တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံကြီးသို့ COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးပစ္စည်းများ၊ ဆေးရုံသုံးပစ္စည်းများနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်း

နေပြည်တော်၊ ဇူလိုင် – ၁၃

တပ်မတော်အနေဖြင့် Covid-19 ရောဂါဖြစ်ပေါ်နေသည့် ကာလအတွင်း နိုင်ငံအနှံ့ရှိ အထူးကုဆေးရုံကြီးများ ၊ အထွေထွေရောဂါကုဆေးရုံကြီးများ၊ ခရိုင်ဆေးရုံများ၊ မြို့နယ်ဆေးရုံများ၊ တိုက်နယ်ဆေးရုံများနှင့် ကျေးလက်ကျန်းမာရေးဌာနများသို့ Covid-19 ရောဂါကာကွယ်ရေးအထောက်အကူပြုဆေးနှင့် ဆေးပစ္စည်းများ၊ အာဟာရဖြည့် စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်းလျက်ရှိသည်။

ထိုသို့ပေးအပ်လှူဒါန်းလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်လည်း တပ်မတော်(ကြည်း၊ ရေ၊ လေ)က တောင်ကြီးမြို့ရှိ စဝ်စံထွန်းဆေးရုံကြီးသို့ Coronavirus Disease 2019 (Covid-19) ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး ပစ္စည်းများ၊ ဆေးရုံသုံးပစ္စည်းများနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများပေးအပ်လှူဒါန်းသည်။

အဆိုပါ လှူဒါန်းပွဲအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ စဝ်စံထွန်းဆေးရုံအုပ်ကြီး ဒေါက်တာမြင့်သိန်းနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က Coronavirus Disease 2019 (Covid-19) ရောဂါကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးပစ္စည်းများနှင့် ဆေးရုံသုံးပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းနှင့် ပတ်သက်၍ အမှာစကားပြောကြားရာတွင် စဝ်စံထွန်းဆေးရုံကြီးသို့ Covid-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများ၊ ဆေးရုံသုံးပစ္စည်းများနှင့် အာဟာရဖြည့်စွက်စာများ လှူဒါန်းမှုသည် ယခုအကြိမ်အပါအဝင် ၄ ကြိမ်ရှိပြီဟု သိရှိရပါကြောင်း၊ မိမိတို့နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့်အတွက် ဖွံ့ဖြိုးပြီးနိုင်ငံများကဲ့သို့ ပြည့်စုံနိုင်မည် မဟုတ်ကြောင်း၊ ၎င်းတို့ပင်လျင် Covid-19 ရောဂါနှင့် ပတ်သက်၍ များစွာ အခက်အခဲများကြုံတွေ့နေရသည်ကို တွေ့ရှိရပါကြောင်း၊ ယနေ့နံနက် ၇ နာရီအထိ တစ်ကမ္ဘာလုံးတွင် Covid-19 ရောဂါကူးစက်ခံရသူ ၁၂ သန်း ၈ သိန်းကျော် ရှိပြီဖြစ်ပြီး မိမိတို့နိုင်ငံတွင် ကူးစက်ခံရသူ ၃၃၁ ဦးဆိုသည်မှာကံကောင်းသည်ဟု ဆိုရမည်ဖြစ်ကြောင်း၊ နိုင်ငံကြီးများကဲ့သို့ ဖြစ်ပွားခဲ့ပါက အခက်အခဲများစွာကြုံတွေ့ရမည် ဖြစ်ကြောင်း၊ ရောဂါစဖြစ်ခါစမှစ၍ တပ်မတော်အနေဖြင့် ဆေးဖျန်းခြင်း၊ သန့်ရှင်းရေး ပြုလုပ်ပေးခြင်း စသည့်အခြေခံလုပ်ငန်းများကို အများပြည်သူနှင့် သက်ဆိုင်သည့် နေရာတိုင်းတွင် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊

