COVID-19 ရောဂါဖြစ်ပွားမှုသည် ကျန်းမာရေးနှင့်ပတ်သက်သည့် စိန်ခေါ်မှုတစ်ရပ်ဖြစ်ပြီး ထာဝရကောင်းမွန်သော လူထုကျန်းမာရေးစနစ်ဖြစ်စေရန် အတွေ့အကြုံယူ ဖော်ဆောင်ကြရန်လို

နေပြည်တော်၊ ဇွန် ၃

ကမ္ဘာ့ကပ်ရောဂါ COVID-19 ကာကွယ်ရေး၊ ထိန်းချုပ်ရေး၊ ကုသရေးနှင့် အခြား လိုအပ်ချက်များ ဆောင်ရွက်ပေးနိုင်ရေး အဋ္ဌမအကြိမ်ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) အစည်းအဝေးခန်းမ၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးစီး၍ ကျင်းပပြုလုပ် သည်။

အဆိုပါ အစည်းအဝေးသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဖွင့် အမှာစကားပြောကြားရာ၌ တပ်မတော်အနေဖြင့် နိုင်ငံသားများ အသက်အန္တရာယ် ကာကွယ်နိုင်ရေးအတွက် စွမ်းအားရှိသမျှလုပ်ဆောင်ပေးနေကြောင်း၊ လူစွမ်းအား၊ ပစ္စည်း စွမ်းအားများအပြင် တတ်နိုင်သမျှ အလှူငွေများထည့်ဝင်ပေးပြီး ရောဂါကာကွယ်ရေး တွင် အထောက်အကူပြုပေးလျက်ရှိကြောင်း၊ ရောဂါကာကွယ်ရေးအတွက် လိုအပ်သော ဆေးအကာအကွယ်ပစ္စည်းများလှူဒါန်းပေးလျက်ရှိရာတွင်Maskများအား အရေအတွက် များစွာ ပေးလှူထားကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကြည့်လျှင် ပမာဏနည်း ပါးသော်လည်းMask များသည် COVID-19 ရောဂါကာကွယ်ရေးတွင် အခြေခံအကျ ဆုံးဖြစ်ကြောင်း၊ တစ်ခါသုံးများဖြစ်၍ အမှန်တစ်ကယ်လိုအပ်သည့်နေရာများနှင့် လိုအပ် သူများထံသို့ ဦးစားပေး၍ ရောက်ရှိအောင် ဆောင်ရွက်ပေးရန်လိုကြောင်း၊ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိရာမှ နိုင်ငံ၏ ကျန်းမာရေးဆိုင်ရာ အဆင်သင့်ဖြစ်မှု လိုအပ်ချက်များကို တွေ့ရှိလာရကြောင်း၊ ထာဝရကောင်းမွန်သည့် လူထုကျန်းမာရေးစနစ်မျိုး လုပ်ဆောင် သွားနိုင်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ရောဂါကူးစက်မှုမှာ ကမ္ဘာ့လူနေမှုစနစ်ကြောင့် ကူးစက်မှုများဖြစ်ပေါ်လာ သည်ကို တွေ့ရှိရသဖြင့် လူူနေမှုစနစ်ကို ပြုပြင်ရန်၊ သန့်ရှင်းသည့် ပတ်ဝန်းကျင် လူနေမှုစနစ်များဖြစ်ရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဥပမာအားဖြင့် သန့်ရှင်းသည့် ပတ်ဝန်းကျင်နှင့် လေကောင်းလေသန့်ရရှိရေးအတွက် Pollution ကိုလျှော့ချရမည်ဖြစ်ပြီး ပြည့်ဖြိုးမြဲ စွမ်းအင်များဖြစ်သော နေ၊ လေ၊ ရေ စွမ်းအင်များမှ လျှပ်စစ်ထုတ်ယူမှုများကို အားပေး ရမည်ဖြစ်ကြောင်း၊ လျှပ်စစ်စွမ်းအားဖြင့်ပို့ဆောင် ရေးများကို အားပေးရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာကြသူများက ရှင်းလင်းတင်ပြကြရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ ပြန်ရေးကော်မတီများ၏ ဆောင်ရွက်နေမှုအခြေအနေများ၊ ယနေ့နံနက်အထိ ကမ္ဘာတစ် ဝန်းတွင် ရောဂါဖြစ်ပွားမှု၊ ကူးစက်မှု၊ သေဆုံးမှု၊ ပြန်လည်ကောင်းမွန်မှု အခြေအနေများ၊ အိမ်နီးချင်းနိုင်ငံများဖြစ်သော အိန္ဒိယနိုင်ငံတွင် ရောဂါကူးစက်ခံရသူ ၂၀၆၁၈၃ ဦး၊ သေဆုံးသူ ၅၈၂၉ ဦးရှိကာ ဧပြီလတွင် ရောဂါပိုးတွေ့ရှိသူ ၃၁၇၇၆ ဦးမှ မေလတွင် ရောဂါပိုးတွေ့ရှိသူ ၁၅၃၆၅၈ ဦး ရှိလာသဖြင့် တစ်လအတွင်း ၅ ဆခန့် ပိုမိုမြင့်တက်ခဲ့ပြီး ကမ္ဘာတွင် ၇ နိုင်ငံမြောက် ကူးစက်မှုအများဆုံးနိုင်ငံဖြစ်လာသည့် အခြေအနေများ၊ အလားတူ ဘင်္ဂလားဒေရှ့်နိုင်ငံတွင်လည်း ရောဂါပိုးတွေ့ရှိသူ ၅၂၄၄၅ ဦး၊ သေဆုံးသူ ၇၀၉ ဦးရှိကာ ဧပြီလအတွင်း ရောဂါပိုးတွေ့ရှိသူ ၇၆၁၆ သာရှိခဲ့ရာမှ မေလတွင် ၃၈၉၁၅ ဦးအထိ ၅ ဆကျော်မြင့်တက်လျက်ရှိသည့် အခြေအနေများ၊ အာဆီယံနိုင်ငံများတွင် စင်ကာပူ၌ ဧပြီလအတွင်း ရောဂါပိုးတွေ့ရှိသူ ၁၅၁၆၉ ဦး၊ မေလတွင် ၁၇၇၈၃ ဦး၊ အင်ဒိုနီးရှားနိုင်ငံ၌ ဧပြီလတွင် ရောဂါပိုးတွေ့ရှိသူ ၈၄၄၁ ဦး၊ မေလတွင် ၁၅၉၉၂ ဦး၊ ဖီလစ်ပိုင်နိုင်ငံ၌ ဧပြီလတွင် ရောဂါပိုးတွေ့ရှိသူ ၆၁၇၇ ဦး၊ မေလတွင် ၉၃၁၄ ဦး ရှိသဖြင့် ရောဂါပိုးကူးစက်ခံရမှု မြင့်တက်ဆဲတွေ့ရှိရသည့် အခြေအနေများ၊ မလေးရှား၊ ထိုင်း၊ ဗီယက်နမ်၊ ဘရူနိုင်း၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့တွင် ရောဂါပိုးတွေ့ရှိမှု လျော့ ကျလာကြောင်း တွေ့ရှိရသည့် အခြေအနေများ။

