တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရှမ်းပြည်နယ် အတွင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများကို ထိရောက်စွာဆောင်ရွက် နိုင်ခဲ့ကြသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်

နေပြည်တော်၊ စက်တင်ဘာ – ၈

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်အတွင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး လုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်နိုင်ခဲ့ကြသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် အစည်းအဝေးခန်းမတွင်တွေ့ဆုံ၍ ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ချီးမြှင့် သည်။

အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် လင်းအောင်၊ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့၊ ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် တင်ကိုကိုနှင့် ရဲတပ်ဖွဲ့ဝင်များ တက်ရောက် ကြသည်။

ဦးစွာ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့၊ ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် တင်ကိုကို က ရှမ်းပြည်နယ် အတွင်း မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ တားဆီးနှိမ်နင်း ရေးကို အထူးစစ်ဆင်ရေးများဆောင်ရွက်၍ တိုက်ဖျက်ခဲ့သည့် အခြေအနေများ၊ ဖမ်းဆီး ရမိသည့် မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးခဲ့သည့် အခြေအနေများ၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုများကို နည်းလမ်းမျိုးစုံဖြင့် ပြုလုပ်နေမှုများအပေါ် သုံးသပ်ချက် များနှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေ များ၊ ဘိန်းစိုက်ပျိုးမှု ပပျောက်စေရေးနှင့် ဘိန်းအစားထိုးသီးနှံစိုက်ပျိုးနိုင်ရေး ဒေသခံ များသို့ အသိပညာပေးမှုများ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင် ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယခင်အခေါက် မူးယစ်ဆေးဝါးများမီးရှို့ဖျက်ဆီးပွဲတွင် ၂၀၁၉ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်အစောပိုင်း ကာလ များအတွင်း ဖမ်းဆီးရမိခဲ့သည့် စုစုပေါင်း အမေရိကန်ဒေါ်လာသန်းပေါင်း ၆၅၁ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖျက်ဆီးနိုင်ခဲ့ပြီး ပမာဏများပြားသည့်အတွက် ထိရောက် သည့် ရလဒ်ဖြစ်ကြောင်း၊ ထိုသို့ မူးယစ်ဆေးဝါးများ ဖော်ထုတ်ဖမ်းဆီးရမိအောင် ဆောင်ရွက်နိုင်ခဲ့သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့နှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ဝင်များကို ချီးကျူးပါကြောင်း၊ တရားမဝင်လက်နက်ကိုင် အဖွဲ့အချို့သည် မူးယစ်ဆေးဝါးလုပ်ငန်းများမှ တစ်ဆင့် အဓိကဝင်ငွေရရှိနေသည်ကို သုံးသပ်တွေ့ရှိရကြောင်း၊ ထို့ကြောင့် ၂၀၁၈-၂၀၁၉ ခုနှစ်အစောပိုင်းကတည်းကပင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို ဖိဖိစီးစီးစတင်ဆောင်ရွက်ခဲ့ပြီး တွန်းအား ပေးလုပ်ဆောင်ခဲ့ကြောင်း။

ထို့ကြောင့် အခြေခံအကျဆုံးဖြစ်သည့် သတင်းရယူတည်ဆောက်ရေးကို ပြည်တွင်း၊ ပြည်ပပူးပေါင်းဆောင်ရွက်မှုများဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ပြည်တွင်း၌ တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး စနစ်တကျဖြင့် လက်တွေ့ကျကျ လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက် ပြီး သတင်းအချက်အလက်ဖလှယ်မှုများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ သတင်း ရယူခြင်းသည် အဓိကအရေးကြီးပြီး သတင်းရရှိပြီးသည်နှင့် လက်လွတ်မှုမရှိရအောင် ထိထိရောက်ရောက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သတင်းရယူတည်ဆောက်မှုအနေဖြင့် မှတ်တမ်းတင်ခြင်းနှင့် မှတ်ပုံတင်ထားရှိခြင်းကို စနစ်တကျဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ထို့အတူ မြို့ရွာ လုံခြုံရေးနှင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးအတွက် မူးယစ်ဆေးဝါး ကျော်ဇော သတင်းရှိသူများနှင့် လမ်းကြောင်းများကို မှတ်ပုံတင်ထားကြရမည် ဖြစ် ကြောင်း၊ ထိုသို့ ဆောင်ရွက်ထားမှသာလျင် ဆက်စပ်သူများကို လျင်မြန်စွာဖော်ထုတ်နိုင်မည်ဖြစ်ကြောင်း။

