မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ်၊ နှစ်သစ်ကူးအခါသမယတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားသည့် နှစ်သစ်ကူးဆုမွန်ကောင်းစကား

မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ်၊ နှစ်သစ်ကူးအခါသမယတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားသည့် နှစ်သစ်ကူးဆုမွန်ကောင်းစကား

နေပြည်တော်၊ ဧပြီ – ၁၇

မိဘပြည်သူများနဲ့ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး နှစ်သစ်အခါသမယ မှာ မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်ခင်ဗျာ။ ၁၃၈၁ ခုနှစ်ကို ကျော်လွန်ခဲ့ပြီဖြစ်ပါတယ်။ ဒီကာလအတွင်းမှာ မိဘပြည်သူများ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအနေနဲ့ ဖြတ်သန်းခဲ့တဲ့ဖြစ်စဉ်ပေါင်းများစွာထဲမှာ အောင်မြင်တာ တွေရှိသလို စိန်ခေါ်မှုတွေလည်း ရှိကြပါတယ်။ နှစ်ကုန်ခါနီးမှာတော့ မမျှော်လင့်ဘဲနဲ့ Coronavirus (COVID-19) ရောဂါ ပြဿနာတစ်ခု ကျွန်တော်တို့ ကြုံတွေ့ခဲ့ရပါတယ်။ဒီရောဂါကပ်ဘေးကြီးကိုတော့ မိဘပြည်သူများနဲ့ ပူးပေါင်းဆောင်ရွက်မှုကနေပြီး ကျော်လွှားနိုင်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ မိဘပြည်သူများရဲ့ စည်းကမ်း တကျနေထိုင် လုပ်ဆောင်မှုဟာ ဒီကပ်ဘေးကျော်လွန်မှုအတွက် အထောက်အကူရလိမ့် မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။

၁၃၈၂ ခုနှစ် နှစ်သစ်အခါသမယမှာ မိဘပြည်သူများအားလုံး သောကခပ်သိမ်း ချုပ်ငြိမ်း ကြပါစေ၊ မောဟခပ်သိမ်း ချုပ်ငြိမ်းကြပါစေ၊ ကောင်းကျိုး လိုအင်ဆန္ဒများ ပြည့်စုံကြပါစေလို့ ကျွန်တော်ထပ်မံဆုတောင်းအပ်ပါတယ်ခင်ဗျာ။

(Zawgyi Version)

ျမန္မာသကၠရာဇ္ ၁၃၈၂ ခုႏွစ္၊ ႏွစ္သစ္ကူးအခါသမယတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ေျပာၾကားသည့္ ႏွစ္သစ္ကူးဆုမြန္ေကာင္းစကား

ေနျပည္ေတာ္၊ ဧၿပီ – ၁၇

မိဘျပည္သူမ်ားနဲ႕ တုိင္းရင္းသားညီအစ္ကုိေမာင္ႏွမမ်ားအားလုံး ႏွစ္သစ္အခါသမယ မွာ မဂၤလာအေပါင္းႏွင့္ ျပည့္စုံပါေစလုိ႕ ႏႈတ္ခြန္းဆက္သအပ္ပါတယ္ခင္ဗ်ာ။ ၁၃၈၁ ခုႏွစ္ကုိ ေက်ာ္လြန္ခဲ့ၿပီျဖစ္ပါတယ္။ ဒီကာလအတြင္းမွာ မိဘျပည္သူမ်ား တုိင္းရင္းသား ညီအစ္ကုိေမာင္ႏွမမ်ားအေနနဲ႕ ျဖတ္သန္းခဲ့တဲ့ျဖစ္စဥ္ေပါင္းမ်ားစြာထဲမွာ ေအာင္ျမင္တာ ေတြရွိသလုိ စိန္ေခၚမႈေတြလည္း ရွိၾကပါတယ္။ ႏွစ္ကုန္ခါနီးမွာေတာ့ မေမွ်ာ္လင့္ဘဲနဲ႕ Coronavirus (COVID-19) ေရာဂါ ျပႆနာတစ္ခု ကြၽန္ေတာ္တုိ႕ ႀကဳံေတြ႕ခဲ့ရပါတယ္။ဒီေရာဂါကပ္ေဘးႀကီးကုိေတာ့ မိဘျပည္သူမ်ားနဲ႕ ပူးေပါင္းေဆာင္ရြက္မႈကေနၿပီး ေက်ာ္လႊားႏုိင္လိမ့္မယ္လုိ႕ ကြၽန္ေတာ္ယုံၾကည္ပါတယ္။ မိဘျပည္သူမ်ားရဲ႕ စည္းကမ္း တက်ေနထုိင္ လုပ္ေဆာင္မႈဟာ ဒီကပ္ေဘးေက်ာ္လြန္မႈအတြက္ အေထာက္အကူရလိမ့္ မယ္လုိ႕ ကြၽန္ေတာ္ယုံၾကည္ပါတယ္။

၁၃၈၂ ခုႏွစ္ ႏွစ္သစ္အခါသမယမွာ မိဘျပည္သူမ်ားအားလုံး ေသာကခပ္သိမ္း ခ်ဳပ္ၿငိမ္း ၾကပါေစ၊ ေမာဟခပ္သိမ္း ခ်ဳပ္ၿငိမ္းၾကပါေစ၊ ေကာင္းက်ဳိး လုိအင္ဆႏၵမ်ား ျပည့္စုံၾကပါေစလုိ႕ ကြၽန္ေတာ္ထပ္မံဆုေတာင္းအပ္ပါတယ္ခင္ဗ်ာ။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။