Coronavirus Disease 2019(Covid-19) ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်များနှင့် အရပ်သား အစားခန့်ဝန်ထမ်း များက လုပ်ခလစာငွေများမှ လှူဒါန်းငွေများ စေတနာထက်သန်စွာ ထပ်မံထည့်ဝင်လှူဒါန်း

နေပြည်တော်၊ မေ ၁

Coronavirus Disease 2019(Covid-19) ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာလုပ်ငန်းများအား နိုင်ငံတော်မှ အမျိုးသားအဆင့်အနေဖြင့် သတ်မှတ်၍ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပြီး တပ်မတော်မှလည်း အင်တိုက်အားတိုက်ပါဝင်ဆောင်ရွက် လျက်ရှိသည်။

Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရာတွင် လိုအပ်သည်များ အသုံးပြု နိုင်ရန်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဗိုလ်ချုပ် အဆင့်နှင့်အထက် တပ်မတော်အရာရှိကြီးများက တစ်လစာ လစာငွေ၏ ၂၅ ရာခိုင်နှုန်း၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်များနှင့် အရပ်သားအစားခန့်ဝန်ထမ်းများက ၎င်းင်းတို့၏ လစာငွေမှ တစ်ရက်လုပ်ခလစာငွေများကို ဒုတိယအကြိမ်အဖြစ် စေတနာထက်သန်စွာ ထပ်မံထည့်ဝင်လှူဒါန်းကြရာ စုစုပေါင်းငွေကျပ် ၂၁၅၉၅၆၈၇၂၁ (၂ ဒသမ ၁၅၉ ဘီလီယံကျော်) ဖြစ်ကြောင်း သိရှိရသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ အစပြု၍ တပ်မတော်အရာရှိကြီးများ၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်များနှင့် အရပ်သား အစားခန့် ဝန်ထမ်းများအနေဖြင့် ယခုကဲ့သို့အလှူငွေများ တတ်အားသရွေ့ထည့်ဝင် လှူဒါန်းခြင်းသည် ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်အဖြစ် ဧပြီလ လစာငွေမှ စုစုပေါင်း ငွေကျပ် ၂ ဒသမ ၃၁၆ ဘီလီယံကျော်ကို ထည့်ဝင်လှူဒါန်းခဲ့ကြကြောင်းနှင့် ရရှိအလှူငွေများဖြင့် တိုင်းစစ်ဌာနချုပ်နယ်မြေများအလိုက် ပြည်သူ့ဆေးရုံများတွင် လိုအပ်သော ဆေးဘက်ဆိုင်ရာ အထောက်အကူပြုပစ္စည်းများ လှူဒါန်းခြင်း၊ Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများနှင့် နေရာကန့်သတ်စောင့်ကြည့်မှုစနစ်(Quarantine) ဆောင်ရွက်မှု များတွင် စနစ်တကျဖြင့် စီမံခန့်ခွဲအသုံးပြုလျက်ရှိကြောင်း သိရှိရသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဗိုလ်ချုပ်အဆင့် နှင့်အထက် တပ်မတော်အရာရှိကြီးများအနေဖြင့် တစ်လစာ လစာငွေ၏ ၂၅ ရာခိုင်နှုန်းကို ၆ လဆက်တိုက် ဆက်လက်လှူဒါန်းသွားမည်ဖြစ်သည်။

(Zawgyi Version)

Coronavirus Disease 2019(Covid-19) ေရာဂါ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး အတြက္ တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) အရာရွိ၊ စစ္သည္မ်ားႏွင့္ အရပ္သား အစားခန႔္ဝန္ထမ္း မ်ားက လုပ္ခလစာေငြမ်ားမွ လႉဒါန္းေငြမ်ား ေစတနာထက္သန္စြာ ထပ္မံထည့္ဝင္လႉဒါန္း

