ပထဝီႏိုင္ငံေရးအရ မဟာဗ်ဴဟာက်သည့္ တည္ေနရာ အေနအထားတြင္ရွိၿပီး လူမ်ိဳးေရး၊ ဘာသာေရး၊ အိမ္နီးခ်င္းႏိုင္ငံမ်ားႏွင့္ သမိုင္းေၾကာင္းမ်ားအရ ဆက္စပ္ေနျခင္းျဖစ္ေၾကာင္း၊ မိမိတို႔ႏိုင္ငံ၏ အမ်ိဳးသား အက်ိဳးစီးပြားကို ကာကြယ္ေစာင့္ေရွာက္ႏိုင္ရန္ႏွင့္ မိမိႏိုင္ငံသားမ်ား၏ တိုင္းရင္းသားအျဖစ္ တည္ရွိမႈကို ထိန္းသိမ္းကာကြယ္ႏိုင္ရန္အတြက္ တပ္မေတာ္သည္ ႏိုင္ငံတကာတပ္မေတာ္မ်ားႏွင့္ ရင္ေဘာင္တန္းႏိုင္သည့္ တပ္မေတာ္ျဖစ္ရန္ တည္ေဆာက္သြားရမည္ျဖစ္ေၾကာင္း။

ႏိုင္ငံေတာ္၏ ကာကြယ္ေရးအဓိကအင္အားျဖစ္သည့္ တပ္မေတာ္သည္ ေခတ္မီၿပီး အင္အားေတာင့္တင္း ေနမွသာလွ်င္ အိမ္နီးခ်င္းႏိုင္ငံမ်ားသာမက ကမာၻ႔အင္အားႀကီး ႏိုင္ငံမ်ားကပါ မိမိတို႔အခ်ဳပ္အျခာအာဏာ ပိုင္နယ္ေျမကို မထိပါးဝံ့ဘဲ ေလးစားေနမည္ ျဖစ္ေၾကာင္း၊ ေခတ္မီတပ္မေတာ္တည္ေဆာက္ႏိုင္ရန္ တပ္မေတာ္သားတစ္ဦးခ်င္းစီက စြမ္းရည္ ၃ ရပ္ ျပည့္စုံခိုင္မာဖို႔လိုအပ္ၿပီး တစ္ဦးခ်င္းအရည္အေသြးျမင့္မွ အဖြဲ႕အစည္းတစ္ခုလုံး အရည္အေသြးျမင့္မားလာမည္ျဖစ္သည့္အတြက္ တစ္ဦးခ်င္းအရည္အေသြး ျမင့္မား လာရန္ တစ္ဦးခ်င္းေလ့က်င့္ေရး (Individual Training) မွသည္ အစုအဖြဲ႕လိုက္ စြမ္းရည္ျမင့္မားလာေအာင္ အစုအဖြဲ႕လိုက္ေလ့က်င့္ေရး (Collective Training)၊ ပူးေပါင္းစစ္ဆင္ေရးေလ့က်င့္ခန္း (Joint Operation Training)မ်ားအထိ ေလ့က်င့္ ေနၾကရျခင္းျဖစ္ေၾကာင္း၊ မိမိတို႔တပ္မေတာ္၏ ရည္႐ြယ္ခ်က္ျဖစ္သည့္ “ေခတ္မီ တပ္မေတာ္ျဖစ္ေစရန္အတြက္ တိုက္စြမ္းရည္ႏွင့္ တိုက္စြမ္းအားတို႔ထက္ျမက္ေနရန္” လည္း အေရးႀကီးသည္ကို ေျပာၾကားလိုေၾကာင္း။