မြန်မာနိုင်ငံတွင် ရောဂါပိုးစတင်တွေ့ရှိသည်မှ ယနေ့အထိ ၇၂ ရက်ရှိပြီဖြစ်ကာ ယနေ့နံနက်အထိ ရောဂါပိုး တွေ့ရှိသူ ၂၃၃ ဦး၊ သေဆုံးသူ ၆ ဦး၊ ပျောက်ကင်းသက်သာ လာသူ ၁၄၃ ဦး၊ ပြည်တွင်းရောဂါကူးစက်မှုအနေဖြင့် မေလ ၁၈ ရက်မှ ဇွန်လ ၁ ရက် နေ့အထိ ၁၅ ရက်ကြာ မတွေ့ရှိဘဲ ဇွန်လ ၂ ရက်နေ့တွင် ပြည်တွင်းကူးစက်ခံရမှု တစ်ဦး တွေ့ရှိရသည့် အခြေအနေများ၊ မေလအတွင်း လေကြောင်းဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာသူများ အားလုံးကို ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးခဲ့ရာ ယနေ့အထိ အိန္ဒိယမှ ပြန်လာသူ ၃၀၃ ဦးအနက်မှ ၂၆ ဦး၊ မလေးရှားမှ ပြန်လာသူ ၅၉၁ ဦိးအနက် မှ ၁၃ ဦး၊ ယူအေအီးမှ ပြန်လာသူ ၁၄၈ ဦးအနက်မှ ၈ ဦး၊ အီတလီမှ ပြန်လာသူ ၁ ဦး၊ တရုတ်မှပြန်လာသူ ၁ ဦး၊ ထိုင်းမှ ပြန်လာသူ ၁ ဦိး စုစုပေါင်း ၅၀ ဦိးတွင် ရောဂါပိုး တွေ့ရှိရသည့် အခြေအနေများ၊ ရောဂါပိုးတွေ့ရှိရသူ ၂၃၃ ဦးတွင် ပြည်ပမှ ဝင်ရောက်သူ ၇၀ ဦးနှင့် ၎င်းတို့မှ တစ်ဆင့်ကူးစက်သူ ၁၀၄ ဦးရှိ၍ ပြည်ပဝင်ရောက်သူများမှ ကူးစက်မှု အများဆုံးဖြစ်သည့် အခြေအနေများ၊ ရောဂါပိုးတွေ့ရှိသူများတွင် ရောဂါလက္ခဏာ မပြ သည့် Silent Carrier ၁၇၂ ဦး ရှိပြီး ရောဂါပိုးကူးစက်ခံရသူစုစုပေါင်း၏ ၇၃ ဒသမ ၈၂ ရာခိုင်နှုန်းရှိသဖြင့် သတိပြုဆောင်ရွက်သင့်သည့် အခြေအနေများ။

တပ်မတော် ဆေးရုံ၊ ဆေးတပ်ရင်းများတွင် ယနေ့အထိ Rapid Test Kit ဖြင့် ၃၄၃၇ ဦး၊ PCR နည်းဖြင့် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဌာန(ရန်ကုန်)တွင် ၂၇ ဦး၊ တပ်မတော်ဆေးသုတေသနတပ်တွင် ၂၀၆ ဦး၊ အမှတ်(၁) တပ်မတော်ဆေးရုံကြီးတွင် ၅၄၃ ဦးနှင့် အမှတ်(၃) တပ်မတော်ဆေးရုံတွင် ၂၇ ဦး၊ စုစုပေါင်း PCR နည်းဖြင့် ၈၀၃ ဦး၊ Cobas 6800 နည်းဖြင့် အမှတ်(၁)တပ်မတော်ဆေးရုံကြီးတွင် ၈၂၄ ဦး၊ အမှတ်(၂) တပ်မတော်ဆေးရုံကြီးတွင် ၆၇၀ ဦး၊ စုစုပေါင်း Cobas 6800 နည်းဖြင့် ၁၄၉၄ ဦးစစ်ဆေး ပေးနိုင်ခဲ့ပြီး ပိုးတွေ့ရှိသူ ၅ ဦးရှိသည့် အခြေအနေများ၊ အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည့် အရာရှိ၊ စစ်သည် ၁၈ ဦးအနက် ၄ ဦးတွင် ရောဂါပိုးတွေ့ ရှိရပြီး တပ်မတော်အသည်းရောဂါအထူးကုဆေးရုံကြီးတွင် ဆေးဝါးကုသမှုခံယူလျက်ရှိ ကာ ကျန်းမာရေးကောင်းမွန်လျက်ရှိသည့် အခြေအနေများ၊ စစ်ကိုင်းမြို့ သီတဂူဗုဒ္ဓ တက္ကသိုလ်တွင် အိန္ဒိယနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် သံဃာတော်များ၊ သီလရှင် များနှင့် လူပုဂ္ဂိုလ်တို့အား ဆေးအကာအကွယ်ပေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေ များ။

