တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လေရှီးမြို့၊ လဟယ်မြို့နှင့် ခန္တီးမြို့တို့ရှိ မြို့မိမြို့ဖများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူ့ဆေးရုံများအတွက် (COVID-19) ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး အထောက်အကူပြုပစ္စည်းများ ပေးအပ်

နေပြည်တော်၊ အောက်တိုဘာ  ၂၆

မိမိတို့ နိုင်ငံအတွက် ပိုမိုကောင်းမွန်သည့် အနာဂတ်ကိုဖန်တီးနိုင်ရန် ပညာတတ် မျိုးဆက်သစ်လူငယ်များ လိုအပ်မည်ဖြစ်သည့်အပြင် စည်းကမ်းစနစ်တကျရှိသည့် ဒီမိုကရေစီကို ဖော်ဆောင်နိုင်ရေးအတွက်

အတွေးအခေါ်မြင့်မားသည့် ပညာတတ်များ လိုအပ်သောကြောင့် ပညာရေးကိုအားပေးကြစေလိုကြောင်း၊ မိမိဒေသအကျိုးကို မိမိဒေသတွင် နေထိုင်သူများကသာလျင်အဓိကဖော်ဆောင်နိုင်မည်၊ ဖော်ဆောင်ကြရမည် ဖြစ်သည့်အတွက် ဝိုင်းဝန်းကြိုးပမ်းကြစေလိုကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့တွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့၊ လဟယ်မြို့နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တို့ရှိ မြို့မိမြို့ဖများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား သက်ဆိုင်ရာမြို့များရှိ ရိပ်သာများ၌ သီးခြားစီတွေ့ဆုံ၍ (COVID-19) ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး အထောက်အကူပြုပစ္စည်းများပေးအပ်စဉ် ထည့်သွင်းပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲများသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီး များနှင့်ဇနီးများ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မျိုးမိုးအောင်နှင့်ဇနီး၊ လေရှီးမြို့၊ လဟယ်မြို့နှင့် ခန္တီးမြို့တို့ရှိ မြို့မိမြို့ဖများ၊ ဋ္ဌာနဆိုင်ရာဝန်ထမ်းများနှင့် နယ်မြေခံတပ်မတော်သားများ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် တွေ့ဆုံပွဲများ ပြုလုပ် မည့် လေရှီးမြို့ရိပ်သာ၊ လဟယ်မြို့ ဆာရာမေရိရိပ်သာနှင့် ခန္တီးမြို့ နန်စီဘွန်ရိပ်သာ တို့သို့ရောက်ရှိကြရာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသဦးစီးဥက္ကဌ ဦးကေဆိုင်း၊ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် နယ်မြေခံတပ်မတော်သားများက ကြိုဆို နှုတ်ဆက်ကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က (COVID-19) ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး အထောက်အကူပြုပစ္စည်းများပေးအပ်ရခြင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားရာတွင် မိမိအနေဖြင့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့သို့ ပထမဆုံးအကြိမ်အဖြစ်လာရောက်သည့် ခရီးစဉ်ဖြစ်ပြီး လေရှီးမြို့သည် အမြင့်ပေ ၄၄၀၀ ကျော်၊ လူဦးရေ ၁၈၀၀၀ ကျော်သာရှိသည်ဟု သိရှိ ရပါကြောင်း၊ အိန္ဒိယနိုင်ငံနယ်စပ်ဖြစ်သဖြင့်လည်း လေရှီးမြို့ကို ယခင်ကတည်းက စိတ်ဝင် စားမှုရှိခဲ့ကြောင်း၊ မိမိအနေဖြင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း တာဝန်ထမ်းဆောင်စဉ် ချင်းတွင်းမြစ်အနီးနာဂရွာတစ်ရွာသို့ ရောက်ရှိခဲ့ကြောင်း၊ ထိုရွာ တွင် ကုန်းမြင့်လယ်ယာစနစ်ကို စနစ်တကျအောင်မြင်စွာဆောင်ရွက်လျက်ရှိသည်တွေ့ ရှိရပြီး အိန္ဒိယနိုင်ငံဘက်မှ သင်ယူလာသည့် နည်းပညာဟု သိရှိရပါကြောင်း၊ လေရှီးဒေသ တွင် ဆန်ကို ပြင်ပမှ ဝယ်ယူစားသုံးရခြင်းမရှိဟု သိရှိရသည့်အတွက် ဝမ်းသာမိပါကြောင်း၊ ပြင်ပမှ ဝယ်ယူစားသုံးပါက သယ်ယူပို့ဆောင်စရိတ်များ အလွန်များပြားစွာ ကုန်ကျမည် ဖြစ်ကြောင်း၊ လေရှီးမြို့သည် မြို့ငယ်တစ်မြို့ဆိုသော်လည်း မြို့အင်္ဂါရပ်များ ထိုက်သင့်သ လောက် ရှိသည်ကို တွေ့ရှိရသည့်အတွက် ဝမ်းသာမိပါကြောင်း။

နာဂဒေသသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သဖြင့် ကိုယ့်ဒေသ၊ ကိုယ့်တိုင်းရင်း သားများ၏ ဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ပြည်နယ်နှင့် တိုင်း ဒေသကြီးတစ်ခုနှင့်တစ်ခု၊ ဒေသတစ်ခုနှင့်တစ်ခု ကွာခြားချက် ကျဉ်းမြောင်းအောင် ဆောင် ရွက်ကြရမည်ဖြစ်ကြောင်း၊ ဒေသအလိုက်အစိုးရအဖွဲ့များက ဆောင်ရွက်သကဲ့သို့ ဒေသခံ များကလည်း မိမိဒေသတိုးတက်ရေးအတွက် မိမိတို့ကိုယ်တိုင် ကြိုးစားအားထုတ်ကြရန် လိုကြောင်း၊ တပ်မတော်အနေဖြင့်လည်း ဒေသအလိုက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေး လျက်ရှိကြောင်း၊ ထိုသို့ ကြိုးစားအားထုတ်ရာတွင် အသိပညာအတတ်ပညာပြည့်စုံသည့် ပညာတတ်များပါဝင်ပါက ပိုမိုခရီးရောက်နိုင်မည်ဖြစ်သည့်အတွက် ပညာရေးကို ယခု ထက်ပိုမို အားပေးကြစေလိုကြောင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် တက္ကသိုလ် ဝင်တန်း အောင်ချက်ရာခိုင်နှုန်း နည်းပါးနေသည်ကို တွေ့ရှိရကြောင်း၊ ကျောင်းနေသူ ဦးရေသည် မူလတန်းအဆင့်တွင် များပြားသော်လည်း တန်းစဉ်ကူးပြောင်းမှုတွင် ကျောင်း နေသူဦးရေ တစ်ဖြည်းဖြည်းလျော့နည်းလာခဲ့ပြီး သူငယ်တန်းတက်ရောက်သူလူဦးရေ၏ ၁၀ ရာခိုင်နှုန်းခန့်သာ တက္ကသိုလ်ဝင်တန်းသို့ ရောက်ရှိအောင်မြင်နေသည်ကို တွေ့ရှိရ ကြောင်း၊ မိမိ တို့နိုင်ငံအတွက် ပိုမိုကောင်းမွန်သည့် အနာဂတ်ကိုဖန်တီးနိုင်ရန်အတွက် ပညာတတ် မျိုးဆက်သစ်လူငယ်များ လိုအပ်မည်ဖြစ်သည့်အပြင် စည်းကမ်းစနစ်တကျ ရှိသည့် ဒီမိုကရေစီကို သွားနိုင်ရေးအတွက် အတွေးအခေါ်မြင့်မားသည့် ပညာတတ် များလိုအပ်သောကြောင့် ပညာရေးကိုအားပေးကြစေလိုကြောင်း။

