တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ငြိမ်းချမ်းရေးပူးပေါင်းရံပုံငွေ အဖွဲ့ (JPF) ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆိုင်ရာ ဖင်လန်နိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ငြိမ်းချမ်းရေးပူးပေါင်းရံပုံငွေ အဖွဲ့ (JPF) ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆိုင်ရာ ဖင်လန်နိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ဖေဖော်ဝါရီ – ၁၉

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ငြိမ်းချမ်းရေး ပူးပေါင်းရံပုံ ငွေအဖွဲ့ (Joint Peace Fund -JPF) ဥက္ကဋ္ဌဖြစ်သူ မြန်မာနိုင်ငံဆိုင်ရာ ဖင်လန် နိုင်ငံသံအမတ်ကြီး H.E.Mrs. Riika Laatu ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ ဖင်လန်နိုင်ငံသံအမတ်ကြီးနှင့်အတူ ငြိမ်းချမ်းရေးပူးပေါင်းရံပုံငွေအဖွဲ့(JPF) ဒုတိယဥက္ကဋ္ဌ ဆွစ်ဇာလန် နိုင်ငံသံအမတ်ကြီး H.E. Mr. Timenderlin နှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် ငြိမ်းချမ်းရေးပူးပေါင်းရံပုံငွေအဖွဲ့(JPF)အဖွဲ့မှ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များအတွက် လိုအပ်သောရံပုံငွေများ ပံ့ပိုးကူညီပေးလျက်ရှိသည့် အခြေအနေများ၊ ကမ္ဘာ့နိုင်ငံပေါင်းစုံ၌ ဖက်ဒရယ်စနစ်ကို ကျင့်သုံးလျက်ရှိရာတွင် မည်သည့်နိုင်ငံမဆို မိမိတို့နိုင်ငံနှင့် ကိုက်ညီသည့် ဖက်ဒရယ် စနစ်မျိုးကိုသာ ကျင့်သုံးလျက်ရှိပြီး မြန်မာနိုင်ငံအနေဖြင့်လည်း နိုင်ငံ၏သမိုင်းကြောင်း၊ ပကတိအခြေအနေ များနှင့် ကိုက်ညီသည့် ဖက်ဒရယ်စနစ်ကိုသာကျင့်သုံးသင့်သည့် အခြေအနေများ၊ ထာဝရငြိမ်းချမ်းရေး ရရှိရန်အတွက် တပ်မတော်မှ တစ်ဖက်သတ်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲခြင်းများအပါအဝင် စိတ်ရှည်သည်းခံ စွာဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်း အစည်းအဝေး(JICM) အပါအဝင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ အမြန်ဆုံးကျင်းပပြုလုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် (ICOE) အစီရင်ခံစာ ထုတ်ပြန်မှုအပေါ် တပ်မတော်အနေဖြင့် ယင်းအစီရင်ခံ စာမထွက် ပေါ်မီကပင်လိုအပ်သော စုံစမ်းစစ်ဆေးမှုများဆောင်ရွက်ခဲ့သည့် အခြေအနေများနှင့် ဥပဒေနှင့် အညီ ဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေများအား ဆွေးနွေးခဲ့ ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ ဖင်လန်နိုင်ငံ သံအမတ်ကြီး တို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး တက်ရောက်လာကြ သူများနှင့် အတူ အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ၿငိမ္းခ်မ္းေရးပူးေပါင္းရံပုံေငြ အဖြဲ႕ (JPF) ဥကၠ႒၊ ျမန္မာႏိုင္ငံဆိုင္ရာ ဖင္လန္ႏိုင္ငံသံအမတ္ႀကီးအား လက္ခံေတြ႕ဆုံ

ေနျပည္ေတာ္၊ ေဖေဖာ္ဝါရီ – ၁၉

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ ၿငိမ္းခ်မ္းေရး ပူးေပါင္းရံပုံ ေငြအဖြဲ႕ (Joint Peace Fund -JPF) ဥကၠ႒ျဖစ္သူ ျမန္မာႏိုင္ငံဆိုင္ရာ ဖင္လန္ ႏိုင္ငံသံအမတ္ႀကီး H.E.Mrs. Riika Laatu ဦးေဆာင္ေသာ ကိုယ္စားလွယ္အဖြဲ႕အား ယေန႔နံနက္ပိုင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာ ဧည့္ခန္းမ၌ လက္ခံေတြ႕ဆုံသည္။

