တစ္ႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္ (NCA) ခ်ဳပ္ဆိုျခင္း(၂)ႏွစ္ျပည့္၊ ႏွစ္ပတ္လည္ အခမ္းအနားတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ ေျပာၾကားသည့္ ႏႈတ္ခြန္းဆက္အမွာစကား

ေနျပည္ေတာ္၊ ေအာက္တိုဘာ ၁၅

ဒီကေန႔ ျပဳလုပ္တဲ့အခမ္းအနားကို ၿငိမ္းခ်မ္းေရးအတြက္ တူညီေသာ ဆႏၵမ်ား၊ ယုံၾကည္မႈမ်ားနဲ႔ တက္ေရာက္လာၾကတဲ့ နိုင္ငံေတာ္မွ တာဝန္ရွိပုဂၢိဳလ္မ်ား၊ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းအသီးသီးမွ ပုဂၢိဳလ္မ်ား၊ ျပည္တြင္းျပည္ပအဖြဲ႕အစည္းမ်ားမွ ဧည့္သည္ေတာ္မ်ားနဲ႔ ျပည္ေထာင္စုဖြား တိုင္းရင္းသား ညီအစ္ကိုေမာင္ႏွမမ်ားအားလုံး ႏွလုံးစိတ္ဝမ္း ေအးခ်မ္းၾကပါေစေၾကာင္း ဦးစြာ ဆုမြန္ေကာင္းေတာင္း ႏႈတ္ခြန္းဆက္အပ္ပါတယ္။ ဒီေန႔ဟာ ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး (Ceasefire)လို႔ အမည္တပ္ထားေပမယ့္ ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး ရည္မွန္းခ်က္ထက္ ပိုမိုက်ယ္ျပန္႔ျမင့္မားတဲ့ ရည္ရြယ္ခ်က္ေတြ၊ တိုင္းရင္းသား ျပည္သူလူထုအားလုံးရဲ့ လိုလားခ်က္ေတြကို လက္ေတြ႕က်က်ေဖာ္ေဆာင္ေပးမယ့္ တစ္နိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးသေဘာတူစာခ်ဳပ္ (Nationwide Ceasefire Agreement-NCA) ကို လက္မွတ္ေရးထိုးခ်ဳပ္ဆိုခဲ့တာ (၂)ႏွစ္ျပည့္ေျမာက္တဲ့ေန႔ပဲ ျဖစ္ပါတယ္။

ယေန႔တိုင္းရင္းသားျပည္သူမ်ားရဲ့ ဆႏၵနဲ႔အညီ ပါတီစုံဒီမိုကေရစီလမ္းေၾကာင္းေပၚမွာ ကၽြန္ေတာ္တို႔ ခိုင္ခိုင္မာမာ ေျဖာင့္ေျဖာင့္တန္းတန္း ေလွ်ာက္လွမ္းႏိုင္ဖို႔၊ ဒီမိုကေရစီရည္မွန္းခ်က္ေတြေအာင္ျမင္ဖို႔နဲ႔ ႏိုင္ငံဖြံ႕ၿဖိဳး တိုးတက္ေအာင္ ႀကိဳးပမ္းေဆာင္ရြက္ႏိုင္ဖို႔အတြက္ အဓိကအက်ဆုံး လိုအပ္ခ်က္ဟာ ႏိုင္ငံရဲ့ တည္ၿငိမ္ေအးခ်မ္းမႈပဲျဖစ္ပါတယ္။ ဒီအတြက္လည္း ပါတီစုံဒီမိုကေရစီစနစ္ ပထမသက္တမ္းကာလအတြင္း ႏိုင္ငံေတာ္အစိုးရရဲ့ ျပဳျပင္ေျပာင္းလဲမႈလုပ္ငန္းေတြထဲမွာ တိုင္းရင္းသားလက္နက္ကိုင္ပဋိပကၡမ်ား ခ်ဳပ္ၿငိမ္းေရး အတြက္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ကို ဦးစားေပးလုပ္ေဆာင္ခဲ့တာ ေတြ႕ျမင္ခဲ့ရပါတယ္။ ၂၀၁၁ ခုႏွစ္၊ ၾသဂုတ္လ ၁၈ ရက္ေန႔မွာ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းအားလုံးကို ၿငိမ္းခ်မ္းေရးကမ္းလွမ္းဖိတ္ေခၚခဲ့ၿပီး စတင္လုပ္ေဆာင္ခဲ့တာျဖစ္တဲ့အတြက္ NCA ကို ေအာင္ျမင္စြာ လက္မွတ္ေရးထိုးနိုင္ခဲ့တဲ့ ၂၀၁၅ ခုႏွစ္၊ ေအာက္တိုဘာလ ၁၅ ရက္ေန႔အထိ အခ်ိန္ကာလအားျဖင့္ ၄ ႏွစ္ေက်ာ္ ၾကာျမင့္ခဲ့ပါတယ္။ ယေန႔ဆိုရင္ NCA ကို လက္မွတ္ေရးထိုးခဲ့တာဟာ အခ်ိန္ကာလ ၂ ႏွစ္ ၾကာျမင့္လာခဲ့ၿပီ ျဖစ္ပါတယ္။ ၂ ႏွစ္ ဆိုတဲ့ အခ်ိန္ကာလဟာ ႏိုင္ငံတစ္ခုရဲ့ သမိုင္းေၾကာင္းနဲ႔ႏွိုင္းယွဥ္ရင္ေတာ့ မေျပာပေလာက္ေပမယ့္ အေရးတႀကီး လုပ္ေဆာင္ရမယ့္လုပ္ငန္းေတြ၊ လက္ငင္းအက်ိဳးရွိေအာင္ အေကာင္အထည္ေဖာ္ေဆာင္ရြက္ရမယ့္ ကိစၥရပ္ေတြအတြက္ကေတာ့ တန္ဖိုးႀကီးမားတဲ့ အခ်ိန္ပမာဏပဲ ျဖစ္ပါတယ္။ ၿငိမ္းခ်မ္းေရးျဖစ္စဥ္ဟာ ျမန္မာႏိုင္ငံရဲ့ မည္သည့္က႑အေပၚမွာမဆို လႊမ္းမိုးမႈရွိၿပီး ခ်က္ခ်င္းလက္ငင္း အေကာင္အထည္ေဖာ္ရမယ့္ လုပ္ငန္းတစ္ခုျဖစ္ေၾကာင္းကို ဒီကေန႔ အခမ္းအနား တက္ေရာက္လာၾကတဲ့သူအားလုံးသာမက ႏိုင္ငံသူ၊ ႏိုင္ငံသားအားလုံးက သေဘာတူညီလက္ခံထားၾကပါတယ္။ အားကစားၿပိဳင္ပြဲ တစ္ခုမွာ ေအာင္ျမင္မႈရရွိေအာင္ ၿပိဳင္ပြဲမစတင္မီ ေသြးပူေလ့က်င့္ခန္းကို မျဖစ္မေနလုပ္ေဆာင္ၿပီးမွ ယွဥ္ၿပိဳင္ၾကရပါတယ္။ ေသြးေအးသြားမွ ယွဥ္ၿပိဳင္တဲ့အခါမွာ မလိုလားအပ္တဲ့ ဆုံးရွုံးမွု၊ ရွုံးနိမ့္မႈေတြနဲ႔ ရင္ဆိုင္ရတတ္သလိုပဲ ကၽြန္ေတာ္တို႔တစ္ေတြ အေနနဲ႔လည္း NCA စာခ်ဳပ္ပါ လုပ္သင့္လုပ္ထိုက္တဲ့၊ လုပ္ႏိုင္တာေတြကို ျမန္ျမန္ဆန္ဆန္ အေကာင္အထည္ေဖာ္ လုပ္ေဆာင္ျခင္းအားျဖင့္ ၿငိမ္းခ်မ္းမႈရဲ့ရလဒ္မ်ား၊ ၿငိမ္းခ်မ္းေရးအသီးအပြင့္မ်ားကို ရယူခံစားႏိုင္ၾကဖို႔လိုအပ္ေၾကာင္းနဲ႔ တပ္မေတာ္အေနျဖင့္လည္း စိတ္ေရာကိုယ္ပါ ပါဝင္ေဆာင္ရြက္ဖို႔ အဆင္သင့္ရွိပါေၾကာင္း ေျပာၾကားလိုပါတယ္။

