တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများက မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓတက္ကသိုလ်များ အတွက် နဝကမ္မ အလှူတော်ငွေများနှင့် သီတဂူရေအလှူတော်အလှူငွေများ ဆက်ကပ် လှူဒါန်း

နေပြည်တော်၊ ဒီဇင်ဘာ – ၂၆

မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓတက္ကသိုလ်များအတွက် တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများက နဝကမ္မ အလှူတော်ငွေများနှင့် သီတဂူရေအလှူတော်အလှူငွေများ ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ်ရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၌ကျင်းပပြုလုပ်ရာ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူ ဆေးရုံတော်များ၏ အဓိပတိ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ မဟာဓမ္မကထိက၊ ဗဟုဇနဟိတဓရ၊ တွဲဖက်ရွှေကျင်သာသနာပိုင်၊ သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရ နှင့် ဆရာတော်၊ သံဃာတော်များ တက်ရောက်ချီးမြှင့်တော်မူကြသည်။

အဆိုပါ လှူဒါန်းပွဲသို့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်၊ တပ်နယ်အသီးသီးမှ အရာရှိကြီးများနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အခမ်းအနားတက်ရောက်လာကြ သူများသည် နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ပြီး သီတဂူ ဆရာတော် ဘုရားကြီးထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများက မြန်မာ နိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓတက္ကသိုလ်များအတွက် နဝကမ္မအလှူတော်ငွေ များနှင့် သီတဂူရေအလှူတော်အလှူငွေများ ဆက်ကပ်လှူဒါန်းရခြင်းနှင့်ပတ်သက်၍ သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။

ထိုသို့လျှောက်ထားရာတွင် သီတဂူဆရာတော်ဘုရားကြီး ဦးဆောင်ဦးရွက် ပြုတော်မူသည့် သာသနာ ဟိတ၊ ပရဟိတ၊ လောကဟိတ လုပ်ငန်းကြီးများသည် ယခင်က လုပ်ငန်းကြီးလေးရပ်သာ ရှိခဲ့သော်လည်း ယခုအခါ ဆရာတော်ဘုရားကြီး၏ သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာ စွမ်းအားများနှင့် တိုင်းရင်းသားပြည်သူများ၏ သဒ္ဓါအား၊ စေတနာ အား၊ ပစ္စည်းဥစ္စာ ငွေကြေးလှူဒါန်းမှုများကြောင့် စစ်ကိုင်းတောင်ရိုး သီတဂူ ရေအလှူ တော်များ၊ သီတဂူ ဆေးရုံအလှူတော်များ၊ သီတဂူပြည်ပသာသနာပြုကျောင်းများ၊ သီတဂူ သဘာဝဘေး အန္တရာယ်ကယ်ဆယ်ရေးအလှူများ၊ သီတဂူစေတီပုထိုး ဘုရားကျောင်းကန် ပြုပြင်တည်ဆောက်ခြင်း လုပ်ငန်းများ၊ သီတဂူပညာရေးလုပ်ငန်းများ၊ သီတဂူပညာရေး အလှူတော်များနှင့် သီတဂူဝိပဿနာ လုပ်ငန်းစဉ်ဟူ၍ တစ်ခုပြီးတစ်ခု တစ်စိုက်မတ်မတ် တိုးတက်လုပ်ဆောင်လာခဲ့သည်ကို တွေ့ရှိရသဖြင့် အထူးပင်ဝမ်းမြောက်ဝမ်းသာ ကြည်ညိုရပါကြောင်း။