တစ်ဖက်တွင်လည်း ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် လိုအပ်သည့် Mask ၊ လက်သန့်ဆေးလိုအပ်ချက်များကို လှူဒါန်းခဲ့ကြောင်း၊ တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးအလိုက် ကျန်းမာရေးဆိုင်ရာများနှင့် ပတ်သက်၍ စိစစ်ခဲ့ရာတွင် လိုအပ်ချက်များစွာရှိနေသည်ကို သိရှိရသည့်အတွက် ကျန်းမာရေးဝန်ထမ်းလိုအပ်မှုများကို ကူညီဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ထို့ပြင် တပ်မတော်သားများ၊ အရပ်သား အစားခန့်ဝန်ထမ်းများ၏ လုပ်ခလစာငွေများမှ ပထမအကြိမ်နှင့် ဒုတိယအကြိမ် လှူဒါန်းရရှိသည့် စုစုပေါင်းငွေကျပ် ၄ ဒသမ ၅ ဘီလီယံကျော်ဖြင့် ဆေးအကာကွယ်ပေးပစ္စည်းများ၊ အာဟာရဖြည့် စားသောက်ဖွယ်ရာများကို ဆေးရုံအသီးသီးသို့ လှူဒါန်းပေးခဲ့ပါကြောင်း၊ ပြည့်စုံသည် မဟုတ်သော်လည်း အတိုင်းအတာတစ်ခုအထိ ကျန်းမာရေးအကာအကွယ်ကို ရစေလို၍ လှူဒါန်းခြင်းဖြစ်ကြောင်း၊ ထိုသို့ ကာကွယ်ရေးပိုင်းတွင် တပ်မတော်ကအဓိကထား၍ လုပ်ဆောင်ပေးနိုင်ခဲ့သော်လည်း ပြည်သူလူထု၏အသက်ကို ကာကွယ်ပေးပြီး ရှေ့တန်းကျကျလုပ်ဆောင်ရသည်မှာ ကျန်းမာရေးဝန်ထမ်းများပင်ဖြစ်ပါကြောင်း၊ ကျန်းမာရေးဝန်ထမ်းများ၏ လုပ်ဆောင်ချက်ကို ချီးကျူးဂုဏ်ယူပါကြောင်း၊ တပ်မတော်က လှူဒါန်းပေးသည့် ဆေးအကာအကွယ်ပစ္စည်းများဖြင့် ရှမ်းပြည်နယ်တွင်ရှိသည့် ပြည်သူလူထု၏ တစ်စိတ်တစ်ပိုင်းကို ကာကွယ်ပေးရာ၌ အထောက်အကူဖြစ်စေခဲ့သည့်အတွက် ဝမ်းသာပီတိဖြစ်ရပါကြောင်း။

ထို့ပြင် ဤကဲ့သို့ စားသောက်ဖွယ်ရာများလှူဒါန်းခြင်းသည် ကုသရေးတာဝန်ယူထားရသည့် ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးရုံတက်ရောက်ကုသနေကြသည့် လူနာ များ၏ အာဟာရလိုအပ်မှုများကိုလည်း အထောက်အကူဖြစ်စေမည်ဟု ယုံကြည်ပါကြောင်း၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာမှုသည် ခန္ဓာကိုယ်ကြံ့ခိုင်ကျန်းမာမှုကို အထောက်အကူဖြစ်စေနိုင်မည်ဖြစ်ကြောင်း၊ တန်ဖိုးအားဖြင့် မများသော်လည်း အာဟာရကို ဖြစ်စေနိုင်မည်ဖြစ်ကြောင်း၊ တပ်မတော်မှ ထုတ်လုပ်သည့် ပစ္စည်းများဖြစ်ပြီး တပ်တွင်း၊ တပ်ပြင်သို့ သက်သာသည့်ဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိပါကြောင်း၊ ကျန်းမာရေးဝန်ထမ်းများ အပူအပင်ကင်းစွာဖြင့် တာဝန်ထမ်းဆောင်နိုင်ရေး အတွက် ဆေးရုံများတွင် တန်ဖိုးသင့် ထမင်း၊ ဟင်းလျာများကိုရောင်းချပေးခြင်းဖြင့် စိတ်ပိုင်းဆိုင်ရာအားတစ်ခုဖြစ်စေမည်ဟု ယုံကြည်ပါကြောင်း။

Covid-19 ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း သွားလာနေထိုင်မှုများကို ဆင်ခြင်ကြစေလိုကြောင်း၊ လွတ်လပ်စွာသွားလာသည်ဖြစ်သော်လည်း ရောဂါကာကွယ်ရေးလုပ်ငန်းများကို အနှောက်အယှက်မဖြစ်စေရန်လိုကြောင်း၊ မမြင်ရ၊ မကြားရသည့် ရောဂါဖြစ်သည့်အတွက် အသွားအလာအနေအထိုင် စနစ်တကျဖြစ်ခြင်းဖြင့် ရောဂါကူးစက်မှုကို အဟန့်အတားဖြစ်စေနိုင်မည်ဖြစ်ကြောင်း၊ တောင်ကြီးမြို့သည် ရှမ်းပြည်နယ်၏ မြို့တော်ဖြစ်သည့်အတွက် မြို့တော်သည် စံပြဖြစ်နေရမည်ဖြစ်ကြောင်း၊ ကျန်းမာရေး၊ ပညာရေး၊ စည်ပင်သာယာရေး စသည့်ဝန်ထမ်းများ၊ ဌာနများဖြင့် မရဘဲ အားလုံးဝိုင်းဝန်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တပ်မတော်သည်လည်း ပြည်သူကြားမှ ပေါက်ဖွားလာသည်ဖြစ်၍ အတူလက်တွဲဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ Covid-19 ရောဂါဖြစ်ပွားမှုကာလ အမြန်ဆုံးကျော်လွန်ပါစေကြောင်းနှင့် လုပ်ငန်းတာဝန်များအားလုံးကို အောင်မြင်စွာ ထမ်းဆောင်နိုင်ကြပါစေကြောင်းဖြင့် ဆွေးနွေးပြောကြားသည်။