ကၽြန္ေတာ္တို႔ႏိုင္ငံဟာ ၂၀၁၁ ခုႏွစ္ကစတင္ၿပီး ျပည္သူေတြလိုလား ေတာင့္တေနတဲ့ ပါတီစုံ ဒီမိုကေရစီလမ္းေၾကာင္းကို ေလွ်ာက္လွမ္းခဲ့ပါတယ္။ ဒီလမ္းေၾကာင္းကို အဆင္ေျပေခ်ာေမြ႕စြာ ေလွ်ာက္လွမ္းႏိုင္ဖို႔ တပ္မေတာ္ အစိုးရအေနနဲ႔ ႏိုင္ငံေရးဆိုင္ရာတည္ေဆာက္မႈ၊ စီးပြားေရးဆိုင္ရာ တည္ေဆာက္မႈ၊ လူမႈေရးဆိုင္ရာတည္ေဆာက္မႈေတြကို ႏိုင္ငံေတာ္တာဝန္ကို စတင္ယူခဲ့ရတဲ့ ၁၉၈၈ ခုႏွစ္ကစၿပီး ၂၀၁၀ ျပည့္ႏွစ္အထိ ျပင္ဆင္ေဆာင္ရြက္ခဲ့ပါတယ္။ ဒီမိုကေရစီႏိုင္ငံနဲ႔ကိုက္ညီမယ့္ အေျခခံဥပေဒေရးဆြဲႏိုင္ဖို႔ လူထု လူတန္းစားေပါင္းစုံရဲ့ ကိုယ္စားလွယ္မ်ား၊ အလႊာေပါင္းစုံရဲ့ ကိုယ္စားလွယ္ မ်ားပါဝင္တဲ့ အမ်ိဳးသားညီလာခံႀကီးကို က်င္းပေပးခဲ့ပါတယ္။ အဲဒီညီလာခံမွာ ဖြဲ႕စည္းပုံအေျခခံ ဥပေဒေရးဆြဲနိုင္ေရး အေျခခံရမယ့္မူမ်ား၊ အခန္းမ်ားကို အေသးစိတ္ ေဆြးေႏြးေရးဆြဲခဲ့ပါတယ္။ ဒီမိုကေရစီစနစ္နဲ႔ လိုက္ေလ်ာညီေထြျဖစ္မယ့္ လုပ္ငန္းရပ္ေတြကိုလည္း တစ္ၿပိဳင္တည္း ျပင္ဆင္ေဆာင္ရြက္ ခဲ့ပါတယ္။ ဥပမာအားျဖင့္ အုပ္ခ်ဳပ္ေရးမ႑ိဳင္မွာ အေျခခံအုပ္ခ်ဳပ္ေရး အဖြဲ႕အစည္းေတြျဖစ္တဲ့ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးအဖြဲ႕အစည္း၊ ခရိုင္အုပ္ခ်ဳပ္ေရးအဖြဲ႕အစည္းေတြရဲ့ ဥကၠ႒ေတြကို တပ္မေတာ္က အရာရွိမ်ားျဖင့္ ခန္႔ထားေဆာင္ရြက္ခဲ့ရာမွ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ အုပ္ခ်ဳပ္ေရးမွဴးမ်ားျဖင့္ ေဆာင္ရြက္ေစၿပီး ဗ်ဴရိုကေရစီယႏၲရားစနစ္ကို တပ္မေတာ္အစိုးရ လက္ထက္မွာပဲ အဆင့္ဆင့္ ျပဳျပင္ေျပာင္းလဲခဲ့ပါတယ္။ ဒါေတြဟာ ဒီမိုကေရစီစနစ္မွာ အေရးပါလာမယ့္ Institution ေတြ တည္ေဆာက္ျခင္းကို အခ်ိန္ယူလုပ္ေဆာင္ခဲ့ျခင္းပဲ ျဖစ္ပါတယ္။ ႏိုင္ငံေရးဆိုင္ရာ ျပဳျပင္ေျပာင္းလဲမႈေတြ လုပ္ႏိုင္ဖို႔အတြက္ ႏိုင္ငံေတာ္၏ေရွ႕လုပ္ငန္းစဥ္ (၇)ရပ္ကိုခ်မွတ္ၿပီး လုပ္ငန္းစဥ္အဆင့္ဆင့္ကို ေဆာင္ရြက္ခဲ့ပါတယ္။ ေနာက္ဆုံး ၂၀၁၀ ျပည့္ႏွစ္ေရြးေကာက္ပြဲကို ေအာင္ျမင္စြာက်င္းပေပးႏိုင္ခဲ့ၿပီး ျပည္သူ႔ေရြးခ်ယ္ခံအစိုးရထံသို႔ နိုင္ငံေတာ္တာဝန္ကို ေအာင္ျမင္စြာ လႊဲေျပာင္းေပးႏိုင္ခဲ့ပါတယ္။ ဒါဟာ ျပည္သူ႔ဆႏၵကို အေကာင္အထည္ေဖာ္ ေဆာင္ရြက္ျခင္းျဖစ္သလို တိုင္းျပည္အတြက္ ႏွစ္ေပါင္းမ်ားစြာ အခ်ိန္ယူျပင္ဆင္ လုပ္ေဆာင္ခဲ့ရတာ ျဖစ္တဲ့အတြက္ ပါတီစုံဒီမိုကေရစီစနစ္ကို လူတိုင္း၊ အဖြဲ႕အစည္းတိုင္းက နားလည္ရန္ လိုအပ္ပါတယ္။ တပ္မေတာ္အေနနဲ႔လည္း ပါတီစုံဒီမိုကေရစီ လမ္းေၾကာင္းကေန မယိမ္းမယိုင္ ခိုင္ခိုင္မာမာ ဆက္လက္ေလွ်ာက္လွမ္းႏိုင္ဖို႔ ထိန္းသိမ္းလုပ္ေဆာင္လ်က္ရွိေၾကာင္း ေျပာၾကားလိုပါတယ္။

ကၽြန္ေတာ္တို႔ႏိုင္ငံအေနနဲ႔ ပါတီစုံဒီမိုကေရစီစနစ္ကို လက္ေတြ႕ ေဖာ္ေဆာင္ခဲ့တာ (၆)ႏွစ္ေက်ာ္ခဲ့ၿပီ ျဖစ္ပါတယ္။ ဒီမိုကေရစီဆိုတာ စနစ္တစ္ခုလို႔ယူဆႏိုင္သလို လူတိုင္းလိုက္နာနိုင္မွ ေအာင္ျမင္ႏိုင္မယ့္ လုပ္ငန္းတစ္ခု၊ က်င့္ဝတ္တစ္ခုျဖစ္တယ္လို႔ ယူဆၾကတာလည္းရွိပါတယ္။ ေသခ်ာတာတစ္ခုကေတာ့ အားလုံးပါဝင္ေဖာ္ေဆာင္မွ ေအာင္ျမင္ႏိုင္မယ့္ ႏိုင္ငံေရးစနစ္တစ္ခုပဲ ျဖစ္ပါတယ္။ ဒီလိုေဖာ္ေဆာင္ရာမွာ ပထမဆုံး အေျခခံလိုအပ္ခ်က္က ဒီမိုကေရစီစနစ္ကိုဆန္႔က်င္ၿပီး ဒီမိုကေရစီလမ္းေၾကာင္းေပၚကေန ေသြဖည္သြားမယ့္လုပ္ေဆာင္မႈေတြကို မလုပ္ေဆာင္ဖို႔ဘဲျဖစ္တယ္။ ဒီမိုကေရစီစနစ္မွာ မိမိတို႔ရဲ့လိုအင္ဆႏၵေတြကို ဒီမိုကေရစီ နည္းလမ္းတက်၊ ဥပေဒေဘာင္အတြင္းက ေဆာင္ရြက္သြားမွသာ ျပည္သူ႔ဆႏၵနဲ႔ကိုက္ညီမွာျဖစ္ပါတယ္။ အဓိကကေတာ့ ဥပေဒနဲ႔အညီသာ အားလုံးက လိုက္နာလုပ္ေဆာင္ၾကရမွာ ျဖစ္ပါတယ္။ ဥပေဒရဲ့အထက္မွာ ဘယ္သူမွရွိလို႔မရပါဘူး။ မည္သည့္လူပုဂၢိဳလ္၊ အဖြဲ႕အစည္း၊ တာဝန္ထမ္းေဆာင္မႈမ်ိဳးမဆို ႏိုင္ငံေတာ္မွာျပ႒ာန္းထားတဲ့ ဥပေဒအတိုင္းသာ လိုက္ပါလိုက္နာလုပ္ေဆာင္ၾကရမွာ ျဖစ္ပါတယ္။ ဥပေဒကို လက္တစ္လုံးျခားလွည့္ၿပီး လုပ္လို႔လည္းမရပါဘူး။ ေပးထားတဲ့ကတိကဝတ္မ်ားကိုလည္း မေလးစားလို႔မရပါဘူး။ ဥပေဒနဲ႔မညီတဲ့ လုပ္ေဆာင္ခ်က္မွန္သမၽွ အေျပာခံ၊ အေဝဖန္ခံေနရမွာပဲ ျဖစ္ပါတယ္။ ထို႔အတူပဲ ျမန္မာႏိုင္ငံအတြင္းမွာ မွီတင္းေနထိုင္သူအားလုံးဟာ ႏိုင္ငံေတာ္ကထုတ္ျပန္ထားတဲ့ တည္ဆဲဥပေဒမ်ားကို ေလးစားလိုက္နာေဆာင္ရြက္ဖို႔လည္း လိုအပ္ပါတယ္။ ဥပေဒနဲ႔အညီ ေဆာင္ရြက္မႈမ်ားကိုလည္း လက္ခံၾကရမွာျဖစ္ပါတယ္။ ရင္ဆိုင္ၾကဳံေတြ႕ေနရတဲ့ ပဋိပကၡေတြကိုလည္း ဒီမိုကေရစီမူေဘာင္အတြင္းကေန ေျဖရွင္းသြားရမွာျဖစ္ပါတယ္။ ဒီလိုပဲ ဒီမိုကေရစီရဲ့ ဆန္႔က်င္ဘက္ျဖစ္တဲ့ လက္နက္စြဲကိုင္ၿပီး လိုရာေတာင္းဆိုမွုမ်ိဳးကို စြန္႔လႊတ္ၿပီး နိုင္ငံေရးနည္းလမ္းေတြနဲ႔သာ ေျဖရွင္းေဆာင္ရြက္သြားရမွာ ျဖစ္ပါတယ္။ ဒီလိုေဆာင္ရြက္ႏိုင္ဖို႔ ပထမဆုံး စတင္ေလွ်ာက္လွမ္းရမယ့္ ေျခလွမ္းကေတာ့ ဒီ NCA စာခ်ဳပ္မွာ ပါဝင္လက္မွတ္ေရးထိုးျခင္းပဲ ျဖစ္ပါတယ္။ ဘယ္ေလာက္ပဲ ေဝးကြာတဲ့ခရီးျဖစ္ပါေစ အေရးအႀကီးဆုံး လုပ္ရမယ့္အလုပ္က ပထမဦးဆုံးေလွ်ာက္လွမ္းရမယ့္ေျခလွမ္းကို စတင္လိုက္ဖို႔ပဲ ျဖစ္ပါတယ္။ ကၽြန္ေတာ္တို႔ အတူတကြလက္တြဲပူးေပါင္း ေလွ်ာက္လွမ္းေနတဲ့ ထာဝရၿငိမ္းခ်မ္းေရးခရီးလမ္း၊ ဒီမိုကေရစီနဲ႔ ဖက္ဒရယ္စနစ္ကိုအေျခခံတဲ့ ျပည္ေထာင္စုတည္ေဆာက္ေရး ခရီးလမ္းမွာ မလြဲမေသြေလွ်ာက္လွမ္းရမယ့္ ဒီေျခလွမ္းကိုတုံ႔ဆိုင္းမေနဘဲ စတင္ပါဝင္ ေလွ်ာက္လွမ္းၾကဖို႔ တိုက္တြန္းလိုပါတယ္။

သမိုင္းစာမ်က္ႏွာဆိုတာ မိမိတို႔ျဖတ္သန္းခဲ့ရတဲ့ ကာလတစ္ေလွ်ာက္မွာ ရင္ဆိုင္ၾကဳံေတြ႕ခဲ့ရတဲ့ အားသာခ်က္အားနည္းခ်က္ေတြ၊ အဆိုးနဲ႔အေကာင္းေတြကို ထင္သာျမင္သာေအာင္ မီးေမာင္းထိုးျပထားတဲ့ ေၾကးမုံျပင္တစ္ခ်ပ္ပါပဲ။ အဲဒီသမိုင္းစာမ်က္ႏွာဆိုတဲ့ ေၾကမုံျပင္ႀကီးကို ၾကည့္လိုက္တာနဲ႔ ေရွးပေဝသဏီကတည္းက ျမန္မာႏိုင္ငံေတာ္ႀကီးမွာ ကၽြန္ေတာ္တို႔ တိုင္းရင္းသားညီအစ္ကိုေမာင္ႏွမေတြ ေအးအတူပူအမၽွ အတူတကြေနထိုင္ခဲ့ၾကတာကို အထင္အရွားေတြ႕ျမင္နိုင္ပါတယ္။ တိုင္းႏွင့္ ျပည္နယ္မ်ားနဲ႔ ဖြဲ႕စည္းထားတဲ့နိုင္ငံေတာ္ျဖစ္ေပမယ့္ ျပည္နယ္တစ္ခု၊ တိုင္းေဒသႀကီးတစ္ခုမွာ လူမ်ိဳးစုတစ္စုတည္း သီးျခားေနထိုင္ၾကတာ မဟုတ္ဘဲ ညီရင္းအစ္ကိုေတြလို ခ်စ္ၾကည္ရင္းႏွီးစြာနဲ႔ ေပါင္းစည္းေနထိုင္ခဲ့ ၾကတာျဖစ္ပါတယ္။ အေရးႀကီးလွ်င္ေသြးနီးသည္ဆိုတဲ့ စကားနဲ႔အညီ နိုင္ငံေတာ္ကို ထိပါးရန္စက်ဴးေက်ာ္ လာသမၽွကိုလည္း တိုင္းရင္းသားအားလုံးက လူမ်ိဳးဘာသာမခြဲျခားဘဲ ျပည္ေထာင္စုစိတ္ဓာတ္နဲ႔ စုေပါင္း ကာကြယ္ခဲ့ၾကတာကိုလည္း သမိုင္းစာမ်က္ႏွာေတြမွာ ေတြ႕ျမင္ၾကရမွာပါ။ ထို႔အတူ ေသြးစည္းညီညြတ္မႈေတြ ပ်က္ျပားၿပီး စည္းလုံးမႈအားေတြ ေလ်ာ့ပါးသြားခ်ိန္မွာ အဂၤလိပ္နယ္ခ်ဲ႕ေတြရဲ့ ရန္စက်ဴးေက်ာ္မႈေတြ ခုခံတြန္းလွန္ႏိုင္စြမ္းမရွိဘဲ ကၽြန္ေတာ္တို႔ တိုင္းရင္းသားျပည္သူမ်ားအားလုံး ႏွစ္ေပါင္း ၁၀၀ ေက်ာ္ သူ႔ကၽြန္ဘဝက်ေရာက္ခဲ့ရတာကိုလည္း သမိုင္းစာမ်က္ႏွာမွာ ေတြ႕ရပါလိမ့္မယ္။

