တပ်မတော်တွင် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ ဒုတိယအကြိမ် ညှိနှိုင်း အစည်းအဝေးကျင်းပ

တပ်မတော်တွင် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ ဒုတိယအကြိမ် ညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော်၊ ဧပြီ – ၈

ကမ္ဘာ့ကပ်ရောဂါ COVID-19 နှင့် ပတ်သက်၍ ပြည်သူများနှင့် တပ်မတော်သားများ၊ မိသားစုဝင်များ အတွက် ကာကွယ်ရေး၊ ကုသရေးနှင့် အခြားလိုအပ်ချက်များ ဆောင်ရွက်ပေးနိုင်ရေး ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လယ်ပိုင်းတွင် နေပြည်တော်ရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) အစည်းအဝေးခန်းမ၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးစီး၍ ကျင်းပပြုလုပ်သည်။

အဆိုပါ အစည်းအဝေးသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဖွင့် အမှာစကား ပြောကြားရာတွင် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးအတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ)မှ အရာရှိ၊ စစ်သည်များ၊ ဝန်ထမ်းများက တတ်အားသရွေ့ ထည့်ဝင်လှူဒါန်းထားသည့် အလှူငွေများဖြင့် တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများတွင် လိုအပ်သည့် နေရာများသို့ လိုအပ်သည့် ပစ္စည်းများ၊ အမြန်ဆုံးပေးပို့နိုင်ရန် စီမံဆောင်ရွက်ရေး၊ ဆေးရုံသုံးပစ္စည်းများ၊ အဓိကအားဖြင့် ကုသရေးဆိုင်ရာ ဆေးရုံများအတွက် စီစဉ်ဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ကြောင်းနှင့် လက်ရှိဆောင်ရွက်လျက်ရှိသည့်အခြေအနေများနှင့် ဆောင်ရွက်ရန် လိုအပ်မည့်အခြေအနေများအား ဆွေးနွေးကြရန် မှာကြားသည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာကြသူများက ရှင်းလင်းတင်ပြကြရာတွင် COVID-19 ရောဂါ သံသယလူနာများအား စစ်ဆေးနိုင်ရန် အတွက် Test Kit များနှင့် ရောဂါပိုး ရှိ၊ မရှိ အတည်ပြုပေးနိုင်မည့် ဓာတ်ခွဲစမ်းသပ်စက်များအတွက် လိုအပ်သည့် ပစ္စည်းများရရှိရေး ဆောင်ရွက်ထားရှိမှု အခြေအနေ၊ လက်ရှိသီးခြား စောင့်ကြည့်ရမည့်သူများ လက်ခံထားရှိမှုနှင့် နေထိုင်စားသောက်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ တပ်မတော်ဆေးရုံများနှင့် အခြား အဆောက်အဦများတွင် အရေးပေါ်လူနာနှင့် အတည်ပြုလူနာများ လက်ခံကုသနိုင်ရေး ဆောင်ရွက် ထားရှိမှု အခြေအနေများ၊ ဆေးအကာအကွယ်ပေးရေးအတွက် လိုအပ်သော အထောက်အကူပြု ပစ္စည်းများရရှိရေး ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ စေတနာရှင် အလှူရှင်များက လှူဒါန်းသည့် ဆေးရုံသုံးပစ္စည်းများကို လိုအပ်သည့်နေရာများသို့ အမြန်ဆုံးဖြန့်ခွဲပေး လျက်ရှိသည့် အခြေအနေများ၊ လေယာဉ်၊ ရဟတ်ယာဉ်၊ ရထား၊ မော်တော်ယာဉ်များ အသင့်ပြင်ဆင် ဆောင်ရွက်ထားရှိသည့် အခြေအနေများ၊ နိုင်ငံတကာနှင့် အာဆီယံနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများတွင် COVID-19 ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်သည့်အခြေအနေများ၊ မြန်မာနိုင်ငံတွင် ဆက်လက် ဖြစ်ပေါ်လာနိုင်မည့် အလားအလာများ၊ သက်ဆိုင်ရာ တပ်ရင်း၊ တပ်ဖွဲ့အလိုက် တပ်တွင်း၊ တပ်ပြင် ဆေး