တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထားဝယ်မြို့ရှိ မြို့မိ၊ မြို့ဖများအား သွားရောက်တွေ့ဆုံ၊ မြို့နေလူထုနှင့် ပြည်သူ့ဆေးရုံကြီးအတွက် COVID-19 ရောဂါ ထိန်းချုပ်ကာကွယ်ရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထားဝယ်မြို့ရှိ မြို့မိ၊ မြို့ဖများအား သွားရောက်တွေ့ဆုံ၊ မြို့နေလူထုနှင့် ပြည်သူ့ဆေးရုံကြီးအတွက် COVID-19 ရောဂါ ထိန်းချုပ်ကာကွယ်ရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်

နေပြည်တော်၊ မေ – ၁၄

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စောသန်းလှိုင်နှင့် အဖွဲ့ဝင်များ လိုက်ပါ၍တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ မြို့မိ၊ မြို့ဖများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအား ယနေ့ နေ့လည်ပိုင်းတွင် ထားဝယ်လေဆိပ်၌ တွေ့ဆုံကာ (COVID-19) ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း အထောက်အကူပြုပစ္စည်းများအား ပေးအပ်လှူဒါန်းသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် စောသန်းလှိုင်နှင့်အဖွဲ့ဝင်များ၊ ထားဝယ်မြို့ လောကမာရဇိန်ဘုရားကြီးမှ ဂေါပကအဖွဲ့ဝင်များ၊ မြို့မိ၊ မြို့ဖများ၊ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ ထားဝယ် တက္ကသိုလ်၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ရေအရင်းအမြစ်နှင့် ဆည်မြောင်းဦးစီး ဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က (COVID-19) ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူ ဒါန်းရခြင်းနှင့် ပတ်သက်၍ ပြောကြားရာ၌ ကမ္ဘာ့ကပ်ရောဂါ (COVID-19) သည် မြန်မာနိုင်ငံ၌ မတ်လ ၂၃ ရက်နေ့တွင် စတင်ဖြစ်ပွားခဲ့ပြီး ယခုအချိန်အထိ ကမ္ဘာ့နိုင်ငံ အသီးသီးတွင် ရောဂါကူးစက်ခြင်းခံရသူ ၄ သန်း ၄ သိန်းကျော်၊ သေဆုံးသူ ၂ သိန်း ၉ သောင်းကျော်၊ ပြန်လည်သက်သာလာသူ ၁ သန်း ၆ သိန်းကျော် ရှိပြီဖြစ်ပြီး ရောဂါကို ထိန်းချုပ်နိုင်ခြင်း မရှိသေးကြောင်း၊ သို့ဖြစ်၍ ဒေသအလိုက် အသိစိတ်ဓာတ်ရှိရှိဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အစိုးရနှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများက တိုက်တွန်း၍ မဟုတ်ဘဲ တစ်ဦးချင်း မိမိအသိစိတ်ဖြင့် ဆောင်ရွက်ခြင်းသည်သာလျင် အကောင်းဆုံး ဖြစ်ကြောင်း၊ ထုတ်ပြန်ချက်များအတိုင်းလိုက်နာရန်လိုအပ်ပြီး မလိုက်နာခြင်းအားဖြင့် မလိုလားအပ်သော ကိစ္စရပ်များဖြစ်ပေါ်စေနိုင်ကာ အုပ်ချုပ်မှုလုပ်ငန်းများကို ထိခိုက် စေနိုင်သောကြောင့် တားမြစ်ထားသည့်အတိုင်းသာ လိုက်နာဆောင်ရွက်ကြစေလိုကြောင်း၊ ကျန်းမာရေးနှင့် ပတ်သက်၍ တင်းကြပ်သည်ဟု မခံယူကြစေလိုဘဲ ဖြစ်လာပါက မိမိကိုယ်တိုင်သာမက ပတ်ဝန်းကျင်ကိုပါ ထိခိုက်စေနိုင်မည်ဖြစ်ကြောင်း။

ကျန်းမာမှ အလုပ်လုပ်နိုင်မည်၊ ကျန်းမာမှ ပညာသင်ကြားနိုင်မည် ဖြစ်သဖြင့် မိမိ ကျန်းမာရေးကို မိမိကိုယ်တိုင် ဂရုစိုက်နေထိုင်ရမည်ဖြစ်ကြောင်း၊ မိမိကျန်းမာရေးကို ထိခိုက်စေနိုင်သည့် အရက်၊ ဆေးလိပ် သုံးစွဲခြင်းများကို ရှောင်ကြဉ်ကြစေလိုကြောင်း၊ ထားဝယ်ဒေသမှ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများပေါ်ထွန်းခဲ့သည့် အစဉ်အလာရှိ သဖြင့် အားကစားကို အားပေးကြစေလိုကြောင်း၊ ယခု (COVID-19) ရောဂါသည် သက်ကြီးရွယ်အိုများ၊ ကိုယ်ခံအားနည်းသူများ၊ ကျန်းမာရေး မကောင်းသူများတွင် ကူးစက်မှု ပိုမိုများပြား အဖြစ်များသည်ကို တွေ့ရှိရသဖြင့် အာဟာရ ပြည့်ဝစွာစားသုံးကြရမည်ဖြစ် ကြောင်း၊ တပ်မတော်မှလည်း တိုင်းစစ်ဌာနချုပ်နယ်မြေ အသီးသီးရှိ ပြည်သူ့ဆေးရုံများတွင် တက်ရောက်ဆေးကုသမှုခံယူနေသူများနှင့် ကျန်းမာရေးဝန်ထမ်းများကို အာဟာရ ဖြည့်စွက်စာများ သွားရောက်လှူဒါန်းလျက်ရှိကြောင်း။