ထို့နောက် စဝ်စံထွန်းဆေးရုံကြီးအတွက် Coronavirus Disease 2019 (Covid-19) ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး ပစ္စည်းများနှင့် ဆေးရုံသုံးပစ္စည်းများဖြစ်သည့် Surgical Masks ၃၀၀၀၀ ခု၊ N 95 Mask ၁၂၀၀ ခု၊ Face Shield ၃၀၀ ခု၊ Sodium Hypochloride (20L) ၆ ပုံး၊ Personal Protective Equipment (PPE) ၇၅၀ စုံ၊ Examination Glove ၁၅၀၀ ခု၊ Hand Gel ၃၅၀ ဘူး၊ Hand Sanitizer ၃၅၀ ဘူး၊ OT Gown ၅၀၀ ဘူးတို့ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပေးအပ်လှူဒါန်းရာ ဆေးရုံအုပ်ကြီး ဒေါက်တာ မြင့်သိန်းက လက်ခံရယူသည်။

 

ဆက်လက်၍ ဆေးရုံတက်လူနာများနှင့် ဆေးရုံဝန်ထမ်းများအတွက် အာဟာရဖြည့် စားသောက်ဖွယ်ရာများဖြစ်သည့် ကြက်ဥ ၈၀၈ လုံး၊ ရွှေဖီဦး ၈၀၈ ထုပ်နှင့် နန်းမြိုင်ကော်ဖီ ၈၀၈ ထုပ်တို့ကို စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းက ပေးအပ်လှူဒါန်းရာ ဆေးရုံအုပ်ကြီး ဒေါက်တာ မြင့်သိန်းက လက်ခံရယူသည်။

ယင်းနောက် ဆေးရုံအုပ်ကြီး ဒေါက်တာ မြင့်သိန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားရာတွင် ယခုကဲ့သို့ ရောဂါကာကွယ်ရေးအထောက်အကူပြု ဆေးနှင့် ဆေးပစ္စည်းများ၊ အာဟာရဖြည့် စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်းသည့်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ ရောဂါစတင်ဖြစ်ပွားမှုကာလ၌ Mask များဈေးကြီးခဲ့ကြောင်း၊ ယခုတွင် မိမိတို့ ဆေးရုံကြီးသည် တစ်လလျှင် Mask အခုရေ တစ်သောင်းခန့်သုံးစွဲရပြီး ယခုလိုလှူဒါန်းသည့်အတွက် သုံးလစာ လုံလောက်ပြီဖြစ်ကြောင်း၊ ထို့ပြင် မိမိတို့ဆေးရုံသည် အတည်ပြုလူနာများနှင့် ဓာတ်ခွဲစမ်းသပ်လူနာများကို ကုသပေးရသည့် ဆေးရုံဖြစ်သည့်အတွက် N 95 Mask ၊ PPE ဝတ်စုံတို့သည် မရှိမဖြစ်လိုအပ်ပါကြောင်း၊ ဝန်ထမ်းများကို ကာကွယ်ရေးပစ္စည်းအစုံအလင်တပ်ဆင်ပြီးမှသာလျင် လူနာများကို စောင့်ရှောက်နိုင်မည်ဖြစ်ပါကြောင်း၊ မိမိတို့ဆေးရုံတွင် Covid-19 ရောဂါ အတည်ပြုလူနာ ၄ ဦး၊ စောင့်ကြည့်လူနာ ၂၈ ဦးကို ကုသပေးနိုင်ခဲ့ပြီး ဓာတ်ခွဲစမ်းသပ်မှုများအရ Negative ဖြစ်သူများကို သက်ဆိုင်ရာ မြို့နယ်များသို့ ပြန်လည်လွှဲပြောင်းပေးနိုင်ခဲ့ပါကြောင်း၊ မိမိတို့ ဆေးရုံကြီးမှ တစ်ဆင့် ရန်ကုန်မြို့သို့ လစဉ် ၃၀၀ နီးပါးပေးပို့စစ်ဆေးနေရသဖြင့် ဆေးရုံကြီး၌ပင် ရောဂါအတည်ပြုလူနာများကို ဓာတ်ခွဲစမ်းသပ်နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုကဲ့သို့ လစာငွေများမှ လှူဒါန်းငွေများဖြင့် ပံ့ပိုးလှူဒါန်းပေးခဲ့သဖြင့် စဝ်စံထွန်းဆေးရုံမိသားစုများက အားတက်ရပါကြောင်းနှင့် အထူးကျေးဇူးတင်ရှိပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များသည် အခမ်းအနားသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။

