တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Interstate Corporation Developments ညွှန်ကြားရေးမှူးချုပ်က တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့တက်ရောက်၊ မော်စကိုမြစ်အတွင်း မြစ်တွင်းသွားရေယာဉ်ဖြင့်လေ့လာကြည့်ရှု

နေပြည်တော်၊ ဇွန် ၂၅

ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၂၄ ရက် ညပိုင်းတွင် Interstate Corporation Developments ညွှန်ကြားရေးမှူးချုပ် Mr. Ivan Ponyakov မှ တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်သည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် Interstate Corporation Developments ညွှန်ကြားရေးမှူးချုပ်နှင့် အဖွဲ့ဝင်များအား မော်စကိုမြစ်အတွင်း၌ အပျော်စီးမြစ်တွင်းသွားအမြန်ရေယာဉ်ပေါ်ရှိ ဧည့်ခန်းမဆောင်တွင် တွေ့ဆုံ၍ စစ်ဘက်နည်းပညာတိုးတက်မြင့်မားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ဆက်သွယ်ရေးစနစ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများနှင့် Victory Day of Great Patriotic War (၇၅)နှစ်မြောက် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားကို မြန်မာ့တပ်မတော်မှ တက်ရောက်ခဲ့သည့် အခြေအနေများအား ဆွေးနွေးခဲ့ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား Interstate Corporation Developments ညွှန်ကြားရေးမှူးချုပ်က အပျော်စီးမြစ်တွင်းသွား အမြန်ရေယာဉ်ပေါ်တွင် ညစာဖြင့် တည်ခင်းဧည့်ခံပြီး မော်စကိုမြစ်ကြောင်းတစ်လျှောက် လှည့်လည်၍ မြို့ပြလူနေမှုစနစ် ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများ၊ မြစ်ကမ်းဘေး တစ်လျှောက် အလှအပများနှင့် အများပြည်သူများ၏အပန်းဖြေနေမှုများကို ကြည့်ရှုလေ့လာကြသည်။ ညစာသုံးဆောင်နေစဉ်အတွင်း ရုရှားကျေးလက်ရိုးရာတေးဂီတ အဖွဲ့မှ ရိုးရာ တေးသီချင်းများ၊ ယဉ်ကျေးမှုအကများဖြင့် ကပြဖျော်ဖြေကြရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်သည်။

ယင်းနောက် ည ၁၁ နာရီ တိတိတွင် Victory Day of Great Patriotic War (၇၅)နှစ်မြောက် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနား အောင်မြင်သည့်အနေဖြင့် Luzhniki ဘောလုံးကွင်းအတွင်းမှ မီးရှူးမီးပန်းများကို ဂုဏ်ပြု လွှတ်တင်ပစ်ဖောက်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အမြန်ရေယာဉ်ပေါ်မှ ကြည့်ရှု ခဲ့ကြသည်။ အဆိုပါ မီးရှူးမီးပန်းများဂုဏ်ပြုပစ်ဖောက်နေမှုအား လာရောက်ကြည့်ရှုကြသည့် ပြည်သူများသည် မော်စကိုမြို့ မြစ်ကမ်းနံဘေးတစ်လျှောက်နှင့် အမြန်ရေယာဉ်များ ပေါ်တွင် စည်ကားလျက်ရှိသည်ကို တွေ့ရှိရသည်။

ညစာစားပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် Interstate Corporation Developments ညွှန်ကြားရေးမှူးချုပ်တို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြသည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ Interstate Corporation Developments ၫႊန္ၾကားေရးမွဴးခ်ဳပ္က တည္ခင္းဧည့္ခံသည့္ ညစာစားပြဲသို႔တက္ေရာက္၊ ေမာ္စကိုျမစ္အတြင္း ျမစ္တြင္းသြားေရယာဥ္ျဖင့္ေလ့လာၾကည့္ရႈ

