တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့ တပ်မတော်ကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှပြန်လည်ရောက်ရှိ

နေပြည်တော် ဇွန် ၂၅

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး Army General Sergei Kuzhuge tovich Shoigu ၏ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်သည့် Victory Day of Great Patriotic War (၇၅) နှစ်မြောက် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ခဲ့သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့ သည် ဇွန်လ ၂၅ ရက် နံနက်ပိုင်းတွင် မော်စကိုမြို့ Sheremetyevo လေဆိပ်မှပြန်လည်ထွက်ခွာကြရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး Colonel General Alexander V.Fomin ၊ FSMTC မှ ဒုတိယညွှန်ကြားရေးမှူး Vladimir Drozhzhov၊ မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ကျော်စိုးမိုး၊ ရုရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံရုံးမှ သံမှူးကြီး ဦးဇော်လင်းနိုင်နှင့် တာဝန်ရှိသူများက လေဆိပ်တွင်ပို့ဆောင် နှုတ်ဆက်ကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ် အဖွဲ့သည် ည ၁၁ နာရီတွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိရာ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်း နိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Mr. Nikolay A. Listopadov ၊ စစ်သံမှူး Colonel Eduard OKLADNIKOVနှင့် တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ အရာရှိကြီးများ ပြန်လည်လိုက်ပါလာခဲ့ပြီး COVID-19 ရောဂါဖြစ်ပွားမှုကြောင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိရန် အခက်အခဲရှိသည့် ပညာတော်သင် သင်တန်းသား၊ သင်တန်းသူ ၂၂ ဦးတို့ ကိုလည်း တစ်ပါတည်းပြန်လည်ခေါ်ဆောင် လာခဲ့သည်။

ခရီးစဉ်အတွင်း Victory Day of Great Patriotic War (၇၅) နှစ်မြောက် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ခြင်း၊ ရုရှားနိုင်ငံ စစ်ဘက်အကြီးအကဲများနှင့် တွေ့ဆုံဆွေးနွေး၍ နှစ်နိုင်ငံ ဆက်ဆံမှု တိုးမြှင့်ဆောင်ရွက်ရေး၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြောင်းနှင့် အထင်ကရ နေရာများသို့ သွားရောက်လေ့လာခဲ့ကြသည်။

 

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ ဦးေဆာင္သည့္ ျမန္မာ့ တပ္မေတာ္ကိုယ္စားလွယ္အဖြဲ႕ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံမွျပန္လည္ေရာက္ရွိ

ေနျပည္ေတာ္ ဇြန္ ၂၅

႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ၊ ကာကြယ္ေရးဝန္ႀကီး Army General Sergei Kuzhuge tovich Shoigu ၏ဖိတ္ၾကားခ်က္အရ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံတြင္ က်င္းပျပဳလုပ္သည့္ Victory Day of Great Patriotic War (၇၅) ႏွစ္ေျမာက္ အထိမ္းအမွတ္ စစ္ေရးျပအခမ္းအနားသို႔ တက္ေရာက္ခဲ့သည့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ဦးေဆာင္ေသာ ျမန္မာ့တပ္မေတာ္ ကိုယ္စားလွယ္အဖြဲ႕ သည္ ဇြန္လ ၂၅ ရက္ နံနက္ပိုင္းတြင္ ေမာ္စကိုၿမိဳ႕ Sheremetyevo ေလဆိပ္မွျပန္လည္ထြက္ခြာၾကရာ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ၊ ကာကြယ္ေရး ဝန္ႀကီးဌာန ဒုတိယဝန္ႀကီး Colonel General Alexander V.Fomin ၊ FSMTC မွ ဒုတိယၫႊန္ၾကားေရးမႉး Vladimir Drozhzhov၊ ျမန္မာစစ္သံ(ၾကည္း၊ ေရ၊ ေလ) ဗိုလ္မႉးခ်ဳပ္ ေက်ာ္စိုးမိုး၊ ႐ုရွားႏိုင္ငံဆိုင္ရာ ျမန္မာႏိုင္ငံ သံ႐ုံးမွ သံမႉးႀကီး ဦးေဇာ္လင္းႏိုင္ႏွင့္ တာဝန္ရွိသူမ်ားက ေလဆိပ္တြင္ပို႔ေဆာင္ ႏႈတ္ဆက္ၾကသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ဦးေဆာင္ေသာ ျမန္မာ့တပ္မေတာ္ ကိုယ္စားလွယ္ အဖြဲ႕သည္ ည ၁၁ နာရီတြင္ ေနျပည္ေတာ္ အျပည္ျပည္ဆိုင္ရာေလဆိပ္သို႔ ျပန္လည္ေရာက္ရွိရာ ဒုတိယ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မွူးႀကီး စိုးဝင္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ေနျပည္ေတာ္တိုင္း စစ္ဌာနခ်ဳပ္ တိုင္းမႉး၊ ျမန္မာႏိုင္ငံဆိုင္ရာ ႐ုရွားဖက္ဒေရးရွင္း ႏိုင္ငံသံ႐ုံးမွ သံအမတ္ႀကီး H.E. Mr. Nikolay A. Listopadov ၊ စစ္သံမႉး Colonel Eduard OKLADNIKOVႏွင့္ တာဝန္ရွိသူမ်ားက ေလဆိပ္၌ ႀကိဳဆိုႏႈတ္ဆက္ၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အတူ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ အရာရွိႀကီးမ်ား ျပန္လည္လိုက္ပါလာခဲ့ၿပီး COVID-19 ေရာဂါျဖစ္ပြားမႈေၾကာင့္ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံမွ ျမန္မာႏိုင္ငံသို႔ ျပန္လည္ေရာက္ရွိရန္ အခက္အခဲရွိသည့္ ပညာေတာ္သင္ သင္တန္းသား၊ သင္တန္းသူ ၂၂ ဦးတို႔ ကိုလည္း တစ္ပါတည္းျပန္လည္ေခၚေဆာင္ လာခဲ့သည္။

ခရီးစဥ္အတြင္း Victory Day of Great Patriotic War (၇၅) ႏွစ္ေျမာက္ အထိမ္းအမွတ္ စစ္ေရးျပအခမ္းအနားသို႔ တက္ေရာက္ျခင္း၊ ႐ုရွားႏိုင္ငံ စစ္ဘက္အႀကီးအကဲမ်ားႏွင့္ ေတြ႕ဆုံေဆြးေႏြး၍ ႏွစ္ႏိုင္ငံ ဆက္ဆံမႈ တိုးျမႇင့္ေဆာင္႐ြက္ေရး၊ ႏွစ္ႏိုင္ငံ ပူးေပါင္းေဆာင္႐ြက္မႈ တိုးျမႇင့္ေဆာင္႐ြက္ေရး ဆိုင္ရာ ကိစၥရပ္မ်ား ေဆြးေႏြးျခင္းမ်ား ျပဳလုပ္ခဲ့ေၾကာင္းႏွင့္ အထင္ကရ ေနရာမ်ားသို႔ သြားေရာက္ေလ့လာခဲ့ၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။