မူးယစ်ဆေးဝါးအမြောက်အမြား ဖမ်းဆီးရမိသဖြင့် ဂုဏ်ယူနေရုံနှင့် မရဘဲ အမြစ် ပြတ်အောင် ဆောင်ရွက်နိုင်ရမည်ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးထုတ်လုပ်နေသူများကို အကာအကွယ်ပေးနေသူများမှာ တရားမဝင်လက်နက်ကိုင်အဖွဲ့အစည်းများဖြစ်ပြီး ၎င်းတို့အကာအကွယ်ပေးထားသဖြင့် ယခုကဲ့သို့ ထုတ်လုပ်နိုင်ခြင်းဖြစ်သည့်အတွက် လက်နက်ကိုင် ပဋိပက္ခများချုပ်ငြိမ်းအောင် လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများကို ဒေသအရေး၊ နိုင်ငံ့အရေး၊ အမျိုးသားရေးအဖြစ်ခံယူ၍ တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များပူးပေါင်းပြီး အချိန်ကိုက် ဟန်ချက်ညီ ထိရောက်စွာ လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ မိမိတာဝန်ထမ်းဆောင်နေ သည့် ဒေသ၏ ပညာရေး၊ ကျန်းမာရေးနှင့် အခြေခံစီးပွားရေးကို မြှင့်တင်ပေးရမည်ဖြစ် ကြောင်းနှင့် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းအောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ဖြင့် မှာကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရှမ်းပြည်နယ်အတွင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး လုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်နိုင်ခဲ့ကြသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ရာ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့၊ ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် တင်ကိုကို က လက်ခံရယူခဲ့သည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ရွမ္းျပည္နယ္ အတြင္း မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးလုပ္ငန္းမ်ားကို ထိေရာက္စြာေဆာင္႐ြက္ ႏိုင္ခဲ့ၾကသည့္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ဝင္မ်ားအား ဂုဏ္ျပဳခ်ီးျမႇင့္ေငြမ်ား ေပးအပ္ခ်ီးျမႇင့္

ေနျပည္ေတာ္၊ စက္တင္ဘာ – ၈

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ ယေန႔ နံနက္ပိုင္းတြင္ ရွမ္းျပည္နယ္အတြင္း မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရး လုပ္ငန္းမ်ားကို ထိေရာက္စြာေဆာင္႐ြက္ႏိုင္ခဲ့ၾကသည့္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ဝင္မ်ားအား အေရွ႕ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ အစည္းအေဝးခန္းမတြင္ေတြ႕ဆုံ၍ ဂုဏ္ျပဳခ်ီးျမႇင့္ေငြမ်ားေပးအပ္ခ်ီးျမႇင့္ သည္။

အဆိုပါ ေတြ႕ဆုံပြဲသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး (ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ အေရွ႕ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉး ဗိုလ္ခ်ဳပ္ လင္းေအာင္၊ ရွမ္းျပည္နယ္ရဲတပ္ဖြဲ႕၊ ရဲတပ္ဖြဲ႕မႉး ရဲမႉးခ်ဳပ္ တင္ကိုကိုႏွင့္ ရဲတပ္ဖြဲ႕ဝင္မ်ား တက္ေရာက္ ၾကသည္။

