တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ် နိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ် နိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ဇန်နဝါရီ  ၃၁

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံ သံအမတ်ကြီး H.E.Mr. Ly Quoc Tuan အား ယနေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့်တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံသံအမတ်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံ စစ်သံမှူး Senior Colonel Nguyen Thanh Dong နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့သည် အမျိုးသားခေါင်းဆောင် ကြီးများဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းနှင့် သမ္မတဟိုချီမင်းတို့ လက်ထက်ကတည်းက ပူးပေါင်းဆောင်ရွက် ဆက်ဆံမှုများရှိခဲ့ပြီး ယခုနှစ်တွင် ကျရောက်မည့် သံတမန်ဆက်ဆံမှု (၄၅)နှစ်အထိ တိုးတက်ကောင်းမွန်လျက်ရှိသည့် အခြေအနေများ၊ နှစ်နိုင်ငံချစ်ကြည် ရင်းနှီးမှုနှင့် ကုန်သွယ်ရေးကဏ္ဍ၊ စိုက်ပျိုးမွေးမြူရေး ကဏ္ဍ၊ ဆက်သွယ်ရေး ကဏ္ဍများအပါအဝင် ဘက်ပေါင်းစုံပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်မည့် အခြေ အနေများအား ခင်မင်ရင်းနှီးစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံ သံအမတ်ကြီးတို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြပြီး တက်ရောက် လာကြသူများနှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။

(Zawgyi One)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ ျမန္မာႏိုင္ငံဆိုင္ရာ ဗီယက္နမ္ ႏိုင္ငံသံအမတ္ႀကီးအား လက္ခံေတြ႕ဆံု

ေနျပည္ေတာ္၊ ဇန္နဝါရီ  ၃၁

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္သည္ ျမန္မာႏိုင္ငံဆိုင္ရာ ဗီယက္နမ္ႏိုင္ငံ သံအမတ္ႀကီး H.E.Mr. Ly Quoc Tuan အား ယေန႕ ညေနပိုင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာ ဧည့္ခန္းမ၌ လက္ခံေတြ႕ဆံုသည္။

အဆိုပါ ေတြ႕ဆံုပြဲသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ံုး(ၾကည္း)မွ ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္ႏွင့္တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး ျမန္မာႏိုင္ငံဆိုင္ရာ ဗီယက္နမ္ႏိုင္ငံသံအမတ္ႀကီးႏွင့္အတူ ျမန္မာႏိုင္ငံဆိုင္ရာ ဗီယက္နမ္ႏိုင္ငံ စစ္သံမွဴး Senior Colonel Nguyen Thanh Dong ႏွင့္ တာဝန္ရွိသူမ်ား တက္ေရာက္ၾကသည္။

ထိုသို႔ေတြ႕ဆံုရာတြင္ ျမန္မာႏိုင္ငံႏွင့္ ဗီယက္နမ္ႏိုင္ငံတို႔သည္ အမ်ိဳးသားေခါင္းေဆာင္ ႀကီးမ်ားျဖစ္ေသာ ဗိုလ္ခ်ဳပ္ေအာင္ဆန္းႏွင့္ သမၼတဟိုခ်ီမင္းတို႔ လက္ထက္ကတည္းက ပူးေပါင္းေဆာင္ရြက္ ဆက္ဆံမႈမ်ားရွိခဲ့ၿပီး ယခုႏွစ္တြင္ က်ေရာက္မည့္ သံတမန္ဆက္ဆံမႈ (၄၅)ႏွစ္အထိ တိုးတက္ေကာင္းမြန္လ်က္ရွိသည့္ အေျခအေနမ်ား၊ ႏွစ္ႏိုင္ငံခ်စ္ၾကည္ ရင္းႏွီးမႈႏွင့္ ကုန္သြယ္ေရးက႑၊ စိုက္ပ်ိဳးေမြးျမဴေရး က႑၊ ဆက္သြယ္ေရး က႑မ်ားအပါအဝင္ ဘက္ေပါင္းစံုပူးေပါင္းေဆာင္ရြက္မႈမ်ား ပိုမိုတိုးတက္ေအာင္ ေဆာင္ရြက္ႏိုင္မည့္ အေျခ အေနမ်ားအား ခင္မင္ရင္းႏွီးစြာ အျပန္အလွန္ ေဆြးေႏြးခဲ့ၾကသည္။

ေတြ႕ဆံုပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ျမန္မာႏိုင္ငံဆိုင္ရာ ဗီယက္နမ္ႏိုင္ငံ သံအမတ္ႀကီးတို႔သည္ အမွတ္တရ လက္ေဆာင္ပစၥည္းမ်ား အျပန္အလွန္ ေပးအပ္ၾကၿပီး တက္ေရာက္ လာၾကသူမ်ားႏွင့္အတူ အမွတ္တရစုေပါင္းဓာတ္ပံု႐ိုက္ခဲ့ၾက သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။