ဆက်လက်ပြီး ကျန်းမာမှသာလျင် ပညာသင်ကြားနိုင်မည်ဖြစ်သည့်အတွက် (COVID-19) ရောဂါသာမက အခြားရောဂါများလည်း ကင်းစင်အောင် ကျန်းမာရေးကို အထူးအလေးထားထားဂရုစိုက်ရန်လိုအပ်ကြောင်းနှင့် တပ်မတော်အနေဖြင့် နာဂဒေသအပါအဝင်ဝေးလံခေါင်ဖျားဒေသများရှိ ဒေသခံပြည်သူများ၏ ကျန်းမာရေး အား စောင့်ရှောက်ပေးနေမှုအခြေအနေများနှင့် ပတ်သက်၍ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြောကြားရာတွင်-

“ကျန်းမာရေးနဲ့ပတ်သက်ရင်လည်း ကျွန်တော် ၂၀၁၅ ခုနှစ်၊ နာဂနှစ်သစ်ကူးပွဲ ကို ကျွန်တော် လဟယ် လာပါတယ်။ လာတဲ့အခါကျတော့ ။ သမ္မတဦးသိန်းစိန်နဲ့ ကျွန် တော်တို့လာကြတုန်းက။ ဦးစီးအဖွဲ့ဥက္ကဌဖြစ်တဲ့ ဦးရိုစံကျူး ကနေပြီးတော့ ဆရာဝန်တွေ အခက်အခဲရှိနေတာကို သူက တင်ပြပါတယ်။ တင်ပြတော့ ကျွန်တော်က နားထောင် တယ်။ ကျွန်တော်လည်း ဧည့်သည်အနေနဲ့ပါတာကိုး။ သူမပြောခင်ကတည်းက ကျွန်တော်က စာအုပ်ဖတ်ကြည့်တဲ့အချိန်မှာ ဆရာဝန်လိုအပ်ချက်တွေ အများကြီး ကျွန်တော်က သွားတွေ့တယ်။ တင်ပြတဲ့အချိန် အဲဒီတုန်းက ပြောရလို့ရှိရင် အဲ့ဒီတုန်းက စစ်ကိုင်းတိုင်း ဒေသကြီးကလည်း ပေးဖို့အတွက် အခက်အခဲရှိတယ်။ ကျန်းမာရေးဝန်ကြီးလည်း ပါတယ်။ သူတို့လည်း အခက်အခဲရှိတော့ မျိုးစုံ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုလုပ်ရင် ကောင်းမလဲပေါ့။ ဒါနဲ့ ကျွန်တော်ကပြောတယ်။ ကျွန်တော်တို့ တပ်မတော်ကနေပြီး တော့ ပေးမယ်လို့ ။ အဲ့ဒီအတွက်ကို ။ တပ်မတော်ကပေးမယ်။ နာဂဒေသအတွက်။ ကျွန်တော်ကိုယ်တိုင်လည်း ဟုမ္မလင်းမှာနေခဲ့တော့ ကျွန်တော်က ဒီဒေသခံဆိုတော့ ကျွန် တော်က သိတာပေါ့။ သူတို့ တော်တော်ဝမ်းသာအားရနဲ့ဖြစ်သွားတယ်။ တောင်းတုန်း ကတော့ နာဂဒေသအတွက်တောင်းတာ။ အဲ့မှာ ဆရာဝန်တွေ ဠသူကညေအနနမ ကောက်တဲ့ အချိန်မှာ လူပေါင်း ၈၀ ကျော်လောက် တပ်မတော်ဆရာဝန်တွေ စာရင်းပေးပါတယ်။ အဲ့ဒီအထဲကနေ ၄၄ ယောက် လွှတ်ပေးလိုက်တယ်။ နာဂမှာတော့ ၈ ယောက်။ ကျန်တာ ကတော့ ချင်းပြည်နယ်။ ချင်းပြည်နယ်မှာလည်း တော်တော်ကို သွားရေး လာရေး ခက်ခဲ တဲ့နေရာတွေ ရှိတယ်။ ဟိုးဘက် နန်းယွန်းကနေစပြီး နန်းယွန်း၊ ဒုံဟီး၊ လဟယ် ပြီးရင် ရမ်းကြုံးတို့ ရှိမှာပေါ့။ လေရှီးမှာ ဆရာဝန်ဘယ်နှစ်ယောက်ရှိလဲမေးတယ်။ ၂ ယောက် ရှိတယ်။ တစ်ချို့နေရာတွေ ဆိုလို့ရှိရင် သူနာပြုနဲ့နေရတဲ့နေရာတွေရှိတယ်။ အဲ့ဒီတော့ ကျွန်တော်တို့ တပ်မတော်က ဆရာဝန်တွေ လွှတ်တာ အခုဆိုရင် တတိယ အသုတ် ဖြစ်သွားပြီ၊ လေးနှစ်ကျော် ငါးနှစ်ထဲလောက် ရောက်သွားပြီ။ ဒါ ခင်ဗျားတို့ ကျန်းမာရေး အတွက်ပဲ။ ပြီးရင် ကျန်းမာမှပဲ ပညာသင်ကြားနိုင်မယ်။ ကျန်းမာမှပဲ အလုပ် လုပ်နိုင်မယ် ဖြစ်တဲ့အတွက်ကြောင့် ကျန်းမာအောင် ကျွန်တော်တို့ တပ်မတော်က ဝိုင်း ကူပေးတာ။ ဒါမှပဲ ကိုယ့်ဒေသကို ဖွံ့ဖြိုးရေးအတွက်ကို လုပ်နိုင်မှာ။ ကျွန်တော်တို့က ကူညီပေးတာ ပဲရှိတယ်။ တစ်ကယ်လုပ်ရမှာက ဒေသခံကလုပ်ရမှာ ဖြစ်တယ်။ အဲ့ဒီအတွက် ကျွန်တော် တို့ လုပ်ပေးနိုင်တာရှိရင် လုပ်ပေးမယ်လို့ ကျွန်တော်ပြောလိုပါတယ်။ သို့သော် လည်းပဲ ပြည့်စုံတယ်လို့တော့ မဟုတ်ပါဘူး။ ပြည့်စုံအောင် လုပ်ဖို့ဆိုတာကလည်း တော် တော်ကို ရုန်းရကန်ရမှာဖြစ်ပါတယ်။”

ထို့နောက် မကြာမီတွင် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ရွေးကောက်ပွဲသည် ဒီမိုကရေစီ၏ အနှစ်သာရပင်ဖြစ်ကြောင်း၊ ရွေးချယ်လိုက်သည့်သူများ သည် ပြည်သူလူထုကို ကိုယ်စားပြုမည့်သူများဖြစ်သည့်အတွက် ဒေသနှင့် တိုင်းပြည် အကျိုးကို ဖော်ဆောင်ပေးမည့်သူများကို ရွေးချယ်ကြရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ မိမိ တို့နိုင်ငံတွင် ဒေသနှင့် တိုင်းရင်းသားအရေးကို အခြေခံသည့် ပါတီနှင့် နိုင်ငံရေးမူဝါဒ ကို အခြေခံသည့် ပါတီဟူ၍ နှစ်မျိုးရှိပြီး မည်သို့ပင်ရှိစေကာမူ မိမိဒေသကို အကျိုးပြု နိုင်မည့်သူများကိုသာ ရွေးချယ်ကြရမည်ဖြစ်ကြောင်းနှင့် ဒီမိုကရေစီနိုင်ငံတစ်ခုတွင် အကြမ်းဖက်သည့်နည်းလမ်းများဖြင့် အခွင့်အရေးတောင်းဆိုခြင်းသည် မသင့်လျော်သည့် လုပ်ရပ်များသာဖြစ်သည့် အခြေအနေများနှင့် ပတ်သက်၍ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြောကြားရာတွင် –