အဆိုပါ စဝ်စံထွန်းဆေးရုံကြီးကို ၁၉၅၇ ခုနှစ်တွင် ဝန်ထမ်းတပ်မဟာ အမှတ်(၁) (Rehabilitation Brigade No.1)မှ တပ်ရင်းမှူး ဗိုလ်မှူးချုပ် မောင်လွင် (B.Sc Engineering)က ဦးဆောင်၍ ရုရှား-မြန်မာချစ်ကြည်ရေးအတွက် ရည်ရွယ်ကာ ဆိုဗီယက်ပြည်ထောင်စုနိုင်ငံ၏ စီးပွားရေးနှင့် ကျွမ်းကျင်သူပူးပေါင်းဆောင်ရွက်မှုဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆောက်အဦအားလုံးအတွက် ငွေကျပ်သိန်း ၄၀ ကုန်ကျခဲ့ပြီး ၁၉၆၁ ခုနှစ်၊ ဇွန်လတွင် စဝ်စံထွန်းဆေးရုံကြီးအား စတင်ဖွင့်လှစ်ခဲ့ကြောင်း၊ ပထမဦးဆုံး ဆေးရုံအုပ်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သူမှာ ဒေါက်တာ စဝ်နော်ခမ်း ဖြစ်ပြီး ရှမ်းပြည်နယ်တွင် တစ်ခုတည်းသောဆေးရုံကြီးဖြစ်ခဲ့ပါကြောင်း၊ စတင်ဖွင့်လှစ်ခဲ့ချိန်တွင် ခုတင်-၂၀၀ ဆံ့ဆေးရုံဖြစ်သော်လည်း ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်တွင် ခုတင်-၅၀၀ ဆံ့ဆေးရုံကြီးအဖြစ် တိုးမြှင့်သတ်မှတ်ခဲ့သည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ေတာင္ႀကီးၿမိဳ႕၊ စဝ္စံထြန္းေဆး႐ုံႀကီးသို႔ COVID-19 ေရာဂါ ကာကြယ္၊ ကုသ၊ ထိန္းခ်ဳပ္ေရးပစၥည္းမ်ား၊ ေဆး႐ုံသုံးပစၥည္းမ်ားႏွင့္ အာဟာရျဖည့္စားေသာက္ဖြယ္ရာမ်ား ေပးအပ္လႉဒါန္း

ေနျပည္ေတာ္၊ ဇူလိုင္ – ၁၃

တပ္မေတာ္အေနျဖင့္ Covid-19 ေရာဂါျဖစ္ေပၚေနသည့္ ကာလအတြင္း ႏိုင္ငံအႏွံ႔ရွိ အထူးကုေဆး႐ုံႀကီးမ်ား ၊ အေထြေထြေရာဂါကုေဆး႐ုံႀကီးမ်ား၊ ခ႐ိုင္ေဆး႐ုံမ်ား၊ ၿမိဳ႕နယ္ေဆး႐ုံမ်ား၊ တိုက္နယ္ေဆး႐ုံမ်ားႏွင့္ ေက်းလက္က်န္းမာေရးဌာနမ်ားသို႔ Covid-19 ေရာဂါကာကြယ္ေရးအေထာက္အကူျပဳေဆးႏွင့္ ေဆးပစၥည္းမ်ား၊ အာဟာရျဖည့္ စားေသာက္ဖြယ္ရာမ်ားကို ေပးအပ္လႉဒါန္းလ်က္ရွိသည္။

ထိုသို႔ေပးအပ္လႉဒါန္းလ်က္ရွိရာ ယေန႔နံနက္ပိုင္းတြင္လည္း တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ)က ေတာင္ႀကီးၿမိဳ႕ရွိ စဝ္စံထြန္းေဆး႐ုံႀကီးသို႔ Coronavirus Disease 2019 (Covid-19) ေရာဂါ ကာကြယ္၊ ကုသ၊ ထိန္းခ်ဳပ္ေရး ပစၥည္းမ်ား၊ ေဆး႐ုံသုံးပစၥည္းမ်ားႏွင့္ အာဟာရျဖည့္ စားေသာက္ဖြယ္ရာမ်ားေပးအပ္လႉဒါန္းသည္။