အဲဒီလို လြတ္လပ္ေရးနဲ႔အခ်ဳပ္အျခာအာဏာ ဆိတ္သုဥ္းသြားခ်ိန္မွာ တိုင္းရင္းသားျပည္သူလူထုတစ္ရပ္လုံး နယ္ခ်ဲ႕အဂၤလိပ္ေတြရဲ့ စိတ္တိုင္းက်ျခယ္လွယ္မႈ၊ ကုပ္ေသြးစုပ္အျမတ္ထုတ္ယူမႈေတြကို ခံစားခဲ့ရတာလည္း မိမိႏိုင္ငံနဲ႔လူမ်ိဳးအတြက္ ႐ုပ္ဆိုးအက်ည္းတန္လွတဲ့ သမိုင္းျဖစ္စဥ္ျဖစ္ခဲ့ရပါတယ္။ ဆုံးရႈံးသြားတဲ့ လြတ္လပ္ေရးကို ျပန္လည္ရရွိဖို႔ လြတ္လပ္ေရးႀကိဳးပမ္းမႈသမိုင္းမွာ သေႏၶတည္ေပါက္ဖြားလာတဲ့ တပ္မေတာ္နဲ႔ျပည္သူအတူလက္တြဲၿပီး ဖက္ဆစ္ဂ်ပန္နဲ႔ နယ္ခ်ဲ႕အဂၤလိပ္ေတြကို ေတာ္လွန္တိုက္ခိုက္ခဲ့ရတာေတြ၊ လြတ္လပ္ေရးအတြက္ တိုင္းရင္းသားအားလုံးရဲ့ ေသြးစည္းညီညြတ္မႈကို ပင္လုံစိတ္ဓာတ္နဲ႔ ေဖာ္ျပႏိုင္ခဲ့ တာေတြဟာလည္း မေမ့နိုင္တဲ့ သမိုင္းစာမ်က္ႏွာေတြပဲျဖစ္ပါတယ္။ လြတ္လပ္ေရးရၿပီးေနာက္မွာ ကိုလိုနီဘဝက နယ္ခ်ဲ႕ေတြရဲ့က်င့္သုံးခဲ့တဲ့ ေသြးခြဲအုပ္ခ်ဳပ္မႈစနစ္ေၾကာင့္ ကၽြန္ေတာ္တို႔ တိုင္းရင္းသားမ်ားအၾကားမွာ အယူဝါဒေရးအရ၊ လူမ်ိဳးေရးအရ၊ ဘာသာေရးအရ စိတ္ဝမ္းကြဲျပားမႈမ်ားစြာေပၚေပါက္လာခဲ့ၿပီး ယေန႔ ကၽြန္ေတာ္တို႔ ေဆြးေႏြးညႇိႏိႈင္းေနရတဲ့ တိုင္းရင္းသား လက္နက္ကိုင္ပဋိပကၡေတြ ျဖစ္ေပၚခဲ့ရတာဟာလည္း သမိုင္းစာမ်က္ႏွာကေန ရယူရမယ့္ သင္ခန္းစာေတြပဲျဖစ္ပါတယ္။ အဲဒီလို ျဖတ္သန္းေက်ာ္လႊားခဲ့ရတဲ့ သမိုင္းစာမ်က္ႏွာကေန ကၽြန္ေတာ္တို႔အတြက္ တန္ဖိုးႀကီးမားတဲ့ ေဖာ္ထုတ္ခ်က္ကေတာ့ ျပည္ေထာင္စု မၿပိဳကြဲေရး၊ တိုင္းရင္းသားစည္းလုံး ညီညြတ္မႈမၿပိဳကြဲေရးနဲ႔ အခ်ဳပ္အျခာ အာဏာတည္တံ့ခိုင္ျမဲေရး ဆိုတဲ့ ဒို႔တာဝန္အေရးသုံးပါးပဲ ျဖစ္ပါတယ္။ ဒီအတြက္လည္း ဒို႔တာဝန္အေရးသုံးပါးဟာ ကၽြန္ေတာ္တို႔ တိုင္းရင္းသား ညီအစ္ကိုေတြအားလုံးက ဝိုင္းဝန္းထိန္းသိမ္းကာကြယ္ေစာင့္ေရွာက္ရမယ့္ အမ်ိဳးသားေရးတာဝန္ႀကီး ျဖစ္ေၾကာင္း ေျပာၾကားလိုပါတယ္။ နိုင္ငံေတာ္ကာကြယ္ေရးတာဝန္ကို အဓိကတာဝန္ယူထမ္းေဆာင္ေနတဲ့ တပ္မေတာ္အေနနဲ႔ကေတာ့ အမ်ိဳးသားေရးတာဝန္ျဖစ္တဲ့ ဒို႔တာဝန္အေရးသုံးပါးကို ဘယ္ေသာအခါမွ အထိအပါးအပြန္းအပဲ့ခံမွာမဟုတ္ဘဲ အျမဲဦးထိပ္ပန္ဆင္ၿပီး ကာကြယ္ေစာင့္ေရွာက္သြားမွာျဖစ္ပါတယ္။ ကၽြန္ေတာ္တို႔ တစ္မ်ိဳးသားလုံးရဲ့ အေရးကိစၥျဖစ္တဲ့အတြက္လည္း တိုင္းရင္းသား ျပည္သူလူထုတစ္ရပ္လုံးကပါ အတူလက္တြဲၿပီး ဝိုင္းဝန္းထိန္းသိမ္း ကာကြယ္ေစာင့္ေရွာက္သြားဖို႔ လိုအပ္ေၾကာင္းကိုလည္း ထပ္ေလာင္း ေျပာၾကားလိုပါတယ္။

ကၽြန္ေတာ့္အေနနဲ႔ ၿငိမ္းခ်မ္းေရးနဲ႔ပတ္သက္တဲ့ အခမ္းအနားေတြ၊ ေဆြးေႏြးမႈေတြ၊ ေတြ႕ဆုံမႈေတြတိုင္းမွာ NCA နဲ႔ ပတ္သက္ၿပီး အျမဲထည့္သြင္းေျပာဆိုခဲ့ပါတယ္။ ဒီလိုထည့္သြင္းေျပာၾကားရျခင္းဟာ နံပါတ္တစ္ အေနနဲ႔ “NCA စာခ်ဳပ္ဟာ နိုင္ငံအတြက္အေရးတႀကီးလိုအပ္ေနတဲ့ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မွာ အဓိကအက်ဆုံး အေျခခံလုပ္ေဆာင္ရမယ့္ အခ်က္ျဖစ္လို႔”၊ နံပါတ္ႏွစ္အေနနဲ႔ “ဒီအေျခခံအခ်က္ကို မေဖာ္ေဆာင္ဘဲ၊ တစ္နည္းအားျဖင့္ ေသနတ္သံမတိတ္ဘဲ ကၽြန္ေတာ္တို႔လုပ္ေနတဲ့ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မွန္သမၽွဟာ စိတ္မခ်ရဘဲ လက္နက္ကိုင္လမ္းစဥ္ကိုသာ ျပန္လည္ဦးတည္သြားႏိုင္လို႔”၊ နံပါတ္သုံးအေနနဲ႔ “NCA စာခ်ဳပ္ပါသေဘာတူညီခ်က္ေတြဟာ တစ္ဦးတစ္ေယာက္၊ တစ္ဖြဲ႕တည္းကေရးဆြဲထားတာမဟုတ္ဘဲ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္းမ်ားရဲ့ ကနဦးအဆိုျပဳခ်က္ေတြအေပၚမွာအေျခခံၿပီး အစိုးရ၊ တပ္မေတာ္နဲ႔ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္းမ်ားအားလုံး ေဆြးေႏြးညႇိႏွိုင္းသေဘာတူေရးဆြဲထားတဲ့ စာခ်ဳပ္ျဖစ္လို႔”ပဲျဖစ္ပါတယ္။ ဒါ့အျပင္ ျမန္မာ့ၿငိမ္းခ်မ္းေရးျဖစ္စဥ္သမိုင္းမွာ ဒီလိုအဖြဲ႕အစည္းမ်ားစြာနဲ႔ အခ်ိန္ယူေဆြးေႏြးညႇိႏိႈင္းၿပီး သေဘာတူညီလက္မွတ္ေရးထိုးႏိုင္ခဲ့တာ မရွိခဲ့ေၾကာင္းကိုလည္း ေတြ႕ရွိရပါတယ္။ ဒါ့ေၾကာင့္ NCA ဟာ အမ်ားသေဘာတူညီမႈ၊ ပူးေပါင္းပါဝင္မႈဆိုတဲ့ ဒီမိုကေရစီနည္းလမ္းတက် ေဆာင္ရြက္ထားတာျဖစ္ေၾကာင္း ညႊန္းဆိုလိုပါတယ္။ ဒီအတြက္ NCA မွာ ပါဝင္ပူးေပါင္းေဆာင္ရြက္ျခင္းဟာ ျပည္သူ႔ဆႏၵကို ဒီမိုကေရစီနည္းလမ္းတက်ေဖာ္ေဆာင္ျခင္း၊ ႏိုင္ငံနဲ႔လူမ်ိဳးအတြက္ အေရးတႀကီးလိုအပ္ခ်က္ ျဖစ္တဲ့ ၿငိမ္းခ်မ္းေရးျဖစ္စဥ္မွာ ႏိုင္ငံအက်ိဳး၊ လူမ်ိဳးအက်ိဳးကိုေမွ်ာ္ကိုးၿပီး ပါဝင္လုပ္ေဆာင္ျခင္းလည္းျဖစ္ေၾကာင္း ေျပာၾကားလိုပါတယ္။