ထို့ပြင် ဒေသဖွံ့ဖြိုးရေးအတွက် ဒေသတွင်းအခြေခံထွက်ကုန်များ ရရှိရေး၊ ဆန် ဖူလုံရေး စဉ်းစားဆောင်ရွက်ကြရမည်ဖြစ်ပြီး ဒေသတွင်း ဝင်ငွေရအောင်ဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း၊ အလုပ်အကိုင်မရှိပါက ဝင်ငွေရှိမည်မဟုတ်သည့်အတွက် အိမ်တွင်း လက်မှုလုပ်ငန်းများကို ကြိုးစားလုပ်ကိုင်ကြစေလိုကြောင်း၊ ရေနှင့် လျှပ်စစ်မရှိပါက ဒေသ ဖွံ့ဖြိုးရေးကို နှောင့်နှေးစေနိုင်မည်ဖြစ်ကြောင်း၊ မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသ ခံပြည်သူလူထုများ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဒေသတွင်း သာယာလှပ ရေးလုပ်ငန်းများတွင် ပြည်သူလူထုမပါဝင်ဘဲ မည်သည့်နေရာမှ အောင်မြင်စွာလုပ်ဆောင် နိုင်မည်မဟုတ်သည့်အတွက် ကျန်းမာရေးကို အထောက်အကူပြုသည့် မြို့သာယာလှပရေး လုပ်ငန်းများကို ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ကိုလည်း လိုက်နာကြရမည်ဖြစ်ကြောင်း။

မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသကိုအကျိုးပြုနိုင်မည့် မျိုးဆက်သစ် လူငယ်များ အသိပညာရှင်၊ အတတ်ပညာရှင်များ ပေါ်ထွက်လာရေးမွေးထုတ်ပေးနိုင်ရ မည်ဖြစ်ပြီး ဒေသတွင်း၌ နေထိုင်အကျိုးပြုစေရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ပုံမှန်အားဖြင့်ဆိုပါက ဇွန်လတွင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရမည်ဖြစ်သော်လည်း (COVID-19) ရောဂါကူးစက်မှုအခြေအနေများနှင့် အကြောင်းအမျိုးမျိုးကြောင့် ပြန် လည်ဖွင့်လှစ်ရန် အခက်အခဲများရှိနိုင်မည်ဆိုပါက ဒေသတွင်းဆရာ၊ ဆရာမများဖြင့် အကျိုးရှိစေမည့် ယဉ်ကျေးလိမ္မာသင်တန်းများဖွင့်လှစ်သင်ကြားပေးနိုင်မည်ဖြစ်ကြောင်း၊ တက္ကသိုလ်မှ ဆရာ၊ ဆရာမများအနေဖြင့် ကျောင်းပိတ်ထားသော်လည်း ကျောင်းသား၊ ကျောင်းသူများစိတ်ဝင်စားမှုရှိသည့် ဘာသာရပ်များအလိုက် တစ်ဦးချင်း သို့မဟုတ် ငါးဦး၊ ဆယ်ဦးထက်မပိုသောနှုန်းဖြင့် ဆွေးနွေးမှုများ ပြုလုပ်နိုင်ကြောင်း၊ ကျောင်းပိတ်သည့် ကာလကြာရှည်သဖြင့် ကျောင်းသား၊ ကျောင်းသူ ၊ လူငယ်၊ လူရွယ်များ အနေဖြင့် အချိန်ကို အလာဟသ မကုန်ဆုံးရအောင် မိဘများက စာပေလေ့လာစေရန်၊ ယခင်နှစ် သင်ကြား ခဲ့သော သင်ခန်းစာများကို ပြန်လည်လေ့လာစေရန် တိုက်တွန်းကြစေလိုကြောင်း၊ ပညာရေး၊ ကျန်းမာရေးနှင့် ပတ်သက်ပါက သက်ဆိုင်ရာတိုင်းမှူးနှင့် တာဝန်ရှိသူများဖြင့် တိုင်ပင်ပြော ကြားစေလိုပြီး တပ်မတော်မှ တတ်အားသရွေ့ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း။