အဆိုပါေတြ႕ဆုံပြဲသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေအာင္လင္းေဒြးႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး ျမန္မာႏိုင္ငံဆိုင္ရာ ဖင္လန္ႏိုင္ငံသံအမတ္ႀကီးႏွင့္အတူ ၿငိမ္းခ်မ္းေရးပူးေပါင္းရံပုံေငြအဖြဲ႕(JPF) ဒုတိယဥကၠ႒ ဆြစ္ဇာလန္ ႏိုင္ငံသံအမတ္ႀကီး H.E. Mr. Timenderlin ႏွင့္ တာဝန္ရွိသူမ်ားတက္ေရာက္ၾကသည္။

ထိုသို႔ေတြ႕ဆုံရာတြင္ ၿငိမ္းခ်မ္းေရးပူးေပါင္းရံပုံေငြအဖြဲ႕(JPF)အဖြဲ႕မွ ျမန္မာႏိုင္ငံ၏ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ မ်ားအတြက္ လိုအပ္ေသာရံပုံေငြမ်ား ပံ့ပိုးကူညီေပးလ်က္ရွိသည့္ အေျခအေနမ်ား၊ ကမာၻ႔ႏိုင္ငံေပါင္းစုံ၌ ဖက္ဒရယ္စနစ္ကို က်င့္သုံးလ်က္ရွိရာတြင္ မည္သည့္ႏိုင္ငံမဆို မိမိတို႔ႏိုင္ငံႏွင့္ ကိုက္ညီသည့္ ဖက္ဒရယ္ စနစ္မ်ိဳးကိုသာ က်င့္သုံးလ်က္ရွိၿပီး ျမန္မာႏိုင္ငံအေနျဖင့္လည္း ႏိုင္ငံ၏သမိုင္းေၾကာင္း၊ ပကတိအေျခအေန မ်ားႏွင့္ ကိုက္ညီသည့္ ဖက္ဒရယ္စနစ္ကိုသာက်င့္သုံးသင့္သည့္ အေျခအေနမ်ား၊ ထာဝရၿငိမ္းခ်မ္းေရး ရရွိရန္အတြက္ တပ္မေတာ္မွ တစ္ဖက္သတ္ပစ္ခတ္တိုက္ခိုက္မႈရပ္စဲျခင္းမ်ားအပါအဝင္ စိတ္ရွည္သည္းခံ စြာျဖင့္ ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိသည့္ အေျခအေနမ်ား၊ တစ္ႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္ အေကာင္အထည္ေဖာ္မႈဆိုင္ရာ ညႇိႏႈိင္း အစည္းအေဝး(JICM) အပါအဝင္ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲမ်ား အျမန္ဆုံးက်င္းပျပဳလုပ္ႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိသည့္ အေျခအေနမ်ား၊ လြတ္လပ္ေသာ စုံစမ္းစစ္ေဆးေရး ေကာ္မရွင္ (ICOE) အစီရင္ခံစာ ထုတ္ျပန္မႈအေပၚ တပ္မေတာ္အေနျဖင့္ ယင္းအစီရင္ခံ စာမထြက္ ေပၚမီကပင္လိုအပ္ေသာ စုံစမ္းစစ္ေဆးမႈမ်ားေဆာင္႐ြက္ခဲ့သည့္ အေျခအေနမ်ားႏွင့္ ဥပေဒႏွင့္ အညီ ဆက္လက္ေဆာင္႐ြက္သြားမည့္အေျခအေနမ်ားအား ေဆြးေႏြးခဲ့ ၾကသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ျမန္မာႏိုင္ငံဆိုင္ရာ ဖင္လန္ႏိုင္ငံ သံအမတ္ႀကီး တို႔သည္ အမွတ္တရလက္ေဆာင္ပစၥည္းမ်ား အျပန္အလွန္ေပးအပ္ၾကၿပီး တက္ေရာက္လာၾက သူမ်ားႏွင့္ အတူ အမွတ္တရစုေပါင္းဓာတ္ပုံ႐ိုက္ခဲ့ၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။