“နေရာတကာမှာတော့ အားလုံးတော့ ရမှာ မဟုတ်ဘူး။ သို့သော်လည်းပဲ မှန်ကန်တဲ့ ချဉ်းကပ်မှုနဲ့ မှန်ကန်တဲ့လမ်းကြောင်းပေါ်ကနေပြီးတော့ မှန်မှန်ကန်ကန်တိုးတက်အောင် ဆောင်ရွက်ဖို့အခွင့်အရေးရဖို့။ အဲဒီအခွင့်အရေး မဆုံးရှုံးအောင် ဒေသခံပြည်သူလူထုက စဉ်းစားဆောင်ရွက်ဖို့လိုတယ်။ မှန်မှန်ကန်ကန်နဲ့ အခွင့်အရေးကို အသုံးချနိုင်ဖို့အတွက် စဉ်းစားဆောင်ရွက်ဖို့ ဒါ ကျွန်တော် ခင်ဗျားတို့ကို တိုက်တွန်းပါတယ်။ ဘယ်သူရယ် ဘယ်ဝါရယ်လို့တော့ ကျွန်တော်တို့ မရှိပါဘူး။ အရေးကြီးတာကတော့ တိုင်းပြည်ကောင်းအောင် လုပ်မယ့်သူတွေ၊ ဒေသကောင်းအောင် လုပ်မယ့်သူတွေ ဖြစ်ဖို့ကတော့ အရေးကြီးဆုံးပါပဲ။ နောက်တစ်ခါ ကျွန်တော်တို့က သက်တမ်းနုတဲ့ ဒီမိုကရေစီနိုင်ငံ။ ဒီဆယ်နှစ်တာကာလအတွင်း ကျွန်တော်သုံးသပ်တွေ့ရှိရသလောက် ဆိုလို့ရှိရင် အခက်အခဲတွေ ရှိကြတယ်။ လုပ်ရကိုင်ရတဲ့ဟာတွေမှာ အခက်အခဲတွေ ရှိတယ်။ ဒါတွေကို ကျွန်တော်တို့ ကျော်လွှားနိုင်ဖို့ လိုတယ်။ နောက်တစ်ခါ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ ငြိမ်းချမ်းရေးကလည်း ရှိဖို့လိုတယ်။ ငြိမ်းချမ်းရေး မရှိပဲနဲ့တော့။ မရှိလို့ဆိုရင်တော့။ စောစောကပြောတဲ့ ဒေသကို ကိုယ်စားပြုမဲ့သူတွေ၊ တိုင်းပြည်ကောင်းအောင် လုပ်မဲ့သူတွေ၊ ဒေသကို ကောင်းအောင်လုပ်မဲ့သူတွေ မှန်မှန်ကန်ကန် ရဖို့အတွက် အခက်အခဲဖြစ်နိုင်တယ်။ ဒီမိုကရေစီ နည်းလမ်းတကျ ဆောင်ရွက်န်ိုင်ဖို့အတွက်လည်း အခက်အခဲဖြစ်န်ိုင်တယ်။ ဒါကြောင့် ငြိမ်းချမ်းရေးရအောင် ကျွန်တော်တို့လည်း ၂၀၁၁ ခုနှစ် ပထမအစိုးရ တက်လာကတည်းက ကြိုးစားလာခဲ့ကြတာ။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်နေ့က NCA ၅ နှစ်ပြည့်တယ်။ ၂၀၁၅ ခုနှစ်မှာ ကျွန်တော်တို့က စာချုပ် ချုပ်ခဲ့တာကိုး။ ၅ နှစ်ပြည့်သွားပြီ။ ဒါဟာလည်း ငြိမ်းချမ်းရေးရဲ့ တကယ့် ရှေ့ပြေးပါပဲ။ ဒီဟာကို ကျွန်တော်တို့က ကိုင်ပြီးတော့မှ ထာ၀ရငြိမ်းချမ်းရေးဖြစ်အောင် သွားကြရမယ်။ အဲဒီတော့ ဒီမိုကရေစီ နိုင်ငံတစ်ခုမှာတော့ အကြမ်းဖက်တဲ့နည်းလမ်းနဲ့ မိမိရဲ့လိုလားချက်တွေကို တောင်းဆိုဖို့ကတော့ မကောင်းဘူးပေါ့။ ဒါ မဖြစ်သင့်ဘူး။ အကြမ်းဖက်တယ်ဆိုတာကတော့ ဆူပူဆန္ဒပြတာတွေလည်းပါတာပေါ့။ အဲ့ဒီကနေစပြီးတော့မှ လက်နက်ကိုင်ပြီးတော့မှ အနိုင်ကျင့်တဲ့အဆင့်ထိပါတယ်။ ဒါတွေ အကုန်လုံး အကြမ်းဖက်တာချည်းပဲ။ With Armed, Without Armed ပဲ လက်နက်ပါတယ်၊ လက်နက်မပါဘူး။ ဒီနှစ်ခုလုံးကို ဆိုလိုတယ်။”

ထို့နောက် လေရှီး၊ လဟယ်နှင့် ခန္တီးဒေသတို့သည် ယခင်ကထက်များစွာ ဖွံ့ဖြိုး တိုးတက်လာပြီဖြစ်သော်လည်း ယခုထက်ပိုမိုတိုးတက်ရန်အတွက် များစွာ ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ဒေသအတွင်း သဘာ၀မှပေးထားသည့် အရင်းအမြစ်များမှ တစ်ဆင့် ဒေသဖွံ့ဖြိုးရေးအတွက် မရှိမဖြစ်လိုအပ်သည့် လျှပ်စစ်ဓာတ်အားကို ထုတ်ယူ သုံးစွဲနိုင်ရေး စဉ်းစားဆောင်ရွက်ကြစေလိုကြောင်း၊ မိမိဒေသအကျိုးကို မိမိဒေသတွင် နေထိုင်သူများကသာလျင်ဖော်ဆောင်နိုင်မည်၊ ဖော်ဆောင်ကြရမည်ဖြစ်သည့်အတွက် ဝိုင်းဝန်းကြိုးပမ်းကြစေလိုကြောင်းဖြင့် ဆွေးနွေးပြောကြားသည်။

ထို့နောက် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသဦးစီးဥက္ကဌ ဦးကေဆိုင်းနှင့် မြို့မိမြို့ဖများ၊ တာဝန်ရှိသူများက ဒေသတွင်းကြုံတွေ့နေရသည့် အခက်အခဲများ၊ ဆက်သွယ်ရေးစနစ်ဆိုင်ရာလိုအပ်ချက်များနှင့် ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များ အား ဆွေးနွေးပြောကြားရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လေရှီးမြို့၊ လဟယ်မြို့နှင့် ခန္တီးမြို့ တို့ရှိ မြို့မိမြို့ဖများ ဒေသခံပြည်သူများအတွက် မြို့နယ်တစ်မြို့နယ်လျင် (COVID-19) ရောဂါကာကွယ် ထိန်းချုပ်ကုသရေး အထောက်အကူပြုပစ္စည်းများဖြစ်သည့် Surgical Mask ၁၅၀ ခု၊ Face Shield ၃၀ ခု၊ Examination Glove ၁၀၀၀ ခုနှင့် စားသောက်ဖွယ်ရာများ၊ တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့် လူသုံးကုန်ပစ္စည်းများကို ပေးအပ်ရာ လေရှီး မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးနိုင်နိုင်ဦး၊ လဟယ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးနေမင်းသူနှင့် ခန္တီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးလှမျိုး တို့နှင့် မြို့မိမြို့ဖများက အသီးသီးလက်ခံရယူကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက် လာကြသည့် မြို့မိမြို့ဖများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့ကြသည်။