အမ်ိဳးသမီးစစ္မႈထမ္းအရာရွိမ်ားအျဖစ္ တာဝန္ထမ္းေဆာင္သြားၾကမည့္သူမ်ားအေနျဖင့္ မိမိတို႔တပ္မေတာ္တြင္ ထူးခြၽန္ေျပာင္ေျမာက္သည့္ အမ်ိဳးသမီးစစ္မႈထမ္းမ်ားစြာ ေပၚေပါက္ခဲ့ၿပီး အဆင့္၊ ရာထူးအမ်ိဳးမ်ိဳးႏွင့္ က်ရာ တာဝန္ကို ေက်ပြန္စြာထမ္းေဆာင္ ႏိုင္ခဲ့ၾကသကဲ့သို႔ သင္တန္းဆင္းအမ်ိဳးသမီးစစ္မႈထမ္းအရာရွိမ်ား အေနျဖင့္လည္း ေပးအပ္လာမည့္တာဝန္မ်ားကို ေက်ပြန္ေအာင္ ႀကိဳးပမ္းထမ္းေဆာင္သြားၾကရန္၊ ေခါင္းေဆာင္မႈအဂၤါရပ္ႏွင့္အညီ ျပ႒ာန္းထားသည့္ ဥပေဒ၊ ထုတ္ျပန္ထားသည့္ အမိန႔္ႏွင့္ၫႊန္ၾကားခ်က္၊ စည္းမ်ဥ္း၊ စည္းကမ္း၊ နည္းလမ္းမ်ားအျပင္ စစ္သည္ေတာ္က်င့္ဝတ္ အပါး(၆၀)ႏွင့္အညီ လိုက္နာ ေဆာင္႐ြက္သြားၾကရန္၊ မိမိတို႔ေရာက္ရွိတာဝန္ ထမ္းေဆာင္ရာေဒသ၌ တိုင္းရင္းသားျပည္သူတို႔၏အက်ိဳးကို ေဖာ္ေဆာင္ရာတြင္ က်ရာအခန္းက႑မွ ပါဝင္ေဆာင္႐ြက္သြားၾကရန္၊ ဒို႔တာဝန္အေရးသုံးပါးကို အစဥ္ဦးထိပ္ပန္ဆင္ၿပီး တပ္တည္ေဆာက္ေရး လုပ္ငန္းႀကီး ၄ ရပ္၊ တပ္မေတာ္၏အဓိကလုပ္ငန္းႀကီး ၃ ခုႏွင့္ အညီ က်ရာတာဝန္မ်ားကို ေက်ပြန္စြာထမ္းေဆာင္သြားၾကရန္၊ သင္တန္းကသင္ၾကားေပးလိုက္သည့္ စစ္ဦးစီး၊ စစ္ေရး၊ စစ္ေထာက္ပညာရပ္မ်ားႏွင့္ ေခါင္းေဆာင္မႈအဂၤါရပ္မ်ားကို စဥ္ဆက္မျပတ္ေလ့လာဆည္းပူးၿပီး ႏိုင္ငံေတာ္ႏွင့္ တပ္မေတာ္အတြက္ အားကိုးအားထား ျပဳရသည့္ အမ်ိဳးသမီးအရာရွိေကာင္းမ်ားျဖစ္လာရန္ ႀကိဳးစားလုပ္ေဆာင္သြားၾကရန္ တိုက္တြန္း ေျပာၾကားလိုေၾကာင္းျဖင့္ ေျပာၾကားသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မဟာသေရစည္သူ မင္းေအာင္လႈိင္သည္ ဗိုလ္ေလာင္းတပ္ခြဲမ်ား၏ အေလးျပဳျခင္းကိုခံယူၿပီးေနာက္ စစ္ေရးျပ အခမ္းအနားမွျပန္လည္ထြက္ခြာသည္။

စစ္ေရးျပအခမ္းအနားအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မဟာသေရစည္သူ မင္းေအာင္လႈိင္သည္ တပ္မေတာ္(ၾကည္း)ဗိုလ္သင္တန္းေက်ာင္း (ေမွာ္ဘီ) ရိပ္သာဧည့္ခန္းမ၌ အေကာင္းဆုံး ဗိုလ္ေလာင္းဆုရ ဗိုလ္ေလာင္း ယမင္းအၪၨလီ၊ ေသနတ္ပစ္အေကာင္းဆုံးဆုရ ဗိုလ္ေလာင္း ေအးထက္ထက္လႈိင္ႏွင့္ ၎တို႔၏ မိဘမ်ားအားေတြ႕ဆုံ၍ ဂုဏ္ျပဳအမွာစကားေျပာၾကားသည္။

ဂုဏ္ျပဳအမွာစကားေျပာၾကားရာတြင္ ယခုကဲ့သို႔ ထူးခြၽန္စြာဆုမ်ားရရွိၾကသည့္အတြက္ မိဘမ်ားႏွင့္ ထပ္တူ ထပ္မွ် ဂုဏ္ယူဝမ္းေျမာက္မိပါေၾကာင္း၊ သင္တန္းကာလ တစ္ေလွ်ာက္လုံး ႀကိဳးစားအားထုတ္ခဲ့ျခင္းေၾကာင့္သာ ထူးခြၽန္ဆုမ်ားရရွိခဲ့ျခင္းျဖစ္ၿပီး ႀကိဳးစားအားထုတ္ေဆာင္႐ြက္တတ္သည့္ အေျခခံစိတ္ဓာတ္ေကာင္းကို မိမိဘ၀ တစ္ေလွ်ာက္ ဆက္လက္ေမြးျမဴေဆာင္႐ြက္သြားၾကရမည္ျဖစ္ေၾကာင္း၊ မိမိတို႔၏ဘဝတြင္ ရည္မွန္းခ်က္၊ ေမွ်ာ္မွန္းခ်က္မ်ားႀကီးမားစြာထားရွိၿပီး မေပ်ာက္ပ်က္ေအာင္ ေဆာင္႐ြက္ရန္မွာ မိမိတို႔ တစ္ဦးခ်င္း၏ တာဝန္ပင္ျဖစ္ေၾကာင္း၊ မိမိတို႔ႏိုင္ငံတြင္သာမက တစ္ကမာၻလုံးတြင္ အမ်ိဳးသမီးမ်ား၏ အခန္းက႑သည္ အေရးႀကီးသည့္ အခန္းက႑တြင္ ပါဝင္လ်က္ရွိေၾကာင္း၊ မိမိတို႔ကို လူလားေျမာက္ေအာင္ေကြၽးေမြးျပဳစု ပ်ိဳးေထာင္ေပးခဲ့သည့္ မိဘမ်ား၏ ေက်းဇူးကို မိဘမ်ား၏စကားနားေထာင္ျခင္း၊ မိဘမ်ား၏လိုအပ္ခ်က္ကို တတ္စြမ္းသေ႐ြ႕ ျဖည့္ဆည္းေဆာင္႐ြက္ေပးျခင္းတို႔ျဖင့္ ေက်းဇူးဆပ္ရာေရာက္ၿပီး မိမိကိုယ္ကို ေကာင္းမြန္ ေအာင္ စည္းကမ္းစနစ္တက်ေနထိုင္ျခင္းျဖင့္လည္း တပ္မေတာ္၏ဂုဏ္ေက်းဇူးကို ေစာင့္သိရာေရာက္မည္ ျဖစ္ေၾကာင္း၊ မိမိစိတ္ကိုအလိုမလိုက္ဘဲ သြားသင့္သည့္ေနရာကို သာသြားရန္၊ ေပါင္းသင့္သည့္သူကိုသာ ေပါင္းရန္၊ လုပ္သင့္သည့္အလုပ္ကိုသာလုပ္ရန္ ႏွင့္ ေျပာသင့္သည္ကိုသာေျပာရန္ဟူေသာ သင့္ ၄ သင့္ကို လိုက္နာရန္လိုေၾကာင္း၊ မိမိကိုယ္ကို၊ မိမိအလုပ္ကို၊ မိမိတပ္မေတာ္ႏွင့္ တိုင္းျပည္အေပၚသစၥာရွိစြာျဖင့္ မိမိ အလုပ္ကို မွန္မွန္ကန္ကန္တာဝန္ေက်စြာလုပ္ေဆာင္၍ မိမိတို႔၏ရည္မွန္းခ်က္ကို ေအာင္ျမင္ေအာင္ ႀကိဳးပမ္းေဆာင္႐ြက္သြားၾကေစလိုေၾကာင္းျဖင့္ ဂုဏ္ျပဳအမွာစကား ေျပာၾကားခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။