ဦးစြာ ရွမ္းျပည္နယ္ရဲတပ္ဖြဲ႕၊ ရဲတပ္ဖြဲ႕မႉး ရဲမႉးခ်ဳပ္ တင္ကိုကို က ရွမ္းျပည္နယ္ အတြင္း မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ား တားဆီးႏွိမ္နင္း ေရးကို အထူးစစ္ဆင္ေရးမ်ားေဆာင္႐ြက္၍ တိုက္ဖ်က္ခဲ့သည့္ အေျခအေနမ်ား၊ ဖမ္းဆီး ရမိသည့္ မူးယစ္ေဆးဝါးမ်ားကို မီးရႈိ႕ဖ်က္ဆီးခဲ့သည့္ အေျခအေနမ်ား၊ မူးယစ္ေဆးဝါး ေရာင္းဝယ္ေဖာက္ကားမႈမ်ားကို နည္းလမ္းမ်ိဳးစုံျဖင့္ ျပဳလုပ္ေနမႈမ်ားအေပၚ သုံးသပ္ခ်က္ မ်ားႏွင့္ မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရး ဆက္လက္ေဆာင္႐ြက္သြားမည့္ အေျခအေန မ်ား၊ ဘိန္းစိုက္ပ်ိဳးမႈ ပေပ်ာက္ေစေရးႏွင့္ ဘိန္းအစားထိုးသီးႏွံစိုက္ပ်ိဳးႏိုင္ေရး ေဒသခံ မ်ားသို႔ အသိပညာေပးမႈမ်ား ေဆာင္႐ြက္လ်က္ရွိသည့္ အေျခအေနမ်ားကို ရွင္းလင္းတင္ ျပသည္။

ရွင္းလင္းတင္ျပမႈမ်ားအေပၚ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ယခင္အေခါက္ မူးယစ္ေဆးဝါးမ်ားမီးရႈိ႕ဖ်က္ဆီးပြဲတြင္ ၂၀၁၉ခုႏွစ္ႏွင့္ ၂၀၂၀ ျပည့္ႏွစ္အေစာပိုင္း ကာလ မ်ားအတြင္း ဖမ္းဆီးရမိခဲ့သည့္ စုစုေပါင္း အေမရိကန္ေဒၚလာသန္းေပါင္း ၆၅၁ ေက်ာ္ တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ားကို ဖ်က္ဆီးႏိုင္ခဲ့ၿပီး ပမာဏမ်ားျပားသည့္အတြက္ ထိေရာက္ သည့္ ရလဒ္ျဖစ္ေၾကာင္း၊ ထိုသို႔ မူးယစ္ေဆးဝါးမ်ား ေဖာ္ထုတ္ဖမ္းဆီးရမိေအာင္ ေဆာင္႐ြက္ႏိုင္ခဲ့သည့္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ဝင္မ်ား၊ ရွမ္းျပည္နယ္ရဲတပ္ဖြဲ႕ႏွင့္ မူးယစ္ေဆးဝါး တိုက္ဖ်က္ေရးအဖြဲ႕ဝင္မ်ားကို ခ်ီးက်ဴးပါေၾကာင္း၊ တရားမဝင္လက္နက္ကိုင္ အဖြဲ႕အခ်ိဳ႕သည္ မူးယစ္ေဆးဝါးလုပ္ငန္းမ်ားမွ တစ္ဆင့္ အဓိကဝင္ေငြရရွိေနသည္ကို သုံးသပ္ေတြ႕ရွိရေၾကာင္း၊ ထို႔ေၾကာင့္ ၂၀၁၈-၂၀၁၉ ခုႏွစ္အေစာပိုင္းကတည္းကပင္ မူးယစ္ေဆးဝါးတိုက္ဖ်က္ေရးလုပ္ငန္းမ်ားကို ဖိဖိစီးစီးစတင္ေဆာင္႐ြက္ခဲ့ၿပီး တြန္းအား ေပးလုပ္ေဆာင္ခဲ့ေၾကာင္း။