(COVID-19) ရောဂါကူးစက်မှုအခြေအနေများနှင့်ပတ်သက်၍ နိုင်ငံတော် ထုတ်ပြန်ထားသည့် စည်းကမ်းများကို အတိအကျလိုက်နာကြရမည်ဖြစ်ကြောင်း၊ လက်ဆေးခြင်း၊ Mask တပ်ခြင်းများသည့် ရောဂါကူးစက်မှုကို အထိုက်အလျောက် ကာကွယ်နိုင်မည်ဖြစ်သဖြင့် မြို့မိမြို့ဖများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများက စည်းကမ်းတကျ လိုက်နာမှုရှိစေရေးတိုက်တွန်းကြရမည်ဖြစ်ကြောင်းဖြင့် အကြံပြုပြောကြားသည်။

ထို့နောက် မြို့မိမြို့ဖများနှင့် တက်ရောက်လာကြသူများ၏ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ များအား ဆွေးနွေးတင်ပြမှုအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြန်လည် အကြံပြု ဆွေးနွေးပြောကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြို့ပြည်သူလူထုအတွက် (COVID-19) ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း အထောက်အကူပြုပစ္စည်းများ ဖြစ်သည့် Surgical Masks ၂၀၀၀၀ ခု၊ Surgical Gloves ၃၀၀၀ စုံ၊N 95 Mask ၅၀၀ ခု၊Non-Contact Thermometer ၅၀ ခု၊ Hand Gel(500 ml) ၁၅၀ ဘူး၊ Hand Santizer(500 ml) ၁၅၀ ဘူး၊ Bleaching Powder ၂ ပုံး၊ တပ်မတော်စက်ရုံမှ ထုတ်လုပ်သည့် Masks ၅၀၀၀ ခုနှင့် စားသောက်ဖွယ်ရာများအား ထောက်ပံ့ပေးအပ်ရာ မြို့မိမြို့ဖများက လက်ခံရယူခဲ့ကြသည်။

ထို့နောက် ထားဝယ်မြို့ပြည်သူ့ဆေးရုံကြီးအတွက် Surgical Masks ၁၀၀၀၀ ခု၊ Personal Protective Equipment (PPE) ဝတ်စုံ ၅၀၀ စုံ၊ Surgical Gloves ၂၀၀၀ စုံ၊ N 95 Mask ၃၀၀ ခု၊ Examination Gloves ၃၀၀ စုံ၊ Hand Gel(500 ml)) ၁၀၀ ဘူး၊ Hand Santizer (500 ml) ၁၀၀ ဘူး၊ Bleaching Powder ၁ ပုံး၊ Pulse Oxymeter(Finger Tip) ၃ ဘူး၊ တပ်မတော်စက်ရုံမှ ထုတ်လုပ်သည့် Masks ၅၀၀၀ ခုနှင့် စားသောက်ဖွယ်ရာများအားပေးအပ်လှူဒါန်းရာ ထားဝယ်မြို့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာ ထွန်းမင်းနှင့် ပြည်သူ့ဆေးရုံ၊ ဆေးရုံအုပ်ကြီး ဒေါက်တာ မျိုးမင်း တို့က လက်ခံရယူကြသည်။

နေ့လည်ပိုင်းတွင်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ထားဝယ်မြို့ ရွှေဝယ်သီရိ ပညာ့ဗိမာန်စာကြည့်တိုက်သို့ရောက်ရှိကြရာ ဥက္ကဌ ဦးဘမြင့် နှင့် ကော်မတီအဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် E-Library ၊ စာဖတ်ခန်းနှင့် သုတရသစာအုပ်များထားရှိမှုကို လိုက်လံကြည့်ရှုကြပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က စာကြည့်တိုက်ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် “ပညာရည် နှင့် အသိဉာဏ်ဖွံ့ဖြိုးတိုးတက်သော လူငယ်လူရွယ်များဖြင့်ဒေသနှင့် နိုင်ငံအကျိုး ဆောင်ရွက် နိုင်ပါစေ”ကြောင်းဖြင့် ရေးသားလက်မှတ်ထိုးခဲ့ပြီး စာကြည့်တိုက်အတွက် သုတ၊ ရသ စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းခဲ့သည်။