တွေ့ဆုံပွဲများအပြီး၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နှင့် လဟယ်မြို့တို့ရှိ ထေရဝါဒဗုဒ္ဓသာသနာ ပြုဗဟိုကျောင်းများသို့သွားရောက်၍ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ ဒဿန နှင့် ဘဒ္ဒန္တ သုမန တို့အား ဖူးမြော်ကြည်ညိုကာ တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများက လှူဒါန်းသည့် ဆွမ်းဆန်တော် ၃၀ အိတ်၊ ဆီ ၄၅ ပိဿာ ၊ ဆား ၁၅ ပိဿာ၊ ပဲ ၁၀၀ ပိဿာ၊ တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့် သုံးကုန်ပစ္စည်းများ၊ ဝတ္ထုငွေများနှင့် စားသောက်ဖွယ်ရာများကိုဆက်ကပ်လှူဒါန်းကြပြီး ဆရာတော်၏ သာသနာပြု လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကိုမေးမြန်း လျောက်ထားခဲ့ကြသည်။ ထို့ပြင် ခန္တီးမြို့ ရန်ကင်းတောင်ကုန်းမြေရှိ သာသနဟိတမြို့မကျောင်းတိုက် ဆရာတော် သာသနတက္က သီလ မဟာဓမ္မာစရိယ ဘဒ္ဒန္တ နန္ဒပါလ အားဖူးမြော်ကြည်ညိုကာ တပ်မတော် (ကြည်း၊ ရေ၊လေ) မိသားစုများက လှူဒါန်းသည့် ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် လေးမျိုးနှင့် တပ်မတော် စက်ရုံများမှ ထုတ်လုပ်သည့် သုံးကုန်ပစ္စည်းများ၊ ဝတ္ထုငွေများနှင့် စားသောက်ဖွယ်ရာများကိုဆက်ကပ်လှူဒါန်းကြပြီး ဆရာတော်ထံမှ အနုမောဒနာ တရားကို နာယူကြသည်။ ထို့နောက် ခန္တီးမြို့၊ မြသိန်းတန်စေတီတော်မြတ်အား ဖူးမြော်ကြည်ညိုကာ ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးပြီး စေတီတော် ကြီးအတွက် ဘက်စုံအလှူငွေများ ပေးအပ်ရာ ဂေါပကအဖွဲ့ဝင်များက လက်ခံရယူကြ သည်။

ထို့ပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့၊ လဟယ်မြို့နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တို့ရှိ ပြည်သူ့ဆေးရုံများသို့ သွားရောက်၍ ဆေးရုံတစ်ခုလျင် (COVID-19) ရောဂါကာကွယ် ထိန်းချုပ်ကုသရေး အထောက်အကူပြုပစ္စည်းများဖြစ်သည့် Surgical Mask ၅၁၅၀ ခု၊ Face Shield ၁၃၀ ခု၊ Personal Protective Equipment (PPE) ဝတ်စုံ ၅၀ စုံ၊ Hand Gel ၃၀ ဘူး၊ N 95 Mask ၁၀၀ ခု၊ Examination Glove 1500 ၁၅၀၀ ခုနှင့် စားသောက် ဖွယ်ရာများ၊ တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့် လူသုံးကုန်ပစ္စည်းများကို ပေးအပ်ရာ ဆေးရုံအုပ်ကြီးများက အသီးသီးလက်ခံရယူခဲ့ကြသည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မှူးႀကီး မင္းေအာင္လႈိင္ ေလရွီးၿမိဳ႕၊ လဟယ္ၿမိဳ႕ႏွင့္ ခႏၲီးၿမိဳ႕တို႔ရွိ ၿမိဳ႕မိၿမိဳ႕ဖမ်ားႏွင့္ ဌာနဆိုင္ရာဝန္ထမ္းမ်ားအား ရင္းရင္းႏွီးႏွီးေတြ႕ဆုံ၊ ဌာနဆိုင္ရာဝန္ထမ္းမ်ားႏွင့္ ျပည္သူ႔ေဆး႐ုံမ်ားအတြက္ (COVID-19) ေရာဂါ ကာကြယ္ ထိန္းခ်ဳပ္ကုသေရး အေထာက္အကူျပဳပစၥည္းမ်ား ေပးအပ္

ေနျပည္ေတာ္၊ ေအာက္တိုဘာ  ၂၆

မိမိတို႔ ႏိုင္ငံအတြက္ ပိုမိုေကာင္းမြန္သည့္ အနာဂတ္ကိုဖန္တီးႏိုင္ရန္ ပညာတတ္ မ်ိဳးဆက္သစ္လူငယ္မ်ား လိုအပ္မည္ျဖစ္သည့္အျပင္ စည္းကမ္းစနစ္တက်ရွိသည့္ ဒီမိုကေရစီကို ေဖာ္ေဆာင္ႏိုင္ေရးအတြက္အေတြးအေခၚျမင့္မားသည့္ ပညာတတ္မ်ား လိုအပ္ေသာေၾကာင့္ ပညာေရးကိုအားေပးၾကေစလိုေၾကာင္း၊ မိမိေဒသအက်ိဳးကို မိမိေဒသတြင္ ေနထိုင္သူမ်ားကသာလ်င္အဓိကေဖာ္ေဆာင္ႏိုင္မည္၊ ေဖာ္ေဆာင္ၾကရမည္ ျဖစ္သည့္အတြက္ ဝိုင္းဝန္းႀကိဳးပမ္းၾကေစလိုေၾကာင္းျဖင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မှူးႀကီး မင္းေအာင္လႈိင္က ယေန႔တြင္ နာဂကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ၊ ေလရွီးၿမိဳ႕၊ လဟယ္ၿမိဳ႕ႏွင့္ စစ္ကိုင္းတိုင္းေဒသႀကီး၊ ခႏၲီးၿမိဳ႕တို႔ရွိ ၿမိဳ႕မိၿမိဳ႕ဖမ်ားႏွင့္ ဌာနဆိုင္ရာ ဝန္ထမ္းမ်ားအား သက္ဆိုင္ရာၿမိဳ႕မ်ားရွိ ရိပ္သာမ်ား၌ သီးျခားစီေတြ႕ဆုံ၍ (COVID-19) ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ကုသေရး အေထာက္အကူျပဳပစၥည္းမ်ားေပးအပ္စဥ္ ထည့္သြင္းေျပာၾကားသည္။