ေနျပည္ေတာ္၊ ဇြန္ ၂၅

႐ုရွားဖက္ဒေရးရွင္းႏိုင္ငံတြင္ ေရာက္ရွိေနသည့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္ေသာ ျမန္မာ့တပ္မေတာ္ ကိုယ္စားလွယ္အဖြဲ႕သည္ ဇြန္ ၂၄ ရက္ ညပိုင္းတြင္ Interstate Corporation Developments ၫႊန္ၾကားေရးမွဴးခ်ဳပ္ Mr. Ivan Ponyakov မွ တည္ခင္းဧည့္ခံသည့္ ညစာစားပြဲသို႔ တက္ေရာက္သည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕ဝင္မ်ားသည္ Interstate Corporation Developments ၫႊန္ၾကားေရးမွဴးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားအား ေမာ္စကိုျမစ္အတြင္း၌ အေပ်ာ္စီးျမစ္တြင္းသြားအျမန္ေရယာဥ္ေပၚရွိ ဧည့္ခန္းမေဆာင္တြင္ ေတြ႕ဆုံ၍ စစ္ဘက္နည္းပညာတိုးတက္ျမင့္မားေရးဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ႏိုင္မည့္ အေျခအေနမ်ား၊ ဆက္သြယ္ေရးစနစ္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ႏိုင္မည့္အေျခအေနမ်ားႏွင့္ Victory Day of Great Patriotic War (၇၅)ႏွစ္ေျမာက္ အထိမ္းအမွတ္ စစ္ေရးျပအခမ္းအနားကို ျမန္မာ့တပ္မေတာ္မွ တက္ေရာက္ခဲ့သည့္ အေျခအေနမ်ားအား ေဆြးေႏြးခဲ့ၾကသည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားအား Interstate Corporation Developments ၫႊန္ၾကားေရးမႉးခ်ဳပ္က အေပ်ာ္စီးျမစ္တြင္းသြား အျမန္ေရယာဥ္ေပၚတြင္ ညစာျဖင့္ တည္ခင္းဧည့္ခံၿပီး ေမာ္စကိုျမစ္ေၾကာင္းတစ္ေလွ်ာက္ လွည့္လည္၍ ၿမိဳ႕ျပလူေနမႈစနစ္ ဖြံ႕ၿဖိဳးတိုးတက္မႈအေျခအေနမ်ား၊ ျမစ္ကမ္းေဘး တစ္ေလွ်ာက္ အလွအပမ်ားႏွင့္ အမ်ားျပည္သူမ်ား၏အပန္းေျဖေနမႈမ်ားကို ၾကည့္ရႈေလ့လာၾကသည္။ ညစာသုံးေဆာင္ေနစဥ္အတြင္း ႐ုရွားေက်းလက္႐ိုးရာေတးဂီတ အဖြဲ႕မွ ႐ိုးရာ ေတးသီခ်င္းမ်ား၊ ယဥ္ေက်းမႈအကမ်ားျဖင့္ ကျပေဖ်ာ္ေျဖၾကရာ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္က ဂုဏ္ျပဳဆုေငြမ်ားေပးအပ္ခ်ီးျမႇင့္သည္။

ယင္းေနာက္ ည ၁၁ နာရီ တိတိတြင္ Victory Day of Great Patriotic War (၇၅)ႏွစ္ေျမာက္ အထိမ္းအမွတ္ စစ္ေရးျပအခမ္းအနား ေအာင္ျမင္သည့္အေနျဖင့္ Luzhniki ေဘာလုံးကြင္းအတြင္းမွ မီးရွဴးမီးပန္းမ်ားကို ဂုဏ္ျပဳ လႊတ္တင္ပစ္ေဖာက္ရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ အျမန္ေရယာဥ္ေပၚမွ ၾကည့္ရႈ ခဲ့ၾကသည္။ အဆိုပါ မီးရႉးမီးပန္းမ်ားဂုဏ္ျပဳပစ္ေဖာက္ေနမႈအား လာေရာက္ၾကည့္ရႈၾကသည့္ ျပည္သူမ်ားသည္ ေမာ္စကိုၿမိဳ႕ ျမစ္ကမ္းနံေဘးတစ္ေလွ်ာက္ႏွင့္ အျမန္ေရယာဥ္မ်ား ေပၚတြင္ စည္ကားလ်က္ရွိသည္ကို ေတြ႕ရွိရသည္။

ညစာစားပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ Interstate Corporation Developments ၫႊန္ၾကားေရးမွဴးခ်ဳပ္တို႔သည္ အမွတ္တရလက္ေဆာင္ပစၥည္းမ်ား အျပန္အလွန္ေပးအပ္ခဲ့ၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။