တပ်မတော်သားများ၊ အရပ်သားအစားခန့်ဝန်ထမ်းများ၏ တစ်ရက်စာလုပ်ခ လစာငွေများမှ အလှူငွေများဖြင့် မေလအတွင်း ဆေးအကာအကွယ်ပစ္စည်းများလှူဒါန်းမှု ၂ ကြိမ်ပြု လုပ်ခဲ့ရာ အထူးကု ဆေးရုံကြီး ၃၃ ရုံအနက် ၃၂ ရုံ၊ အထွေထွေရောဂါကုဆေးရုံကြီး ၃၁ ရုံအနက် ၂၆ ရုံ၊ ခရိုင်ဆေးရုံ ၃၈ ရုံအနက် ၃၃ ရုံ၊ မြို့နယ်ဆေးရုံ ၂၇၀ အနက် ၂၄၁ ရုံ၊ တိုက်နယ်ဆေးရုံ ၇၉၆ ရုံအနက် ၆၉၄ ရုံ၊ ကျေးလက်ကျန်းမာရေးဌာန ၁၉၄၉ ဌာနအနက် ၈၅၈ ဌာနတို့အား လှူဒါန်းနိုင်ခဲ့ပြီး ဧပြီလ နှင့် မေလ အလှူငွေများမှ စုစုပေါင်း ၅ ကြိမ်လှူဒါန်းခဲ့ရာတွင် ဆေးရုံများအားလုံးနှင့် ကျေးလက်ကျန်းမာရေးဌာန ၁၀၈၈ ဌာနသို့ လှူဒါန်း ပေးနိုင်ခဲ့သည့် အခြေအနေများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ထံသို့ လှူဒါန်းပေးနိုင်ခဲ့သည့် အခြေအနေများ၊ လမ်းပန်းဆက်သွယ်မှုခက်ခဲသည့် ဝေးလံ ခေါင်ပါးသော နယ်မြေများသို့ ဆေးအကာအကွယ်ပေးခြင်းနှင့် ကျန်းမာရေးအသိပညာ ပေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့သည့် အခြေအနေများ၊ ပြည်သူ့ဆေးရုံများရှိ ဆေးရုံ တက်လူနာများအား ဖြည့်စွက်အာဟာရကျွေးမွေးမှု အနေဖြင့် ဆေးရုံပေါင်း ၄၄၀ တွင် ကျွေးမွေးမှု ၂၄၅၀ ကြိမ်၊ လူနာအင်အား ၁၄၈၃၆၅ ဦးကို ကျွေးမွေးနိုင်ခဲ့သည့် အခြေ အနေများ။

ကျောင်းသား၊ ကျောင်းသူများအတွက် Mask နှင့် Face Shieldများကို တပ်မတော် အထည်ချုပ် စက်ရုံများမှ ချုပ်လုပ်နေမှုအခြေအနေများနှင့် PPE ဝတ်စုံများကို ပြည်ပမှ ထုတ်လုပ်သည့် အရည်အသွေးအတိုင်း ထုတ်လုပ်လျက်ရှိသည့် အခြေအနေများ၊ တိုင်းစစ်ဌာနချုပ် နယ်မြေများအလိုက် ကျောင်းသင်ခန်းစာများ ပြန်လည်ဖတ်ရှုလေ့လာ ခြင်း၊ စာဖတ်ဝိုင်းများနှင့် ယဉ်ကျေးလိမ္မာသင်ကြားပို့ချပေးမှု အခြေအနေများ။

အိမ်နီးချင်း ထိုင်းနိုင်ငံနှင့်လာအိုနိုင်ငံတို့တွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွား နေသည့်အခြေအနေများ၊ တုပ်ကွေးရောဂါဖြစ်ပွားသည့် ရာသီဖြစ်သဖြင့် သွားလာနေထိုင် မှု၊ စားသောက်မှုများကို အကန့်အသတ်ဖြင့် ထိန်းချုပ်ရမည့်အခြေအနေများ၊ COVID-19 ရောဂါ လက္ခဏာများသည် တုပ်ကွေးရောဂါနှင့် ဆင်တူမှုများရှိသဖြင့် စနစ်တကျ နေထိုင်စားသောက်ပြီး ဂရုပြုရန်လိုအပ်သည့် အခြေအနေများနှင့် နီပေါနိုင်ငံတွင် အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိရန် အခက်အခဲ ဖြစ်နေသူများနှင့် မြန်မာနိုင်ငံတွင် ပိတ်မိနေသည့် နီပေါနိုင်ငံသားများအား တပ်မတော် လေယာဉ်များဖြင့် ပို့ဆောင်ပေးနိုင်ရေး ဆောင်ရွက်နေမှုအခြေအနေများအား ဆွေးနွေး တင်ပြကြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက် ပေးသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် COVID-19 ရောဂါဖြစ်ပွားမှုအခြေအနေများသည် ရပ်တန့်ခြင်းမရှိသေးဘဲ ကမ္ဘာတစ်ဝန်းတွင် ကူးစက်မှုနှင့် သေဆုံးမှုများ တိုးနေဆဲဖြစ်ကြောင်း၊ မိမိတို့တစ်နိုင်ငံတည်း မဟုတ်ဘဲ တစ်ကမ္ဘာလုံး ရင်ဆိုင်ရုန်းကန်ကြရမည့်အခြေအနေဖြစ်ကြောင်း၊ ရောဂါဖြစ်ပွားမှုကြောင့် အလုပ်အကိုင်မရှိသဖြင့် ဝင်ငွေမရှိဘဲ စားရေးအခက်အခဲများကို ကြုံတွေ့ကြမည်ဖြစ် သောကြောင့် အလုပ်အကိုင် အခွင့်အလမ်းများကို တတ်နိုင်သရွေ့ စဉ်းစားဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်ငန်းများရှိမှသာလျင် အလုပ်အကိုင် အခွင့်အလမ်း များ ရှိမည်ဖြစ်ကြောင်း။