ယင်းသာသနာပြု တည်ဆောက်ရေးလုပ်ငန်းများသည် လှူဒါန်းငွေနှင့် ဆောင်ရွက်ရသည်ဆိုသော်လည်း ငွေကုန်ကြေးကျများပြီး တန်ဖိုးကြီးမားကာ နိုင်ငံတော်နှင့် အမျိုး ဘာသာသာသနာအတွက် အမှန်တစ်ကယ် မရှိမဖြစ်ဆောင်ရွက်ရသည့် လုပ်ငန်းများဖြစ်ပါကြောင်း၊ ဘာသာသာသနာခိုင်မာမှသာလျင် တိုင်းပြည် သည်လည်း တည်တံ့ ခိုင်မာမည်ဖြစ်သည့်အတွက် တပ်မတော်ကလည်း တစ်ဖက်တစ်လမ်းမှ စွမ်းနိုင်သမျှ ပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဘာသာသာသနာအတွက် လုပ်ငန်းများလုပ်ဆောင် ခြင်းသည် တိုင်းပြည်အေးချမ်းမှုကို လုပ်ဆောင်နေသည်ပင်ဖြစ်ပြီး ပြည်သူလူထု အတွက်လည်း ဒါန၊ သီလ၊ ဘာဝနာ ပိုမိုခိုင်မာအောင်ဆောင်ရွက်ပေးနိုင်ကာ ဘာသာ သာသနာ ပြန့်ပွားအောင်ဆောင်ရွက်နေခြင်းပင်ဖြစ်ပါကြောင်း၊ ထို့အတူ နိုင်ငံကို တည်ငြိမ်အေးချမ်းအောင် ဆောင်ရွက်နေခြင်းသည်လည်း နိုင်ငံတော်ကို ကာကွယ်နေ ခြင်းပင် ဖြစ်ပါကြောင်း၊ ကမ္ဘာပေါ်တွင်ရှိသည့် မည်သည့်နိုင်ငံမဆို ဘာသာသာသနာ ခိုင်မာပါက တိုင်းပြည်တည်ငြိမ်အေးချမ်းသည်ကို တွေ့ရပါကြောင်း၊ ထို့ကြောင့်လည်း တပ်မတော်က တစ်တပ်တစ်အား ပါဝင်လှူဒါန်းရခြင်းဖြစ်ပါကြောင်း။

ဘုရားတပည့်တော်တို့ တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများအနေဖြင့် သာသနာတော်ကြီး အဓွန့်ရှည် တည်တံ့ခိုင်မြဲရေးအတွက် ပရိယတ္တိသာသနာတော်ကို လှူဒါန်းခွင့်ရခြင်းကြောင့်လည်း ကြည်နူးဝမ်း မြောက်မိပါကြောင်းဖြင့် တင်ပြလျှောက်ထား သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး ဒေါ်ကြူကြူလှတို့က သီတဂူဆရာတော်ဘုရားကြီးထံ တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများမှ လှူဒါန်းသော လှူဖွယ်ပစ္စည်းများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓတက္ကသိုလ်များအတွက် နဝကမ္မအလှူ တော်ငွေ ကျပ်သိန်း ၅၀၀ နှင့် သီတဂူရေအလှူတော် အလှူတော်ငွေ ၂၄၆ သိန်းတို့ကို ဆက်ကပ်လှူဒါန်းရာ ဆရာတော်ဘုရားကြီးက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ် သည်။

ဆက်လက်ပြီး ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့် တက်ရောက်လာကြသည့် အရာရှိကြီးများက သီတဂူဆရာတော် ဘုရားကြီးနှင့် ဆရာတော်၊ သံဃာတော်များ အား လှူဖွယ်ပစ္စည်းများ အသီးသီးဆက်ကပ်လှူဒါန်းကြရာ သီတဂူဆရာတော်ဘုရားကြီး က ဓမ္မလက်ဆောင်များ ပြန်လည်ပေးအပ်သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တက်ရောက်လာကြသူများသည် သီတဂူဆရာတော် ဘုရားကြီးထံမှ မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက်ထေရဝါဒ ဗုဒ္ဓ တက္ကသိုလ်များ တည်ထောင်ခဲ့မှုအခြေ အနေများ၊ လက်ရှိတွင် တစ်နိုင်ငံလုံးနှင့် အပြည် ပြည်ဆိုင်ရာ ဗုဒ္ဓတက္ကသိုလ်များအားလုံး ပေါင်းရုံးစုစည်း ဆောင်ရွက်နေမှုဆိုင်ရာများ အကြောင်း ဟောကြားတော်မူသည့် အနုမောဒနာတရားကိုနာယူ၍ လှူဒါန်းမှု အစုစုတို့ အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကသည်။

