တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ လားရှိုးတပ်နယ်မှ တပ်မှူးများနှင့် ဇနီးများအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော်၊ စက်တင်ဘာ – ၁၈

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့ နံနက်ပိုင်းတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ လားရှိုးတပ်နယ်မှ တပ်မှူးများ၊ အရာရှိများနှင့်ဇနီးများအား တိုင်းစစ်ဌာနချုပ်ခန်းမတွင် တွေ့ဆုံအမှာစကား ပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်အေး၊ လားရှိုးတပ်နယ်အတွင်းရှိ တပ်အသီးသီးမှ တပ်မှူးများ၊ အရာရှိများနှင့် ဇနီးများ တက်ရောက်ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် တပ်မတော်၏ အဓိကလုပ်ငန်းတာဝန်သည် နိုင်ငံတော်ကို ကာကွယ်ရန်ဖြစ်ပြီး အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲစေရန်၊ ပိုင်နက်နယ်မြေကိုကာကွယ်စောင့်ရှောက်ရန်ဖြစ်ကြောင်း၊ ပြည်သူလူထု၏ ကာကွယ်ရေးအသိအမြင်စွမ်းပကားများကိုလည်း မြင့်မားအောင် လုပ်ဆောင်ပေးကြရန်လိုကြောင်း၊ မိမိတို့နိုင်ငံ၏ ပထဝီရေမြေဖြစ်တည်မှုအခြေအနေများအရ ပြည်သူတိုင်း ကာကွယ်ရေးအမြင်ရှိရန်လိုအပ်ပြီး ပြည်သူပါဝင်သည့် ကာကွယ်ရေးစွမ်းအားဖြစ်ရမည် ဖြစ်ကြောင်း၊ တိုင်းချစ်ပြည်ချစ်စိတ်၊ မျိုးချစ်စိတ်ရှိရန်လိုအပ်ပြီး တိုင်းပြည်ကိုချစ်မှသာလျင် တိုင်းပြည်ကိုကာကွယ်လိုစိတ်ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း၊ ထိုသို့ တိုင်းပြည်ကိုကာကွယ်လိုစိတ်များကို ယိမ်းယိုင်စေရန်နှင့် တိုင်းရင်းသားအချင်းချင်း စိတ်ဝမ်းကွဲမှုများဖြစ်ပေါ်စေရန်၊ စုစည်းညီညွတ်သည့်အားများကို ယိုင်နဲ့သွားစေရန် လုပ်ဆောင်မှုများရှိနေသဖြင့် ဝိုင်းဝန်း ကာကွယ်ကြရမည်ဖြစ်ကြောင်း၊ ကာကွယ်ရေး စွမ်းပကားကိုထိခိုက်စေမည့် မည်သည့်ကိစ္စရပ်မျိုးကိုမဆိုမပေါ့ဆဘဲ အလေးအနက်ထားကာကွယ်ဆောင်ရွက်ကြစေလိုကြောင်း။