ထို့နောက် တနင်္သာရီတိုင်းဒေသကြီး ကျက်သရေဆောင် ထားဝယ်မြို့၊ လောက မာရဇိန်ရုပ်ပွားတော်မြတ်ကြီးနှင့် ရွှေတောင်စားစေတီတော်မြတ်ကြီး သို့သွားရောက်၍ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ကာ လက်ယာရစ်လှည့်လည် ဖူးမြော်ကြည်ညိုကြပြီး ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင်လက်မှတ်ရေးထိုးသည်။ ၎င်းနောက် ဘက်စုံအလှူငွေ များ ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့ဝင်များက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။ ယင်းနောက် စေတီတော်ဝန်းအတွင်းရှိ ရှေးဟောင်းသမိုင်းဝင် ရဟန္တာသိမ်တော်ကြီး အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ခြင်း၊ မဟာဝိဇယ ခေမသီတလ နိဗ္ဗုတဃောသ မဟာခေါင်းလောင်းတော်ကြီးအား ခေါင်းလောင်းထိုး၍ ပူဇော်ရာ ဂေါပကဦးစီး ဦးထွန်းကြည်နှင့် အဖွဲ့ဝင်များက လိုက်လံရှင်းလင်းပြသကြသည်။

ထို့ပြင် ယနေ့ နံနက်ပိုင်းတွင်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင် များသည် ဟိန်းဇဲမြို့နယ်ရှိ မောရဝတီရေတပ်စခန်းဌာနချုပ်သို့ သွားရောက် စစ်ဆေးခဲ့ရာ ဌာနချုပ်မှူး ဗိုလ်မှူးချုပ် နိုင်မင်းကျော်နှင့် တာဝန်ရှိသူများက အစည်းအဝေးခန်းမ၌ တပ် တည်ဆောက်ရေးလုပ်ငန်းကြီး ၄ ရပ် ဆောင်ရွက်နေမှုအခြေအနေများ၊ ရေပိုင်နက် လုံခြုံရေးဆောင်ရွက်နေမှု အခြေအနေများနှင့် ဟိန်းဇဲဒေသအတွင်း ( COVID-19) ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကမ်းရိုးတန်း ဒေသများတွင် ရေတိုက်စားမှုများကိုကာကွယ်ရန်အတွက် လမုပင် ( Manrove) နှင့် အုန်းပင် များကို အတန်းလိုက်စိုက်ပျိုး၍ ကာကွယ်ရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို မှာကြားကာ ဟိန်းဇဲနယ်မြေအတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည် ကြည့်ရှုခဲ့ကြသည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္  ထားဝယ္ၿမိဳ႕ရွိ ၿမိဳ႕မိ၊ ၿမိဳ႕ဖမ်ားအား သြားေရာက္ေတြ႕ဆုံ၊ ၿမိဳ႕ေနလူထုႏွင့္ ျပည္သူ႔ေဆး႐ုံႀကီးအတြက္ COVID-19 ေရာဂါ ထိန္းခ်ဳပ္ကာကြယ္ေရးဆိုင္ရာ အေထာက္အကူျပဳပစၥည္းမ်ား ေထာက္ပံ့ေပးအပ္

ေနျပည္ေတာ္၊ ေမ – ၁၄

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊  ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ကမ္း႐ိုးတန္းေဒသတိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉး ဗိုလ္မႉးခ်ဳပ္ ေစာသန္းလႈိင္ႏွင့္ အဖြဲ႕ဝင္မ်ား လိုက္ပါ၍တနသၤာရီတိုင္းေဒသႀကီး၊ ထားဝယ္ၿမိဳ႕ရွိ ၿမိဳ႕မိ၊ ၿမိဳ႕ဖမ်ားႏွင့္ ဌာနဆိုင္ရာ တာဝန္ရွိသူမ်ားအား ယေန႔ ေန႔လည္ပိုင္းတြင္ ထားဝယ္ေလဆိပ္၌ ေတြ႕ဆုံကာ (COVID-19) ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ကုသေရးလုပ္ငန္း အေထာက္အကူျပဳပစၥည္းမ်ားအား ေပးအပ္လႉဒါန္းသည္။

အဆိုပါေတြ႕ဆုံပြဲသို႔ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ)ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊  ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး (ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ကမ္း႐ိုးတန္းေဒသတိုင္း စစ္ဌာနခ်ဳပ္တိုင္းမႉး ဗိုလ္မႉးခ်ဳပ္ ေစာသန္းလႈိင္ႏွင့္အဖြဲ႕ဝင္မ်ား၊ ထားဝယ္ၿမိဳ႕ ေလာကမာရဇိန္ဘုရားႀကီးမွ ေဂါပကအဖြဲ႕ဝင္မ်ား၊ ၿမိဳ႕မိ၊ ၿမိဳ႕ဖမ်ား၊ က်န္းမာေရးႏွင့္ ကုသေရးဦးစီးဌာန၊ ထားဝယ္ တကၠသိုလ္၊ အားကစားႏွင့္ ကာယပညာဦးစီးဌာန၊ ေရအရင္းအျမစ္ႏွင့္ ဆည္ေျမာင္းဦးစီး ဌာနတို႔မွ တာဝန္ရွိသူမ်ား တက္ေရာက္ၾကသည္။