အဆိုပါ ေတြ႕ဆုံပြဲမ်ားသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္၏ ဇနီးေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီး မ်ားႏွင့္ဇနီးမ်ား၊ အေနာက္ေျမာက္တိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉး ဗိုလ္ခ်ဳပ္ မ်ိဳးမိုးေအာင္ႏွင့္ဇနီး၊ ေလရွီးၿမိဳ႕၊ လဟယ္ၿမိဳ႕ႏွင့္ ခႏၲီးၿမိဳ႕တို႔ရွိ ၿမိဳ႕မိၿမိဳ႕ဖမ်ား၊ ႒ာနဆိုင္ရာဝန္ထမ္းမ်ားႏွင့္ နယ္ေျမခံတပ္မေတာ္သားမ်ား တက္ေရာက္ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕ဝင္မ်ားသည္ ေတြ႕ဆုံပြဲမ်ား ျပဳလုပ္ မည့္ ေလရွီးၿမိဳ႕ရိပ္သာ၊ လဟယ္ၿမိဳ႕ ဆာရာေမရိရိပ္သာႏွင့္ ခႏၲီးၿမိဳ႕ နန္စီဘြန္ရိပ္သာ တို႔သို႔ေရာက္ရွိၾကရာ နာဂကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ၊ ေဒသဦးစီးဥကၠဌ ဦးေကဆိုင္း၊ ၿမိဳ႕မိၿမိဳ႕ဖမ်ား၊ ဌာနဆိုင္ရာဝန္ထမ္းမ်ားႏွင့္ နယ္ေျမခံတပ္မေတာ္သားမ်ားက ႀကိဳဆို ႏႈတ္ဆက္ၾကသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က (COVID-19) ေရာဂါ ကာကြယ္ ထိန္းခ်ဳပ္ကုသေရး အေထာက္အကူျပဳပစၥည္းမ်ားေပးအပ္ရျခင္းႏွင့္ ေဒသဖြံ႕ၿဖိဳးေရးဆိုင္ရာ ကိစၥရပ္မ်ားႏွင့္ ပတ္သက္၍ ေဆြးေႏြးေျပာၾကားရာတြင္ မိမိအေနျဖင့္ နာဂကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ရေဒသ၊ ေလရွီးၿမိဳ႕သို႔ ပထမဆုံးအႀကိမ္အျဖစ္လာေရာက္သည့္ ခရီးစဥ္ျဖစ္ၿပီး ေလရွီးၿမိဳ႕သည္ အျမင့္ေပ ၄၄၀၀ ေက်ာ္၊ လူဦးေရ ၁၈၀၀၀ ေက်ာ္သာရွိသည္ဟု သိရွိ ရပါေၾကာင္း၊ အိႏၵိယႏိုင္ငံနယ္စပ္ျဖစ္သျဖင့္လည္း ေလရွီးၿမိဳ႕ကို ယခင္ကတည္းက စိတ္ဝင္ စားမႈရွိခဲ့ေၾကာင္း၊ မိမိအေနျဖင့္ အေနာက္ေျမာက္တိုင္းစစ္ဌာနခ်ဳပ္နယ္ေျမအတြင္း တာဝန္ထမ္းေဆာင္စဥ္ ခ်င္းတြင္းျမစ္အနီးနာဂ႐ြာတစ္႐ြာသို႔ ေရာက္ရွိခဲ့ေၾကာင္း၊ ထို႐ြာ တြင္ ကုန္းျမင့္လယ္ယာစနစ္ကို စနစ္တက်ေအာင္ျမင္စြာေဆာင္႐ြက္လ်က္ရွိသည္ေတြ႕ ရွိရၿပီး အိႏၵိယႏိုင္ငံဘက္မွ သင္ယူလာသည့္ နည္းပညာဟု သိရွိရပါေၾကာင္း၊ ေလရွီးေဒသ တြင္ ဆန္ကို ျပင္ပမွ ဝယ္ယူစားသုံးရျခင္းမရွိဟု သိရွိရသည့္အတြက္ ဝမ္းသာမိပါေၾကာင္း၊ ျပင္ပမွ ဝယ္ယူစားသုံးပါက သယ္ယူပို႔ေဆာင္စရိတ္မ်ား အလြန္မ်ားျပားစြာ ကုန္က်မည္ ျဖစ္ေၾကာင္း၊ ေလရွီးၿမိဳ႕သည္ ၿမိဳ႕ငယ္တစ္ၿမိဳ႕ဆိုေသာ္လည္း ၿမိဳ႕အဂၤါရပ္မ်ား ထိုက္သင့္သ ေလာက္ ရွိသည္ကို ေတြ႕ရွိရသည့္အတြက္ ဝမ္းသာမိပါေၾကာင္း။

နာဂေဒသသည္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသျဖစ္သျဖင့္ ကိုယ့္ေဒသ၊ ကိုယ့္တိုင္းရင္း သားမ်ား၏ ဖြံ႕ၿဖိဳးတိုးတက္ေရးကို ပိုမိုေဆာင္႐ြက္ႏိုင္မည္ျဖစ္ေၾကာင္း၊ ျပည္နယ္ႏွင့္ တိုင္း ေဒသႀကီးတစ္ခုႏွင့္တစ္ခု၊ ေဒသတစ္ခုႏွင့္တစ္ခု ကြာျခားခ်က္ က်ဥ္းေျမာင္းေအာင္ ေဆာင္ ႐ြက္ၾကရမည္ျဖစ္ေၾကာင္း၊ ေဒသအလိုက္အစိုးရအဖြဲ႕မ်ားက ေဆာင္႐ြက္သကဲ့သို႔ ေဒသခံ မ်ားကလည္း မိမိေဒသတိုးတက္ေရးအတြက္ မိမိတို႔ကိုယ္တိုင္ ႀကိဳးစားအားထုတ္ၾကရန္ လိုေၾကာင္း၊ တပ္မေတာ္အေနျဖင့္လည္း ေဒသအလိုက္ ဝိုင္းဝန္းႀကိဳးပမ္းေဆာင္႐ြက္ေပး လ်က္ရွိေၾကာင္း၊ ထိုသို႔ ႀကိဳးစားအားထုတ္ရာတြင္ အသိပညာအတတ္ပညာျပည့္စုံသည့္ ပညာတတ္မ်ားပါဝင္ပါက ပိုမိုခရီးေရာက္ႏိုင္မည္ျဖစ္သည့္အတြက္ ပညာေရးကို ယခု ထက္ပိုမို အားေပးၾကေစလိုေၾကာင္း၊ နာဂကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသသည္ တကၠသိုလ္ ဝင္တန္း ေအာင္ခ်က္ရာခိုင္ႏႈန္း နည္းပါးေနသည္ကို ေတြ႕ရွိရေၾကာင္း၊ ေက်ာင္းေနသူ ဦးေရသည္ မူလတန္းအဆင့္တြင္ မ်ားျပားေသာ္လည္း တန္းစဥ္ကူးေျပာင္းမႈတြင္ ေက်ာင္း ေနသူဦးေရ တစ္ျဖည္းျဖည္းေလ်ာ့နည္းလာခဲ့ၿပီး သူငယ္တန္းတက္ေရာက္သူလူဦးေရ၏ ၁၀ ရာခိုင္ႏႈန္းခန႔္သာ တကၠသိုလ္ဝင္တန္းသို႔ ေရာက္ရွိေအာင္ျမင္ေနသည္ကို ေတြ႕ရွိရ ေၾကာင္း၊ မိမိ တို႔ႏိုင္ငံအတြက္ ပိုမိုေကာင္းမြန္သည့္ အနာဂတ္ကိုဖန္တီးႏိုင္ရန္အတြက္ ပညာတတ္ မ်ိဳးဆက္သစ္လူငယ္မ်ား လိုအပ္မည္ျဖစ္သည့္အျပင္ စည္းကမ္းစနစ္တက် ရွိသည့္ ဒီမိုကေရစီကို သြားႏိုင္ေရးအတြက္ အေတြးအေခၚျမင့္မားသည့္ ပညာတတ္ မ်ားလိုအပ္ေသာေၾကာင့္ ပညာေရးကိုအားေပးၾကေစလိုေၾကာင္း။

ဆက္လက္ၿပီး က်န္းမာမွသာလ်င္ ပညာသင္ၾကားႏိုင္မည္ျဖစ္သည့္အတြက္ (COVID-19) ေရာဂါသာမက အျခားေရာဂါမ်ားလည္း ကင္းစင္ေအာင္ က်န္းမာေရးကို အထူးအေလးထားထားဂ႐ုစိုက္ရန္လိုအပ္ေၾကာင္းႏွင့္ တပ္မေတာ္အေနျဖင့္ နာဂေဒသအပါအဝင္ေဝးလံေခါင္ဖ်ားေဒသမ်ားရွိ ေဒသခံျပည္သူမ်ား၏ က်န္းမာေရး အား ေစာင့္ေရွာက္ေပးေနမႈအေျခအေနမ်ားႏွင့္ ပတ္သက္၍ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္က ေျပာၾကားရာတြင္-