အဆိုပါ လႉဒါန္းပြဲအခမ္းအနားသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္၊ နယ္စပ္ေရးရာဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရဲေအာင္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား၊ အေရွ႕ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉး၊ အေရွ႕အလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉး၊ စဝ္စံထြန္းေဆး႐ုံအုပ္ႀကီး ေဒါက္တာျမင့္သိန္းႏွင့္ အဖြဲ႕ဝင္မ်ား တက္ေရာက္ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က Coronavirus Disease 2019 (Covid-19) ေရာဂါကာကြယ္၊ ကုသ၊ ထိန္းခ်ဳပ္ေရးပစၥည္းမ်ားႏွင့္ ေဆး႐ုံသုံးပစၥည္းမ်ား ေပးအပ္လႉဒါန္းျခင္းႏွင့္ ပတ္သက္၍ အမွာစကားေျပာၾကားရာတြင္ စဝ္စံထြန္းေဆး႐ုံႀကီးသို႔ Covid-19 ေရာဂါကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးပစၥည္းမ်ား၊ ေဆး႐ုံသုံးပစၥည္းမ်ားႏွင့္ အာဟာရျဖည့္စြက္စာမ်ား လႉဒါန္းမႈသည္ ယခုအႀကိမ္အပါအဝင္ ၄ ႀကိမ္ရွိၿပီဟု သိရွိရပါေၾကာင္း၊ မိမိတို႔ႏိုင္ငံသည္ ဖြံ႕ၿဖိဳးဆဲႏိုင္ငံျဖစ္သည့္အတြက္ ဖြံ႕ၿဖိဳးၿပီးႏိုင္ငံမ်ားကဲ့သို႔ ျပည့္စုံႏိုင္မည္ မဟုတ္ေၾကာင္း၊ ၎တို႔ပင္လ်င္ Covid-19 ေရာဂါႏွင့္ ပတ္သက္၍ မ်ားစြာ အခက္အခဲမ်ားႀကဳံေတြ႕ေနရသည္ကို ေတြ႕ရွိရပါေၾကာင္း၊ ယေန႔နံနက္ ၇ နာရီအထိ တစ္ကမာၻလုံးတြင္ Covid-19 ေရာဂါကူးစက္ခံရသူ ၁၂ သန္း ၈ သိန္းေက်ာ္ ရွိၿပီျဖစ္ၿပီး မိမိတို႔ႏိုင္ငံတြင္ ကူးစက္ခံရသူ ၃၃၁ ဦးဆိုသည္မွာကံေကာင္းသည္ဟု ဆိုရမည္ျဖစ္ေၾကာင္း၊ ႏိုင္ငံႀကီးမ်ားကဲ့သို႔ ျဖစ္ပြားခဲ့ပါက အခက္အခဲမ်ားစြာႀကဳံေတြ႕ရမည္ ျဖစ္ေၾကာင္း၊ ေရာဂါစျဖစ္ခါစမွစ၍ တပ္မေတာ္အေနျဖင့္ ေဆးဖ်န္းျခင္း၊ သန႔္ရွင္းေရး ျပဳလုပ္ေပးျခင္း စသည့္အေျခခံလုပ္ငန္းမ်ားကို အမ်ားျပည္သူႏွင့္ သက္ဆိုင္သည့္ ေနရာတိုင္းတြင္ ေဆာင္႐ြက္ေပးခဲ့ပါေၾကာင္း၊