ထိုသို႔ ေတြ႕ဆုံရာတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က (COVID-19) ေရာဂါကာကြယ္ထိန္းခ်ဳပ္ကုသေရးလုပ္ငန္း အေထာက္အကူျပဳပစၥည္းမ်ား ေပးအပ္လႉ ဒါန္းရျခင္းႏွင့္ ပတ္သက္၍ ေျပာၾကားရာ၌ ကမာၻ႔ကပ္ေရာဂါ (COVID-19) သည္ ျမန္မာႏိုင္ငံ၌ မတ္လ ၂၃ ရက္ေန႔တြင္ စတင္ျဖစ္ပြားခဲ့ၿပီး ယခုအခ်ိန္အထိ ကမာၻ႔ႏိုင္ငံ အသီးသီးတြင္ ေရာဂါကူးစက္ျခင္းခံရသူ ၄ သန္း ၄ သိန္းေက်ာ္၊ ေသဆုံးသူ ၂ သိန္း ၉ ေသာင္းေက်ာ္၊ ျပန္လည္သက္သာလာသူ ၁ သန္း ၆ သိန္းေက်ာ္ ရွိၿပီျဖစ္ၿပီး ေရာဂါကို ထိန္းခ်ဳပ္ႏိုင္ျခင္း မရွိေသးေၾကာင္း၊ သို႔ျဖစ္၍ ေဒသအလိုက္ အသိစိတ္ဓာတ္ရွိရွိျဖင့္ ေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း၊ အစိုးရႏွင့္ အုပ္ခ်ဳပ္ေရးအဖြဲ႕အစည္းမ်ားက တိုက္တြန္း၍ မဟုတ္ဘဲ တစ္ဦးခ်င္း မိမိအသိစိတ္ျဖင့္ ေဆာင္႐ြက္ျခင္းသည္သာလ်င္ အေကာင္းဆုံး ျဖစ္ေၾကာင္း၊ ထုတ္ျပန္ခ်က္မ်ားအတိုင္းလိုက္နာရန္လိုအပ္ၿပီး မလိုက္နာျခင္းအားျဖင့္ မလိုလားအပ္ေသာ ကိစၥရပ္မ်ားျဖစ္ေပၚေစႏိုင္ကာ အုပ္ခ်ဳပ္မႈလုပ္ငန္းမ်ားကို ထိခိုက္ ေစႏိုင္ေသာေၾကာင့္ တားျမစ္ထားသည့္အတိုင္းသာ လိုက္နာေဆာင္႐ြက္ၾကေစလိုေၾကာင္း၊ က်န္းမာေရးႏွင့္ ပတ္သက္၍ တင္းၾကပ္သည္ဟု မခံယူၾကေစလိုဘဲ ျဖစ္လာပါက မိမိကိုယ္တိုင္သာမက ပတ္ဝန္းက်င္ကိုပါ ထိခိုက္ေစႏိုင္မည္ျဖစ္ေၾကာင္း။

က်န္းမာမွ အလုပ္လုပ္ႏိုင္မည္၊ က်န္းမာမွ ပညာသင္ၾကားႏိုင္မည္ ျဖစ္သျဖင့္ မိမိ က်န္းမာေရးကို မိမိကိုယ္တိုင္ ဂ႐ုစိုက္ေနထိုင္ရမည္ျဖစ္ေၾကာင္း၊ မိမိက်န္းမာေရးကို ထိခိုက္ေစႏိုင္သည့္ အရက္၊ ေဆးလိပ္ သုံးစြဲျခင္းမ်ားကို ေရွာင္ၾကဥ္ၾကေစလိုေၾကာင္း၊  ထားဝယ္ေဒသမွ ႏိုင္ငံ့ဂုဏ္ေဆာင္ အားကစားသမားမ်ားေပၚထြန္းခဲ့သည့္ အစဥ္အလာရွိ သျဖင့္ အားကစားကို အားေပးၾကေစလိုေၾကာင္း၊ ယခု (COVID-19) ေရာဂါသည္ သက္ႀကီး႐ြယ္အိုမ်ား၊ ကိုယ္ခံအားနည္းသူမ်ား၊ က်န္းမာေရး မေကာင္းသူမ်ားတြင္ ကူးစက္မႈ ပိုမိုမ်ားျပား အျဖစ္မ်ားသည္ကို ေတြ႕ရွိရသျဖင့္ အာဟာရ ျပည့္ဝစြာစားသုံးၾကရမည္ျဖစ္ ေၾကာင္း၊ တပ္မေတာ္မွလည္း တိုင္းစစ္ဌာနခ်ဳပ္နယ္ေျမ အသီးသီးရွိ ျပည္သူ႔ေဆး႐ုံမ်ားတြင္ တက္ေရာက္ေဆးကုသမႈခံယူေနသူမ်ားႏွင့္ က်န္းမာေရးဝန္ထမ္းမ်ားကို အာဟာရ ျဖည့္စြက္စာမ်ား သြားေရာက္လႉဒါန္းလ်က္ရွိေၾကာင္း။