တပ်မတော်သားများအနေဖြင့် တူညီမှန်ကန်သည့် အမြင်များရှိရန်လိုအပ်မည်ဖြစ်ပြီး စုစည်းညီညွတ်သည့်အား ရှိရန်လိုကြောင်း၊ ထို့ကြောင့် ခေတ်အဆက်ဆက် တပ်မတော်အကြီးအကဲများက စုစည်းညီညွတ်သည့် အားကို တည်ဆောက်ပေးခဲ့ခြင်း ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော်ကို ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ရောက်ရှိစေရန် လမ်းကြောင်းဖော်ဆောင်ပေးန်ိုင်ခဲ့ပြီး လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းစေရန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိကြောင်း၊ တပ်ကိုကွပ်ကဲအုပ်ချုပ်ရသည့် တပ်မှူးများအနေဖြင့် မိမိတပ်ကိုကောင်းအောင်တည်ဆောက်ရမည်ဖြစ်ပြီး တပ်မှူးကောင်းစိတ်ဓာတ်၊ မိဘစိတ်ဓာတ်ဖြင့် လက်အောက်ငယ်သားများကို ရင်ဝယ်သားကဲ့သို့ ညီညွတ်မျှတစွာ ကွပ်ကဲအုပ်ချုပ်ကြရမည်ဖြစ်ကြောင်း။

COVID-19 ရောဂါကူးစက်မှုသည် မြင့်မားလျက်ရှိသဖြင့် မိမိကိုယ်ကိုယ် ကာကွယ်ခြင်းသည်သာလျင်အကောင်းဆုံးဖြစ်ပြီး ကျန်းမာအောင်နေထိုင်ကြရန်လိုကြောင်း၊ မိမိသာမက မိမိကွပ်ကဲအုပ်ချုပ်ရသည့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၏ ကျန်းမာရေးကိုလည်း ရင်အုပ်မကွာစောင့်ရှောက်ကြရန်လိုအပ်မည်ဖြစ်ကာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် တိုက်တွန်းချက်၊ တားမြစ်ချက်များကို လိုက်နာကြရန်လိုအပ်ကြောင်း၊ တိုက်တွန်းချက်၊ တားမြစ်ချက်ဆိုသည်မှာ စည်းကမ်းပင်ဖြစ်သောကြောင့် မိသားစုများအလိုက် စည်းကမ်းစနစ်တကျနေထိုင်ကြရန်လိုအပ်မည်ဖြစ်ပြီး လုပ်သင့်လုပ်ထိုက်သည် မှန်သမျှကို ကျန်းမာရေးအကာအကွယ်ဖြင့်သာ လုပ်ကိုင်ကြရမည်ဖြစ်ကြောင်း၊ အလင်းရောင်ကောင်းစွာရရှိခြင်း၊ လေကောင်းလေသန့်ရရှိခြင်း နှင့် သန့်ရှင်းစွာနေထိုင်ခြင်းတို့သည် ရာနှုန်းပြည့်မဟုတ်သော်လည်း အတိုင်းအတာတစ်ခုအထိ ရောဂါကူးစက်ပြန့်ပွားမှုကို ကာကွယ်နိုင်မည်ဖြစ်ကြောင်း၊ အားကစားကိုလည်း ပြုလုပ်ကြရန်လိုအပ်ကြောင်းနှင့် တပ်တွင်းစည်းလုံးညီညွတ်ရေးအတွက် လိုအပ်သည်များကို မှာကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် လားရှိုးမြို့ နယ်မြေခံတပ်မတော်ဆေးရုံသို့ ရောက်ရှိကြရာ ဆေးရုံတပ်မှူးက ဆေးရုံသမိုင်းအကျဉ်း၊ ဆေးကုသပေးနိုင်မှုအခြေအနေများနှင့် နယ်လှည့်အထူးကုဆေးအဖွဲ့များစေလွှတ်၍ ဒေသခံပြည်သူများကို ကျန်းမာရေးစောင့်ရှောက်ပေးနိုင်မှုနှင့် အသိပညာပေးဟောပြောနိုင်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က လိုအပ်သည်များ ပြန်လည်ဆွေးနွေးမှာကြားသည်။ ယင်းနောက် ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများပေးအပ်ပြီး ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ယနေ့နံနက်ပိုင်းတွင်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် လားရှိုးမြို့၊ အမှတ်(၁၂)ရပ်ကွက်ရှိ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းသို့ သွားရောက်၍ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မန်ဆူရှမ်းကျောင်းဆရာတော် ဒေါက်တာ ဘဒ္ဒန္တပုညနန္ဒ အားဖူးမြော်ကြည်ညိုကာ လှူဖွယ်ပစ္စည်းများနှင့် န၀ကမ္မအလှူငွေများဆက်ကပ်လှူဒါန်းရာ ဆရာတော်ကြီးက ဓမ္မလက်ဆောင်များပြန်လည်ပေးအပ်သည်။ ထို့နောက် သီရိသုခဆောင်ရှိ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတွင် သီတင်းသုံးခဲ့သော ဆရာတော်ကြီးများ၏ အရိုးပြာဓာတ်တော်များအား ဖူးမြော်ကြည်ညိုကာ သီရိဓမ္မကလျာဏသုခဆောင်ရှိ ဆရာတော်ကြီး၏ ရုံးခန်းနှင့် စာကြည့်တိုက်များကို လှည့်လည်ကြည့်ရှုသည်။ ယင်းနောက် ကျောင်းဝန်းအတွင်း မြတ်စွာဘုရား၏ ဓာတ်တော်၊ မွေတော်များထားရှိရန် ဓာတ်တော်တိုက်တည်ဆောက်နေမှုအခြေအနေများနှင့် မဟာဗုဒ္ဓဝင်ပြတိုက်ဆောက်လုပ်ထားရှိမှုများအား လှည့်လည်ဖူးမြော်ကြည်ညိုခဲ့ကြသည်။

အဆိုပါ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းသည် လွန်ခဲ့သော အချိန်ကာလက လူသူအရောက်အပေါက်နည်းပါးပြီး မထင်မရှားကျောင်းငယ်လေးသာဖြစ်ကြောင်း၊ ကျောင်းထိုင်ဆရာတော်အသီးသီးမှ သီတင်းသုံးတော်မူလာခဲ့ပြီးနောက် မြန်မာသက္ကရာဇ် ၁၃၄၈ ခုနှစ်တွင် ကန်မိန်းကျောင်းဆရာတော်၏ တပည့်ရင်းဖြစ်သူ ဆရာတော်ဦးပဏ္ဏိတအား ကျောင်းထိုင်ဆရာတော်အဖြစ် သီတင်းသုံးတော်မူစေခဲ့ကြောင်း၊ ဆရာတော်ဦးပဏ္ဏိတနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)ပင်လုံမြို့မှ အရှင်ပုညနန္ဒတို့မှာ အလွန်ရင်းနှီးပြီး ဆရာတော် ဦးပဏ္ဏိတ ၏ မေတ္တရပ်ခံမှုကြောင့် အရှင် ပုညနန္ဒ သည် ၁၃၄၉ ခုနှစ် တွင် မန်ဆူရှမ်းကျောင်း၌ အတူတကွသီတင်းသုံးတော်မူခဲ့ကြောင်း၊ ဆရာတော် အရှင်ပုညနန္ဒ သီတင်းသုံးတော်မူပြီးနောက်ပိုင်း မန်ဆူဆုတောင်းပြည်စေတီတော်မြတ်ကြီး၏ တန်ခိုးတော်ကြောင့်သော်လည်းကောင်း၊ ဆရာတော်၏ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှဆောင်ရွက်မှုများကြောင့်လည်းကောင်း မန်ဆူရှမ်းကျောင်းသို့ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများအပြင် အထင်ကရပုဂ္ဂိုလ်များပင် လာရောက်ခဲ့ကြကြောင်း၊ ၁၃၆၇ ခုနှစ်တွင် ကျောင်းထိုင်ဆရာတော် ဦးပဏ္ဏိတ ပျံလွန်တော်မူပြီးနောက်ပိုင်း ဆရာတော် အရှင်ပုညနန္ဒသည် ကျောင်းထိုင်ဆရာတော်ဖြစ်လာခဲ့ကာ ဆရာတော်ကြီးသည် ဘာသာရေး၊ သာသနာရေး၊ လူမှုရေးနှင့် ဗုဒ္ဓသာသနာထွန်းကားရေးဆိုင်ရာများကို ယနေ့အချိန်အထိ အားသွန်ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ အေရွ႕ေျမာက္တိုင္းစစ္ဌာနခ်ဳပ္၊ လားရႈိးတပ္နယ္မွ တပ္မႉးမ်ားႏွင့္ ဇနီးမ်ားအား ေတြ႕ဆုံအမွာစကားေျပာၾကား

ေနျပည္ေတာ္၊ စက္တင္ဘာ – ၁၈

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ သည္ ယေန႔ နံနက္ပိုင္းတြင္ အေရွ႕ေျမာက္တိုင္းစစ္ဌာနခ်ဳပ္၊ လားရႈိးတပ္နယ္မွ တပ္မႉးမ်ား၊ အရာရွိမ်ားႏွင့္ဇနီးမ်ားအား တိုင္းစစ္ဌာနခ်ဳပ္ခန္းမတြင္ ေတြ႕ဆုံအမွာစကား ေျပာၾကားသည္။

အဆိုပါ ေတြ႕ဆုံပြဲသို႔ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား၊အေရွ႕ေျမာက္တိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉး ဗိုလ္ခ်ဳပ္ ေအာင္ေဇာ္ေအး၊ လားရႈိးတပ္နယ္အတြင္းရွိ တပ္အသီးသီးမွ တပ္မႉးမ်ား၊ အရာရွိမ်ားႏွင့္ ဇနီးမ်ား တက္ေရာက္ၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အမွာစကားေျပာၾကားရာတြင္ တပ္မေတာ္၏ အဓိကလုပ္ငန္းတာဝန္သည္ ႏိုင္ငံေတာ္ကို ကာကြယ္ရန္ျဖစ္ၿပီး အခ်ဳပ္အျခာအာဏာတည္တံ့ခိုင္ၿမဲေစရန္၊ ပိုင္နက္နယ္ေျမကိုကာကြယ္ေစာင့္ေရွာက္ရန္ျဖစ္ေၾကာင္း၊ ျပည္သူလူထု၏ ကာကြယ္ေရးအသိအျမင္စြမ္းပကားမ်ားကိုလည္း ျမင့္မားေအာင္ လုပ္ေဆာင္ေပးၾကရန္လိုေၾကာင္း၊ မိမိတို႔ႏိုင္ငံ၏ ပထဝိေရေျမျဖစ္တည္မႈအေျခအေနမ်ားအရ ျပည္သူတိုင္း ကာကြယ္ေရးအျမင္ရွိရန္လိုအပ္ၿပီး ျပည္သူပါဝင္သည့္ ကာကြယ္ေရးစြမ္းအားျဖစ္ရမည္ ျဖစ္ေၾကာင္း၊ တိုင္းခ်စ္ျပည္ခ်စ္စိတ္၊ မ်ိဳးခ်စ္စိတ္ရွိရန္လိုအပ္ၿပီး တိုင္းျပည္ကိုခ်စ္မွသာလ်င္ တိုင္းျပည္ကိုကာကြယ္လိုစိတ္ျဖစ္ေပၚလာမည္ျဖစ္ေၾကာင္း၊ ထိုသို႔ တိုင္းျပည္ကိုကာကြယ္လိုစိတ္မ်ားကို ယိမ္းယိုင္ေစရန္ႏွင့္ တိုင္းရင္းသားအခ်င္းခ်င္း စိတ္ဝမ္းကြဲမႈမ်ားျဖစ္ေပၚေစရန္၊ စုစည္းညီၫြတ္သည့္အားမ်ားကို ယိုင္နဲ႔သြားေစရန္ လုပ္ေဆာင္မႈမ်ားရွိေနသျဖင့္ ဝိုင္းဝန္း ကာကြယ္ၾကရမည္ျဖစ္ေၾကာင္း၊ ကာကြယ္ေရး စြမ္းပကားကိုထိခိုက္ေစမည့္ မည္သည့္ကိစၥရပ္မ်ိဳးကိုမဆိုမေပါ့ဆဘဲ အေလးအနက္ထားကာကြယ္ေဆာင္႐ြက္ၾကေစလိုေၾကာင္း။

တပ္မေတာ္သားမ်ားအေနျဖင့္ တူညီမွန္ကန္သည့္ အျမင္မ်ားရွိရန္လိုအပ္မည္ျဖစ္ၿပီး စုစည္းညီၫြတ္သည့္အား ရွိရန္လိုေၾကာင္း၊ ထို႔ေၾကာင့္ ေခတ္အဆက္ဆက္ တပ္မေတာ္အႀကီးအကဲမ်ားက စုစည္းညီၫြတ္သည့္ အားကို တည္ေဆာက္ေပးခဲ့ျခင္း ျဖစ္ေၾကာင္း၊ တပ္မေတာ္အေနျဖင့္ ႏိုင္ငံေတာ္ကို ပါတီစုံဒီမိုကေရစီလမ္းေၾကာင္းေပၚသို႔ ေရာက္ရွိေစရန္ လမ္းေၾကာင္းေဖာ္ေဆာင္ေပးန္ိုင္ခဲ့ၿပီး လက္နက္ကိုင္ပဋိပကၡမ်ားခ်ဳပ္ၿငိမ္းေစရန္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားကို ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ တပ္ကိုကြပ္ကဲအုပ္ခ်ဳပ္ရသည့္ တပ္မႉးမ်ားအေနျဖင့္ မိမိတပ္ကိုေကာင္းေအာင္တည္ေဆာက္ရမည္ျဖစ္ၿပီး တပ္မႉးေကာင္းစိတ္ဓာတ္၊ မိဘစိတ္ဓာတ္ျဖင့္ လက္ေအာက္ငယ္သားမ်ားကို ရင္ဝယ္သားကဲ့သို႔ ညီၫြတ္မွ်တစြာ ကြပ္ကဲအုပ္ခ်ဳပ္ၾကရမည္ျဖစ္ေၾကာင္း။