အကာအကွယ်ပေးရေးဆိုင်ရာ ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ အခြေခံ လူတန်းစားများ အတွက် ကိုယ်ခံအားစနစ်ကောင်းမွန်အောင် စားသုံးသင့်သည့် အာဟာရဓာတ်နှင့် ပြည့်ဝသော အလွယ်တကူဝယ်ယူစားသုံးနိုင်သည့် ဟင်းသီး ဟင်းရွက်၊ အသီးအနှံများ ဆိုင်ရာအချက်အလက်များ၊ ကျန်းမာရေးကိုထိခိုက်စေနိုင်သည့် ဆေးလိပ်ကို လုံးဝမသောက်သုံးသင့်သည့်အခြေအနေများ၊ တပ်မတော်အထည်ချုပ် စက်ရုံ(မင်္ဂလာဒုံ)နှင့် တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ(မိတ္ထီလာ)တို့မှ Mask များ ချုပ်လုပ်၍ တပ်မတော်သားနှင့် မိသားစုဝင်များအတွက် ဖြန့်ချိပေးလျက်ရှိသည့် အခြေအနေများ၊ တပ်မတော်အထည်ချုပ်စက်ရုံ(မင်္ဂလာဒုံ)မှ ဆေးဖျန်းအကာအကွယ် ဝတ်စုံများ ချုပ်လုပ်၍ ဆေးအကာအကွယ်ပေးရေးလုပ်ငန်းများ ဆောင်ရွက်နေသော တပ်မတော်သားများ အတွက် ဖြန့်ဝေပေးလျက်ရှိသည့် အခြေအနေများ၊ တပ်မတော် စက်ရုံများမှ ပြည်သူများအတွက် လိုအပ်သော ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာရေး သုံးပစ္စည်းများ ဖြည့်ဆည်းထုတ်လုပ် ပေးနိုင်မည့် အခြေအနေများ၊ လိုအပ်သည့် အုပ်ချုပ်ထောက်ပံ့မှုဆိုင်ရာ စီမံချက်များ၊ အမိန့်နှင့် ညွှန်ကြားချက်များ ရေးဆွဲထုတ်ပြန်ထားရှိပြီး လိုက်နာအကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများအား ရှင်းလင်းဆွေးနွေးတင်ပြကြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များ ဖြည့်ဆည်းစီစဉ် ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြား ရာတွင် COVID-19 ရောဂါ ကာကွယ်ရေး၊ ထိန်းချုပ်ရေးနှင့် ကုသရေးအတွက် ပြည်သူလူထုနှင့် တပ်မတော်သားများ၊ မိသားစုဝင်များ သိသင့်သိထိုက်သည့် ပညာပေးအစီအစဉ်များကို ရေဒီယို၊ ရုပ်မြင်သံကြားနှင့် သတင်းစာများ၊ အွန်လိုင်းမီဒီယာများမှတစ်ဆင့် ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်းဖော်ပြပေးရန် လိုအပ်ကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် လေဝင်လေထွက်ကောင်းမွန်ရေးနှင့် အလင်းရောင်ရရှိရေး၊ နေရာတိုင်းတွင် သန့်ရှင်းရေးများဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ယခုကဲ့သို့ အခြေအနေမျိုးတွင် ခြွေတာရေးသည် အရေးအကြီးဆုံးဖြစ်ကြောင်း၊ စားရေးသောက်ရေး အတွက် အာဟာရဖြစ်အောင် စားသောက်ရန်လိုသော်လည်း အလဟဿဖြုန်းတီးမပစ်ရန်လို ကြောင်း၊ လျှပ်စစ်မီးနှင့် ရေကိုလည် ‌ ခြွေတာသုံးစွဲကြရမည်ဖြစ်ကြောင်း၊ လှူဒါန်းငွေ များဖြင့် ဆေးနှင့် ဆေးရုံသုံးပစ္စည်းများ အမြန်ဆုံးရရှိဖြန့်ခွဲပေးနိုင်ရေး စနစ်တကျ စီမံဆောင်ရွက်ကြရန်လိုကြောင်း၊ စစ်မှုထမ်းဟောင်းများတွင် လစာနည်း ပင်စင်စားများ၊ ပင်စင်ရရှိသော်လည်း အခက်အခဲရှိနေသည့် ပင်စင်စားများ၊ သာမန်ပင်စင်စားများအတွက် လိုအပ်သောစားရေးသောက်ရေးများ စီစဉ်ပေးရန် လိုအပ်ကြောင်း၊ သာသနာ့ ဝန်ထမ်းများဖြစ်သည့် သံဃာတော်များ၊ သီလရှင်များ၏ ဆွမ်း၊ ကွမ်း လိုအပ်ချက်များ၊ အခြားဘာသာရေးအဖွဲ့အစည်းများမှ ဖွင့်လှစ်ထားရှိသည့် ဘိုးဘွားရိပ်သာ၊ မိဘမဲ့ဂေဟာများ စသည်တို့အတွက်လည်း စားရေးလိုအပ်ချက်များရှိပါက ကူညီဆောင်ရွက်ပေးကြ ရမည်ဖြစ်ကြောင်း မှာကြားသည်။

