တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော် အသည်းရောဂါအထူးကုဆေးရုံကြီးနှင့် မင်္ဂလာဒုံတပ်မတော်ဆေးရုံကြီးတို့သို့ သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ အောက်တိုဘာ ၁၀

အသည်းနှင့်ပတ်သက်သည့် ရောဂါများဖြစ်ပွားမှုနှင့် ရောဂါဝေဒနာရှင်များအား ဆေးဝါးကုသမှုများအပေါ် စနစ်တကျ သုတေသနပြုလေ့လာခြင်းဖြင့် တပ်မတော်သားများ၊ မိသားစုဝင်များအတွက်သာမက နိုင်ငံသူနိုင်ငံသားများအတွက်ပါ အသည်းရောဂါကုသမှုအတွက် များစွာအကျိုးရှိနိုင်ကြောင်း၊ အသည်းရောဂါများနှင့်ပတ်သက်၍ အထူးအားထားရသည့် ဆေးရုံတစ်ခုအဖြစ် ဝိုင်းဝန်းကြိုးစား အားထုတ်လုပ်ဆောင်သွားရမည်ဖြစ် ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် မင်္ဂလာဒုံတပ်နယ်ရှိ တပ်မတော်အသည်း ရောဂါအထူးကုဆေးရုံကြီးသို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ထည့်သွင်းပြောကြားသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်မတော်အသည်း ရောဂါအထူးကုဆေးရုံကြီးသို့ ရောက်ရှိကြရာ တပ်မှူးရုံးခန်း၌ တပ်မှူးက ဆေးရုံ၏ ပါရဂူ၊ ဆရာဝန်၊ သူနာပြုနှင့် စစ်သည်ဝန်ထမ်းများ ဖွဲ့စည်းထားရှိမှု၊ အသည်းရောင်(ဘီ)ရောဂါ၊ အသည်းရောင်(စီ)ရောဂါ၊ အသည်းနှင့်ပတ်သက်သည့် ကင်ဆာရောဂါများ၊ HIV ရောဂါများအား ထိရောက်စွာ ကုသပေးနိုင်မှုအခြေအနေများနှင့် အုပ်ချုပ်မှုဆိုင်ရာများအား ရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြမှုအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အသည်းရောဂါများနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ရေးအတွက် ဆေးစစ်ဆေးမှု၊ ရောဂါဝေဒနာရှင်များအား ဆေးဝါးကုသမှုနှင့်ပတ်သက်၍ လိုအပ်ချက် များအား ဖြည့်ဆည်းပေးပြီး အသည်းရောဂါဆိုင်ရာ ပညာပေးဆောင်းပါးများ၊ သတိပေးချက်များအား ရုပ်မြင်သံကြားနှင့် နေ့စဉ်ထုတ်သတင်းစာများမှ ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်း ဖော်ပြပေးရန်တို့အား မှာကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အထူးကြပ်မတ်ကုသဆောင်၌ ဆေးကုသမှုခံယူလျက်ရှိသည့် စစ်သည်များအား သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှုများ၊ ဆေးဝါးကုသပေးနေမှုများ၊ ကျန်းမာရေးတိုးတက်မှု အခြေအနေများအား ရင်းရင်းနှီးနှီးလိုက်လံမေးမြန်းကာ အားပေးစကားများပြောကြားပြီး လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။

၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်မတော် အသည်းရောဂါအထူးကုဆေးရုံကြီးအတွင်းရှိ အထူးကြပ်မတ်ကုသခန်း၊ ဓာတ်မှန်ဌာန၊ သွေးရောဂါဗေဒဌာန၊ Immunology Section တို့အား လိုက်လံကြည့်ရှုစစ်ဆေးပြီး တင်ပြချက်များအပေါ် လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မင်္ဂလာဒုံ တပ်မတော်ဆေးရုံကြီးသို့ ရောက်ရှိကြပြီး ခွဲစိတ်ကုသဆောင်၌ ရှေ့တန်းစစ်ဆင်ရေး တာဝန်ထမ်းဆောင်ရင်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည့် အရာရှိ၊ စစ်သည်များ၏ ကျန်းမာရေးအခြေအနေများအား တစ်ဦးချင်း ရင်းရင်းနှီးနှီးလိုက်လံမေးမြန်း၍ အားပေးစကားများ ပြောကြားကာ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ တပ္မေတာ္ အသည္းေရာဂါအထူးကုေဆး႐ုံႀကီးႏွင့္ မဂၤလာဒုံတပ္မေတာ္ေဆး႐ုံႀကီးတို႔သို႔ သြားေရာက္ၾကည့္ရႈစစ္ေဆး