ထို႔ျပင္ ေဒသဖြံ႕ၿဖိဳးေရးအတြက္ ေဒသတြင္းအေျခခံထြက္ကုန္မ်ား ရရွိေရး၊ ဆန္ ဖူလုံေရး စဥ္းစားေဆာင္႐ြက္ၾကရမည္ျဖစ္ၿပီး ေဒသတြင္း ဝင္ေငြရေအာင္ေဆာင္႐ြက္ၾက ရမည္ျဖစ္ေၾကာင္း၊ အလုပ္အကိုင္မရွိပါက ဝင္ေငြရွိမည္မဟုတ္သည့္အတြက္ အိမ္တြင္း လက္မႈလုပ္ငန္းမ်ားကို ႀကိဳးစားလုပ္ကိုင္ၾကေစလိုေၾကာင္း၊ ေရႏွင့္ လွ်ပ္စစ္မရွိပါက ေဒသ ဖြံ႕ၿဖိဳးေရးကို ေႏွာင့္ေႏွးေစႏိုင္မည္ျဖစ္ေၾကာင္း၊ မိမိေဒသဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ေဒသ ခံျပည္သူလူထုမ်ား ပူးေပါင္းေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း၊ ေဒသတြင္း သာယာလွပ ေရးလုပ္ငန္းမ်ားတြင္ ျပည္သူလူထုမပါဝင္ဘဲ မည္သည့္ေနရာမွ ေအာင္ျမင္စြာလုပ္ေဆာင္ ႏိုင္မည္မဟုတ္သည့္အတြက္ က်န္းမာေရးကို အေထာက္အကူျပဳသည့္ ၿမိဳ႕သာယာလွပေရး လုပ္ငန္းမ်ားကို ဝိုင္းဝန္းေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း၊ ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္း ကိုလည္း လိုက္နာၾကရမည္ျဖစ္ေၾကာင္း။

မိမိေဒသဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ေဒသကိုအက်ိဳးျပဳႏိုင္မည့္ မ်ိဳးဆက္သစ္ လူငယ္မ်ား အသိပညာရွင္၊ အတတ္ပညာရွင္မ်ား ေပၚထြက္လာေရးေမြးထုတ္ေပးႏိုင္ရ မည္ျဖစ္ၿပီး ေဒသတြင္း၌ ေနထိုင္အက်ိဳးျပဳေစေရး ေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း၊ ပုံမွန္အားျဖင့္ဆိုပါက ဇြန္လတြင္ေက်ာင္းမ်ား ျပန္လည္ဖြင့္လွစ္ရမည္ျဖစ္ေသာ္လည္း (COVID-19) ေရာဂါကူးစက္မႈအေျခအေနမ်ားႏွင့္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ျပန္ လည္ဖြင့္လွစ္ရန္ အခက္အခဲမ်ားရွိႏိုင္မည္ဆိုပါက ေဒသတြင္းဆရာ၊ ဆရာမမ်ားျဖင့္  အက်ိဳးရွိေစမည့္ ယဥ္ေက်းလိမၼာသင္တန္းမ်ားဖြင့္လွစ္သင္ၾကားေပးႏိုင္မည္ျဖစ္ေၾကာင္း၊ တကၠသိုလ္မွ ဆရာ၊ ဆရာမမ်ားအေနျဖင့္ ေက်ာင္းပိတ္ထားေသာ္လည္း ေက်ာင္းသား၊ ေက်ာင္းသူမ်ားစိတ္ဝင္စားမႈရွိသည့္ ဘာသာရပ္မ်ားအလိုက္ တစ္ဦးခ်င္း သို႔မဟုတ္ ငါးဦး၊ ဆယ္ဦးထက္မပိုေသာႏႈန္းျဖင့္ ေဆြးေႏြးမႈမ်ား ျပဳလုပ္ႏိုင္ေၾကာင္း၊ ေက်ာင္းပိတ္သည့္ ကာလၾကာရွည္သျဖင့္ ေက်ာင္းသား၊ ေက်ာင္းသူ ၊ လူငယ္၊ လူ႐ြယ္မ်ား အေနျဖင့္ အခ်ိန္ကို အလာဟသ မကုန္ဆုံးရေအာင္ မိဘမ်ားက စာေပေလ့လာေစရန္၊ ယခင္ႏွစ္ သင္ၾကား ခဲ့ေသာ သင္ခန္းစာမ်ားကို ျပန္လည္ေလ့လာေစရန္ တိုက္တြန္းၾကေစလိုေၾကာင္း၊ ပညာေရး၊ က်န္းမာေရးႏွင့္ ပတ္သက္ပါက သက္ဆိုင္ရာတိုင္းမႉးႏွင့္ တာဝန္ရွိသူမ်ားျဖင့္ တိုင္ပင္ေျပာ ၾကားေစလိုၿပီး တပ္မေတာ္မွ တတ္အားသေ႐ြ႕ကူညီေဆာင္႐ြက္ေပးမည္ျဖစ္ေၾကာင္း။