COVID-19 ေရာဂါကူးစက္မႈသည္ ျမင့္မားလ်က္ရွိသျဖင့္ မိမိကိုယ္ကိုယ္ ကာကြယ္ျခင္းသည္သာလ်င္အေကာင္းဆုံးျဖစ္ၿပီး က်န္းမာေအာင္ေနထိုင္ၾကရန္လိုေၾကာင္း၊ မိမိသာမက မိမိကြပ္ကဲအုပ္ခ်ဳပ္ရသည့္ အရာရွိ၊ စစ္သည္၊ မိသားစုဝင္မ်ား၏ က်န္းမာေရးကိုလည္း ရင္အုပ္မကြာေစာင့္ေရွာက္ၾကရန္လိုအပ္မည္ျဖစ္ကာ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနမွ ထုတ္ျပန္ထားသည့္ တိုက္တြန္းခ်က္၊ တားျမစ္ခ်က္မ်ားကို လိုက္နာၾကရန္လိုအပ္ေၾကာင္း၊ တိုက္တြန္းခ်က္၊ တားျမစ္ခ်က္ဆိုသည္မွာ စည္းကမ္းပင္ျဖစ္ေသာေၾကာင့္ မိသားစုမ်ားအလိုက္ စည္းကမ္းစနစ္တက်ေနထိုင္ၾကရန္လိုအပ္မည္ျဖစ္ၿပီး လုပ္သင့္လုပ္ထိုက္သည္ မွန္သမွ်ကို က်န္းမာေရးအကာအကြယ္ျဖင့္သာ လုပ္ကိုင္ၾကရမည္ျဖစ္ေၾကာင္း၊ အလင္းေရာင္ေကာင္းစြာရရွိျခင္း၊ ေလေကာင္းေလသန႔္ရရွိျခင္း ႏွင့္ သန႔္ရွင္းစြာေနထိုင္ျခင္းတို႔သည္ ရာႏႈန္းျပည့္မဟုတ္ေသာ္လည္း အတိုင္းအတာတစ္ခုအထိ ေရာဂါကူးစက္ျပန႔္ပြားမႈကို ကာကြယ္ႏိုင္မည္ျဖစ္ေၾကာင္း၊ အားကစားကိုလည္း ျပဳလုပ္ၾကရန္လိုအပ္ေၾကာင္းႏွင့္ တပ္တြင္းစည္းလုံးညီၫြတ္ေရးအတြက္ လိုအပ္သည္မ်ားကို မွာၾကားသည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ လားရႈိးၿမိဳ႕ နယ္ေျမခံတပ္မေတာ္ေဆး႐ုံသို႔ ေရာက္ရွိၾကရာ ေဆး႐ုံတပ္မႉးက ေဆး႐ုံသမိုင္းအက်ဥ္း၊ ေဆးကုသေပးႏိုင္မႈအေျခအေနမ်ားႏွင့္ နယ္လွည့္အထူးကုေဆးအဖြဲ႕မ်ားေစလႊတ္၍ ေဒသခံျပည္သူမ်ားကို က်န္းမာေရးေစာင့္ေရွာက္ေပးႏိုင္မႈႏွင့္ အသိပညာေပးေဟာေျပာႏိုင္မႈအေျခအေနမ်ားကို ရွင္းလင္းတင္ျပသည္။ ရွင္းလင္းတင္ျပမႈမ်ားအေပၚ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္က လိုအပ္သည္မ်ား ျပန္လည္ေဆြးေႏြးမွာၾကားသည္။ ယင္းေနာက္ ေဆး႐ုံတက္ေရာက္ကုသမႈခံယူလ်က္ရွိသည့္ အရာရွိ၊ စစ္သည္မ်ားအား ရင္းရင္းႏွီးႏွီး လိုက္လံႏႈတ္ဆက္အားေပးစကားေျပာၾကားကာ စားေသာက္ဖြယ္ရာမ်ားေပးအပ္ၿပီး ေဆး႐ုံအတြင္း လွည့္လည္ၾကည့္ရႈစစ္ေဆးခဲ့သည္။

ယေန႔နံနက္ပိုင္းတြင္လည္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕ဝင္မ်ားသည္ လားရႈိးၿမိဳ႕၊ အမွတ္(၁၂)ရပ္ကြက္ရွိ သီရိမဂၤလာမန္ဆူရွမ္းေက်ာင္းသို႔ သြားေရာက္၍ အဂၢမဟာသဒၶမၼေဇာတိကဓဇ မန္ဆူရွမ္းေက်ာင္းဆရာေတာ္ ေဒါက္တာ ဘဒၵႏၲပုညနႏၵ အားဖူးေျမာ္ၾကည္ညိဳကာ လႉဖြယ္ပစၥည္းမ်ားႏွင့္ န၀ကမၼအလႉေငြမ်ားဆက္ကပ္လႉဒါန္းရာ ဆရာေတာ္ႀကီးက ဓမၼလက္ေဆာင္မ်ားျပန္လည္ေပးအပ္သည္။ ထို႔ေနာက္ သီရိသုခေဆာင္ရွိ သီရိမဂၤလာမန္ဆူရွမ္းေက်ာင္းတြင္ သီတင္းသုံးခဲ့ေသာ ဆရာေတာ္ႀကီးမ်ား၏ အ႐ိုးျပာဓာတ္ေတာ္မ်ားအား ဖူးေျမာ္ၾကည္ညိဳကာ သီရိဓမၼကလ်ာဏသုခေဆာင္ရွိ ဆရာေတာ္ႀကီး၏ ႐ုံးခန္းႏွင့္ စာၾကည့္တိုက္မ်ားကို လွည့္လည္ၾကည့္ရႈသည္။ ယင္းေနာက္ ေက်ာင္းဝန္းအတြင္း ျမတ္စြာဘုရား၏ ဓာတ္ေတာ္၊ ေမြေတာ္မ်ားထားရွိရန္ ဓာတ္ေတာ္တိုက္တည္ေဆာက္ေနမႈအေျခအေနမ်ားႏွင့္ မဟာဗုဒၶဝင္ျပတိုက္ေဆာက္လုပ္ထားရွိမႈမ်ားအား လွည့္လည္ဖူးေျမာ္ၾကည္ညိဳခဲ့ၾကသည္။

အဆိုပါ သီရိမဂၤလာမန္ဆူရွမ္းေက်ာင္းသည္ လြန္ခဲ့ေသာ အခ်ိန္ကာလက လူသူအေရာက္အေပါက္နည္းပါးၿပီး မထင္မရွားေက်ာင္းငယ္ေလးသာျဖစ္ေၾကာင္း၊ ေက်ာင္းထိုင္ဆရာေတာ္အသီးသီးမွ သီတင္းသုံးေတာ္မူလာခဲ့ၿပီးေနာက္ ျမန္မာသကၠရာဇ္ ၁၃၄၈ ခုႏွစ္တြင္ ကန္မိန္းေက်ာင္းဆရာေတာ္၏ တပည့္ရင္းျဖစ္သူ ဆရာေတာ္ဦးပဏၰိတအား ေက်ာင္းထိုင္ဆရာေတာ္အျဖစ္ သီတင္းသုံးေတာ္မူေစခဲ့ေၾကာင္း၊ ဆရာေတာ္ဦးပဏၰိတႏွင့္ ရွမ္းျပည္နယ္(ေတာင္ပိုင္း)ပင္လုံၿမိဳ႕မွ အရွင္ပုညနႏၵတို႔မွာ အလြန္ရင္းႏွီးၿပီး ဆရာေတာ္ ဦးပဏၰိတ ၏ ေမတၱရပ္ခံမႈေၾကာင့္ အရွင္ ပုညနႏၵ သည္ ၁၃၄၉ ခုႏွစ္ တြင္ မန္ဆူရွမ္းေက်ာင္း၌ အတူတကြသီတင္းသုံးေတာ္မူခဲ့ေၾကာင္း၊ ဆရာေတာ္ အရွင္ပုညနႏၵ သီတင္းသုံးေတာ္မူၿပီးေနာက္ပိုင္း မန္ဆူဆုေတာင္းျပည္ေစတီေတာ္ျမတ္ႀကီး၏ တန္ခိုးေတာ္ေၾကာင့္ေသာ္လည္းေကာင္း၊ ဆရာေတာ္၏ ကိုယ္စြမ္းဉာဏ္စြမ္းရွိသမွ်ေဆာင္႐ြက္မႈမ်ားေၾကာင့္လည္းေကာင္း မန္ဆူရွမ္းေက်ာင္းသို႔ ဘြဲ႕တံဆိပ္ေတာ္ရ ဆရာေတာ္ႀကီးမ်ားအျပင္ အထင္ကရပုဂၢိဳလ္မ်ားပင္ လာေရာက္ခဲ့ၾကေၾကာင္း၊ ၁၃၆၇ ခုႏွစ္တြင္ ေက်ာင္းထိုင္ဆရာေတာ္ ဦးပဏၰိတ ပ်ံလြန္ေတာ္မူၿပီးေနာက္ပိုင္း ဆရာေတာ္ အရွင္ပုညနႏၵသည္ ေက်ာင္းထိုင္ဆရာေတာ္ျဖစ္လာခဲ့ကာ ဆရာေတာ္ႀကီးသည္ ဘာသာေရး၊ သာသနာေရး၊ လူမႈေရးႏွင့္ ဗုဒၶသာသနာထြန္းကားေရးဆိုင္ရာမ်ားကို ယေန႔အခ်ိန္အထိ အားသြန္ႀကိဳးပမ္း ေဆာင္႐ြက္လ်က္ရွိသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။