NCA စာခ်ဳပ္ရဲ့အေျခခံမူမ်ားအခန္းမွာ “ ျပည္ေထာင္စုသမၼတ ျမန္မာႏိုင္ငံေတာ္အား ျပည္ေထာင္စုမၿပိဳကြဲေရး၊ တိုင္းရင္းသားစည္းလုံးညီညြတ္မႈမၿပိဳကြဲေရးႏွင့္ အခ်ဳပ္အျခာအာဏာ တည္တံ့ခိုင္ျမဲေရးတို႔ကို ေရွ႕ရႈ၍ လြတ္လပ္မွု၊ တန္းတူညီမၽွမႈႏွင့္ တရားမွ်တမႈတို႔ကိုအေျခခံၿပီး ပင္လုံစိတ္ဓာတ္နဲ႔အညီ ဒီမိုကေရစီေရး၊ အမ်ိဳးသားတန္းတူေရးႏွင့္ ကိုယ္ပိုင္ျပ႒ာန္းခြင့္ အခြင့္အေရးမ်ား၊ အာမခံခ်က္မ်ားအျပည့္အဝရွိေသာ ဒီမိုကေရစီႏွင့္ ဖက္ဒရယ္စနစ္တို႔ကိုအေျခခံသည့္ ျပည္ေထာင္စုကို နိုင္ငံေရးေဆြးေႏြးပြဲ ရလဒ္မ်ားႏွင့္အညီ တည္ေဆာက္သြားရန္” ဆိုၿပီး ပထမဦးစြာ သေဘာတူညီခဲ့တာကိုေတြ႕ရမွာျဖစ္ပါတယ္။ ေရရွည္တည္တံ့ ခိုင္ျမဲတဲ့ ၿငိမ္းခ်မ္းေရးရရွိဖို႔ တိုင္းရင္းသားမ်ား၏လိုလားခ်က္မ်ားႏွင့္ သေဘာထားဆႏၵမ်ားကိုအေျခခံၿပီး ပါဝင္သင့္သူ အားလုံးပါဝင္သည့္ ႏိုင္ငံေရးေဆြးေႏြးပြဲမ်ားကို NCA လက္မွတ္ေရးထိုးထားတဲ့ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕အစည္းမ်ားရွိတဲ့ သတ္မွတ္နယ္ေျမမ်ားတြင္ က်င္းပသြားရမွာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ဒီစာခ်ဳပ္ဟာ ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးဆိုတဲ့ အေၾကာင္းတရားထက္ ပိုမိုတဲ့အဓိပၸာယ္ေတြရွိတယ္လို႔ ေျပာဆိုရျခင္းျဖစ္ပါတယ္။ ဒါ့အျပင္ ကၽြန္ေတာ္တို႔ ဘာေတြကိုလိုက္နာေစာင့္ထိန္းရမယ္။ အဲဒီအတြက္ ဘာေတြရမယ္။ အဲဒီ လိုက္နာေစာင့္ထိန္းရမွာေတြ၊ ရပိုင္ခြင့္ေတြအတြက္ အေသးစိတ္ေဆာင္ရြက္ၾကရာမွာ ဘယ္လို နည္းလမ္းေတြကို က်င့္သုံးမယ္ဆိုတာေတြပါရွိၿပီး ျဖစ္ပါတယ္။

NCA စာခ်ဳပ္ အေျခခံမူပထမအခ်က္မွာ ဒီေန႔ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းမ်ားသာမက အျခားတိုင္းရင္းသားအဖြဲ႕အစည္းေတြေတာင္းဆိုေနတဲ့ ဒီမိုကေရစီႏွင့္ဖက္ဒရယ္စနစ္တို႔ကို အေျခခံတဲ့ ျပည္ေထာင္စုကိုတည္ေဆာက္မယ္လို႔လည္း သေဘာတူ သတ္မွတ္ခဲ့ၿပီး ျဖစ္ပါတယ္။ ဒီမိုကေရစီႏွင့္ ဖက္ဒရယ္စနစ္ကို အေျခခံတဲ့ ျပည္ေထာင္စုကို တည္ေဆာက္မႈနဲ႔ပတ္သက္ၿပီး ဘယ္လိုဖက္ဒရယ္လဲ ဆိုၿပီး ေမးေနတာေတြလည္း ရွိပါေသးတယ္။ ဘယ္လိုဖက္ဒရယ္လဲ ဆိုတာကို “ဒီမိုကေရစီေရး၊ အမ်ိဳးသားတန္းတူေရးႏွင့္ ကိုယ္ပိုင္ျပ႒ာန္းခြင့္ အခြင့္အေရးမ်ား၊ အာမခံခ်က္မ်ားအျပည့္အဝရွိေသာ ဒီမိုကေရစီႏွင့္ ဖက္ဒရယ္စနစ္တို႔ကို အေျခခံသည့္ျပည္ေထာင္စု” လို႔ အေျခခံမူ ပထမအခ်က္မွာပဲ အာမခံခ်က္ေပးထားတာကို ေတြ႕ရမွာျဖစ္ပါတယ္။ ဒါဟာ ကၽြန္ေတာ္တို႔ တိုင္းရင္းသားျပည္သူအားလုံး လိုခ်င္ေနတဲ့ ဖက္ဒရယ္စနစ္၊ တစ္နည္းအားျဖင့္ ျပည္ေထာင္စုစနစ္ပါပဲ။ ဖက္ဒရယ္ျပည္ေထာင္စုအတြက္ ရည္မွန္းခ်က္နဲ႔ တိုင္းရင္းသားျပည္သူအားလုံးအတြက္ အခြင့္အေရးပဲ ျဖစ္ပါတယ္။ ဒီရည္မွန္းခ်က္ ဒီအခြင့္အေရးရဖို႔ ကၽြန္ေတာ္တို႔ ဘာေတြကို ေစာင့္ထိန္းၾကရမလဲ။ ကမၻာလုံးဆိုင္ရာအမွန္တရား(Universal Truth)လို႔ ေခၚဆိုရမယ့္ ေလာကပါလတရားသုံးပါးျဖစ္တဲ့ လြတ္လပ္မႈ၊ တန္းတူညီမွ်မႈနဲ႔ တရားမွ်တမႈေတြကို ေစာင့္ထိန္းရပါမယ္။ ၿပီးရင္ ျမန္မာ့အမ်ိဳးသား အက်ိဳးစီးပြားျဖစ္တဲ့ ဒို႔တာဝန္အေရးသုံးပါးကို လိုက္နာရမွာ ျဖစ္ပါတယ္။ ဒီလိုက္နာလုပ္ေဆာင္ဖို႔တာဝန္ေတြ၊ ရရွိရမယ့္အခြင့္အေရးေတြ၊ ရည္မွန္းခ်က္ေတြကို ကၽြန္ေတာ္တို႔ ဘယ္လိုအေကာင္အထည္ေဖာ္ၾကမလဲ၊ ဘယ္လို တည္ေဆာက္ၾကမလဲ၊ အေသးစိတ္ ဘယ္လိုေဆာင္ရြက္ၾကမလဲ ဆိုတာကို ဒီမိုကေရစီနည္းလမ္းတက်၊ ၿငိမ္းခ်မ္းေသာနည္းလမ္း၊ ေစ့စပ္ညႇိႏႈိင္းျခင္း နည္းလမ္းျဖစ္တဲ့ “နိုင္ငံေရးေဆြးေႏြးပြဲရလဒ္မ်ားႏွင့္အညီ တည္ေဆာက္သြားရန္”လို႔ သေဘာတူထားတာ ကိုလည္း ေတြ႕ရမွာျဖစ္ပါတယ္။

NCA ကို တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္းတိုင္းက လက္မွတ္ေရးထိုးရမွာျဖစ္ပါတယ္။ ပစ္ခတ္တိုက္ခိုက္မႈမရွိလို႔ လက္မွတ္ထိုးစရာမလိုဘူးလို႔ေျပာေနတဲ့ အဖြဲ႕အခ်ိဳ႕ရွိပါတယ္။ NCA ဟာ အမည္နာမအားျဖင့္သာ ပစ္ခတ္တိုက္ခိုက္မွုရပ္စဲေရး သေဘာတူစာခ်ဳပ္ ျဖစ္ပါတယ္။ အႏွစ္သာရအားျဖင့္ ကေတာ့ ဒါ့ထက္ ပိုမိုက်ယ္ျပန္႔ပါတယ္။ နက္ရွိဳင္းပါတယ္။ ဒါ့ေၾကာင့္ NCA ကိုလက္မွတ္ထိုးဖို႔လိုအပ္ေၾကာင္း အခိုင္အမာ ေျပာၾကားလိုပါတယ္။ ဒီစာခ်ဳပ္မွာပါတဲ့ကိစၥေတြဟာ တိုင္းရင္းသား ျပည္သူလူထုရဲ့အခြင့္အေရးကို ကန္႔သတ္ထားတာ၊ ခ်ဳပ္ခ်ယ္ထားတာ၊ ပိတ္ပင္ထားတာ တစ္ခုမွမပါပါဘူး။ အခြင့္အေရးကို ေပးနိုင္သမၽွ ေပးထားတာကိုပဲ ေတြ႕ရမွာျဖစ္ပါတယ္။ ဒါကိုဆက္လက္ၿပီး မသိက်ိဳးကၽြန္ျပဳေနရင္ ျပည္သူလိုလားတဲ့ ဖက္ဒရယ္ျပည္ေထာင္စုစနစ္ကို ဆန္႔က်င္ျခင္း၊ ဒီမိုကေရစီစနစ္ကိုဆန္႔က်င္ျခင္း၊ လက္နက္ကိုင္ၿပီး “သူတစ္လူ၊ ငါတစ္မင္း” စနစ္ကို တည္ေထာင္လိုျခင္းႏွင့္ ျပည္ေထာင္စုနဲ႔ ျပည္သူလူထုအက်ိဳးကို မ်က္ကြယ္ျပဳလိုျခင္းလို႔ ယူဆရမွာျဖစ္ပါတယ္။

ဒီမိုကေရစီနဲ႔ဖက္ဒရယ္စနစ္ကို အေျခခံတဲ့ျပည္ေထာင္စုကို တည္ေဆာက္ၾကရာမွာ ကၽြန္ေတာ္တို႔ဟာ ဥပေဒႏွင့္အညီ သြားၾကဖို႔လိုပါတယ္။ တရားဥပေဒစိုးမိုးမႈရွိမွလည္း ကၽြန္ေတာ္တို႔လိုလားတဲ့ ဒီမိုကေရစီနဲ႔ ဖက္ဒရယ္စနစ္ကို အေျခခံတဲ့ျပည္ေထာင္စုကို တည္ေဆာက္နိုင္မွာ ျဖစ္ပါတယ္။ တရားဥပေဒစိုးမိုးေရး ဆိုတာမွာလည္း အျမင္အမ်ိဳးမ်ိဳး ရွိၾကပါတယ္။ ဥပေဒပညာရွင္ေတြက တည္ၿငိမ္မႈ(Stability))ကို အဓိကထားၿပီး တရားဥပေဒစိုးမိုးမႈ ရွိ/မရွိ ဆုံးျဖတ္ၾကပါတယ္။ နိုင္ငံေရးအျမင္(Political Point of View) မွာေတာ့ “ တာဝန္ခံမႈ ”(Accountability) နဲ႔ “ တရားဥပေဒအထက္မွာ ဘယ္သူမွ်မရွိေစေရး” (No one above the law) ဆိုတဲ့အခ်က္ေတြနဲ႔ ႏႈိင္းယွဥ္ခ်ိန္ထိုး သုံးသပ္ၾကပါတယ္။ အဲဒီႏွစ္ခ်က္မျပည့္စုံရင္ ႏိုင္ငံေရးအရ တရားဥပေဒ စိုးမိုးမႈမရွိဘူးလို႔ ယူဆၾကပါတယ္။