(COVID-19) ေရာဂါကူးစက္မႈအေျခအေနမ်ားႏွင့္ပတ္သက္၍ ႏိုင္ငံေတာ္ ထုတ္ျပန္ထားသည့္ စည္းကမ္းမ်ားကို အတိအက်လိုက္နာၾကရမည္ျဖစ္ေၾကာင္း၊ လက္ေဆးျခင္း၊ Mask တပ္ျခင္းမ်ားသည့္ ေရာဂါကူးစက္မႈကို အထိုက္အေလ်ာက္ ကာကြယ္ႏိုင္မည္ျဖစ္သျဖင့္ ၿမိဳ႕မိၿမိဳ႕ဖမ်ား၊ အုပ္ခ်ဳပ္ေရးအဖြဲ႕အစည္းမ်ားက စည္းကမ္းတက် လိုက္နာမႈရွိေစေရးတိုက္တြန္းၾကရမည္ျဖစ္ေၾကာင္းျဖင့္ အႀကံျပဳေျပာၾကားသည္။

ထို႔ေနာက္ ၿမိဳ႕မိၿမိဳ႕ဖမ်ားႏွင့္ တက္ေရာက္လာၾကသူမ်ား၏ ေဒသဖြံ႕ၿဖိဳးေရးဆိုင္ရာ မ်ားအား ေဆြးေႏြးတင္ျပမႈအေပၚ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ျပန္လည္ အႀကံျပဳ ေဆြးေႏြးေျပာၾကားၿပီး လိုအပ္သည္မ်ား ေပါင္းစပ္ညႇိႏႈိင္းေဆာင္႐ြက္ေပးသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ၿမိဳ႕ျပည္သူလူထုအတြက္  (COVID-19) ေရာဂါကာကြယ္ထိန္းခ်ဳပ္ကုသေရးလုပ္ငန္း အေထာက္အကူျပဳပစၥည္းမ်ား ျဖစ္သည့္ Surgical Masks  ၂၀၀၀၀ ခု၊ Surgical Gloves  ၃၀၀၀ စုံ၊N 95 Mask ၅၀၀ ခု၊Non-Contact Thermometer  ၅၀ ခု၊ Hand Gel(500 ml) ၁၅၀ ဘူး၊ Hand Santizer(500 ml)   ၁၅၀ ဘူး၊ Bleaching Powder ၂ ပုံး၊ တပ္မေတာ္စက္႐ုံမွ ထုတ္လုပ္သည့္  Masks  ၅၀၀၀ ခုႏွင့္ စားေသာက္ဖြယ္ရာမ်ားအား ေထာက္ပံ့ေပးအပ္ရာ ၿမိဳ႕မိၿမိဳ႕ဖမ်ားက လက္ခံရယူခဲ့ၾကသည္။

ထို႔ေနာက္ ထားဝယ္ၿမိဳ႕ျပည္သူ႔ေဆး႐ုံႀကီးအတြက္ Surgical Masks ၁၀၀၀၀ ခု၊ Personal Protective Equipment (PPE) ဝတ္စုံ ၅၀၀ စုံ၊ Surgical Gloves ၂၀၀၀ စုံ၊ N 95 Mask  ၃၀၀ ခု၊ Examination Gloves ၃၀၀ စုံ၊ Hand Gel(500 ml)) ၁၀၀ ဘူး၊ Hand Santizer (500 ml)  ၁၀၀ ဘူး၊ Bleaching Powder ၁ ပုံး၊ Pulse Oxymeter(Finger Tip)  ၃ ဘူး၊ တပ္မေတာ္စက္႐ုံမွ ထုတ္လုပ္သည့္ Masks ၅၀၀၀ ခုႏွင့္ စားေသာက္ဖြယ္ရာမ်ားအားေပးအပ္လႉဒါန္းရာ ထားဝယ္ၿမိဳ႕က်န္းမာေရးႏွင့္ ကုသေရးဦးစီးဌာနမွ ေဒါက္တာ ထြန္းမင္းႏွင့္ ျပည္သူ႔ေဆး႐ုံ၊ ေဆး႐ုံအုပ္ႀကီး ေဒါက္တာ မ်ိဳးမင္း တို႔က လက္ခံရယူၾကသည္။