(Unicode Version)

တပ္မေတာ္(ၾကည္း၊ေရ၊ေလ)မိသားစုမ်ားက ျမန္မာႏိုင္ငံလုံးဆိုင္ရာ ဗုဒၶတကၠသိုလ္မ်ား အတြက္ နဝကမၼ အလႉေတာ္ေငြမ်ားႏွင့္ သီတဂူေရအလႉေတာ္အလႉေငြမ်ား ဆက္ကပ္ လႉဒါန္း

ေနျပည္ေတာ္၊ ဒီဇင္ဘာ – ၂၆

ျမန္မာႏိုင္ငံလုံးဆိုင္ရာ ဗုဒၶတကၠသိုလ္မ်ားအတြက္ တပ္မေတာ္(ၾကည္း၊ေရ၊ေလ) မိသားစုမ်ားက နဝကမၼ အလႉေတာ္ေငြမ်ားႏွင့္ သီတဂူေရအလႉေတာ္အလႉေငြမ်ား ဆက္ကပ္လႉဒါန္းပြဲကို ယေန႔နံနက္ပိုင္းတြင္ ရန္ကုန္တိုင္းေဒသႀကီး၊ ေျမာက္ဒဂုံၿမိဳ႕နယ္ရွိ သီတဂူကမာၻ႔ဗုဒၶတကၠသိုလ္၌က်င္းပျပဳလုပ္ရာ သီတဂူ ကမာၻ႔ဗုဒၶတကၠသိုလ္မ်ားႏွင့္ သီတဂူ ေဆး႐ုံေတာ္မ်ား၏ အဓိပတိ၊ အဘိဓဇမဟာရ႒ဂု႐ု၊ အဂၢမဟာပ႑ိတ၊ မဟာဓမၼကထိက၊ ဗဟုဇနဟိတဓရ၊ တြဲဖက္ေ႐ႊက်င္သာသနာပိုင္၊ သီတဂူဆရာေတာ္ ေဒါက္တာ ဘဒၵႏၲ ဉာဏိႆရ ႏွင့္ ဆရာေတာ္၊ သံဃာေတာ္မ်ား တက္ေရာက္ခ်ီးျမႇင့္ေတာ္မူၾကသည္။

အဆိုပါ လႉဒါန္းပြဲသို႔တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ႏွင့္ဇနီး ေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ)ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္းႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီး ခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ရန္ကုန္တိုင္း စစ္ဌာနခ်ဳပ္တိုင္းမႉး၊ ရန္ကုန္တိုင္း စစ္ဌာနခ်ဳပ္၊ တပ္နယ္အသီးသီးမွ အရာရွိႀကီးမ်ားႏွင့္ ဖိတ္ၾကားထားသူမ်ား တက္ေရာက္ ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အခမ္းအနားတက္ေရာက္လာၾက သူမ်ားသည္ နေမာတႆ သုံးႀကိမ္႐ြတ္ဆိုဘုရားကန္ေတာ့ဖြင့္လွစ္ၿပီး သီတဂူ ဆရာေတာ္ ဘုရားႀကီးထံမွ ငါးပါးသီလခံယူ ေဆာက္တည္ၾကသည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က တပ္မေတာ္(ၾကည္း၊ေရ၊ေလ) မိသားစုမ်ားက ျမန္မာ ႏိုင္ငံလုံးဆိုင္ရာ ဗုဒၶတကၠသိုလ္မ်ားအတြက္ နဝကမၼအလႉေတာ္ေငြ မ်ားႏွင့္ သီတဂူေရအလႉေတာ္အလႉေငြမ်ား ဆက္ကပ္လႉဒါန္းရျခင္းႏွင့္ပတ္သက္၍ သာသနာေရးဆိုင္ရာမ်ား ေလွ်ာက္ထားသည္။