တပ်မတော်မှ ပြည်သူ့ဆေးရုံများသို့ ဆေးအကာအကွယ်ပစ္စည်းများလှူဒါန်းမှုနှင့် ဆေးရုံတက်လူနာများအား အာဟာရဖြည့်စွက်စာကျွေးမွေးမှုသည် ကောင်းမွန်သည့် ဆောင်ရွက်မှုများဖြစ်ပြီး ဆေးရုံတက်ရောက်နေသည့် လူနာများနှင့် ကျန်းမာရေးဝန်ထမ်းများအနေဖြင့် စားရေးသောက်ရေးတွင် အခက်အခဲများကြုံတွေ့ ရနိုင်ကြောင်း၊ ထို့ကြောင့် ပြည်နယ်နှင့် တိုင်းများအလိုက် လူနာများပြားသည့် ဆေးရုံများတွင် တန်ဖိုးသင့် ထမင်း၊ ဟင်းလျာများ ရောင်းချပေးခြင်းအားဖြင့် လူနာများ၊ လူနာစောင့်များ၊ ကျန်းမာရေးဝန်ထမ်း များအတွက် အကျိုးရှိစေမည်ဖြစ်ကြောင်း။

ဇူလိုင် ၂၁ ရက်တွင် ကျောင်းများ ဖွင့်လှစ်မည်ဟုဆိုသဖြင့် ကျောင်းသား၊ ကျောင်းသူများအတွက် Mask များကို လုံလုံခြုံခြုံ၊ တန်ဖိုးအနည်းဆုံးဖြင့် ကြာကြာသုံးနိုင်ရန် အဓိကထား၍ ချုပ်လုပ်ဖြန့်ဝေပေးရမည်ဖြစ်ကြောင်း၊ တုပ်ကွေး ရာသီဖြစ်သဖြင့် ကလေးများတွင် သွေးလွန်တုပ်ကွေးမဖြစ်ပွားစေ ရေး လိုအပ်သော သန့်ရှင်းရေးနှင့်ပိုးသတ်ဆေးဖျန်းခြင်း၊ ကာကွယ်ဆေးထိုးခြင်းနှင့် ကျန်းမာရေး စစ်ဆေးမှုများ၊ စောင့်ရှောက်မှုများ၊ အသိပညာပေးမှုများ ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ COVID-19 ရောဂါနှင့် တုပ်ကွေးရောဂါတို့သည့် ရောဂါလက္ခဏာအချို့ တူညီနေသဖြင့် အဆိုပါအချက်အလက်များကို ပြည်သူလူထုသိရှိအောင် ပညာပေးမှုများ ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ထို့ပြင် ကျရောက်လာနိုင်သော သဘာ၀ ဘေးအန္တရာယ်တို့အတွက် ကြိုတင်ကာကွယ်ပြင်ဆင်မှုများကို ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ အိမ်နီးချင်း နိုင်ငံများတွင် COVID-19 နှင့် အခြားရောဂါများ ဖြစ်ပေါ်လျက်ရှိရာ ဆက်စပ်လျက် ရှိသော နယ်မြေများတွင် အထူးသတိထားဆောင်ရွက်ကြရမည်ဖြစ်ကြောင်းဖြင့် မှာကြားခဲ့သည်။

(Zawgyi Version)

COVID-19 ေရာဂါျဖစ္ပြားမႈသည္ က်န္းမာေရးႏွင့္ပတ္သက္သည့္ စိန္ေခၚမႈတစ္ရပ္ျဖစ္ၿပီး ထာဝရေကာင္းမြန္ေသာ လူထုက်န္းမာေရးစနစ္ျဖစ္ေစရန္ အေတြ႕အႀကဳံယူ ေဖာ္ေဆာင္ၾကရန္လို

ေနျပည္ေတာ္၊ ဇြန္ ၃

ကမာၻ႔ကပ္ေရာဂါ COVID-19 ကာကြယ္ေရး၊ ထိန္းခ်ဳပ္ေရး၊ ကုသေရးႏွင့္ အျခား လိုအပ္ခ်က္မ်ား ေဆာင္႐ြက္ေပးႏိုင္ေရး အ႒မအႀကိမ္ညႇိႏႈိင္းအစည္းအေဝးကို ယေန႔ နံနက္ပိုင္းတြင္ ေနျပည္ေတာ္ရွိ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း) အစည္းအေဝးခန္းမ၌ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ဦးစီး၍ က်င္းပျပဳလုပ္ သည္။