“က်န္းမာေရးနဲ႔ပတ္သက္ရင္လည္း ကြၽန္ေတာ္ ၂၀၁၅ ခုႏွစ္၊ နာဂႏွစ္သစ္ကူးပြဲ ကို ကြၽန္ေတာ္ လဟယ္ လာပါတယ္။ လာတဲ့အခါက်ေတာ့ ။ သမၼတဦးသိန္းစိန္နဲ႔ ကြၽန္ ေတာ္တို႔လာၾကတုန္းက။ ဦးစီးအဖြဲ႕ဥကၠဌျဖစ္တဲ့ ဦး႐ိုစံက်ဴး ကေနၿပီးေတာ့ ဆရာဝန္ေတြ အခက္အခဲရွိေနတာကို သူက တင္ျပပါတယ္။ တင္ျပေတာ့ ကြၽန္ေတာ္က နားေထာင္ တယ္။ ကြၽန္ေတာ္လည္း ဧည့္သည္အေနနဲ႔ပါတာကိုး။ သူမေျပာခင္ကတည္းက ကြၽန္ေတာ္က စာအုပ္ဖတ္ၾကည့္တဲ့အခ်ိန္မွာ ဆရာဝန္လိုအပ္ခ်က္ေတြ အမ်ားႀကီး ကြၽန္ေတာ္က သြားေတြ႕တယ္။ တင္ျပတဲ့အခ်ိန္ အဲဒီတုန္းက ေျပာရလို႔ရွိရင္ အဲ့ဒီတုန္းက စစ္ကိုင္းတိုင္း ေဒသႀကီးကလည္း ေပးဖို႔အတြက္ အခက္အခဲရွိတယ္။ က်န္းမာေရးဝန္ႀကီးလည္း ပါတယ္။ သူတို႔လည္း အခက္အခဲရွိေတာ့ မ်ိဳးစုံ တစ္ေယာက္နဲ႔တစ္ေယာက္ ဘယ္လိုလုပ္ရင္ ေကာင္းမလဲေပါ့။ ဒါနဲ႔ ကြၽန္ေတာ္ကေျပာတယ္။ ကြၽန္ေတာ္တို႔ တပ္မေတာ္ကေနၿပီး ေတာ့ ေပးမယ္လို႔ ။ အဲ့ဒီအတြက္ကို ။ တပ္မေတာ္ကေပးမယ္။ နာဂေဒသအတြက္။ ကြၽန္ေတာ္ကိုယ္တိုင္လည္း ဟုမၼလင္းမွာေနခဲ့ေတာ့ ကြၽန္ေတာ္က ဒီေဒသခံဆိုေတာ့ ကြၽန္ ေတာ္က သိတာေပါ့။ သူတို႔ ေတာ္ေတာ္ဝမ္းသာအားရနဲ႔ျဖစ္သြားတယ္။ ေတာင္းတုန္း ကေတာ့ နာဂေဒသအတြက္ေတာင္းတာ။ အဲ့မွာ ဆရာဝန္ေတြ ဠသူကေညအနနမ ေကာက္တဲ့ အခ်ိန္မွာ လူေပါင္း ၈၀ ေက်ာ္ေလာက္ တပ္မေတာ္ဆရာဝန္ေတြ စာရင္းေပးပါတယ္။ အဲ့ဒီအထဲကေန ၄၄ ေယာက္ လႊတ္ေပးလိုက္တယ္။ နာဂမွာေတာ့ ၈ ေယာက္။ က်န္တာ ကေတာ့ ခ်င္းျပည္နယ္။ ခ်င္းျပည္နယ္မွာလည္း ေတာ္ေတာ္ကို သြားေရး လာေရး ခက္ခဲ တဲ့ေနရာေတြ ရွိတယ္။ ဟိုးဘက္ နန္းယြန္းကေနစၿပီး နန္းယြန္း၊ ဒုံဟီး၊ လဟယ္ ၿပီးရင္ ရမ္းႀကဳံးတို႔ ရွိမွာေပါ့။ ေလရွီးမွာ ဆရာဝန္ဘယ္ႏွစ္ေယာက္ရွိလဲေမးတယ္။ ၂ ေယာက္ ရွိတယ္။ တစ္ခ်ိဳ႕ေနရာေတြ ဆိုလို႔ရွိရင္ သူနာျပဳနဲ႔ေနရတဲ့ေနရာေတြရွိတယ္။ အဲ့ဒီေတာ့ ကြၽန္ေတာ္တို႔ တပ္မေတာ္က ဆရာဝန္ေတြ လႊတ္တာ အခုဆိုရင္ တတိယ အသုတ္ ျဖစ္သြားၿပီ၊ ေလးႏွစ္ေက်ာ္ ငါးႏွစ္ထဲေလာက္ ေရာက္သြားၿပီ။ ဒါ ခင္ဗ်ားတို႔ က်န္းမာေရး အတြက္ပဲ။ ၿပီးရင္ က်န္းမာမွပဲ ပညာသင္ၾကားႏိုင္မယ္။ က်န္းမာမွပဲ အလုပ္ လုပ္ႏိုင္မယ္ ျဖစ္တဲ့အတြက္ေၾကာင့္ က်န္းမာေအာင္ ကြၽန္ေတာ္တို႔ တပ္မေတာ္က ဝိုင္း ကူေပးတာ။ ဒါမွပဲ ကိုယ့္ေဒသကို ဖြံ႕ၿဖိဳးေရးအတြက္ကို လုပ္ႏိုင္မွာ။ ကြၽန္ေတာ္တို႔က ကူညီေပးတာ ပဲရွိတယ္။ တစ္ကယ္လုပ္ရမွာက ေဒသခံကလုပ္ရမွာ ျဖစ္တယ္။ အဲ့ဒီအတြက္ ကြၽန္ေတာ္ တို႔ လုပ္ေပးႏိုင္တာရွိရင္ လုပ္ေပးမယ္လို႔ ကြၽန္ေတာ္ေျပာလိုပါတယ္။ သို႔ေသာ္ လည္းပဲ ျပည့္စုံတယ္လို႔ေတာ့ မဟုတ္ပါဘူး။ ျပည့္စုံေအာင္ လုပ္ဖို႔ဆိုတာကလည္း ေတာ္ ေတာ္ကို ႐ုန္းရကန္ရမွာျဖစ္ပါတယ္။”

ထို႔ေနာက္ မၾကာမီတြင္ ပါတီစုံဒီမိုကေရစီေ႐ြးေကာက္ပြဲ က်င္းပျပဳလုပ္မည္ျဖစ္ၿပီး ေ႐ြးေကာက္ပြဲသည္ ဒီမိုကေရစီ၏ အႏွစ္သာရပင္ျဖစ္ေၾကာင္း၊ ေ႐ြးခ်ယ္လိုက္သည့္သူမ်ား သည္ ျပည္သူလူထုကို ကိုယ္စားျပဳမည့္သူမ်ားျဖစ္သည့္အတြက္ ေဒသႏွင့္ တိုင္းျပည္ အက်ိဳးကို ေဖာ္ေဆာင္ေပးမည့္သူမ်ားကို ေ႐ြးခ်ယ္ၾကရန္လိုအပ္မည္ျဖစ္ပါေၾကာင္း၊ မိမိ တို႔ႏိုင္ငံတြင္ ေဒသႏွင့္ တိုင္းရင္းသားအေရးကို အေျခခံသည့္ ပါတီႏွင့္ ႏိုင္ငံေရးမူဝါဒ ကို အေျခခံသည့္ ပါတီဟူ၍ ႏွစ္မ်ိဳးရွိၿပီး မည္သို႔ပင္ရွိေစကာမူ မိမိေဒသကို အက်ိဳးျပဳ ႏိုင္မည့္သူမ်ားကိုသာ ေ႐ြးခ်ယ္ၾကရမည္ျဖစ္ေၾကာင္းႏွင့္ ဒီမိုကေရစီႏိုင္ငံတစ္ခုတြင္ အၾကမ္းဖက္သည့္နည္းလမ္းမ်ားျဖင့္ အခြင့္အေရးေတာင္းဆိုျခင္းသည္ မသင့္ေလ်ာ္သည့္ လုပ္ရပ္မ်ားသာျဖစ္သည့္ အေျခအေနမ်ားႏွင့္ ပတ္သက္၍ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္က ေျပာၾကားရာတြင္ –