ယနေ့အထိ တပ်မတော်အတွင်း COVID-19 ရောဂါကူးစက်ခံရသူ၊ ရောဂါပိုးတွေ့ ရှိသူမရှိ (မရှိ)သေးဘဲ Hospital Isolation စောင့်ကြည့်သူ တပ်မတော်သား(၁)ဦး၊ မှီခို(၂)ဦး၊ Hospital Quarantine စောင့်ကြည့်သူ တပ်မတော်သား(၁၄)ဦး၊ မှီခို(၁၄) ဦး၊ Home Quarantine စောင့်ကြည့်သူ၊ တပ်မတော်သား(၁၆၁)ဦး၊ မှီခို(၈၈)ဦး၊ Facility Quarantine စောင့်ကြည့်သူ တပ်မတော်သား(၄၄)ဦး၊ မှီခို(၅၅)ဦး၊ စုစုပေါင်း (၉၉)ဦး၊ Facility Quarantine စောင့်ကြည့်ရန် အတွက် ရန်ကုန်စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် ပြည်သူ (၁၃၂)ဦး၊ နေပြည်တော် စစ်ကြောရေးနှင့်တည်းခိုရေးစခန်းတွင် ပြည်သူ(၂၄၂)ဦး၊ စုစုပေါင်း ပြည်သူ(၃၇၄)ဦးတို့ ဖြစ်ကြောင်း နှင့် ၎င်းတို့ အားလုံး၏ ကျန်းမာရေးအခြေအနေကောင်းမွန် လျက်ရှိသည်။

(Zawgyi Version)

တပ္မေတာ္တြင္ COVID-19 ေရာဂါကာကြယ္ထိန္းခ်ဳပ္ကုသေရးဆုိင္ရာ ဒုတိယအႀကိမ္ ၫႇိႏႈိင္း အစည္းအေ၀းက်င္းပ

ေနျပည္ေတာ္၊ ဧၿပီ – ၈

ကမၻာ့ကပ္ေရာဂါ COVID-19 ႏွင့္ ပတ္သက္၍ ျပည္သူမ်ားႏွင့္ တပ္မေတာ္သားမ်ား၊ မိသားစု၀င္မ်ား အတြက္ ကာကြယ္ေရး၊ ကုသေရးႏွင့္ အျခားလုိအပ္ခ်က္မ်ား ေဆာင္ရြက္ေပးႏုိင္ေရး ဒုတိယအႀကိမ္ ၫႇိႏႈိင္းအစည္းအေ၀းကုိ ယေန႕ေန႕လယ္ပုိင္းတြင္ ေနျပည္ေတာ္ရွိ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း) အစည္းအေ၀းခန္းမ၌ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ဦးစီး၍ က်င္းပျပဳလုပ္သည္။