အဆိုပါ အစည္းအေဝးသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္၊ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္ (ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္း၊ ကာကြယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိန္ဝင္း၊ ညႇိႏႈိင္းကြပ္ကဲေရးမႉး (ၾကည္း၊ ေရ၊ ေလ) ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က အဖြင့္ အမွာစကားေျပာၾကားရာ၌ တပ္မေတာ္အေနျဖင့္ ႏိုင္ငံသားမ်ား အသက္အႏၲရာယ္ ကာကြယ္ႏိုင္ေရးအတြက္ စြမ္းအားရွိသမွ်လုပ္ေဆာင္ေပးေနေၾကာင္း၊ လူစြမ္းအား၊ ပစၥည္း စြမ္းအားမ်ားအျပင္ တတ္ႏိုင္သမွ် အလႉေငြမ်ားထည့္ဝင္ေပးၿပီး ေရာဂါကာကြယ္ေရး တြင္ အေထာက္အကူျပဳေပးလ်က္ရွိေၾကာင္း၊ ေရာဂါကာကြယ္ေရးအတြက္ လိုအပ္ေသာ ေဆးအကာအကြယ္ပစၥည္းမ်ားလႉဒါန္းေပးလ်က္ရွိရာတြင္Maskမ်ားအား အေရအတြက္ မ်ားစြာ ေပးလႉထားေၾကာင္း၊ တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ ၾကည့္လွ်င္ ပမာဏနည္း ပါးေသာ္လည္းMask မ်ားသည္ COVID-19 ေရာဂါကာကြယ္ေရးတြင္ အေျခခံအက် ဆုံးျဖစ္ေၾကာင္း၊ တစ္ခါသုံးမ်ားျဖစ္၍ အမွန္တစ္ကယ္လိုအပ္သည့္ေနရာမ်ားႏွင့္ လိုအပ္ သူမ်ားထံသို႔ ဦးစားေပး၍ ေရာက္ရွိေအာင္ ေဆာင္႐ြက္ေပးရန္လိုေၾကာင္း၊ COVID-19 ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရးလုပ္ငန္းမ်ား လုပ္ေဆာင္လ်က္ရွိရာမွ ႏိုင္ငံ၏ က်န္းမာေရးဆိုင္ရာ အဆင္သင့္ျဖစ္မႈ လိုအပ္ခ်က္မ်ားကို ေတြ႕ရွိလာရေၾကာင္း၊ ထာဝရေကာင္းမြန္သည့္ လူထုက်န္းမာေရးစနစ္မ်ိဳး လုပ္ေဆာင္ သြားႏိုင္ရန္ လိုအပ္မည္ျဖစ္ေၾကာင္း၊ ေရာဂါကူးစက္မႈမွာ ကမာၻ႔လူေနမႈစနစ္ေၾကာင့္ ကူးစက္မႈမ်ားျဖစ္ေပၚလာ သည္ကို ေတြ႕ရွိရသျဖင့္ လူူေနမႈစနစ္ကို ျပဳျပင္ရန္၊ သန႔္ရွင္းသည့္ ပတ္ဝန္းက်င္ လူေနမႈစနစ္မ်ားျဖစ္ရန္ ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း၊ ဥပမာအားျဖင့္ သန႔္ရွင္းသည့္ ပတ္ဝန္းက်င္ႏွင့္ ေလေကာင္းေလသန႔္ရရွိေရးအတြက္ Pollution ကိုေလွ်ာ့ခ်ရမည္ျဖစ္ၿပီး ျပည့္ၿဖိဳးၿမဲ စြမ္းအင္မ်ားျဖစ္ေသာ ေန၊ ေလ၊ ေရ စြမ္းအင္မ်ားမွ လွ်ပ္စစ္ထုတ္ယူမႈမ်ားကို အားေပး ရမည္ျဖစ္ေၾကာင္း၊ လွ်ပ္စစ္စြမ္းအားျဖင့္ပို႔ေဆာင္ ေရးမ်ားကို အားေပးရမည္ျဖစ္ေၾကာင္း ေျပာၾကားသည္။

ထို႔ေနာက္ အစည္းအေဝးတက္ေရာက္လာၾကသူမ်ားက ရွင္းလင္းတင္ျပၾကရာတြင္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားအလိုက္ COVID-19 ထိန္းခ်ဳပ္ေရးႏွင့္ အေရးေပၚ တုံ႔ ျပန္ေရးေကာ္မတီမ်ား၏ ေဆာင္႐ြက္ေနမႈအေျခအေနမ်ား၊ ယေန႔နံနက္အထိ ကမာၻတစ္ ဝန္းတြင္ ေရာဂါျဖစ္ပြားမႈ၊ ကူးစက္မႈ၊ ေသဆုံးမႈ၊ ျပန္လည္ေကာင္းမြန္မႈ အေျခအေနမ်ား၊ အိမ္နီးခ်င္းႏိုင္ငံမ်ားျဖစ္ေသာ အိႏၵိယႏိုင္ငံတြင္ ေရာဂါကူးစက္ခံရသူ ၂၀၆၁၈၃ ဦး၊ ေသဆုံးသူ ၅၈၂၉ ဦးရွိကာ ဧၿပီလတြင္ ေရာဂါပိုးေတြ႕ရွိသူ ၃၁၇၇၆ ဦးမွ ေမလတြင္ ေရာဂါပိုးေတြ႕ရွိသူ ၁၅၃၆၅၈ ဦး ရွိလာသျဖင့္ တစ္လအတြင္း ၅ ဆခန႔္ ပိုမိုျမင့္တက္ခဲ့ၿပီး ကမာၻတြင္ ၇ ႏိုင္ငံေျမာက္ ကူးစက္မႈအမ်ားဆုံးႏိုင္ငံျဖစ္လာသည့္ အေျခအေနမ်ား၊ အလားတူ ဘဂၤလားေဒရွ႕္ႏိုင္ငံတြင္လည္း ေရာဂါပိုးေတြ႕ရွိသူ ၅၂၄၄၅ ဦး၊ ေသဆုံးသူ ၇၀၉ ဦးရွိကာ ဧၿပီလအတြင္း ေရာဂါပိုးေတြ႕ရွိသူ ၇၆၁၆ သာရွိခဲ့ရာမွ ေမလတြင္ ၃၈၉၁၅ ဦးအထိ ၅ ဆေက်ာ္ျမင့္တက္လ်က္ရွိသည့္ အေျခအေနမ်ား၊ အာဆီယံႏိုင္ငံမ်ားတြင္ စင္ကာပူ၌ ဧၿပီလအတြင္း ေရာဂါပိုးေတြ႕ရွိသူ ၁၅၁၆၉ ဦး၊ ေမလတြင္ ၁၇၇၈၃ ဦး၊ အင္ဒိုနီးရွားႏိုင္ငံ၌ ဧၿပီလတြင္ ေရာဂါပိုးေတြ႕ရွိသူ ၈၄၄၁ ဦး၊ ေမလတြင္ ၁၅၉၉၂ ဦး၊ ဖီလစ္ပိုင္ႏိုင္ငံ၌ ဧၿပီလတြင္ ေရာဂါပိုးေတြ႕ရွိသူ ၆၁၇၇ ဦး၊ ေမလတြင္ ၉၃၁၄ ဦး ရွိသျဖင့္ ေရာဂါပိုးကူးစက္ခံရမႈ ျမင့္တက္ဆဲေတြ႕ရွိရသည့္ အေျခအေနမ်ား၊ မေလးရွား၊ ထိုင္း၊ ဗီယက္နမ္၊ ဘ႐ူႏိုင္း၊ ကေမာၻဒီးယားႏွင့္ လာအိုႏိုင္ငံတို႔တြင္ ေရာဂါပိုးေတြ႕ရွိမႈ ေလ်ာ့ က်လာေၾကာင္း ေတြ႕ရွိရသည့္ အေျခအေနမ်ား။