ထိုသို႔ေလွ်ာက္ထားရာတြင္ သီတဂူဆရာေတာ္ဘုရားႀကီး ဦးေဆာင္ဦး႐ြက္ ျပဳေတာ္မူသည့္ သာသနာ ဟိတ၊ ပရဟိတ၊ ေလာကဟိတ လုပ္ငန္းႀကီးမ်ားသည္ ယခင္က လုပ္ငန္းႀကီးေလးရပ္သာ ရွိခဲ့ေသာ္လည္း ယခုအခါ ဆရာေတာ္ဘုရားႀကီး၏ သဒၶါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာ စြမ္းအားမ်ားႏွင့္ တိုင္းရင္းသားျပည္သူမ်ား၏ သဒၶါအား၊ ေစတနာ အား၊ ပစၥည္းဥစၥာ ေငြေၾကးလႉဒါန္းမႈမ်ားေၾကာင့္ စစ္ကိုင္းေတာင္႐ိုး သီတဂူ ေရအလႉ ေတာ္မ်ား၊ သီတဂူ ေဆး႐ုံအလႉေတာ္မ်ား၊ သီတဂူျပည္ပသာသနာျပဳေက်ာင္းမ်ား၊ သီတဂူ သဘာဝေဘး အႏၲရာယ္ကယ္ဆယ္ေရးအလႉမ်ား၊ သီတဂူေစတီပုထိုး ဘုရားေက်ာင္းကန္ ျပဳျပင္တည္ေဆာက္ျခင္း လုပ္ငန္းမ်ား၊ သီတဂူပညာေရးလုပ္ငန္းမ်ား၊ သီတဂူပညာေရး အလႉေတာ္မ်ားႏွင့္ သီတဂူဝိပႆနာ လုပ္ငန္းစဥ္ဟူ၍ တစ္ခုၿပီးတစ္ခု တစ္စိုက္မတ္မတ္ တိုးတက္လုပ္ေဆာင္လာခဲ့သည္ကို ေတြ႕ရွိရသျဖင့္ အထူးပင္ဝမ္းေျမာက္ဝမ္းသာ ၾကည္ညိဳရပါေၾကာင္း။

ယင္းသာသနာျပဳ တည္ေဆာက္ေရးလုပ္ငန္းမ်ားသည္ လႉဒါန္းေငြႏွင့္ ေဆာင္႐ြက္ရသည္ဆိုေသာ္လည္း ေငြကုန္ေၾကးက်မ်ားၿပီး တန္ဖိုးႀကီးမားကာ ႏိုင္ငံေတာ္ႏွင့္ အမ်ိဳး ဘာသာသာသနာအတြက္ အမွန္တစ္ကယ္ မရွိမျဖစ္ေဆာင္႐ြက္ရသည့္ လုပ္ငန္းမ်ားျဖစ္ပါေၾကာင္း၊ ဘာသာသာသနာခိုင္မာမွသာလ်င္ တိုင္းျပည္ သည္လည္း တည္တံ့ ခိုင္မာမည္ျဖစ္သည့္အတြက္ တပ္မေတာ္ကလည္း တစ္ဖက္တစ္လမ္းမွ စြမ္းႏိုင္သမွ် ပါဝင္ေဆာင္႐ြက္လ်က္ရွိပါေၾကာင္း၊ ဘာသာသာသနာအတြက္ လုပ္ငန္းမ်ားလုပ္ေဆာင္ ျခင္းသည္ တိုင္းျပည္ေအးခ်မ္းမႈကို လုပ္ေဆာင္ေနသည္ပင္ျဖစ္ၿပီး ျပည္သူလူထု အတြက္လည္း ဒါန၊ သီလ၊ ဘာဝနာ ပိုမိုခိုင္မာေအာင္ေဆာင္႐ြက္ေပးႏိုင္ကာ ဘာသာ သာသနာ ျပန႔္ပြားေအာင္ေဆာင္႐ြက္ေနျခင္းပင္ျဖစ္ပါေၾကာင္း၊ ထို႔အတူ ႏိုင္ငံကို တည္ၿငိမ္ေအးခ်မ္းေအာင္ ေဆာင္႐ြက္ေနျခင္းသည္လည္း ႏိုင္ငံေတာ္ကို ကာကြယ္ေန ျခင္းပင္ ျဖစ္ပါေၾကာင္း၊ ကမာၻေပၚတြင္ရွိသည့္ မည္သည့္ႏိုင္ငံမဆို ဘာသာသာသနာ ခိုင္မာပါက တိုင္းျပည္တည္ၿငိမ္ေအးခ်မ္းသည္ကို ေတြ႕ရပါေၾကာင္း၊ ထို႔ေၾကာင့္လည္း တပ္မေတာ္က တစ္တပ္တစ္အား ပါဝင္လႉဒါန္းရျခင္းျဖစ္ပါေၾကာင္း။