ဒါေၾကာင့္ ဒီမိုကေရစီနဲ႔ဖက္ဒရယ္စနစ္ကိုအေျခခံတဲ့ ျပည္ေထာင္စုကို တည္ေဆာက္တဲ့ေနရာမွာ ကၽြန္ေတာ္တို႔အားလုံးဟာ ႏိုင္ငံေတာ္ရဲ့ တည္ဆဲဥပေဒေတြကို ေလးစားလိုက္နာဖို႔လိုပါတယ္။ အားလုံးသေဘာတူညီထားတဲ့ သေဘာတူညီခ်က္ေတြအေပၚ အေလးထားဖို႔လိုပါတယ္။ တစ္ဖက္ကလည္း ႏိုင္ငံေရးအရတည္ၿငိမ္မႈ၊ လုံျခဳံေရးအရတည္ၿငိမ္မႈေတြကို ခိုင္ခိုင္မာမာတည္ေဆာက္ၾကရမွာ ျဖစ္ပါတယ္။ ေတာ္လွန္ေရးဆိုတာ အေဟာင္းေတြကို ဖ်က္သိမ္းႏိုင္ရင္ၿပီးၿပီလို႔ ယူဆႏိုင္မွာျဖစ္ေပမယ့္ တည္ေဆာက္ျခင္းဆိုတာ အေဟာင္းေတြကို မြမ္းမံနိုင္ျခင္း၊ ထိန္းသိမ္းသင့္တာေတြကို ထိန္းသိမ္းႏိုင္ျခင္းနဲ႔ အသစ္ေတြကို တည္ေဆာက္ႏိုင္ျခင္းျဖစ္တယ္ဆိုတာကို မွတ္ယူရမွာျဖစ္ပါတယ္။ ဒါ့ေၾကာင့္လည္း ယေန႔ကမၻာမွာ လက္ေတြ႕က်င့္သုံးေနရတာက ျပဳျပင္ေျပာင္းလဲျခင္း၊ ေတာ္လွန္ျခင္း(Revolution)ဆိုတာထက္ တည္ေဆာက္ျခင္း(Building) ဆိုတာျဖစ္ေၾကာင္း သတိခ်ပ္ေစလိုပါတယ္။

နိဂုံးခ်ဳပ္အေနနဲ႔ ကၽြန္ေတာ္တိုက္တြန္းေျပာၾကားလိုတာကေတာ့ –

  • တိုင္းရင္းသားညီအစ္ကိုေမာင္ႏွမမ်ားရဲ့ အခြင့္အေရးကို အျပည့္အဝ အာမခံခ်က္ေပးထားတဲ့ တစ္ႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးသေဘာတူစာခ်ဳပ္ကို ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးဆိုတဲ့ ေဘာင္ထဲကသာ မၾကည့္ဘဲ ပိုမိုက်ယ္ျပန္႔တဲ့အျမင္နဲ႔ ၾကည့္ၿပီး အခ်ိန္မဆိုင္းဘဲ အားလုံးပါဝင္ေဆာင္ရြက္သြားၾကပါ။
  • ျပည္သူ႔ဆႏၵျဖစ္တဲ့ ပါတီစုံဒီမိုကေရစီစနစ္ကို ႏိုင္ငံသားတိုင္း လက္ခံယုံၾကည္ၿပီး ဒီမိုကေရစီေဖာ္ေဆာင္မႈ အပါအဝင္ လုပ္ငန္းေဆာင္ရြက္မႈအားလုံးကို ဥပေဒႏွင့္အညီ က်င့္သုံး လိုက္နာလုပ္ေဆာင္သြားၾကပါ။
  • ျပည္သူေတြရဲ့ ေမွ်ာ္လင့္ခ်က္၊ ျပည္သူေတြရဲ့ ဆႏၵျဖစ္တဲ့ ဒီမိုကေရစီနဲ႔ ဖက္ဒရယ္စနစ္ကိုအေျခခံတဲ့ ျပည္ေထာင္စုကို တည္ေဆာက္ရာမွာ တရားမွ်တမႈ၊ လြတ္လပ္မႈ၊ ညီမွ်မႈေတြ အေပၚမွာအေျခခံၿပီး အမ်ိဳးသားအက်ိဳးစီးပြားျဖစ္တဲ့ ဒို႔တာဝန္ အေရးသုံးပါးအေပၚ ေရွ႕ရႈဆာင္ရြက္သြားၾကပါလို႔ တိုက္တြန္း ေျပာၾကားရင္း နိဂုံးခ်ဳပ္လိုက္ပါတယ္။

(Unicode Version)

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ချုပ်ဆိုခြင်း(၂)နှစ်ပြည့်၊ နှစ်ပတ်လည် အခမ်းအနားတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားသည့် နှုတ်ခွန်းဆက်အမှာစကား

နေပြည်တော်၊ အောက်တိုဘာ ၁၅

ဒီကနေ့ ပြုလုပ်တဲ့အခမ်းအနားကို ငြိမ်းချမ်းရေးအတွက် တူညီသော ဆန္ဒများ၊ ယုံကြည်မှုများနဲ့ တက်ရောက်လာကြတဲ့ နိုင်ငံတော်မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအသီးသီးမှ ပုဂ္ဂိုလ်များ၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းများမှ ဧည့်သည်တော်များနဲ့ ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံး နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေကြောင်း ဦးစွာ ဆုမွန်ကောင်းတောင်း နှုတ်ခွန်းဆက်အပ်ပါတယ်။ ဒီနေ့ဟာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး (Ceasefire)လို့ အမည်တပ်ထားပေမယ့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ရည်မှန်းချက်ထက် ပိုမိုကျယ်ပြန့်မြင့်မားတဲ့ ရည်ရွယ်ချက်တွေ၊ တိုင်းရင်းသား ပြည်သူလူထုအားလုံးရဲ့ လိုလားချက်တွေကို လက်တွေ့ကျကျဖော်ဆောင်ပေးမယ့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (Nationwide Ceasefire Agreement-NCA) ကို လက်မှတ်ရေးထိုးချုပ်ဆိုခဲ့တာ (၂)နှစ်ပြည့်မြောက်တဲ့နေ့ပဲ ဖြစ်ပါတယ်။

ယနေ့တိုင်းရင်းသားပြည်သူများရဲ့ ဆန္ဒနဲ့အညီ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်မှာ ကျွန်တော်တို့ ခိုင်ခိုင်မာမာ ဖြောင့်ဖြောင့်တန်းတန်း လျှောက်လှမ်းနိုင်ဖို့၊ ဒီမိုကရေစီရည်မှန်းချက်တွေအောင်မြင်ဖို့နဲ့ နိုင်ငံဖွံ့ဖြိုး တိုးတက်အောင် ကြိုးပမ်းဆောင်ရွက်နိုင်ဖို့အတွက် အဓိကအကျဆုံး လိုအပ်ချက်ဟာ နိုင်ငံရဲ့ တည်ငြိမ်အေးချမ်းမှုပဲဖြစ်ပါတယ်။ ဒီအတွက်လည်း ပါတီစုံဒီမိုကရေစီစနစ် ပထမသက်တမ်းကာလအတွင်း နိုင်ငံတော်အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းတွေထဲမှာ တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေး အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဦးစားပေးလုပ်ဆောင်ခဲ့တာ တွေ့မြင်ခဲ့ရပါတယ်။ ၂၀၁၁ ခုနှစ်၊ သြဂုတ်လ ၁၈ ရက်နေ့မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးကို ငြိမ်းချမ်းရေးကမ်းလှမ်းဖိတ်ခေါ်ခဲ့ပြီး စတင်လုပ်ဆောင်ခဲ့တာဖြစ်တဲ့အတွက် NCA ကို အောင်မြင်စွာ လက်မှတ်ရေးထိုးနိုင်ခဲ့တဲ့ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့အထိ အချိန်ကာလအားဖြင့် ၄ နှစ်ကျော် ကြာမြင့်ခဲ့ပါတယ်။ ယနေ့ဆိုရင် NCA ကို လက်မှတ်ရေးထိုးခဲ့တာဟာ အချိန်ကာလ ၂ နှစ် ကြာမြင့်လာခဲ့ပြီ ဖြစ်ပါတယ်။ ၂ နှစ် ဆိုတဲ့ အချိန်ကာလဟာ နိုင်ငံတစ်ခုရဲ့ သမိုင်းကြောင်းနဲ့နှိုင်းယှဉ်ရင်တော့ မပြောပလောက်ပေမယ့် အရေးတကြီး လုပ်ဆောင်ရမယ့်လုပ်ငန်းတွေ၊ လက်ငင်းအကျိုးရှိအောင် အကောင်အထည်ဖော်ဆောင်ရွက်ရမယ့် ကိစ္စရပ်တွေအတွက်ကတော့ တန်ဖိုးကြီးမားတဲ့ အချိန်ပမာဏပဲ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ မြန်မာနိုင်ငံရဲ့ မည်သည့်ကဏ္ဍအပေါ်မှာမဆို လွှမ်းမိုးမှုရှိပြီး ချက်ချင်းလက်ငင်း အကောင်အထည်ဖော်ရမယ့် လုပ်ငန်းတစ်ခုဖြစ်ကြောင်းကို ဒီကနေ့ အခမ်းအနား တက်ရောက်လာကြတဲ့သူအားလုံးသာမက နိုင်ငံသူ၊ နိုင်ငံသားအားလုံးက သဘောတူညီလက်ခံထားကြပါတယ်။ အားကစားပြိုင်ပွဲ တစ်ခုမှာ အောင်မြင်မှုရရှိအောင် ပြိုင်ပွဲမစတင်မီ သွေးပူလေ့ကျင့်ခန်းကို မဖြစ်မနေလုပ်ဆောင်ပြီးမှ ယှဉ်ပြိုင်ကြရပါတယ်။ သွေးအေးသွားမှ ယှဉ်ပြိုင်တဲ့အခါမှာ မလိုလားအပ်တဲ့ ဆုံးရှုံးမှု၊ ရှုံးနိမ့်မှုတွေနဲ့ ရင်ဆိုင်ရတတ်သလိုပဲ ကျွန်တော်တို့တစ်တွေ အနေနဲ့လည်း NCA စာချုပ်ပါ လုပ်သင့်လုပ်ထိုက်တဲ့၊ လုပ်နိုင်တာတွေကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော် လုပ်ဆောင်ခြင်းအားဖြင့် ငြိမ်းချမ်းမှုရဲ့ရလဒ်များ၊ ငြိမ်းချမ်းရေးအသီးအပွင့်များကို ရယူခံစားနိုင်ကြဖို့လိုအပ်ကြောင်းနဲ့ တပ်မတော်အနေဖြင့်လည်း စိတ်ရောကိုယ်ပါ ပါဝင်ဆောင်ရွက်ဖို့ အဆင်သင့်ရှိပါကြောင်း ပြောကြားလိုပါတယ်။