အဆုိပါ အစည္းအေ၀းသုိ႕ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္၊ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္ (ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီး စိုး၀င္း၊ ကာကြယ္ေရး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ဒုတိယဗုိလ္ခ်ဳပ္ႀကီး စိန္၀င္း၊ ၫႇိႏႈိင္းကြပ္ကဲေရးမွဴး (ၾကည္း၊ ေရ၊ ေလ) ဗုိလ္ခ်ဳပ္ႀကီး ျမထြန္းဦး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က အဖြင့္ အမွာစကား ေျပာၾကားရာတြင္ COVID-19 ေရာဂါကာကြယ္ထိန္းခ်ဳပ္ကုသေရးအတြက္ တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ)မွ အရာရွိ၊ စစ္သည္မ်ား၊ ၀န္ထမ္းမ်ားက တတ္အားသေရြ႕ ထည့္၀င္လွဴဒါန္းထားသည့္ အလွဴေငြမ်ားျဖင့္ တုိင္းစစ္ဌာနခ်ဳပ္နယ္ေျမအသီးသီးရွိ တပ္မေတာ္ေဆး႐ုံမ်ား၊ ျပည္သူ႕ေဆး႐ုံမ်ားတြင္ လုိအပ္သည့္ ေနရာမ်ားသုိ႕ လုိအပ္သည့္ ပစၥည္းမ်ား၊ အျမန္ဆုံးေပးပုိ႕ႏုိင္ရန္ စီမံေဆာင္ရြက္ေရး၊ ေဆး႐ုံသုံးပစၥည္းမ်ား၊ အဓိကအားျဖင့္ ကုသေရးဆုိင္ရာ ေဆး႐ုံမ်ားအတြက္ စီစဥ္ေဆာင္ရြက္ေပးရန္ လုိအပ္မည္ျဖစ္ေၾကာင္းႏွင့္ လက္ရွိေဆာင္ရြက္လ်က္ရွိသည့္အေျခအေနမ်ားႏွင့္ ေဆာင္ရြက္ရန္ လုိအပ္မည့္အေျခအေနမ်ားအား ေဆြးေႏြးၾကရန္ မွာၾကားသည္။