ဘုရားတပည့္ေတာ္တို႔ တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) မိသားစုမ်ားအေနျဖင့္ သာသနာေတာ္ႀကီး အဓြန႔္ရွည္ တည္တံ့ခိုင္ၿမဲေရးအတြက္ ပရိယတၱိသာသနာေတာ္ကို လႉဒါန္းခြင့္ရျခင္းေၾကာင့္လည္း ၾကည္ႏူးဝမ္း ေျမာက္မိပါေၾကာင္းျဖင့္ တင္ျပေလွ်ာက္ထား သည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီး ေဒၚၾကဴၾကဴလွတို႔က သီတဂူဆရာေတာ္ဘုရားႀကီးထံ တပ္မေတာ္(ၾကည္း၊ေရ၊ေလ)မိသားစုမ်ားမွ လႉဒါန္းေသာ လႉဖြယ္ပစၥည္းမ်ား၊ ျမန္မာႏိုင္ငံလုံးဆိုင္ရာ ဗုဒၶတကၠသိုလ္မ်ားအတြက္ နဝကမၼအလႉ ေတာ္ေငြ က်ပ္သိန္း ၅၀၀ ႏွင့္ သီတဂူေရအလႉေတာ္ အလႉေတာ္ေငြ ၂၄၆ သိန္းတို႔ကို ဆက္ကပ္လႉဒါန္းရာ ဆရာေတာ္ဘုရားႀကီးက ဂုဏ္ျပဳမွတ္တမ္းလႊာ ျပန္လည္ေပးအပ္ သည္။

ဆက္လက္ၿပီး ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ)ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ႏွင့္ တက္ေရာက္လာၾကသည့္ အရာရွိႀကီးမ်ားက သီတဂူဆရာေတာ္ ဘုရားႀကီးႏွင့္ ဆရာေတာ္၊ သံဃာေတာ္မ်ား အား လႉဖြယ္ပစၥည္းမ်ား အသီးသီးဆက္ကပ္လႉဒါန္းၾကရာ သီတဂူဆရာေတာ္ဘုရားႀကီး က ဓမၼလက္ေဆာင္မ်ား ျပန္လည္ေပးအပ္သည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ တက္ေရာက္လာၾကသူမ်ားသည္ သီတဂူဆရာေတာ္ ဘုရားႀကီးထံမွ ျမန္မာႏိုင္ငံတြင္ ေခတ္အဆက္ဆက္ေထရဝါဒ ဗုဒၶ တကၠသိုလ္မ်ား တည္ေထာင္ခဲ့မႈအေျခ အေနမ်ား၊ လက္ရွိတြင္ တစ္ႏိုင္ငံလုံးႏွင့္ အျပည္ ျပည္ဆိုင္ရာ ဗုဒၶတကၠသိုလ္မ်ားအားလုံး ေပါင္း႐ုံးစုစည္း ေဆာင္႐ြက္ေနမႈဆိုင္ရာမ်ား အေၾကာင္း ေဟာၾကားေတာ္မူသည့္ အႏုေမာဒနာတရားကိုနာယူ၍ လႉဒါန္းမႈ အစုစုတို႔ အတြက္ ေရစက္သြန္းခ်အမွ်ေပးေဝခဲ့ၾကကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။