ကျွန်တော်တို့နိုင်ငံဟာ ၂၀၁၁ ခုနှစ်ကစတင်ပြီး ပြည်သူတွေလိုလား တောင့်တနေတဲ့ ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းခဲ့ပါတယ်။ ဒီလမ်းကြောင်းကို အဆင်ပြေချောမွေ့စွာ လျှောက်လှမ်းနိုင်ဖို့ တပ်မတော် အစိုးရအနေနဲ့ နိုင်ငံရေးဆိုင်ရာတည်ဆောက်မှု၊ စီးပွားရေးဆိုင်ရာ တည်ဆောက်မှု၊ လူမှုရေးဆိုင်ရာတည်ဆောက်မှုတွေကို နိုင်ငံတော်တာဝန်ကို စတင်ယူခဲ့ရတဲ့ ၁၉၈၈ ခုနှစ်ကစပြီး ၂၀၁၀ ပြည့်နှစ်အထိ ပြင်ဆင်ဆောင်ရွက်ခဲ့ပါတယ်။ ဒီမိုကရေစီနိုင်ငံနဲ့ကိုက်ညီမယ့် အခြေခံဥပဒေရေးဆွဲနိုင်ဖို့ လူထု လူတန်းစားပေါင်းစုံရဲ့ ကိုယ်စားလှယ်များ၊ အလွှာပေါင်းစုံရဲ့ ကိုယ်စားလှယ် များပါဝင်တဲ့ အမျိုးသားညီလာခံကြီးကို ကျင်းပပေးခဲ့ပါတယ်။ အဲဒီညီလာခံမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲနိုင်ရေး အခြေခံရမယ့်မူများ၊ အခန်းများကို အသေးစိတ် ဆွေးနွေးရေးဆွဲခဲ့ပါတယ်။ ဒီမိုကရေစီစနစ်နဲ့ လိုက်လျောညီထွေဖြစ်မယ့် လုပ်ငန်းရပ်တွေကိုလည်း တစ်ပြိုင်တည်း ပြင်ဆင်ဆောင်ရွက် ခဲ့ပါတယ်။ ဥပမာအားဖြင့် အုပ်ချုပ်ရေးမဏ္ဍိုင်မှာ အခြေခံအုပ်ချုပ်ရေး အဖွဲ့အစည်းတွေဖြစ်တဲ့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့အစည်း၊ ခရိုင်အုပ်ချုပ်ရေးအဖွဲ့အစည်းတွေရဲ့ ဥက္ကဋ္ဌတွေကို တပ်မတော်က အရာရှိများဖြင့် ခန့်ထားဆောင်ရွက်ခဲ့ရာမှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အုပ်ချုပ်ရေးမှူးများဖြင့် ဆောင်ရွက်စေပြီး ဗျူရိုကရေစီယန္တရားစနစ်ကို တပ်မတော်အစိုးရ လက်ထက်မှာပဲ အဆင့်ဆင့် ပြုပြင်ပြောင်းလဲခဲ့ပါတယ်။ ဒါတွေဟာ ဒီမိုကရေစီစနစ်မှာ အရေးပါလာမယ့် Institution တွေ တည်ဆောက်ခြင်းကို အချိန်ယူလုပ်ဆောင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။ နိုင်ငံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နိုင်ဖို့အတွက် နိုင်ငံတော်၏ရှေ့လုပ်ငန်းစဉ် (၇)ရပ်ကိုချမှတ်ပြီး လုပ်ငန်းစဉ်အဆင့်ဆင့်ကို ဆောင်ရွက်ခဲ့ပါတယ်။ နောက်ဆုံး ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပပေးနိုင်ခဲ့ပြီး ပြည်သူ့ရွေးချယ်ခံအစိုးရထံသို့ နိုင်ငံတော်တာဝန်ကို အောင်မြင်စွာ လွှဲပြောင်းပေးနိုင်ခဲ့ပါတယ်။ ဒါဟာ ပြည်သူ့ဆန္ဒကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်သလို တိုင်းပြည်အတွက် နှစ်ပေါင်းများစွာ အချိန်ယူပြင်ဆင် လုပ်ဆောင်ခဲ့ရတာ ဖြစ်တဲ့အတွက် ပါတီစုံဒီမိုကရေစီစနစ်ကို လူတိုင်း၊ အဖွဲ့အစည်းတိုင်းက နားလည်ရန် လိုအပ်ပါတယ်။ တပ်မတော်အနေနဲ့လည်း ပါတီစုံဒီမိုကရေစီ လမ်းကြောင်းကနေ မယိမ်းမယိုင် ခိုင်ခိုင်မာမာ ဆက်လက်လျှောက်လှမ်းနိုင်ဖို့ ထိန်းသိမ်းလုပ်ဆောင်လျက်ရှိကြောင်း ပြောကြားလိုပါတယ်။

ကျွန်တော်တို့နိုင်ငံအနေနဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို လက်တွေ့ ဖော်ဆောင်ခဲ့တာ (၆)နှစ်ကျော်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီမိုကရေစီဆိုတာ စနစ်တစ်ခုလို့ယူဆနိုင်သလို လူတိုင်းလိုက်နာနိုင်မှ အောင်မြင်နိုင်မယ့် လုပ်ငန်းတစ်ခု၊ ကျင့်ဝတ်တစ်ခုဖြစ်တယ်လို့ ယူဆကြတာလည်းရှိပါတယ်။ သေချာတာတစ်ခုကတော့ အားလုံးပါဝင်ဖော်ဆောင်မှ အောင်မြင်နိုင်မယ့် နိုင်ငံရေးစနစ်တစ်ခုပဲ ဖြစ်ပါတယ်။ ဒီလိုဖော်ဆောင်ရာမှာ ပထမဆုံး အခြေခံလိုအပ်ချက်က ဒီမိုကရေစီစနစ်ကိုဆန့်ကျင်ပြီး ဒီမိုကရေစီလမ်းကြောင်းပေါ်ကနေ သွေဖည်သွားမယ့်လုပ်ဆောင်မှုတွေကို မလုပ်ဆောင်ဖို့ဘဲဖြစ်တယ်။ ဒီမိုကရေစီစနစ်မှာ မိမိတို့ရဲ့လိုအင်ဆန္ဒတွေကို ဒီမိုကရေစီ နည်းလမ်းတကျ၊ ဥပဒေဘောင်အတွင်းက ဆောင်ရွက်သွားမှသာ ပြည်သူ့ဆန္ဒနဲ့ကိုက်ညီမှာဖြစ်ပါတယ်။ အဓိကကတော့ ဥပဒေနဲ့အညီသာ အားလုံးက လိုက်နာလုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။ ဥပဒေရဲ့အထက်မှာ ဘယ်သူမှရှိလို့မရပါဘူး။ မည်သည့်လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ တာဝန်ထမ်းဆောင်မှုမျိုးမဆို နိုင်ငံတော်မှာပြဋ္ဌာန်းထားတဲ့ ဥပဒေအတိုင်းသာ လိုက်ပါလိုက်နာလုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။ ဥပဒေကို လက်တစ်လုံးခြားလှည့်ပြီး လုပ်လို့လည်းမရပါဘူး။ ပေးထားတဲ့ကတိကဝတ်များကိုလည်း မလေးစားလို့မရပါဘူး။ ဥပဒေနဲ့မညီတဲ့ လုပ်ဆောင်ချက်မှန်သမျှ အပြောခံ၊ အဝေဖန်ခံနေရမှာပဲ ဖြစ်ပါတယ်။ ထို့အတူပဲ မြန်မာနိုင်ငံအတွင်းမှာ မှီတင်းနေထိုင်သူအားလုံးဟာ နိုင်ငံတော်ကထုတ်ပြန်ထားတဲ့ တည်ဆဲဥပဒေများကို လေးစားလိုက်နာဆောင်ရွက်ဖို့လည်း လိုအပ်ပါတယ်။ ဥပဒေနဲ့အညီ ဆောင်ရွက်မှုများကိုလည်း လက်ခံကြရမှာဖြစ်ပါတယ်။ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပဋိပက္ခတွေကိုလည်း ဒီမိုကရေစီမူဘောင်အတွင်းကနေ ဖြေရှင်းသွားရမှာဖြစ်ပါတယ်။ ဒီလိုပဲ ဒီမိုကရေစီရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ လက်နက်စွဲကိုင်ပြီး လိုရာတောင်းဆိုမှုမျိုးကို စွန့်လွှတ်ပြီး နိုင်ငံရေးနည်းလမ်းတွေနဲ့သာ ဖြေရှင်းဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်နိုင်ဖို့ ပထမဆုံး စတင်လျှောက်လှမ်းရမယ့် ခြေလှမ်းကတော့ ဒီ NCA စာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးခြင်းပဲ ဖြစ်ပါတယ်။ ဘယ်လောက်ပဲ ဝေးကွာတဲ့ခရီးဖြစ်ပါစေ အရေးအကြီးဆုံး လုပ်ရမယ့်အလုပ်က ပထမဦးဆုံးလျှောက်လှမ်းရမယ့်ခြေလှမ်းကို စတင်လိုက်ဖို့ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ အတူတကွလက်တွဲပူးပေါင်း လျှောက်လှမ်းနေတဲ့ ထာဝရငြိမ်းချမ်းရေးခရီးလမ်း၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေး ခရီးလမ်းမှာ မလွဲမသွေလျှောက်လှမ်းရမယ့် ဒီခြေလှမ်းကိုတုံ့ဆိုင်းမနေဘဲ စတင်ပါဝင် လျှောက်လှမ်းကြဖို့ တိုက်တွန်းလိုပါတယ်။