“ေနရာတကာမွာေတာ့ အားလုံးေတာ့ ရမွာ မဟုတ္ဘူး။ သို႔ေသာ္လည္းပဲ မွန္ကန္တဲ့ ခ်ဥ္းကပ္မႈနဲ႔ မွန္ကန္တဲ့လမ္းေၾကာင္းေပၚကေနၿပီးေတာ့ မွန္မွန္ကန္ကန္တိုးတက္ေအာင္ ေဆာင္႐ြက္ဖို႔အခြင့္အေရးရဖို႔။ အဲဒီအခြင့္အေရး မဆုံးရႈံးေအာင္ ေဒသခံျပည္သူလူထုက စဥ္းစားေဆာင္႐ြက္ဖို႔လိုတယ္။ မွန္မွန္ကန္ကန္နဲ႔ အခြင့္အေရးကို အသုံးခ်ႏိုင္ဖို႔အတြက္ စဥ္းစားေဆာင္႐ြက္ဖို႔ ဒါ ကြၽန္ေတာ္ ခင္ဗ်ားတို႔ကို တိုက္တြန္းပါတယ္။ ဘယ္သူရယ္ ဘယ္ဝါရယ္လို႔ေတာ့ ကြၽန္ေတာ္တို႔ မရွိပါဘူး။ အေရးႀကီးတာကေတာ့ တိုင္းျပည္ေကာင္းေအာင္ လုပ္မယ့္သူေတြ၊ ေဒသေကာင္းေအာင္ လုပ္မယ့္သူေတြ ျဖစ္ဖို႔ကေတာ့ အေရးႀကီးဆုံးပါပဲ။ ေနာက္တစ္ခါ ကြၽန္ေတာ္တို႔က သက္တမ္းႏုတဲ့ ဒီမိုကေရစီႏိုင္ငံ။ ဒီဆယ္ႏွစ္တာကာလအတြင္း ကြၽန္ေတာ္သုံးသပ္ေတြ႕ရွိရသေလာက္ ဆိုလို႔ရွိရင္ အခက္အခဲေတြ ရွိၾကတယ္။ လုပ္ရကိုင္ရတဲ့ဟာေတြမွာ အခက္အခဲေတြ ရွိတယ္။ ဒါေတြကို ကြၽန္ေတာ္တို႔ ေက်ာ္လႊားႏိုင္ဖို႔ လိုတယ္။ ေနာက္တစ္ခါ ၿငိမ္းခ်မ္းေရးနဲ႔ ပတ္သက္ၿပီးေတာ့ ၿငိမ္းခ်မ္းေရးကလည္း ရွိဖို႔လိုတယ္။ ၿငိမ္းခ်မ္းေရး မရွိပဲနဲ႔ေတာ့။ မရွိလို႔ဆိုရင္ေတာ့။ ေစာေစာကေျပာတဲ့ ေဒသကို ကိုယ္စားျပဳမဲ့သူေတြ၊ တိုင္းျပည္ေကာင္းေအာင္ လုပ္မဲ့သူေတြ၊ ေဒသကို ေကာင္းေအာင္လုပ္မဲ့သူေတြ မွန္မွန္ကန္ကန္ ရဖို႔အတြက္ အခက္အခဲျဖစ္ႏိုင္တယ္။ ဒီမိုကေရစီ နည္းလမ္းတက် ေဆာင္႐ြက္န္ိုင္ဖို႔အတြက္လည္း အခက္အခဲျဖစ္န္ိုင္တယ္။ ဒါေၾကာင့္ ၿငိမ္းခ်မ္းေရးရေအာင္ ကြၽန္ေတာ္တို႔လည္း ၂၀၁၁ ခုႏွစ္ ပထမအစိုးရ တက္လာကတည္းက ႀကိဳးစားလာခဲ့ၾကတာ။ ၿပီးခဲ့တဲ့ ေအာက္တိုဘာလ ၁၅ ရက္ေန႔က NCA ၅ ႏွစ္ျပည့္တယ္။ ၂၀၁၅ ခုႏွစ္မွာ ကြၽန္ေတာ္တို႔က စာခ်ဳပ္ ခ်ဳပ္ခဲ့တာကိုး။ ၅ ႏွစ္ျပည့္သြားၿပီ။ ဒါဟာလည္း ၿငိမ္းခ်မ္းေရးရဲ႕ တကယ့္ ေရွ႕ေျပးပါပဲ။ ဒီဟာကို ကြၽန္ေတာ္တို႔က ကိုင္ၿပီးေတာ့မွ ထာ၀ရၿငိမ္းခ်မ္းေရးျဖစ္ေအာင္ သြားၾကရမယ္။ အဲဒီေတာ့ ဒီမိုကေရစီ ႏိုင္ငံတစ္ခုမွာေတာ့ အၾကမ္းဖက္တဲ့နည္းလမ္းနဲ႔ မိမိရဲ႕လိုလားခ်က္ေတြကို ေတာင္းဆိုဖို႔ကေတာ့ မေကာင္းဘူးေပါ့။ ဒါ မျဖစ္သင့္ဘူး။ အၾကမ္းဖက္တယ္ဆိုတာကေတာ့ ဆူပူဆႏၵျပတာေတြလည္းပါတာေပါ့။ အဲ့ဒီကေနစၿပီးေတာ့မွ လက္နက္ကိုင္ၿပီးေတာ့မွ အႏိုင္က်င့္တဲ့အဆင့္ထိပါတယ္။ ဒါေတြ အကုန္လုံး အၾကမ္းဖက္တာခ်ည္းပဲ။ With Armed, Without Armed ပဲ လက္နက္ပါတယ္၊ လက္နက္မပါဘူး။ ဒီႏွစ္ခုလုံးကို ဆိုလိုတယ္။”