တစ္ဖက္တြင္လည္း ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရးအတြက္ လိုအပ္သည့္ Mask ၊ လက္သန႔္ေဆးလိုအပ္ခ်က္မ်ားကို လႉဒါန္းခဲ့ေၾကာင္း၊ တိုင္းစစ္ဌာနခ်ဳပ္နယ္ေျမအသီးသီးအလိုက္ က်န္းမာေရးဆိုင္ရာမ်ားႏွင့္ ပတ္သက္၍ စိစစ္ခဲ့ရာတြင္ လိုအပ္ခ်က္မ်ားစြာရွိေနသည္ကို သိရွိရသည့္အတြက္ က်န္းမာေရးဝန္ထမ္းလိုအပ္မႈမ်ားကို ကူညီေဆာင္႐ြက္ေပးခဲ့ပါေၾကာင္း၊ ထို႔ျပင္ တပ္မေတာ္သားမ်ား၊ အရပ္သား အစားခန႔္ဝန္ထမ္းမ်ား၏ လုပ္ခလစာေငြမ်ားမွ ပထမအႀကိမ္ႏွင့္ ဒုတိယအႀကိမ္ လႉဒါန္းရရွိသည့္ စုစုေပါင္းေငြက်ပ္ ၄ ဒသမ ၅ ဘီလီယံေက်ာ္ျဖင့္ ေဆးအကာကြယ္ေပးပစၥည္းမ်ား၊ အာဟာရျဖည့္ စားေသာက္ဖြယ္ရာမ်ားကို ေဆး႐ုံအသီးသီးသို႔ လႉဒါန္းေပးခဲ့ပါေၾကာင္း၊ ျပည့္စုံသည္ မဟုတ္ေသာ္လည္း အတိုင္းအတာတစ္ခုအထိ က်န္းမာေရးအကာအကြယ္ကို ရေစလို၍ လႉဒါန္းျခင္းျဖစ္ေၾကာင္း၊ ထိုသို႔ ကာကြယ္ေရးပိုင္းတြင္ တပ္မေတာ္ကအဓိကထား၍ လုပ္ေဆာင္ေပးႏိုင္ခဲ့ေသာ္လည္း ျပည္သူလူထု၏အသက္ကို ကာကြယ္ေပးၿပီး ေရွ႕တန္းက်က်လုပ္ေဆာင္ရသည္မွာ က်န္းမာေရးဝန္ထမ္းမ်ားပင္ျဖစ္ပါေၾကာင္း၊ က်န္းမာေရးဝန္ထမ္းမ်ား၏ လုပ္ေဆာင္ခ်က္ကို ခ်ီးက်ဴးဂုဏ္ယူပါေၾကာင္း၊ တပ္မေတာ္က လႉဒါန္းေပးသည့္ ေဆးအကာအကြယ္ပစၥည္းမ်ားျဖင့္ ရွမ္းျပည္နယ္တြင္ရွိသည့္ ျပည္သူလူထု၏ တစ္စိတ္တစ္ပိုင္းကို ကာကြယ္ေပးရာ၌ အေထာက္အကူျဖစ္ေစခဲ့သည့္အတြက္ ဝမ္းသာပီတိျဖစ္ရပါေၾကာင္း။

ထို႔ျပင္ ဤကဲ့သို႔ စားေသာက္ဖြယ္ရာမ်ားလႉဒါန္းျခင္းသည္ ကုသေရးတာဝန္ယူထားရသည့္ က်န္းမာေရးဝန္ထမ္းမ်ားႏွင့္ ေဆး႐ုံတက္ေရာက္ကုသေနၾကသည့္ လူနာ မ်ား၏ အာဟာရလိုအပ္မႈမ်ားကိုလည္း အေထာက္အကူျဖစ္ေစမည္ဟု ယုံၾကည္ပါေၾကာင္း၊ စိတ္ပိုင္းဆိုင္ရာ က်န္းမာမႈသည္ ခႏၶာကိုယ္ႀကံ့ခိုင္က်န္းမာမႈကို အေထာက္အကူျဖစ္ေစႏိုင္မည္ျဖစ္ေၾကာင္း၊ တန္ဖိုးအားျဖင့္ မမ်ားေသာ္လည္း အာဟာရကို ျဖစ္ေစႏိုင္မည္ျဖစ္ေၾကာင္း၊ တပ္မေတာ္မွ ထုတ္လုပ္သည့္ ပစၥည္းမ်ားျဖစ္ၿပီး တပ္တြင္း၊ တပ္ျပင္သို႔ သက္သာသည့္ေဈးႏႈန္းမ်ားျဖင့္ ေရာင္းခ်ေပးလ်က္ရွိပါေၾကာင္း၊ က်န္းမာေရးဝန္ထမ္းမ်ား အပူအပင္ကင္းစြာျဖင့္ တာဝန္ထမ္းေဆာင္ႏိုင္ေရး အတြက္ ေဆး႐ုံမ်ားတြင္ တန္ဖိုးသင့္ ထမင္း၊ ဟင္းလ်ာမ်ားကိုေရာင္းခ်ေပးျခင္းျဖင့္ စိတ္ပိုင္းဆိုင္ရာအားတစ္ခုျဖစ္ေစမည္ဟု ယုံၾကည္ပါေၾကာင္း။