ေနျပည္ေတာ္၊ ေမ ၁

Coronavirus Disease 2019(Covid-19) ေရာဂါ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးဆိုင္ရာလုပ္ငန္းမ်ားအား ႏိုင္ငံေတာ္မွ အမ်ိဳးသားအဆင့္အေနျဖင့္ သတ္မွတ္၍ အရွိန္အဟုန္ျမႇင့္ေဆာင္႐ြက္လ်က္ရွိၿပီး တပ္မေတာ္မွလည္း အင္တိုက္အားတိုက္ပါဝင္ေဆာင္႐ြက္ လ်က္ရွိသည္။

Covid-19 ေရာဂါ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသရာတြင္ လိုအပ္သည္မ်ား အသုံးျပဳ ႏိုင္ရန္အတြက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္၊ ဗိုလ္ခ်ဳပ္ အဆင့္ႏွင့္အထက္ တပ္မေတာ္အရာရွိႀကီးမ်ားက တစ္လစာ လစာေငြ၏ ၂၅ ရာခိုင္ႏႈန္း၊ တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) အရာရွိ၊ စစ္သည္မ်ားႏွင့္ အရပ္သားအစားခန႔္ဝန္ထမ္းမ်ားက ၎င္းတို႔၏ လစာေငြမွ တစ္ရက္လုပ္ခလစာေငြမ်ားကို ဒုတိယအႀကိမ္အျဖစ္ ေစတနာထက္သန္စြာ ထပ္မံထည့္ဝင္လႉဒါန္းၾကရာ စုစုေပါင္းေငြက်ပ္ ၂၁၅၉၅၆၈၇၂၁ (၂ ဒသမ ၁၅၉ ဘီလီယံေက်ာ္) ျဖစ္ေၾကာင္း သိရွိရသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္မွ အစျပဳ၍ တပ္မေတာ္အရာရွိႀကီးမ်ား၊ တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) အရာရွိ၊ စစ္သည္မ်ားႏွင့္ အရပ္သား အစားခန႔္ ဝန္ထမ္းမ်ားအေနျဖင့္ ယခုကဲ့သို႔အလႉေငြမ်ား တတ္အားသေ႐ြ႕ထည့္ဝင္ လႉဒါန္းျခင္းသည္ ဒုတိယအႀကိမ္ျဖစ္ၿပီး ပထမအႀကိမ္အျဖစ္ ဧၿပီလ လစာေငြမွ စုစုေပါင္း ေငြက်ပ္ ၂ ဒသမ ၃၁၆ ဘီလီယံေက်ာ္ကို ထည့္ဝင္လႉဒါန္းခဲ့ၾကေၾကာင္းႏွင့္ ရရွိအလႉေငြမ်ားျဖင့္ တိုင္းစစ္ဌာနခ်ဳပ္နယ္ေျမမ်ားအလိုက္ ျပည္သူ႔ေဆး႐ုံမ်ားတြင္ လိုအပ္ေသာ ေဆးဘက္ဆိုင္ရာ အေထာက္အကူျပဳပစၥည္းမ်ား လႉဒါန္းျခင္း၊ Covid-19 ေရာဂါ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးလုပ္ငန္းမ်ားႏွင့္ ေနရာကန႔္သတ္ေစာင့္ၾကည့္မႈစနစ္(Quarantine) ေဆာင္႐ြက္မႈ မ်ားတြင္ စနစ္တက်ျဖင့္ စီမံခန႔္ခြဲအသုံးျပဳလ်က္ရွိေၾကာင္း သိရွိရသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္၊ ဗိုလ္ခ်ဳပ္အဆင့္ ႏွင့္အထက္ တပ္မေတာ္အရာရွိႀကီးမ်ားအေနျဖင့္ တစ္လစာ လစာေငြ၏ ၂၅ ရာခိုင္ႏႈန္းကို ၆ လဆက္တိုက္ ဆက္လက္လႉဒါန္းသြားမည္ျဖစ္သည္။

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။