သမိုင်းစာမျက်နှာဆိုတာ မိမိတို့ဖြတ်သန်းခဲ့ရတဲ့ ကာလတစ်လျှောက်မှာ ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ အားသာချက်အားနည်းချက်တွေ၊ အဆိုးနဲ့အကောင်းတွေကို ထင်သာမြင်သာအောင် မီးမောင်းထိုးပြထားတဲ့ ကြေးမုံပြင်တစ်ချပ်ပါပဲ။ အဲဒီသမိုင်းစာမျက်နှာဆိုတဲ့ ကြေမုံပြင်ကြီးကို ကြည့်လိုက်တာနဲ့ ရှေးပဝေသဏီကတည်းက မြန်မာနိုင်ငံတော်ကြီးမှာ ကျွန်တော်တို့ တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေ အေးအတူပူအမျှ အတူတကွနေထိုင်ခဲ့ကြတာကို အထင်အရှားတွေ့မြင်နိုင်ပါတယ်။ တိုင်းနှင့် ပြည်နယ်များနဲ့ ဖွဲ့စည်းထားတဲ့နိုင်ငံတော်ဖြစ်ပေမယ့် ပြည်နယ်တစ်ခု၊ တိုင်းဒေသကြီးတစ်ခုမှာ လူမျိုးစုတစ်စုတည်း သီးခြားနေထိုင်ကြတာ မဟုတ်ဘဲ ညီရင်းအစ်ကိုတွေလို ချစ်ကြည်ရင်းနှီးစွာနဲ့ ပေါင်းစည်းနေထိုင်ခဲ့ ကြတာဖြစ်ပါတယ်။ အရေးကြီးလျှင်သွေးနီးသည်ဆိုတဲ့ စကားနဲ့အညီ နိုင်ငံတော်ကို ထိပါးရန်စကျူးကျော် လာသမျှကိုလည်း တိုင်းရင်းသားအားလုံးက လူမျိုးဘာသာမခွဲခြားဘဲ ပြည်ထောင်စုစိတ်ဓာတ်နဲ့ စုပေါင်း ကာကွယ်ခဲ့ကြတာကိုလည်း သမိုင်းစာမျက်နှာတွေမှာ တွေ့မြင်ကြရမှာပါ။ ထို့အတူ သွေးစည်းညီညွတ်မှုတွေ ပျက်ပြားပြီး စည်းလုံးမှုအားတွေ လျော့ပါးသွားချိန်မှာ အင်္ဂလိပ်နယ်ချဲ့တွေရဲ့ ရန်စကျူးကျော်မှုတွေ ခုခံတွန်းလှန်နိုင်စွမ်းမရှိဘဲ ကျွန်တော်တို့ တိုင်းရင်းသားပြည်သူများအားလုံး နှစ်ပေါင်း ၁၀၀ ကျော် သူ့ကျွန်ဘဝကျရောက်ခဲ့ရတာကိုလည်း သမိုင်းစာမျက်နှာမှာ တွေ့ရပါလိမ့်မယ်။

အဲဒီလို လွတ်လပ်ရေးနဲ့အချုပ်အခြာအာဏာ ဆိတ်သုဉ်းသွားချိန်မှာ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး နယ်ချဲ့အင်္ဂလိပ်တွေရဲ့ စိတ်တိုင်းကျခြယ်လှယ်မှု၊ ကုပ်သွေးစုပ်အမြတ်ထုတ်ယူမှုတွေကို ခံစားခဲ့ရတာလည်း မိမိနိုင်ငံနဲ့လူမျိုးအတွက် ရုပ်ဆိုးအကျည်းတန်လှတဲ့ သမိုင်းဖြစ်စဉ်ဖြစ်ခဲ့ရပါတယ်။ ဆုံးရှုံးသွားတဲ့ လွတ်လပ်ရေးကို ပြန်လည်ရရှိဖို့ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှာ သန္ဓေတည်ပေါက်ဖွားလာတဲ့ တပ်မတော်နဲ့ပြည်သူအတူလက်တွဲပြီး ဖက်ဆစ်ဂျပန်နဲ့ နယ်ချဲ့အင်္ဂလိပ်တွေကို တော်လှန်တိုက်ခိုက်ခဲ့ရတာတွေ၊ လွတ်လပ်ရေးအတွက် တိုင်းရင်းသားအားလုံးရဲ့ သွေးစည်းညီညွတ်မှုကို ပင်လုံစိတ်ဓာတ်နဲ့ ဖော်ပြနိုင်ခဲ့ တာတွေဟာလည်း မမေ့နိုင်တဲ့ သမိုင်းစာမျက်နှာတွေပဲဖြစ်ပါတယ်။ လွတ်လပ်ရေးရပြီးနောက်မှာ ကိုလိုနီဘဝက နယ်ချဲ့တွေရဲ့ကျင့်သုံးခဲ့တဲ့ သွေးခွဲအုပ်ချုပ်မှုစနစ်ကြောင့် ကျွန်တော်တို့ တိုင်းရင်းသားများအကြားမှာ အယူဝါဒရေးအရ၊ လူမျိုးရေးအရ၊ ဘာသာရေးအရ စိတ်ဝမ်းကွဲပြားမှုများစွာပေါ်ပေါက်လာခဲ့ပြီး ယနေ့ ကျွန်တော်တို့ ဆွေးနွေးညှိနှိုင်းနေရတဲ့ တိုင်းရင်းသား လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပေါ်ခဲ့ရတာဟာလည်း သမိုင်းစာမျက်နှာကနေ ရယူရမယ့် သင်ခန်းစာတွေပဲဖြစ်ပါတယ်။ အဲဒီလို ဖြတ်သန်းကျော်လွှားခဲ့ရတဲ့ သမိုင်းစာမျက်နှာကနေ ကျွန်တော်တို့အတွက် တန်ဖိုးကြီးမားတဲ့ ဖော်ထုတ်ချက်ကတော့ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေးနဲ့ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေး ဆိုတဲ့ ဒို့တာဝန်အရေးသုံးပါးပဲ ဖြစ်ပါတယ်။ ဒီအတွက်လည်း ဒို့တာဝန်အရေးသုံးပါးဟာ ကျွန်တော်တို့ တိုင်းရင်းသား ညီအစ်ကိုတွေအားလုံးက ဝိုင်းဝန်းထိန်းသိမ်းကာကွယ်စောင့်ရှောက်ရမယ့် အမျိုးသားရေးတာဝန်ကြီး ဖြစ်ကြောင်း ပြောကြားလိုပါတယ်။ နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို အဓိကတာဝန်ယူထမ်းဆောင်နေတဲ့ တပ်မတော်အနေနဲ့ကတော့ အမျိုးသားရေးတာဝန်ဖြစ်တဲ့ ဒို့တာဝန်အရေးသုံးပါးကို ဘယ်သောအခါမှ အထိအပါးအပွန်းအပဲ့ခံမှာမဟုတ်ဘဲ အမြဲဦးထိပ်ပန်ဆင်ပြီး ကာကွယ်စောင့်ရှောက်သွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ တစ်မျိုးသားလုံးရဲ့ အရေးကိစ္စဖြစ်တဲ့အတွက်လည်း တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံးကပါ အတူလက်တွဲပြီး ဝိုင်းဝန်းထိန်းသိမ်း ကာကွယ်စောင့်ရှောက်သွားဖို့ လိုအပ်ကြောင်းကိုလည်း ထပ်လောင်း ပြောကြားလိုပါတယ်။

ကျွန်တော့်အနေနဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ အခမ်းအနားတွေ၊ ဆွေးနွေးမှုတွေ၊ တွေ့ဆုံမှုတွေတိုင်းမှာ NCA နဲ့ ပတ်သက်ပြီး အမြဲထည့်သွင်းပြောဆိုခဲ့ပါတယ်။ ဒီလိုထည့်သွင်းပြောကြားရခြင်းဟာ နံပါတ်တစ် အနေနဲ့ “NCA စာချုပ်ဟာ နိုင်ငံအတွက်အရေးတကြီးလိုအပ်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အဓိကအကျဆုံး အခြေခံလုပ်ဆောင်ရမယ့် အချက်ဖြစ်လို့”၊ နံပါတ်နှစ်အနေနဲ့ “ဒီအခြေခံအချက်ကို မဖော်ဆောင်ဘဲ၊ တစ်နည်းအားဖြင့် သေနတ်သံမတိတ်ဘဲ ကျွန်တော်တို့လုပ်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှန်သမျှဟာ စိတ်မချရဘဲ လက်နက်ကိုင်လမ်းစဉ်ကိုသာ ပြန်လည်ဦးတည်သွားနိုင်လို့”၊ နံပါတ်သုံးအနေနဲ့ “NCA စာချုပ်ပါသဘောတူညီချက်တွေဟာ တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့တည်းကရေးဆွဲထားတာမဟုတ်ဘဲ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများရဲ့ ကနဦးအဆိုပြုချက်တွေအပေါ်မှာအခြေခံပြီး အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအားလုံး ဆွေးနွေးညှိနှိုင်းသဘောတူရေးဆွဲထားတဲ့ စာချုပ်ဖြစ်လို့”ပဲဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်သမိုင်းမှာ ဒီလိုအဖွဲ့အစည်းများစွာနဲ့ အချိန်ယူဆွေးနွေးညှိနှိုင်းပြီး သဘောတူညီလက်မှတ်ရေးထိုးနိုင်ခဲ့တာ မရှိခဲ့ကြောင်းကိုလည်း တွေ့ရှိရပါတယ်။ ဒါ့ကြောင့် NCA ဟာ အများသဘောတူညီမှု၊ ပူးပေါင်းပါဝင်မှုဆိုတဲ့ ဒီမိုကရေစီနည်းလမ်းတကျ ဆောင်ရွက်ထားတာဖြစ်ကြောင်း ညွှန်းဆိုလိုပါတယ်။ ဒီအတွက် NCA မှာ ပါဝင်ပူးပေါင်းဆောင်ရွက်ခြင်းဟာ ပြည်သူ့ဆန္ဒကို ဒီမိုကရေစီနည်းလမ်းတကျဖော်ဆောင်ခြင်း၊ နိုင်ငံနဲ့လူမျိုးအတွက် အရေးတကြီးလိုအပ်ချက် ဖြစ်တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ နိုင်ငံအကျိုး၊ လူမျိုးအကျိုးကိုမျှော်ကိုးပြီး ပါဝင်လုပ်ဆောင်ခြင်းလည်းဖြစ်ကြောင်း ပြောကြားလိုပါတယ်။

NCA စာချုပ်ရဲ့အခြေခံမူများအခန်းမှာ “ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အား ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ရှေ့ရှု၍ လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုတို့ကိုအခြေခံပြီး ပင်လုံစိတ်ဓာတ်နဲ့အညီ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ၊ အာမခံချက်များအပြည့်အဝရှိသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကိုအခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များနှင့်အညီ တည်ဆောက်သွားရန်” ဆိုပြီး ပထမဦးစွာ သဘောတူညီခဲ့တာကိုတွေ့ရမှာဖြစ်ပါတယ်။ ရေရှည်တည်တံ့ ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရရှိဖို့ တိုင်းရင်းသားများ၏လိုလားချက်များနှင့် သဘောထားဆန္ဒများကိုအခြေခံပြီး ပါဝင်သင့်သူ အားလုံးပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲများကို NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများရှိတဲ့ သတ်မှတ်နယ်မြေများတွင် ကျင်းပသွားရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီစာချုပ်ဟာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုတဲ့ အကြောင်းတရားထက် ပိုမိုတဲ့အဓိပ္ပာယ်တွေရှိတယ်လို့ ပြောဆိုရခြင်းဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ ဘာတွေကိုလိုက်နာစောင့်ထိန်းရမယ်။ အဲဒီအတွက် ဘာတွေရမယ်။ အဲဒီ လိုက်နာစောင့်ထိန်းရမှာတွေ၊ ရပိုင်ခွင့်တွေအတွက် အသေးစိတ်ဆောင်ရွက်ကြရာမှာ ဘယ်လို နည်းလမ်းတွေကို ကျင့်သုံးမယ်ဆိုတာတွေပါရှိပြီး ဖြစ်ပါတယ်။

