Coronavirus Disease 2019(Covid-19) ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ အစပြု၍ တပ်မတော်(ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်များနှင့် အရပ်သား အစားခန့်ဝန်ထမ်းများက လုပ်ခလစာငွေများမှ တတ်အားသရွေ့ ထည့်ဝင် လှူဒါန်း

နေပြည်တော်၊ ဧပြီ ၆

Covid-19 ရောဂါကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီ ၃၀ ရက်တွင် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (World Health Organization- WHO) ကအပြည်ပြည်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ (Public Health Emergency of International Concern) အဖြစ် ကြေညာခဲ့ပြီး၊ Coronavirus Disease 2019(Covid-19) ကူးစက်မြန်ရောဂါ (သို့မဟုတ်) တိုင်ကြားရမည့် ကူးစက်ရောဂါဟု ဖေဖော်ဝါရီ ၂၈ ရက်တွင် သတ်မှတ်ခဲ့ကာ မတ် ၁၁ ရက်တွင် တစ်ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ (Pandemic) အဖြစ် ကြေညာခဲ့သည်။ အဆိုပါရောဂါနှင့်ပတ်သက်၍ မြန်မာနိုင်ငံအတွင်း ဝင်ရောက် ကူးစက်ပြန့် ပွားမှုမရှိစေရေး အတွက် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းများအား နိုင်ငံတော်မှ အမျိုးသားအဆင့် အနေဖြင့် သတ်မှတ်၍ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိသည်။

Coronavirus Disease 2019(Covid-19)ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရာတွင် လိုအပ် သည်များအသုံးပြုနိုင်ရန်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တပ်မတော်အရာရှိကြီးများက တစ်လစာ လစာငွေများကို လည်းကောင်း၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်များနှင့် အရပ်သား အစားခန့် ဝန်ထမ်းများက ၎င်းင်းတို့၏ လစာငွေမှ တစ်ရက်လုပ်ခ လစာငွေ များကို လည်းကောင်း တတ်အားသရွေ့ အသီးသီးထည့်ဝင်လှူဒါန်းကြရာ စုစုပေါင်းငွေကျပ်၂၂၄၅၃၆၅၂၁၄ (၂ ဒသမ ၂၄၅ ဘီလီယံကျော်) ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ လှူဒါန်းငွေများအား တိုင်းစစ်ဌာနချုပ် နယ်မြေများအလိုက်ပြည်သူ့ ဆေးရုံများတွင်လိုအပ်သော ဆေးဘက်ဆိုင်ရာအထောက်အကူပြု ပစ္စည်းများအား လိုအပ်သည့် နေရာများ၊ Coronavirus Disease 2019(Covid-19) ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများနှင့် နေရာကန့်သတ် စောင့်ကြည့် မှုစနစ် (Quarantine) ဆောင်ရွက် မှုများတွင် အသုံးပြုနိုင်ရန် အတွက် ထည့်ဝင်လှူဒါန်းခြင်းဖြစ်သည်။

(Zawgyi Version)

Coronavirus Disease 2019(Covid-19) ေရာဂါ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး အတြက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္မွ အစျပဳ၍ တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) အရာရွိ၊ စစ္သည္မ်ားႏွင့္ အရပ္သား အစားခန႔္ဝန္ထမ္းမ်ားက လုပ္ခလစာေငြမ်ားမွ တတ္အားသေ႐ြ႕ ထည့္ဝင္ လႉဒါန္း

ေနျပည္ေတာ္၊ ဧၿပီ ၆

Covid-19 ေရာဂါကို ၂၀၂၀ ျပည့္ႏွစ္၊ ဇန္နဝါရီ ၃၀ ရက္တြင္ ကမာၻ႔က်န္းမာေရး အဖြဲ႕ (World Health Organization- WHO) ကအျပည္ျပည္ဆိုင္ရာ ျပည္သူ႔က်န္းမာေရး အေရးေပၚအေျခအေန (Public Health Emergency of International Concern) အျဖစ္ ေၾကညာခဲ့ၿပီး၊ Coronavirus Disease 2019(Covid-19) ကူးစက္ျမန္ေရာဂါ (သို႔မဟုတ္) တိုင္ၾကားရမည့္ ကူးစက္ေရာဂါဟု ေဖေဖာ္ဝါရီ ၂၈ ရက္တြင္ သတ္မွတ္ခဲ့ကာ မတ္ ၁၁ ရက္တြင္ တစ္ကမာၻလုံးဆိုင္ရာကပ္ေရာဂါ (Pandemic) အျဖစ္ ေၾကညာခဲ့သည္။ အဆိုပါေရာဂါႏွင့္ပတ္သက္၍ ျမန္မာႏိုင္ငံအတြင္း ဝင္ေရာက္ ကူးစက္ျပန႔္ ပြားမႈမရွိေစေရး အတြက္ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးဆိုင္ရာ လုပ္ငန္းမ်ားအား ႏိုင္ငံေတာ္မွ အမ်ိဳးသားအဆင့္ အေနျဖင့္ သတ္မွတ္၍ အရွိန္အဟုန္ျမႇင့္ေဆာင္႐ြက္လ်က္ရွိသည္။

Coronavirus Disease 2019(Covid-19)ေရာဂါ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသရာတြင္ လိုအပ္ သည္မ်ားအသုံးျပဳႏိုင္ရန္အတြက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ားက တစ္လစာ လစာေငြမ်ားကို လည္းေကာင္း၊ တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) အရာရွိ၊ စစ္သည္မ်ားႏွင့္ အရပ္သား အစားခန႔္ ဝန္ထမ္းမ်ားက ၎င္းတို႔၏ လစာေငြမွ တစ္ရက္လုပ္ခ လစာေငြ မ်ားကို လည္းေကာင္း တတ္အားသေ႐ြ႕ အသီးသီးထည့္ဝင္လႉဒါန္းၾကရာ စုစုေပါင္းေငြက်ပ္၂၂၄၅၃၆၅၂၁၄ (၂ ဒသမ ၂၄၅ ဘီလီယံေက်ာ္) ျဖစ္ေၾကာင္း သိရွိရသည္။

အဆိုပါ လႉဒါန္းေငြမ်ားအား တိုင္းစစ္ဌာနခ်ဳပ္ နယ္ေျမမ်ားအလိုက္ျပည္သူ႔ ေဆး႐ုံမ်ားတြင္လိုအပ္ေသာ ေဆးဘက္ဆိုင္ရာအေထာက္အကူျပဳ ပစၥည္းမ်ားအား လိုအပ္သည့္ ေနရာမ်ား၊ Coronavirus Disease 2019(Covid-19) ေရာဂါ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး လုပ္ငန္းမ်ားႏွင့္ ေနရာကန႔္သတ္ ေစာင့္ၾကည့္ မႈစနစ္ (Quarantine) ေဆာင္႐ြက္ မႈမ်ားတြင္ အသုံးျပဳႏိုင္ရန္ အတြက္ ထည့္ဝင္လႉဒါန္းျခင္းျဖစ္သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။