ျမန္မာႏိုင္ငံတြင္ ေရာဂါပိုးစတင္ေတြ႕ရွိသည္မွ ယေန႔အထိ ၇၂ ရက္ရွိၿပီျဖစ္ကာ ယေန႔နံနက္အထိ ေရာဂါပိုး ေတြ႕ရွိသူ ၂၃၃ ဦး၊ ေသဆုံးသူ ၆ ဦး၊ ေပ်ာက္ကင္းသက္သာ လာသူ ၁၄၃ ဦး၊ ျပည္တြင္းေရာဂါကူးစက္မႈအေနျဖင့္ ေမလ ၁၈ ရက္မွ ဇြန္လ ၁ ရက္ ေန႔အထိ ၁၅ ရက္ၾကာ မေတြ႕ရွိဘဲ ဇြန္လ ၂ ရက္ေန႔တြင္ ျပည္တြင္းကူးစက္ခံရမႈ တစ္ဦး ေတြ႕ရွိရသည့္ အေျခအေနမ်ား၊ ေမလအတြင္း ေလေၾကာင္းျဖင့္ ျမန္မာႏိုင္ငံသို႔ ျပန္လည္ဝင္ေရာက္လာသူမ်ား အားလုံးကို ေရာဂါပိုး ရွိ၊ မရွိ စစ္ေဆးခဲ့ရာ ယေန႔အထိ အိႏၵိယမွ ျပန္လာသူ ၃၀၃ ဦးအနက္မွ ၂၆ ဦး၊ မေလးရွားမွ ျပန္လာသူ ၅၉၁ ဦိးအနက္ မွ ၁၃ ဦး၊ ယူေအအီးမွ ျပန္လာသူ ၁၄၈ ဦးအနက္မွ ၈ ဦး၊ အီတလီမွ ျပန္လာသူ ၁ ဦး၊ တ႐ုတ္မွျပန္လာသူ ၁ ဦး၊ ထိုင္းမွ ျပန္လာသူ ၁ ဦိး စုစုေပါင္း ၅၀ ဦိးတြင္ ေရာဂါပိုး ေတြ႕ရွိရသည့္ အေျခအေနမ်ား၊ ေရာဂါပိုးေတြ႕ရွိရသူ ၂၃၃ ဦးတြင္ ျပည္ပမွ ဝင္ေရာက္သူ ၇၀ ဦးႏွင့္ ၎တို႔မွ တစ္ဆင့္ကူးစက္သူ ၁၀၄ ဦးရွိ၍ ျပည္ပဝင္ေရာက္သူမ်ားမွ ကူးစက္မႈ အမ်ားဆုံးျဖစ္သည့္ အေျခအေနမ်ား၊ ေရာဂါပိုးေတြ႕ရွိသူမ်ားတြင္ ေရာဂါလကၡဏာ မျပ သည့္ Silent Carrier ၁၇၂ ဦး ရွိၿပီး ေရာဂါပိုးကူးစက္ခံရသူစုစုေပါင္း၏ ၇၃ ဒသမ ၈၂ ရာခိုင္ႏႈန္းရွိသျဖင့္ သတိျပဳေဆာင္႐ြက္သင့္သည့္ အေျခအေနမ်ား။

တပ္မေတာ္ ေဆး႐ုံ၊ ေဆးတပ္ရင္းမ်ားတြင္ ယေန႔အထိ Rapid Test Kit ျဖင့္ ၃၄၃၇ ဦး၊ PCR နည္းျဖင့္ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဌာန(ရန္ကုန္)တြင္ ၂၇ ဦး၊ တပ္မေတာ္ေဆးသုေတသနတပ္တြင္ ၂၀၆ ဦး၊ အမွတ္(၁) တပ္မေတာ္ေဆး႐ုံႀကီးတြင္ ၅၄၃ ဦးႏွင့္ အမွတ္(၃) တပ္မေတာ္ေဆး႐ုံတြင္ ၂၇ ဦး၊ စုစုေပါင္း PCR နည္းျဖင့္ ၈၀၃ ဦး၊ Cobas 6800 နည္းျဖင့္ အမွတ္(၁)တပ္မေတာ္ေဆး႐ုံႀကီးတြင္ ၈၂၄ ဦး၊ အမွတ္(၂) တပ္မေတာ္ေဆး႐ုံႀကီးတြင္ ၆၇၀ ဦး၊ စုစုေပါင္း Cobas 6800 နည္းျဖင့္ ၁၄၉၄ ဦးစစ္ေဆး ေပးႏိုင္ခဲ့ၿပီး ပိုးေတြ႕ရွိသူ ၅ ဦးရွိသည့္ အေျခအေနမ်ား၊ အိႏၵိယႏိုင္ငံမွ ျမန္မာႏိုင္ငံသို႔ ျပန္လည္ေရာက္ရွိလာသည့္ အရာရွိ၊ စစ္သည္ ၁၈ ဦးအနက္ ၄ ဦးတြင္ ေရာဂါပိုးေတြ႕ ရွိရၿပီး တပ္မေတာ္အသည္းေရာဂါအထူးကုေဆး႐ုံႀကီးတြင္ ေဆးဝါးကုသမႈခံယူလ်က္ရွိ ကာ က်န္းမာေရးေကာင္းမြန္လ်က္ရွိသည့္ အေျခအေနမ်ား၊ စစ္ကိုင္းၿမိဳ႕ သီတဂူဗုဒၶ တကၠသိုလ္တြင္ အိႏၵိယႏိုင္ငံမွ ျပန္လည္ေရာက္ရွိလာသည့္ သံဃာေတာ္မ်ား၊ သီလရွင္ မ်ားႏွင့္ လူပုဂၢိဳလ္တို႔အား ေဆးအကာအကြယ္ေပး ေဆာင္႐ြက္လ်က္ရွိသည့္ အေျခအေန မ်ား။