NCA စာချုပ် အခြေခံမူပထမအချက်မှာ ဒီနေ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသာမက အခြားတိုင်းရင်းသားအဖွဲ့အစည်းတွေတောင်းဆိုနေတဲ့ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်တို့ကို အခြေခံတဲ့ ပြည်ထောင်စုကိုတည်ဆောက်မယ်လို့လည်း သဘောတူ သတ်မှတ်ခဲ့ပြီး ဖြစ်ပါတယ်။ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကို တည်ဆောက်မှုနဲ့ပတ်သက်ပြီး ဘယ်လိုဖက်ဒရယ်လဲ ဆိုပြီး မေးနေတာတွေလည်း ရှိပါသေးတယ်။ ဘယ်လိုဖက်ဒရယ်လဲ ဆိုတာကို “ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ၊ အာမခံချက်များအပြည့်အဝရှိသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့်ပြည်ထောင်စု” လို့ အခြေခံမူ ပထမအချက်မှာပဲ အာမခံချက်ပေးထားတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့ တိုင်းရင်းသားပြည်သူအားလုံး လိုချင်နေတဲ့ ဖက်ဒရယ်စနစ်၊ တစ်နည်းအားဖြင့် ပြည်ထောင်စုစနစ်ပါပဲ။ ဖက်ဒရယ်ပြည်ထောင်စုအတွက် ရည်မှန်းချက်နဲ့ တိုင်းရင်းသားပြည်သူအားလုံးအတွက် အခွင့်အရေးပဲ ဖြစ်ပါတယ်။ ဒီရည်မှန်းချက် ဒီအခွင့်အရေးရဖို့ ကျွန်တော်တို့ ဘာတွေကို စောင့်ထိန်းကြရမလဲ။ ကမ္ဘာလုံးဆိုင်ရာအမှန်တရား(Universal Truth)လို့ ခေါ်ဆိုရမယ့် လောကပါလတရားသုံးပါးဖြစ်တဲ့ လွတ်လပ်မှု၊ တန်းတူညီမျှမှုနဲ့ တရားမျှတမှုတွေကို စောင့်ထိန်းရပါမယ်။ ပြီးရင် မြန်မာ့အမျိုးသား အကျိုးစီးပွားဖြစ်တဲ့ ဒို့တာဝန်အရေးသုံးပါးကို လိုက်နာရမှာ ဖြစ်ပါတယ်။ ဒီလိုက်နာလုပ်ဆောင်ဖို့တာဝန်တွေ၊ ရရှိရမယ့်အခွင့်အရေးတွေ၊ ရည်မှန်းချက်တွေကို ကျွန်တော်တို့ ဘယ်လိုအကောင်အထည်ဖော်ကြမလဲ၊ ဘယ်လို တည်ဆောက်ကြမလဲ၊ အသေးစိတ် ဘယ်လိုဆောင်ရွက်ကြမလဲ ဆိုတာကို ဒီမိုကရေစီနည်းလမ်းတကျ၊ ငြိမ်းချမ်းသောနည်းလမ်း၊ စေ့စပ်ညှိနှိုင်းခြင်း နည်းလမ်းဖြစ်တဲ့ “နိုင်ငံရေးဆွေးနွေးပွဲရလဒ်များနှင့်အညီ တည်ဆောက်သွားရန်”လို့ သဘောတူထားတာ ကိုလည်း တွေ့ရမှာဖြစ်ပါတယ်။

NCA ကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတိုင်းက လက်မှတ်ရေးထိုးရမှာဖြစ်ပါတယ်။ ပစ်ခတ်တိုက်ခိုက်မှုမရှိလို့ လက်မှတ်ထိုးစရာမလိုဘူးလို့ပြောနေတဲ့ အဖွဲ့အချို့ရှိပါတယ်။ NCA ဟာ အမည်နာမအားဖြင့်သာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် ဖြစ်ပါတယ်။ အနှစ်သာရအားဖြင့် ကတော့ ဒါ့ထက် ပိုမိုကျယ်ပြန့်ပါတယ်။ နက်ရှိုင်းပါတယ်။ ဒါ့ကြောင့် NCA ကိုလက်မှတ်ထိုးဖို့လိုအပ်ကြောင်း အခိုင်အမာ ပြောကြားလိုပါတယ်။ ဒီစာချုပ်မှာပါတဲ့ကိစ္စတွေဟာ တိုင်းရင်းသား ပြည်သူလူထုရဲ့အခွင့်အရေးကို ကန့်သတ်ထားတာ၊ ချုပ်ချယ်ထားတာ၊ ပိတ်ပင်ထားတာ တစ်ခုမှမပါပါဘူး။ အခွင့်အရေးကို ပေးနိုင်သမျှ ပေးထားတာကိုပဲ တွေ့ရမှာဖြစ်ပါတယ်။ ဒါကိုဆက်လက်ပြီး မသိကျိုးကျွန်ပြုနေရင် ပြည်သူလိုလားတဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို ဆန့်ကျင်ခြင်း၊ ဒီမိုကရေစီစနစ်ကိုဆန့်ကျင်ခြင်း၊ လက်နက်ကိုင်ပြီး “သူတစ်လူ၊ ငါတစ်မင်း” စနစ်ကို တည်ထောင်လိုခြင်းနှင့် ပြည်ထောင်စုနဲ့ ပြည်သူလူထုအကျိုးကို မျက်ကွယ်ပြုလိုခြင်းလို့ ယူဆရမှာဖြစ်ပါတယ်။

ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ပြည်ထောင်စုကို တည်ဆောက်ကြရာမှာ ကျွန်တော်တို့ဟာ ဥပဒေနှင့်အညီ သွားကြဖို့လိုပါတယ်။ တရားဥပဒေစိုးမိုးမှုရှိမှလည်း ကျွန်တော်တို့လိုလားတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ပြည်ထောင်စုကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ တရားဥပဒေစိုးမိုးရေး ဆိုတာမှာလည်း အမြင်အမျိုးမျိုး ရှိကြပါတယ်။ ဥပဒေပညာရှင်တွေက တည်ငြိမ်မှု(Stability))ကို အဓိကထားပြီး တရားဥပဒေစိုးမိုးမှု ရှိ/မရှိ ဆုံးဖြတ်ကြပါတယ်။ နိုင်ငံရေးအမြင်(Political Point of View) မှာတော့ “ တာဝန်ခံမှု ”(Accountability) နဲ့ “ တရားဥပဒေအထက်မှာ ဘယ်သူမျှမရှိစေရေး” (No one above the law) ဆိုတဲ့အချက်တွေနဲ့ နှိုင်းယှဉ်ချိန်ထိုး သုံးသပ်ကြပါတယ်။ အဲဒီနှစ်ချက်မပြည့်စုံရင် နိုင်ငံရေးအရ တရားဥပဒေ စိုးမိုးမှုမရှိဘူးလို့ ယူဆကြပါတယ်။

ဒါကြောင့် ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုကို တည်ဆောက်တဲ့နေရာမှာ ကျွန်တော်တို့အားလုံးဟာ နိုင်ငံတော်ရဲ့ တည်ဆဲဥပဒေတွေကို လေးစားလိုက်နာဖို့လိုပါတယ်။ အားလုံးသဘောတူညီထားတဲ့ သဘောတူညီချက်တွေအပေါ် အလေးထားဖို့လိုပါတယ်။ တစ်ဖက်ကလည်း နိုင်ငံရေးအရတည်ငြိမ်မှု၊ လုံခြုံရေးအရတည်ငြိမ်မှုတွေကို ခိုင်ခိုင်မာမာတည်ဆောက်ကြရမှာ ဖြစ်ပါတယ်။ တော်လှန်ရေးဆိုတာ အဟောင်းတွေကို ဖျက်သိမ်းနိုင်ရင်ပြီးပြီလို့ ယူဆနိုင်မှာဖြစ်ပေမယ့် တည်ဆောက်ခြင်းဆိုတာ အဟောင်းတွေကို မွမ်းမံနိုင်ခြင်း၊ ထိန်းသိမ်းသင့်တာတွေကို ထိန်းသိမ်းနိုင်ခြင်းနဲ့ အသစ်တွေကို တည်ဆောက်နိုင်ခြင်းဖြစ်တယ်ဆိုတာကို မှတ်ယူရမှာဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း ယနေ့ကမ္ဘာမှာ လက်တွေ့ကျင့်သုံးနေရတာက ပြုပြင်ပြောင်းလဲခြင်း၊ တော်လှန်ခြင်း(Revolution)ဆိုတာထက် တည်ဆောက်ခြင်း(Building) ဆိုတာဖြစ်ကြောင်း သတိချပ်စေလိုပါတယ်။

နိဂုံးချုပ်အနေနဲ့ ကျွန်တော်တိုက်တွန်းပြောကြားလိုတာကတော့ –

  • တိုင်းရင်းသားညီအစ်ကိုမောင်နှမများရဲ့ အခွင့်အရေးကို အပြည့်အဝ အာမခံချက်ပေးထားတဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်ကို ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုတဲ့ ဘောင်ထဲကသာ မကြည့်ဘဲ ပိုမိုကျယ်ပြန့်တဲ့အမြင်နဲ့ ကြည့်ပြီး အချိန်မဆိုင်းဘဲ အားလုံးပါဝင်ဆောင်ရွက်သွားကြပါ။
  • ပြည်သူ့ဆန္ဒဖြစ်တဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို နိုင်ငံသားတိုင်း လက်ခံယုံကြည်ပြီး ဒီမိုကရေစီဖော်ဆောင်မှု အပါအဝင် လုပ်ငန်းဆောင်ရွက်မှုအားလုံးကို ဥပဒေနှင့်အညီ ကျင့်သုံး လိုက်နာလုပ်ဆောင်သွားကြပါ။
  • ပြည်သူတွေရဲ့ မျှော်လင့်ချက်၊ ပြည်သူတွေရဲ့ ဆန္ဒဖြစ်တဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုကို တည်ဆောက်ရာမှာ တရားမျှတမှု၊ လွတ်လပ်မှု၊ ညီမျှမှုတွေ အပေါ်မှာအခြေခံပြီး အမျိုးသားအကျိုးစီးပွားဖြစ်တဲ့ ဒို့တာဝန် အရေးသုံးပါးအပေါ် ရှေ့ရှုဆာင်ရွက်သွားကြပါလို့ တိုက်တွန်း ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။

ဖတ္သင့္ေသာ သတင္းမ်ား

ျပန္စာထားခဲ့ပါ။

သင့္ email လိပ္စာကို ေဖာ္ျပမည္ မဟုတ္ပါ။ လိုအပ္ေသာ ကြက္လပ္မ်ားကို * ျဖင့္ ေဖာ္ျပထားပါသည္။