ထို႔ေၾကာင့္ အေျခခံအက်ဆုံးျဖစ္သည့္ သတင္းရယူတည္ေဆာက္ေရးကို ျပည္တြင္း၊ ျပည္ပပူးေပါင္းေဆာင္႐ြက္မႈမ်ားျဖင့္ ေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း၊ ျပည္တြင္း၌ တပ္မေတာ္ႏွင့္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ဝင္မ်ား ပူးေပါင္းၿပီး စနစ္တက်ျဖင့္ လက္ေတြ႕က်က် လုပ္ေဆာင္ရမည္ျဖစ္ေၾကာင္း၊ တ႐ုတ္ႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္ ၿပီး သတင္းအခ်က္အလက္ဖလွယ္မႈမ်ားကိုလည္း ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ သတင္း ရယူျခင္းသည္ အဓိကအေရးႀကီးၿပီး သတင္းရရွိၿပီးသည္ႏွင့္ လက္လြတ္မႈမရွိရေအာင္ ထိထိေရာက္ေရာက္ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း၊ သတင္းရယူတည္ေဆာက္မႈအေနျဖင့္ မွတ္တမ္းတင္ျခင္းႏွင့္ မွတ္ပုံတင္ထားရွိျခင္းကို စနစ္တက်ေဆာင္႐ြက္ရမည္ ျဖစ္ေၾကာင္း၊ ထို႔အတူ ၿမိဳ႕႐ြာ လုံၿခဳံေရးႏွင့္ မူးယစ္ေဆးဝါး တားဆီးႏွိမ္နင္းေရးအတြက္ မူးယစ္ေဆးဝါး ေက်ာ္ေဇာ သတင္းရွိသူမ်ားႏွင့္ လမ္းေၾကာင္းမ်ားကို မွတ္ပုံတင္ထားၾကရမည္ ျဖစ္ ေၾကာင္း၊ ထိုသို႔ ေဆာင္႐ြက္ထားမွသာလ်င္ ဆက္စပ္သူမ်ားကို လ်င္ျမန္စြာေဖာ္ထုတ္ႏိုင္ မည္ျဖစ္ေၾကာင္း။

မူးယစ္ေဆးဝါးအေျမာက္အျမား ဖမ္းဆီးရမိသျဖင့္ ဂုဏ္ယူေန႐ုံႏွင့္ မရဘဲ အျမစ္ ျပတ္ေအာင္ ေဆာင္႐ြက္ႏိုင္ရမည္ျဖစ္ေၾကာင္း၊ မူးယစ္ေဆးဝါးထုတ္လုပ္ေနသူမ်ားကို အကာအကြယ္ေပးေနသူမ်ားမွာ တရားမဝင္လက္နက္ကိုင္အဖြဲ႕အစည္းမ်ားျဖစ္ၿပီး ၎တို႔အကာအကြယ္ေပးထားသျဖင့္ ယခုကဲ့သို႔ ထုတ္လုပ္ႏိုင္ျခင္းျဖစ္သည့္အတြက္ လက္နက္ကိုင္ ပဋိပကၡမ်ားခ်ဳပ္ၿငိမ္းေအာင္ လုပ္ေဆာင္ၾကရမည္ျဖစ္ေၾကာင္း။

မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးလုပ္ငန္းမ်ားကို ေဒသအေရး၊ ႏိုင္ငံ့အေရး၊ အမ်ိဳးသားေရးအျဖစ္ခံယူ၍ တပ္မေတာ္ႏွင့္ ရဲတပ္ဖြဲ႕ဝင္မ်ားပူးေပါင္းၿပီး အခ်ိန္ကိုက္ ဟန္ခ်က္ညီ ထိေရာက္စြာ လုပ္ေဆာင္ၾကရမည္ျဖစ္ေၾကာင္း၊ မိမိတာဝန္ထမ္းေဆာင္ေန သည့္ ေဒသ၏ ပညာေရး၊ က်န္းမာေရးႏွင့္ အေျခခံစီးပြားေရးကို ျမႇင့္တင္ေပးရမည္ျဖစ္ ေၾကာင္းႏွင့္ လက္နက္ကိုင္ပဋိပကၡမ်ား ခ်ဳပ္ၿငိမ္းေအာင္ ေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း ျဖင့္ မွာၾကားသည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ရွမ္းျပည္နယ္အတြင္း မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရး လုပ္ငန္းမ်ားကို ထိေရာက္စြာေဆာင္႐ြက္ႏိုင္ခဲ့ၾကသည့္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ဝင္မ်ားအတြက္ ဂုဏ္ျပဳခ်ီးျမႇင့္ေငြမ်ားေပးအပ္ရာ ရွမ္းျပည္နယ္ရဲတပ္ဖြဲ႕၊ ရဲတပ္ဖြဲ႕မႉး ရဲမႉးခ်ဳပ္ တင္ကိုကို က လက္ခံရယူခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။