ထို႔ေနာက္ ေလရွီး၊ လဟယ္ႏွင့္ ခႏၲီးေဒသတို႔သည္ ယခင္ကထက္မ်ားစြာ ဖြံ႕ၿဖိဳး တိုးတက္လာၿပီျဖစ္ေသာ္လည္း ယခုထက္ပိုမိုတိုးတက္ရန္အတြက္ မ်ားစြာ ေဆာင္႐ြက္ရန္ လိုအပ္မည္ျဖစ္ေၾကာင္း၊ ေဒသအတြင္း သဘာ၀မွေပးထားသည့္ အရင္းအျမစ္မ်ားမွ တစ္ဆင့္ ေဒသဖြံ႕ၿဖိဳးေရးအတြက္ မရွိမျဖစ္လိုအပ္သည့္ လွ်ပ္စစ္ဓာတ္အားကို ထုတ္ယူ သုံးစြဲႏိုင္ေရး စဥ္းစားေဆာင္႐ြက္ၾကေစလိုေၾကာင္း၊ မိမိေဒသအက်ိဳးကို မိမိေဒသတြင္ ေနထိုင္သူမ်ားကသာလ်င္ေဖာ္ေဆာင္ႏိုင္မည္၊ ေဖာ္ေဆာင္ၾကရမည္ျဖစ္သည့္အတြက္ ဝိုင္းဝန္းႀကိဳးပမ္းၾကေစလိုေၾကာင္းျဖင့္ ေဆြးေႏြးေျပာၾကားသည္။
ထို႔ေနာက္ နာဂကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ၊ ေဒသဦးစီးဥကၠဌ ဦးေကဆိုင္းႏွင့္ ၿမိဳ႕မိၿမိဳ႕ဖမ်ား၊ တာဝန္ရွိသူမ်ားက ေဒသတြင္းႀကဳံေတြ႕ေနရသည့္ အခက္အခဲမ်ား၊ ဆက္သြယ္ေရးစနစ္ဆိုင္ရာလိုအပ္ခ်က္မ်ားႏွင့္ ေဒသဖြံ႕ၿဖိဳးေရးအတြက္ လိုအပ္ခ်က္မ်ား အား ေဆြးေႏြးေျပာၾကားရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က လိုအပ္သည္မ်ား ညႇိႏႈိင္း ေဆာင္႐ြက္ေပးသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေလရွီးၿမိဳ႕၊ လဟယ္ၿမိဳ႕ႏွင့္ ခႏၲီးၿမိဳ႕ တို႔ရွိ ၿမိဳ႕မိၿမိဳ႕ဖမ်ား ေဒသခံျပည္သူမ်ားအတြက္ ၿမိဳ႕နယ္တစ္ၿမိဳ႕နယ္လ်င္ (COVID-19) ေရာဂါကာကြယ္ ထိန္းခ်ဳပ္ကုသေရး အေထာက္အကူျပဳပစၥည္းမ်ားျဖစ္သည့္ Surgical Mask ၁၅၀ ခု၊ Face Shield ၃၀ ခု၊ Examination Glove ၁၀၀၀ ခုႏွင့္ စားေသာက္ဖြယ္ရာမ်ား၊ တပ္မေတာ္စက္႐ုံမ်ားမွ ထုတ္လုပ္သည့္ လူသုံးကုန္ပစၥည္းမ်ားကို ေပးအပ္ရာ ေလရွီး ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးမႉး ဦးႏိုင္ႏိုင္ဦး၊ လဟယ္ၿမိဳ႕နယ္ အေထြေထြ အုပ္ခ်ဳပ္ေရးမႉး ဦးေနမင္းသူႏွင့္ ခႏၲီးၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးမႉး ဦးလွမ်ိဳး တို႔ႏွင့္ ၿမိဳ႕မိၿမိဳ႕ဖမ်ားက အသီးသီးလက္ခံရယူၾကသည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ တက္ေရာက္ လာၾကသည့္ ၿမိဳ႕မိၿမိဳ႕ဖမ်ားႏွင့္ ဌာနဆိုင္ရာဝန္ထမ္းမ်ားအား ရင္းရင္းႏွီးႏွီး လိုက္လံ ႏႈတ္ဆက္ခဲ့ၾကသည္။

တြ႕ဆုံပြဲမ်ားအၿပီး၌ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ နာဂကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ၊ ေလရွီးၿမိဳ႕ႏွင့္ လဟယ္ၿမိဳ႕တို႔ရွိ ေထရဝါဒဗုဒၶသာသနာ ျပဳဗဟိုေက်ာင္းမ်ားသို႔သြားေရာက္၍ ေက်ာင္းထိုင္ဆရာေတာ္ ဘဒၵႏၲ ဒႆန ႏွင့္ ဘဒၵႏၲ သုမန တို႔အား ဖူးေျမာ္ၾကည္ညိဳကာ တပ္မေတာ္(ၾကည္း၊ေရ၊ေလ) မိသားစုမ်ားက လႉဒါန္းသည့္ ဆြမ္းဆန္ေတာ္ ၃၀ အိတ္၊ ဆီ ၄၅ ပိႆာ ၊ ဆား ၁၅ ပိႆာ၊ ပဲ ၁၀၀ ပိႆာ၊ တပ္မေတာ္စက္႐ုံမ်ားမွ ထုတ္လုပ္သည့္ သုံးကုန္ပစၥည္းမ်ား၊ ဝတၳဳေငြမ်ားႏွင့္ စားေသာက္ဖြယ္ရာမ်ားကိုဆက္ကပ္လႉဒါန္းၾကၿပီး ဆရာေတာ္၏ သာသနာျပဳ လုပ္ငန္းမ်ား ေဆာင္႐ြက္ေနမႈအေျခအေနမ်ားကိုေမးျမန္း ေလ်ာက္ထားခဲ့ၾကသည္။ ထို႔ျပင္ ခႏၲီးၿမိဳ႕ ရန္ကင္းေတာင္ကုန္းေျမရွိ သာသနဟိတၿမိဳ႕မေက်ာင္းတိုက္ ဆရာေတာ္ သာသနတကၠ သီလ မဟာဓမၼာစရိယ ဘဒၵႏၲ နႏၵပါလ အားဖူးေျမာ္ၾကည္ညိဳကာ တပ္မေတာ္ (ၾကည္း၊ ေရ၊ေလ) မိသားစုမ်ားက လႉဒါန္းသည့္ ဆန္၊ ဆီ၊ ဆား၊ ပဲ အမယ္ ေလးမ်ိဳးႏွင့္ တပ္မေတာ္ စက္႐ုံမ်ားမွ ထုတ္လုပ္သည့္ သုံးကုန္ပစၥည္းမ်ား၊ ဝတၳဳေငြမ်ားႏွင့္ စားေသာက္ဖြယ္ရာမ်ားကိုဆက္ကပ္လႉဒါန္းၾကၿပီး ဆရာေတာ္ထံမွ အႏုေမာဒနာ တရားကို နာယူၾကသည္။ ထို႔ေနာက္ ခႏၲီးၿမိဳ႕၊ ျမသိန္းတန္ေစတီေတာ္ျမတ္အား ဖူးေျမာ္ၾကည္ညိဳကာ ဧည့္သည္ေတာ္မွတ္တမ္းတြင္ လက္မွတ္ေရးထိုးၿပီး ေစတီေတာ္ ႀကီးအတြက္ ဘက္စုံအလႉေငြမ်ား ေပးအပ္ရာ ေဂါပကအဖြဲ႕ဝင္မ်ားက လက္ခံရယူၾကသည္။

ထို႔ျပင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ နာဂကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ရေဒသ၊ ေလရွီးၿမိဳ႕၊ လဟယ္ၿမိဳ႕ႏွင့္ စစ္ကိုင္းတိုင္းေဒသႀကီး၊ ခႏၲီးၿမိဳ႕တို႔ရွိ ျပည္သူ႔ေဆး႐ုံမ်ားသို႔ သြားေရာက္၍ ေဆး႐ုံတစ္ခုလ်င္ (COVID-19) ေရာဂါကာကြယ္ ထိန္းခ်ဳပ္ကုသေရး အေထာက္အကူျပဳပစၥည္းမ်ားျဖစ္သည့္ Surgical Mask ၅၁၅၀ ခု၊ Face Shield ၁၃၀ ခု၊ Personal Protective Equipment (PPE) ဝတ္စုံ ၅၀ စုံ၊ Hand Gel ၃၀ ဘူး၊ N 95 Mask ၁၀၀ ခု၊ Examination Glove 1500 ၁၅၀၀ ခုႏွင့္ စားေသာက္ ဖြယ္ရာမ်ား၊ တပ္မေတာ္စက္႐ုံမ်ားမွ ထုတ္လုပ္သည့္ လူသုံးကုန္ပစၥည္းမ်ားကို ေပးအပ္ရာ ေဆး႐ုံအုပ္ႀကီးမ်ားက အသီးသီးလက္ခံရယူခဲ့ၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။