တပ္မေတာ္သားမ်ား၊ အရပ္သားအစားခန႔္ဝန္ထမ္းမ်ား၏ တစ္ရက္စာလုပ္ခ လစာေငြမ်ားမွ အလႉေငြမ်ားျဖင့္ ေမလအတြင္း ေဆးအကာအကြယ္ပစၥည္းမ်ားလႉဒါန္းမႈ ၂ ႀကိမ္ျပဳ လုပ္ခဲ့ရာ အထူးကု ေဆး႐ုံႀကီး ၃၃ ႐ုံအနက္ ၃၂ ႐ုံ၊ အေထြေထြေရာဂါကုေဆး႐ုံႀကီး ၃၁ ႐ုံအနက္ ၂၆ ႐ုံ၊ ခ႐ိုင္ေဆး႐ုံ ၃၈ ႐ုံအနက္ ၃၃ ႐ုံ၊ ၿမိဳ႕နယ္ေဆး႐ုံ ၂၇၀ အနက္ ၂၄၁ ႐ုံ၊ တိုက္နယ္ေဆး႐ုံ ၇၉၆ ႐ုံအနက္ ၆၉၄ ႐ုံ၊ ေက်းလက္က်န္းမာေရးဌာန ၁၉၄၉ ဌာနအနက္ ၈၅၈ ဌာနတို႔အား လႉဒါန္းႏိုင္ခဲ့ၿပီး ဧၿပီလ ႏွင့္ ေမလ အလႉေငြမ်ားမွ စုစုေပါင္း ၅ ႀကိမ္လႉဒါန္းခဲ့ရာတြင္ ေဆး႐ုံမ်ားအားလုံးႏွင့္ ေက်းလက္က်န္းမာေရးဌာန ၁၀၈၈ ဌာနသို႔ လႉဒါန္း ေပးႏိုင္ခဲ့သည့္ အေျခအေနမ်ား၊ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းမ်ား ထံသို႔ လႉဒါန္းေပးႏိုင္ခဲ့သည့္ အေျခအေနမ်ား၊ လမ္းပန္းဆက္သြယ္မႈခက္ခဲသည့္ ေဝးလံ ေခါင္ပါးေသာ နယ္ေျမမ်ားသို႔ ေဆးအကာအကြယ္ေပးျခင္းႏွင့္ က်န္းမာေရးအသိပညာ ေပးလုပ္ငန္းမ်ား ေဆာင္႐ြက္ႏိုင္ခဲ့သည့္ အေျခအေနမ်ား၊ ျပည္သူ႔ေဆး႐ုံမ်ားရွိ ေဆး႐ုံ တက္လူနာမ်ားအား ျဖည့္စြက္အာဟာရေကြၽးေမြးမႈ အေနျဖင့္ ေဆး႐ုံေပါင္း ၄၄၀ တြင္ ေကြၽးေမြးမႈ ၂၄၅၀ ႀကိမ္၊ လူနာအင္အား ၁၄၈၃၆၅ ဦးကို ေကြၽးေမြးႏိုင္ခဲ့သည့္ အေျခ အေနမ်ား။

ေက်ာင္းသား၊ ေက်ာင္းသူမ်ားအတြက္ Mask ႏွင့္ Face Shieldမ်ားကို တပ္မေတာ္ အထည္ခ်ဳပ္ စက္႐ုံမ်ားမွ ခ်ဳပ္လုပ္ေနမႈအေျခအေနမ်ားႏွင့္ PPE ဝတ္စုံမ်ားကို ျပည္ပမွ ထုတ္လုပ္သည့္ အရည္အေသြးအတိုင္း ထုတ္လုပ္လ်က္ရွိသည့္ အေျခအေနမ်ား၊ တိုင္းစစ္ဌာနခ်ဳပ္ နယ္ေျမမ်ားအလိုက္ ေက်ာင္းသင္ခန္းစာမ်ား ျပန္လည္ဖတ္ရႈေလ့လာ ျခင္း၊ စာဖတ္ဝိုင္းမ်ားႏွင့္ ယဥ္ေက်းလိမၼာသင္ၾကားပို႔ခ်ေပးမႈ အေျခအေနမ်ား။

