တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၅

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး H.E.Mr. Chen Hai အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီးနှင့်အတူ စစ်သံမှူး Senior Colonel Xiong Shaowei နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးက ယနေ့နံနက်ပိုင်းတွင် တရုတ်နိုင်ငံ၌ ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ ကာကွယ်ကုသထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်စေရန်အတွက် မြန်မာ့တပ်မတော်မှ ဆေးဘက်ဆိုင်ရာပစ္စည်းများ ပေးပို့လှူဒါန်း ပွဲသို့ တက်ရောက်ခဲ့ပါကြောင်း၊ ယခုကဲ့သို့ လှူဒါန်းခြင်းအတွက် အထူးကျေးဇူးတင်ရှိပါ ကြောင်းဖြင့် ဦးစွာပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားသည်ဟု စတင် ကြားသိရကတည်းက စိတ်မကောင်းဖြစ်မိပါကြောင်း၊ မိမိတို့ နှစ်နိုင်ငံသည် အိမ်နီးချင်းနိုင်ငံများ ဖြစ်သည့် အတွက် တစ်နိုင်ငံနှင့် တစ်နိုင်ငံ အပြန်အလှန်ဖေးမကူညီ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မိမိတို့လှူဒါန်းသည့် ဆေးဘက်ဆိုင်ရာပစ္စည်းများသည် ပမာဏအားဖြင့် မများသော်လည်း တရုတ်ပြည်သူများအတွက် အသက် အန္တရာယ်ကာကွယ်ရာ၌ အထောက်အကူဖြစ်စေနိုင်ရန် ရည်ရွယ်ပါကြောင်း၊ ယခုကဲ့သို့ အခက်အခဲကြုံတွေ့ နေချိန်တွင် ကူညီခွင့်ရသည့်အတွက်လည်း ဝမ်းမြောက်ပါကြောင်းနှင့် မိမိတို့နိုင်ငံ၌ လည်းကောင်း၊ တပ်မတော် တွင်လည်းကောင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်လျက်ရှိ ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါကို ကာကွယ်ရေး၊ ကုသရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်း များကို လျှင်မြန်ထိရောက်စွာ လုပ်ဆောင်နိုင်ခဲ့သည်ကို တွေ့မြင်ရကြောင်း၊ ကုသရေးတွင် ဆေးရုံ၊ ယာယီ ဆေးရုံများ အချိန်တိုအတွင်း ဆောက်လုပ်ပေးနိုင်ခဲ့ပြီး ဆရာဝန်များ၊ တပ်မတော် ဆေးဘက်ဆိုင်ရာ ပညာရှင် များ၊ နိုင်ငံသားများအားလုံးက အမျိုးသားရေးအသွင်ဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်နေသည်ကို တွေ့မြင်ရ ကြောင်း၊ မိမိတို့အနေဖြင့် တတ်နိုင်သည့်ဘက်မှ ကူညီဆောင်ရွက်သွားမည်ဖြစ်ပြီး အမြန်ဆုံးပုံမှန်အခြေအနေ ပြန်လည်ရောက်ရှိမည်ဟု မျှော်လင့်မိပါကြောင်းဖြင့် ပြောကြားသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးက မိမိတို့နှစ်နိုင်ငံသည် တောတောင်ရေမြေ ဆက်စပ်နေသည့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့်အတွက် အကျိုးသက်ရောက်မှုများ ရှိလာနိုင်သဖြင့် မြန်မာနိုင်ငံနှင့် ပူးပေါင်း၍ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ တရုတ်ပြည်သူများအတွက် တပ်မတော်မှ ဆေးဘက်ဆိုင်ရာ ပစ္စည်းများ လှူဒါန်းခြင်းသည် တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်း အဓိပ္ပာယ်ကို ပေါ်လွင်စေပြီး ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများအတွက် များစွာအထောက်အကူ ဖြစ်စေပါ ကြောင်း၊ “လူတစ်ဦး၏အသက်ကို ကယ်ဆယ်နိုင်ခြင်းသည် ဘုရားစေတီတည်ခြင်းထက် ကုသိုလ်ပိုမိုရရှိစေ နိုင်သည်” ဟူသည့် စကားပုံအတိုင်း ကုသိုလ်အကျိုးများရရှိစေမည် ဖြစ်ပါကြောင်း၊ တရုတ်နိုင်ငံတွင် ပြည်သူ လူထုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည့်အတွက် ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းတွင် ရလဒ် ကောင်းများရရှိခဲ့သော်လည်း အခက်အခဲများရှိနေဆဲပင်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် သမ္မတကြီး Mr. Xi Jinping သည် နိုင်ငံတစ်ဝန်းမှ ခရိုင်အဆင့်တာဝန်ရှိသူများအထိ ပါဝင်သော လူပေါင်း ၁၇၀,၀၀၀ ခန့်နှင့် Video Conferencing ပြုလုပ်၍ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များပေးခဲ့ပြီး ပြည်သူ့စစ်ဆင်နွှဲမှုပုံစံဖြင့် အားလုံးစည်းလုံးညီညွတ်စွာ ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ကိုယ်ကျိုးစွန့်အနစ်နာခံကြသည့် သူရဲကောင်းများစွာလည်း ထွက်ပေါ်ခဲ့ကြောင်း၊ ရောဂါကူးစက် ပျံ့ပွားခြင်းမရှိစေရန် တောရိုင်းတိရိစ္ဆာန်ရောင်းဝယ် ဖောက်ကားမှုမရှိစေရေး တင်းကြပ်စွာ ဆောင်ရွက်လျက် ရှိပါကြောင်း၊ ရောဂါဖြစ်ပွားမှုကြောင့် စီးပွားရေးနှင့် လူမှုရေးတို့တွင် အနှောင့်အယှက်များ ဖြစ်ပေါ်ခဲ့သော်လည်း အမြန်ဆုံး ပုံမှန်ဖြစ်အောင်ဆောင် ရွက်နိုင်စွမ်းရှိသည်ဟု ယုံကြည်ထားပါကြောင်း၊ ဆေးပညာအရ ကိုရိုနာ ဗိုင်းရပ်စ်ရောဂါသည် အပူချိန်များသည့် ရာသီဥတုအခြေအနေတွင် ဖြစ်ပွားရန် ရာခိုင်နှုန်းနည်းပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံသည် ကုသိုလ်ကံကောင်းမွန်ပြီး ပြည်သူ ပြည်သားအားလုံး ကျန်းမာပါစေကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ Mr. Xi Jinping မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ချစ်ကြည်ရေးခရီးစဉ် သဘောတူညီချက်များအပါအဝင် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုများ၊ တပ်မတော် အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်နိုင်မည့် အခြေအနေများ၊ နှစ်နိုင်ငံ အေးအတူပူအမျှ အသိုက်အဝန်းကို ထူထောင်ရန်နှင့် နှစ်နိုင်ငံ ပြည်သူလူထုချင်း ပူးပေါင်းဆောင်ရွက်မှုကို အရှိန်အဟုန်မြင့်တင် ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ တရုတ်နိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်အရေးကိစ္စများတွင် မြန်မာနိုင်ငံ ဘက်မှ ထောက်ခံရပ်တည်သွားမည့် အခြေအနေများနှင့် ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များအား ခင်မင် ရင်းနှီးစွာ ကျယ်ကျယ်ပြန့်ပြန့် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးတို့သည် တက်ရောက်လာကြသူများနှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြသည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ျမန္မာႏိုင္ငံဆုိင္ရာ တ႐ုတ္ျပည္သူ႔သမၼတ ႏိုင္ငံ သံအမတ္ႀကီးအား လက္ခံေတြ႕ဆုံ

ေနျပည္ေတာ္၊ ေဖေဖာ္၀ါရီ  ၂၅

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္  ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္ျပည္သူ႕ သမၼတႏိုင္ငံ သံအမတ္ႀကီး H.E.Mr. Chen Hai အား ယေန႔နံနက္ပိုင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာဧည့္ခန္းမ၌ လက္ခံေတြ႕ဆုံသည္။

အဆုိပါေတြ႕ဆုံပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရဲ၀င္းဦး ႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္ႏိုင္ငံ သံအမတ္ႀကီးႏွင့္အတူ စစ္သံမွဴး Senior Colonel Xiong Shaowei ႏွင့္ တာ၀န္ရွိသူမ်ား တက္ေရာက္ၾကသည္။

ထုိသုိ႔ေတြ႕ဆံုရာတြင္ တ႐ုတ္ျပည္သူ႕သမၼတႏိုင္ငံ သံအမတ္ႀကီးက ယေန႔နံနက္ပိုင္းတြင္ တ႐ုတ္ႏိုင္ငံ၌ ကို႐ိုနာ ဗိုင္းရပ္စ္ေရာဂါ ကာကြယ္ကုသထိန္းခ်ဳပ္ေရးလုပ္ငန္းမ်ား ေအာင္ျမင္ေစရန္အတြက္ ျမန္မာ့တပ္မေတာ္မွ ေဆးဘက္ဆုိင္ရာပစၥည္းမ်ား ေပးပို႔လွဴဒါန္း ပြဲသုိ႔ တက္ေရာက္ခဲ့ပါေၾကာင္း၊ ယခုကဲ့သို႔ လွဴဒါန္းျခင္းအတြက္ အထူးေက်းဇူးတင္ရွိပါ ေၾကာင္းျဖင့္ ဦးစြာေျပာၾကားသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က တ႐ုတ္ႏိုင္ငံတြင္ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါ  ျဖစ္ပြားသည္ဟု စတင္ ၾကားသိရကတည္းက စိတ္မေကာင္းျဖစ္မိပါေၾကာင္း၊ မိမိတို႔ ႏွစ္ႏိုင္ငံသည္ အိမ္နီးခ်င္းႏိုင္ငံမ်ား ျဖစ္သည့္ အတြက္ တစ္ႏိုင္ငံႏွင့္ တစ္ႏိုင္ငံ အျပန္အလွန္ေဖးမကူညီ ေဆာင္ရြက္ၾကရမည္ျဖစ္ေၾကာင္း၊ မိမိတို႔လွဴဒါန္းသည့္ ေဆးဘက္ဆုိင္ရာပစၥည္းမ်ားသည္ ပမာဏအားျဖင့္ မမ်ားေသာ္လည္း တ႐ုတ္ျပည္သူမ်ားအတြက္ အသက္ အႏၲရာယ္ကာကြယ္ရာ၌ အေထာက္အကူျဖစ္ေစႏိုင္ရန္ ရည္ရြယ္ပါေၾကာင္း၊ ယခုကဲ့သို႔ အခက္အခဲႀကံဳေတြ႕ ေနခ်ိန္တြင္ ကူညီခြင့္ရသည့္အတြက္လည္း ၀မ္းေျမာက္ပါေၾကာင္းႏွင့္ မိမိတုိ႔ႏိုင္ငံ၌ လည္းေကာင္း၊ တပ္မေတာ္ တြင္လည္းေကာင္း ကို႐ိုနာဗိုင္းရပ္စ္ေရာဂါ ကာကြယ္ေရးလုပ္ငန္းမ်ားကို အေလးထားေဆာင္ရြက္လ်က္ရွိ ေၾကာင္း၊ တ႐ုတ္ႏိုင္ငံအေနျဖင့္ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါကို ကာကြယ္ေရး၊ ကုသေရးႏွင့္ ထိန္းခ်ဳပ္ေရးလုပ္ငန္း မ်ားကို လွ်င္ျမန္ထိေရာက္စြာ လုပ္ေဆာင္ႏိုင္ခဲ့သည္ကို ေတြ႕ျမင္ရေၾကာင္း၊ ကုသေရးတြင္ ေဆး႐ံု၊ ယာယီ ေဆး႐ံုမ်ား အခ်ိန္တိုအတြင္း ေဆာက္လုပ္ေပးႏိုင္ခဲ့ၿပီး ဆရာ၀န္မ်ား၊ တပ္မေတာ္ ေဆးဘက္ဆုိင္ရာ ပညာရွင္ မ်ား၊ ႏိုင္ငံသားမ်ားအားလံုးက အမ်ိဳးသားေရးအသြင္ျဖင့္ ၀ုိင္း၀န္းႀကိဳးပမ္း ေဆာင္ရြက္ေနသည္ကို ေတြ႕ျမင္ရ ေၾကာင္း၊ မိမိတို႔အေနျဖင့္ တတ္ႏိုင္သည့္ဘက္မွ ကူညီေဆာင္ရြက္သြားမည္ျဖစ္ၿပီး အျမန္ဆံုးပံုမွန္အေျခအေန ျပန္လည္ေရာက္ရွိမည္ဟု ေမွ်ာ္လင့္မိပါေၾကာင္းျဖင့္ ေျပာၾကားသည္။

တ႐ုတ္ျပည္သူ႕သမၼတႏိုင္ငံ သံအမတ္ႀကီးက မိမိတို႔ႏွစ္ႏိုင္ငံသည္ ေတာေတာင္ေရေျမ ဆက္စပ္ေနသည့္ အိမ္နီးခ်င္းႏိုင္ငံမ်ားျဖစ္သည့္အတြက္ အက်ိဳးသက္ေရာက္မႈမ်ား ရွိလာႏိုင္သျဖင့္ ျမန္မာႏိုင္ငံႏွင့္ ပူးေပါင္း၍ ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးလုပ္ငန္းမ်ားကို ေဆာင္ရြက္လ်က္ရွိေၾကာင္း၊ တ႐ုတ္ျပည္သူမ်ားအတြက္ တပ္မေတာ္မွ ေဆးဘက္ဆုိင္ရာ ပစၥည္းမ်ား လွဴဒါန္းျခင္းသည္ တ႐ုတ္-ျမန္မာ ေအးအတူပူအမွ် အသိုက္အ၀န္း အဓိပၸာယ္ကို ေပၚလြင္ေစၿပီး ကာကြယ္ထိန္းခ်ဳပ္ကုသေရးလုပ္ငန္းမ်ားအတြက္ မ်ားစြာအေထာက္အကူ ျဖစ္ေစပါ ေၾကာင္း၊ “လူတစ္ဦး၏အသက္ကို ကယ္ဆယ္ႏိုင္ျခင္းသည္ ဘုရားေစတီတည္ျခင္းထက္ ကုသိုလ္ပိုမိုရရွိေစ ႏိုင္သည္”  ဟူသည့္ စကားပံုအတိုင္း ကုသိုလ္အက်ိဳးမ်ားရရွိေစမည္ ျဖစ္ပါေၾကာင္း၊ တ႐ုတ္ႏိုင္ငံတြင္ ျပည္သူ လူထုႏွင့္ ပူးေပါင္းေဆာင္ရြက္မႈမ်ား ျပဳလုပ္ခဲ့သည့္အတြက္ ကာကြယ္ထိန္းခ်ဳပ္ ကုသေရးလုပ္ငန္းတြင္ ရလဒ္ ေကာင္းမ်ားရရွိခဲ့ေသာ္လည္း အခက္အခဲမ်ားရွိေနဆဲပင္ျဖစ္ေၾကာင္း၊ တ႐ုတ္ႏိုင္ငံတြင္ ပထမဆံုးအႀကိမ္အျဖစ္ သမၼတႀကီး Mr. Xi Jinping သည္ ႏိုင္ငံတစ္၀န္းမွ ခ႐ိုင္အဆင့္တာ၀န္ရွိသူမ်ားအထိ ပါ၀င္ေသာ  လူေပါင္း ၁၇၀,၀၀၀ ခန္႔ႏွင့္ Video Conferencing ျပဳလုပ္၍ ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရး လမ္းၫႊန္ခ်က္မ်ားေပးခဲ့ၿပီး ျပည္သူ႔စစ္ဆင္ႏႊဲမႈပံုစံျဖင့္ အားလံုးစည္းလံုးညီၫြတ္စြာ ေဆာင္ရြက္လ်က္ရွိပါ ေၾကာင္း၊ ကိုယ္က်ိဳးစြန္႔အနစ္နာခံၾကသည့္ သူရဲေကာင္းမ်ားစြာလည္း ထြက္ေပၚခဲ့ေၾကာင္း၊ ေရာဂါကူးစက္ ပ်ံ႕ပြားျခင္းမရွိေစရန္ ေတာ႐ိုင္းတိရိစၦာန္ေရာင္း၀ယ္ ေဖာက္ကားမႈမရွိေစေရး တင္းၾကပ္စြာ ေဆာင္ရြက္လ်က္ ရွိပါေၾကာင္း၊ ေရာဂါျဖစ္ပြားမႈေၾကာင့္ စီးပြားေရးႏွင့္ လူမႈေရးတုိ႔တြင္ အေႏွာင့္အယွက္မ်ား ျဖစ္ေပၚခဲ့ေသာ္လည္း အျမန္ဆံုး ပံုမွန္ျဖစ္ေအာင္ေဆာင္ ရြက္ႏိုင္စြမ္းရွိသည္ဟု ယံုၾကည္ထားပါေၾကာင္း၊ ေဆးပညာအရ  ကို႐ိုနာ ဗိုင္းရပ္စ္ေရာဂါသည္ အပူခ်ိန္မ်ားသည့္ ရာသီဥတုအေျခအေနတြင္ ျဖစ္ပြားရန္ ရာခိုင္ႏႈန္းနည္းပါေၾကာင္း၊ ထုိ႔ေၾကာင့္ ျမန္မာႏိုင္ငံသည္ ကုသိုလ္ကံေကာင္းမြန္ၿပီး ျပည္သူ ျပည္သားအားလံုး က်န္းမာပါေစေၾကာင္းျဖင့္ ေျပာၾကားသည္။

ယင္းေနာက္ တ႐ုတ္ျပည္သူ႕သမၼတႏိုင္ငံ သမၼတ Mr. Xi Jinping ျမန္မာႏိုင္ငံသို႔ လာေရာက္ခဲ့သည့္ ခ်စ္ၾကည္ေရးခရီးစဥ္ သေဘာတူညီခ်က္မ်ားအပါအ၀င္ ႏွစ္ႏိုင္ငံပူးေပါင္း ေဆာင္ရြက္မႈမ်ား၊ တပ္မေတာ္ အခ်င္းခ်င္း ပူးေပါင္းေဆာင္ရြက္မႈမ်ားကို ပိုမိုတိုးျမႇင့္ႏိုင္မည့္ အေျခအေနမ်ား၊ ႏွစ္ႏိုင္ငံ ေအးအတူပူအမွ် အသိုက္အ၀န္းကို ထူေထာင္ရန္ႏွင့္ ႏွစ္ႏိုင္ငံ ျပည္သူလူထုခ်င္း ပူးေပါင္းေဆာင္ရြက္မႈကို အရွိန္အဟုန္ျမင့္တင္ ေဆာင္ရြက္ႏိုင္မည့္ အေျခအေနမ်ား၊ တ႐ုတ္ႏိုင္ငံအေနျဖင့္ ရခိုင္ျပည္နယ္အေရးကိစၥမ်ားတြင္ ျမန္မာႏိုင္ငံ ဘက္မွ ေထာက္ခံရပ္တည္သြားမည့္ အေျခအေနမ်ားႏွင့္ ျပည္တြင္းၿငိမ္းခ်မ္းေရးဆုိင္ရာ ကိစၥရပ္မ်ားအား ခင္မင္ ရင္းႏွီးစြာ က်ယ္က်ယ္ျပန္႔ျပန္႔ အျမင္ခ်င္းဖလွယ္ ေဆြးေႏြးခဲ့ၾကသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္ျပည္သူ႕သမၼတႏိုင္ငံ သံအမတ္ႀကီးတုိ႔သည္ တက္ေရာက္လာၾကသူမ်ားႏွင့္အတူ အမွတ္တရ စုေပါင္းဓာတ္ပုံ ႐ုိက္ခဲ့ၾကသည္။

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။