ထုိ႕ေနာက္ အစည္းအေ၀းတက္ေရာက္လာၾကသူမ်ားက ရွင္းလင္းတင္ျပၾကရာတြင္ COVID-19 ေရာဂါ သံသယလူနာမ်ားအား စစ္ေဆးႏုိင္ရန္ အတြက္ Test Kit မ်ားႏွင့္ ေရာဂါပုိး ရွိ၊ မရွိ အတည္ျပဳေပးႏုိင္မည့္ ဓာတ္ခြဲစမ္းသပ္စက္မ်ားအတြက္ လုိအပ္သည့္ ပစၥည္းမ်ားရရွိေရး ေဆာင္ရြက္ထားရွိမႈ အေျခအေန၊ လက္ရွိသီးျခား ေစာင့္ၾကည့္ရမည့္သူမ်ား လက္ခံထားရွိမႈႏွင့္ ေနထုိင္စားေသာက္ေရး ေဆာင္ရြက္ထားရွိမႈအေျခအေနမ်ား၊ တပ္မေတာ္ေဆး႐ုံမ်ားႏွင့္ အျခား အေဆာက္အဦမ်ားတြင္ အေရးေပၚလူနာႏွင့္ အတည္ျပဳလူနာမ်ား လက္ခံကုသႏုိင္ေရး ေဆာင္ရြက္ ထားရွိမႈ အေျခအေနမ်ား၊ ေဆးအကာအကြယ္ေပးေရးအတြက္ လုိအပ္ေသာ အေထာက္အကူျပဳ ပစၥည္းမ်ားရရွိေရး ေဆာင္ရြက္ထားရွိမႈ အေျခအေနမ်ား၊ ေစတနာရွင္ အလွဴရွင္မ်ားက လွဴဒါန္းသည့္ ေဆး႐ုံသုံးပစၥည္းမ်ားကုိ လုိအပ္သည့္ေနရာမ်ားသို႕ အျမန္ဆုံးျဖန္႕ခြဲေပး လ်က္ရွိသည့္ အေျခအေနမ်ား၊ ေလယာဥ္၊ ရဟတ္ယာဥ္၊ ရထား၊ ေမာ္ေတာ္ယာဥ္မ်ား အသင့္ျပင္ဆင္ ေဆာင္ရြက္ထားရွိသည့္ အေျခအေနမ်ား၊ ႏုိင္ငံတကာႏွင့္ အာဆီယံႏုိင္ငံမ်ား၊ အိမ္နီးခ်င္းႏုိင္ငံမ်ားတြင္ COVID-19 ေရာဂါျဖစ္ပြားမႈႏွင့္ ပတ္သက္သည့္အေျခအေနမ်ား၊ ျမန္မာႏုိင္ငံတြင္ ဆက္လက္ ျဖစ္ေပၚလာႏုိင္မည့္ အလားအလာမ်ား၊ သက္ဆုိင္ရာ တပ္ရင္း၊ တပ္ဖြဲ႕အလုိက္ တပ္တြင္း၊ တပ္ျပင္ ေဆး အကာအကြယ္ေပးေရးဆုိင္ရာ ေဆာင္ရြက္ေပးေနမႈ အေျခအေနမ်ား၊ အေျခခံ လူတန္းစားမ်ား အတြက္ ကုိယ္ခံအားစနစ္ေကာင္းမြန္ေအာင္ စားသုံးသင့္သည့္ အာဟာရဓာတ္ႏွင့္ ျပည့္၀ေသာ အလြယ္တကူ၀ယ္ယူစားသုံးႏုိင္သည့္ ဟင္းသီး ဟင္းရြက္၊ အသီးအႏွံမ်ား ဆုိင္ရာအခ်က္အလက္မ်ား၊ က်န္းမာေရးကုိထိခုိက္ေစႏုိင္သည့္ ေဆးလိပ္ကုိ လုံး၀မေသာက္သုံးသင့္သည့္အေျခအေနမ်ား၊ တပ္မေတာ္အထည္ခ်ဳပ္ စက္႐ုံ(မဂၤလာဒုံ)ႏွင့္ တပ္မေတာ္ခ်ည္မွ်င္ႏွင့္ အထည္စက္႐ုံ(မိတၳီလာ)တုိ႕မွ Mask မ်ား ခ်ဳပ္လုပ္၍ တပ္မေတာ္သားႏွင့္ မိသားစု၀င္မ်ားအတြက္ ျဖန္႕ခ်ိေပးလ်က္ရွိသည့္ အေျခအေနမ်ား၊ တပ္မေတာ္အထည္ခ်ဳပ္စက္႐ုံ(မဂၤလာဒုံ)မွ ေဆးဖ်န္းအကာအကြယ္ ၀တ္စုံမ်ား ခ်ဳပ္လုပ္၍ ေဆးအကာအကြယ္ေပးေရးလုပ္ငန္းမ်ား ေဆာင္ရြက္ေနေသာ တပ္မေတာ္သားမ်ား အတြက္ ျဖန္႕ေ၀ေပးလ်က္ရွိသည့္ အေျခအေနမ်ား၊ တပ္မေတာ္ စက္႐ုံမ်ားမွ ျပည္သူမ်ားအတြက္ လုိအပ္ေသာ ေရာဂါကာကြယ္ေရးဆုိင္ရာ က်န္းမာေရး သုံးပစၥည္းမ်ား ျဖည့္ဆည္းထုတ္လုပ္ ေပးႏုိင္မည့္ အေျခအေနမ်ား၊ လုိအပ္သည့္ အုပ္ခ်ဳပ္ေထာက္ပံ့မႈဆုိင္ရာ စီမံခ်က္မ်ား၊ အမိန္႕ႏွင့္ ၫႊန္ၾကားခ်က္မ်ား ေရးဆြဲထုတ္ျပန္ထားရွိၿပီး လုိက္နာအေကာင္အထည္ ေဖာ္ေဆာင္ရြက္လ်က္ရွိသည့္ အေျခအေနမ်ားအား ရွင္းလင္းေဆြးေႏြးတင္ျပၾကရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က လုိအပ္သည္မ်ား ျဖည့္ဆည္းစီစဥ္ ၫႇိႏႈိင္းေဆာင္ရြက္ေပးသည္။