Covid-19 ေရာဂါျဖစ္ပြားေနသည့္ကာလအတြင္း သြားလာေနထိုင္မႈမ်ားကို ဆင္ျခင္ၾကေစလိုေၾကာင္း၊ လြတ္လပ္စြာသြားလာသည္ျဖစ္ေသာ္လည္း ေရာဂါကာကြယ္ေရးလုပ္ငန္းမ်ားကို အေႏွာက္အယွက္မျဖစ္ေစရန္လိုေၾကာင္း၊ မျမင္ရ၊ မၾကားရသည့္ ေရာဂါျဖစ္သည့္အတြက္ အသြားအလာအေနအထိုင္ စနစ္တက်ျဖစ္ျခင္းျဖင့္ ေရာဂါကူးစက္မႈကို အဟန႔္အတားျဖစ္ေစႏိုင္မည္ျဖစ္ေၾကာင္း၊ ေတာင္ႀကီးၿမိဳ႕သည္ ရွမ္းျပည္နယ္၏ ၿမိဳ႕ေတာ္ျဖစ္သည့္အတြက္ ၿမိဳ႕ေတာ္သည္ စံျပျဖစ္ေနရမည္ျဖစ္ေၾကာင္း၊ က်န္းမာေရး၊ ပညာေရး၊ စည္ပင္သာယာေရး စသည့္ဝန္ထမ္းမ်ား၊ ဌာနမ်ားျဖင့္ မရဘဲ အားလုံးဝိုင္းဝန္း ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း၊ တပ္မေတာ္သည္လည္း ျပည္သူၾကားမွ ေပါက္ဖြားလာသည္ျဖစ္၍ အတူလက္တြဲေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း၊ Covid-19 ေရာဂါျဖစ္ပြားမႈကာလ အျမန္ဆုံးေက်ာ္လြန္ပါေစေၾကာင္းႏွင့္ လုပ္ငန္းတာဝန္မ်ားအားလုံးကို ေအာင္ျမင္စြာ ထမ္းေဆာင္ႏိုင္ၾကပါေစေၾကာင္းျဖင့္ ေဆြးေႏြးေျပာၾကားသည္။

ထို႔ေနာက္ စဝ္စံထြန္းေဆး႐ုံႀကီးအတြက္ Coronavirus Disease 2019 (Covid-19) ေရာဂါ ကာကြယ္၊ ကုသ၊ ထိန္းခ်ဳပ္ေရး ပစၥည္းမ်ားႏွင့္ ေဆး႐ုံသုံးပစၥည္းမ်ားျဖစ္သည့္ Surgical Masks ၃၀၀၀၀ ခု၊ N 95 Mask ၁၂၀၀ ခု၊ Face Shield ၃၀၀ ခု၊ Sodium Hypochloride (20L) ၆ ပုံး၊ Personal Protective Equipment (PPE) ၇၅၀ စုံ၊ Examination Glove ၁၅၀၀ ခု၊ Hand Gel ၃၅၀ ဘူး၊ Hand Sanitizer ၃၅၀ ဘူး၊ OT Gown ၅၀၀ ဘူးတို႔ကို တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေပးအပ္လႉဒါန္းရာ ေဆး႐ုံအုပ္ႀကီး ေဒါက္တာ ျမင့္သိန္းက လက္ခံရယူသည္။

ဆက္လက္၍ ေဆး႐ုံတက္လူနာမ်ားႏွင့္ ေဆး႐ုံဝန္ထမ္းမ်ားအတြက္ အာဟာရျဖည့္ စားေသာက္ဖြယ္ရာမ်ားျဖစ္သည့္ ၾကက္ဥ ၈၀၈ လုံး၊ ေ႐ႊဖီဦး ၈၀၈ ထုပ္ႏွင့္ နန္းၿမိဳင္ေကာ္ဖီ ၈၀၈ ထုပ္တို႔ကို စစ္ေရးခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး မ်ိဳးေဇာ္သိန္းက ေပးအပ္လႉဒါန္းရာ ေဆး႐ုံအုပ္ႀကီး ေဒါက္တာ ျမင့္သိန္းက လက္ခံရယူသည္။