ေန႔လည္ပိုင္းတြင္လည္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕ဝင္မ်ားသည္ ထားဝယ္ၿမိဳ႕ ေ႐ႊဝယ္သီရိ ပညာ့ဗိမာန္စာၾကည့္တိုက္သို႔ေရာက္ရွိၾကရာ ဥကၠဌ ဦးဘျမင့္ ႏွင့္ ေကာ္မတီအဖြဲ႕ဝင္မ်ားက ႀကိဳဆိုႏႈတ္ဆက္ၾကသည္။ ယင္းေနာက္ E-Library ၊ စာဖတ္ခန္းႏွင့္ သုတရသစာအုပ္မ်ားထားရွိမႈကို လိုက္လံၾကည့္ရႈၾကၿပီး တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္က စာၾကည့္တိုက္ဧည့္သည္ေတာ္မွတ္တမ္းစာအုပ္တြင္ “ပညာရည္ ႏွင့္ အသိဉာဏ္ဖြံ႕ၿဖိဳးတိုးတက္ေသာ လူငယ္လူ႐ြယ္မ်ားျဖင့္ေဒသႏွင့္ ႏိုင္ငံအက်ိဳး ေဆာင္႐ြက္ ႏိုင္ပါေစ”ေၾကာင္းျဖင့္ ေရးသားလက္မွတ္ထိုးခဲ့ၿပီး စာၾကည့္တိုက္အတြက္ သုတ၊ ရသ စာအုပ္စာေစာင္မ်ား ေပးအပ္လႉဒါန္းခဲ့သည္။

ထို႔ေနာက္ တနသၤာရီတိုင္းေဒသႀကီး က်က္သေရေဆာင္ ထားဝယ္ၿမိဳ႕၊ ေလာက မာရဇိန္႐ုပ္ပြားေတာ္ျမတ္ႀကီးႏွင့္ ေ႐ႊေတာင္စားေစတီေတာ္ျမတ္ႀကီး သို႔သြားေရာက္၍ ပန္း၊ ေရခ်မ္း၊ ဆီမီးမ်ား ကပ္လႉပူေဇာ္ကာ လက္ယာရစ္လွည့္လည္ ဖူးေျမာ္ၾကည္ညိဳၾကၿပီး ဧည့္သည္ေတာ္မွတ္တမ္းစာအုပ္တြင္လက္မွတ္ေရးထိုးသည္။ ၎ေနာက္ ဘက္စုံအလႉေငြ မ်ား ေပးအပ္လႉဒါန္းရာ ေဂါပကအဖြဲ႕ဝင္မ်ားက လက္ခံရယူၿပီး ဂုဏ္ျပဳမွတ္တမ္းလႊာ ျပန္လည္ေပးအပ္သည္။ ယင္းေနာက္ ေစတီေတာ္ဝန္းအတြင္းရွိ ေရွးေဟာင္းသမိုင္းဝင္ ရဟႏၲာသိမ္ေတာ္ႀကီး အတြင္းရွိ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီးအား ဖူးေျမာ္ျခင္း၊ မဟာဝိဇယ ေခမသီတလ နိဗၺဳတေဃာသ မဟာေခါင္းေလာင္းေတာ္ႀကီးအား ေခါင္းေလာင္းထိုး၍ ပူေဇာ္ရာ ေဂါပကဦးစီး ဦးထြန္းၾကည္ႏွင့္ အဖြဲ႕ဝင္မ်ားက လိုက္လံရွင္းလင္းျပသၾကသည္။

ထို႔ျပင္ ယေန႔ နံနက္ပိုင္းတြင္လည္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္ မ်ားသည္ ဟိန္းဇဲၿမိဳ႕နယ္ရွိ ေမာရဝတီေရတပ္စခန္းဌာနခ်ဳပ္သို႔ သြားေရာက္ စစ္ေဆးခဲ့ရာ ဌာနခ်ဳပ္မႉး ဗိုလ္မႉးခ်ဳပ္ ႏိုင္မင္းေက်ာ္ႏွင့္ တာဝန္ရွိသူမ်ားက အစည္းအေဝးခန္းမ၌ တပ္ တည္ေဆာက္ေရးလုပ္ငန္းႀကီး ၄ ရပ္ ေဆာင္႐ြက္ေနမႈအေျခအေနမ်ား၊ ေရပိုင္နက္ လုံၿခဳံေရးေဆာင္႐ြက္ေနမႈ အေျခအေနမ်ားႏွင့္ ဟိန္းဇဲေဒသအတြင္း  ( COVID-19) ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ကုသေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ထားရွိမႈမ်ားအား  ရွင္းလင္းတင္ျပသည္။

ရွင္းလင္းတင္ျပမႈမ်ားအေပၚ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ကမ္း႐ိုးတန္း ေဒသမ်ားတြင္ ေရတိုက္စားမႈမ်ားကိုကာကြယ္ရန္အတြက္ လမုပင္ ( Manrove) ႏွင့္ အုန္းပင္ မ်ားကို အတန္းလိုက္စိုက္ပ်ိဳး၍ ကာကြယ္ရန္လိုေၾကာင္းႏွင့္ အျခားလိုအပ္သည္မ်ားကို မွာၾကားကာ ဟိန္းဇဲနယ္ေျမအတြင္း ေမာ္ေတာ္ယာဥ္မ်ားျဖင့္ လွည့္လည္ ၾကည့္ရႈခဲ့ၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။