ထုိ႕ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က နိဂုံးခ်ဳပ္အမွာစကားေျပာၾကား ရာတြင္ COVID-19 ေရာဂါ ကာကြယ္ေရး၊ ထိန္းခ်ဳပ္ေရးႏွင့္ ကုသေရးအတြက္ ျပည္သူလူထုႏွင့္ တပ္မေတာ္သားမ်ား၊ မိသားစု၀င္မ်ား သိသင့္သိထုိက္သည့္ ပညာေပးအစီအစဥ္မ်ားကုိ ေရဒီယုိ၊ ႐ုပ္ျမင္သံၾကားႏွင့္ သတင္းစာမ်ား၊ အြန္လုိင္းမီဒီယာမ်ားမွတစ္ဆင့္ က်ယ္က်ယ္ျပန္႕ျပန္႕ ထည့္သြင္းေဖာ္ျပေပးရန္ လုိအပ္ေၾကာင္း၊ က်န္းမာေရးေစာင့္ေရွာက္မႈေပးရာတြင္ ေလ၀င္ေလထြက္ေကာင္းမြန္ေရးႏွင့္ အလင္းေရာင္ရရွိေရး၊ ေနရာတုိင္းတြင္ သန္႕ရွင္းေရးမ်ားေဆာင္ရြက္ၾကရန္ လုိအပ္ေၾကာင္း၊ ယခုကဲ့သုိ႕ အေျခအေနမ်ဳိးတြင္ ေႁခြတာေရးသည္ အေရးအႀကီးဆုံးျဖစ္ေၾကာင္း၊ စားေရးေသာက္ေရး အတြက္ အာဟာရျဖစ္ေအာင္ စားေသာက္ရန္လုိေသာ္လည္း အလဟႆျဖဳန္းတီးမပစ္ရန္လုိ ေၾကာင္း၊ လွ်ပ္စစ္မီးႏွင့္ ေရကုိလည္ ‌ ေႁခြတာသုံးစြဲၾကရမည္ျဖစ္ေၾကာင္း၊ လွဴဒါန္းေငြ မ်ားျဖင့္ ေဆးႏွင့္ ေဆး႐ုံသုံးပစၥည္းမ်ား အျမန္ဆုံးရရွိျဖန္႕ခြဲေပးႏုိင္ေရး စနစ္တက် စီမံေဆာင္ရြက္ၾကရန္လုိေၾကာင္း၊ စစ္မႈထမ္းေဟာင္းမ်ားတြင္ လစာနည္း ပင္စင္စားမ်ား၊ ပင္စင္ရရွိေသာ္လည္း အခက္အခဲရွိေနသည့္ ပင္စင္စားမ်ား၊ သာမန္ပင္စင္စားမ်ားအတြက္ လုိအပ္ေသာစားေရးေသာက္ေရးမ်ား စီစဥ္ေပးရန္ လုိအပ္ေၾကာင္း၊ သာသနာ့ ၀န္ထမ္းမ်ားျဖစ္သည့္ သံဃာေတာ္မ်ား၊ သီလရွင္မ်ား၏ ဆြမ္း၊ ကြမ္း လုိအပ္ခ်က္မ်ား၊ အျခားဘာသာေရးအဖြဲ႕အစည္းမ်ားမွ ဖြင့္လွစ္ထားရွိသည့္ ဘုိးဘြားရိပ္သာ၊ မိဘမဲ့ေဂဟာမ်ား စသည္တုိ႕အတြက္လည္း စားေရးလုိအပ္ခ်က္မ်ားရွိပါက ကူညီေဆာင္ရြက္ေပးၾက ရမည္ျဖစ္ေၾကာင္း မွာၾကားသည္။

ယေန႕အထိ တပ္မေတာ္အတြင္း COVID-19 ေရာဂါကူးစက္ခံရသူ၊ ေရာဂါပုိးေတြ႕ ရွိသူမရွိ (မရွိ)ေသးဘဲ Hospital Isolation ေစာင့္ၾကည့္သူ တပ္မေတာ္သား(၁)ဦး၊ မွီခုိ(၂)ဦး၊ Hospital Quarantine ေစာင့္ၾကည့္သူ တပ္မေတာ္သား(၁၄)ဦး၊ မွီခုိ(၁၄) ဦး၊ Home Quarantine ေစာင့္ၾကည့္သူ၊ တပ္မေတာ္သား(၁၆၁)ဦး၊ မွီခုိ(၈၈)ဦး၊ Facility Quarantine ေစာင့္ၾကည့္သူ တပ္မေတာ္သား(၄၄)ဦး၊ မွီခုိ(၅၅)ဦး၊ စုစုေပါင္း (၉၉)ဦး၊ Facility Quarantine ေစာင့္ၾကည့္ရန္ အတြက္ ရန္ကုန္စစ္ေၾကာေရးႏွင့္ တည္းခုိေရးစခန္းတြင္ ျပည္သူ (၁၃၂)ဦး၊ ေနျပည္ေတာ္ စစ္ေၾကာေရးႏွင့္တည္းခုိေရးစခန္းတြင္ ျပည္သူ(၂၄၂)ဦး၊ စုစုေပါင္း ျပည္သူ(၃၇၄)ဦးတုိ႕ ျဖစ္ေၾကာင္း ႏွင့္ ၎တုိ႕ အားလုံး၏ က်န္းမာေရးအေျခအေနေကာင္းမြန္ လ်က္ရွိသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။