တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Wouter Jurgens အားလက်ခံတွေ့ဆုံ

နေပြည်တော်၊ ဇူလိုင် – ၂၉

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံတွင် တာဝန်ထမ်းဆောင်မှုများ ပြီးဆုံး၍ နယ်သာလန်နိုင်ငံသို့ ပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်နိုင်ငံသံအမတ်ကြီး H.E. Mr. Wouter Jurgens အား ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများတက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်နိုင်ငံ သံမတ်ကြီးနှင့်အတူ ဒုတိယအတွင်းဝန် Ms. Linda van dar Horst တို့တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာ၌ မြန်မာနိုင်ငံနှင့် နယ်သာလန်နိုင်ငံ နှစ်နိုင်ငံဆက်ဆံရေးသည် နှစ်ပေါင်း ၇၀ ကျော်ရှိပြီဖြစ်ပြီး ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုကို ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေများ၊ တပ်မတော်သည် ပြည်သူကရွေးချယ်ထားသည့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းလျှောက်လှမ်းမှုကို ခိုင်မာအောင် ထိန်းသိမ်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ကမ္ဘာ့နိုင်ငံပေါင်းစုံ၌ ဒီမိုကရေစီစနစ်ကို ကျင့်သုံးလျက်ရှိရာတွင် မည်သည့်နိုင်ငံမဆို မိမိတို့နိုင်ငံနှင့် ကိုက်ညီသည့် ဒီမိုကရေစီစနစ်မျိုးကိုသာ ကျင့်သုံးလျက်ရှိပြီး မြန်မာနိုင်ငံအနေဖြင့်လည်း နိုင်ငံ၏သမိုင်းကြောင်း၊ ပကတိအခြေအနေများနှင့် ကိုက်ညီသည့် ဒီမိုကရေစီစနစ်ကိုသာကျင့်သုံးသင့်သည့် အခြေအနေများ၊ ပြည်တွင်းပဋိပက္ခများချုပ်ငြိမ်းပြီး ထာ၀ရငြိမ်းချမ်းရေးရရှိရန်အတွက် တပ်မတော်မှ ကြိုးပမ်းဆောင်ရွက်နေမှု အခြေအနေများအား ရင်းနှီးစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ျမန္မာႏိုင္ငံဆိုင္ရာ နယ္သာလန္ႏိုင္ငံ သံအမတ္ႀကီး H.E. Mr. Wouter Jurgens အားလက္ခံေတြ႕ဆုံ

ေနျပည္ေတာ္၊ ဇူလိုင္ – ၂၉

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ ျမန္မာႏိုင္ငံတြင္ တာဝန္ထမ္းေဆာင္မႈမ်ား ၿပီးဆုံး၍ နယ္သာလန္ႏိုင္ငံသို႔ ျပန္လည္ထြက္ခြာေတာ့မည့္ ျမန္မာႏိုင္ငံဆိုင္ရာ နယ္သာလန္ႏိုင္ငံသံအမတ္ႀကီး H.E. Mr. Wouter Jurgens အား ယေန႔ မြန္းလြဲပိုင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာဧည့္ခန္းမေဆာင္၌ လက္ခံေတြ႕ဆုံသည္။

အဆိုပါေတြ႕ဆုံပြဲသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ားတက္ေရာက္ၾကၿပီး ျမန္မာႏိုင္ငံဆိုင္ရာ နယ္သာလန္ႏိုင္ငံ သံမတ္ႀကီးႏွင့္အတူ ဒုတိယအတြင္းဝန္ Ms. Linda van dar Horst တို႔တက္ေရာက္ၾကသည္။

ထိုသို႔ေတြ႕ဆုံရာ၌ ျမန္မာႏိုင္ငံႏွင့္ နယ္သာလန္ႏိုင္ငံ ႏွစ္ႏိုင္ငံဆက္ဆံေရးသည္ ႏွစ္ေပါင္း ၇၀ ေက်ာ္ရွိၿပီျဖစ္ၿပီး ရွိရင္းစြဲခ်စ္ၾကည္ရင္းႏွီးမႈကို ဆက္လက္တိုးျမႇင့္ေဆာင္႐ြက္သြားမည့္ အေျခအေနမ်ား၊ တပ္မေတာ္သည္ ျပည္သူကေ႐ြးခ်ယ္ထားသည့္ ပါတီစုံဒီမိုကေရစီ လမ္းေၾကာင္းေလွ်ာက္လွမ္းမႈကို ခိုင္မာေအာင္ ထိန္းသိမ္းေဆာင္႐ြက္လ်က္ရွိသည့္ အေျခအေနမ်ားႏွင့္ ကမာၻ႔ႏိုင္ငံေပါင္းစုံ၌ ဒီမိုကေရစီစနစ္ကို က်င့္သုံးလ်က္ရွိရာတြင္ မည္သည့္ႏိုင္ငံမဆို မိမိတို႔ႏိုင္ငံႏွင့္ ကိုက္ညီသည့္ ဒီမိုကေရစီစနစ္မ်ိဳးကိုသာ က်င့္သုံးလ်က္ရွိၿပီး ျမန္မာႏိုင္ငံအေနျဖင့္လည္း ႏိုင္ငံ၏သမိုင္းေၾကာင္း၊ ပကတိအေျခအေနမ်ားႏွင့္ ကိုက္ညီသည့္ ဒီမိုကေရစီစနစ္ကိုသာက်င့္သုံးသင့္သည့္ အေျခအေနမ်ား၊ ျပည္တြင္းပဋိပကၡမ်ားခ်ဳပ္ၿငိမ္းၿပီး ထာ၀ရၿငိမ္းခ်မ္းေရးရရွိရန္အတြက္ တပ္မေတာ္မွ ႀကိဳးပမ္းေဆာင္႐ြက္ေနမႈ အေျခအေနမ်ားအား ရင္းႏွီးစြာ အျမင္ခ်င္းဖလွယ္ေဆြးေႏြးခဲ့ၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။