ယင္းေနာက္ ေဆး႐ုံအုပ္ႀကီး ေဒါက္တာ ျမင့္သိန္းက ေက်းဇူးတင္စကား ျပန္လည္ေျပာၾကားရာတြင္ ယခုကဲ့သို႔ ေရာဂါကာကြယ္ေရးအေထာက္အကူျပဳ ေဆးႏွင့္ ေဆးပစၥည္းမ်ား၊ အာဟာရျဖည့္ စားေသာက္ဖြယ္ရာမ်ားကို ေပးအပ္လႉဒါန္းသည့္အတြက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) မိသားစုမ်ားကို အထူးပင္ေက်းဇူးတင္ရွိပါေၾကာင္း၊ ေရာဂါစတင္ျဖစ္ပြားမႈကာလ၌ Mask မ်ားေဈးႀကီးခဲ့ေၾကာင္း၊ ယခုတြင္ မိမိတို႔ ေဆး႐ုံႀကီးသည္ တစ္လလွ်င္ Mask အခုေရ တစ္ေသာင္းခန႔္သုံးစြဲရၿပီး ယခုလိုလႉဒါန္းသည့္အတြက္ သုံးလစာ လုံေလာက္ၿပီျဖစ္ေၾကာင္း၊ ထို႔ျပင္ မိမိတို႔ေဆး႐ုံသည္ အတည္ျပဳလူနာမ်ားႏွင့္ ဓာတ္ခြဲစမ္းသပ္လူနာမ်ားကို ကုသေပးရသည့္ ေဆး႐ုံျဖစ္သည့္အတြက္ N 95 Mask ၊ PPE ဝတ္စုံတို႔သည္ မရွိမျဖစ္လိုအပ္ပါေၾကာင္း၊ ဝန္ထမ္းမ်ားကို ကာကြယ္ေရးပစၥည္းအစုံအလင္တပ္ဆင္ၿပီးမွသာလ်င္ လူနာမ်ားကို ေစာင့္ေရွာက္ႏိုင္မည္ျဖစ္ပါေၾကာင္း၊ မိမိတို႔ေဆး႐ုံတြင္ Covid-19 ေရာဂါ အတည္ျပဳလူနာ ၄ ဦး၊ ေစာင့္ၾကည့္လူနာ ၂၈ ဦးကို ကုသေပးႏိုင္ခဲ့ၿပီး ဓာတ္ခြဲစမ္းသပ္မႈမ်ားအရ Negative ျဖစ္သူမ်ားကို သက္ဆိုင္ရာ ၿမိဳ႕နယ္မ်ားသို႔ ျပန္လည္လႊဲေျပာင္းေပးႏိုင္ခဲ့ပါေၾကာင္း၊ မိမိတို႔ ေဆး႐ုံႀကီးမွ တစ္ဆင့္ ရန္ကုန္ၿမိဳ႕သို႔ လစဥ္ ၃၀၀ နီးပါးေပးပို႔စစ္ေဆးေနရသျဖင့္ ေဆး႐ုံႀကီး၌ပင္ ေရာဂါအတည္ျပဳလူနာမ်ားကို ဓာတ္ခြဲစမ္းသပ္ႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိပါေၾကာင္း၊ ယခုကဲ့သို႔ လစာေငြမ်ားမွ လႉဒါန္းေငြမ်ားျဖင့္ ပံ့ပိုးလႉဒါန္းေပးခဲ့သျဖင့္ စဝ္စံထြန္းေဆး႐ုံမိသားစုမ်ားက အားတက္ရပါေၾကာင္းႏွင့္ အထူးေက်းဇူးတင္ရွိပါေၾကာင္းျဖင့္ ေျပာၾကားသည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ အခမ္းအနားသို႔ တက္ေရာက္လာၾကသူမ်ားအား ရင္းရင္းႏွီးႏွီး လိုက္လံႏႈတ္ဆက္ခဲ့ၾကသည္။

အဆိုပါ စဝ္စံထြန္းေဆး႐ုံႀကီးကို ၁၉၅၇ ခုႏွစ္တြင္ ဝန္ထမ္းတပ္မဟာ အမွတ္(၁) (Rehabilitation Brigade No.1)မွ တပ္ရင္းမႉး ဗိုလ္မႉးခ်ဳပ္ ေမာင္လြင္ (B.Sc Engineering)က ဦးေဆာင္၍ ႐ုရွား-ျမန္မာခ်စ္ၾကည္ေရးအတြက္ ရည္႐ြယ္ကာ ဆိုဗီယက္ျပည္ေထာင္စုႏိုင္ငံ၏ စီးပြားေရးႏွင့္ ကြၽမ္းက်င္သူပူးေပါင္းေဆာင္႐ြက္မႈျဖင့္ တည္ေဆာက္ခဲ့ျခင္းျဖစ္ေၾကာင္း၊ အေဆာက္အဦအားလုံးအတြက္ ေငြက်ပ္သိန္း ၄၀ ကုန္က်ခဲ့ၿပီး ၁၉၆၁ ခုႏွစ္၊ ဇြန္လတြင္ စဝ္စံထြန္းေဆး႐ုံႀကီးအား စတင္ဖြင့္လွစ္ခဲ့ေၾကာင္း၊ ပထမဦးဆုံး ေဆး႐ုံအုပ္ႀကီးအျဖစ္တာဝန္ထမ္းေဆာင္ခဲ့သူမွာ ေဒါက္တာ စဝ္ေနာ္ခမ္း ျဖစ္ၿပီး ရွမ္းျပည္နယ္တြင္ တစ္ခုတည္းေသာေဆး႐ုံႀကီးျဖစ္ခဲ့ပါေၾကာင္း၊ စတင္ဖြင့္လွစ္ခဲ့ခ်ိန္တြင္ ခုတင္-၂၀၀ ဆံ့ေဆး႐ုံျဖစ္ေသာ္လည္း ၂၀၁၅ ခုႏွစ္ ဒီဇင္ဘာ ၁၆ ရက္တြင္ ခုတင္-၅၀၀ ဆံ့ေဆး႐ုံႀကီးအျဖစ္ တိုးျမႇင့္သတ္မွတ္ခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။