ေနျပည္ေတာ္၊ ေအာက္တိုဘာ ၁၀

အသည္းႏွင့္ပတ္သက္သည့္ ေရာဂါမ်ားျဖစ္ပြားမႈႏွင့္ ေရာဂါေဝဒနာရွင္မ်ားအား ေဆးဝါးကုသမႈမ်ားအေပၚ စနစ္တက် သုေတသနျပဳေလ့လာျခင္းျဖင့္ တပ္မေတာ္သားမ်ား၊ မိသားစုဝင္မ်ားအတြက္သာမက ႏိုင္ငံသူႏိုင္ငံသားမ်ားအတြက္ပါ အသည္းေရာဂါကုသမႈအတြက္ မ်ားစြာအက်ိဳးရွိႏိုင္ေၾကာင္း၊ အသည္းေရာဂါမ်ားႏွင့္ပတ္သက္၍ အထူးအားထားရသည့္ ေဆး႐ုံတစ္ခုအျဖစ္ ဝိုင္းဝန္းႀကိဳးစား အားထုတ္လုပ္ေဆာင္သြားရမည္ျဖစ္ ေၾကာင္းျဖင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ အဖြဲ႕ဝင္မ်ားလိုက္ပါ၍ ယေန႔နံနက္ပိုင္းတြင္ မဂၤလာဒုံတပ္နယ္ရွိ တပ္မေတာ္အသည္း ေရာဂါအထူးကုေဆး႐ုံႀကီးသို႔ သြားေရာက္ၾကည့္ရႈစစ္ေဆးစဥ္ ထည့္သြင္းေျပာၾကားသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ တပ္မေတာ္အသည္း ေရာဂါအထူးကုေဆး႐ုံႀကီးသို႔ ေရာက္ရွိၾကရာ တပ္မႉး႐ုံးခန္း၌ တပ္မႉးက ေဆး႐ုံ၏ ပါရဂူ၊ ဆရာဝန္၊ သူနာျပဳႏွင့္ စစ္သည္ဝန္ထမ္းမ်ား ဖြဲ႕စည္းထားရွိမႈ၊ အသည္းေရာင္(ဘီ)ေရာဂါ၊ အသည္းေရာင္(စီ)ေရာဂါ၊ အသည္းႏွင့္ပတ္သက္သည့္ ကင္ဆာေရာဂါမ်ား၊ HIV ေရာဂါမ်ားအား ထိေရာက္စြာ ကုသေပးႏိုင္မႈအေျခအေနမ်ားႏွင့္ အုပ္ခ်ဳပ္မႈဆိုင္ရာမ်ားအား ရွင္းလင္းတင္ျပသည္။ ရွင္းလင္းတင္ျပမႈအေပၚ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အသည္းေရာဂါမ်ားႏွင့္ပတ္သက္၍ ႀကိဳတင္ကာကြယ္ေရးအတြက္ ေဆးစစ္ေဆးမႈ၊ ေရာဂါေဝဒနာရွင္မ်ားအား ေဆးဝါးကုသမႈႏွင့္ပတ္သက္၍ လိုအပ္ခ်က္ မ်ားအား ျဖည့္ဆည္းေပးၿပီး အသည္းေရာဂါဆိုင္ရာ ပညာေပးေဆာင္းပါးမ်ား၊ သတိေပးခ်က္မ်ားအား ႐ုပ္ျမင္သံၾကားႏွင့္ ေန႔စဥ္ထုတ္သတင္းစာမ်ားမွ က်ယ္က်ယ္ျပန႔္ျပန႔္ ထည့္သြင္း ေဖာ္ျပေပးရန္တို႔အား မွာၾကားသည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ အထူးၾကပ္မတ္ကုသေဆာင္၌ ေဆးကုသမႈခံယူလ်က္ရွိသည့္ စစ္သည္မ်ားအား သြားေရာက္ၾကည့္ရႈ၍ တစ္ဦးခ်င္း၏ ေရာဂါျဖစ္ပြားမႈမ်ား၊ ေဆးဝါးကုသေပးေနမႈမ်ား၊ က်န္းမာေရးတိုးတက္မႈ အေျခအေနမ်ားအား ရင္းရင္းႏွီးႏွီးလိုက္လံေမးျမန္းကာ အားေပးစကားမ်ားေျပာၾကားၿပီး လက္ေဆာင္ပစၥည္းမ်ား ေပးအပ္သည္။

၎ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ တပ္မေတာ္ အသည္းေရာဂါအထူးကုေဆး႐ုံႀကီးအတြင္းရွိ အထူးၾကပ္မတ္ကုသခန္း၊ ဓာတ္မွန္ဌာန၊ ေသြးေရာဂါေဗဒဌာန၊ Immunology Section တို႔အား လိုက္လံၾကည့္ရႈစစ္ေဆးၿပီး တင္ျပခ်က္မ်ားအေပၚ လိုအပ္ခ်က္မ်ားအား ျဖည့္ဆည္းေဆာင္႐ြက္ေပးသည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ မဂၤလာဒုံ တပ္မေတာ္ေဆး႐ုံႀကီးသို႔ ေရာက္ရွိၾကၿပီး ခြဲစိတ္ကုသေဆာင္၌ ေရွ႕တန္းစစ္ဆင္ေရး တာဝန္ထမ္းေဆာင္ရင္း ထိခိုက္ဒဏ္ရာရရွိခဲ့ၾကသည့္ အရာရွိ၊ စစ္သည္မ်ား၏ က်န္းမာေရးအေျခအေနမ်ားအား တစ္ဦးခ်င္း ရင္းရင္းႏွီးႏွီးလိုက္လံေမးျမန္း၍ အားေပးစကားမ်ား ေျပာၾကားကာ လက္ေဆာင္ပစၥည္းမ်ား ေပးအပ္ခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။