အိမ္နီးခ်င္း ထိုင္းႏိုင္ငံႏွင့္လာအိုႏိုင္ငံတို႔တြင္ ေသြးလြန္တုပ္ေကြးေရာဂါ ျဖစ္ပြား ေနသည့္အေျခအေနမ်ား၊ တုပ္ေကြးေရာဂါျဖစ္ပြားသည့္ ရာသီျဖစ္သျဖင့္ သြားလာေနထိုင္ မႈ၊ စားေသာက္မႈမ်ားကို အကန႔္အသတ္ျဖင့္ ထိန္းခ်ဳပ္ရမည့္အေျခအေနမ်ား၊ COVID-19 ေရာဂါ လကၡဏာမ်ားသည္ တုပ္ေကြးေရာဂါႏွင့္ ဆင္တူမႈမ်ားရွိသျဖင့္ စနစ္တက် ေနထိုင္စားေသာက္ၿပီး ဂ႐ုျပဳရန္လိုအပ္သည့္ အေျခအေနမ်ားႏွင့္ နီေပါႏိုင္ငံတြင္ အေၾကာင္းအမ်ိဳးမ်ိဳးျဖင့္ ေရာက္ရွိေနၿပီး ျမန္မာႏိုင္ငံသို႔ျပန္လည္ေရာက္ရွိရန္ အခက္အခဲ ျဖစ္ေနသူမ်ားႏွင့္ ျမန္မာႏိုင္ငံတြင္ ပိတ္မိေနသည့္ နီေပါႏိုင္ငံသားမ်ားအား တပ္မေတာ္ ေလယာဥ္မ်ားျဖင့္ ပို႔ေဆာင္ေပးႏိုင္ေရး ေဆာင္႐ြက္ေနမႈအေျခအေနမ်ားအား ေဆြးေႏြး တင္ျပၾကရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က လိုအပ္သည္မ်ား ညႇိႏႈိင္း ေဆာင္႐ြက္ ေပးသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အမွာစကားေျပာၾကားရာတြင္ COVID-19 ေရာဂါျဖစ္ပြားမႈအေျခအေနမ်ားသည္ ရပ္တန႔္ျခင္းမရွိေသးဘဲ ကမာၻတစ္ဝန္းတြင္ ကူးစက္မႈႏွင့္ ေသဆုံးမႈမ်ား တိုးေနဆဲျဖစ္ေၾကာင္း၊ မိမိတို႔တစ္ႏိုင္ငံတည္း မဟုတ္ဘဲ တစ္ကမာၻလုံး ရင္ဆိုင္႐ုန္းကန္ၾကရမည့္အေျခအေနျဖစ္ေၾကာင္း၊ ေရာဂါျဖစ္ပြားမႈေၾကာင့္ အလုပ္အကိုင္မရွိသျဖင့္ ဝင္ေငြမရွိဘဲ စားေရးအခက္အခဲမ်ားကို ႀကဳံေတြ႕ၾကမည္ျဖစ္ ေသာေၾကာင့္ အလုပ္အကိုင္ အခြင့္အလမ္းမ်ားကို တတ္ႏိုင္သေ႐ြ႕ စဥ္းစားေဆာင္႐ြက္ ေပးရမည္ျဖစ္ေၾကာင္း၊ ကုန္ထုတ္လုပ္ငန္းမ်ားရွိမွသာလ်င္ အလုပ္အကိုင္ အခြင့္အလမ္း မ်ား ရွိမည္ျဖစ္ေၾကာင္း။

တပ္မေတာ္မွ ျပည္သူ႔ေဆး႐ုံမ်ားသို႔ ေဆးအကာအကြယ္ပစၥည္းမ်ားလႉဒါန္းမႈႏွင့္ ေဆး႐ုံတက္လူနာမ်ားအား အာဟာရျဖည့္စြက္စာေကြၽးေမြးမႈသည္ ေကာင္းမြန္သည့္ ေဆာင္႐ြက္မႈမ်ားျဖစ္ၿပီး ေဆး႐ုံတက္ေရာက္ေနသည့္ လူနာမ်ားႏွင့္ က်န္းမာေရးဝန္ထမ္းမ်ားအေနျဖင့္ စားေရးေသာက္ေရးတြင္ အခက္အခဲမ်ားႀကဳံေတြ႕ ရႏိုင္ေၾကာင္း၊ ထို႔ေၾကာင့္ ျပည္နယ္ႏွင့္ တိုင္းမ်ားအလိုက္ လူနာမ်ားျပားသည့္ ေဆး႐ုံမ်ားတြင္ တန္ဖိုးသင့္ ထမင္း၊ ဟင္းလ်ာမ်ား ေရာင္းခ်ေပးျခင္းအားျဖင့္ လူနာမ်ား၊ လူနာေစာင့္မ်ား၊ က်န္းမာေရးဝန္ထမ္း မ်ားအတြက္ အက်ိဳးရွိေစမည္ျဖစ္ေၾကာင္း။

ဇူလိုင္ ၂၁ ရက္တြင္ ေက်ာင္းမ်ား ဖြင့္လွစ္မည္ဟုဆိုသျဖင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအတြက္ Mask မ်ားကို လုံလုံၿခဳံၿခဳံ၊ တန္ဖိုးအနည္းဆုံးျဖင့္ ၾကာၾကာသုံးႏိုင္ရန္ အဓိကထား၍ ခ်ဳပ္လုပ္ျဖန႔္ေဝေပးရမည္ျဖစ္ေၾကာင္း၊ တုပ္ေကြး ရာသီျဖစ္သျဖင့္ ကေလးမ်ားတြင္ ေသြးလြန္တုပ္ေကြးမျဖစ္ပြားေစ ေရး လိုအပ္ေသာ သန႔္ရွင္းေရးႏွင့္ပိုးသတ္ေဆးဖ်န္းျခင္း၊ ကာကြယ္ေဆးထိုးျခင္းႏွင့္ က်န္းမာေရး စစ္ေဆးမႈမ်ား၊ ေစာင့္ေရွာက္မႈမ်ား၊ အသိပညာေပးမႈမ်ား ေဆာင္႐ြက္ ရမည္ျဖစ္ေၾကာင္း၊ COVID-19 ေရာဂါႏွင့္ တုပ္ေကြးေရာဂါတို႔သည့္ ေရာဂါလကၡဏာအခ်ိဳ႕ တူညီေနသျဖင့္ အဆိုပါအခ်က္အလက္မ်ားကို ျပည္သူလူထုသိရွိေအာင္ ပညာေပးမႈမ်ား ေဆာင္႐ြက္ ရမည္ျဖစ္ေၾကာင္း၊ ထို႔ျပင္ က်ေရာက္လာႏိုင္ေသာ သဘာ၀ ေဘးအႏၲရာယ္တို႔အတြက္ ႀကိဳတင္ကာကြယ္ျပင္ဆင္မႈမ်ားကို ေဆာင္႐ြက္ၾကရမည္ ျဖစ္ေၾကာင္း၊ အိမ္နီးခ်င္း ႏိုင္ငံမ်ားတြင္ COVID-19 ႏွင့္ အျခားေရာဂါမ်ား ျဖစ္ေပၚလ်က္ရွိရာ ဆက္စပ္လ်က္ ရွိေသာ နယ္ေျမမ်ားတြင္ အထူးသတိထားေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္းျဖင့္ မွာၾကားခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။